စိတၱဇ၏ အပိုင္းအစမ်ား || စိတ္တ...

By OnyxAriezz

61.1K 7.7K 1.8K

ေဆာင္း႐ိုင္းဆိုတဲ့ ေကာင္ေလးက သူ႔ရဲ႕အေၾကာင္းကို အလွ်င္းသင့္သလို ေျပာျပတဲ့ One short ေလးေတြပါ။ ဆောင်းရိုင်းဆိုတ... More

မိတ္ဆက္
(1) ေဆာင္း႐ိုင္း
(2) ေစ့စပ္မေၾကာင္းလမ္းမွီ....
(3) ေစ့စပ္ေၾကာင္းလမ္းျခင္း
(4) Pre-wedding
(6) Dinner
(၇) မဂၤလာဦးည
(၈) Day 1
(၉) Day 2
(၁၀) Day 3
(၁၁) Day 4
(၁၂) Day 5
(၁၃) Day 6
(၁၄) Week 1
(၁၅) Day 8
(၁၆) Day 9
(၁၇) Day 10
(၁၈) Day 11
(၁၉) Day 12
(၂၀) ေဆးရံုထက္ဝယ္...
(၂၁) ခ်က္ျပဳတ္ျခင္း အႏုပညာ
(22)
(23)
(24)
(25)
(26) ေႏြစိမ္း ||နွေစိမ်း
ကျေးဇူးတင်လွှာ
Extra 1
Extra 2

(5) မဂၤလာေဆာင္

2.2K 306 56
By OnyxAriezz

မဂၤလာေဆာင္အေၾကာင္းေျပာရဦးမယ္။ နားေထာင္ခ်င္ၾကမလားေတာ့မေျပာတတ္ဘူး။

ေျပာရရင္ မဂၤလာေဆာင္ဆိုတာ မဂၤလာခန္းမဆိုတဲ့အခန္းမက်ယ္ႀကီးထဲ ေပ်ာ္ခ်င္စရာေကာင္းခ်င္ေယာင္ေဆာင္ၿပီး ျပံဳးေနျကရတာမ်ိဳး။ မဂၤလာစံုတြဲေတြကလည္း မဂၤလာစံုတြဲေတြ အေလွ်ာက္၊ မဂၤလာစံုတြဲေတြရဲ႕ ေဆြမ်ိဳးသားခ်င္းေတြကလည္း ေဆြမ်ိဳးသားခ်င္းေတြအေလွ်ာက္၊ ဧည့္သည္ေတြကလည္း ဧည့္သည္ေတြအေလွ်ာက္ မျပံဳးခ်င္လည္းျပံဳး၊ ျပံဳးခ်င္လည္း ျပံဳး။ မသိလည္းျပံဳး၊ သိလည္းျပံဳး။ သူငယ္ခ်င္းလည္းျပံဳး၊ ရည္းစားလုဘက္ခ်င္းလည္းျပံဳး၊ နားရင္းအုပ္ပစ္ခ်င္ေလာက္ေအာင္ ေ-ာက္ျမင္ကပ္လညး္ျပံဳး ျပံဳးျပေနရတဲ့ ပြဲမ်ိဳး။ အေတာ့္ကို ပင္ပန္းတာဗ်။ တစ္ခ်ိဳ႕ေတြလို ဟိုေနရာတစ္ပြဲ ဒီေနရာတစ္ပြဲနဲ႔။ ႏွစ္ပြဲသံုးပြဲေဆာင္တဲ့လူဆို ဘယ္ႏွယ့္ေနမယ္မသိဘူး။

ေနာက္ၿပီး စိတ္ညစ္စရာအေကာင္းဆံုးက မနက္အေစာႀကီးထၿပီး ျပင္ရဆင္ရတာ။ သိပ္စိတ္ပ်က္ဖို႔ေကာင္းတာပဲ။ က်ဳပ္တို႔ planner ကလည္း ဘယ္နဲ႔ေၾကာင့္ ၁၁ နာရီဆိုၿပီး မဂၤလာခန္းမကို Booking ခ်ိတ္လိုက္လည္းမသိဘူး။ သူလုပ္လို႔ က်ဳပ္တို႔ လက္မွတ္ထိုးမွာ automatic 9 နာရီျဖစ္သြားေရာ။ ဒါနဲ႔ပဲ က်ဳပ္မွာ မနက္ ၅ နာရီေလာက္ႀကီးထၿပီး ျပင္ရဆင္ရေတာ့ပဲ။ တသက္တကိုယ္ တခါမွ ၉ နာရီထက္ေစာမထဘူး။ ေက်ာင္းတုန္းကေတာင္ ဒုတိယစာသင္ခ်ိန္ဆိုမွ က်ဳပ္က အိပ္ရာထတာ။ အဲ့ဒါကို ၉ နာရီလက္မွတ္ထိုးမွာမို႔ မနက္ ၅ နာရီထရမယ္ဆိုေတာ့... အဓိဠာန္ဝင္ၿပီးသာ ဆုေတာင္းၾကေပေတာ့။

