အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
Unicode
[ပြည်ဖုံးကားချထားတဲ့အတိတ်တစ်ချိန်ကရင်နစ်စရာအမှန်တရားတစ်ခု]
ဖြူစင်သော်ကပြောပြီးပြီးချင်းပင် Handsetလေးအားအဝေးတစ်နေရာသို့ပစ်ထုတ်လိုက်သည်။
ခွမ်း!!!!!!!!!!
သူမအား IV Dripချိတ်ထားတဲ့ဖန်ပုလင်းတစ်ခုကိုကွန်ကရစ်အောက်ခြေထက်သို့ပစ်ခွင်းလိုက်သောအခါ ဆေးပုလင်းလေးကအစိတ်စိတ်အမွှာမွှာအက်ကွဲသွားလေတော့သည်။
အက်ကွဲလွင့်စင်သွားတဲ့ဖန်အစတွေထဲကမှ အကြီးဆုံးဖန်စလေးကိုသူမလက်ထဲ၌ကောက်ကိုင်လိုက်ပြီးရှိုင်းဆီသို့စကားပြောရင်းတရွေ့ရွေ့တိုးလာခဲ့သည်။
"နင်မသေခင်သိသွားရမယ့်အရာတစ်ခုရှိသေးတယ်။ ငါ့ဆေးမှတ်တမ်းတွေပျောက်သွားတာသွေးရိုးသားရိုးလို့နင်ထင်နေလား။နင်သိတဲ့ မင်းခန့်ထည်ဆိုတဲ့လူကနင်ထင်သလောက် မရိုးရှင်းဘူး။
သူလဲငါနဲ့ဘာမှမခြားဘူးဟဲ့
သူလဲမျက်နှာဖုံးစွပ်ထားတဲ့မကောင်းဆိုးဝါးတစ်ကောင်ပဲ!"
"အမဘာကိုပြောချင်တာလဲ?"
ရှိုင်းကဖြူစင်သော်တစ်လှမ်းတိုးလာသည်နှင့်သူ၏ကိုယ်လေးအားတရွတ်တိုက်ဆွဲကာနောက်သို့အထိတ်တလန့်နှင့်ဆုတ်နေရှာသည်။ရှိုင်းရဲ့လက်ချောင်းထိပ်လေးများဟာလဲ နံရံကိုကြိမ်ဖန်များစွာအားနဲ့ကုတ်ခြစ်ထားတဲ့ဒဏ်ကြောင့်သွေးများစီးကျနေပြီးနာကျင်ကိုက်ခဲလျက်ရှိသည်။
"အဟက် နင်မသိဘူးလို့တော့မပြောနဲ့နော်"
ရှေ့သို့တိုးလာသောဖြူစင်သော်ကရုတ်တရပ်ရပ်သွားတာကြောင့် ရှိုင်းသူမစကားတို့ကိုအာရုံစိုက်မိလာသည်။
"ဒါဆို နင်ကသူအလေးထားရတဲ့လူတော့မဟုတ်သေးဘူးပဲ။ကျွတ်ကျွတ်.....
နင်လဲငါ့အတိုင်းတစ်နေ့ကျစွန့်ပစ်ခံရမှာပါပဲလား"
"မဟုတ်ဘူး"
"နင်ငါ့စကားကိုမယုံမရှိနဲ့ သူနင့်ကိုတကယ်မချစ်ဘူး။သူနင့်ကိုတကယ်ချစ်တယ်ဆိုရင် ငါ့ဆေးမှတ်တမ်းတွေကိုဖျောက်ပစ်လိုက်တဲ့ကိစ္စသူဘာလို့နင့်ကိုဖုံးကွယ်ထားမှာလဲ"
"ဖျောက်ပစ်လိုက်တယ် ကိုခန့်ကလား?"
ထိုအခါမှမနက်ကသူပြောတဲ့စကားတွေကိုစိတ်ဆိုးမာန်ဆိုးနဲ့ပြန်တုံ့ပြန်နေရှာတဲ့ထိုလူသားအားသူ၏မြင်ကွင်းထက်တွင်
ကွင်းကွင်းကွက်ကွက်ပြန်မြင်ယောင်လာခဲ့တော့သည်။
"အေးဟုတ်တယ် သူကငါ့ကိုရှင်းပစ်ချင်နေတာ။ ငါကသူ့အကြောင်းတွေကိုသိထားတဲ့လူမို့လို့လေ။ နင်မသေခင် သိအောင်ငါပြောလိုက်မယ်။ မင်းခန့်ထည်ကရိုးရှင်းတဲ့လူတစ်ယောက်မဟုတ်ဘူး။ သူရဲ့နောက်ခံအသိုင်းအဝိုင်းက အရမ်းကြောက်ဖို့ကောင်းတယ်။ အဲ့အသိုင်းအဝိုင်းကနင့်လိုလူမျိုးကိုသူတို့လက်ခံမယ်ထင်လား။နင့်ကိုသူဘယ်လောက်ချစ်တယ်ပြောပြော တစ်ချိန်ကျသူနင့်ကိုနင်းခြေဆုတ်ဖြဲခဲ့မှာပဲ။အဲ့အချိန်ကျရင်လဲ နင်သေလောက်အောင်နာကျင်ရမှာပဲဆိုတော့ မထူးပါဘူး။နင်အခုပဲသေလိုက်တော့ ပိုမအေးဘူးလား"
ထိုသို့ပြောရင်း သူမက ရှိုင်းဆီသို့ချွန်ထက်သောဖန်အစအားအပေါ်စီးကနေတည့်တည့်ထိုးစိုက်လိုက်လေသည်။ရှိုင်းကသူ၏လည်ပင်းထက်ဆီသို့ဦးတည်လာသော ဖန်ချွန်စအား ညာဘက်လက်နှင့်ပိတ်ကာထားလိုက်တာကြောင့် လက်အတွင်းသားထဲသို့ဖန်အချွန်ကထိုးစိုက်ဝင်သွားခဲ့သည်။
"အား!!!!!!!"
"နင်ကတော်တော်ခေါင်းမာတာပါလား"
ဖန်စကလက်ဖဝါးပြင်ပေါ်စိုက်ဝင်သွားတော့ရှိုင်းရဲ့လက်ဖမိုးထက်ကနေသွေးများက ဒလဟောစီးကျလာသည်။သူမလက်ထဲကအကြီးဆုံးဖန်ချွန်စမှာ ၆လက်မခန့်ရှည်လျားတာမို့ဟာသသွားလုပ်လို့မရတဲ့လက်နက်တစ်ခုပင်။
နောက်ထပ်ဖန်ချွန်တစ်စကသူ၏ညာဘက်မျက်လုံးတည့်တည့်ကိုဦးတည်လာတဲ့အခါရှိုင်းရဲ့မျက်ဝန်းလေးတွေကပြူးကျယ်ထိတ်လန့်သွားရပြီး ညာဘက်လက်ထက်ကနာကျင်နေသောဒဏ်ရာကိုလျစ်လျူရှုကာ သူမ၏လက်တွေကိုလေဟာနယ်ထဲမှာဖမ်းဆုပ်ထားလိုက်သည်။
ဖြူစင်သော်ရဲ့လက်တွေကိုဆုပ်ကိုင်တားထားရင်းသူမစိတ်ငြိမ်အောင်ရှိုင်းကအော်ပြောလာခဲ့လေ၏။
"အမ ....တော်ပါတော့ဗျာ.....ကျနော်သေသွားရင် အမဒီထက်အမှုပိုကြီးသွားလိမ့်မယ်။"
"ငါ့ကိုသနားသလိုပုံစံမျိုးလာဖမ်းမနေနဲ့!!!"
"အမစိတ်အေးအေးထားပါ....တကယ်တော့အမကဒီလိုလူမျိုးမဟုတ်ဘူးမှတ်လား။မြန်မြန်နိုးထပါတော့ဗျာ....."
ရှိုင်းဆက်ယံဟာတစ်ဖက်ခန်းကနေအက်ကွဲသံတွေကိုသေသေချာချာကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဆေးရုံအောက်ထပ်သို့ပြေးဆင်းသွားပြီးလုံခြုံရေးအခန်းဘက်ဆီသို့အကြောင်းသွားကြားသည်။
သျှားထက်မောင်ကတော့အခန်းနံရံတွေကိုတွယ်ကိုင်လိုက်ရင်းအသံလာရာအခန်းဘက်ဆီသို့နားစွင့်ပြီးလျှောက်လှမ်းနေခဲ့ပေမယ့်
သူဆိုသည်မှာ မျက်မမြင်ဒုက္ခိတတစ်ယောက်မို့ထင်သလောက်မြန်မြန်မရောက်ခဲ့ပေ။
ထိုစဥ်အရှိန်ပြင်းစွာချင်းနင်းဝင်ရောက်လာသောခြေသံတစ်စုံကိုသျှားထက်မောင်တစ်ယောက်ကြားလိုက်ရသည်။
ဒုန်းဒုန်းဒုန်း!!!!!!!!!
ပြီးတော့အခန်းတံခါးကိုအရှိန်ပြင်းစွာထုရိုက်နေတဲ့အသံတွေပါဆေးရုံအနှံ့သို့ကျယ်လောင်စွာပျံ့နှံ့ရိုက်ခတ်လာတော့သည်။
"ဖြူစင်သော်!!!!!!! တံခါးကိုဖွင့်စမ်း!!!!!"
အခန်းရှေ့တွင်ယောကျာ်းတစ်ယောက်ကအော်ကြီးဟစ်ကျယ်နှင့်သောင်းကျန်းလို့နေရာ သူ၏အသက်ရှူသံများကလည်းကမူရှူးထိုးဆန်နေသည်။
တခြားအခန်းမှလူတွေကလည်း ဆူဆူညံညံအသံဗလံတွေကိုကြားတော့ထိတ်ထိတ်ပျာပျာဖြင့်အခန်းအပြင်သို့ထွက်ကြည့်လာကြပေသည်။
ဖြူစင်သော်.......ထိုလူကအော်ခေါ်နေတယ် ဖြူစင်သော်တဲ့။......ဖြူ.....တကယ်ပဲ ဖြူလား?
သျှားကလည်းနံရံတွေကိုစမ်းကာအခန်းရှေ့သို့တရွေ့ရွေ့ဖြင့်ထွက်လာခဲ့သည်။
အခန်းရှေ့ကမင်းခန့်ထည်ရဲ့အသံကြားတော့ဖြူစင်သော်ရဲ့လက်များကရုတ်ချည်းရပ်တန့်သွားပြီး အဆက်မပြတ်ထုရိုက်ခြင်းခံနေရသော တံခါးဘက်ဆီသို့ကြောင်ငေးကြည့်နေခဲ့သည်။
ထိုအခိုက် ရှိုင်းကသူမလက်ထဲမှ ဖန်ချွန်လေးအားဆတ်ခနဲရိုက်ချလိုက်ပေမယ့်အသွားတွေကသူမလက်ထဲကိုစိုက်ဝင်နေခဲ့ပြီမို့ သူမရဲ့လက်နှစ်ဖက်မှာလည်းရဲရဲတောက်သွေးတွေကစိုရွှဲခြောက်ကပ်နေတာမြင်မကောင်းပေ။သူမဟာနာကျင်မှုကိုမခံစားရသကဲ့သို့ မြဲမြံစွာတင်းတင်းဆုပ်ကိုင်ထားဆဲပင်။
"အမ ကိုခန့်ကိုတွေ့ချင်နေတယ်မှတ်လား?သူအခုရောက်လာပြီလေ...."
"အင်းငါတွေ့ချင်တယ်..........ဒါပေမယ့် ငါသူ့ကိုပြောထားတယ် နင့်ကိုအဝေးကြီးဆီငါခေါ်သွားတော့မှာလို့!!"
ဖြူစင်သော်ကသွေးနီရောင်မျက်ဝန်းတွေနဲ့အတူသူမရဲ့နှုတ်ခမ်းတွေကိုစိတ္တဇဆန်စွာတွန့်ကွေးလိုက်ရင်း ဖန်အချွန်စကို ကောင်လေးရဲ့မျက်လုံးတည့်တည့်သို့အားပါပါနှင့်တဆုံးစိုက်ချလာတဲ့အခါ ရှိုင်းကဒဏ်ရာရထားတဲ့လက်၂ဖက်နဲ့ပြန်ဆုပ်ကိုင်ထားတာမို့ ဒဏ်ရာတွေကပိုပြီးဟက်တက်ကွဲသွားရကာအရိုးထိ ခိုက်အောင်နာကျင်သွားရလေ၏။
"အား!!"
တံခါးအပြင်ဘက်ဆီမှရှိုင်းအော်သံကိုအထင်အရှားကြားလိုက်ရသောမင်းခန့်ထည်က အရှိန်အပြင်းပြင်းနှင့်တံခါးကိုဆောင့်ကန်နေရှာပေမယ့် သူဆိုသည်မှာလည်းရုပ်ရှင်ထဲကမင်းသားမဟုတ်တော့ တံခါးကဆောင့်ကန်ရုံနဲ့မပွင့်သွားခဲ့ပေ။ထို့ကြောင့် အနီးနားရှိမီးသတ်ဆေးဘူးနှင့်တံခါးရဲ့လော့ကိုအဆက်မပြတ်ထုရိုက်လိုက်တဲ့အခါနောက်ဆုံးငါးချက်မြောက်မှာအခန်းတံခါးဘုကတစ်စစီပြုတ်ထွက်သွားခဲ့သည်။
သူအခန်းထဲသို့အပြေးဝင်ကြည့်လိုက်တော့ သွေးအိုင်ထဲလဲနေတဲ့ရှိုင်းဇေယံလေးနှင့်ရှိုင်းကိုယ်ပေါ်တွင်ဖိထိုင်ထားသောဖြူစင်သော်ကိုတွေ့လိုက်ရသည်နှင့်တပြိုင်နက် မင်းခန့်ထည်ရဲ့နှလုံးအိမ်ထဲ၌သွေးများဟာပြောင်းပြန်စီးသွားတော့သည်။
မင်းခန့်ထည်က ရှိုင်းကိုယ်ပေါ်မှ ဖြူစင်သော်အားဆွဲမလိုက်ပြီး သူမရဲ့သေးသွယ်သောလည်တိုင်ထက်ဆီသို့အားပါပါနဲ့ ဖျစ်ညှစ်ချလိုက်လေ၏။
"အစ်...."
ဖြူစင်သော်ကမင်းခန့်ထည်ရဲ့လက်တွေကိုထုရိုက်ပြီးရုံးကန်လာပါသော်လည်းမင်းခန့်ထည်ရဲ့လက်တွေကတစက်မျှလျှော့သွားခြင်းမရှိဘဲ ပို၍သာတင်းကြပ်လာခဲ့သည်။
မင်းခန့်ထည်ဟာသားရိုင်းတစ်ကောင်ကဲ့သို့ပင်နီရဲသည့်မျက်ဝန်းတစ်စုံနှင့်အတူသူမအားစုတ်ဖြဲလုမတတ်စေ့စေ့ကြည့်ရင်း အံကြိတ်ကာဆိုသည်။
"မင်းလိုမိန်းမမျိုးကများ ရာရာစစ ညီ့ကိုထိရဲတယ်ပေါ့လေ!
ငါမင်းကိုခုနကဘာပြောလိုက်လဲ ညီ့ကိုထိတာနဲ့ငါမင်းကိုသတ်ပစ်မယ််လို့မပြောခဲ့ဘူးလား။မင်းလိုအသက်လေးလောက်ကတော့ ငါ့အတွက်ပမွှားပဲဆိုတာ မင်းလည်းသိတယ်မှတ်လား!!!!!"
နောက်တော့ ရှိုင်းဆက်ယံနဲ့အတူဆေးရုံရဲ့လုံခြုံရေးများရောက်ရှိလာတဲ့အချိန်နဲ့တစ်ဆက်တည်းပင်
တာဝန်ကျအစောင့်အကြပ်၂ဦးကလည်းအပြေးရောက်လာခဲ့ကြတဲ့အခါ အခန်းအတွင်းရှိ ဖြစ်ပျက်နေသောမြင်ကွင်းကြောင့်အားလုံးထိတ်ပြာသွားကြလေသည်။
ရှိုင်းဆက်ယံကသမံသလင်းပေါ်မှာသွေးသံတရဲရဲနဲ့လဲကျနေသောသူ၏ညီဖြစ်သူအားမမျှော်လင့်ဘဲတွေ့လိုက်ရစဥ်ဝယ်
မျက်ဝန်းတွေကတောင့်ခဲသွားရကာနှလုံးအိမ်မှာရပ်တန့်လုမတတ်ပင်။
လဲကျနေတဲ့သူ၏ညီလေးအားအနှီးထုပ်လေးတုန်းကကဲ့သို့ရင်ခွင်ထဲမှာအပြေးထွေးပွေ့ထားရင်းပင့်ရှိုက်သံတို့နဲ့ပူပြင်းသောကရောက်စွာအော်ဟစ်လာခဲ့ချေသည်။
"ကိုဇေ ! ကိုဇေ! ညီလေး သတိထားစမ်း !!မင်းဘာဖြစ်တာလဲ?"
သူ့အကိုအသံကြားတော့ပိတ်စင်းနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကခပ်ဖြည်းဖြည်းပွင့်လာခဲ့ကာရှိုင်းဆက်ယံအားနွမ်းနယ်စွာခပ်ယဲ့ယဲ့ပြုံးပြလာသည်။
ပြီးတော့ သူ့ရဲ့မျက်ဝန်းတွေကိုတခြားဘက်သို့ရွေ့လျားကြည့်လိုက်တဲ့အခါ ဖြူစင်သော်အားသဲကြီးမဲကြီးလည်ပင်းညှစ်နေခဲ့သည့် မင်းခန့်ထည်ကိုတွေ့လိုက်ရသည့်တခန
သူ့ရင်ထဲမှာထိတ်ခနဲဖြစ်သွားခဲ့ရသည်။
သူ့ရဲ့ဘေးမှာနွေးထွေးသောအပြုံးလေးတစ်ပွင့်နဲ့အမြဲတမ်းရှိနေပေးခဲ့တဲ့ နူးညံ့ကြင်နာတတ်လွန်းပါသည့် ကိုခန့်ဆိုတဲ့လူသားဟာ အခုချိန်မှာတော့ အမဖြူစင်သော်ကိုအမဲဖျက်ချင်နေသည့်သားရိုင်းတကောင်အဖြစ်သို့နှယ်အသွင်ပြောင်းပျောက်ကွယ်လို့သွားခဲ့ပြီ။
အခန်းရှေ့က ရဲအရာရှိများကလည်းကိုခန့်အားဝင်ဆွဲလာခြင်းမရှိသလိုတားဆီးလာခြင်းလည်းမရှိတဲ့ပုံကိုကြည့်ရသလောက် ဒါဟာ အမဖြူစင်သော်ပြောပြလာတဲ့အရမ်းကြောက်စရာကောင်းတဲ့သူ့ရဲ့နောက်ခံအသိုင်းအဝိုင်းကြောင့်များလား ?
ဖြူစင်သော်က သူတို့ဘက်သို့မှင်သက်စွာငေးကြည့်နေခဲ့တဲ့ကောင်လေးအားအောင်နိုင်သူအပြုံးနှင့်လှမ်းကြည့်လာကာသူမမျက်ဝန်းတွေကလည်း တစ်စုံတစ်ရာကိုရည်ညွှန်းပြောဆိုနေခဲ့သည်။
'ငါမပြောဘူးလား မင်းခန့်ထည်ကမကောင်းဆိုးဝါးတစ်ကောင်ပါလို့' ဟူ၍။
အသိစိတ်လွတ်နေတဲ့သူ့ချစ်သူကဒီနေ့မှအမဖြူစင်သော်ကိုအဆုံးမသတ်ရလျှင်သူ့ရဲ့လုပ်ရပ်တွေကိုရပ်တန့်မည့်ပုံမပေါ်တာမို့ဒီအတိုင်းဆက်လွှတ်ထားလို့မဖြစ်ပေ။တစ်ယောက်ယောက်ကတော့လက်မလွန်သွားခင်တားမြစ်ရပေမည်။
"ကိုခန့် ရပ်လိုက်တော့!!!!"
ရှိုင်းထိုသို့အော်ပြောလိုက်တော့ မင်းခန့်ထည်ရဲ့နီဆွေးကြမ်းတမ်းသောမိုက်ရူးရဲဆန်ဆန်မျက်ဝန်းတို့ကနွေးထွေးနူးညံ့သောရောင်ခြည်လေးတစ်ခုအဖြစ် ရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။မင်းခန့်ထည်က သူ၏လက်ထဲမှဖြူစင်သော်အား လွှတ်ထုတ်လိုက်ပြီးနောက် ရှိုင်းဆီသို့ Huskyတစ်ကောင်ပမာ နာနာခံခံနဲ့ပြေးလာခဲ့ချေသည်။
"ညီ မင်းလေးအဆင်ပြေရဲ့လား ?
ဘယ်နားနာနေသေးလဲ? ဘယ်နေရာတွေထိခိုက်သွားတာလဲ?"
မင်းခန့်ထည်မှာအရူးတမျှဖြစ်နေရှာကာရှိင်းဆက်ယံလက်ထဲကသူ့ရဲ့ကလေးလေးကိုမထိရက်မကိုင်ရက်ဖြစ်နေခဲ့သည်။သူထိကိုင်ကြည့်လိုက်လျှင်သူ့ရဲ့ကြမ်းတမ်းသောလက်တွေကြောင့်သူ့ချစ်သူလေးပိုပြီးနာကျင်သွားရမှာကိုစိုးကြောက်နေခဲ့ခြင်းပေ။
ထိုအခိုက်ဖြူစင်သော်ကအခွင့်ကောင်းယူကာ အပြင်ဘက်ဆီသို့တဟုန်ထိုးထွက်ပြေးသွားခဲ့သည်။
လွင့်မြောသွားသောဆံနွယ်လေးတွေက သူ၏မျက်နှာထက်ဆီသို့ဖြတ်တိုက်သွားခဲ့တဲ့ခံစားမှုလေးတစ်ခုကိုခံစားလိုက်ရတဲ့အခါသျှားကသူမလေးအားလှမ်းခေါ်လိုက်လေသည်။
"ညီမလေးဖြူ......."
ထိုအသံကိုနားစွန်နားဖျားကြားလိုက်ရတဲ့ဖြူစင်သော်ကခေတ္တရပ်တန့်သွားပြီးနောက် သူမနောက်သို့လိုက်လာတဲ့လူတွေကိုမြင်သော်သူမ သျှားထက်မောင်အားအသေအချာလှည့်မကြည့်အားပဲဒုန်းဆိုင်းထွက်ပြေးသွားတော့သည်။
အမှောင်အတိကျနေသောသူ၏မြင်ကွင်းများထက်တွင် အဖြူရိပ်လေးတစ်ရိပ်ပြေးလွှားသွားသည်ကိုတော့ သျှားထက်မောင်ဟာတစ်စွန်းတစမျှမြင်လိုက်ရသလိုပင်။
ဖြူစင်သော်ကတတိယထပ်လှေကားကနေအသက်မရှူစတမ်းအလောတကြီးပြေးဆင်းလိုက်သည်။သူမအနောက်သို့ တစ်ချက်တစ်ချက်,လှည့်လှည့်ကြည့်ရင်းဖြင့််။သူမရဲ့ခြေဖဝါးတို့ထက်မှာလည်း ဖိနပ်တစ်စုံဆိုတာမရှိ။
ကျောက်စရစ်လှေကားရဲ့ အေးစက်မှုကိုခြေဖဝါးတွေကနေတဆင့်နှလုံးသားထိတိုင်အောင်ခံစားနေခဲ့ရတဲ့အချိန်မှာသူမကိုယ်လေးကတော့ပြေးလွှားနေရတဲ့အရှိန်တို့ကြောင့်ပူလောင်နေခဲ့ရသည်။
အာ့...............
ထိုစဉ်သူမရဲ့မြင်ကွင်းတွေကတမဟုတ်ချင်းဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ကာရှုပ်ယှက်ခတ်သွားခဲ့ရသည်။သူမရဲ့သေးသွယ်သောခန္ဓာကိုယ်လေးကလည်း လှေကားတစ်ဆင့်စီတိုင်းမှာဘယ်တစ်ပြန်ညာတစ်ပြန်လှိမ့်ကျသွားခဲ့ကာ လှေကားအထစ်တွေ ပိုများလာလေလေ ခန္ဓာကိုယ်ထဲကအရိုးတွေကအချိုးခံလိုက်ရသကဲ့သို့ပိုနာလာလေလေပင်။
အသွေးအသားထဲကကော ....နှလုံးသားထဲကကနေပါ နာကျင်လိုက်တာ ...
လှေကားရဲ့အောက်ဆုံးထစ်ကိုရောက်တော့သူမရဲ့မြင်ကွင်းတို့ကပြန်တည့်သွားရှာပေမယ့် သူမထပြီးထွက်မပြေးနိုင်တော့ပေ။
ထို့နောက်သူမမြင်ကွင်းတို့ကတဖြည်းဖြည်းနဲ့ပိတ်ကျလို့လာခဲ့ကာအမှောင်ထုထဲမှာနစ်မြုပ်သွားခဲ့လေတော့သည်။
ဒါငါ့ရဲ့အဆုံးသတ်များလား ?
