Heart Attacker ( Yizhan )

Von Graceshelby82

18.2K 809 107

ကျွန်တော့်ကို ချစ်တာလား ကျွန်တော့် နှလုံးသားကို ချစ်တာလား Xiao Zhan မင်းက မင်းဖြစ်နေလို့ကို မင်းကို ချစ်တယ် Y... Mehr

Chapter 1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9

Chapter 2

1.9K 101 13
Von Graceshelby82








Xiao Zhan Point of view







*******

သုံးလကြာပြီးနောက် ကျန်းယန်လီ ရဲ့ နှလုံးကို အစားထိုးပြီး အသက်ဆက်ရှင်လာတဲ့ ကျန်းဖုန်းမြင့်ရဲ့ မွေးစားသား Xiao Zhan တစ်ယောက် အတော်လေး နေပြန်ကောင်းလာပါပြီ

Xiao Zhan ဆိုတာ တခြားကလေးမဟုတ်
ကျန်းဖုန်းမြင့် သူငယ်ချင်း ရှောင်ဝူကျင်း နဲ့ ရှောင်မေ တို့ရဲ့သား Xiao Zhanလေး ငါးနှစ်သားကတည်းက သူ့မိဘ နှစ်ပါးလုံး Accident ကြောင့် သေဆုံးသွားပြီး ကားပေါ် အသက်ရှင်ကျန်နေခဲ့တဲ့ Xiao Zhanက ထိုမြင်ကွင်းကို မြင်ပြီး နှလုံးလန့်ပြီး မသေရုံတမယ် အသက်ရှင်ကျန်နေခဲ့တယ်

အသက်ရှင်နေခဲ့ပေမဲ့ နှလုံးကြီးပြီး နှလုံးသွေကြောကျဉ်းနေတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက ဆေးရုံ နဲ့ အိမ် မပြတ်ခဲ့ ။

ကျောင်းတက်နေတဲ့ တစ်လျောက်လုံးလည်း နှလုံးအားနည်းတဲ့ကလေးက နည်းနည်းဆို မေ့လဲဆေးရုံတင်တင်ထားရတယ် ။

ကျန်းဖုန်းမြင့်မှာ သမီးတစ်ယောက် သားတစ်ယောက်ရှိတယ် ။
ကျန်းယန်လီ နဲ့ ကျန်းချန်
သမီးက ဟိုကောင်လေးနောက်လိုက်ပြီး မကြာဘူးဆုံးသွားတယ် ။

ကံကောင်းထောက်မစွာ သမီး နှလုံးက မွေးစားသား နှလုံးနဲ့ တူနေခဲ့တာပါပဲ။အမြဲသေမင်းနှုတ်ခမ်းဝပေါ် လမ်းလျှောက်နေရတဲ့ သားအငယ် Xiao Zhan ကို သမီးနှလုံးနဲ့ ခက်ခက်ခဲခဲ ကယ်တင်လိုက်နိုင်ခဲ့တယ်။
နောက်ဆုံးအချိန်မှာမှ အစားထိုးကုသနိုင်ခဲ့တာမို့ Xiao Zhan အစားထိုးထားပေမဲ့ နှလုံးမူမမှန်သေးတာမို့ သောက်ဆေးတွေ အမြဲ ဆက်သောက်နေရမြဲပါပဲ

အသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းမို့ ကျန်းတစ်မိသားစုလုံး Xiao Zhan ကိုသားအရင်းချာပမာ ချစ်ကြတယ်
ကျန်းချန်ဟာဆိုရင် Xiao Zhan ကိုငယ်ကတည်းကအရမ်းချစ်ခဲ့သလို ခုလို ခက်ခက်ခဲခဲ အသက်ပြန်ရှင်လာတော့ Xiao Zhan ကို ပိုဂရုတစိုက်နေတယ်