အဲ့ဒါနဲ႔ မိတ္ကပ္ဆရာက မနက္ ၄ နာရီခြဲႀကီးနာရီျကီး အခန္းတံခါးဝမွာ တဒုန္းဒုန္းလာထုၿပီး ႏိုးေလရဲ႕။ က်ဳပ္ကလည္း အိပ္ၿပီေဟ့ဆို ဘယ္လိုႏိုးႏိုး ႏိုးကို မႏိုးတာ။ ဒီၾကားထဲမေန႔ညက Bachelor Night လို႔ ေခါင္းစဥ္ထိုးၿပီး ေသာက္ၾကစားၾကနဲ႔ သန္းေခါင္ေက်ာ္ၿပီးမွ အိမ္ျပန္ေရာက္တယ္။ ေနာက္ဆံုး အဲ့ဒီ့မိတ္ကပ္ဆရာက ဟိုလူႀကီးကို မိတ္ကပ္ျပင္ေပးေနတဲ့ သူ႔ဆရာဆီဆက္။ သူ႔ဆရာကေန ဟိုလူႀကီးကိုေျပာ။ ဟိုလူႀကီးကေန က်ဳပ္အေဖကိုေခၚ။ က်ဳပ္အေဖကေနတဆင့္ က်ဳပ္အေမက ၾကားနဲ႔။ ေနာက္ဆံုး က်ဳပ္အခန္းထဲကို က်ဳပ္အေမနဲ႔ မိတ္ကပ္ဆရာေရာက္လာပါေလေရာ။

"ဟဲ့... အလတ္ေကာင္... ထစမ္း! ဒီေန႔ နင့္မဂၤလာေဆာင္ေနာ္။ ဘယ္လိုေတြမ်ားေတာင္ျဖစ္လို႔ ဒီေလာက္ႀကီး အိပ္ေနရတာတုန္း။ ဝိရိယေလးထားစမ္းပါဟဲ့။ ငါေတာ့ေလ ေႏြစိမ္းအစားရင္ေလးပါ့။"

"အာရား... ေမြးသမိခင္ကလည္းဗ်ာ။ ဘာလို႔အိပ္ရမွာလည္း အိပ္ေရးပ်က္လို႔ေပါ့ဗ်။ ညက ကၽြန္ေတာ့္ ေဘာ္ေဘာ္ေတြနဲ႔ Bachelor Night လုပ္တာ မိုးခ်ဳပ္တယ္ေလဗ်ာ။ အဲ့ဒီ လူႀကီးအတြက္ ရင္ေလးသပါ့ဆို ေမြးသမိခင္ပဲ တာဝန္ယူလိုက္ေတာ့။"

"ဟဲ့... မေအကို အဲ့ဒီလိုေျပာစရာလား။ ငနာေလး... ထစမ္း! အခု ထ!!"

ေမြးသမိခင္က စိတ္တိုတိုနဲ႔ ထေအာ္မွ က်ဳပ္လည္း မျဖစ္ေခ်ဘူးဆိုၿပီး ထၿပီး ေရခ်ိဳးခန္းထဲေျပး မ်က္ႏွာသစ္ေရမိုးခ်ိဳးရတယ္။ ဆက္ေနရင္ က်ဳပ္အေမရဲ႕ တိုက္ကြမ္ဒို ခါးပတ္နက္ထက္သာတဲ့ လက္သံေတြနဲ႔ မနက္စာပြဲေတာ္တည္ေနရဦးမယ္။ မျဖစ္ဘူး။

အဲ... ေရမိုးခ်ိဳးၿပီးလို႔ မိတ္ကပ္လိမ္းေတာ့ တခါ မိတ္ကပ္ဆရာနဲ႔ က်ဳပ္နဲ႔ ကြိဳင္ျပန္ေရာ။ ကြိဳင္ဆို က်ဳပ္ကို ခနဲ႔သလို ကႏြဲ႕ကလ်နဲ႔ လာေျပာတာကိုး။ ဘာတဲ့...