••••••••••••••••••••••••••••••••••••••••••••••••••
စိုင်းသီဟက သွေးတွေစွန်းပေနေတဲ့ရှိုင်းရဲ့လက်နှစ်ဖက်ကို သန့်စင်ပေးပြီးနောက်ဂရုတစိုက်ဆေးထည့်ပေးကာပတ်တီးစည်းပေးနေလေသည်။
ခေါင်းအနောက်ဘက်ကနှစ်ချက်ထပ်ချုပ်လိုက်ရတာကြောင့် ကောင်လေးဟာခုတင်ထက်တွင်မေ့ဆေးအရှိန်မပြယ်သေး၍မေ့မြောအိပ်စက်နေခဲ့သည်။
မင်းခန့်ထည်က သူ့ချစ်သူလေးရဲ့ဖြူဖျော့ဖျော့မျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်းခုတင်ဘေးနား၌ကျောက်ရုပ်ကြီးပမာမလှုပ်မယှက်ရပ်နေခဲ့စဥ်တွင် ရှိုင်းဆက်ယံကမင်းခန့်ထည်ရဲ့နံဘေးသို့ဒုန်းဆိုင်းလျှောက်လာပြီး မင်းခန့်ထည်ရဲ့အင်္ကျီကော်လံအားလက်တစ်ဖက်ကနေဆောင့်ဆွဲလိုက်ကာ အခန်းအပြင်ဘက်သို့ခေါ်ထုတ်သွားခဲ့သည်။
အခန်းအပြင်ရောက်တော့ မင်းခန့်ထည်အားဆောင့်တွန်းလိုက်ပြီးဒေါသတကြီးမေးလာလေ၏။
"ဒါဘယ်လိုဖြစ်တာလဲ!! ဘာကိစ္စငါ့ညီက ဒီလိုမျိုးခုတင်ပေါ်မှာလှဲနေရတာလဲ။
ခုနကမိန်းမကကောဘယ်သူလဲ။
ငါနားလည်အောင်ရှင်းစမ်း!!"
အပြစ်သားမင်းခန့်ထည်ကရှိုင်းဆက်ယံအားစေ့စေ့မကြည့်ရဲဘဲခေါင်းငုံ့လျက်သာပြန်ဖြေလာသည်။
"ကျနော့်အမှားပါ။ ကျနော့်ကြောင့် ညီအခုလိုဖြစ်သွားရတာပါ။ ခုနကထွက်ပြေးသွားတဲ့မိန်းကလေးက ကျနော့်အရင်ကောင်မလေးပါ........"
"မင်းအရင်ကောင်မလေးကငါ့ညီလေးကို သောက်ကျိုးနည်း ! ဒီလိုပုံစံမျိုးဖြစ်အောင်ဘာလို့လုပ်သွားတာလဲကွ!"
ရှိုင်းဆက်ယံမှာပူပြင်းဒေါသဖြစ်ရလွန်းလို့နှလုံးစိုင်တစ်ခုလုံးပေါက်ကွဲထွက်သွားတော့မလိုတောင်ခံစားနေရကာအသံတွေကတဖြည်းဖြည်းပြင်းထန်မာကြောလာခဲ့သည်။မင်းခန့်ထည်ကတခနမျှတုံ့ဆိုင်းနေပြီးနောက်လေသံတိုးတိုးနဲ့ပြောပြလာခဲ့ချေ၏။
"ကျနော်နဲ့ ရှိုင်းလေးနဲ့က အခုတွဲနေကြတာမို့လို့ သူမက ရှိုင်းလေးအပေါ် အမုန်းတရားတွေထားနေခဲ့တာပါ....."
တွဲနေကြတယ်!!!! ငါ့ညီနဲ့ဒီအကောင်နဲ့က!!!!
"ဘာကွ! ခွေးကောင် !! "
ရှိုင်းဆက်ယံက မင်းခန့်ထည်ရဲ့ညာဘက်ပါးပြင်ဆီသို့လက်သီးတစ်ချက်ပစ်သွင်းလိုက်လေသည်။အထိုးခံလိုက်ရတဲ့အရှိန်ကြောင့် မင်းခန့်ထည်ရဲ့ခြေလှမ်းတွေကအနောက်ဘက်သို့အနည်းငယ်ယိုင်သွားရသည်။
"ငါကမင်းနဲ့ဆို ကိုဇေကိုစိတ်ချထားနိုင်မယ်ထင်ခဲ့တာ။မင်းကဒီလိုပုံစံမျိုးနဲ့ ငါ့မျှော်လင့်ချက်တွေကိုရိုက်ချိုးတယ်ပေါ့
မင်းခန့်ထည်!!!!"
ရှိုင်းဆက်ယံကမင်းခန့်ထည်ဆီသို့လက်သီးတစ်လုံးထပ်ရွယ်လိုက်လေရာ သူအခုသူ့မျက်စိရှေ့ကထိုသကောင့်သားအားမျက်နှာတစ်ပြင်လုံးစုတ်ပြတ်သွားတဲ့အထိဆွဲထိုးပစ်ချင်နေပြီဖြစ်သည်။
လက်သီးဆုပ်တားတဲ့လက်သီးတစ်ချက်ကလေထုထဲမှာထပ်မြောက်သွားတဲ့အချိန်မှာပင်မင်းခန့်ထည်ဆက်ပြောလာတဲ့စကားတို့ကြောင့်ရပ်တန့်သွားရသည်။
"ဘာလို့လဲ ကျနော်တို့နှစ်ယောက်ကယောကျာ်းလေးချင်းမို့လို့ အကိုသဘောမတူချင်တာလား။"
"ငါကနိုင်ငံခြားမှာအခြေချနေတဲ့လူပါ။အဲ့လိုလူတွေတစ်ပုံကြီးငါမြင်ဖူးတယ်။ငါအဲ့လောက်အမြင်မကျဥ်းဘူး။အခုငါမင်းကိုစိတ်တိုနေတာက မင်းကြောင့်ငါ့ညီသွေးထွက်သံယိုဖြစ်သွားတဲ့အထိ ထိခိုက်သွားရတာကိုပဲ....."
"ကျနော်ကပိုလို့တောင် ညီ့ကို ဒီလိုမျိုးမဖြစ်စေချင်သေး။သူနေမကောင်းဖြစ်ပြီးဖျားရင်တောင် ကျနော့်မှာခံစားရတာသေလုမတတ်ပဲ။ဒီလိုမျိုးဆိုတာ ကျနော့်စိတ်ကူးထဲမှာတစ်ခါလေးမှတောင်မရှိခဲ့ဖူးဘူး။ ကျနော်လည်းအခုဘယ်လောက်ထိခံစားနေရတာလဲဆိုတာအကိုသိရဲ့လား"
မင်းခန့်ထည်ကခံပြင်းမှုအပြည့်နဲ့ထိုသို့ဆိုလာတော့ ရှိုင်းဆက်ယံတစ်ယောက်သူရွယ်ထားတဲ့လက်တစ်ဖက်ကိုပြန်ချလိုက်လေသည်။
ထို့နောက်ဟူးခနဲသက်ပြင်းချလိုက်ပြီး မင်းခန့်ထည်အားကြည့်ကာခပ်တည်တည်ဆိုလာသည်။
"ကိုဇေဆေးရုံဆင်းပြီးရင် မင်းသူ့ကို ဖြတ်လိုက်တော့"
"...."
'ဖြတ်လိုက်တော့!!! ဒါနောက်စရာမဟုတ်ဘူးနော် .....'
"မင်းနဲ့ငါ့ညီကရေရှည်မဖြစ်နိုင်ဘူး"
"ဘာလို့လဲ။ကျနော်က အကို့ညီလေးကိုမကာကွယ်နိုင်တဲ့ကောင်ဆိုပြီး အထင်သေးတာလား?" ဟု မင်းခန့်ထည်က ရှိုင်းဆက်ယံအားပေါက်ထွက်လုမတတ်စိုက်ကြည့်လျက်မေးလိုက်လေသော်ရှိုင်းဆက်ယံကလည်းမဆိုင်းမတွခေါင်းငြိမ့်ပြသည်။
'သူပြောတာမမှန်တာမပါဘူး အဟုတ်ပဲ။'
"အေးအဲ့တာလဲပါတယ်။တခြားအကြောင်းအရာတွေကြောင့်လဲပါတယ်။"
"ဘာပဲဖြစ်ဖြစ် ကျနော်ညီ့ကိုမဖြတ်နိုင်ဘူး!.ကျနော် ညီ့ကို အရမ်းချစ်တာမို့..."
"ဘာကွ!!!! "
လခွမ်းကိုအချစ် ??? မင်းပြောတဲ့အဲ့အချစ်ဆိုတာက ငါ့ညီ့အတွက်သေမင်းခေါ်လာတာနဲ့အတူတူပဲကွ!
ရှိုင်းဆက်ယံက မင်းခန့်ထည်ကိုလက်သီးဖြင့်ထပ်ရွယ်လာပြန်လေသော်မင်းခန့်ထည်က
မှင်သေသေနဲ့ပြန်စိုက်ကြည့်နေခဲ့သည်။
'သူ့မျက်နှာကို ကြိုက်သလောက်ထိုးလိုက်!
ရှိုင်းဇေယံကိုတော့ဒီတစ်သက်ပြန်မပေးနိုင်ဘူး'ဆိုတဲ့ အကြည့်မျိုးဖြင့်။
"တော်ကြတော့ မင်းတို့နှစ်ယောက်....."
စိုင်းသီဟကအခန်းထဲကနေထွက်လာပြီးအချေအတင်ဖြစ်နေကြသောယောက်ဖနှစ်ယောက်အားဝင်တားလာခဲ့သည်။
"မင်းတို့က လူနာတစ်ယောက်လုံးကို အခန်းထဲမှာပစ်ထားပြီး ဒီမှာစကားလာများနေကြတယ်ပေါ့။
ဒါမင်းတို့ပြောနေတဲ့လူနာအပေါ်စိုးရိမ်ပူပန်မှုလား!"
စိုင်းသီဟရဲ့အသံတို့ဟာ တင်းမာခက်ထန်နေကာအပြုံးတို့ကပျောက်ကွယ်နေသည်။
စိုင်းသီဟစကားကိုကြားတော့ မင်းခန့်ထည်ကအသံတိတ်လျက်အခန်းထဲသို့ပြန်ဝင်သွားတဲ့အခါရှိုင်းဆက်ယံကလည်းအခန်းထဲပြန်ဝင်ဖို့ခြေလှမ်းပြင်လိုက်စဥ်မှာပင်စိုင်းသီဟကအခန်းရှေ့ကနေဆွဲခေါ်သွားတော့သည်။
"လွှတ်စမ်းကွာ!"
ပထမထပ်ပြင်ပလူနာဆောင်နားရောက်တော့ထိုနေရာကလူရှင်းနေတာကြောင့်စိုင်းသီဟကရှိုင်းဆက်ယံအားလွှတ်ပေးလိုက်ပြီး
လေသံနိမ့်နိမ့်နဲ့ဆိုလာသည်။
"မင်းခန့်ထည်ကမင်းညီလေးကိုအရမ်းချစ်ရှာတာ။ အဲ့ကောင်လေးအပေါ်အဲ့လောက်ထိမလုပ်စမ်းနဲ့"
"မင်းအမြင်မှာ ငါကသူတို့အတွဲကိုခွဲနေတဲ့လူဆိုးကြီးပေါ့လေ"
"မဟုတ်လို့လား"
ဟုစိုင်းသီဟကမျက်ခုံးပင့်ပြကာမျက်နှာသေနဲ့ပြန်ထေ့ငေါ့လာတာကြောင့်ရှိုင်းဆက်ယံမှာဒေါသပိုထွက်သွားရကာစိုင်းသီဟအားမျက်စောင်းထိုးလာခဲ့လေ၏။
"သူတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး။
ကိုဇေ့ရဲ့ရောဂါအကြောင်းလဲမင်းသိသားနဲ့။တစ်ချိန်ကျ သူတို့ကိုငါမခွဲလဲ သူတို့နှစ်ယောက်ခွဲရမှာပဲ။"
"မင်းအတွေးတွေလွန်နေပြီ"
"ကိုဇေက ဒီနိုင်ငံကထွက်သွားမှ သူ့ရောဂါကိုကုလို့ရမှာ။အခုသူလူတစ်ယောက်ကိုသံယောဇဥ်တွယ်နေပြီ။
ငါအခုဘယ်လိုလုပ်ရမလဲမစဥ်းစားတတ်တော့ဘူး!"
"မင်း ငယ်လေးကိုအတင်းအကြပ်လျှောက်မလုပ်နဲ့။ သူ့ရောဂါအခြေအနေကိုသူသိသွားပြီး အခုတလော ပုံမှန်စမ်းသပ်မှုတွေပြန်လုပ်နေတာဘာကြောင့်လဲမင်းသိလား။
မင်းအခုပြောနေတဲ့ သံယောဇဥ်တွယ်နေတဲ့လူတစ်ယောက်ကြောင့် သူထွက်မပြေးတော့ပဲဆေးကုသမှုခံယူနေတာ။မင်းသူတို့နှစ်ယောက်ကိုခွဲကြည့်လိုက်
မင်းညီကိုဆုံးရှုံးရအောင်လုပ်တဲ့လူက မင်းကိုယ်တိုင်ဖြစ်သွားလိမ့်မယ်!"
"...."
တိတ်ဆိတ်သွားသော ရှိုင်းဆက်ယံအားစိုင်းသီဟက အချိန်တစ်ခုကြာတဲ့အထိမြဲမြံစွာစိုက်ကြည့်နေရင်းနှင့်နှစ်ကိုယ်ကြားပြောနေသောသူတို့စကားဝိုင်းလေးအားအဆုံးသတ်လိုက်တော့သည်။
ရှိုင်းဆက်ယံကအခန်းထဲသို့မကြည်မသာနှင့်ပြန်ဝင်လာခဲ့ပြီးနောက်အနောက်နား၌ဝင်ထိုင်လိုက်ကာညီဖြစ်သူဘေးတွင်မလှုပ်မယှက်နှင့်ငိုင်နေရှာသောမင်းခန့်ထည်အားမျက်လုံးထောင့်ကနေတစ်ချက်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်လေ၏။
ထိုစဥ်အခန်းအတွင်းသို့ဧည့်သည်တစ်ယောက်ထပ်ရောက်လာခဲ့သည်။
"ကျေးဇူးပါ"
သျှားထက်မောင်ကအခန်းထဲသို့လိုက်ပို့ပေးတဲ့ Nurseလေးအားကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ရှိုင်းဆက်ယံကကူတွဲ၍ ထိုင်ခုံတစ်ခုပေါ်သို့နေရာချပေးလိုက်သည်။
မင်းခန့်ထည်ကအခန်းထဲသို့လူတစ်ယောက်ရောက်လာတဲ့အသံကိုကြားနေရသော်လည်း လှည့်ကြည့်လာခြင်းမရှိခဲ့ပေ။
တခနကြာတော့ သျှားထက်မောင်ရဲ့ အသံတိုးတိုးလေးတစ်သံကအခန်းတွင်းရှိတိတ်ဆိတ်ငြိမ်သက်မှုတို့အားဘောင်ဘင်ခတ်သွားစေလေ၏။
"ဖြူစင်သော်ဆိုတာ မင်းကောင်မလေးလား?"
သျှားထက်မောင်ရဲ့စကားသံတို့ဟာ
ရန်လိုမုန်းတီးခြင်းတို့အလျဥ်းမရှိစွာဖြင့်တည်ငြိမ်နေသောရေပြင်အလားထွက်ပေါ်လာခဲ့ခြင်းပေ။
ထိုမေးသံကြားမှမင်းခန့်ထည်က သျှားထက်မောင်အားလှည့်ကြည့်လာခဲ့သည်။
သူလှည့်ကြည့်လိုက်ချိန်မြင်လိုက်ရတဲ့ထိုလူရဲ့ရုပ်ရည်သွင်ပြင်ကြောင့်သူကိုယ်တိုင်ပင်အံ့သြသွားရသည်။
သျှားထက်မောင်ရဲ့နှာတံစင်းပုံကမင်းခန့်ထည်နဲ့တစ်ချိုးမှမပြောင်းလဲ တထပ်တည်းပင်။သူ၏ကွေးညွတ်သောနှုတ်ခမ်းကွေးတစ်စုံက မင်းခန့်ထည်နှင့်ခပ်ဆင်ဆင်ဖြစ်ကာ တွန့်ချိုးနေသောမျက်ခုံးတစ်စုံဟာဆိုရင်လည်း မင်းခန့်ထည်နဲ့ဆင်တူသည်။
သို့သော် မင်းခန့်ထည်ရဲ့လုံးဝန်းရှည်သွယ်သောမျက်ဝန်းတစ်စုံနှင့် သျှားထက်မောင်ရဲ့မှေးစင်းကျဥ်းမြောင်းသောမျက်ဝန်းတစ်စုံကအနဲငယ်ကွာဟသွားရာ အများဆုံးကွာဟမှုကတော့ မေးရိုးကျဆင်းပုံမှာသိသိသာသာခြားနားသွားခြင်းပေ။
ရှိုင်းဆက်ယံလည်း သူ့ဘေးမှသျှားထက်မောင်နှင့်သူ့အရှေ့ရှိမင်းခန့်ထည်အားနှစ်ခါပြန်သုံးခါပြန် ပြန်ကြည့်လိုက်ရင်းအံ့သြဘနန်းအပြည့်နှင့်ရေရွတ်လာသည်။
"ငါအဲ့ဒါကြောင့်တွေးနေတာ သျှား မင်းကတစ်ယောက်ယောက်နဲ့ဆင်ပါတယ်လို့ မင်းတို့နှစ်ယောက်တကယ်ဆင်တာပဲ"
ရှိုင်းဆက်ယံဆီမှထိုစကားကြားတော့ သျှားကခပ်ဖွဖွပြုံးလေသည်။
"အဲ့လောက်တောင်ပဲလား?"
"ခများက သျှားထက်မောင်လား!!"
မင်းခန့်ထည်မှာအံ့အားသင့်လွန်း၍ခုံပေါ်၌တောင်မထိုင်နိုင်တော့ဘဲဆတ်ခနဲမတ်တပ်ထရပ်လာခဲ့သည်။
"ဟုတ်ပါတယ်။
ကျနော်ကသျှားထက်မောင်ပါ။
ဒေါ်စန္ဒာသော်ရဲ့မွေးစားသား၊ဖြူစင်သော်ရဲ့မွေးစားအကိုပါ...."
"ဒါဆို ခများကအသက်ရှင်နေခဲ့တယ်ပေါ့!"
"ဟုတ်ပါတယ် ..... ကျနော်ဒီနှစ်တွေထဲမှာအသက်ရှင်နေခဲ့ပါတယ်"
"ကျနော်က မင်းခန့်ထည်ပါ။
ခများထင်သလိုဖြူက ကျနော့်ရဲ့တကယ့်ချစ်သူကောင်မလေးမဟုတ်ပါဘူး။
ကျနော် အဲ့အကြောင်းတွေအကုန်ခများကိုပြောပြပါ့မယ်"
"ဒါဆိုကိုခန့်ထည်ကိုပင်ပန်းစေမိပြီ။ "
"ရပါတယ်။ကျနော့်မှာလဲအကြောင်းစုံ ပြောပြရမယ့်တာဝန်ရှိလို့ပါ"
မင်းခန့်ထည်တစ်ယောက်ရှိုင်းရဲ့နံဘေးမှ ရှိုင်းဆက်ယံနှင့်သျှားထက်မောင်တို့ရှိရာဘက်သို့ကူးလာလိုက်ကာ လွတ်နေသောခုံလေးတစ်ခု၌ဝင်ထိုင်လိုက်လျက် လွန်လေပြီးသောအဖြစ်အပျက်တို့ကိုပြန်ပြောင်းပြောပြခဲ့သည်။
"လွန်ခဲ့တဲ့ ၄နှစ်တုန်းကခများ Car accidentဖြစ်ပြီးဆုံးသွားပြီလို့ ဖြူကသိထားတယ်။အဲ့စိတ်ကြောင့်ပဲသူမကအရူးတစ်ပိုင်းဖြစ်သွားခဲ့ရပြီးစိတ်ကျန်းမာရေးဆေးရုံမှာ ၇လနေခဲ့ရတယ်။အဲ့ ၇လအတွင်းမှာ
သူမနေပြန်ကောင်းလာခဲ့ပေမယ့် အရှင်းမပျောက်သေးဘူး။ဘာလို့လဲဆိုတော့ အန်တီစန္ဒာက ဖြူ့ကိုဆေးကုသတဲ့ကာလတစ်ဝက်တစ်ပျက်မှာတင်ဖြူ့ကိုသွားပြန်ခေါ်လာခဲ့လို့ပဲ။"
"သူမအိမ်မှာနေခဲ့တဲ့ လတွေအတွင်းမှာကျန်းမာရေးပြန်ကောင်းလာလို့ အန်တီကသူမကိုပုံမှန်အနေအထားအတိုင်းဆက်ရှင်သန်ခွင့်ပေးခဲ့တယ်။
အဲ့တာနဲ့Uniမှာသူမကကျနော့်ကိုဆုံတွေ့ခဲ့ပြီး မောင်လို့အထင်မှားသွားခဲ့တဲ့နောက်ဒီဇာတ်လမ်းတွေအစပြုလာခဲ့တာပဲ "
ထိုနှစ်တွေတုန်းကဖြစ်ပျက်သွားခဲ့တဲ့အကြောင်းအရာတွေအားလုံးကိုမင်းခန့်ထည်ကအသေးစိတ်ပြန်ပြောပြလာခဲ့ပြီးနောက်ခနရပ်ကာသျှားထက်မောင်ကိုကြည့်လိုက်တော့သျှားထက်မောင်ရဲ့အမူအရာတို့ကသိသိသာသာပျက်ယွင်းသွားခြင်းမရှိခဲ့ပေ။သူကတည်ငြိမ်စွာဖြင့်သာဆက်နားထောင်နေခဲ့သည်။
"အဲ့တာကြောင့် ကျနော်နဲ့အန်တီစန္ဒာတို့နှစ်ဦးသားတိုင်ပင်ပြီး မှတ်ဥာဏ်အစားထိုးအိပ်ငွေ့ချတဲ့ကုထုံးနဲ့ သူမကိုအတော်ကြာကုသနေခဲ့တာ ၂နှစ်ရှိပြီ။
ဒါပေမယ့် အခုကျနော့်မှာချစ်ရတဲ့သူရှိနေပြီမို့ ကျနော်ကသူမရဲ့မောင်နေရာမှာဟန်ဆောင်နေလို့မရတော့ဘူး။ဒါ ကျနော့်ဘက်ကစမှားတဲ့အမှားတစ်ခုလို့လဲပြောလို့ရပေမယ့်
ကျနော့်မှာလည်းကျနော့်ရွေးချယ်မှုနဲ့ကျနော်ရှိသင့်တာပေါ့။"
ထိုစကားကိုနားထောင်နေရင်းသျှားထက်မောင်ကောရှိုင်းဆက်ယံကပါထောက်ခံသည့်နှယ်ခေါင်းငြိမ့်လာကြသည်။
"ကျနော် သူမအတွက်အချိန်၂နှစ်တာ ပေးခဲ့ပြီးပြီ။ ကျနော့်မှာလည်းချစ်ရတဲ့သူရှိပြီမို့
ဒီကုထုံးကိုကျနော့်ဘက်ကနေစတင်ရပ်တန့်ပစ်ခဲ့တယ်။ဒါကြောင့်ဖြူရဲ့ရောဂါဟောင်းကပြန်ထလာပြီးသူမ ကျနော့်သူငယ်ချင်းတစ်ယောက်ကို လှေကားပေါ်ကတွန်းချပစ်ခဲ့တယ်။"
"ကျနော့်သူငယ်ချင်းဘက်ကတရားစွဲဆိုမှုကြောင့် သူမအမှုရင်ဆိုင်တဲ့အခါအမှုရှုံးသွားခဲ့ပြီးတော့ သူမက ကျနော့်ချစ်ရသူကို ခများသိတဲ့အတိုင်းဒီနေ့လိုကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အဆင့်ထိရောက်သွားခဲ့တော့တာပဲ"
"...... "
မင်းခန့်ထည်ရဲ့စကားသံတို့အဆုံး အခန်းတစ်ခုလုံးကထပ်မံတိတ်ဆိတ်လို့သွားခဲ့ပြန်သည်။
ထို့နောက်ရှိုင်းဆက်ယံကလက်ပိုက်လျက်ကျောမှီထိုင်နေရင်းဆက်မေးလာခဲ့သည်။
"ဖြူစင်သော်ရဲ့စိတ်ရောဂါကကုသလို့မရတော့ဘူးပေါ့"
"ဖြူက အခုဆိုပိုလို့တောင်ကုသလို့ရမှာမဟုတ်တော့ဘူး။သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအကြောတွေအားလုံးကသေသွားခဲ့ပြီလို့
ကိုစိုင်းသီဟပြောတယ်။အဲ့စိတ်ကြောင့် သူမရဲ့စိတ်အခြေအနေကအရင်ကထက်ပိုဆိုးလာမယ်ထင်တယ်"
ရှိုင်းဆက်ယံအားပြန်ဖြေလာတဲ့မင်းခန့်ထည်ရဲ့အဖြေကိုကြားတော့ သျှားထက်မောင်ကပို၍တိတ်ဆိတ်ငြိမ်ကျသွားခဲ့သည်။
"ကျနော့်ကိုကော သူမ လုံးဝမမှတ်မိနိုင်တော့ဘူးလား?"
