Till My Last Day {နောက်ဆုံး...

By Jonquil__Mei

430K 24.3K 1.8K

(UNICODE//ZAWGYI) #🚨Abuse Type ပါနော်🚨# Mature Onပါ။🚨 ဒီ fic ထဲမှာပါတဲ့အကြောင်းအရာအားလုံးက MEI ရဲ့စိတ်ကူး... More

Chapter[1]
Chapter[2]
Chapter[4]
Chapter[5] 🚨🔞
Chapter[6]
Chapter[7]
Chapter[8]
Chapter[9]
Chapter[10] 🚨🔞🚨
Chapter[11]
Chapter[12]
💛Character introduction💛
💛Attention Please💛
Chapter[13]
Chapter[13] Zawgyi
Chapter[14]
Chapter[15]
Sorry
💛Zayy Bann💛
Chapter[16]
Chapter[17]
Chapter [18]
Chapter[19]
Chapter[20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
💛Announcement 💛
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29]
Chapter [30]
😭💛

Chapter[3]

14.4K 1K 21
By Jonquil__Mei

#UNICODE

"အင်း"

မှူးသခင်အိပ်နေရင်းကနေ ခါးကိုအနောက်ကနေတစ်စုံတစ်ယောက်ကတင်းကြပ်စွာဖက်ထားမှုကြောင့် နိုးလာရခြင်းဖြစ်တယ်။

မနေ့ညကမောင့်ရင်ခွင်ထဲမှာငိုရင်းနဲ့ပဲအိပ်ပျော်သွားတာအခုထိပဲ။မှူးဘယ်လိုအိပ်ပျော်သွားမှန်းလဲမသိဘူး။

မှူးရဲ့ခါးကိုတင်းကြပ်စွာဖက်ထားတဲ့မောင့်လက်ကိုအပေါ်ကနေပြန်ထပ်ကိုင်ပြီးမှူးရဲ့နောက်ကျောကမောင့်ကိုလှည့်ကြည့်လိုက်တယ်။

မှူးအတွက် မောင့်ရင်ခွင်ကနွေးထွေးတယ်။လုံခြုံတယ်လို့ခံစားရစေတယ်။

မောင်ကမှူးထက်အသက်ငယ်ပေမဲ့မှူးထက်အများကြီးတော်တယ်။ရင့်ကျက်တယ်။ဦးဆောင်နိုင်တဲ့အရည်အချင်းတွေရှိတယ်။

ကုမ္ပဏီကိုလည်းစနစ်တကျအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ပြဿနာတွေရှိလာရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းနိုင်တယ်။

ဒါကြောင့်မို့လို့လဲမောင်ကအချိန်တိုအတွင်းမှာအောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လာတယ်။

မှူးသခင် မင်းစေလိုရာအနောက်ကနေခါးကိုသိုင်းဖက်ထားတဲ့လက်ကိုအသာလေးဆွဲမပြီးကုတင်ပေါ်ကနေဖြေးဖြေးလေးဆင်းတယ်။

မှူးသခင်ကုတင်ကနေဆင်းပြီးရေချိုးခန်းကိုအရင်သွားတယ်။

ရေချိုးခန်းထဲကဘေစင်ဘေးနားမှာချိတ်ထားတဲ့ခွက်ထဲက မောင့်သွားတိုက်တံကိုအရင်ထုတ်ပြီးသွားတိုက်ဆေးထည့်ပေးပြီးဘေစင်ရဲ့ဘောင်ပေါ်မှာတင်ထားပေးလိုက်တယ်။

ပြီးမှမှူးသခင် မျက်နှာသစ်သွားတိုက်ပြီးမင်းစေလိုရာအတွက် မနက်စာပြင်ပေးဖို့အောက်ထပ်ကမီးဖိုဆောင်ကိုသွားတယ်။

မှူးသခင် မောင့်အတွက်ပဲပင်ပေါက်ဟင်းချိုကိုအရင်ချက်လိုက်တယ်။

ပြီးတော့မှပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီကိုပြင်ဆင်နေလိုက်တယ်။

//////////////

မင်းစေလိုရာ နိုးနိုးချင်းမူးဝေပြီးထိုးကိုက်လာတဲ့ခေါင်းကိုအသာဖိပြီး မျက်စိမှိတ်လျက်နဲ့ဘေးကနေရာလေးကိုလှမ်းစမ်းလိုက်တယ်။

ထိုနေရာလေးမှာမှူးရဲ့အငွေ့အသက်နွေးနွေးလေးကျန်နေသေးတယ်။

အနွေးဓာတ်နည်းနည်းကျန်သေးတယ်ဆိုတော့ကြည့်ရတာမှူးအိပ်ရာကနေထသွားတာမကြာလောက်သေးပုံရတယ်။

