What if we're strangers

By mann0830

450K 36K 1.3K

You...My Familiar Stranger! Art : @Garou 💛 More

Publishing
One
Two
Three
Four
Five
Six
Seven
Eight
Nine
Ten
Eleven
Twelve
Thirteen
Fourteen
Fifteen
Sixteen
Seventeen
Eighteen
Nineteen
Twenty
Twenty-One
Twenty-Two
Twenty-Three
Twenty-Four
Twenty-Five
Twenty-Six
Twenty-Seven
Twenty-Eight
Twenty-Nine
Thirty
Thirty One
Thirty Two
Thirty Three
Thirty Four
Thirty Five
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23}
{24}
{25}
{26}
{27}
{28}
{29}
{30}
{31}
{32}
{33}
{34}
{35}
Epilogue (Zawgyi)

Epilogue

11.2K 597 27
By mann0830

မနက်ခင်းနေရောင်ခြည်နွေးနွေးက အိမ်ခန်းဆီဖြာကျနေသည်။ လေအဝှေ့တွင်ပါလာသည့် မြေသင်းနံ့က အနည်းငယ်ဟထားသည့်ပြတင်းတံခါးဆီမှ အခန်းတွင်း လွင့်ပျံ့လာ​၏။

"ဖယောင်းလေး ထတော့"

နှိုင်းဝေယံ​၏ နေ့စဉ်လုပ်ငန်းစဉ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် အခက်ခဲဆုံး တာဝန်တစ်ရပ်၊ ဖယောင်းဦးကို အိပ်ရာမှ နှိုးရခြင်းအမှု။

"နေဦး။ ခဏလေးပဲ"

လှုပ်နှိုးလာသည့်သူ့လက်ကို တွန်းဖယ်ရင်း တခြားဘက်သို့လှည့်သွားသည့် ဖယောင်းကို ကြည့်ရင်း ခေါင်းတခါခါသာလုပ်နိုင်တော့သည်။

"ဖယောင်း ထပါတော့ကွာ။ လိမ္မာပါတယ်"

သူ့အသံကြောင့် အပြေးအလွှားထကာ မျက်နှာ စူပုပ်ထားလေ​၏။

"ကဲ ရော့"

ရင်ဘတ်တည့်တည့်ဆီလွင့်ပျံလာသည့် ခေါင်းအုံးကြောင့် နှိုင်း"အင့်"ခနဲ ခံစားလိုက်ရသည်။ တစ်စက္ကန့်လောက်တော့ အသက်ရှုရပ်သွား​သည် ထင်ရ​၏။

"ဘဲကြီး ခင်ဗျား ဘာဖြစ်နေတာလဲ"

ဆူဆူတောင့်ဆောင့်ပြောလာသည့် ဖယောင်းဦး။

"ထတော့လေ ကလေးရဲ့။ ကိုယ်တို့ လုပ်စရာတွေရှိသေးတယ်လေ"

ဖယောင်းဦးကို ပြန်လည်ချစ်ရေးဆိုရန် အမည်ဖြင့် စစ်ဆင်ရေးက ယခုတိုင် မအောင်မြင်နိုင်သေး၍ နှိုင်းဝေယံ လုံးပန်းနေရသည်မို့ ရရှိသည့်အချိန်ကို မဖြုန်းလို။ ဒီ့ထက် အချိန်ဆွဲနေရလျှင် ကုမ္မဏ်ီိ​၏ ရှိရင်းစွဲ ရာထူးမှ ဖြုတ်ချခံရတော့မည်မှာ မိုးတွင်းတွင် မိုးရွာမည့်နှယ် ထင်ရှားနေပြီသာ။

"နားညီးလိုက်တာ။ အိပ်ပါရစေ။ အိပ်ပါရစေ။ အိပ်ရေးဝဝလေး အိပ်ပါရစေ။ တစ်ရက်လောက်လေးကိုပဲ အိပ်ရေးဝဝ ပေးအိပ်ပါတော့ လား ကိုနှိုင်းဝေယံရဲ့"