"ေမာင္ေလးရယ္ ေနာက္တခါဆို ဝိရိယထားၿပီးထေနာ္။ ဒါမွ ဒီထက္လွေအာင္လိမ္းလို႔ရမွာ" တဲ့။

ဘယ္ႏွယ့္ဗ်ာ။ သူမ်ားေတြ မဂၤလာေတာင္ခါနီးကို နိမိတ္မရွိနမာမရွိ။ ညက ေသာက္တာမ်ားသြားလို႔ အလိိုလိုေနရင္းက စိတ္ထဲဲမၾကည္တဲ့ဟာကို ဒင္းက အခ်ိဳးမေျပေလေတာ့ ၿပီးတာပဲ။ အဲ့ဒီမွာတင္ ဘာရမလဲေတြ ျဖစ္ကုန္တာေပါ့။

"ခင္ဗ်ား လင္ က်ဳပ္နဲ႔ ထပ္ညားမွပဲ ေစာေစာထေတာ့မယ္။ အခုေတာ့ အခ်ိန္ရသေလာက္လိမ္း။ ရသေလာက္လိမ္းဆိုလို႔ က်ဳပ္ကို ခင္ဗ်ား မ်က္ႏွာလိုမ်ိဳး ေက်ာက္႐ုပ္ကို အဂၤေတနဲ႔ မံထားသလိုႀကီး မလိမ္းနဲ႔ေနာ္။ ထူလပစ္နဲ႔။ ရြံစရာႀကီး။"

ဒင္းရဲ႕ မ်က္ႏွာႀကီးဆိုတာ မိတ္ကပ္ဘယ္ေလာက္ထူလဲဆိုတာ မဲ့ေတာင္မမဲ့ႏိုင္ရွာဘူး။ ေတာင့္ေတာင့္ႀကီး။ အံမယ္... ဒင္းကလည္း ပညာျပန္ျပတယ္ေနာ္။ က်ဳပ္ မ်က္ႏွာကို ေပါက္ကရေတြ လုပ္ေသးတာ။ ဘာမွ လုပ္မေနဘူး။ ဒင္းေရွ႕မွာတင္ မ်က္ႏွာသစ္ပစ္လိုက္တယ္။ က်ဳပ္လို သဘာဝတရားနဲ႔ လွတဲ့ အလွေလးအတြက္ မိတ္ကပ္ဆိုတာ မ်က္ႏွာဖံုးတခုလိုပဲဗ်။ ပိုျပီး႐ုပ္ဆိုးေအာင္လုပ္တဲ့အရာေတြေပါ့။ တခုေတာ့ရွိတယ္။ ႐ုပ္ဆိုးတဲ့လူေတြက်ျပန္ေတာ့ မိတ္ကပ္လိမ္းရင္ ၾကည့္ေကာင္းျပန္ေရာ။ အံ့ၾသစရာႀကီးဗ်ေနာ္။

အံမယ္... ဒင္းကလည္း ဘာျဖစ္ျဖစ္၊ ျဖစ္ခ်င္ရာျဖစ္ေပါ့ေလ။ ဒင္းနဲ႔မဆိုင္ဘူးဆိုတဲ့ အထာနဲ႔။ က်ဳပ္အေမက ထပ္လိမ္းေပးဖို႔ေျပာတာကိုေတာင္ ကလန္ကဆန္ေတြလုပ္တာ။

"ေနာင္ထပ္ထပ္လိမ္းမယ္ဆို ေနာက္တခါစာေပးရမွာ အန္တီရဲ႕။ professional ဆိုတာဒီလိုပဲ။"

"မင္းကသာ ကိုယ့္ကိုကိုယ္ professional ေျပာတာ။ အေစာက ငါ့သားကို လိမ္းေပးထားတာမ်ား သုဘရာဇာ အေလာင္းျပင္တာကေတာင္ သာလိမ့္ဦးမယ္။"

"ဒါဆိုလည္း သုဘရာဇာကိုသာ ေခၚလိမ္းခိုင္းပါ အန္တီရယ္။"