ညကအိမ်ကိုဘယ်လိုရောက်လာလဲပြန်စဉ်းစားကြည့်လိုက်တော့ခေါင်းပဲထိုးကိုက်လာပြီးဘာမှပြန်မမှတ်မိတော့ဘူး။

ထပ်မစဉ်းစားတော့ပဲ ထိုးကိုက်နေတဲ့ခေါင်းကိုကိုင်ပြီးမင်းစေလိုရာအိပ်ရာကနေရေချိုးခန်းကိုသွားဖို့မနည်းအားပြုပြီးသွားလိုက်ရတယ်။

ရေချိုးခန်းထဲရောက်တော့ အရင်ဆုံးမျက်နှာကိုရေများများနဲ့သစ်ချလိုက်တယ်။

အဲ့တော့မှနည်းနည်းလန်းသလိုခံစားရတယ်။

ဘေစင်ရဲ့ဘောင်ပေါ်မှာမှူးမနက်တိုင်းအမြဲအဆင်သင့်တင်ပေးထားတတ်တဲ့သွားပွတ်တံကိုယူပြီးတိုက်လိုက်တယ်။

ပြီးတဲ့နောက် မင်းစေလိုရာအောက်ထပ်ကိုဆင်းလာလိုက်တယ်။

မီးဖိုဆောင်မှာလှုပ်တုပ်လှုပ်တုပ်နဲ့မနက်စာပြင်နေတဲ့မှူးကိုတွေ့လိုက်တော့ မင်းစေလိုရာနှုတ်ခမ်းကွေးယုံမျှသာတစ်ချက်ပြုံးမိလိုက်တယ်။

"မောင် နိုးပြီလား။"

"အင်း"

မှူးသခင်အမေးကို မင်းစေလိုရာထိုင်ခုံတစ်လုံးဆွဲထုတ်ပြီးထိုင်လိုက်ရင်းနဲ့ဖြေလိုက်တယ်။

"မောင် ငါမောင့်အတွက်ပဲပင်ပေါက်ဟင်းချိုချက်ပေးထားတယ်သိလား။"

"အင်း"

ဂတ်စ်မီးဖိုပေါ်ကချက်ပြီးသားဟင်းချိုအိုးကိုမောင့်အနားယူလာပြီးစားပွဲပေါ်တင်ရင်းမေးလိုက်တယ်။

"မောင် အခုရောခေါင်းကိုက်နေသေးလား။"

"အင်း နည်းနည်း"

ဟင်းချိုချပြီးအသင့်ပြင်ထားတဲ့ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီကိုမှူးသခင် မင်းစေလိုရာဆီကိုထပ်ယူလာပေးတယ်။

"ဒီဟင်းချိုလေးအရင်သောက်လိုက် ပြီးမှ
ပေါင်မုန့်ကြက်ဥကြော်နဲ့ကော်ဖီကိုသောက်လိုက်နော်"

"အင်း"

*ညကတော့မောင့်ကိုဟိုမိန်းမနဲ့ဘယ်လိုတွေ့ဖြစ်မလဲ မေးမလို့ဒါပေမယ့် အဲ့ဒီမိန်းမရဲ့စကားထက် မောင့်ကိုယုံကြည်လို့မမေးတော့ပဲနေလိုက်တယ်။*

​////////////////

ဒီလိုနဲ့မောင်နဲ့အတူတူမနက်စာစားပြီးတော့မောင်ကကုမ္ပဏီသွားဖို့အတွက်ပြင်ဆင်ဖို့အပေါ်ထပ်ကိုပြန်တက်သွားတယ်။

မှူးကတော့ဆေးကြောစရာရှိတာတွေကိုဆေးကြောနေလိုက်တယ်။

တအောင့်လောက်နေတော့မောင်ကအပေါ်ထပ်ကနေဆင်းလာတယ်။

"မှူး မောင်သွားပြီ။"

အိမ်ရှေ့တံခါးဝကနေလှမ်းအော်တဲ့မောင့်ဆီကိုမှူးအမြန်သွားလိုက်ပြီးမောင့်ပါးကိုခြေဖျားလေးထောက်ပြီးတစ်ချက်လှမ်းနမ်းလိုက်တယ်။

"မောင် ဂရုစိုက်သွားအုံးနော်"

"အင်း သွားပြီ"