"သူမ မှတ်ဥာဏ်ထဲမှာတော့ မောင်ဆိုတာရှိနေမှာပါ။ဒါပေမယ့် သူမ ခများကိုတော့ လုံးဝမမှတ်မိနိုင်တော့ဘူး။ပြန်ပြီးအိပ်ငွေ့ချမှရလိမ့်မယ်။အခုအခြေအနေရဆို သူမကိုထပ်ပြီးအိပ်ငွေ့ချဖို့ဆိုတာ တကယ်မလွယ်ကူတော့ဘူး"
ထိုစကားကြားတော့ သျှားရဲ့ခေါင်းကအောက်ငိုက်စိုက်သွားပြီး သူ၏လက်များကိုမျက်နှာထက်ဆီသို့နေရာလပ်မရှိအုပ်ကိုင်ထားလိုက်တဲ့အခါရှိုင်းဆက်ယံက သျှားရဲ့ပုခုံးတစ်ဖက်အားလှမ်းပုတ်ပေးလာခဲ့သည်။
"ကျနော်မျှော်လင့်ထားခဲ့တာ.....သူမ ကျနော်အသက်ရှင်မှန်းသိရင်သူမအရမ်းပျော်လိမ့်မယ်လို့ပေါ့။ပြီးတော့ သူမကိုကျနော်ကတိပေးထားတဲ့အတိုင်းတသက်လုံးစောင့်ရှောက်သွားမယ်ဆိုပြီးအားခဲထားခဲ့တာ။
တကယ့်တကယ်လည်းကျ ကျနော့်မျက်လုံးတွေက သူမအပြုံးလေးကိုထပ်မမြင်နိုင်တော့သလို သူမကလဲ ကျနော့်ကိုမမှတ်မိနိုင်တော့ဘူးတဲ့........ "
သျှားထက်မောင်ရဲ့အသံတို့ဟာ တဖြည်းဖြည်းနဲ့တိမ်ဝင်အက်ရှလာသည်။
"Princess Alexandra of Kent.....ပန်းအိုးလေးတွေကိုကျနော့်နှစ်ပတ်လည်နေ့တိုင်းသူမဆီပို့ပေးခဲ့တာ။
အနည်းဆုံးတော့ သူမကျနော့်ကိုအမှတ်ရနေစေဖို့ပေါ့။ဒါပေမယ့်.....ဒါပေမယ့်.....အခု.................."
နောက်ဆုံးမှာတော့သျှားထက်မောင်ဟာယူကြုံးမရစွာရှိုက်ငိုလာပေတော့သည်။
မင်းခန့်ထည်နဲ့ရှိုင်းဆက်ယံတို့နှစ်ယောက်စလုံး သျှားထက်မောင်အားစိတ်မကောင်းခြင်းများစွာဖြင့်ငေးကြည့်နေရင်း သူတို့ဘာစကားမျှမဆိုဖြစ်ခဲ့ကြပေ။
ထို့နောက် မင်းခန့်ထည်က သျှားထက်မောင်အားပထမထပ်ရှိ ဒေါ်စန္ဒာသော်ရှိရာအခန်းဆီသို့ခေါ်သွားပေးခဲ့တာကြောင့် ရှိုင်းဆက်ယံတစ်ယောက်တည်းသာ သူ၏ညီဖြစ်သူနှင့်အခန်းထဲ၌ကျန်ရစ်ခဲ့တော့လေသည်။
ရှိုင်းဆက်ယံတစ်ယောက်မျက်နှာကျက်အဖြူရောင်ဆီသို့အတန်ကြာငေးကြည့်နေစဥ်ဝယ်သူ၏အတွေးနယ်ပယ်တို့ထဲမှာ
အဖြစ်အပျက်လေးတစ်ခုကနက်ရှိုင်းစွာဖြင့်ထပ်မံအစပြုလို့လာခဲ့ပြန်သည်။
အဲ့နေ့က ကျနော်ဆေးရုံမှာမနားတမ်းပြေးလွှားနေရတဲ့အချိန် Ambulanceတစ်စီးကဆေးရုံအဝင်ဝသို့ဆိုက်ရောက်လာခဲ့သည်။မိန်းကလေးတစ်ယောက်ရဲ့ရင်ကွဲမတတ်အော်ငိုသံကဆေးရုံအတွင်းပိုင်းမှာဆူညံပွက်လောရိုက်နေတာကြောင့် ကျနော့်ရဲ့အာရုံတွေကအသံလာရာဘက်ဆီသို့ရောက်သွားခဲ့ကာလူငယ်စုံတွဲလေးတစ်တွဲကိုလှမ်းမြင်လိုက်ရလေသည်။ငယ်ရွယ်လွန်းတဲ့သူမလေးက Dr. တစ်ယောက်ကိုကယ်တင်ပေးဖို့အပြင်းအထန်တောင်းပန်နေရှာတဲ့မြင်ကွင်းအားကျနော်အဝေးတစ်နေရာ၌ရပ်ကြည့်နေခဲ့မိသည်။
ကျနော့်အနေနဲ့လည်းသူမလေးအပေါ်အကူအညီမပေးနိုင်ခဲ့တာကြောင့်အဲ့တုန်းကရပ်ကြည့်နေရုံသာတတ်နိုင်ခဲ့လေသည်။
ဘာလို့လဲဆို ကျနော်ကတာဝန်ကျလူနာများကိုသာကြည့်ရှုစစ်ဆေးနေရတဲ့ ဝါနုဆရာဝန်လေးတစ်ယောက်မို့ ဆေးရုံအုပ်ကကျနော့်ကိုအရေးပေါ်ကုသမှုများအပေါ်တာဝန်မပေးခဲ့ပေ။ဒီလိုနဲ့ ထိုမြင်ကွင်းတို့ကိုကျနော်အတန်ကြာငေးကြည့်နေပြီးမှထွက်လာခဲ့လိုက်သည်။
နောက်တစ်နေ့နံနက် အလုပ်သင်ဆရာဝန်တို့ရဲ့နားနေခန်းထဲမှာ ထုံးစံအတိုင်း စိုင်းသီဟက Espressoကော်ဖီခွက်လေးနှင့်ထိုင်စောင့်နေခဲ့ပြီး ကျနော့််ကိုမြင်တော့သူကပြုံးလျက်ဆိုသည်။
"ဆက်ယံ ငါ့မှာသတင်းကောင်းရှိတယ်"
"ပြောကြည့်"
ကျနော်ကလည်း ဂျူတီကုတ်လေးကိုထပ်ဝတ်လိုက်ရင်းထုံးစံမပျက်စိုင်းသီဟအားဘုဘောက်ဆိုလိုက်သည်။
"မနေ့ကငါတို့ဆေးရုံကိုရောက်လာတဲ့ လူနာတစ်ဦးလေ။ အဲ့ကောင်လေးမှာ ကိုဇေနဲ့တူတဲ့ရောဂါလက္ခဏာရှိနေတယ်။"
"မင်းတကယ်ပြောနေတာလား?"
"တကယ်ပေါ့ ငါကဒီလိုကိစ္စမျိုးကိုနောက်ပါ့မလား"
ရှိုင်းဆက်ယံကဂျူတီကုတ်အဖြူရောင်လေးကိုဝတ်ဆင်လိုက်ပြီးနောက်စိုင်းသီဟလက်ထဲကကော်ဖီခွက်လေးကိုဆွဲယူလိုက်ရင်းဝင်ထိုင်လာတဲ့အခါစိုင်းသီဟကဆက်ပြောလာသည်။
"ဒါပေမယ့် စီနီယာတွေကမကုဘူးလုပ်နေတယ်"
"ဘာလို့?"
"လူနာကောင်လေးကအခုဦးနှောက်သေမလိုဖြစ်နေတယ်လေ။ပြီးတော့ ထူးဆန်းတဲ့ဒီရောဂါလက္ခဏာပါရှိနေတော့ ဘာပဲဖြစ်ဖြစ်သူတို့လက်လျော့မှာပဲ။သူတို့ကဆေးဘက်ဆိုင်ရာစာမေးပွဲကိုဖြေထားတဲ့လူတွေလေကွာ။အမှားမခံနိုင်တဲ့ဒီလိုချိန်အတွင်းမှာ သူတို့လက်ပေါ်မှာလူအသေကောင်ကိုအရဲစွန့်ပြီးမတင်ရဲဘူး။
သူတို့ပါရဂူဘွဲ့စွန်းစွန်းလေးပြုတ်သွားမှာစိုးလို့လေ။"
"အဲ့တော့ ငါတို့ဘယ်လိုလုပ်ကြမလဲ။ဒီလိုရောဂါလက္ခဏာရှိတဲ့လူကရှားတယ်။ဘာပဲဖြစ်ဖြစ်အဲ့လူနာကို ငါ့ caseဖြစ်အောင်လုပ်ရမယ်"
"လုပ်မယ်ဆိုလည်းမြန်မြန်လုပ်မှရမယ်ဆက်ယံ။စီနီယာတွေကမနေ့ကတည်းကသူ့ကိုအောက်စီဂျင်ပိုက်ဖြုတ်ဖို့ကြံနေပြီ"
ထိုစကားကြားတော့ကျနော်ထိုလူနာကောင်လေးရဲ့အခန်းဆီသို့အပြေးထွက်လာခဲ့လိုက်သည်။
သို့နှင့် အခန်းထဲရောက်တဲ့အခါ
တုန်လှုပ်စရာမြင်ကွင်းတစ်ခုကိုကျနော့်မျက်လုံးတွေနဲ့တပ်အပ်မြင်တွေ့ရလိမ့်မယ်လို့ကျနော်မထင်ထားခဲ့ပေ။
ထိုမြင်ကွင်းကတော့ အသက်၄၀အရွယ်ရှိ နူးညံ့လှပတဲ့အမျိုးသမီးတစ်ယောက်က ခုတင်ထက်၌မေ့မြောနေခဲ့သောကောင်လေးရဲ့အောက်စီဂျင်ပိုက်ကိုဖြုတ်ပစ်ဖို့ကြိုးစားနေတဲ့မြင်ကွင်းမျိုးပေါ့။
ဒါက ဇာတ်လမ်းတွေထဲမှာပဲရှိသင့်တာမဟုတ်ဘူးလား။
"ဒီကအဒေါ် .....ခများဘာလုပ်ဖို့ကြိုးစားနေတာလဲ!!!"
"...."
ကျနော်မေးလိုက်တော့သူမကဘာမှပြန်ပြောမလာဘဲမျက်နှာကိုတစ်ဖက်သို့လွှဲလိုက်ကာအခန်းထဲကနေကမမ်းကတမ်းထွက်သွားဖို့ကြိုးစားနေသည်။ဒါ့ကြောင့်သူဒဲ့ဒိုးပဲလှည့်မေးလိုက်လေ၏။
"အဒေါ်က သူ့ကိုမြန်မြန်သေစေချင်နေတာလား?"
ထိုအခိုက်သူမရဲ့ခြေလှမ်းတွေကအခန်းဝမှာရပ်တန့်သွားခဲ့သည်။
"ဒါဆို အဒေါ်စိတ်မပူပါနဲ့ သူကမကြာခင်သေတော့မှာပါ။ဆရာဝန်တော်တော်များများကလဲ သူ့ကိုလက်လျှော့နေပါပြီ"
ထိုစကားကြားတော့သူမကကျနော့်ကိုအလန့်တကြားနဲ့ပြန်လှည့်ကြည့်လာကာ သူမရဲ့မျက်ဝန်းတွေထဲ၌ နောင်တတရားတို့နဲ့ပြည့်နှက်နေတာကိုကျနော်အတိုင်းသားမြင်နေရသည်။
"ဘာလဲ အဲ့လိုကျ မသေစေချင်တော့ပြန်ဘူးလား။"
"ဟုတ်တယ် ငါသူ့ကိုမသေစေချင်ဘူး။
ငါ့သမီးအနားကနေမရှိတော့အောင်ပဲလုပ်ချင်တာ!!!"
"အော်.... "
ရှိုင်းဆက်ယံကအာမေဋိတ်အသံပြုလိုက်ကာ ထိုအမျိုးသမီးဘက်သို့စောင်းငဲ့ကြည့်လိုက်လျက်နှုတ်ခမ်းတွေကိုခပ်ဖွဖွတွန့်ချိုးလိုက်ရင်းမေးလိုက်လေ၏။
"ဒါဆို သူ့ကိုရေမြေခြားတဲ့တစ်နိုင်ငံဆီပို့လိုက်ရလည်းအဆင်ပြေတယ်ပေါ့"
"မင်းဘာကိုဆိုလိုချင်တာလဲ?"
"ကျနော်ဆိုလိုချင်တာက ၂ဦး၂ဖက်အကျိုးရှိမယ့်အပေးအယူလေးတစ်ခုပါ။
အဒေါ်နဲ့တစ်စုံတစ်ရာသက်ဆိုင်တဲ့ဒီလူနာကို Dr. ရှိုင်းဆက်ယံဆီလွှဲပြောင်းပေးပါတယ်ဆိုတဲ့လွှဲပြောင်းခြင်းမှတ်တမ်းမှာလက်မှတ်ထိုးပေးပြီးတာနဲ့ ဒီလူကအသက်ရှင်လျက်နဲ့ပဲ အဒေါ့်သမီးဘေးနားကနေထွက်သွားစေရမယ်လို့ ကျနော်အာမခံတယ်!"
နောက်မှသူသိလိုက်ရတာကထိုအမျိုးသမီးဟာသျှားထက်မောင်ရဲ့မွေးစားအမေဖြစ်သူ ဒေါ်စန္ဒာသော်ဆိုတာပင်။
သူမကသူမရဲ့သမီးအရင်းနဲ့မွေးစားသားကိုခွဲလိုသောအတ္တတစ်ခုကြောင့်ကျနော်နဲ့တိုးတိုးတိတ်တိတ်အပေးအယူလုပ်ခဲ့ခြင်းပင်။
ထိုအကြောင်းအရာတွေကိုအကြောင်းစုံမသိခဲ့တဲ့သျှားထက်မောင်က ဒီနိုင်ငံသို့အသက်ရှင်လျက်ပြန်လာနိုင်ဖို့အတွက်အပတ်တကုပ်ကြိုးစားနေရှာတာကို သူစိတ်မကောင်းဖြစ်စွာစောင့်ကြည့်နေခဲ့ရသည်မှာတော်တော်ကြာမြင့်ခဲ့ပြီပေ။
သူ့အားစွန့်ပစ်ခဲ့တဲ့မိသားစုအပေါ် အချိန်တိုင်းလွမ်းဆွတ်တမ်းတနေရှာတာကိုမြင်တွေ့နေခဲ့ရတဲ့ သူဟာဒီနေ့ဒီအချိန်ထိအကြောင်းရင်းမှန်တို့ကို သိုသိုသိပ်သိပ်ဖုံးကွယ်ထားခဲ့ပြီးဘယ်လိုနည်းနဲ့မှပြောမထွက်ရက်ခဲ့ပေ။
အရေးကြီးတာကရောဂါပျောက်ဖို့ဖြစ်တာကြောင့် ထိုကောင်လေးရဲ့မျှော်လင့်ချက်တွေကိုမုသားဆန်စွာအသုံးချသင့်ရင်လည်းအသုံးချရမှာပဲဟု သူတထစ်ချဆုံးဖြတ်ချက်ချခဲ့ကာတစ်ချိန်လုံးထိုကောင်လေးအားအပြစ်ရှိစွာလိမ်ညာဖုံးကွယ်ထားခဲ့သည်။
သို့သော် ဒီရက်ပိုင်းအတွင်း သျှားရဲ့ရောဂါအခြေအနေကတိုးတက်မလာတော့ဘဲဆုတ်ယုတ်လာခဲ့တာကြောင့် ထိုကောင်လေးရဲ့မျှော်လင့်ချက်လေးကိုဖြည့်ဆည်းပေးဖို့အတွက်ကျနော်သူ့ကိုဒီနိုင်ငံဆီသို့ပြန်ခေါ်လာခဲ့သည်။ပြီးတော့ သူကသာအလိုရှိပြီး သူ့အားအလိုမရှိသောမိသားစုနှင့်ပြန်ဆက်သွယ်ပေးဖို့အတွက် ကျနော်အစွမ်းကုန်ကြိုးစားစုံစမ်းပေးခဲ့သည်။
နောက်ဆုံးတော့ ရောက်လာသင့်တဲ့အချိန်ကိုရောက်လာခဲ့ပြီပဲ။
အမှန်တရားတွေအောက်မှာမင်းခံနိုင်ရည်ရှိပါစေကွာ......
ဆိတ်ငြိမ်နေသောအခန်းနယ်ပယ်ထဲတွင်သက်ပြင်းနက်နက်တစ်ချက်ချလိုက်ပြီးတဲ့အခါ ရှိုင်းဆက်ယံကရှိုင်းဇေယံရဲ့ခုတင်ဆီသို့လျှောက်သွားလိုက်၍ သူ့ညီလေးရဲ့မျက်နှာလေးကိုရှုကြည့်နေရင်းအသံတိတ်ရေရွတ်လိုက်လေ၏။
'ကိုဇေ မင်းအကိုက ဆရာဝန်တစ်ယောက်ရဲ့ကျင့်ဝတ်တစ်ခုကိုဖောက်ဖျက်ပစ်ခဲ့တဲ့အပြင်...စွန့်လွှတ်သင့်တဲ့အရာမှန်သမျှကိုလည်းတစ်ချက်မရွံ့ဘဲစွန့်လွှတ်ပစ်ခဲ့တယ်ဆိုတာ အကုန်လုံးမင်းအတွက်ချည်းပါကွာ ... '
••••••••••••••••••••••••••••••••••••••••••••••••••
မင်းခန့်ထည်ကသျှားထက်မောင်အား ဖြူစင်သော်ရှိရာအခန်းဆီသို့သာခေါ်သွားပေးလိုက်သည်။အဘယ်ကြောင့်ဆိုသော် ဒေါစန္ဒာသော်ဟာဖြူစင်သော်အခန်းတွင်သာတစ်နေကုန်ရှိနေတာကြောင့််ပင်။
အခန်းတံခါးလေးကကျွီခနဲပွင့်သွားတော့
ဒေါ်စန္ဒာသော်ကအခန်းတံခါးဘက်သို့လှည့်ကြည့်လာခဲ့သည်။
ထိုစဉ်တွင်သူမမြင်လိုက်ရသောမြင်ကွင်းက သူမရင်ကိုဓားအချောင်း၁၀၀မကထိုးစိုက်လာသကဲ့သို့စူးနစ်သွားစေလေ၏။
သူမ ထိုင်နေရာမှရုတ်တရပ်ထရပ်လိုက်တဲ့အခါသူမရဲ့ကိုယ်လေးဟာအနောက်ဘက်သို့ယိုင်နဲ့သွားခဲ့သည်။
"အန်တီ!"
ထိုအချင်းအရာကိုမြင်တော့မင်းခန့်ထည်ကဒေါ်စန္ဒာသော်အားအပြေးဖမ်းဆွဲကာထိန်းထားပေးလိုက်သည်။
"အမေ ကျနော့်ကိုမြင်ရလို့အံ့သြသွားလား?"
ဒေါ်စန္ဒာသော်က မင်းခန့်ထည်ဆွဲကိုင်ထားရာမှရုန်းလိုက်ပြီးနောက် သျှားရှေ့သို့ တရွေ့ရွေ့ဖြင့်လျှောက်လှမ်းသွားတဲ့အချိန် သူမရဲ့ပါးပြင်ထက်မှာမျက်ရည်စက်တို့ကတသွင်သွင်စီးကျလာခဲ့သည်။
"မင်း.....မင်း......နောက်ဆုံးတော့ပြန်လာခဲ့ပြီပေါ့"
"အရင်နှစ်တွေတုန်းကကျနော့်ရောဂါက တအားဆိုးရွားနေခဲ့လို့ပါ။အဲ့တာကြောင့် ကျနော်ပြန်မလာနိုင်ခဲ့ဘူး။အဲ့အတွက် ကျနော်တောင်းပန်ပါတယ်"
ဟုဆိုကာ သျှားထက်မောင်က ဒေါ်စန္ဒာသော်ကိုယ်လေးအားစမ်းကာ မျှော်လင့်တကြီးဖမ်းဆုပ်လိုက်ပေမယ့် ဒေါ်စန္ဒာသော်ပြောလာတဲ့စကားလုံးတွေကိုကြားလိုက်ရလေသော်သျှားရဲ့လက်တို့ကတောင့်ခဲသွားရသည်။
"တကယ်ဆို မင်းပြန်လာဖို့မလိုဘူးလေ"
မင်းခန့်ထည်လည်းထိုစကားကြားတော့မှင်သက်မိသွားရ၏။
"ဒါငါ့အပြစ်တွေပါ။ငါဆိုတဲ့အတ္တစွဲအမေတစ်ယောက်ကြောင့် ငါ့သမီးလေးဒီလိုဖြစ်ခဲ့ရတာ!"
"အမေဘာတွေပြောနေတာလဲ?"
"မင်းမသေဘူးဆိုတာ ငါအစကတည်းကသိတယ် သျှား....ဒါပေမယ့် ငါမင်းကိုငါ့အနားမှာဆက်မခေါ်ထားနိုင်ဘူး။
မင်းဆိုတဲ့မွေးစားသားကိုတမ်းလမ်းစွဲဖြစ်နေတဲ့ ငါ့သမီးကိုထိန်းနိုင်ဖို့ဒီတစ်နည်းပဲရှိခဲ့တာ....."
"ဒါဆို..အမေကကျနော့်ကိုသိရက်နဲ့စွန့်ပစ်ခဲ့တာလား?"
သျှားရဲ့ရေသေမျက်ဝန်းတွေကအရည်ကြည်တို့နဲ့ပြည့်လျှမ်းလာရကာသူ့နားတောင်သူ
မယုံကြည်နိုင်တော့ပေ။
"အေးဟုတ်တယ်။ငါစွန့်ပစ်ခဲ့တာ။မင်းနဲ့ငါ့သမီးကိုလုံးဝသဘောမတူနိုင်လို့ပဲ!။
မင်းမရှိတဲ့အချိန် ငါ့သမီးရဲ့မှတ်ဥာဏ်ထဲမှာ အစားထိုးဖို့လူတစ်ယောက်ရှာနေခဲ့တာကြာပြီ။"
"ကံကြမ္မာကတစ်ကြိမ်တစ်ခါလေးတော့ငါတို့ကိုမျက်နှာသာပေးခဲ့ပါတယ် သားခန့်ထည်လိုသင့်တော်တဲ့လူမျိုးနဲ့ငါတို့သားအမိကိုတွေ့ဆုံစေခဲ့တယ်လေ။
အဲ့တာကြောင့်ငါကိုယ်တိုင် မင်းနေရာမှာအစားထိုးဖို့သားခန့်ထည်ကိုအကြံစည်တစ်ခုနဲ့အကူအညီတောင်းခဲ့ပြီးတော့ အဲ့ကုထုံးကိုကုသဖို့ချက်ချင်းသဘောတူခဲ့တာပဲ။"
မင်းခန့်ထည်ခမျာဒေါ်စန္ဒာသော်ရဲ့စကားတွေကိုနားထောင်နေရင်းသူ၏မျက်စိရှေ့မှာမိုးကြိုးတစ်စင်းပစ်ချလိုက်သကဲ့သို့လုံးဝတုန်လှုပ်သွားခဲ့ကာ ကြက်သီးတွေပါထလာရသည်။မင်းခန့်ထည်တောင်ဆောက်တည်ရာမရစွာတုန်လှုပ်သွားခဲ့မှတော့ သျှားထက်မောင်ဟာဆိုရင်ဖြင့် မိုးပြိုသွားသကဲ့သို့အပြိုပြိုအလဲလဲခံစားသွားရမည်မှာသေချာပေါက်ပင်။
သူတစ်ချိန်လုံးတောင့်တမျှော်လင့်နေရတဲ့ သူ့မိသားစုက တကယ်တော့သူ့ကိုအလိုမရှိဘူးတဲ့လေ.........
"ကျနော့်ကိုစိတ်ဆိုးလို့လိမ်နေတာမှတ်လား အမေ အမှန်တွေမဟုတ်ဘူးမှတ်လား ဒီအကြောင်းတွေက!!!!!!!!"