Xiao Zhan Point of view

ကျွန်တော်အရင်က အသက်ရှင်ဖို့ ဆေးသောက်ရမှာတွေ အရမ်းငြီးငွေ့သလောက် ခု အချစ်ဆုံးကျဲကျဲက ဆုံးပြီး ကျဲကျဲနှလုံးသားက ကျွန်တော့်ရင်ဘတ်ထဲမှာ ။

ကျွန်တော်အသက်ရှင်နေတာက ကျဲကျဲနှလုံးသားရဲ့ ရှင်သန်ခြင်း တစ်မျိုးမို့ မသောက်ချင်တဲ့ ဆေးတွေကို ကျိတ်မှိတ်မျိုချ ဆေးသောက်မပြတ် အသက်ဆက်နေရတယ်

အရင် နှလုံးသားထက်ဆိုင်ရင် ကျဲကျဲနှလုံးသားက တကယ်ကျန်းမာတယ် အစားထိုးကုသပြီးနောက် အရင်လို နှလုံးရပ် မေ့မလဲတတ်တော့ ....။

( ကျန်းချန် Point of view )

အရင်က ပါးပါး စီးပွားရေးတွေ စိတ်မဝင်စားပေမဲ့ ခု ကျဲကျဲလည်းမရှိတော့ ကျန်းချန် ပါးပါး companyကို တစ်ဖက်တစ်လမ်းက ဦးစီးနေရပြီ
Xiao Zhan ကတော့ နှလုံးအစားထိုးပြီး တော်တော်လေး ထူထူထောင်ထောင်ဖြစ်လာပြီး နှလုံးအစားထိုးပြီးနောက် ပန်းဆိုင်လေး ဖွင့်ချင်တယ်ဆိုလို့ Company အနီးနားမှာပဲ ပန်းဆိုင်လေးဖွင့်ပေးထားတယ်
နဂိုက Xiao Zhan ကခပ်အေးအေး ပန်းချီဆွဲဖို့သာ ဝါဿနာပါတဲ့ ပန်းချီဆရာလေး
ကျဲကျဲ နှလုံးကို အစားထိုးပြီးနောက် Xiao Zhan သူ့နဂိုဝါသနာတွေ အပြင် ကျဲကျဲ ပန်းကြိုက်တတ်တာတွေပါ ကြိုက်လာတယ် တစ်ယောက်ထဲ ခရီးထွက်ရတာတွေ၊ စက်ဘီးစီးရတာတွေ ကျဲကျဲ ကြိုက်တတ်တာတွေတော်တော်များများ Xiao Zhan ကြိုက်တတ်လာတယ်

ကျဲကျဲမရှိတော့တာ အားလုံးက ဝမ်းနည်းနေပေမဲ့ ကျဲနှလုံးသားက Xiao Zhan ရင်ဘတ်ထဲမှာ ခုန်နေဆဲမို့ အရာရာကို ဖြေသိမ့်နိုင်ခဲ့တယ်
ပြီးတော့ Xiao Zhan က အရင်ကထက် ပိုလိမ်မာလာတယ် ဒါပေမဲ့ တစ်ယာက်ထဲ ခရီးသွားချင်တယ်ဆိုတဲ့ ကျဲကျဲဗီဇက Xiao Zhan နှလုံးမှာ ကပ်ပါလာပြီး ခရီးသွားခွင့် အမြဲ နားပူနာဆာလုပ်နေတတ်တယ်
လိုက်ပို့မယ်ဆိုတော့လည်းမရ တစ်ယောက်ထဲမှ တစ်ယောက်ထဲ ခရီးထွက်ချင်နေတယ်
နောက်ဆုံး တငိုငို တရယ်ရယ်လုပ်ပြနေလို့ မြို့ နဲ့ အနီးဆုံး Wuji ရေတံခွန်ဖက် နေ့ချင်းပြန်သွားဖို့ ခွင့်ပြုလိုက်ရတယ် ။

Weiterlesen

Das wird dir gefallen

21.9K 1.9K 66
ဖတ်ကြည့်နော်😉😉
17.8K 1.7K 18
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...
568K 35.2K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
21.2K 3.4K 25
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...