ခြံထဲကနေမောင့်ကားထွက်သွားတာကိုမှူးမြင်ကွင်းကနေပျောက်သွားတဲ့မြင်ကွင်းအထိရပ်ကြည့်နေလိုက်တယ်။

အိမ်ထဲပြန်ဝင်ဖို့အလုပ်မှာ ဒီနေ့ဒေါက်တာနဲ့ဆေးရုံမှာတွေ့ဖို့ဟိုနေ့ကချိန်းထားတာကိုသတိရသွားတယ်။

ဒါကြောင့်ဒေါက်တာကိုဆေးရုံမှာရှိမရှိအရင်လှမ်းဖုန်းဆက်ပြီးမေးလိုက်တယ်။

"Hello ဒီနေ့ဆေးရုံမှာဒေါက်တာသန့်စင်မင်းထိုင်လားမသိဘူး။"

".........."

"ဟုတ်ကဲ့ ဒါဆိုကျွန်တော့်ကိုမှူးသခင်ဆိုတဲ့နာမည်နဲ့တင်ပေးထားပါနော်"

"..........."

"ဟုတ်ကဲ့ ဘယ်အချိန်လောက်ကျွန်တော်လာရမလဲ။"

"..........."

"ဒါဆို မှူးသခင်နာမည်နဲ့နေ့လည် နာရီကိုဘိုကင်ရသွားပြီပေါ့နော်"

".........."

"ဟုတ်ကဲ့ ကျေးဇူးပါဗျ"

နေ့လည် နာရီမှာတွေမယ့်ဒေါက်တာသန့်စင်မင်းဆိုတာ OG ဆရာဝန်တစ်ယောက်ပါ။

မှူး ဒေါက်တာနဲ့တွေ့ဖို့ချိန်းတယ်ဆိုတဲ့အကြောင်းအရင်းကလည်း မောင့်အတွက် မှူးကိုယ်တိုင် မောင့်ကိုယ်ပွားလေးတွေမွေးပေးချင်လို့ပါ။

ဒီလိုအန္တရာယ်ရှိတဲ့လုပ်ရပ်မျိုးကိုမောင်မသိအောင်ခိုးလုပ်တယ်ဆိုတာကလည်း မောင့်ကိုချစ်လို့ပါ။

ပြီးတော့မောင့်ကိုမစိုးရိမ်စေချင်လို့။

*မကြာခင် ဒီနေရာကိုမောင့်ကိုယ်ပွားလေးရောက်လာတော့မယ်သိလားမောင်*

မှူးသခင် သူ့ဗိုက်ကိုသူပွတ်ပြီးပြုံးနေမိသည်။

//////////////

မင်းစေလိုရာတစ်မနက်ခင်းလုံး အလုပ်တွေတောက်လျှောက်လုပ်နေရပြီး အခုနေ့လည် Break Time အချိန်မှနားရတယ်။

မနက်ကမှူးချက်ပေးတဲ့ပဲပင်ပေါက်ဟင်းချိုကိုသောက်ပြီးကတည်းကခေါင်းနှောက်တာတွေမရှိတော့ပဲ တော်တော်သက်သာသွားတယ်။

မင်းစေလိုရာ Laptop နားကဖုန်းကိုကောက်ကိုင်လိုက်ပြီး မှူးသခင်ကိုဆက်လိုက်တယ်။

မင်းစေလိုရာ တောက်လျှောက်ဆက်တာဆက်နေတာ မှူးသခင်ဘက်လုံးဝမကိုင်တဲ့အပြင် ပြန်ပါမခေါ်လာတာကြောင့်မင်းစေလိုရာပေါက်ကွဲလာတော့သည်။

ဖုန်းဆက်လို့မရလို့စိတ်တိုနေတုန်း သုတနဲ့တွဲဖက်အလုပ်လုပ်တဲ့အတွင်းရေးမှူးမိန်းကလေး မူးလဲလို့ဆေးရုံပို့ရမယ်ဆိုပြီးသုတကလာပြောတယ်။

ဒါနဲ့မင်းစေလိုရာတစ်ယောက်ထွက်နေတယ့်ဒေါသတွေကိုပြန်ထိန်းပြီးသုတပြောတဲ့ဆေးရုံကိုသွားလိုက်ရတယ်။

////////////////
"ဒေါက်တာ ဒါဆိုဒေါက်တာပြောတဲ့ဆေးကိုပုံမှန်သောက်တာနဲ့ကျွန်တော်ကိုယ်ဝန်ဆောင်လို့ရပြီပေါ့"