"အကုန်လုံးကအမှန်တွေပဲ။ ဒါပေမယ့် အဲ့လိုလုပ်ရပ်မျိုးကိုငါအခုနောင်တရနေပြီ။ငါ့သမီးကိုမင်းမရှိဘဲနဲ့ကောင်းကောင်းရှင်သန်နိုင်မယ်လို့ထင်ခဲ့မိတာ။၀ဋ်ဆိုတာမနေဘူးဆိုတာသိပ်မှန်တယ်။အရင်တုန်းကမင်းတို့သေမတတ်ခံစားနေရသလို ငါကိုယ်တိုင်လဲအခုသေမတတ်ခံစားနေရပြီ သားရယ်!!"
နောက်ဆုံးမင်းခန့်ထည်လည်းဒီအဖြစ်တွေကိုဆက်မကြည့်နိုင်တော့တာကြောင့် အခန်းထဲကနေထွက်လာခဲ့လိုက်သည်။
မြင်တွေ့ရတဲ့မြင်ကွင်းတွေကတကယ်ကိုပင်ရင်ထဲမကောင်းလှပေ။
ပထမထပ်မှတတိယထပ်သို့ပြန်လာခဲ့သည့်လှေကားတွင် သူ၏အနောက်မှအနက်ရောင်ပုံရိပ်တစ်ခုကအသံတိတ်တိုးထွက်လာခဲ့တာကြောင့် မင်းခန့်ထည်ဟာ သူ၏ခြေလှမ်းတွေကိုတုံ့ခနဲရပ်ပစ်လိုက်သည်။
"ငါ့နောက်ကနေလိုက်လာရဲတဲ့အထိ ဖြစ်နေပြီဆိုတော့ ငါကအရင်လိုသိပ်ကြောက်စရာမကောင်းတော့လို့နဲ့တူတယ်"
ထိုအခါအမှောင်ထုထဲက အနက်ရောင်အရိပ်လေးကမဝံ့မရဲဆိုလာသည်။
"ကျနော်တို့သတင်းကြားပြီးပါပြီ။နေ့ခင်းတုန်းကသခင်လေးတစ်ခုခုမထိခိုက်သွားပါဘူးနော်"
"ချီးကိုငါကထိခိုက်ရမှာလား?
နေ့ခင်းတုန်းကဘယ်ရောက်နေကြလို့ညီကဒီလောက်ထိဖြစ်သွားရတာလဲ!!"
မင်းခန့်ထည်ကအံကြိတ်ကာဒေါသသံတို့စွက်လျက်ဆိုလာတော့အမှောင်ထုထဲကအနက်ရောင်အရိပ်လေးကဆတ်ခနဲတုန်ယင်သွားလေသည်။
"သခင်လေးအပြစ်ပေးပါ"
"ငါအခုမင်းတို့တွေကိုသတ်ပစ်ချင်နေတယ်ဆိုတာတော့ယုံလိုက်!!"
"...."
အနက်ရောင်ပုံရိပ်လေးကအသံမထွက်ရဲတော့တဲ့အခါ မင်းခန့်ထည်ကမျက်ဝန်းထောင့်ကနေလှေကားအရိပ်ကျနေတဲ့အမှောင်ရိပ်ဘက်ဆီစောင်းကြည့်လိုက်ရင်းအမိန့်ပေးလာခဲ့သည်။
"ဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်မယ်။
မေသဒ္ဒါဆိုတဲ့မိန်းကလေးကို ညီရှိတဲ့ကျောင်းမှာဆက်ပြီးခြေမချနိုင်အောင် ချက်ချင်းစီစဥ်လိုက်ပြီးတော့ ဖြူစင်သော်ရဲ့အမှုကို အယူခံဝင်လို့ရအောင်လုပ်ပေးလိုက်။
နေ့လည်ခင်းတုန်းကတာဝန်မကျေတဲ့ဟိုအစောင့်တွေအကုန်လုံးကိုတော့ အလုပ်ဖြုတ်ပစ်လိုက် !"
"သခင်လေးအမိန့်အတိုင်းပါ"
"နေဦး ....နောက်ပြီး ဒီအကြောင်းတွေကို ဒယ်ဒီမသိစေနဲ့"
ဟုအဆုံးသတ်ဆိုပြီးနောက် မင်းခန့်ထည်ကနောက်သို့လှည့်ကြည့်ခြင်းမရှိဘဲ အရှေ့သို့သာဆက်တက်သွားလေတော့သည်။မင်းခန့်ထည်ရဲ့နောက်ကွယ်ကပုံရိပ်လေးကတော့လေအလျင်နှင့်ပျောက်ကွယ်သွားတော့လေ၏။
ထို့နောက်မင်းခန့်ထည်ကအပြစ်ကင်းစင်လွန်းသော မျက်နှာလေးနှင့်အခန်းထဲသို့ပြန်ဝင်လာလေရာ
မင်းခန့်ထည်ပြန်ဝင်လာမြင်တော့ရှိုင်းဆက်ယံက မေးဆတ်ပြလျက်မေးလာသည်။
"သူအဆင်ပြေရဲ့လား?"
"သူသေလုမတတ်ခံစားနေရတယ်။
ကျနော်လဲဆက်မကြည့်နိုင်တော့လို့ပြန်လာခဲ့လိုက်တာ"
"အင်းလေ လူ့ဘဝဆိုတာဒီလိုပါပဲ။ ငါကိုဇေကို ဒီညမင်းကိုပဲအပ်ခဲ့တော့မယ်။ငါလုပ်စရာလေးတစ်ခုရှိနေသေးလို့"
"ရပါတယ် စိတ်ချပါ။နေ့ခင်းတုန်းကလိုမျိုးမဖြစ်စေရပါဘူး"
မင်းခန့်ထည်ကယုံကြည်ချက်ရှိရှိဆိုလာတော့ရှိုင်းဆက်ယံက'ဟမ့်'ဆို၍လှောင်ရယ်သံတစ်ချက်ပြုလာကာနောက်မှီပေါ်တင်ထားတဲ့အပေါ်ထပ်အင်္ကျီကိုကောက်ယူလိုက်ရင်းဆက်ဆိုသည်။
"ပြောတဲ့အတိုင်းဖြစ်ပါစေ။
ဒါနဲ့ စိုင်းသီဟ roundလှည့်ဖို့လာလိမ့်မယ်။ ကိုဇေတစ်ခုခုတုံ့ပြန်ရင်လဲ စိုင်းသီဟကိုအရင်အကြောင်းကြားလိုက်။"
"ဟုတ်ကဲ့ပါ"
မင်းခန့်ထည်ကရှိုင်းဆက်ယံပြောသမျှကိုခေါင်းတငြိမ့်ငြိမ့်နှင့်လိမ်လိမ်မာမာနာခံနေသည်။ခုနကလှေကားနားမှာအထက်စီးဆန်ဆန်အာဏာသံတို့နဲ့အမိန့်ပေးနေသည်မှာသူမဟုတ်သလိုပင်။
ထို့ကြောင့်ရှိုင်းဆက်ယံလည်းစိတ်ချစွာနှင့်မင်းခန့်ထည်အားအခန်းထဲတွင်ချန်ထားရစ်ခဲ့ကာ သူအိမ်ပြန်လာခဲ့သည်။
မင်းခန့်ထည်ကပတ်တီးအပြည့်နဲ့သူ့ချစ်သူရဲ့လက်ကလေးအားဆုပ်ကိုင်လိုက်ရင်း သူ့ပါးနား၌ထိကပ်လိုက်ကာခပ်ဖွဖွဆိုသည်။
"ညီ မင်းလေးကိုတကယ်ဒီလိုမျိုး ကိုယ်မမြင်ရက်ဘူး။အရမ်းနာကျင်ရတယ်ကွာ။
မင်းလေးအတွက်အဆူးအငြောင့်မှန်သမျှကို ကိုယ်ကိုယ်တိုင်ဖယ်ရှားပစ်မှာမို့ မင်းလေးသာ ကို့ဘေးနားကနေ မထွက်သွားပါနဲ့...ဟုတ်ပြီလား ကလေး.."
ထိုသို့ရေရွတ်လိုက်ရင်း ရှိုင်းလက်ကလေးအားသူ၏နှုတ်ခမ်းထက်၌တေ့ကာ နမ်းရှုပ်လိုက်သည်။
ခနကြာတော့ စိုင်းသီဟကroundလှည့်ရင်းအခန်းဆီသို့ဝင်လာခဲ့သည်။
ရှိုင်းဇေယံလေးရဲ့ဘေးနားမှာမင်းခန့်ထည်ကခုတင်စောင်းသို့ခေါင်းတစ်ဖက်တင်ကာအိပ်ပျော်နေရှာတဲ့ထိုမြင်ကွင်းကသန်လျင်ဆေးရုံမှာတုန်းကမြင်ကွင်းနဲ့တစ်ထပ်တည်းတူနေတာမို့ စိုင်းသီဟကငွေရောင်ကိုင်းမျက်မှန်လေးကိုပင့်တင်လိိုက်ရင်းနူးညံ့စွာပြုံးလိုက်သည်။
စိုင်းသီဟက ရှိုင်းဇေယံကို Checkupလုပ်ပြီးတဲ့အထိ မင်းခန့်ထည်ကနိုးမလာသေးတာကြောင့် သူလဲတစ်စုံတစ်ရာအသံပြုမနေတော့ပဲ အခန်းထဲမှတိုးတိုးတိတ်တိတ်ပြန်ထွက်သွားခဲ့သည်။
သူအခန်းရှေ့ရောက်တော့ နံရံထောင့်စွန်းကနေထွက်ပြူလာတဲ့ရိပ်ခနဲပုံရိပ်တစ်ခုကကိုင်းမျက်မှန်၏မှန်တစ်ဖက်ပေါ်ပုံရိပ်ထင်လာတာကြောင့်သူ အခန်းရှေ့၌အတန်ငယ်ရပ်နေပြီးမှငါးခူပြုံးပြုံးကာထွက်သွားတော့သည်။
'မင်းခန့်ထည်ဆိုတဲ့မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ'
မေ့ဆေးပြယ်သွားတဲ့အခါ အိပ်စက်နေခဲ့တဲ့ရှိုင်းဇေယံလေးအား အိမ်မက်မြူတို့က နေ့လည်ခင်းကဖြစ်ရပ်ဆီသို့ပြန်လည်ခေါ်ဆောင်သွားခဲ့ကြသည်။
ရှိုင်းရဲ့မျက်နှာလေးတစ်ခုလုံးမှာချွေးသီးချွေးပေါက်များနဲ့ရွှဲနစ်ခဲ့နေပြီး ခန္ဓာကိုယ်မှာတဆတ်ဆတ်တုန်ယင်လာသည်။
"နင်သိတဲ့ မင်းခန့်ထည်ဆိုတဲ့လူကနင်ထင်သလောက် မရိုးရှင်းဘူး။သူလဲငါနဲ့ဘာမှမခြားဘူး............"
"သူလဲမျက်နှာဖုံးစွပ်ထားတဲ့မကောင်းဆိုးဝါးတစ်ကောင်ပဲ!"
မကောင်းဆိုးဝါး ........... ကိုခန့်ကအဲ့လိုလူမျိုးမဟုတ်ဘူး.!!!!.......
ရှိုင်းကလည်ချောင်းထဲ၌အသံပျောက်ကွယ်လုနီးပါးအော်ပြောလိုက်သည်။
"နင့်ကိုသူဘယ်လောက်ချစ်တယ်ပြောပြော တစ်ချိန်ကျသူနင့်ကိုနင်းခြေဆုတ်ဖြဲခဲ့မှာပဲ။"
"ဟားဟားဟား နင်လဲတစ်ချိန်ကျစွန်ပစ်ခံရမှာ........."
မဟုတ်ဘူး ကိုခန့်ကကျနော့်ကိုတအားချစ်တာ သူကျနော့်ကိုစွန့်ပစ်မှာမဟုတ်ဘူး!!
သူ့ရဲ့မျက်စိရှေ့ကအနက်ရောင်မြူတို့ဟာနေ့လည်ခင်းတုန်းကဖြူစင်သော်ကိုအသိစိတ်မဲ့စွာလည်ပင်းညှစ်နေခဲ့တဲ့မင်းခန့်ထည်ရဲ့ပုံရိပ်တို့ကိုအတိအလင်းပြသလာခဲ့ကာခုတင်ပေါ်ကရှိုင်းဇေယံလေးမှာစတင်ရုန်းကန်လာတော့လေသည်။
ကိုခန့်ကသူမကို .......သတ်ပစ်တော့မယ်။
ကိုခန့်က အမဖြူစင်သော်ရဲ့လည်ပင်းကို မလွှတ်စတမ်းဖျစ်ညှစ်ထားတဲ့အချိန်မှာ သူ့ရဲ့လည်ပင်းကပါ အသက်ရှူမရလောက်အောင်မွန်းကြပ်သထက်မွန်းကြပ်လာခဲ့လေတယ်။
ပြီးတော့သူမကကျနော့်ကိုရယ်ပြနေတယ်။
တချိန်ကျ ကျနော်လဲ သူမလိုဖြစ်မှာပဲဆိုပြီး.......
သူ့မျက်စိရှေ့မှာတင် သူမကမျက်လုံး၂ဖက်ကိုတောင်စေ့မပိတ်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ဘုတ်ခနဲလဲကျသွားတော့တယ်။သူမရဲ့ ငြိမ်သက်ခဲသေနေတဲ့မျက်ဝန်းတစ်စုံကသူ့ကိုမလွတ်တမ်းစိုက်ကြည့်နေခဲ့ကာသူ့ကိုကျောခိုင်းရပ်နေတဲ့ အနှီလူသားကသူမကိုသတ်ပစ်ခဲ့ခြင်းပေ။
ကိုခန့်က ကျောခိုင်းထားရာကနေ သွေးစွန်းနေတဲ့လက်တစ်စုံနဲ့သူ့ဆီဖြည်းဖြည်းချင်းလျှောက်လှမ်းလာခဲ့လေတယ်။
သူ ကျနော့်ကိုလည်း သူမလိုပဲသတ်ပစ်တော့မှာလား?
သူကကျနော့်ကိုခေါ်နေခဲ့တယ်။
"ညီ~~~~"
ဟင့်အင်း မလာနဲ့ ........
"ညီ ကို့ဆီလာပါဦး~~~~~~ညီရယ်"
မလာပါနဲ့ .... ကျေးဇူးပြုပြီး ခများ ကျနော့်ဆီမလာပါနဲ့!!!!
"မကြောက်နဲ့နော် ညီ ကိုယ်ရှိတယ်လေ။"
အဟင့် ~~~~~~
ရုတ်တရက်ထရှိုက်လာသောရှိုင်းရဲ့အသံလေးကြောင့်မင်းခန့်ထည်အိပ်ပျော်နေရာမှဆတ်ခနဲလန့်နိုးလာခဲ့သည်။ သူနိုးလာတော့ ရှိုင်းရဲ့တစ်ကိုယ်လုံးကအဖျားတက်သလိုမျိုးတုန်ယင်နေပြီး တကိုယ်လုံးလည်းချွေးစေးတွေနဲ့စိုရွှဲနေရှာလေသည်။
မင်းခန့်ထည်က ရှိုင်းရဲ့တုန်ယင်နေသောလက်တွေကိုထိန်းကိုင်လိုက်ကာ ရှိုင်းကိုအိမ်မက်ဆိုးထဲကနေ လှုပ်နှိုးရတော့သည်။
"ညီ သတိထားဦး ညီ မင်းလေးအခုအိမ်မက်ဆိုးမက်နေတာ။
ထပါတော့ကွာ။ ညီ!!! ညီရေ"
ထိုအသံတို့ကြောင့်ရှိုင်းဇေယံရဲ့ဦးနှောက်အတွင်းရှိအိမ်မက်လှိုင်းလေးက ပြတ်တောက်သွားကာ လန့်နိုးလာခဲ့တဲ့အချိန်မှာ မြင်လိုက်ရသောမျက်နှာတစ်သွယ်ကြောင့် သူပို၍ထိတ်လန့်သွားခဲ့သည်။
"ညီ နိုးပြီလား???"
မင်းခန့်ထည်ကရီဝေဝေမျက်ဝန်းတွေနဲ့သူ့အားငေးကြည့်နေတဲ့ရှိုင်းဇေယံလေးထံသို့သူ၏လက်များကိုလှမ်းလိုက်သော်ကောင်လေးကရှောင်ဖယ်လိုက်ကာ ခုတင်ထောင့်စွန်းသို့ကြောက်ရွံ့ထိတ်လန့်စွာဖြင့်တိုးကပ်သွားခဲ့သည်။ထိုမြင်ကွင်းက မင်းခန့်ထည်ကိုရုတ်တရက်ကြောင်အသွားစေလေသည်။
'သူ့ကလေးလေးက ဘာဖြစ်နေတာလဲ ?'
"ညီ .... ဘာဖြစ်လို့လဲ?အိမ်မက်ဆိုးကအရမ်းကြောက်ဖို့ကောင်းလို့လား?"
"..."
သူစိုးရိမ်စွာမေးလိုက်ပေမယ့်ကောင်လေးကပြန်မဖြေ။ထိတ်လန့်မှုတို့ပြည့်နှက်နေသောမျက်ဝန်းတစ်စုံနှင့်သာ သူ့အားမလှုပ်မယှက်စိုက်ကြည့်နေခဲ့တာကြောင့် သူ၏မျက်ခုံးရိုးတို့ကစုကြုံ့သွားခဲ့သည်။
'စိတ်မငြိမ်သေးလို့ဖြစ်မယ်ထင်တယ်.....'
သူထိုသို့တွေးလိုက်ရင်း စားပွဲပေါ်ရှိဖန်ခွက်လေးအားယူလိုက်ကာရေသန့်စက်ထဲမှရေတို့ကိုငဲ့ယူလိုက်ပြီး ရှိုင်းဆီသို့ကမ်းပေးလာသည်။
"သောက်လိုက်နော် ညီ။ ညီ စိတ်အေးသွားရအောင်"
သို့သော် ရှိုင်းဇေယံကမင်းခန့်ထည်ကမ်းပေးလာတဲ့ဖန်ခွက်လေးအား သူ၏လက်ဖျားထိပ်တို့ဖြင့်ခပ်ထုတ်လိုက်တာကြောင့် ကြည်လင်တောက်ပသောဖန်ခွက်အသစ်လေးကအောက်ခြေကွန်ကရစ်နှင့်အားပြင်းပြင်းထိခတ်မိသွားသော် မင်းခန့်ထည်ရဲ့မျက်စိရှေ့မှာတင်အစိတ်စိတ်အမြွှာမြွှာပြန့်ကျဲသွားတော့လေသည်။
'ညီ....မင်းလေးဘာဖြစ်သွားတာလဲ?'
အခန်းထဲမှထိခတ်သံတို့က အပြင်ဘက်ဆီသို့ကျယ်လောင်စွာပျံ့နှံ့သွားဟန်တူသည် အခန်းတံခါးက တိတ်တဆိတ်ဖွင့်ဟလာပြီးနောက် အနက်ရောင်ပုံရိပ်လေးတစ်ခုက အခန်းရှေ့တွင်ပေါ်ထွက်လို့လာချေ၏။
အခန်းထဲကနှစ်ဦးသားကတော့ ဆိတ်ငြိမ်မှုကြီးစွာစိုးမိုးနေလျက် တစ်ယောက်နှင့်တစ်ယောက် မလှုပ်မယှက်ဘဲစိုက်ကြည့််နေရင်းမျက်လုံးချင်းစကားပြောနေသည်ကိုသာ တွေ့လိုက်ရလေသည်။
••••••••••••••••••••••••••••••••••••••••••••••••••
Love you all my readers ❤😘
••••••••••••••••••••••••••••••••••••••••••••••••••
အခန္း(၄၂) - သူဟာတကယ္ေတာ့ဒႆလိုလူ
Zawgyi
[ျပည္ဖုံးကားခ်ထားတဲ့အတိတ္တစ္ခ်ိန္ကရင္နစ္စရာအမွန္တရားတစ္ခု]
ျဖဴစင္ေသာ္ကေျပာၿပီးၿပီးခ်င္းပင္ Handsetေလးအားအေဝးတစ္ေနရာသို႔ပစ္ထုတ္လိုက္သည္။
ခြမ္း!!!!!!!!!!
သူမအား IV Dripခ်ိတ္ထားတဲ့ဖန္ပုလင္းတစ္ခုကိုကြန္ကရစ္ေအာက္ေျခထက္သို႔ပစ္ခြင္းလိုက္ေသာအခါ ေဆးပုလင္းေလးကအစိတ္စိတ္အမႊာမႊာအက္ကြဲသြားေလေတာ့သည္။
အက္ကြဲလြင့္စင္သြားတဲ့ဖန္အစေတြထဲကမွ အႀကီးဆုံးဖန္စေလးကိုသူမလက္ထဲ၌ေကာက္ကိုင္လိုက္ၿပီး႐ိႈင္းဆီသို႔စကားေျပာရင္းတေ႐ြ႕ေ႐ြ႕တိုးလာခဲ့သည္။
"နင္မေသခင္သိသြားရမယ့္အရာတစ္ခု႐ွိေသးတယ္။ ငါ့ေဆးမွတ္တမ္းေတြေပ်ာက္သြားတာေသြး႐ိုးသား႐ိုးလို႔နင္ထင္ေနလား။နင္သိတဲ့ မင္းခန္႔ထည္ဆိုတဲ့လူကနင္ထင္သေလာက္ မ႐ိုး႐ွင္းဘူး။
သူလဲငါနဲ႔ဘာမွမျခားဘူးဟဲ့
သူလဲမ်က္ႏွာဖုံးစြပ္ထားတဲ့မေကာင္းဆိုးဝါးတစ္ေကာင္ပဲ!"
"အမဘာကိုေျပာခ်င္တာလဲ?"
႐ိႈင္းကျဖဴစင္ေသာ္တစ္လွမ္းတိုးလာသည္ႏွင့္သူ၏ကိုယ္ေလးအားတ႐ြတ္တိုက္ဆြဲကာေနာက္သို႔အထိတ္တလန္႔ႏွင့္ဆုတ္ေန႐ွာသည္။႐ိႈင္းရဲ႕လက္ေခ်ာင္းထိပ္ေလးမ်ားဟာလဲ နံရံကိုႀကိမ္ဖန္မ်ားစြာအားနဲ႔ကုတ္ျခစ္ထားတဲ့ဒဏ္ေၾကာင့္ေသြးမ်ားစီးက်ေနၿပီးနာက်င္ကိုက္ခဲလ်က္႐ွိသည္။
"အဟက္ နင္မသိဘူးလို႔ေတာ့မေျပာနဲ႔ေနာ္"
ေ႐ွ႕သို႔တိုးလာေသာျဖဴစင္ေသာ္က႐ုတ္တရပ္ရပ္သြားတာေၾကာင့္ ႐ိႈင္းသူမစကားတို႔ကိုအာ႐ုံစိုက္မိလာသည္။
"ဒါဆို နင္ကသူအေလးထားရတဲ့လူေတာ့မဟုတ္ေသးဘူးပဲ။ကြၽတ္ကြၽတ္.....
နင္လဲငါ့အတိုင္းတစ္ေန႔က်စြန္႔ပစ္ခံရမွာပါပဲလား"
"မဟုတ္ဘူး"
"နင္ငါ့စကားကိုမယုံမ႐ွိနဲ႔ သူနင့္ကိုတကယ္မခ်စ္ဘူး။သူနင့္ကိုတကယ္ခ်စ္တယ္ဆိုရင္ ငါ့ေဆးမွတ္တမ္းေတြကိုေဖ်ာက္ပစ္လိုက္တဲ့ကိစၥသူဘာလို႔နင့္ကိုဖုံးကြယ္ထားမွာလဲ"
"ေဖ်ာက္ပစ္လိုက္တယ္ ကိုခန္႔ကလား?"
ထိုအခါမွမနက္ကသူေျပာတဲ့စကားေတြကိုစိတ္ဆိုးမာန္ဆိုးနဲ႔ျပန္တုံ႔ျပန္ေန႐ွာတဲ့ထိုလူသားအားသူ၏ျမင္ကြင္းထက္တြင္
ကြင္းကြင္းကြက္ကြက္ျပန္ျမင္ေယာင္လာခဲ့ေတာ့သည္။
"ေအးဟုတ္တယ္ သူကငါ့ကို႐ွင္းပစ္ခ်င္ေနတာ။ ငါကသူ႕အေၾကာင္းေတြကိုသိထားတဲ့လူမို႔လို႔ေလ။ နင္မေသခင္ သိေအာင္ငါေျပာလိုက္မယ္။ မင္းခန္႔ထည္က႐ိုး႐ွင္းတဲ့လူတစ္ေယာက္မဟုတ္ဘူး။ သူရဲ႕ေနာက္ခံအသိုင္းအဝိုင္းက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ အဲ့အသိုင္းအဝိုင္းကနင့္လိုလူမ်ိဳးကိုသူတို႔လက္ခံမယ္ထင္လား။နင့္ကိုသူဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ တစ္ခ်ိန္က်သူနင့္ကိုနင္းေျခဆုတ္ၿဖဲခဲ့မွာပဲ။အဲ့အခ်ိန္က်ရင္လဲ နင္ေသေလာက္ေအာင္နာက်င္ရမွာပဲဆိုေတာ့ မထူးပါဘူး။နင္အခုပဲေသလိုက္ေတာ့ ပိုမေအးဘူးလား"
ထိုသို႔ေျပာရင္း သူမက ႐ိႈင္းဆီသို႔ခြၽန္ထက္ေသာဖန္အစအားအေပၚစီးကေနတည့္တည့္ထိုးစိုက္လိုက္ေလသည္။႐ိႈင္းကသူ၏လည္ပင္းထက္ဆီသို႔ဦးတည္လာေသာ ဖန္ခြၽန္စအား ညာဘက္လက္ႏွင့္ပိတ္ကာထားလိုက္တာေၾကာင့္ လက္အတြင္းသားထဲသို႔ဖန္အခြၽန္ကထိုးစိုက္ဝင္သြားခဲ့သည္။
"အား!!!!!!!"