ဆူဆောင့်ကာ ပြောလာသည့် သနားစဖွယ် ငြီးတွားသံကြောင့် နှိုင်း ဆက်မပြောတော့။ တစ်ရက်တလေတော့ ဖယောင်း စိတ်တိုင်းကျ နေသင့်သည်မလား။ ရောဂါအခံဖြင့် မှတ်ဉာဏ်တို့ ပြန်လည်ရရှိဖို့ ကြိုးစားနေသည့်ကောင်လေးမလို့။

"အင်း အင်း။ ပြန်အိပ်လိုက်နော် ဖယောင်းလေး။ နေ့လည်စာ စားချိန်ကျ ကိုယ်လာနှိုးပေးမယ်"

ကျေနပ်သွားသည့်မျက်နှာကလေးနှင့် ခေါင်းအုံးကိုမျက်နှာအပ်ကာ တစ်ချိုးတည်း ပြန်အိပ်လေသည့် ဖယောင်းကြောင့် သူ ပြုံးလိုက်မိသည်။ နှစ်ဦးစလုံး​က လူပျိုဖော် မဝင်ခင်ကတည်းကပင် အတူရှိခဲ့ကြသူများဖြစ်သော်လည်း ဖယောင်း​၏ ဤကဲ့သို့ ကလေးဆန်ဆန် အပြုအမူများကို ယခုမှသာ သူ အသည်းတယားယား ကြုံတွေ့ဖူးရသည်။ မြတ်နိုးစွာ၊ အသည်းယားစွာဖြင့်။

"စောင်ခြုံဦး"

​ကိုယ်ပေါ်စောင်လေး လွှားခြုံပေးကာ အခန်းတံခါးပိတ်ပြီး အောက်ထပ်သို့သာ ဆင်းခဲ့လိုက်တော့သည်။

"ဟုတ်ကဲ့ ဦးလေး"

အတွင်းရေးမှူး ဦးလေးက ကုမ္မဏီရှိ တစ်နေ့တာ လုပ်ဆောင်မည့် စာရင်းဇယားများကို တင်ပြလာသည်။

" ဘယ်တော့ ရုံးပြန်တက်မလဲ သား"

"မသေချာသေးပါဘူး။ ဦးလေးရယ်။ ခုထိ ဖယောင်း အခြေအနေက တိုးတက်သေးတာဘူး"

"မင်း ဘယ်လိုလုပ်မယ် စဉ်းစားထားလဲ"

တစ်ဖက်ဖုန်း ဆီကဦးလေးအသံတို့က အားမလိုအားမရဖြစ်စွာထွက်ပေါ်လာသည်။

"သူအခြေအနေကောင်းမှ ကျွန်တော် စိတ်ချနိုင်မှာ ဦးလေး"

"ရှယ်ယာရှင် အစည်းအဝေးကနီးနေပြီိ။ အခုတောင် မင်းကို သိပ်အမြင်ကြည်ကြတော့တာမဟုတ်ဘူး နှိုင်း"

"ကျွန်တော်သိပါတယ်"

ဖခင်ဖြစ်သူ​၏ မျက်နှာဖြင့် ရာထူးပေးထားရသော်လည်း ကုမ္မဏီကလူများ သူ့ကို အမြင်မကြည်သည်ကိုတော့ နှိုင်းကောင်းကောင်းသဘောပေါက်ပါသည်။

"ဒီတိုင်းဆို အခြေအနေမကောင်းဘူး နှိုင်း"

ဝရံတာ​၏ မှန်တံခါးမှ တဆင့် ခြံဝန်းထဲသို့ သူငေးနေမိသည်။ မနက်မိုးစင်စင်လင်းနေပြီဖြစ်သည့်တိုင် မိုးရာသီ​၏ သဘာဝအရ အုံ့မှိုင်းနေလျှက်။ လေအဝှေ့တွင် သစ်ရွက်ကလေးများ လှုပ်ရှားသွားသည်။ ခြံထဲရှိ မြက်နုကလေးများလည်း ယိမ်းထိုးနေကြသည်။