"ဟုတ်တယ် ညီလေးမှာကမွေးရာပါသားအိမ်ပါနေတဲ့အတွက်ဒီဆေးကိုကျွန်တော်ပြောတဲ့အတိုင်းပုံမှန်သောက်ပေးမယ်ဆိုရင်အဆင်ပြေပြီ။"

"ဝမ်းသာလိုက်တာဒေါက်တာရယ် နောက်ဆုံးတော့ကျွန်တော်မောင့်အတွက်လုပ်ပေးနိုင်ပြီပေါ့"

"ဒါပေါ့ ညီလေးလုပ်နိုင်ပြီ ကိုယ့်ကျန်းမာရေးကိုကောင်းအောင်သေချာဂရုစိုက် ဒါမှကိုယ်ဝန်အတွက်အထောက်အကူဖြစ်မှာ"

"ဟုတ်ကဲ့ပါ ဒေါက်တာ သွားခွင့်ပြုပါအုံး"

မှူးသခင်အပျော်လွန်တဲ့စိတ်တွေနဲ့ဆေးကောင်တာဘက်ကဆေးတွေထုတ်ပြီးငွေရှင်းကောင်တာကိုအသွား ကြားလိုက်ရတဲ့အသံကြောင့်ဇောချွေးတွေပါချက်ချင်းထွက်လာတယ်။

"မှူးသခင်"

"မောင် မောင်ကဘယ်လိုလုပ်ပြီးဆေးရုံကိုရောက်လာတာလဲ။"

"မင်းကရော ဘာလို့ဒီရောက်နေတာလဲ"

မှူးသခင်ဆေးကောင်တာကထုတ်လာတဲ့ဆေးထည့်ထားတဲ့အိတ်ကိုအနောက်ကိုမြန်မြန်ဖွက်လိုက်တယ်။

"ဟို ဟိုငါက ငါကအသိတစ်ယောက်ဆေးရုံတက်နေရတယ်ဆိုလို့ လာကြည့်တာပါ။"

"နေပါဦး မင်းကို ငါတောက်လျှောက်ဖုန်းခေါ်နေတာဘာလို့မကိုင်တာလဲ ဟမ်"

" ဟုတ်လား။ငါ silent လုပ်မိထားလို့ထင်တယ်"

မင်းစေလိုရာ မှူးသခင်ကိုပြန်အော်ဖို့ပြင်နေတုန်းသုတ ရဲ့ကြားဖြတ်စကားကြောင့်မပြောဖြစ်လိုက်ဘူး။

" Sir ကုမ္ပဏီမှာ ဦးထွန်းထိပ်ကအရေးကြီးစည်းဝေးလုပ်ဖို့ဖုန်းဆက်လာတယ်"

"အေ ကောင်းပြီသွားမယ်"

သုတလည်းထွက်သွားရော မင်းစေလိုရာ မှူးသခင်ဘက်ကိုပြန်လှည့်လာပြီး

"မှူးသခင် မင်းအိမ်ရောက် မှဒီကိစ္စကိုပြန်ရှင်းဖို့ပြင်ထား"

"ဟုတ်ပါပြီ မောင်ရယ် မှူးကိုအပြစ်ပေးချင်ရင်အိမ်ရောက် မှပေးနော် အခုတော့သွားတော့လေ"

မှူးသခင် မင်းစေလိုရာထွက်သွားမှသက်ပြင်းချနိုင်တော့တယ်။

*တော်သေးတယ် မောင်မိတော့မလို့ မောင့်ကိုမသိစေချင်သေးဘူး မောင့်ကိုယ်ပွားလေးမှူးရဲ့ဗိုက်ထဲရောက်လာမှ မှူးပြောပြချင်လို့ပါ။*

ဒါနဲ့ငွေရှင်းကောင်တာမှာကျသမျှရှင်းပြီးပဲ မှူးသခင်အိမ်ကိုပြန်လာလိုက်တယ်။

-2 June 2020

A/N-ဖတ်ရတာအဆင်ပြေကြရဲ့လား💛
Mei ဒီအပိုင်းကိုပိစိလေးချိုပေးထားတယ်နော်🤧




#ZAWGYI

"အင္း"

မွူးသခင္အိပ္ေနရင္းကေန ခါးကိုအေနာက္ကေနတစ္စုံတစ္ေယာက္ကတင္းၾကပ္စြာဖက္ထားမွုေၾကာင့္ နိုးလာရျခင္းျဖစ္တယ္။

မေန႔ညကေမာင့္ရင္ခြင္ထဲမွာငိုရင္းနဲ႔ပဲအိပ္ေပ်ာ္သြားတာအခုထိပဲ။မွူးဘယ္လိုအိပ္ေပ်ာ္သြားမွန္းလဲမသိဘူး။