"နင္ကေတာ္ေတာ္ေခါင္းမာတာပါလား"
ဖန္စကလက္ဖဝါးျပင္ေပၚစိုက္ဝင္သြားေတာ့႐ိႈင္းရဲ႕လက္ဖမိုးထက္ကေနေသြးမ်ားက ဒလေဟာစီးက်လာသည္။သူမလက္ထဲကအႀကီးဆုံးဖန္ခြၽန္စမွာ ၆လက္မခန္႔႐ွည္လ်ားတာမို႔ဟာသသြားလုပ္လို႔မရတဲ့လက္နက္တစ္ခုပင္။
ေနာက္ထပ္ဖန္ခြၽန္တစ္စကသူ၏ညာဘက္မ်က္လုံးတည့္တည့္ကိုဦးတည္လာတဲ့အခါ႐ိႈင္းရဲ႕မ်က္ဝန္းေလးေတြကျပဴးက်ယ္ထိတ္လန္႔သြားရၿပီး ညာဘက္လက္ထက္ကနာက်င္ေနေသာဒဏ္ရာကိုလ်စ္လ်ဴ႐ႈကာ သူမ၏လက္ေတြကိုေလဟာနယ္ထဲမွာဖမ္းဆုပ္ထားလိုက္သည္။
ျဖဴစင္ေသာ္ရဲ႕လက္ေတြကိုဆုပ္ကိုင္တားထားရင္းသူမစိတ္ၿငိမ္ေအာင္႐ိႈင္းကေအာ္ေျပာလာခဲ့ေလ၏။
"အမ ....ေတာ္ပါေတာ့ဗ်ာ.....က်ေနာ္ေသသြားရင္ အမဒီထက္အမႈပိုႀကီးသြားလိမ့္မယ္။"
"ငါ့ကိုသနားသလိုပုံစံမ်ိဳးလာဖမ္းမေနနဲ႔!!!"
"အမစိတ္ေအးေအးထားပါ....တကယ္ေတာ့အမကဒီလိုလူမ်ိဳးမဟုတ္ဘူးမွတ္လား။ျမန္ျမန္ႏိုးထပါေတာ့ဗ်ာ....."
႐ိႈင္းဆက္ယံဟာတစ္ဖက္ခန္းကေနအက္ကြဲသံေတြကိုေသေသခ်ာခ်ာၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ ေဆး႐ုံေအာက္ထပ္သို႔ေျပးဆင္းသြားၿပီးလုံျခဳံေရးအခန္းဘက္ဆီသို႔အေၾကာင္းသြားၾကားသည္။
သွ်ားထက္ေမာင္ကေတာ့အခန္းနံရံေတြကိုတြယ္ကိုင္လိုက္ရင္းအသံလာရာအခန္းဘက္ဆီသို႔နားစြင့္ၿပီးေလွ်ာက္လွမ္းေနခဲ့ေပမယ့္
သူဆိုသည္မွာ မ်က္မျမင္ဒုကၡိတတစ္ေယာက္မို႔ထင္သေလာက္ျမန္ျမန္မေရာက္ခဲ့ေပ။
ထိုစဥ္အ႐ွိန္ျပင္းစြာခ်င္းနင္းဝင္ေရာက္လာေသာေျခသံတစ္စုံကိုသွ်ားထက္ေမာင္တစ္ေယာက္ၾကားလိုက္ရသည္။
ဒုန္းဒုန္းဒုန္း!!!!!!!!!
ၿပီးေတာ့အခန္းတံခါးကိုအ႐ွိန္ျပင္းစြာထု႐ိုက္ေနတဲ့အသံေတြပါေဆး႐ုံအႏွံ႔သို႔က်ယ္ေလာင္စြာပ်ံ႕ႏွံ႔႐ိုက္ခတ္လာေတာ့သည္။
"ျဖဴစင္ေသာ္!!!!!!! တံခါးကိုဖြင့္စမ္း!!!!!"
အခန္းေ႐ွ႕တြင္ေယာက်ာ္းတစ္ေယာက္ကေအာ္ႀကီးဟစ္က်ယ္ႏွင့္ေသာင္းက်န္းလို႔ေနရာ သူ၏အသက္႐ွဴသံမ်ားကလည္းကမူ႐ွဴးထိုးဆန္ေနသည္။
တျခားအခန္းမွလူေတြကလည္း ဆူဆူညံညံအသံဗလံေတြကိုၾကားေတာ့ထိတ္ထိတ္ပ်ာပ်ာျဖင့္အခန္းအျပင္သို႔ထြက္ၾကည့္လာၾကေပသည္။
ျဖဴစင္ေသာ္.......ထိုလူကေအာ္ေခၚေနတယ္ ျဖဴစင္ေသာ္တဲ့။......ျဖဴ.....တကယ္ပဲ ျဖဴလား?
သွ်ားကလည္းနံရံေတြကိုစမ္းကာအခန္းေ႐ွ႕သို႔တေ႐ြ႕ေ႐ြ႕ျဖင့္ထြက္လာခဲ့သည္။
အခန္းေ႐ွ႕ကမင္းခန္႔ထည္ရဲ႕အသံၾကားေတာ့ျဖဴစင္ေသာ္ရဲ႕လက္မ်ားက႐ုတ္ခ်ည္းရပ္တန္႔သြားၿပီး အဆက္မျပတ္ထု႐ိုက္ျခင္းခံေနရေသာ တံခါးဘက္ဆီသို႔ေၾကာင္ေငးၾကည့္ေနခဲ့သည္။
ထိုအခိုက္ ႐ိႈင္းကသူမလက္ထဲမွ ဖန္ခြၽန္ေလးအားဆတ္ခနဲ႐ိုက္ခ်လိုက္ေပမယ့္အသြားေတြကသူမလက္ထဲကိုစိုက္ဝင္ေနခဲ့ၿပီမို႔ သူမရဲ႕လက္ႏွစ္ဖက္မွာလည္းရဲရဲေတာက္ေသြးေတြကစို႐ႊဲေျခာက္ကပ္ေနတာျမင္မေကာင္းေပ။သူမဟာနာက်င္မႈကိုမခံစားရသကဲ့သို႔ ၿမဲျမံစြာတင္းတင္းဆုပ္ကိုင္ထားဆဲပင္။
"အမ ကိုခန္႔ကိုေတြ႕ခ်င္ေနတယ္မွတ္လား?သူအခုေရာက္လာၿပီေလ...."
"အင္းငါေတြ႕ခ်င္တယ္..........ဒါေပမယ့္ ငါသူ႕ကိုေျပာထားတယ္ နင့္ကိုအေဝးႀကီးဆီငါေခၚသြားေတာ့မွာလို႔!!"
ျဖဴစင္ေသာ္ကေသြးနီေရာင္မ်က္ဝန္းေတြနဲ႔အတူသူမရဲ႕ႏႈတ္ခမ္းေတြကိုစိတၱဇဆန္စြာတြန္႔ေကြးလိုက္ရင္း ဖန္အခြၽန္စကို ေကာင္ေလးရဲ႕မ်က္လုံးတည့္တည့္သို႔အားပါပါႏွင့္တဆုံးစိုက္ခ်လာတဲ့အခါ ႐ိႈင္းကဒဏ္ရာရထားတဲ့လက္၂ဖက္နဲ႔ျပန္ဆုပ္ကိုင္ထားတာမို႔ ဒဏ္ရာေတြကပိုၿပီးဟက္တက္ကြဲသြားရကာအ႐ိုးထိ ခိုက္ေအာင္နာက်င္သြားရေလ၏။
"အား!!"
တံခါးအျပင္ဘက္ဆီမွ႐ိႈင္းေအာ္သံကိုအထင္အ႐ွားၾကားလိုက္ရေသာမင္းခန္႔ထည္က အ႐ွိန္အျပင္းျပင္းႏွင့္တံခါးကိုေဆာင့္ကန္ေန႐ွာေပမယ့္ သူဆိုသည္မွာလည္း႐ုပ္႐ွင္ထဲကမင္းသားမဟုတ္ေတာ့ တံခါးကေဆာင့္ကန္႐ုံနဲ႔မပြင့္သြားခဲ့ေပ။ထို႔ေၾကာင့္ အနီးနား႐ွိမီးသတ္ေဆးဘူးႏွင့္တံခါးရဲ႕ေလာ့ကိုအဆက္မျပတ္ထု႐ိုက္လိုက္တဲ့အခါေနာက္ဆုံးငါးခ်က္ေျမာက္မွာအခန္းတံခါးဘုကတစ္စစီျပဳတ္ထြက္သြားခဲ့သည္။
သူအခန္းထဲသို႔အေျပးဝင္ၾကည့္လိုက္ေတာ့ ေသြးအိုင္ထဲလဲေနတဲ့႐ိႈင္းေဇယံေလးႏွင့္႐ိႈင္းကိုယ္ေပၚတြင္ဖိထိုင္ထားေသာျဖဴစင္ေသာ္ကိုေတြ႕လိုက္ရသည္ႏွင့္တၿပိဳင္နက္ မင္းခန္႔ထည္ရဲ႕ႏွလုံးအိမ္ထဲ၌ေသြးမ်ားဟာေျပာင္းျပန္စီးသြားေတာ့သည္။
မင္းခန္႔ထည္က ႐ိႈင္းကိုယ္ေပၚမွ ျဖဴစင္ေသာ္အားဆြဲမလိုက္ၿပီး သူမရဲ႕ေသးသြယ္ေသာလည္တိုင္ထက္ဆီသို႔အားပါပါနဲ႔ ဖ်စ္ညႇစ္ခ်လိုက္ေလ၏။
"အစ္...."
ျဖဴစင္ေသာ္ကမင္းခန္႔ထည္ရဲ႕လက္ေတြကိုထု႐ိုက္ၿပီး႐ုံးကန္လာပါေသာ္လည္းမင္းခန္႔ထည္ရဲ႕လက္ေတြကတစက္မွ်ေလွ်ာ့သြားျခင္းမ႐ွိဘဲ ပို၍သာတင္းၾကပ္လာခဲ့သည္။
မင္းခန္႔ထည္ဟာသား႐ိုင္းတစ္ေကာင္ကဲ့သို႔ပင္နီရဲသည့္မ်က္ဝန္းတစ္စုံႏွင့္အတူသူမအားစုတ္ၿဖဲလုမတတ္ေစ့ေစ့ၾကည့္ရင္း အံႀကိတ္ကာဆိုသည္။
"မင္းလိုမိန္းမမ်ိဳးကမ်ား ရာရာစစ ညီ့ကိုထိရဲတယ္ေပါ့ေလ!
ငါမင္းကိုခုနကဘာေျပာလိုက္လဲ ညီ့ကိုထိတာနဲ႔ငါမင္းကိုသတ္ပစ္မယ္္လို႔မေျပာခဲ့ဘူးလား။မင္းလိုအသက္ေလးေလာက္ကေတာ့ ငါ့အတြက္ပမႊားပဲဆိုတာ မင္းလည္းသိတယ္မွတ္လား!!!!!"
ေနာက္ေတာ့ ႐ိႈင္းဆက္ယံနဲ႔အတူေဆး႐ုံရဲ႕လုံျခဳံေရးမ်ားေရာက္႐ွိလာတဲ့အခ်ိန္နဲ႔တစ္ဆက္တည္းပင္
တာဝန္က်အေစာင့္အၾကပ္၂ဦးကလည္းအေျပးေရာက္လာခဲ့ၾကတဲ့အခါ အခန္းအတြင္း႐ွိ ျဖစ္ပ်က္ေနေသာျမင္ကြင္းေၾကာင့္အားလုံးထိတ္ျပာသြားၾကေလသည္။
႐ိႈင္းဆက္ယံကသမံသလင္းေပၚမွာေသြးသံတရဲရဲနဲ႔လဲက်ေနေသာသူ၏ညီျဖစ္သူအားမေမွ်ာ္လင့္ဘဲေတြ႕လိုက္ရစဥ္ဝယ္
မ်က္ဝန္းေတြကေတာင့္ခဲသြားရကာႏွလုံးအိမ္မွာရပ္တန္႔လုမတတ္ပင္။
လဲက်ေနတဲ့သူ၏ညီေလးအားအႏွီးထုပ္ေလးတုန္းကကဲ့သို႔ရင္ခြင္ထဲမွာအေျပးေထြးေပြ႕ထားရင္းပင့္႐ိႈက္သံတို႔နဲ႔ပူျပင္းေသာကေရာက္စြာေအာ္ဟစ္လာခဲ့ေခ်သည္။
"ကိုေဇ ! ကိုေဇ! ညီေလး သတိထားစမ္း !!မင္းဘာျဖစ္တာလဲ?"
သူ႕အကိုအသံၾကားေတာ့ပိတ္စင္းေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြကခပ္ျဖည္းျဖည္းပြင့္လာခဲ့ကာ႐ိႈင္းဆက္ယံအားႏြမ္းနယ္စြာခပ္ယဲ့ယဲ့ျပဳံးျပလာသည္။
ၿပီးေတာ့ သူ႕ရဲ႕မ်က္ဝန္းေတြကိုတျခားဘက္သို႔ေ႐ြ႕လ်ားၾကည့္လိုက္တဲ့အခါ ျဖဴစင္ေသာ္အားသဲႀကီးမဲႀကီးလည္ပင္းညႇစ္ေနခဲ့သည့္ မင္းခန္႔ထည္ကိုေတြ႕လိုက္ရသည့္တခန
သူ႕ရင္ထဲမွာထိတ္ခနဲျဖစ္သြားခဲ့ရသည္။
သူ႕ရဲ႕ေဘးမွာေႏြးေထြးေသာအျပဳံးေလးတစ္ပြင့္နဲ႔အၿမဲတမ္း႐ွိေနေပးခဲ့တဲ့ ႏူးညံ့ၾကင္နာတတ္လြန္းပါသည့္ ကိုခန္႔ဆိုတဲ့လူသားဟာ အခုခ်ိန္မွာေတာ့ အမျဖဴစင္ေသာ္ကိုအမဲဖ်က္ခ်င္ေနသည့္သား႐ိုင္းတေကာင္အျဖစ္သို႔ႏွယ္အသြင္ေျပာင္းေပ်ာက္ကြယ္လို႔သြားခဲ့ၿပီ။
အခန္းေ႐ွ႕က ရဲအရာ႐ွိမ်ားကလည္းကိုခန္႔အားဝင္ဆြဲလာျခင္းမ႐ွိသလိုတားဆီးလာျခင္းလည္းမ႐ွိတဲ့ပုံကိုၾကည့္ရသေလာက္ ဒါဟာ အမျဖဴစင္ေသာ္ေျပာျပလာတဲ့အရမ္းေၾကာက္စရာေကာင္းတဲ့သူ႕ရဲ႕ေနာက္ခံအသိုင္းအဝိုင္းေၾကာင့္မ်ားလား ?
ျဖဴစင္ေသာ္က သူတို႔ဘက္သို႔မွင္သက္စြာေငးၾကည့္ေနခဲ့တဲ့ေကာင္ေလးအားေအာင္ႏိုင္သူအျပဳံးႏွင့္လွမ္းၾကည့္လာကာသူမမ်က္ဝန္းေတြကလည္း တစ္စုံတစ္ရာကိုရည္ၫႊန္းေျပာဆိုေနခဲ့သည္။
'ငါမေျပာဘူးလား မင္းခန္႔ထည္ကမေကာင္းဆိုးဝါးတစ္ေကာင္ပါလို႔' ဟူ၍။
အသိစိတ္လြတ္ေနတဲ့သူ႕ခ်စ္သူကဒီေန႔မွအမျဖဴစင္ေသာ္ကိုအဆုံးမသတ္ရလွ်င္သူ႕ရဲ႕လုပ္ရပ္ေတြကိုရပ္တန္႔မည့္ပုံမေပၚတာမို႔ဒီအတိုင္းဆက္လႊတ္ထားလို႔မျဖစ္ေပ။တစ္ေယာက္ေယာက္ကေတာ့လက္မလြန္သြားခင္တားျမစ္ရေပမည္။
"ကိုခန္႔ ရပ္လိုက္ေတာ့!!!!"
႐ိႈင္းထိုသို႔ေအာ္ေျပာလိုက္ေတာ့ မင္းခန္႔ထည္ရဲ႕နီေဆြးၾကမ္းတမ္းေသာမိုက္႐ူးရဲဆန္ဆန္မ်က္ဝန္းတို႔ကေႏြးေထြးႏူးညံ့ေသာေရာင္ျခည္ေလးတစ္ခုအျဖစ္ ႐ုတ္ခ်ည္းေျပာင္းလဲသြားခဲ့ေလသည္။မင္းခန္႔ထည္က သူ၏လက္ထဲမွျဖဴစင္ေသာ္အား လႊတ္ထုတ္လိုက္ၿပီးေနာက္ ႐ိႈင္းဆီသို႔ Huskyတစ္ေကာင္ပမာ နာနာခံခံနဲ႔ေျပးလာခဲ့ေခ်သည္။
"ညီ မင္းေလးအဆင္ေျပရဲ႕လား ?
ဘယ္နားနာေနေသးလဲ? ဘယ္ေနရာေတြထိခိုက္သြားတာလဲ?"
မင္းခန္႔ထည္မွာအ႐ူးတမွ်ျဖစ္ေန႐ွာကာ႐ွိင္းဆက္ယံလက္ထဲကသူ႕ရဲ႕ကေလးေလးကိုမထိရက္မကိုင္ရက္ျဖစ္ေနခဲ့သည္။သူထိကိုင္ၾကည့္လိုက္လွ်င္သူ႕ရဲ႕ၾကမ္းတမ္းေသာလက္ေတြေၾကာင့္သူ႕ခ်စ္သူေလးပိုၿပီးနာက်င္သြားရမွာကိုစိုးေၾကာက္ေနခဲ့ျခင္းေပ။
ထိုအခိုက္ျဖဴစင္ေသာ္ကအခြင့္ေကာင္းယူကာ အျပင္ဘက္ဆီသို႔တဟုန္ထိုးထြက္ေျပးသြားခဲ့သည္။
လြင့္ေျမာသြားေသာဆံႏြယ္ေလးေတြက သူ၏မ်က္ႏွာထက္ဆီသို႔ျဖတ္တိုက္သြားခဲ့တဲ့ခံစားမႈေလးတစ္ခုကိုခံစားလိုက္ရတဲ့အခါသွ်ားကသူမေလးအားလွမ္းေခၚလိုက္ေလသည္။
"ညီမေလးျဖဴ......."
ထိုအသံကိုနားစြန္နားဖ်ားၾကားလိုက္ရတဲ့ျဖဴစင္ေသာ္ကေခတၱရပ္တန္႔သြားၿပီးေနာက္ သူမေနာက္သို႔လိုက္လာတဲ့လူေတြကိုျမင္ေသာ္သူမ သွ်ားထက္ေမာင္အားအေသအခ်ာလွည့္မၾကည့္အားပဲဒုန္းဆိုင္းထြက္ေျပးသြားေတာ့သည္။
အေမွာင္အတိက်ေနေသာသူ၏ျမင္ကြင္းမ်ားထက္တြင္ အျဖဴရိပ္ေလးတစ္ရိပ္ေျပးလႊားသြားသည္ကိုေတာ့ သွ်ားထက္ေမာင္ဟာတစ္စြန္းတစမွ်ျမင္လိုက္ရသလိုပင္။
ျဖဴစင္ေသာ္ကတတိယထပ္ေလွကားကေနအသက္မ႐ွဴစတမ္းအေလာတႀကီးေျပးဆင္းလိုက္သည္။သူမအေနာက္သို႔ တစ္ခ်က္တစ္ခ်က္,လွည့္လွည့္ၾကည့္ရင္းျဖင္္႕။သူမရဲ႕ေျခဖဝါးတို႔ထက္မွာလည္း ဖိနပ္တစ္စုံဆိုတာမ႐ွိ။
ေက်ာက္စရစ္ေလွကားရဲ႕ ေအးစက္မႈကိုေျခဖဝါးေတြကေနတဆင့္ႏွလုံးသားထိတိုင္ေအာင္ခံစားေနခဲ့ရတဲ့အခ်ိန္မွာသူမကိုယ္ေလးကေတာ့ေျပးလႊားေနရတဲ့အ႐ွိန္တို႔ေၾကာင့္ပူေလာင္ေနခဲ့ရသည္။
အာ့...............
ထိုစဥ္သူမရဲ႕ျမင္ကြင္းေတြကတမဟုတ္ခ်င္းေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ကုန္ကာ႐ႈပ္ယွက္ခတ္သြားခဲ့ရသည္။သူမရဲ႕ေသးသြယ္ေသာခႏၶာကိုယ္ေလးကလည္း ေလွကားတစ္ဆင့္စီတိုင္းမွာဘယ္တစ္ျပန္ညာတစ္ျပန္လွိမ့္က်သြားခဲ့ကာ ေလွကားအထစ္ေတြ ပိုမ်ားလာေလေလ ခႏၶာကိုယ္ထဲကအ႐ိုးေတြကအခ်ိဳးခံလိုက္ရသကဲ့သို႔ပိုနာလာေလေလပင္။
အေသြးအသားထဲကေကာ ....ႏွလုံးသားထဲကကေနပါ နာက်င္လိုက္တာ ...
ေလွကားရဲ႕ေအာက္ဆုံးထစ္ကိုေရာက္ေတာ့သူမရဲ႕ျမင္ကြင္းတို႔ကျပန္တည့္သြား႐ွာေပမယ့္ သူမထၿပီးထြက္မေျပးႏိုင္ေတာ့ေပ။
ထို႔ေနာက္သူမျမင္ကြင္းတို႔ကတျဖည္းျဖည္းနဲ႔ပိတ္က်လို႔လာခဲ့ကာအေမွာင္ထုထဲမွာနစ္ျမဳပ္သြားခဲ့ေလေတာ့သည္။
ဒါငါ့ရဲ႕အဆုံးသတ္မ်ားလား ?
••••••••••••••••••••••••••••••••••••••••••••••••••
စိုင္းသီဟက ေသြးေတြစြန္းေပေနတဲ့႐ိႈင္းရဲ႕လက္ႏွစ္ဖက္ကို သန္႔စင္ေပးၿပီးေနာက္ဂ႐ုတစိုက္ေဆးထည့္ေပးကာပတ္တီးစည္းေပးေနေလသည္။
ေခါင္းအေနာက္ဘက္ကႏွစ္ခ်က္ထပ္ခ်ဳပ္လိုက္ရတာေၾကာင့္ ေကာင္ေလးဟာခုတင္ထက္တြင္ေမ့ေဆးအ႐ွိန္မျပယ္ေသး၍ေမ့ေျမာအိပ္စက္ေနခဲ့သည္။
မင္းခန္႔ထည္က သူ႕ခ်စ္သူေလးရဲ႕ျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာေလးကိုတစိမ့္စိမ့္ၾကည့္ရင္းခုတင္ေဘးနား၌ေက်ာက္႐ုပ္ႀကီးပမာမလႈပ္မယွက္ရပ္ေနခဲ့စဥ္တြင္ ႐ိႈင္းဆက္ယံကမင္းခန္႔ထည္ရဲ႕နံေဘးသို႔ဒုန္းဆိုင္းေလွ်ာက္လာၿပီး မင္းခန္႔ထည္ရဲ႕အက်ႌေကာ္လံအားလက္တစ္ဖက္ကေနေဆာင့္ဆြဲလိုက္ကာ အခန္းအျပင္ဘက္သို႔ေခၚထုတ္သြားခဲ့သည္။
အခန္းအျပင္ေရာက္ေတာ့ မင္းခန္႔ထည္အားေဆာင့္တြန္းလိုက္ၿပီးေဒါသတႀကီးေမးလာေလ၏။
"ဒါဘယ္လိုျဖစ္တာလဲ!! ဘာကိစၥငါ့ညီက ဒီလိုမ်ိဳးခုတင္ေပၚမွာလွဲေနရတာလဲ။
ခုနကမိန္းမကေကာဘယ္သူလဲ။
ငါနားလည္ေအာင္႐ွင္းစမ္း!!"