သူကောင်းကင်ကိုမော့ကြည့်မိတော့ သည်းထန်လာတော့မည့် မိုး​၏ ရှေ့ပြေးအဖြစ် ခပ်ညစ်ညစ် တိမ်စိုင်ထုက တရွေ့ရွေ့ဖြင့် သူ့ခြံဝန်းပေါ် အုံ့မိုးလာသည်ကို မြင်ရသည်။

သူနဲ့ဖယောင်း​၏ အနာဂတ်။

ဤမိုးသားများကဲ့သို့ ယခုတိုင် မဲမှောင်နေဆဲ။ အကယ်၍ ဖယောင်းသူ့ကို တစ်သက်စာ မေ့လျော့သွားခဲ့လျှင်ဟူသော အတွေးတို့က ဆက်တွေးမိလျှင် ချောက်ကမ်းပါး နက်နက်ထဲ ပြုတ်ကျဖို့သာ ရှိတော့သည်မလား။

"ဘဲကြီး"

ခါးနောက်ဖက်ဆီမှ သိုင်းဖက်လာသည့် လက်တစ်စုံကြောင့် အတွေးတို့ တန့်ကာ သူအံ့ဩသွားရသည်။

"ဦးလေး ကျွန်တော် ပြန်ဆက်မယ်"

ဖုန်းကို ကပျာကယာချရင်း မျက်နှာချင်းဆိုင်မိသည့်တိုင် သူ့ခါးပေါ်မှ လက်တို့ကို မဖယ်ရှားသေး။

"ဘာလို့လဲ ဖယောင်း။ ဘာအဆင်မပြေလဲ။ ဘယ်သွားချင်လဲ။ ဘာစားချင်လို့လဲ။"

မှတ်ဉာဏ်ပျောက်ဆုံးပြီးနောက်တွင် အသားချင်းထိသည်ကိုပင် မနှစ်မြို့ဟန်ပြတတ်သော ဖယောင်းက ယခုအခါ ကလေးငယ်တစ်ယောက်လို ကပ်ချွဲလာသည်မို့ သူ ပူပန်စွာမေးမြန်းမိခြင်းဖြစ်တော့သည်။

"ဘဲကြီး"

"အင်း ပြောလေ"

"ခင်ဗျားက ငတုံး"

မဆီမဆိုင် ပြောချလိုက်သည့် စကားကြောင့် သူနားမလည်နိုင်ဖြစ်သွားရပြန်သည်။ ဒီနေ့မှ ဖယောင်းက အရင်နေ့တွေနဲ့မတူပဲ ထူးခြားနေသည်ကတော့ အမှန်ပင်။

"ဖယောင်းနေဦးလေ"

အားမလိုအားမရပြောရင်း စားပွဲဆီသို့ ဆူဆူဆောင့်ဆောင့်ထွက်သွားလေပြန်သော ထိုကောင်လေးရယ်ပါ။

"ဒေါ်ကြီး တို့ဟူးနွေး စားချင်တယ်"

"ဟယ်တော်။ သားက ကြိုပြောမထားတော့ ဒေါ်ကြီး မဝယ်ထားမိဘူး"

"တော်ပြီ။ မစားတော့ဘူး"

စားပွဲက ထထွက်ရန်ပြင်နေသည့် ဖယောင်း အမိအရ လက်လှမ်းဆွဲထားရပြန်​၏။

"ဖယောင်း တို့ဟူးနွေးစားချင်လို့လား။ ကိုယ်တို့စားနေကျဆိုင်မှာ သွားဝယ်ပေးမယ်လေ။ ခဏလေးစောင့်။ ရတယ်မလား"

ပြေလည်ရာ ပြေလည်ကြောင်း ညှိပေးပြန်သော်လည်း ဖယောင်းဦးက လက်သင့်မခံသည်မို့ နှိုင်း အတော်လေး စိတ်အိုက်နေမိသည်။

"ဘဲကြီး"

"အင်း ပြော။ ကိုယ်ဘာလုပ်ပေးရမလဲ"

ဆိုဖာခုံပေါ်ထိုင်ရင်း တွေးတွေးစစစကားစလေသော ဖယောင်းဦး။

"နဂိုတုန်းက ကျွန်တော် စိတ်ဆိုးရင် ခင်ဗျား ဘယ်လိုချော့လဲ"