မွူးရဲ့ခါးကိုတင္းၾကပ္စြာဖတ္ထားတဲ့ေမာင့္လက္ကိုအေပၚကေနျပန္ထပ္ကိုင္ၿပီးမွူးရဲ့ေနာက္ေက်ာကေမာင့္ကိုလွည့္ၾကည့္လိုက္တယ္။

မွူးအတြက္ ေမာင့္ရင္ခြင္ကေႏြးေထြးတယ္။လုံျခဳံတယ္လို႔ခံစားရေစတယ္။

ေမာင္ကမွူးထက္အသက္ငယ္ေပမဲ့မွူးထက္အမ်ားႀကီးေတာ္တယ္။ရင့္က်က္တယ္။ဦးေဆာင္နိုင္တဲ့အရည္အခ်င္းေတြရွိတယ္။

ကုမၸဏီကိုလည္းစနစ္တက်အုပ္ခ်ဳပ္နိုင္တဲ့စြမ္းရည္ရွိတယ္။ျပႆနာေတြရွိလာရင္လည္းတည္တည္ၿငိမ္ၿငိမ္နဲ႔ေျဖရွင္းနိုင္တယ္။

ဒါေၾကာင့္မို႔လို႔လဲေမာင္ကအခ်ိန္တိုအတြင္းမွာေအာင္ျမင္တဲ့စီးပြားေရးသမားတစ္ေယာက္ျဖစ္လာတယ္။

မွူးသခင္ မင္းေစလိုရာအေနာက္ကေနခါးကိုသိုင္းဖက္ထားတဲ့လက္ကိုအသာေလးဆြဲမၿပီးကုတင္ေပၚကေနေျဖးေျဖးေလးဆင္းတယ္။

မွူးသခင္ကုတင္ကေနဆင္းၿပီးေရခ်ိဳးခန္းကိုအရင္သြားတယ္။

ေရခ်ိဳးခန္းထဲကေဘစင္ေဘးနားမွာခ်ိတ္ထားတဲ့ခြက္ထဲက ေမာင့္သြားတိုက္တံကိုအရင္ထုတ္ၿပီးသြားတိုက္ေဆးထည့္ေပးၿပီးေဘစင္ရဲ့ေဘာင္ေပၚမွာတင္ထားေပးလိုက္တယ္။

ၿပီးမွမွူးသခင္ မ်က္ႏွာသစ္သြားတိုက္ၿပီးမင္းေစလိုရာအတြက္ မနက္စာျပင္ေပးဖို႔ေအာက္ထပ္ကမီးဖိုေဆာင္ကိုသြားတယ္။

မွူးသခင္ ေမာင့္အတြက္ပဲပင္ေပါက္ဟင္းခ်ိဳကိုအရင္ခ်က္လိုက္တယ္။

ၿပီးေတာ့မွေပါင္မုန႔္ၾကက္ဥေၾကာ္နဲ႔ေကာ္ဖီကိုျပင္ဆင္ေနလိုက္တယ္။

//////////////

မင္းေစလိုရာ နိုးနိုးခ်င္းမူးေဝၿပီးထိုးကိုက္လာတဲ့ေခါင္းကိုအသာဖိၿပီး မ်က္စိမွိတ္လ်က္နဲ႔ေဘးကေနရာေလးကိုလွမ္းစမ္းလိုက္တယ္။

ထိုေနရာေလးမွာမွူးရဲ့အေငြ႕အသက္ေႏြးေႏြးေလးက်န္ေနေသးတယ္။

အေႏြးဓာတ္နည္းနည္းက်န္ေသးတယ္ဆိုေတာ့ၾကည့္ရတာမွူးအိပ္ရာကေနထသြားတာမၾကာေလာက္ေသးပုံရတယ္။

ညကအိမ္ကိုဘယ္လိုေရာက္လာလဲျပန္စဥ္းစားၾကည့္လိုက္ေတာ့ေခါင္းပဲထိုးကိုက္လာၿပီးဘာမွျပန္မမွတ္မိေတာ့ဘူး။

ထပ္မစဥ္းစားေတာ့ပဲ ထိုးကိုက္ေနတဲ့ေခါင္းကိုကိုင္ၿပီးမင္းေစလိုရာအိပ္ရာကေနေရခ်ိဳးခန္းကိုသြားဖို႔မနည္းအားျပဳၿပီးသြားလိုက္ရတယ္။