အျပစ္သားမင္းခန္႔ထည္က႐ိႈင္းဆက္ယံအားေစ့ေစ့မၾကည့္ရဲဘဲေခါင္းငုံ႔လ်က္သာျပန္ေျဖလာသည္။
"က်ေနာ္႕အမွားပါ။ က်ေနာ္႕ေၾကာင့္ ညီအခုလိုျဖစ္သြားရတာပါ။ ခုနကထြက္ေျပးသြားတဲ့မိန္းကေလးက က်ေနာ္႕အရင္ေကာင္မေလးပါ........"
"မင္းအရင္ေကာင္မေလးကငါ့ညီေလးကို ေသာက္က်ိဳးနည္း ! ဒီလိုပုံစံမ်ိဳးျဖစ္ေအာင္ဘာလို႔လုပ္သြားတာလဲကြ!"
႐ိႈင္းဆက္ယံမွာပူျပင္းေဒါသျဖစ္ရလြန္းလို႔ႏွလုံးစိုင္တစ္ခုလုံးေပါက္ကြဲထြက္သြားေတာ့မလိုေတာင္ခံစားေနရကာအသံေတြကတျဖည္းျဖည္းျပင္းထန္မာေၾကာလာခဲ့သည္။မင္းခန္႔ထည္ကတခနမွ်တုံ႔ဆိုင္းေနၿပီးေနာက္ေလသံတိုးတိုးနဲ႔ေျပာျပလာခဲ့ေခ်၏။
"က်ေနာ္နဲ႔ ႐ိႈင္းေလးနဲ႔က အခုတြဲေနၾကတာမို႔လို႔ သူမက ႐ိႈင္းေလးအေပၚ အမုန္းတရားေတြထားေနခဲ့တာပါ....."
တြဲေနၾကတယ္!!!! ငါ့ညီနဲ႔ဒီအေကာင္နဲ႔က!!!!
"ဘာကြ! ေခြးေကာင္ !! "
႐ိႈင္းဆက္ယံက မင္းခန္႔ထည္ရဲ႕ညာဘက္ပါးျပင္ဆီသို႔လက္သီးတစ္ခ်က္ပစ္သြင္းလိုက္ေလသည္။အထိုးခံလိုက္ရတဲ့အ႐ွိန္ေၾကာင့္ မင္းခန္႔ထည္ရဲ႕ေျခလွမ္းေတြကအေနာက္ဘက္သို႔အနည္းငယ္ယိုင္သြားရသည္။
"ငါကမင္းနဲ႔ဆို ကိုေဇကိုစိတ္ခ်ထားႏိုင္မယ္ထင္ခဲ့တာ။မင္းကဒီလိုပုံစံမ်ိဳးနဲ႔ ငါ့ေမွ်ာ္လင့္ခ်က္ေတြကို႐ိုက္ခ်ိဳးတယ္ေပါ့
မင္းခန္႔ထည္!!!!"
႐ိႈင္းဆက္ယံကမင္းခန္႔ထည္ဆီသို႔လက္သီးတစ္လုံးထပ္႐ြယ္လိုက္ေလရာ သူအခုသူ႕မ်က္စိေ႐ွ႕ကထိုသေကာင့္သားအားမ်က္ႏွာတစ္ျပင္လုံးစုတ္ျပတ္သြားတဲ့အထိဆြဲထိုးပစ္ခ်င္ေနၿပီျဖစ္သည္။
လက္သီးဆုပ္တားတဲ့လက္သီးတစ္ခ်က္ကေလထုထဲမွာထပ္ေျမာက္သြားတဲ့အခ်ိန္မွာပင္မင္းခန္႔ထည္ဆက္ေျပာလာတဲ့စကားတို႔ေၾကာင့္ရပ္တန္႔သြားရသည္။
"ဘာလို႔လဲ က်ေနာ္တို႔ႏွစ္ေယာက္ကေယာက်ာ္းေလးခ်င္းမို႔လို႔ အကိုသေဘာမတူခ်င္တာလား။"
"ငါကႏိုင္ငံျခားမွာအေျခခ်ေနတဲ့လူပါ။အဲ့လိုလူေတြတစ္ပုံႀကီးငါျမင္ဖူးတယ္။ငါအဲ့ေလာက္အျမင္မက်ဥ္းဘူး။အခုငါမင္းကိုစိတ္တိုေနတာက မင္းေၾကာင့္ငါ့ညီေသြးထြက္သံယိုျဖစ္သြားတဲ့အထိ ထိခိုက္သြားရတာကိုပဲ....."
"က်ေနာ္ကပိုလို႔ေတာင္ ညီ့ကို ဒီလိုမ်ိဳးမျဖစ္ေစခ်င္ေသး။သူေနမေကာင္းျဖစ္ၿပီးဖ်ားရင္ေတာင္ က်ေနာ္႕မွာခံစားရတာေသလုမတတ္ပဲ။ဒီလိုမ်ိဳးဆိုတာ က်ေနာ္႕စိတ္ကူးထဲမွာတစ္ခါေလးမွေတာင္မ႐ွိခဲ့ဖူးဘူး။ က်ေနာ္လည္းအခုဘယ္ေလာက္ထိခံစားေနရတာလဲဆိုတာအကိုသိရဲ႕လား"
မင္းခန္႔ထည္ကခံျပင္းမႈအျပည့္နဲ႔ထိုသို႔ဆိုလာေတာ့ ႐ိႈင္းဆက္ယံတစ္ေယာက္သူ႐ြယ္ထားတဲ့လက္တစ္ဖက္ကိုျပန္ခ်လိုက္ေလသည္။
ထို႔ေနာက္ဟူးခနဲသက္ျပင္းခ်လိုက္ၿပီး မင္းခန္႔ထည္အားၾကည့္ကာခပ္တည္တည္ဆိုလာသည္။
"ကိုေဇေဆး႐ုံဆင္းၿပီးရင္ မင္းသူ႕ကို ျဖတ္လိုက္ေတာ့"
"...."
'ျဖတ္လိုက္ေတာ့!!! ဒါေနာက္စရာမဟုတ္ဘူးေနာ္ .....'
"မင္းနဲ႔ငါ့ညီကေရ႐ွည္မျဖစ္ႏိုင္ဘူး"
"ဘာလို႔လဲ။က်ေနာ္က အကို႔ညီေလးကိုမကာကြယ္ႏိုင္တဲ့ေကာင္ဆိုၿပီး အထင္ေသးတာလား?" ဟု မင္းခန္႔ထည္က ႐ိႈင္းဆက္ယံအားေပါက္ထြက္လုမတတ္စိုက္ၾကည့္လ်က္ေမးလိုက္ေလေသာ္႐ိႈင္းဆက္ယံကလည္းမဆိုင္းမတြေခါင္းၿငိမ့္ျပသည္။
'သူေျပာတာမမွန္တာမပါဘူး အဟုတ္ပဲ။'
"ေအးအဲ့တာလဲပါတယ္။တျခားအေၾကာင္းအရာေတြေၾကာင့္လဲပါတယ္။"
"ဘာပဲျဖစ္ျဖစ္ က်ေနာ္ညီ့ကိုမျဖတ္ႏိုင္ဘူး!.က်ေနာ္ ညီ့ကို အရမ္းခ်စ္တာမို႔..."
"ဘာကြ!!!! "
လခြမ္းကိုအခ်စ္ ??? မင္းေျပာတဲ့အဲ့အခ်စ္ဆိုတာက ငါ့ညီ့အတြက္ေသမင္းေခၚလာတာနဲ႔အတူတူပဲကြ!
႐ိႈင္းဆက္ယံက မင္းခန္႔ထည္ကိုလက္သီးျဖင့္ထပ္႐ြယ္လာျပန္ေလေသာ္မင္းခန္႔ထည္က
မွင္ေသေသနဲ႔ျပန္စိုက္ၾကည့္ေနခဲ့သည္။
'သူ႕မ်က္ႏွာကို ႀကိဳက္သေလာက္ထိုးလိုက္!
႐ိႈင္းေဇယံကိုေတာ့ဒီတစ္သက္ျပန္မေပးႏိုင္ဘူး'ဆိုတဲ့ အၾကည့္မ်ိဳးျဖင့္။
"ေတာ္ၾကေတာ့ မင္းတို႔ႏွစ္ေယာက္....."
စိုင္းသီဟကအခန္းထဲကေနထြက္လာၿပီးအေခ်အတင္ျဖစ္ေနၾကေသာေယာက္ဖႏွစ္ေယာက္အားဝင္တားလာခဲ့သည္။
"မင္းတို႔က လူနာတစ္ေယာက္လုံးကို အခန္းထဲမွာပစ္ထားၿပီး ဒီမွာစကားလာမ်ားေနၾကတယ္ေပါ့။
ဒါမင္းတို႔ေျပာေနတဲ့လူနာအေပၚစိုးရိမ္ပူပန္မႈလား!"
စိုင္းသီဟရဲ႕အသံတို႔ဟာ တင္းမာခက္ထန္ေနကာအျပဳံးတို႔ကေပ်ာက္ကြယ္ေနသည္။
စိုင္းသီဟစကားကိုၾကားေတာ့ မင္းခန္႔ထည္ကအသံတိတ္လ်က္အခန္းထဲသို႔ျပန္ဝင္သြားတဲ့အခါ႐ိႈင္းဆက္ယံကလည္းအခန္းထဲျပန္ဝင္ဖို႔ေျခလွမ္းျပင္လိုက္စဥ္မွာပင္စိုင္းသီဟကအခန္းေ႐ွ႕ကေနဆြဲေခၚသြားေတာ့သည္။
"လႊတ္စမ္းကြာ!"
ပထမထပ္ျပင္ပလူနာေဆာင္နားေရာက္ေတာ့ထိုေနရာကလူ႐ွင္းေနတာေၾကာင့္စိုင္းသီဟက႐ိႈင္းဆက္ယံအားလႊတ္ေပးလိုက္ၿပီး
ေလသံနိမ့္နိမ့္နဲ႔ဆိုလာသည္။
"မင္းခန္႔ထည္ကမင္းညီေလးကိုအရမ္းခ်စ္႐ွာတာ။ အဲ့ေကာင္ေလးအေပၚအဲ့ေလာက္ထိမလုပ္စမ္းနဲ႔"
"မင္းအျမင္မွာ ငါကသူတို႔အတြဲကိုခြဲေနတဲ့လူဆိုးႀကီးေပါ့ေလ"
"မဟုတ္လို႔လား"
ဟုစိုင္းသီဟကမ်က္ခုံးပင့္ျပကာမ်က္ႏွာေသနဲ႔ျပန္ေထ့ေငါ့လာတာေၾကာင့္႐ိႈင္းဆက္ယံမွာေဒါသပိုထြက္သြားရကာစိုင္းသီဟအားမ်က္ေစာင္းထိုးလာခဲ့ေလ၏။
"သူတို႔ႏွစ္ေယာက္ကမျဖစ္ႏိုင္ဘူး။
ကိုေဇ့ရဲ႕ေရာဂါအေၾကာင္းလဲမင္းသိသားနဲ႔။တစ္ခ်ိန္က် သူတို႔ကိုငါမခြဲလဲ သူတို႔ႏွစ္ေယာက္ခြဲရမွာပဲ။"
"မင္းအေတြးေတြလြန္ေနၿပီ"
"ကိုေဇက ဒီႏိုင္ငံကထြက္သြားမွ သူ႕ေရာဂါကိုကုလို႔ရမွာ။အခုသူလူတစ္ေယာက္ကိုသံေယာဇဥ္တြယ္ေနၿပီ။
ငါအခုဘယ္လိုလုပ္ရမလဲမစဥ္းစားတတ္ေတာ့ဘူး!"
"မင္း ငယ္ေလးကိုအတင္းအၾကပ္ေလွ်ာက္မလုပ္နဲ႔။ သူ႕ေရာဂါအေျခအေနကိုသူသိသြားၿပီး အခုတေလာ ပုံမွန္စမ္းသပ္မႈေတြျပန္လုပ္ေနတာဘာေၾကာင့္လဲမင္းသိလား။
မင္းအခုေျပာေနတဲ့ သံေယာဇဥ္တြယ္ေနတဲ့လူတစ္ေယာက္ေၾကာင့္ သူထြက္မေျပးေတာ့ပဲေဆးကုသမႈခံယူေနတာ။မင္းသူတို႔ႏွစ္ေယာက္ကိုခြဲၾကည့္လိုက္
မင္းညီကိုဆုံး႐ႈံးရေအာင္လုပ္တဲ့လူက မင္းကိုယ္တိုင္ျဖစ္သြားလိမ့္မယ္!"
"...."
တိတ္ဆိတ္သြားေသာ ႐ိႈင္းဆက္ယံအားစိုင္းသီဟက အခ်ိန္တစ္ခုၾကာတဲ့အထိၿမဲျမံစြာစိုက္ၾကည့္ေနရင္းႏွင့္ႏွစ္ကိုယ္ၾကားေျပာေနေသာသူတို႔စကားဝိုင္းေလးအားအဆုံးသတ္လိုက္ေတာ့သည္။
႐ိႈင္းဆက္ယံကအခန္းထဲသို႔မၾကည္မသာႏွင့္ျပန္ဝင္လာခဲ့ၿပီးေနာက္အေနာက္နား၌ဝင္ထိုင္လိုက္ကာညီျဖစ္သူေဘးတြင္မလႈပ္မယွက္ႏွင့္ငိုင္ေန႐ွာေသာမင္းခန္႔ထည္အားမ်က္လုံးေထာင့္ကေနတစ္ခ်က္ၾကည့္ရင္း သက္ျပင္းတစ္ခ်က္ခ်လိုက္ေလ၏။
ထိုစဥ္အခန္းအတြင္းသို႔ဧည့္သည္တစ္ေယာက္ထပ္ေရာက္လာခဲ့သည္။
"ေက်းဇူးပါ"
သွ်ားထက္ေမာင္ကအခန္းထဲသို႔လိုက္ပို႔ေပးတဲ့ Nurseေလးအားေက်းဇူးတင္စကားဆိုလိုက္ၿပီးေနာက္ ႐ိႈင္းဆက္ယံကကူတြဲ၍ ထိုင္ခုံတစ္ခုေပၚသို႔ေနရာခ်ေပးလိုက္သည္။
မင္းခန္႔ထည္ကအခန္းထဲသို႔လူတစ္ေယာက္ေရာက္လာတဲ့အသံကိုၾကားေနရေသာ္လည္း လွည့္ၾကည့္လာျခင္းမ႐ွိခဲ့ေပ။
တခနၾကာေတာ့ သွ်ားထက္ေမာင္ရဲ႕ အသံတိုးတိုးေလးတစ္သံကအခန္းတြင္း႐ွိတိတ္ဆိတ္ၿငိမ္သက္မႈတို႔အားေဘာင္ဘင္ခတ္သြားေစေလ၏။
"ျဖဴစင္ေသာ္ဆိုတာ မင္းေကာင္မေလးလား?"
သွ်ားထက္ေမာင္ရဲ႕စကားသံတို႔ဟာ
ရန္လိုမုန္းတီးျခင္းတို႔အလ်ဥ္းမ႐ွိစြာျဖင့္တည္ၿငိမ္ေနေသာေရျပင္အလားထြက္ေပၚလာခဲ့ျခင္းေပ။
ထိုေမးသံၾကားမွမင္းခန္႔ထည္က သွ်ားထက္ေမာင္အားလွည့္ၾကည့္လာခဲ့သည္။
သူလွည့္ၾကည့္လိုက္ခ်ိန္ျမင္လိုက္ရတဲ့ထိုလူရဲ႕႐ုပ္ရည္သြင္ျပင္ေၾကာင့္သူကိုယ္တိုင္ပင္အံ့ၾသသြားရသည္။
သွ်ားထက္ေမာင္ရဲ႕ႏွာတံစင္းပုံကမင္းခန္႔ထည္နဲ႔တစ္ခ်ိဳးမွမေျပာင္းလဲ တထပ္တည္းပင္။သူ၏ေကြးၫြတ္ေသာႏႈတ္ခမ္းေကြးတစ္စုံက မင္းခန္႔ထည္ႏွင့္ခပ္ဆင္ဆင္ျဖစ္ကာ တြန္႔ခ်ိဳးေနေသာမ်က္ခုံးတစ္စုံဟာဆိုရင္လည္း မင္းခန္႔ထည္နဲ႔ဆင္တူသည္။
သို႔ေသာ္ မင္းခန္႔ထည္ရဲ႕လုံးဝန္း႐ွည္သြယ္ေသာမ်က္ဝန္းတစ္စုံႏွင့္ သွ်ားထက္ေမာင္ရဲ႕ေမွးစင္းက်ဥ္းေျမာင္းေသာမ်က္ဝန္းတစ္စုံကအနဲငယ္ကြာဟသြားရာ အမ်ားဆုံးကြာဟမႈကေတာ့ ေမး႐ိုးက်ဆင္းပုံမွာသိသိသာသာျခားနားသြားျခင္းေပ။
႐ိႈင္းဆက္ယံလည္း သူ႕ေဘးမွသွ်ားထက္ေမာင္ႏွင့္သူ႕အေ႐ွ႕႐ွိမင္းခန္႔ထည္အားႏွစ္ခါျပန္သုံးခါျပန္ ျပန္ၾကည့္လိုက္ရင္းအံ့ၾသဘနန္းအျပည့္ႏွင့္ေရ႐ြတ္လာသည္။
"ငါအဲ့ဒါေၾကာင့္ေတြးေနတာ သွ်ား မင္းကတစ္ေယာက္ေယာက္နဲ႔ဆင္ပါတယ္လို႔ မင္းတို႔ႏွစ္ေယာက္တကယ္ဆင္တာပဲ"
႐ိႈင္းဆက္ယံဆီမွထိုစကားၾကားေတာ့ သွ်ားကခပ္ဖြဖြျပဳံးေလသည္။
"အဲ့ေလာက္ေတာင္ပဲလား?"
"ခမ်ားက သွ်ားထက္ေမာင္လား!!"
မင္းခန္႔ထည္မွာအံ့အားသင့္လြန္း၍ခုံေပၚ၌ေတာင္မထိုင္ႏိုင္ေတာ့ဘဲဆတ္ခနဲမတ္တပ္ထရပ္လာခဲ့သည္။
"ဟုတ္ပါတယ္။
က်ေနာ္ကသွ်ားထက္ေမာင္ပါ။
ေဒၚစႏၵာေသာ္ရဲ႕ေမြးစားသား၊ျဖဴစင္ေသာ္ရဲ႕ေမြးစားအကိုပါ...."
"ဒါဆို ခမ်ားကအသက္႐ွင္ေနခဲ့တယ္ေပါ့!"
"ဟုတ္ပါတယ္ ..... က်ေနာ္ဒီႏွစ္ေတြထဲမွာအသက္႐ွင္ေနခဲ့ပါတယ္"
"က်ေနာ္က မင္းခန္႔ထည္ပါ။
ခမ်ားထင္သလိုျဖဴက က်ေနာ္႕ရဲ႕တကယ့္ခ်စ္သူေကာင္မေလးမဟုတ္ပါဘူး။
က်ေနာ္ အဲ့အေၾကာင္းေတြအကုန္ခမ်ားကိုေျပာျပပါ့မယ္"
"ဒါဆိုကိုခန္႔ထည္ကိုပင္ပန္းေစမိၿပီ။ "
"ရပါတယ္။က်ေနာ္႕မွာလဲအေၾကာင္းစုံ ေျပာျပရမယ့္တာဝန္႐ွိလို႔ပါ"
မင္းခန္႔ထည္တစ္ေယာက္႐ိႈင္းရဲ႕နံေဘးမွ ႐ိႈင္းဆက္ယံႏွင့္သွ်ားထက္ေမာင္တို႔႐ွိရာဘက္သို႔ကူးလာလိုက္ကာ လြတ္ေနေသာခုံေလးတစ္ခု၌ဝင္ထိုင္လိုက္လ်က္ လြန္ေလၿပီးေသာအျဖစ္အပ်က္တို႔ကိုျပန္ေျပာင္းေျပာျပခဲ့သည္။
"လြန္ခဲ့တဲ့ ၄ႏွစ္တုန္းကခမ်ား Car accidentျဖစ္ၿပီးဆုံးသြားၿပီလို႔ ျဖဴကသိထားတယ္။အဲ့စိတ္ေၾကာင့္ပဲသူမကအ႐ူးတစ္ပိုင္းျဖစ္သြားခဲ့ရၿပီးစိတ္က်န္းမာေရးေဆး႐ုံမွာ ၇လေနခဲ့ရတယ္။အဲ့ ၇လအတြင္းမွာ
သူမေနျပန္ေကာင္းလာခဲ့ေပမယ့္ အ႐ွင္းမေပ်ာက္ေသးဘူး။ဘာလို႔လဲဆိုေတာ့ အန္တီစႏၵာက ျဖဴ႕ကိုေဆးကုသတဲ့ကာလတစ္ဝက္တစ္ပ်က္မွာတင္ျဖဴ႕ကိုသြားျပန္ေခၚလာခဲ့လို႔ပဲ။"
"သူမအိမ္မွာေနခဲ့တဲ့ လေတြအတြင္းမွာက်န္းမာေရးျပန္ေကာင္းလာလို႔ အန္တီကသူမကိုပုံမွန္အေနအထားအတိုင္းဆက္႐ွင္သန္ခြင့္ေပးခဲ့တယ္။
အဲ့တာနဲ႔Uniမွာသူမကက်ေနာ္႕ကိုဆုံေတြ႕ခဲ့ၿပီး ေမာင္လို႔အထင္မွားသြားခဲ့တဲ့ေနာက္ဒီဇာတ္လမ္းေတြအစျပဳလာခဲ့တာပဲ "
ထိုႏွစ္ေတြတုန္းကျဖစ္ပ်က္သြားခဲ့တဲ့အေၾကာင္းအရာေတြအားလုံးကိုမင္းခန္႔ထည္ကအေသးစိတ္ျပန္ေျပာျပလာခဲ့ၿပီးေနာက္ခနရပ္ကာသွ်ားထက္ေမာင္ကိုၾကည့္လိုက္ေတာ့သွ်ားထက္ေမာင္ရဲ႕အမူအရာတို႔ကသိသိသာသာပ်က္ယြင္းသြားျခင္းမ႐ွိခဲ့ေပ။သူကတည္ၿငိမ္စြာျဖင့္သာဆက္နားေထာင္ေနခဲ့သည္။
"အဲ့တာေၾကာင့္ က်ေနာ္နဲ႔အန္တီစႏၵာတို႔ႏွစ္ဦးသားတိုင္ပင္ၿပီး မွတ္ဥာဏ္အစားထိုးအိပ္ေငြ႕ခ်တဲ့ကုထုံးနဲ႔ သူမကိုအေတာ္ၾကာကုသေနခဲ့တာ ၂ႏွစ္႐ွိၿပီ။
ဒါေပမယ့္ အခုက်ေနာ္႕မွာခ်စ္ရတဲ့သူ႐ွိေနၿပီမို႔ က်ေနာ္ကသူမရဲ႕ေမာင္ေနရာမွာဟန္ေဆာင္ေနလို႔မရေတာ့ဘူး။ဒါ က်ေနာ္႕ဘက္ကစမွားတဲ့အမွားတစ္ခုလို႔လဲေျပာလို႔ရေပမယ့္
က်ေနာ္႕မွာလည္းက်ေနာ္႕ေ႐ြးခ်ယ္မႈနဲ႔က်ေနာ္႐ွိသင့္တာေပါ့။"
ထိုစကားကိုနားေထာင္ေနရင္းသွ်ားထက္ေမာင္ေကာ႐ိႈင္းဆက္ယံကပါေထာက္ခံသည့္ႏွယ္ေခါင္းၿငိမ့္လာၾကသည္။
"က်ေနာ္ သူမအတြက္အခ်ိန္၂ႏွစ္တာ ေပးခဲ့ၿပီးၿပီ။ က်ေနာ္႕မွာလည္းခ်စ္ရတဲ့သူ႐ွိၿပီမို႔
ဒီကုထုံးကိုက်ေနာ္႕ဘက္ကေနစတင္ရပ္တန္႔ပစ္ခဲ့တယ္။ဒါေၾကာင့္ျဖဴရဲ႕ေရာဂါေဟာင္းကျပန္ထလာၿပီးသူမ က်ေနာ္႕သူငယ္ခ်င္းတစ္ေယာက္ကို ေလွကားေပၚကတြန္းခ်ပစ္ခဲ့တယ္။"
"က်ေနာ္႕သူငယ္ခ်င္းဘက္ကတရားစြဲဆိုမႈေၾကာင့္ သူမအမႈရင္ဆိုင္တဲ့အခါအမႈ႐ႈံးသြားခဲ့ၿပီးေတာ့ သူမက က်ေနာ္႕ခ်စ္ရသူကို ခမ်ားသိတဲ့အတိုင္းဒီေန႔လိုကိုယ္ထိလက္ေရာက္က်ဴးလြန္တဲ့အဆင့္ထိေရာက္သြားခဲ့ေတာ့တာပဲ"
"...... "
မင္းခန္႔ထည္ရဲ႕စကားသံတို႔အဆုံး အခန္းတစ္ခုလုံးကထပ္မံတိတ္ဆိတ္လို႔သြားခဲ့ျပန္သည္။
ထို႔ေနာက္႐ိႈင္းဆက္ယံကလက္ပိုက္လ်က္ေက်ာမွီထိုင္ေနရင္းဆက္ေမးလာခဲ့သည္။
"ျဖဴစင္ေသာ္ရဲ႕စိတ္ေရာဂါကကုသလို႔မရေတာ့ဘူးေပါ့"
"ျဖဴက အခုဆိုပိုလို႔ေတာင္ကုသလို႔ရမွာမဟုတ္ေတာ့ဘူး။သူမရဲ႕ခႏၶာကိုယ္တစ္ခုလုံးကအေၾကာေတြအားလုံးကေသသြားခဲ့ၿပီလို႔
ကိုစိုင္းသီဟေျပာတယ္။အဲ့စိတ္ေၾကာင့္ သူမရဲ႕စိတ္အေျခအေနကအရင္ကထက္ပိုဆိုးလာမယ္ထင္တယ္"
႐ိႈင္းဆက္ယံအားျပန္ေျဖလာတဲ့မင္းခန္႔ထည္ရဲ႕အေျဖကိုၾကားေတာ့ သွ်ားထက္ေမာင္ကပို၍တိတ္ဆိတ္ၿငိမ္က်သြားခဲ့သည္။
"က်ေနာ္႕ကိုေကာ သူမ လုံးဝမမွတ္မိႏိုင္ေတာ့ဘူးလား?"