က်ဳပ္ရဲ႕ မယ္ေတာ္ေျပာတာနဲ႔ေတာင္ က်ဳပ္မွာ ေတာင့္ခ်င္သလိုျဖစ္ေနတာ။ ဆက္သာေျပာေနရင္ က်ဳပ္ အေခါင္းထဲ မဂၤလာဦးရေတာ့မလားပဲ။ ဒါေၾကာင့္ က်ဳပ္ အေမကို က်ဳပ္အျမန္တားလိုက္ရတယ္။

"ေမြးသမိခင္ ေျပာမေနနဲ႔ေတာ့။ ထပ္လိမ္းလည္း သူ႔မ်က္ႏွာႀကီးလိုပဲထြက္လာမွာ။"

က်ဳပ္လည္း ေအာ့ႏွလံုးနာေနတဲ့ ႐ုပ္နဲ႔ က်ဳပ္အေမကို တားလိုက္တယ္။ ဟုတ္တယ္ေလ။ ဒင္း ထပ္လိမ္းေပးလည္း က်ဳပ္မ်က္ႏွာ နဂိုေခ်ာေခ်ာကေန သူ႔မ်က္ႏွာလို ရြံစရာႀကီးျဖစ္သြားဖို႔ပဲရွိမွာပဲဟာ။

"အလိုေလးေတာ္႐ို႕။ ဒီက သူမ်ားလိမ္းေပးတာကို ခံခ်င္လြန္းလို႔မွ Booking လုပ္တဲ့လူ... "

က်ဳပ္လည္း သူရဲ႕ စီစီညံေနတဲ့အသံကို နားမခံသာလို႔ စကားျဖတ္ေျပာလိုက္ရတယ္။

"ခင္ဗ်ား လိမ္းလို႔ၿပီးၿပီမဟုတ္လား။ ၿပီးရင္ professional ပီပီလာရာလမ္းကို ပါးစပ္ပိတ္ၿပီး ႂကြေတာ့ဗ်ာ။ တကယ္တည္း အာရံုေတြေနာက္လိုက္တာ"

အဲ့ဒီေတာ့မွ ဒင္းက နႈတ္ခမ္းကို အန္ခ်င္စရာေကာင္းေလာက္ေအာင္ ေထာ္ျပၿပီး ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔ထြက္သြားေလရဲ႕။ က်ဳပ္အေမကေတာ့ စိတ္ရႈပ္သြားတယ္နဲ႔ တူတယ္ ေခါင္းတခါခါနဲ႔ ဘယ္ႏွယ့္ဟာကို ငွားထားသလဲေပါ့။ အလုပ္လုပ္တာ ျဖစ္ကလက္ဆန္းလုပ္တယ္ ဘာညာေပါ့ဗ်ာ။ ဆူဆူပူပူနဲ႔ အိမ္ျပန္သြားေရာဗ်။ အာရံုေတာ့ေတာ္ေနာက္တယ္ဗ်ာ။ ဒါေပမယ့္ အေမ့ေတာ့ ျပန္မေျပာရဲဘူး။ က်ဳပ္အေမလက္သံက တိုက္ကြမ္ဒိုခါးပတ္နက္ရထားတဲ့ က်ဳပ္နဲ႔ က်ဳပ္ညီေပါင္းေတာင္ မွီတာမဟုတ္ဘူး။ ဒီေတာ့ သူဘာေျပာေျပာ က်ဳပ္တို႔ ညီအစ္ကိုသံုးေယာက္လုံးက ၾကားခ်င္ေယာင္ေဆာင္ၿပီး နားထဲအဝင္ကို မခံဘူး။ "ၾကားခ်င္ေယာင္ေဆာင္"တာေနာ္။ "မၾကားခ်င္ေယာင္ေဆာင္"တာမဟုတ္ဘူး။ မၾကားခ်င္ေယာင္ေဆာင္ရင္ က်ဳပ္အေမလက္သံ ေဒါင္ေဒါင္လန္နဲ႔ ေသသြားလိမ့္မယ္။ ဒါေၾကာင့္ ၾကားခ်င္ေယာင္ေဆာင္ေနရတာ။