မေးခွန်းသတ်သည်ဟုသာဆိုကြပါတော့။ ရင်းနှီးကျွမ်းဝင်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဖယောင်းကို သူချော့ရသည်မရှိဖူးခဲ့။ ဖယောင်းဦးက အမြဲ သည်းခံကာ သူ့ကိုဆို မျက်နှာမညိုးစေခဲ့သည့် ကောင်လေးမျိုး။ မှတ်မှတ်ရရ ချော့ရသည်ဟူ၍ Running Man အခွေများ ဝယ်ပေးဖူးသည်သာရှိလေသည်။

"အဲ့လိုတော့ မချော့ဖူးဘူး ဖယောင်းရဲ့"

"ခင်ဗျားပြောတော့ ချစ်သူတွေဆို ကျွန်တော်တို့က"

"အင်း"

သူ မလိမ်ညာလိုသည်မို့ "အင်း"သာချလိုက်ရ​၏။ ဖယောင်းဆက်မေးလာမည်ကိုဖြေရန်လည်း ကိုယ်တိုင်ပြင်ဆင်ထားလိုက်မိသည်။

"ဘဲကြီး"

"ပြော ဖယောင်း။ ကိုယ်နားထောင်နေတယ်"

"တကယ်လို့ ကျွန်တော် အတိတ်ကို လုံးဝ သတိမရတော့ဘူးဆို ခင်ဗျား ဘယ်လိုလုပ်မလဲ"

ရင်ထဲ ထိတ်ခနဲဖြစ်စေသည့် မေးခွန်း။ သည်တစ်လျှောက်လုံး ကိုယ်တိုင်မေးခွန်းပြန်ထုတ်ကာ အဖြေမရှိခဲ့သည့်မေးခွန်း။

"ကျွန်တော် တကယ် ပင်ပန်းနေပြီ။ ပြန်သတိမရချင်တော့ဘူး"

မျှော်လင့်ထားသည့်စကားက လက်တွေ့ကြားရပြန်တော့ လက်ခံဖို့ ခက်ခဲနေပြန်​၏။ သူတွေးနေမိသည်။ ဖယောင်းနှင့်အတူရှိစဉ် တာဝန်မကြေခဲ့မှုကြောင့် ယခုအခါ ပြန်လည် ပေးဆပ်နေရသည်ဟူ၍။

ဖယောင်းကို ချက်ချင်းပြန်မဖြေဘဲ သူ ငူငူငိုင်ငိုင်ထိုင်နေမိ​​၏။ ဤအခြေအနေကို တုံ့ပြန်ဖို့ရာ သူအမှန်ပင် အင်အားမရှိပါလေ။

"ဟင်"

ရုတ်တရက် ပါးပြင်ပေါ်ပူနွေးစွာ ကျရောက်လာသည့် အနမ်းလေးတစ်ပွင့်။

"ဖယောင်း"

ယောင်ယမ်းကာ ပါးကိုစမ်းမိတော့ ယခုတိုင် ရင်ထဲတသိမ့်သိမ့်ဖြင့် နွေးထွေးစွာ ခံစားမိနေဆဲ။ အခု ဖယောင်းသူ့ကို နမ်းလိုက်တာ။

" ဘာလို့လဲ ဖယောင်း"

"ငတုံး"

"နလပိန်းတုံး"

"လူကြီးဖြစ်ပြီး အသိဉာဏ်ကိုမရှိဘူး ခင်ဗျားက"

"ချီးပဲ"

မျက်စိရှေ့မှ အကောင်လေးဟာ လူကို မျိုးစုံ ကြိမ်ဆဲကာ အခဲမကြေသလို အားမရသလိုဖြစ်နေသော်လည်း ကိုယ်တိုင်တော့ အခုထိ နားမလည်နိုင်သေး။

"နှိုင်းဝေယံ"

"အင်း ဖယောင်း"

ယောင်ယမ်းကာ ထူးမိပြီးမှ သတိရသည်က ဖယောင်းက သူ့ကို နာမည်တပ်ခေါ်လိုက်သည်ကိုပင် ။

"ဖယောင်း မင်း"