"သူမ မွတ္ဥာဏ္ထဲမွာေတာ့ ေမာင္ဆိုတာ႐ွိေနမွာပါ။ဒါေပမယ့္ သူမ ခမ်ားကိုေတာ့ လုံးဝမမွတ္မိႏိုင္ေတာ့ဘူး။ျပန္ၿပီးအိပ္ေငြ႕ခ်မွရလိမ့္မယ္။အခုအေျခအေနရဆို သူမကိုထပ္ၿပီးအိပ္ေငြ႕ခ်ဖို႔ဆိုတာ တကယ္မလြယ္ကူေတာ့ဘူး"
ထိုစကားၾကားေတာ့ သွ်ားရဲ႕ေခါင္းကေအာက္ငိုက္စိုက္သြားၿပီး သူ၏လက္မ်ားကိုမ်က္ႏွာထက္ဆီသို႔ေနရာလပ္မ႐ွိအုပ္ကိုင္ထားလိုက္တဲ့အခါ႐ိႈင္းဆက္ယံက သွ်ားရဲ႕ပုခုံးတစ္ဖက္အားလွမ္းပုတ္ေပးလာခဲ့သည္။
"က်ေနာ္ေမွ်ာ္လင့္ထားခဲ့တာ.....သူမ က်ေနာ္အသက္႐ွင္မွန္းသိရင္သူမအရမ္းေပ်ာ္လိမ့္မယ္လို႔ေပါ့။ၿပီးေတာ့ သူမကိုက်ေနာ္ကတိေပးထားတဲ့အတိုင္းတသက္လုံးေစာင့္ေ႐ွာက္သြားမယ္ဆိုၿပီးအားခဲထားခဲ့တာ။
တကယ့္တကယ္လည္းက် က်ေနာ္႕မ်က္လုံးေတြက သူမအျပဳံးေလးကိုထပ္မျမင္ႏိုင္ေတာ့သလို သူမကလဲ က်ေနာ္႕ကိုမမွတ္မိႏိုင္ေတာ့ဘူးတဲ့........ "
သွ်ားထက္ေမာင္ရဲ႕အသံတို႔ဟာ တျဖည္းျဖည္းနဲ႔တိမ္ဝင္အက္႐ွလာသည္။
"Princess Alexandra of Kent.....ပန္းအိုးေလးေတြကိုက်ေနာ္႕ႏွစ္ပတ္လည္ေန႔တိုင္းသူမဆီပို႔ေပးခဲ့တာ။
အနည္းဆုံးေတာ့ သူမက်ေနာ္႕ကိုအမွတ္ရေနေစဖို႔ေပါ့။ဒါေပမယ့္.....ဒါေပမယ့္.....အခု.................."
ေနာက္ဆုံးမွာေတာ့သွ်ားထက္ေမာင္ဟာယူၾကဳံးမရစြာ႐ိႈက္ငိုလာေပေတာ့သည္။
မင္းခန္႔ထည္နဲ႔႐ိႈင္းဆက္ယံတို႔ႏွစ္ေယာက္စလုံး သွ်ားထက္ေမာင္အားစိတ္မေကာင္းျခင္းမ်ားစြာျဖင့္ေငးၾကည့္ေနရင္း သူတို႔ဘာစကားမွ်မဆိုျဖစ္ခဲ့ၾကေပ။
ထို႔ေနာက္ မင္းခန္႔ထည္က သွ်ားထက္ေမာင္အားပထမထပ္႐ွိ ေဒၚစႏၵာေသာ္႐ွိရာအခန္းဆီသို႔ေခၚသြားေပးခဲ့တာေၾကာင့္ ႐ိႈင္းဆက္ယံတစ္ေယာက္တည္းသာ သူ၏ညီျဖစ္သူႏွင့္အခန္းထဲ၌က်န္ရစ္ခဲ့ေတာ့ေလသည္။
႐ိႈင္းဆက္ယံတစ္ေယာက္မ်က္ႏွာက်က္အျဖဴေရာင္ဆီသို႔အတန္ၾကာေငးၾကည့္ေနစဥ္ဝယ္သူ၏အေတြးနယ္ပယ္တို႔ထဲမွာ
အျဖစ္အပ်က္ေလးတစ္ခုကနက္႐ိႈင္းစြာျဖင့္ထပ္မံအစျပဳလို႔လာခဲ့ျပန္သည္။
အဲ့ေန႔က က်ေနာ္ေဆး႐ုံမွာမနားတမ္းေျပးလႊားေနရတဲ့အခ်ိန္ Ambulanceတစ္စီးကေဆး႐ုံအဝင္ဝသို႔ဆိုက္ေရာက္လာခဲ့သည္။မိန္းကေလးတစ္ေယာက္ရဲ႕ရင္ကြဲမတတ္ေအာ္ငိုသံကေဆး႐ုံအတြင္းပိုင္းမွာဆူညံပြက္ေလာ႐ိုက္ေနတာေၾကာင့္ က်ေနာ္႕ရဲ႕အာ႐ုံေတြကအသံလာရာဘက္ဆီသို႔ေရာက္သြားခဲ့ကာလူငယ္စုံတြဲေလးတစ္တြဲကိုလွမ္းျမင္လိုက္ရေလသည္။ငယ္႐ြယ္လြန္းတဲ့သူမေလးက Dr. တစ္ေယာက္ကိုကယ္တင္ေပးဖို႔အျပင္းအထန္ေတာင္းပန္ေန႐ွာတဲ့ျမင္ကြင္းအားက်ေနာ္အေဝးတစ္ေနရာ၌ရပ္ၾကည့္ေနခဲ့မိသည္။
က်ေနာ္႕အေနနဲ႔လည္းသူမေလးအေပၚအကူအညီမေပးႏိုင္ခဲ့တာေၾကာင့္အဲ့တုန္းကရပ္ၾကည့္ေန႐ုံသာတတ္ႏိုင္ခဲ့ေလသည္။
ဘာလို႔လဲဆို က်ေနာ္ကတာဝန္က်လူနာမ်ားကိုသာၾကည့္႐ႈစစ္ေဆးေနရတဲ့ ဝါႏုဆရာဝန္ေလးတစ္ေယာက္မို႔ ေဆး႐ုံအုပ္ကက်ေနာ္႕ကိုအေရးေပၚကုသမႈမ်ားအေပၚတာဝန္မေပးခဲ့ေပ။ဒီလိုနဲ႔ ထိုျမင္ကြင္းတို႔ကိုက်ေနာ္အတန္ၾကာေငးၾကည့္ေနၿပီးမွထြက္လာခဲ့လိုက္သည္။
ေနာက္တစ္ေန႔နံနက္ အလုပ္သင္ဆရာဝန္တို႔ရဲ႕နားေနခန္းထဲမွာ ထုံးစံအတိုင္း စိုင္းသီဟက Espressoေကာ္ဖီခြက္ေလးႏွင့္ထိုင္ေစာင့္ေနခဲ့ၿပီး က်ေနာ္္႕ကိုျမင္ေတာ့သူကျပဳံးလ်က္ဆိုသည္။
"ဆက္ယံ ငါ့မွာသတင္းေကာင္း႐ွိတယ္"
"ေျပာၾကည့္"
က်ေနာ္ကလည္း ဂ်ဴတီကုတ္ေလးကိုထပ္ဝတ္လိုက္ရင္းထုံးစံမပ်က္စိုင္းသီဟအားဘုေဘာက္ဆိုလိုက္သည္။
"မေန႔ကငါတို႔ေဆး႐ုံကိုေရာက္လာတဲ့ လူနာတစ္ဦးေလ။ အဲ့ေကာင္ေလးမွာ ကိုေဇနဲ႔တူတဲ့ေရာဂါလကၡဏာ႐ွိေနတယ္။"
"မင္းတကယ္ေျပာေနတာလား?"
"တကယ္ေပါ့ ငါကဒီလိုကိစၥမ်ိဳးကိုေနာက္ပါ့မလား"
႐ိႈင္းဆက္ယံကဂ်ဴတီကုတ္အျဖဴေရာင္ေလးကိုဝတ္ဆင္လိုက္ၿပီးေနာက္စိုင္းသီဟလက္ထဲကေကာ္ဖီခြက္ေလးကိုဆြဲယူလိုက္ရင္းဝင္ထိုင္လာတဲ့အခါစိုင္းသီဟကဆက္ေျပာလာသည္။
"ဒါေပမယ့္ စီနီယာေတြကမကုဘူးလုပ္ေနတယ္"
"ဘာလို႔?"
"လူနာေကာင္ေလးကအခုဦးေႏွာက္ေသမလိုျဖစ္ေနတယ္ေလ။ၿပီးေတာ့ ထူးဆန္းတဲ့ဒီေရာဂါလကၡဏာပါ႐ွိေနေတာ့ ဘာပဲျဖစ္ျဖစ္သူတို႔လက္ေလ်ာ့မွာပဲ။သူတို႔ကေဆးဘက္ဆိုင္ရာစာေမးပြဲကိုေျဖထားတဲ့လူေတြေလကြာ။အမွားမခံႏိုင္တဲ့ဒီလိုခ်ိန္အတြင္းမွာ သူတို႔လက္ေပၚမွာလူအေသေကာင္ကိုအရဲစြန္႔ၿပီးမတင္ရဲဘူး။
သူတို႔ပါရဂူဘြဲ႕စြန္းစြန္းေလးျပဳတ္သြားမွာစိုးလို႔ေလ။"
"အဲ့ေတာ့ ငါတို႔ဘယ္လိုလုပ္ၾကမလဲ။ဒီလိုေရာဂါလကၡဏာ႐ွိတဲ့လူက႐ွားတယ္။ဘာပဲျဖစ္ျဖစ္အဲ့လူနာကို ငါ့ caseျဖစ္ေအာင္လုပ္ရမယ္"
"လုပ္မယ္ဆိုလည္းျမန္ျမန္လုပ္မွရမယ္ဆက္ယံ။စီနီယာေတြကမေန႔ကတည္းကသူ႕ကိုေအာက္စီဂ်င္ပိုက္ျဖဳတ္ဖို႔ၾကံေနၿပီ"
ထိုစကားၾကားေတာ့က်ေနာ္ထိုလူနာေကာင္ေလးရဲ႕အခန္းဆီသို႔အေျပးထြက္လာခဲ့လိုက္သည္။
သို႔ႏွင့္ အခန္းထဲေရာက္တဲ့အခါ
တုန္လႈပ္စရာျမင္ကြင္းတစ္ခုကိုက်ေနာ္႕မ်က္လုံးေတြနဲ႔တပ္အပ္ျမင္ေတြ႕ရလိမ့္မယ္လို႔က်ေနာ္မထင္ထားခဲ့ေပ။
ထိုျမင္ကြင္းကေတာ့ အသက္၄၀အ႐ြယ္႐ွိ ႏူးညံ့လွပတဲ့အမ်ိဳးသမီးတစ္ေယာက္က ခုတင္ထက္၌ေမ့ေျမာေနခဲ့ေသာေကာင္ေလးရဲ႕ေအာက္စီဂ်င္ပိုက္ကိုျဖဳတ္ပစ္ဖို႔ႀကိဳးစားေနတဲ့ျမင္ကြင္းမ်ိဳးေပါ့။
ဒါက ဇာတ္လမ္းေတြထဲမွာပဲ႐ွိသင့္တာမဟုတ္ဘူးလား။
"ဒီကအေဒၚ .....ခမ်ားဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ!!!"
"...."
က်ေနာ္ေမးလိုက္ေတာ့သူမကဘာမွျပန္ေျပာမလာဘဲမ်က္ႏွာကိုတစ္ဖက္သို႔လႊဲလိုက္ကာအခန္းထဲကေနကမမ္းကတမ္းထြက္သြားဖို႔ႀကိဳးစားေနသည္။ဒါ့ေၾကာင့္သူဒဲ့ဒိုးပဲလွည့္ေမးလိုက္ေလ၏။
"အေဒၚက သူ႕ကိုျမန္ျမန္ေသေစခ်င္ေနတာလား?"
ထိုအခိုက္သူမရဲ႕ေျခလွမ္းေတြကအခန္းဝမွာရပ္တန္႔သြားခဲ့သည္။
"ဒါဆို အေဒၚစိတ္မပူပါနဲ႔ သူကမၾကာခင္ေသေတာ့မွာပါ။ဆရာဝန္ေတာ္ေတာ္မ်ားမ်ားကလဲ သူ႕ကိုလက္ေလွ်ာ့ေနပါၿပီ"
ထိုစကားၾကားေတာ့သူမကက်ေနာ္႕ကိုအလန္႔တၾကားနဲ႔ျပန္လွည့္ၾကည့္လာကာ သူမရဲ႕မ်က္ဝန္းေတြထဲ၌ ေနာင္တတရားတို႔နဲ႔ျပည့္ႏွက္ေနတာကိုက်ေနာ္အတိုင္းသားျမင္ေနရသည္။
"ဘာလဲ အဲ့လိုက် မေသေစခ်င္ေတာ့ျပန္ဘူးလား။"
"ဟုတ္တယ္ ငါသူ႕ကိုမေသေစခ်င္ဘူး။
ငါ့သမီးအနားကေနမ႐ွိေတာ့ေအာင္ပဲလုပ္ခ်င္တာ!!!"
"ေအာ္.... "
႐ိႈင္းဆက္ယံကအာေမဋိတ္အသံျပဳလိုက္ကာ ထိုအမ်ိဳးသမီးဘက္သို႔ေစာင္းငဲ့ၾကည့္လိုက္လ်က္ႏႈတ္ခမ္းေတြကိုခပ္ဖြဖြတြန္႔ခ်ိဳးလိုက္ရင္းေမးလိုက္ေလ၏။
"ဒါဆို သူ႕ကိုေရေျမျခားတဲ့တစ္ႏိုင္ငံဆီပို႔လိုက္ရလည္းအဆင္ေျပတယ္ေပါ့"
"မင္းဘာကိုဆိုလိုခ်င္တာလဲ?"
"က်ေနာ္ဆိုလိုခ်င္တာက ၂ဦး၂ဖက္အက်ိဳး႐ွိမယ့္အေပးအယူေလးတစ္ခုပါ။
အေဒၚနဲ႔တစ္စုံတစ္ရာသက္ဆိုင္တဲ့ဒီလူနာကို Dr. ႐ိႈင္းဆက္ယံဆီလႊဲေျပာင္းေပးပါတယ္ဆိုတဲ့လႊဲေျပာင္းျခင္းမွတ္တမ္းမွာလက္မွတ္ထိုးေပးၿပီးတာနဲ႔ ဒီလူကအသက္႐ွင္လ်က္နဲ႔ပဲ အေဒၚ့သမီးေဘးနားကေနထြက္သြားေစရမယ္လို႔ က်ေနာ္အာမခံတယ္!"
ေနာက္မွသူသိလိုက္ရတာကထိုအမ်ိဳးသမီးဟာသွ်ားထက္ေမာင္ရဲ႕ေမြးစားအေမျဖစ္သူ ေဒၚစႏၵာေသာ္ဆိုတာပင္။
သူမကသူမရဲ႕သမီးအရင္းနဲ႔ေမြးစားသားကိုခြဲလိုေသာအတၱတစ္ခုေၾကာင့္က်ေနာ္နဲ႔တိုးတိုးတိတ္တိတ္အေပးအယူလုပ္ခဲ့ျခင္းပင္။
ထိုအေၾကာင္းအရာေတြကိုအေၾကာင္းစုံမသိခဲ့တဲ့သွ်ားထက္ေမာင္က ဒီႏိုင္ငံသို႔အသက္႐ွင္လ်က္ျပန္လာႏိုင္ဖို႔အတြက္အပတ္တကုပ္ႀကိဳးစားေန႐ွာတာကို သူစိတ္မေကာင္းျဖစ္စြာေစာင့္ၾကည့္ေနခဲ့ရသည္မွာေတာ္ေတာ္ၾကာျမင့္ခဲ့ၿပီေပ။
သူ႕အားစြန္႔ပစ္ခဲ့တဲ့မိသားစုအေပၚ အခ်ိန္တိုင္းလြမ္းဆြတ္တမ္းတေန႐ွာတာကိုျမင္ေတြ႕ေနခဲ့ရတဲ့ သူဟာဒီေန႔ဒီအခ်ိန္ထိအေၾကာင္းရင္းမွန္တို႔ကို သိုသိုသိပ္သိပ္ဖုံးကြယ္ထားခဲ့ၿပီးဘယ္လိုနည္းနဲ႔မွေျပာမထြက္ရက္ခဲ့ေပ။
အေရးႀကီးတာကေရာဂါေပ်ာက္ဖို႔ျဖစ္တာေၾကာင့္ ထိုေကာင္ေလးရဲ႕ေမွ်ာ္လင့္ခ်က္ေတြကိုမုသားဆန္စြာအသုံးခ်သင့္ရင္လည္းအသုံးခ်ရမွာပဲဟု သူတထစ္ခ်ဆုံးျဖတ္ခ်က္ခ်ခဲ့ကာတစ္ခ်ိန္လုံးထိုေကာင္ေလးအားအျပစ္႐ွိစြာလိမ္ညာဖုံးကြယ္ထားခဲ့သည္။
သို႔ေသာ္ ဒီရက္ပိုင္းအတြင္း သွ်ားရဲ႕ေရာဂါအေျခအေနကတိုးတက္မလာေတာ့ဘဲဆုတ္ယုတ္လာခဲ့တာေၾကာင့္ ထိုေကာင္ေလးရဲ႕ေမွ်ာ္လင့္ခ်က္ေလးကိုျဖည့္ဆည္းေပးဖို႔အတြက္က်ေနာ္သူ႕ကိုဒီႏိုင္ငံဆီသို႔ျပန္ေခၚလာခဲ့သည္။ၿပီးေတာ့ သူကသာအလို႐ွိၿပီး သူ႕အားအလိုမ႐ွိေသာမိသားစုႏွင့္ျပန္ဆက္သြယ္ေပးဖို႔အတြက္ က်ေနာ္အစြမ္းကုန္ႀကိဳးစားစုံစမ္းေပးခဲ့သည္။
ေနာက္ဆုံးေတာ့ ေရာက္လာသင့္တဲ့အခ်ိန္ကိုေရာက္လာခဲ့ၿပီပဲ။
အမွန္တရားေတြေအာက္မွာမင္းခံႏိုင္ရည္႐ွိပါေစကြာ......
ဆိတ္ၿငိမ္ေနေသာအခန္းနယ္ပယ္ထဲတြင္သက္ျပင္းနက္နက္တစ္ခ်က္ခ်လိုက္ၿပီးတဲ့အခါ ႐ိႈင္းဆက္ယံက႐ိႈင္းေဇယံရဲ႕ခုတင္ဆီသို႔ေလွ်ာက္သြားလိုက္၍ သူ႕ညီေလးရဲ႕မ်က္ႏွာေလးကို႐ႈၾကည့္ေနရင္းအသံတိတ္ေရ႐ြတ္လိုက္ေလ၏။
'ကိုေဇ မင္းအကိုက ဆရာဝန္တစ္ေယာက္ရဲ႕က်င့္ဝတ္တစ္ခုကိုေဖာက္ဖ်က္ပစ္ခဲ့တဲ့အျပင္...စြန္႔လႊတ္သင့္တဲ့အရာမွန္သမွ်ကိုလည္းတစ္ခ်က္မ႐ြံ႕ဘဲစြန္႔လႊတ္ပစ္ခဲ့တယ္ဆိုတာ အကုန္လုံးမင္းအတြက္ခ်ည္းပါကြာ ... '
••••••••••••••••••••••••••••••••••••••••••••••••••
မင္းခန္႔ထည္ကသွ်ားထက္ေမာင္အား ျဖဴစင္ေသာ္႐ွိရာအခန္းဆီသို႔သာေခၚသြားေပးလိုက္သည္။အဘယ္ေၾကာင့္ဆိုေသာ္ ေဒါစႏၵာေသာ္ဟာျဖဴစင္ေသာ္အခန္းတြင္သာတစ္ေနကုန္႐ွိေနတာေၾကာင္္႕ပင္။
အခန္းတံခါးေလးကကြၽီခနဲပြင့္သြားေတာ့
ေဒၚစႏၵာေသာ္ကအခန္းတံခါးဘက္သို႔လွည့္ၾကည့္လာခဲ့သည္။
ထိုစဥ္တြင္သူမျမင္လိုက္ရေသာျမင္ကြင္းက သူမရင္ကိုဓားအေခ်ာင္း၁၀၀မကထိုးစိုက္လာသကဲ့သို႔စူးနစ္သြားေစေလ၏။
သူမ ထိုင္ေနရာမွ႐ုတ္တရပ္ထရပ္လိုက္တဲ့အခါသူမရဲ႕ကိုယ္ေလးဟာအေနာက္ဘက္သို႔ယိုင္နဲ႔သြားခဲ့သည္။
"အန္တီ!"
ထိုအခ်င္းအရာကိုျမင္ေတာ့မင္းခန္႔ထည္ကေဒၚစႏၵာေသာ္အားအေျပးဖမ္းဆြဲကာထိန္းထားေပးလိုက္သည္။
"အေမ က်ေနာ္႕ကိုျမင္ရလို႔အံ့ၾသသြားလား?"
ေဒၚစႏၵာေသာ္က မင္းခန္႔ထည္ဆြဲကိုင္ထားရာမွ႐ုန္းလိုက္ၿပီးေနာက္ သွ်ားေ႐ွ႕သို႔ တေ႐ြ႕ေ႐ြ႕ျဖင့္ေလွ်ာက္လွမ္းသြားတဲ့အခ်ိန္ သူမရဲ႕ပါးျပင္ထက္မွာမ်က္ရည္စက္တို႔ကတသြင္သြင္စီးက်လာခဲ့သည္။
"မင္း.....မင္း......ေနာက္ဆုံးေတာ့ျပန္လာခဲ့ၿပီေပါ့"
"အရင္ႏွစ္ေတြတုန္းကက်ေနာ္႕ေရာဂါက တအားဆိုး႐ြားေနခဲ့လို႔ပါ။အဲ့တာေၾကာင့္ က်ေနာ္ျပန္မလာႏိုင္ခဲ့ဘူး။အဲ့အတြက္ က်ေနာ္ေတာင္းပန္ပါတယ္"
ဟုဆိုကာ သွ်ားထက္ေမာင္က ေဒၚစႏၵာေသာ္ကိုယ္ေလးအားစမ္းကာ ေမွ်ာ္လင့္တႀကီးဖမ္းဆုပ္လိုက္ေပမယ့္ ေဒၚစႏၵာေသာ္ေျပာလာတဲ့စကားလုံးေတြကိုၾကားလိုက္ရေလေသာ္သွ်ားရဲ႕လက္တို႔ကေတာင့္ခဲသြားရသည္။
"တကယ္ဆို မင္းျပန္လာဖို႔မလိုဘူးေလ"
မင္းခန္႔ထည္လည္းထိုစကားၾကားေတာ့မွင္သက္မိသြားရ၏။
"ဒါငါ့အျပစ္ေတြပါ။ငါဆိုတဲ့အတၱစြဲအေမတစ္ေယာက္ေၾကာင့္ ငါ့သမီးေလးဒီလိုျဖစ္ခဲ့ရတာ!"
"အေမဘာေတြေျပာေနတာလဲ?"
"မင္းမေသဘူးဆိုတာ ငါအစကတည္းကသိတယ္ သွ်ား....ဒါေပမယ့္ ငါမင္းကိုငါ့အနားမွာဆက္မေခၚထားႏိုင္ဘူး။
မင္းဆိုတဲ့ေမြးစားသားကိုတမ္းလမ္းစြဲျဖစ္ေနတဲ့ ငါ့သမီးကိုထိန္းႏိုင္ဖို႔ဒီတစ္နည္းပဲ႐ွိခဲ့တာ....."