က်ဳပ္ကလည္း အေမအခန္းထဲက ထြက္တာနဲ႔ မနက္စာစားစရာရွိတာစားၿပီး မ်က္ႏွာကိုရွိတာေလး နည္းနည္းလိမ္းက်ံရေတာ့တာေပါ့။ တျခားေတာ့မဟုတ္ပါဘူး။ moisturizer ေလးလိမ္းၿပီး Eyeliner ေလးဆြဲေပါ့။ က်ဳပ္က ေခ်ာၿပီးခန္႔ၿပီးသားဆိုေတာ့ အဲ့ဒီေလာက္နဲ႔ကို ႐ုပ္ကေလးက ထင္းေနတာပဲ။ ၿပီးေတာ့ တိတိရိရိနဲ႔ ပံုက်က်ေလး ညႇပ္ထားတဲ့ ဆံပင္ကို ဂ်ယ္ေလးနဲနဲလိမ္းၿပီး သပ္တင္လိုက္တယ္ေလ။ မွန္မွာၾကည့္လိုက္ေတာ့ ကိုယ့္ကိုကိုယ္ေတာင္ ေႂကြက်ေျမခခ်င္သြားတယ္။ ဒီေလာက္ဆို ေတာ္သင့္ၿပီ။ ေတာ္ၾကာ က်ဳပ္က အရမ္းေခ်ာ၊အရမ္းလွေနရင္ ဟိုလူႀကီး ႐ုပ္ဆိုးတာေတြကို Highlight တင္ရံုေတာင္မဟုတ္ဘူး underline ပါ တားထားသလိုပါျဖစ္ေနဦးမယ္။

႐ူပကာကို အေရာင္တင္ၿပီးသြားတာနဲ႔ မဂၤလာဝတ္စံု Suit အျဖဴေလးကိုဝတ္လိုက္တယ္။ ေနာက္ၿပီး ကိုယ့္ကိုကိုယ္ ဖင္ျပန္ေခါင္းျပန္ၾကည့္ေပါ့ဗ်ာ။ ေျပာလို႔ေျပာတာမဟုတ္ဘူး။ က်ဳပ္မွာ ကိုယ့္ကိုယ္ကိုယ္ၾကည့္ၿပီး ႏွေျမာေတာင္ ႏွေျမာမိသြားတယ္ဗ်ာ။ က်ဳပ္ကို ျမင္တဲ့ အပ်ိဳမေလးေတြလည္း ႏွေျမာမွာဗ်။ ဒီလိုအေခ်ာအလွတစ္ေယာက္က ေယာက္်ားယူသြားၿပီဆိုတာ အမ်ိဳးသမီးထုႀကီးအတြအတြက္ ဆုံးရွုံးမႈတရပ္မဟုတ္လား။

"ဒီ..... ဒီ......"

က်ဳပ္ကိုယ္က်ဳပ္ ၾကည့္လို႔လည္းဝေရာ ဟိုလူႀကီးက ဖုန္းေခၚလာေရာ။

"ဟဲလို... ခ်ာတိတ္။ ငါ တရားရံုးသြားေနၿပီေနာ္။ မင္း ဘယ္မွာလဲ။"

"ငွဲ႕... ဘိုးေတာ္ အေစာႀကီး.... အာ... အာ... မေစာေတာ့ဘူးဟ"

က်ဳပ္လည္း သူေျပာမွ အခ်ိန္ၾကည့္မိတယ္။ ၈ နာရီေတာင္ထိုးၿပီ။ ဘယ္တုန္းက ထိုးသြားမွန္းကို မသိတာ။ က်ဳပ္ေနတဲ့ ေနရာနဲ႔ တရားရံုးဆိုတာ သိပ္မေဝးေပမယ့္ ကားပိတ္တာနဲ႔ဆို တစ္နာရီအသာေလး ေမာင္းရတာမ်ိဳး။

"ငါထင္တယ္။ ဖုန္းေခၚမိလို႔သာ ေတာ္ေသးတယ္။ အခုထြက္ခဲ့ေတာ့။"

"အင္းပါဗ်ာ။ လာပါၿပီ။"

က်ဳပ္လည္းဖုန္းခ်ၿပီးတာနဲ႔ ကိုယ့္ကားကိုယ္ေမာင္းၿပီးထြက္ခဲ့တယ္။ သူမ်ားေတြကေတာ့ မဂၤလာဧည့္ခံပြဲမလုပ္ခင္မွာ လက္မွတ္ထိုး။ ၿပီးတာနဲ႔အတူေန။ ဒီေတာ့ ကားစီစဥ္ရတာ အဆင္ေျပတာေပါ့။ က်ဳပ္တို႔က တေယာက္တေနရာ ေနတာကို။ ဗုဒၶဘာသာ ျမန္မာ့ယဥ္ေက်းမႈကို လိုက္နာက်င့္သုံးလို႔ေတာ့မဟုတ္ဘူး။ အေပါင္းအသင္းေတြနဲ႔ နည္းနည္းေလး ကဲခ်ိန္ပိုရေအာင္လို႔ က်ဳပ္က တရားဝင္မျဖစ္မခ်င္း အတူမေနဘူး ဘာညာေျပာၿပီး အတူမေနတာ။