"ရှူး ခဏလေး"

သိချင်စိတ်ကို မျိုသိပ်ရင်း ဖယောင်းပြောလာမဘ့်စကားတို့ကို နားစွင့်နေမိ​၏။

" ငါ မင်းနဲ့ ပတ်သက်ပြီး မှတ်မိတာ ဘာမှမရှိဘူး"

မျှော်လင့်ချက်တို့က သဲထဲရေသွန်ပါပဲ။

"မှတ်မိအောင်လည်း မကြိုးစားချင်တော့ဘူး"

ဖယောင်း ဘာကိုဆိုလိုချင်နေသနည်း။ သူမသိပါ။ သူ အနည်းငယ် ဝမ်းနည်းစပြုလာသည်။

"ဒါပေမဲ့ သေချာတာ တစ်ခုရှိတယ်"

"အင်း"

မျက်နှာလွှဲရန်ပြင်သည့်သူ့ကို ဖယောင်းက ညင်သာစွာတား​၏။

"ဟောဒီက။ ဟောဒီနေရာက မင်းကို မြင်တိုင်း တဒိန်းဒိန်းခုန်နေတာ"

ဝဲဘတ်ရင်အုံကို လက်ကလေးနှင့်ဖိကာ ပြောပြနေသည့် ဖယောင်းဦး။

"ပြီးတော့ နှိုင်းဝေယံ ဆိုတဲ့ နာမည်။ ငါ မသိလိုက်မိခင်တောင် တစ်ခုခုဆို အဲ့ဒီနာမည်ကို ခေါ်ပြီးသားဖြစ်နေတာ"

"ဖယောင်း"

"ပြီးတော့ ငါ တီလေးတို့နဲ့ ဘာလို့မလိုက်သွားလဲသိလား"

သူ ခေါင်းခါပြမိပါရဲ့။

"ငါ အလိုလိုသိနေတာ။ မင်းနဲ့ခွဲရရင် ငါက ငါမဟုတ်တော့ဘူးဖြစ်သွားမှာ။ အဲ့ဒါကြောင့်"

"ဖယောင်းရာ"

နွေးထွေးစွာ၊ ယုယစွာ၊ လွမ်းဆွတ်စွာ သိုင်းဖက်လိုက်မိတော့ အလိုက်သင့် ပြန်လည် ဖက်တွယ်လာသည့် ဖယောင်း။

"အတိတ်က အရေးမကြီးဘူး ဖယောင်း။ ဒီတိုင်း။ ကိုယ် မင်းနဲ့ အတူတူရှိနေရရင် အတိတ်က အရေးမကြီးတော့ဘူး။ အမှတ်တရတွေရှိခဲ့တယ်။ နှမြောတယ်။ ဒါပေမဲ့ အတူတူသာရှိနေရင် အမှတ်တရတွေက ပြန်ဖန်တီးလို့ရတာပဲကွာ"

ဘယ်လိုပင် အတိတ်မေ့နေသည်ဆိုပါစေဦး။ အမှတ်တရတွေဆိုတာ ပြန်ပြီး ဖန်တီးလို့ရနေတာပဲမလား။

"နားထောင် နှိုင်း"

သူ့ကို မျက်နှာချင်းဆိုင်စေပြန်သည်။ ဖယောင်းမျက်ရည်တို့ ဝဲနေသလို သူကိုယ်တိုင်လည်း ဝမ်းသာ ဝမ်းနည်းဖြစ်နေရပြီိမလား။

"သူစိမ်းတွေအနေနဲ့ ပြန်တွေ့ရရင်တောင် ငါက မင်းကိုပဲ အမြဲတမ်းရွေးမှာ"

"စိတ်ချ။ မင်းကို ဘယ်တော့မှ လက်မလျှော့ဘူး"

နှစ်ဦးသားပြိုင်တူ ပြုံးမိကြသည်။
ဝမ်းသာစွာ၊ ကြည်နူးစွာ၊ မြတ်နိုးစွာဖြင့်။

"ချစ်တယ်"