ေရခ်ိဳးခန္းထဲေရာက္ေတာ့ အရင္ဆုံးမ်က္ႏွာကိုေရမ်ားမ်ားနဲ႔သစ္ခ်လိုက္တယ္။

အဲ့ေတာ့မွနည္းနည္းလန္းသလိုခံစားရတယ္။

ေဘစင္ရဲ့ေဘာင္ေပၚမွာမွူးမနက္တိုင္းအျမဲအဆင္သင့္တင္ေပးထားတတ္တဲ့သြားပြတ္တံကိုယူၿပီးတိုက္လိုက္တယ္။

ၿပီးတဲ့ေနာက္ မင္းေစလိုရာေအာက္ထပ္ကိုဆင္းလာလိုက္တယ္။

မီးဖိုေဆာင္မွာလွုပ္တုပ္လွုပ္တုပ္နဲ႔မနက္စာျပင္ေနတဲ့မွူးကိုေတြ႕လိုက္ေတာ့ မင္းေစလိုရာႏွုတ္ခမ္းေကြးယုံမၽွသာတစ္ခ်က္ျပဳံးမိလိုက္တယ္။

"ေမာင္ နိုးၿပီလား။"

"အင္း"

မွူးသခင္အေမးကို မင္းေစလိုရာထိုင္ခုံတစ္လုံးဆြဲထုတ္ၿပီးထိုင္လိုက္ရင္းနဲ႔ေျဖလိုက္တယ္။

"ေမာင္ ငါေမာင့္အတြက္ပဲပင္ေပါက္ဟင္းခ်ိဳခ်က္ေပးထားတယ္သိလား။"

"အင္း"

ဂတ္စ္မီးဖိုေပၚကခ်က္ၿပီးသားဟင္းခ်ိဳအိုးကိုေမာင့္အနားယူလာၿပီးစားပြဲေပၚတင္ရင္းေမးလိုက္တယ္။

"ေမာင္ အခုေရာေခါင္းကိုက္ေနေသးလား။"

"အင္း နည္းနည္း"

ဟင္းခ်ိဳခ်ၿပီးအသင့္ျပင္ထားတဲ့ေပါင္မုန႔္ၾကက္ဥေၾကာ္နဲ႔ေကာ္ဖီကိုမွူးသခင္ မင္းေစလိုရာဆီကိုထပ္ယူလာေပးတယ္။

"ဒီဟင္းခ်ိဳေလးအရင္ေသာက္လိုက္ ၿပီးမွ
ေပါင္မုန႔္ၾကက္ဥေၾကာ္နဲ႔ေကာ္ဖီကိုေသာက္လိုက္ေနာ္"

"အင္း"

*ညကေတာ့ေမာင့္ကိုဟိုမိန္းမနဲ႔ဘယ္လိုေတြ႕ျဖစ္မလဲ ေမးမလို႔ဒါေပမယ့္ အဲ့ဒီမိန္းမရဲ႕စကားထက္ ေမာင့္ကိုယုံၾကည္လို႔မေမးေတာ့ပဲေနလိုက္တယ္။*

​////////////////

ဒီလိုနဲ႔ေမာင္နဲ႔အတူတူမနက္စာစားၿပီးေတာ့ေမာင္ကကုမၸဏီသြားဖို႔အတြက္ျပင္ဆင္ဖို႔အေပၚထပ္ကိုျပန္တက္သြားတယ္။

မွူးကေတာ့ေဆးေၾကာစရာရွိတာေတြကိုေဆးေၾကာေနလိုက္တယ္။

တေအာင့္ေလာက္ေနေတာ့ေမာင္ကအေပၚထပ္ကေနဆင္းလာတယ္။

"မွူး ေမာင္သြားၿပီ။"

အိမ္ေရွ႕တံခါးဝကေနလွမ္းေအာ္တဲ့ေမာင့္ဆီကိုမွူးအျမန္သြားလိုက္ျပီးေမာင့္ပါးကိုေျခဖ်ားေလးေထာက္ၿပီးတစ္ခ်က္လွမ္းနမ္းလိုက္တယ္။

"ေမာင္ ဂ႐ုစိုက္သြားအုံးေနာ္"

"အင္း သြားၿပီ"

ၿခံထဲကေနေမာင့္ကားထြက္သြားတာကိုမွူးျမင္ကြင္းကေနေပ်ာက္သြားတဲ့ျမင္ကြင္းအထိရပ္ၾကည့္ေနလိုက္တယ္။

အိမ္ထဲျပန္ဝင္ဖို႔အလုပ္မွာ ဒီေန႔ေဒါက္တာနဲ႔ေဆး႐ုံမွာေတြ႕ဖို႔ဟိုေန႔ကခ်ိန္းထားတာကိုသတိရသြားတယ္။

ဒါေၾကာင့္ေဒါက္တာကိုေဆး႐ုံမွာရွိမရွိအရင္လွမ္းဖုန္းဆက္ၿပီးေမးလိုက္တယ္။

"Hello ဒီေန႔ေဆး႐ုံမွာေဒါက္တာသန႔္စင္မင္းထိုင္လားမသိဘူး။"

".........."