ဟိုေရာက္ေတာ့ မွီတယ္ဆိုရံုေလး။ အမယ္... အဲ့ဒီလူႀကီးက Suit အနက္နဲ႔ မိမိုက္ေနေရာ။ အဲ... သူလည္း မ်က္ႏွာမိတ္ကပ္မရွိဘူးဗ်။ ၾကည့္ရတာ စိတ္ေပါက္ေပါက္နဲ႔ ဖ်က္ပစ္ခဲ့ပံုပဲ။ ဒါေပမယ့္ လံုးဝကို Handsome type ႀကီးေနာ္။ ဒီလိုက်ေတာ့လည္း က်ဳပ္နဲ႔ လိုက္ဖက္ေနေရာ။ အဟက္...

ဒီလိုနဲ႔ ႏွစ္ေယာက္သား အသိမိတ္ေဆြေတြ၊ ႏွစ္ဖက္မိဘေတြ၊ ဓါတ္ပံုဆရာေတြေရွ႕မွာ လက္မွတ္ထိုး။ ၿပီးတာနဲ႔ ဟိုလူႀကီးလက္ေမာင္းကို ပိုင္စိုးပိုင္နင္းနဲ႔ ကိုင္ၿပီးတရားရံုးထဲက ထြက္မလို႔ၾကံတုန္းရွိေသးတယ္ planner က က်ဳပ္ဆီဖုန္းေခၚပါေရာ။ ၾကားရတဲ့ သတင္းက မဂၤလာပြဲနဲ႔ လံုးဝကို အပ္စပ္ေနတာမ်ား က်ဳပ္တို႔ကို လာႀကိဳမယ့္ Limousin က accident ျဖစ္လို႔တဲ့ေလ။

က်ဳပ္တို႔ plan ဆြဲထားတဲ့အထဲမွာ က်ဳပ္တို႔ႏွစ္ေယာက္က တရားရံုးက ဆင္းတာနဲ႔ က်ဳပ္တို႔ကို လာၿပိဳဖို႔ ငွားထားတဲ့ Limousin ႀကီးနဲ႔ က်ဳပ္ႏွစ္ေယာက္ တရားရံုးကေန မဂၤလာခန္းမကို သြားမယ္ေပါ့။ အခုေတာ့ က်ဳပ္တို႔ ချမာ ကိုယ့္အစီစဥ္နဲ႔ကိုယ္မို႔ သူ႔ကားကို သူ႔အသိတစ္ေယာက္ကို ေပးေမာင္း၊ က်ဳပ္ရဲ႕ၿပိဳင္ကားကို ႏွစ္ေယာက္သားစီးၿပီး မဂၤလာခန္းမဆီ သြားရေတာ့တာပဲ။ ဒါေပမယ့္ ဟန္ေတာ့ မပ်က္လိုက္ပါဘူး။

ဟိုေရာက္ေတာ့ အရံေတြ ပန္းႀကဲ လက္စြပ္ကိုင္ေတြက ဟန္ေရးတျပျပ ဖင္တႂကြႂကြျဖစ္ေနၿပီ။ က်ဳပ္တို႔က ေလွ်ာက္လမ္းကို အတူတူထြက္မွာေလ။ ဒီေတာ့ က်ဳပ္တို႔ႏွစ္ေယာက္လည္း အဝတ္လဲခန္းထဲဝင္ ေတာင္ရွည္ပုဆိုးေရႊေရာင္ကိုလဲ။ စိန္ၾကယ္သီးေတြပါတဲ့ တိုက္ပံုအဝတ္ေဖ်ာ့ေလးဝတ္၊ ေခါင္းေပါင္းအဝါေဖ်ာ့ေလးေဆာင္းေပါ့။ ဘာရယ္? "ဝတ္တတ္တယ္ေပါ့။ ေတာ္လိုက္တာ။" ဟုတ္လား? ဘယ္ကလာၿပီး ကိုယ္တိုင္ဝတ္ရမွာတုန္း။ ဒီဇိုင္းနာေတြက ကူဝတ္ေပးရတာေပါ့။ ကိုယ္ဟာကိုဝတ္ရင္ အဲ့ဒီ့ေတာင္ရွည္ပုဆိုးႀကီးနဲ႔ ဇြဲျကိဳးေတာင္ ခ်မိသြားဦးမယ္။