"ဒါဆို..အေမကက်ေနာ္႕ကိုသိရက္နဲ႔စြန္႔ပစ္ခဲ့တာလား?"
သွ်ားရဲ႕ေရေသမ်က္ဝန္းေတြကအရည္ၾကည္တို႔နဲ႔ျပည့္လွ်မ္းလာရကာသူ႕နားေတာင္သူ
မယုံၾကည္ႏိုင္ေတာ့ေပ။
"ေအးဟုတ္တယ္။ငါစြန္႔ပစ္ခဲ့တာ။မင္းနဲ႔ငါ့သမီးကိုလုံးဝသေဘာမတူႏိုင္လို႔ပဲ!။
မင္းမ႐ွိတဲ့အခ်ိန္ ငါ့သမီးရဲ႕မွတ္ဥာဏ္ထဲမွာ အစားထိုးဖို႔လူတစ္ေယာက္႐ွာေနခဲ့တာၾကာၿပီ။"
"ကံၾကမၼာကတစ္ႀကိမ္တစ္ခါေလးေတာ့ငါတို႔ကိုမ်က္ႏွာသာေပးခဲ့ပါတယ္ သားခန္႔ထည္လိုသင့္ေတာ္တဲ့လူမ်ိဳးနဲ႔ငါတို႔သားအမိကိုေတြ႕ဆုံေစခဲ့တယ္ေလ။
အဲ့တာေၾကာင့္ငါကိုယ္တိုင္ မင္းေနရာမွာအစားထိုးဖို႔သားခန္႔ထည္ကိုအၾကံစည္တစ္ခုနဲ႔အကူအညီေတာင္းခဲ့ၿပီးေတာ့ အဲ့ကုထုံးကိုကုသဖို႔ခ်က္ခ်င္းသေဘာတူခဲ့တာပဲ။"
မင္းခန္႔ထည္ခမ်ာေဒၚစႏၵာေသာ္ရဲ႕စကားေတြကိုနားေထာင္ေနရင္းသူ၏မ်က္စိေ႐ွ႕မွာမိုးႀကိဳးတစ္စင္းပစ္ခ်လိုက္သကဲ့သို႔လုံးဝတုန္လႈပ္သြားခဲ့ကာ ၾကက္သီးေတြပါထလာရသည္။မင္းခန္႔ထည္ေတာင္ေဆာက္တည္ရာမရစြာတုန္လႈပ္သြားခဲ့မွေတာ့ သွ်ားထက္ေမာင္ဟာဆိုရင္ျဖင့္ မိုးၿပိဳသြားသကဲ့သို႔အၿပိဳၿပိဳအလဲလဲခံစားသြားရမည္မွာေသခ်ာေပါက္ပင္။
သူတစ္ခ်ိန္လုံးေတာင့္တေမွ်ာ္လင့္ေနရတဲ့ သူ႕မိသားစုက တကယ္ေတာ့သူ႕ကိုအလိုမ႐ွိဘူးတဲ့ေလ.........
"က်ေနာ္႕ကိုစိတ္ဆိုးလို႔လိမ္ေနတာမွတ္လား အေမ အမွန္ေတြမဟုတ္ဘူးမွတ္လား ဒီအေၾကာင္းေတြက!!!!!!!!"
"အကုန္လုံးကအမွန္ေတြပဲ။ ဒါေပမယ့္ အဲ့လိုလုပ္ရပ္မ်ိဳးကိုငါအခုေနာင္တရေနၿပီ။ငါ့သမီးကိုမင္းမ႐ွိဘဲနဲ႔ေကာင္းေကာင္း႐ွင္သန္ႏိုင္မယ္လို႔ထင္ခဲ့မိတာ။၀ဋ္ဆိုတာမေနဘူးဆိုတာသိပ္မွန္တယ္။အရင္တုန္းကမင္းတို႔ေသမတတ္ခံစားေနရသလို ငါကိုယ္တိုင္လဲအခုေသမတတ္ခံစားေနရၿပီ သားရယ္!!"
ေနာက္ဆုံးမင္းခန္႔ထည္လည္းဒီအျဖစ္ေတြကိုဆက္မၾကည့္ႏိုင္ေတာ့တာေၾကာင့္ အခန္းထဲကေနထြက္လာခဲ့လိုက္သည္။
ျမင္ေတြ႕ရတဲ့ျမင္ကြင္းေတြကတကယ္ကိုပင္ရင္ထဲမေကာင္းလွေပ။
ပထမထပ္မွတတိယထပ္သို႔ျပန္လာခဲ့သည့္ေလွကားတြင္ သူ၏အေနာက္မွအနက္ေရာင္ပုံရိပ္တစ္ခုကအသံတိတ္တိုးထြက္လာခဲ့တာေၾကာင့္ မင္းခန္႔ထည္ဟာ သူ၏ေျခလွမ္းေတြကိုတုံ႔ခနဲရပ္ပစ္လိုက္သည္။
"ငါ့ေနာက္ကေနလိုက္လာရဲတဲ့အထိ ျဖစ္ေနၿပီဆိုေတာ့ ငါကအရင္လိုသိပ္ေၾကာက္စရာမေကာင္းေတာ့လို႔နဲ႔တူတယ္"
ထိုအခါအေမွာင္ထုထဲက အနက္ေရာင္အရိပ္ေလးကမဝံ့မရဲဆိုလာသည္။
"က်ေနာ္တို႔သတင္းၾကားၿပီးပါၿပီ။ေန႔ခင္းတုန္းကသခင္ေလးတစ္ခုခုမထိခိုက္သြားပါဘူးေနာ္"
"ခ်ီးကိုငါကထိခိုက္ရမွာလား?
ေန႔ခင္းတုန္းကဘယ္ေရာက္ေနၾကလို႔ညီကဒီေလာက္ထိျဖစ္သြားရတာလဲ!!"
မင္းခန္႔ထည္ကအံႀကိတ္ကာေဒါသသံတို႔စြက္လ်က္ဆိုလာေတာ့အေမွာင္ထုထဲကအနက္ေရာင္အရိပ္ေလးကဆတ္ခနဲတုန္ယင္သြားေလသည္။
"သခင္ေလးအျပစ္ေပးပါ"
"ငါအခုမင္းတို႔ေတြကိုသတ္ပစ္ခ်င္ေနတယ္ဆိုတာေတာ့ယုံလိုက္!!"
"...."
အနက္ေရာင္ပုံရိပ္ေလးကအသံမထြက္ရဲေတာ့တဲ့အခါ မင္းခန္႔ထည္ကမ်က္ဝန္းေထာင့္ကေနေလွကားအရိပ္က်ေနတဲ့အေမွာင္ရိပ္ဘက္ဆီေစာင္းၾကည့္လိုက္ရင္းအမိန္႔ေပးလာခဲ့သည္။
"ဒီတစ္ခါေတာ့ခြင့္လႊတ္ေပးလိုက္မယ္။
ေမသဒၵါဆိုတဲ့မိန္းကေလးကို ညီ႐ွိတဲ့ေက်ာင္းမွာဆက္ၿပီးေျခမခ်ႏိုင္ေအာင္ ခ်က္ခ်င္းစီစဥ္လိုက္ၿပီးေတာ့ ျဖဴစင္ေသာ္ရဲ႕အမႈကို အယူခံဝင္လို႔ရေအာင္လုပ္ေပးလိုက္။
ေန႔လည္ခင္းတုန္းကတာဝန္မေက်တဲ့ဟိုအေစာင့္ေတြအကုန္လုံးကိုေတာ့ အလုပ္ျဖဳတ္ပစ္လိုက္ !"
"သခင္ေလးအမိန္႔အတိုင္းပါ"
"ေနဦး ....ေနာက္ၿပီး ဒီအေၾကာင္းေတြကို ဒယ္ဒီမသိေစနဲ႔"
ဟုအဆုံးသတ္ဆိုၿပီးေနာက္ မင္းခန္႔ထည္ကေနာက္သို႔လွည့္ၾကည့္ျခင္းမ႐ွိဘဲ အေ႐ွ႕သို႔သာဆက္တက္သြားေလေတာ့သည္။မင္းခန္႔ထည္ရဲ႕ေနာက္ကြယ္ကပုံရိပ္ေလးကေတာ့ေလအလ်င္ႏွင့္ေပ်ာက္ကြယ္သြားေတာ့ေလ၏။
ထို႔ေနာက္မင္းခန္႔ထည္ကအျပစ္ကင္းစင္လြန္းေသာ မ်က္ႏွာေလးႏွင့္အခန္းထဲသို႔ျပန္ဝင္လာေလရာ
မင္းခန္႔ထည္ျပန္ဝင္လာျမင္ေတာ့႐ိႈင္းဆက္ယံက ေမးဆတ္ျပလ်က္ေမးလာသည္။
"သူအဆင္ေျပရဲ႕လား?"
"သူေသလုမတတ္ခံစားေနရတယ္။
က်ေနာ္လဲဆက္မၾကည့္ႏိုင္ေတာ့လို႔ျပန္လာခဲ့လိုက္တာ"
"အင္းေလ လူ႕ဘဝဆိုတာဒီလိုပါပဲ။ ငါကိုေဇကို ဒီညမင္းကိုပဲအပ္ခဲ့ေတာ့မယ္။ငါလုပ္စရာေလးတစ္ခု႐ွိေနေသးလို႔"
"ရပါတယ္ စိတ္ခ်ပါ။ေန႔ခင္းတုန္းကလိုမ်ိဳးမျဖစ္ေစရပါဘူး"
မင္းခန္႔ထည္ကယုံၾကည္ခ်က္႐ွိ႐ွိဆိုလာေတာ့႐ိႈင္းဆက္ယံက'ဟမ့္'ဆို၍ေလွာင္ရယ္သံတစ္ခ်က္ျပဳလာကာေနာက္မွီေပၚတင္ထားတဲ့အေပၚထပ္အက်ႌကိုေကာက္ယူလိုက္ရင္းဆက္ဆိုသည္။
"ေျပာတဲ့အတိုင္းျဖစ္ပါေစ။
ဒါနဲ႔ စိုင္းသီဟ roundလွည့္ဖို႔လာလိမ့္မယ္။ ကိုေဇတစ္ခုခုတုံ႔ျပန္ရင္လဲ စိုင္းသီဟကိုအရင္အေၾကာင္းၾကားလိုက္။"
"ဟုတ္ကဲ့ပါ"
မင္းခန္႔ထည္က႐ိႈင္းဆက္ယံေျပာသမွ်ကိုေခါင္းတၿငိမ့္ၿငိမ့္ႏွင့္လိမ္လိမ္မာမာနာခံေနသည္။ခုနကေလွကားနားမွာအထက္စီးဆန္ဆန္အာဏာသံတို႔နဲ႔အမိန္႔ေပးေနသည္မွာသူမဟုတ္သလိုပင္။
ထို႔ေၾကာင့္႐ိႈင္းဆက္ယံလည္းစိတ္ခ်စြာႏွင့္မင္းခန္႔ထည္အားအခန္းထဲတြင္ခ်န္ထားရစ္ခဲ့ကာ သူအိမ္ျပန္လာခဲ့သည္။
မင္းခန္႔ထည္ကပတ္တီးအျပည့္နဲ႔သူ႕ခ်စ္သူရဲ႕လက္ကေလးအားဆုပ္ကိုင္လိုက္ရင္း သူ႕ပါးနား၌ထိကပ္လိုက္ကာခပ္ဖြဖြဆိုသည္။
"ညီ မင္းေလးကိုတကယ္ဒီလိုမ်ိဳး ကိုယ္မျမင္ရက္ဘူး။အရမ္းနာက်င္ရတယ္ကြာ။
မင္းေလးအတြက္အဆူးအေျငာင့္မွန္သမွ်ကို ကိုယ္ကိုယ္တိုင္ဖယ္႐ွားပစ္မွာမို႔ မင္းေလးသာ ကို႔ေဘးနားကေန မထြက္သြားပါနဲ႔...ဟုတ္ၿပီလား ကေလး.."
ထိုသို႔ေရ႐ြတ္လိုက္ရင္း ႐ိႈင္းလက္ကေလးအားသူ၏ႏႈတ္ခမ္းထက္၌ေတ့ကာ နမ္း႐ႈပ္လိုက္သည္။
ခနၾကာေတာ့ စိုင္းသီဟကroundလွည့္ရင္းအခန္းဆီသို႔ဝင္လာခဲ့သည္။
႐ိႈင္းေဇယံေလးရဲ႕ေဘးနားမွာမင္းခန္႔ထည္ကခုတင္ေစာင္းသို႔ေခါင္းတစ္ဖက္တင္ကာအိပ္ေပ်ာ္ေန႐ွာတဲ့ထိုျမင္ကြင္းကသန္လ်င္ေဆး႐ုံမွာတုန္းကျမင္ကြင္းနဲ႔တစ္ထပ္တည္းတူေနတာမို႔ စိုင္းသီဟကေငြေရာင္ကိုင္းမ်က္မွန္ေလးကိုပင့္တင္လိိဳက္ရင္းႏူးညံ့စြာျပဳံးလိုက္သည္။
စိုင္းသီဟက ႐ိႈင္းေဇယံကို Checkupလုပ္ၿပီးတဲ့အထိ မင္းခန္႔ထည္ကႏိုးမလာေသးတာေၾကာင့္ သူလဲတစ္စုံတစ္ရာအသံျပဳမေနေတာ့ပဲ အခန္းထဲမွတိုးတိုးတိတ္တိတ္ျပန္ထြက္သြားခဲ့သည္။
သူအခန္းေ႐ွ႕ေရာက္ေတာ့ နံရံေထာင့္စြန္းကေနထြက္ျပဴလာတဲ့ရိပ္ခနဲပုံရိပ္တစ္ခုကကိုင္းမ်က္မွန္၏မွန္တစ္ဖက္ေပၚပုံရိပ္ထင္လာတာေၾကာင့္သူ အခန္းေ႐ွ႕၌အတန္ငယ္ရပ္ေနၿပီးမွငါးခူျပဳံးျပဳံးကာထြက္သြားေတာ့သည္။
'မင္းခန္႔ထည္ဆိုတဲ့မင္းက တကယ္စိတ္ဝင္စားဖို႔ေကာင္းတဲ့လူပဲ'
ေမ့ေဆးျပယ္သြားတဲ့အခါ အိပ္စက္ေနခဲ့တဲ့႐ိႈင္းေဇယံေလးအား အိမ္မက္ျမဴတို႔က ေန႔လည္ခင္းကျဖစ္ရပ္ဆီသို႔ျပန္လည္ေခၚေဆာင္သြားခဲ့ၾကသည္။
႐ိႈင္းရဲ႕မ်က္ႏွာေလးတစ္ခုလုံးမွာေခြၽးသီးေခြၽးေပါက္မ်ားနဲ႔႐ႊဲနစ္ခဲ့ေနၿပီး ခႏၶာကိုယ္မွာတဆတ္ဆတ္တုန္ယင္လာသည္။
"နင္သိတဲ့ မင္းခန္႔ထည္ဆိုတဲ့လူကနင္ထင္သေလာက္ မ႐ိုး႐ွင္းဘူး။သူလဲငါနဲ႔ဘာမွမျခားဘူး............"
"သူလဲမ်က္ႏွာဖုံးစြပ္ထားတဲ့မေကာင္းဆိုးဝါးတစ္ေကာင္ပဲ!"
မေကာင္းဆိုးဝါး ........... ကိုခန္႔ကအဲ့လိုလူမ်ိဳးမဟုတ္ဘူး.!!!!.......
႐ိႈင္းကလည္ေခ်ာင္းထဲ၌အသံေပ်ာက္ကြယ္လုနီးပါးေအာ္ေျပာလိုက္သည္။
"နင့္ကိုသူဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ တစ္ခ်ိန္က်သူနင့္ကိုနင္းေျခဆုတ္ၿဖဲခဲ့မွာပဲ။"
"ဟားဟားဟား နင္လဲတစ္ခ်ိန္က်စြန္ပစ္ခံရမွာ........."
မဟုတ္ဘူး ကိုခန္႔ကက်ေနာ္႕ကိုတအားခ်စ္တာ သူက်ေနာ္႕ကိုစြန္႔ပစ္မွာမဟုတ္ဘူး!!
သူ႕ရဲ႕မ်က္စိေ႐ွ႕ကအနက္ေရာင္ျမဴတို႔ဟာေန႔လည္ခင္းတုန္းကျဖဴစင္ေသာ္ကိုအသိစိတ္မဲ့စြာလည္ပင္းညႇစ္ေနခဲ့တဲ့မင္းခန္႔ထည္ရဲ႕ပုံရိပ္တို႔ကိုအတိအလင္းျပသလာခဲ့ကာခုတင္ေပၚက႐ိႈင္းေဇယံေလးမွာစတင္႐ုန္းကန္လာေတာ့ေလသည္။
ကိုခန္႔ကသူမကို .......သတ္ပစ္ေတာ့မယ္။
ကိုခန္႔က အမျဖဴစင္ေသာ္ရဲ႕လည္ပင္းကို မလႊတ္စတမ္းဖ်စ္ညႇစ္ထားတဲ့အခ်ိန္မွာ သူ႕ရဲ႕လည္ပင္းကပါ အသက္႐ွဴမရေလာက္ေအာင္မြန္းၾကပ္သထက္မြန္းၾကပ္လာခဲ့ေလတယ္။
ၿပီးေတာ့သူမကက်ေနာ္႕ကိုရယ္ျပေနတယ္။
တခ်ိန္က် က်ေနာ္လဲ သူမလိုျဖစ္မွာပဲဆိုၿပီး.......
သူ႕မ်က္စိေ႐ွ႕မွာတင္ သူမကမ်က္လုံး၂ဖက္ကိုေတာင္ေစ့မပိတ္ႏိုင္ဘဲ ၾကမ္းျပင္ေပၚသို႔ဘုတ္ခနဲလဲက်သြားေတာ့တယ္။သူမရဲ႕ ၿငိမ္သက္ခဲေသေနတဲ့မ်က္ဝန္းတစ္စုံကသူ႕ကိုမလြတ္တမ္းစိုက္ၾကည့္ေနခဲ့ကာသူ႕ကိုေက်ာခိုင္းရပ္ေနတဲ့ အႏွီလူသားကသူမကိုသတ္ပစ္ခဲ့ျခင္းေပ။
ကိုခန္႔က ေက်ာခိုင္းထားရာကေန ေသြးစြန္းေနတဲ့လက္တစ္စုံနဲ႔သူ႕ဆီျဖည္းျဖည္းခ်င္းေလွ်ာက္လွမ္းလာခဲ့ေလတယ္။
သူ က်ေနာ္႕ကိုလည္း သူမလိုပဲသတ္ပစ္ေတာ့မွာလား?
သူကက်ေနာ္႕ကိုေခၚေနခဲ့တယ္။
"ညီ~~~~"
ဟင့္အင္း မလာနဲ႔ ........
"ညီ ကို႔ဆီလာပါဦး~~~~~~ညီရယ္"
မလာပါနဲ႔ .... ေက်းဇူးျပဳၿပီး ခမ်ား က်ေနာ္႕ဆီမလာပါနဲ႔!!!!
"မေၾကာက္နဲ႔ေနာ္ ညီ ကိုယ္႐ွိတယ္ေလ။"
အဟင့္ ~~~~~~
႐ုတ္တရက္ထ႐ိႈက္လာေသာ႐ိႈင္းရဲ႕အသံေလးေၾကာင့္မင္းခန္႔ထည္အိပ္ေပ်ာ္ေနရာမွဆတ္ခနဲလန္႔ႏိုးလာခဲ့သည္။ သူႏိုးလာေတာ့ ႐ိႈင္းရဲ႕တစ္ကိုယ္လုံးကအဖ်ားတက္သလိုမ်ိဳးတုန္ယင္ေနၿပီး တကိုယ္လုံးလည္းေခြၽးေစးေတြနဲ႔စို႐ႊဲေန႐ွာေလသည္။
မင္းခန္႔ထည္က ႐ိႈင္းရဲ႕တုန္ယင္ေနေသာလက္ေတြကိုထိန္းကိုင္လိုက္ကာ ႐ိႈင္းကိုအိမ္မက္ဆိုးထဲကေန လႈပ္ႏိႈးရေတာ့သည္။
"ညီ သတိထားဦး ညီ မင္းေလးအခုအိမ္မက္ဆိုးမက္ေနတာ။
ထပါေတာ့ကြာ။ ညီ!!! ညီေရ"
ထိုအသံတို႔ေၾကာင့္႐ိႈင္းေဇယံရဲ႕ဦးေႏွာက္အတြင္း႐ွိအိမ္မက္လိႈင္းေလးက ျပတ္ေတာက္သြားကာ လန္႔ႏိုးလာခဲ့တဲ့အခ်ိန္မွာ ျမင္လိုက္ရေသာမ်က္ႏွာတစ္သြယ္ေၾကာင့္ သူပို၍ထိတ္လန္႔သြားခဲ့သည္။
"ညီ ႏိုးၿပီလား???"
မင္းခန္႔ထည္ကရီေဝေဝမ်က္ဝန္းေတြနဲ႔သူ႕အားေငးၾကည့္ေနတဲ့႐ိႈင္းေဇယံေလးထံသို႔သူ၏လက္မ်ားကိုလွမ္းလိုက္ေသာ္ေကာင္ေလးကေ႐ွာင္ဖယ္လိုက္ကာ ခုတင္ေထာင့္စြန္းသို႔ေၾကာက္႐ြံ႕ထိတ္လန္႔စြာျဖင့္တိုးကပ္သြားခဲ့သည္။ထိုျမင္ကြင္းက မင္းခန္႔ထည္ကို႐ုတ္တရက္ေၾကာင္အသြားေစေလသည္။
'သူ႕ကေလးေလးက ဘာျဖစ္ေနတာလဲ ?'
"ညီ .... ဘာျဖစ္လို႔လဲ?အိမ္မက္ဆိုးကအရမ္းေၾကာက္ဖို႔ေကာင္းလို႔လား?"
"..."
သူစိုးရိမ္စြာေမးလိုက္ေပမယ့္ေကာင္ေလးကျပန္မေျဖ။ထိတ္လန္႔မႈတို႔ျပည့္ႏွက္ေနေသာမ်က္ဝန္းတစ္စုံႏွင့္သာ သူ႕အားမလႈပ္မယွက္စိုက္ၾကည့္ေနခဲ့တာေၾကာင့္ သူ၏မ်က္ခုံး႐ိုးတို႔ကစုၾကဳံ႕သြားခဲ့သည္။
'စိတ္မၿငိမ္ေသးလို႔ျဖစ္မယ္ထင္တယ္.....'
သူထိုသို႔ေတြးလိုက္ရင္း စားပြဲေပၚ႐ွိဖန္ခြက္ေလးအားယူလိုက္ကာေရသန္႔စက္ထဲမွေရတို႔ကိုငဲ့ယူလိုက္ၿပီး ႐ိႈင္းဆီသို႔ကမ္းေပးလာသည္။
"ေသာက္လိုက္ေနာ္ ညီ။ ညီ စိတ္ေအးသြားရေအာင္"
သို႔ေသာ္ ႐ိႈင္းေဇယံကမင္းခန္႔ထည္ကမ္းေပးလာတဲ့ဖန္ခြက္ေလးအား သူ၏လက္ဖ်ားထိပ္တို႔ျဖင့္ခပ္ထုတ္လိုက္တာေၾကာင့္ ၾကည္လင္ေတာက္ပေသာဖန္ခြက္အသစ္ေလးကေအာက္ေျခကြန္ကရစ္ႏွင့္အားျပင္းျပင္းထိခတ္မိသြားေသာ္ မင္းခန္႔ထည္ရဲ႕မ်က္စိေ႐ွ႕မွာတင္အစိတ္စိတ္အႁမႊာႁမႊာျပန္႔က်ဲသြားေတာ့ေလသည္။
'ညီ....မင္းေလးဘာျဖစ္သြားတာလဲ?'
အခန္းထဲမွထိခတ္သံတို႔က အျပင္ဘက္ဆီသို႔က်ယ္ေလာင္စြာပ်ံ႕ႏွံ႔သြားဟန္တူသည္ အခန္းတံခါးက တိတ္တဆိတ္ဖြင့္ဟလာၿပီးေနာက္ အနက္ေရာင္ပုံရိပ္ေလးတစ္ခုက အခန္းေ႐ွ႕တြင္ေပၚထြက္လို႔လာေခ်၏။
အခန္းထဲကႏွစ္ဦးသားကေတာ့ ဆိတ္ၿငိမ္မႈႀကီးစြာစိုးမိုးေနလ်က္ တစ္ေယာက္ႏွင့္တစ္ေယာက္ မလႈပ္မယွက္ဘဲစိုက္ၾကည္္႕ေနရင္းမ်က္လုံးခ်င္းစကားေျပာေနသည္ကိုသာ ေတြ႕လိုက္ရေလသည္။
••••••••••••••••••••••••••••••••••••••••••••••••••
Love you all my readers ❤😘
••••••••••••••••••••••••••••••••••••••••••••••••••