"ဟုတ္ကဲ့ ဒါဆိုကၽြန္ေတာ့္ကိုမွူးသခင္ဆိုတဲ့နာမည္နဲ႔တင္ေပးထားပါေနာ္"

"..........."

"ဟုတ္ကဲ့ ဘယ္အခ်ိန္ေလာက္ကၽြန္ေတာ္လာရမလဲ။"

"..........."

"ဒါဆို မွူးသခင္နာမည္နဲ႔ေန႔လည္ နာရီကိုဘိုကင္ရသြားၿပီေပါ့ေနာ္"

".........."

"ဟုတ္ကဲ့ ေက်းဇူးပါဗ်"

ေန႔လည္ နာရီမွာေတြမယ့္ေဒါက္တာသန႔္စင္မင္းဆိုတာ OG ဆရာဝန္တစ္ေယာက္ပါ။

မွူး ေဒါက္တာနဲ႔ေတြ႕ဖို႔ခ်ိန္းတယ္ဆိုတဲ့အေၾကာင္းအရင္းကလည္း ေမာင့္အတြက္ မွူးကိုယ္တိုင္ ေမာင့္ကိုယ္ပြားေလးေတြေမြးေပးခ်င္လို႔ပါ။

ဒီလိုအႏၲရာယ္ရွိတဲ့လုပ္ရပ္မ်ိဳးကိုေမာင္မသိေအာင္ခိုးလုပ္တယ္ဆိုတာကလည္း ေမာင့္ကိုခ်စ္လို႔ပါ။

ၿပီးေတာ့ေမာင့္ကိုမစိုးရိမ္ေစခ်င္လို႔။

*မၾကာခင္ ဒီေနရာကိုေမာင့္ကိုယ္ပြားေလးေရာက္လာေတာ့မယ္သိလားေမာင္*

မွူးသခင္ သူ႔ဗိုက္ကိုသူပြတ္ၿပီးျပဳံးေနမိသည္။

//////////////

မင္းေစလိုရာတစ္မနက္ခင္းလုံး အလုပ္ေတြေတာက္ေလၽွာက္လုပ္ေနရၿပီး အခုေန႔လည္ Break Time အခ်ိန္မွနားရတယ္။

မနက္ကမွူးခ်က္ေပးတဲ့ပဲပင္ေပါက္ဟင္းခ်ိဳကိုေသာက္ၿပီးကတည္းကေခါင္းေႏွာက္တာေတြမရွိေတာ့ပဲ ေတာ္ေတာ္သက္သာသြားတယ္။

မင္းေစလိုရာ Laptop နားကဖုန္းကိုေကာက္ကိုင္လိုက္ၿပီး မွူးသခင္ကိုဆက္လိုက္တယ္။

မင္းေစလိုရာ ေတာက္ေလၽွာက္ဆက္တာဆက္ေနတာ မွူးသခင္ဘက္လုံးဝမကိုင္တဲ့အျပင္ ျပန္ပါမေခၚလာတာေၾကာင့္မင္းေစလိုရာေပါက္ကြဲလာေတာ့သည္။

ဖုန္းဆက္လို႔မရလို႔စိတ္တိုေနတုန္း သုတနဲ႔တြဲဖက္အလုပ္လုပ္တဲ့အတြင္းေရးမွူးမိန္းကေလး မူးလဲလို႔ေဆး႐ုံပို႔ရမယ္ဆိုၿပီးသုတကလာေျပာတယ္။

ဒါနဲ႔မင္းေစလိုရာတစ္ေယာက္ထြက္ေနတယ့္ေဒါသေတြကိုျပန္ထိန္းၿပီးသုတေျပာတဲ့ေဆး႐ုံကိုသြားလိုက္ရတယ္။

////////////////
"ေဒါက္တာ ဒါဆိုေဒါက္တာေျပာတဲ့ေဆးကိုပုံမွန္ေသာက္တာနဲ႔ကၽြန္ေတာ္ကိုယ္ဝန္ေဆာင္လို႔ရၿပီေပါ့"

"ဟုတ္တယ္ ညီေလးမွာကေမြးရာပါသားအိမ္ပါေနတဲ့အတြက္ဒီေဆးကိုကၽြန္ေတာ္ေျပာတဲ့အတိုင္းပုံမွန္ေသာက္ေပးမယ္ဆိုရင္အဆင္ေျပၿပီ။"