အခန္းထဲက ထြက္လာေတာ့ ဘိုးေတာ္က အသင့္ပဲ။ ေျပာလို႔ေျပာတာ မဟုတ္ဘူး က်ဳပ္ခင္ပြန္းေလာင္းႀကီးက ဒီလိုျမန္မာဝတ္စံုနဲ႔က်ေတာ့လည္း ခန္႔ညားေနေရာ။ က်ဳပ္ကို မမွီေပမယ့္ေပါ့ေလ။

ေနာက္ေတာ့ ႏွစ္ဦးသား ေလွ်ာက္လမ္းထြက္ဖို႔ Rehearsal ကအတိုင္း ကပ်ာကယာတန္းစီေပါ့။ တကယ့္ပြဲမတိုင္ခင္ rehearsal လုပ္ရတာဆိုေတာ့ သိပ္ေတာ့ မစိုးရိမ္မိဘူး။ ေနာက္ၿပီး မေတာ္တဆမွားလည္း က်ဳပ္ကေတာ့ I don't care ပဲ။ လူပဲဗ်ာ အမွားရွိမွာေပါ့။ တခါခါ အမွားဆိုတာ ပိုအမွတ္ရေစတာမ်ိဳး။ ေနာင္တခ်ိန္ ဒီအမွားကို ျပန္သတိရရင္ မ႐ူႏိုင္မကယ္ႏိုင္ မျဖစ္ရင္ ၿပီးတာပဲေကာ။ ဟုတ္တယ္မဟုတ္လား။

အဲ့ဒါနဲ႔ အေရွ႕က MC က ေလွ်ာက္လမ္းေပၚမွာ ေလွ်ာက္လာခဲ့ဖို႔ စာသံေပသံနဲ႔ အခါေတာ္ေပးေပါ့ေလ။ အဲဒီေတာ့မွ က်ဳပ္တို႔ေတြ အုပ္လိုက္ႀကီးထြက္ရေတာ့တာပဲ။ ပန္းႀကဲ သူ႔ညီမက ထားလံုေမက ေရွ႕က။ စံပယ္ပန္းကံုးကိုင္တဲ့ သူ႔ညီမ နဒီထိပ္က ေနာက္က။ ေနာက္.... လက္စြပ္ကိုင္တဲ့ သူ႔တူ ဝမ္းကြဲေလး။ ၿပီးေတာ့ အရံလုပ္တဲ့ က်ဳပ္ညီအတြဲ။ သူတို႔ေနာက္က သူ႔ သူငယ္ခ်င္းနဲ႔ က်ဳပ္သူငယ္ခ်င္းတြဲတဲ့အတြဲ။