ဖယောင်းရဲ့နှလုံးသားဟာ သူ့အပေါ်စစ်မှန်ခဲ့သည်။ ချစ်ခြင်းမေတ္တာဟာ ဤကဲ့သို့နွေးထွေးမှုပေးသည်တဲ့။

ဤသည်မှာ ဖယောင်းအချစ်တွေကို မျက်ကွယ်ပြုခဲ့မိလို့ သူခံရတဲ့ပြစ်ဒဏ်ဆိုလည်း ရှိပါစေတော့။

တစ်နေ့နေ့။
ကံကောင်းမည့် တစ်နေ့နေ့တော့ ဖယောင်းဦး ပြန်လည် သတိရလာလိမ့်မည်။ သို့သော်လည်း ယခုအခါ ဤကိစ္စက အရေးမကြီးတော့ပါ။

နှစ်ဦးသား အိမ်မက်ကလေးကတော့ ရိုးစင်းသည်။

ဘယ်အချိန်၊ ဘယ်အခြေအနေဖြစ်ဖြစ်
နှစ်ဦးသား အတူရှိနေနိုင်ဖို့ဟူ၍ ။....။

သူစိမ်းတွေအဖြစ် ပြန်လည်ဆုံတွေ့ရရင်တောင်
ရွေးချယ်မှုတိုင်းက အစဉ်အမြဲ မင်း ဖြစ်နေမှာ။..

သူစိမ်းတွေအဖြစ် ပြန်တွေ့ရရင်တောင်
နှလုံးသားက မင်းကိုပဲ ရွေးချယ်နေဦးမှာတဲ့ ....

ရင်ခုန်သံတိုင်း မင်းရှိနေတာမို့
ထာဝရ အတူရှိသွားပါရစေ
အရင်းနှီးဆုံး သူစိမ်းလေးရေ ...



ပြီးပါပြီ။
September 04, 2020

----------------

ကျေးဇူးတင်လွှာ

၂၀၁၉၊ စက်တင်ဘာ (၁၄) ရက်နေ့မှာ စတင်ခဲ့တဲ့ ဇာတ်လမ်းလေးက တစ်နှစ်ပြည့်ဖို့ ဆယ့်ရက်အလိုမှာပဲ ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဒီ တစ်နှစ်အတွင်း မငြီးမငြူ လက်တွဲမဖြုတ်ဘဲ စောင့်နေပေးကြတဲ့၊ စိတ်ရှည်ပေးကြတဲ့ စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကို တကယ် ကျေးဇူးတင်မဆုံးပါ။ ဇာတ်လမ်းတစ်ပုဒ်ပြီးတာဟာ စာရေးသူတစ်ယောက်အတွက် မှတ်တိုင်တစ်ခုဆိုပေမဲ့ စာဖတ်သူတွေနဲ့ ခွဲခွာရတာကိုတော့ ဝမ်းနည်းမိပါရဲ့။

သတိရတိုင်း လာလည်ပါ။ မာန်ဆိုတာ စိတ်ရှိတိုင်း စာရေးနေမဲ့ လူတစ်ယောက်မလို့ "What if" အဖွဲ့သားတွေနဲ့တော့ ထပ်တွေ့ချင်ပါသေးတယ်။

ကြိုးစားနေပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ချစ်ရပါတယ် အဖွဲ့သားတို့။ အခုတော့ နှုတ်ဆက်ပါရစေ။ ထပ်တွေ့ချင်ပါသေးတယ်ရှင်💛

Continue Reading

You'll Also Like

7.4K 531 16
Bir kız vardı. Bütün acılara göğüs germişti. Yıllarca bir baba hasreti ile büyümüştü. Sevmişti, çok sevmişti. Bir gün babasının mezarındayken gerçek...
10.8K 351 35
He Is The Only One I Love The Most { Own Creation } သူသာလျှင် အချစ်ဆုံးပေမို့ (သူသာလျှင် အချစ်ဆုံးပေမို့) Start Date ..... 22.2.2022 End ..... 27.5.2...
575K 20.3K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
267K 13.5K 26
အိမ်ထောင်သည်ရဲ့အချစ်ဦး