"ဝမ္းသာလိုက္တာေဒါက္တာရယ္ ေနာက္ဆုံးေတာ့ကၽြန္ေတာ္ေမာင့္အတြက္လုပ္ေပးနိုင္ၿပီေပါ့"

"ဒါေပါ့ ညီေလးလုပ္နိုင္ၿပီ ကိုယ့္က်န္းမာေရးကိုေကာင္းေအာင္ေသခ်ာဂ႐ုစိုက္ ဒါမွကိုယ္ဝန္အတြက္အေထာက္အကူျဖစ္မွာ"

"ဟုတ္ကဲ့ပါ ေဒါက္တာ သြားခြင့္ျပဳပါအုံး"

မွူးသခင္အေပ်ာ္လြန္တဲ့စိတ္ေတြနဲ႔ေဆးေကာင္တာဘက္ကေဆးေတြထုတ္ၿပီးေငြရွင္းေကာင္တာကိုအသြား ၾကားလိုက္ရတဲ့အသံေၾကာင့္ေဇာေခၽြးေတြပါခ်က္ခ်င္းထြက္လာတယ္။

"မွူးသခင္"

"ေမာင္ ေမာင္ကဘယ္လိုလုပ္ၿပီးေဆး႐ုံကိုေရာက္လာတာလဲ။"

"မင္းကေရာ ဘာလို႔ဒီေရာက္ေနတာလဲ"

မွူးသခင္ေဆးေကာင္တာကထုတ္လာတဲ့ေဆးထည့္ထားတဲ့အိတ္ကိုအေနာက္ကိုျမန္ျမန္ဖြက္လိုက္တယ္။

"ဟို ဟိုငါက ငါကအသိတစ္ေယာက္ေဆး႐ုံတက္ေနရတယ္ဆိုလို႔ လာၾကည့္တာပါ။"

"ေနပါဦး မင္းကို ငါေတာက္ေလၽွာက္ဖုန္းေခၚေနတာဘာလို႔မကိုင္တာလဲ ဟမ္"

" ဟုတ္လား။ငါ silent လုပ္မိထားလို႔ထင္တယ္"

မင္းေစလိုရာ မွူးသခင္ကိုျပန္ေအာ္ဖို႔ျပင္ေနတုန္းသုတ ရဲ့ၾကားျဖတ္စကားေၾကာင့္မေျပာျဖစ္လိုက္ဘူး။

" Sir ကုမၸဏီမွာ ဦးထြန္းထိပ္ကအေရးႀကီးစည္းေဝးလုပ္ဖို႔ဖုန္းဆက္လာတယ္"

"ေအ ေကာင္းၿပီသြားမယ္"

သုတလည္းထြက္သြားေရာ မင္းေစလိုရာ မွူးသခင္ဘက္ကိုျပန္လွည့္လာၿပီး

"မွူးသခင္ မင္းအိမ္ေရာက္ မွဒီကိစၥကိုျပန္ရွင္းဖို႔ျပင္ထား"

"ဟုတ္ပါၿပီ ေမာင္ရယ္ မွူးကိုအျပစ္ေပးခ်င္ရင္အိမ္ေရာက္ မွေပးေနာ္ အခုေတာ့သြားေတာ့ေလ"

မွူးသခင္ မင္းေစလိုရာထြက္သြားမွသက္ျပင္းခ်နိုင္ေတာ့တယ္။

*ေတာ္ေသးတယ္ ေမာင္မိေတာ့မလို႔ ေမာင့္ကိုမသိေစခ်င္ေသးဘူး ေမာင့္ကိုယ္ပြားေလးမွူးရဲ့ဗိုက္ထဲေရာက္လာမွ မွူးေျပာျပခ်င္လို႔ပါ။*

ဒါနဲ႔ေငြရွင္းေကာင္တာမွာက်သမၽွရွင္းၿပီးပဲ မွူးသခင္အိမ္ကိုျပန္လာလိုက္တယ္။

-2 June 2020

A/N-ဖတ္ရတာအဆင္ေျပၾကရဲ့လား💛
Mei ဒီအပိုင္းကိုပိစိေလးခ်ိဳေပးထားတယ္ေနာ္🤧

Continue Reading

You'll Also Like

1.1M 104K 41
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
378K 28.4K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
445K 14.9K 40
My back was pressed against the wall, and our faces were merely inches away. He gently placed a finger below my chin and tilted my face upward. I tri...
3.9M 161K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...