တကယ္ဆို သူညီမႏွစ္ေယာက္က သတို႔သမီးအရံလုပ္မလို႔တဲ့။ တခ်ိဳ႕က သတို႔သားခ်ည္းပဲရွိတဲ့ မဂၤလာစံုတြဲေပမယ့္ သူငယ္ခ်င္းမေတြကို သတို႔သမီးအရံလုပ္ခိုင္းတယ္ေလ။ က်ဳပ္က ဂ႐ုစိုက္လို႔မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔အရံလုပ္ရင္ က်ဳပ္ အစ္ကိုနဲ႔ ညီနဲ႔တြဲေပးမွ ဘက္ညီမွာေလ။ ျဖစ္ခ်င္ေတာ့ က်ဳပ္အစ္ကိုက လင္ရၿပီးသား။ သူ႔လင္က က်ဳပ္အစ္ကိုကို သူ႔ဥထားတဲ့ ဥလို ဝပ္ထားတာ။ သူကလြဲလို႔ က်ဳပ္အစ္ကိုကို အနားအသီခံတာေတာင္မဟုတ္ဘူး။ အဲ့ဒီေတာ့ က်ဳပ္ညီဘက္လွည့္လာေရာ။ က်ဳပ္က က်ဳပ္ညီနဲ႔ သူ႔ေကာင္ေလးကို ဟိုႏွစ္ေယာက္နဲ႔တြဲခိုင္းမယ္ေပါ့။ အဲ.... ေျပာရဦးမယ္။ က်ဳပ္ညီက သူ႔ Babyကိုကို ကို တိုတာမ်ား က်ဳပ္ေယာက္ဖထက္ဆိုးတယ္။ သူ႔ဟာေလးကို ထိဖို႔မေျပာနဲ႔ အၾကည့္နဲ႔ ၾကည့္မိရင္ေတာင္ ပြဲရွာခ်င္တာမ်ိဳး။ အဲ့ဒီေတာ့ NO မွ NO အႀကီးႀကီးေပါ့။ သူ႔ Baby ကိုကို သူနဲ႔မွမဟုတ္ရင္ အရံမလုပ္ရဘူးတဲ့ေလ။ သူလည္း သူ႔ Baby ကိုကိုနဲ႔မွ မဟုတ္ရင္ အရံမလုပ္ဘူးတဲ့။ ေတာ္ၾကာ သူ တစ္ေယာက္တည္း အရံလုပ္ရင္ သူ႔ Baby ကိုကိုက ပြဲခင္းထဲမွာ တစ္ေယာက္တည္း ျဖစ္ေနမွာ။ စိတ္မခ်ဘူးတဲ့။ က်ဳပ္ချမာ က်ဳပ္ေယာက္ဖေလာင္းေလးကို သနားမိတာပဲ။ က်ဳပ္ညီနဲ႔ ယူၿပီးရင္ ဒင္းချမာ ေထာင္က်တာထက္ဆိုးမယ့္ သေဘာမွာရွိတယ္။ အဲ့ဒါနဲ႔ ေနာက္ဆံုးေတာ့ ေဆာင္း႐ိုင္းတို႔ ပညာသံုးရေတာ့တာပဲ။ ဟိုလူႀကီးကို က်ဳပ္ကေတာ့ သတို႔သမီးမဟုတ္ေတာ့ သတို႔သမီးအရံမလိုဘူး။ ခင္ဗ်ားလိုရင္ေတာ့ ခင္ဗ်ားညီမေတြကို ရံခိုင္းလိုက္လို႔။ သူတို႔ ေမာင္ႏွမအခ်င္းခ်င္းပဲ ရွင္းခိုင္းလိုက္တယ္။ ဇာတ္လမ္း ေအးတာပဲ။

အဲ့ဒါနဲ႔.... စကားကလည္း ေတာင္ေရာက္ေျမာက္ေရာက္နဲ႔။ အဲ့ဒါနဲ႔.... မဂၤလာေလွ်ာက္လမ္းထက္၌ ေလွ်ာက္ၾကရာဝယ္ေပါ့ေလ။ ျဖစ္ခ်င္ေတာ့ ပန္းႀကဲတဲ့ မမက ေရွ႕ကေန ေျခတစ္လွမ္းခ်င္းေလွ်ာက္ေပါ့ေလ။ သူ႔ေနာက္က ပန္းကံုးေတြကိုင္တဲ့ မမက ေျခာက္လကၼေဒါက္ႀကီးစီးၿပီး ျမင့္ခ်င္ေယာင္ေဆာင္ထားတာမွာတင္ ကြိဳင္ပါေလေရာ။ "ဝ"မရွိပဲ "ဝိ"လုပ္ေတာ့ အဆံုးသတ္မလွဘူးပဲေျပာရမလား။ အစမွာတင္ ဂြမ္းတယ္ေျပာရမလား။ ေျခေခါက္ၿပီးလဲပါေလေရာ။ သူက လဲတာ ေကာင္းေကာင္းမလဲဘူး။ ေရွ႕က ပန္းျကဲတဲ့ မမကို မွီရာဆြဲေတာ့ ညီအစ္မႏွစ္ေယာက္စလံုး ကို႔႐ို႕ကားယားနဲ႔ လဲက်သြားပါေလေရာ။

က်ဳပ္တို႔တေတြေရာ ဧည့္ပရိသတ္ေတြေရာ အဲ့ဒီမမႏွစ္ေယာက္ကို ၾကည့္ၿပီး သနားပဲသနားရမလို ရယ္ရမလိုနဲ႔။ ဟိုလူႀကီးချမာလည္း သူ႔ ညီမေတြကို သြားတြဲေပးရမလိုလို ဆက္ၿပီးပဲၾကည့္ရေတာ့မလိုနဲ႔။ လမ္းေတြေပ်ာက္။ က်ဳပ္ေရာ က်န္တဲ့ လူေတြအားလံုးကလည္း ဘာလုပ္လို႔ ဘာကိုင္ရမလဲမသိ။ ဇေဝဇဝါရယ္။ ေတာ္ေသးတယ္။ ေဘးနားက ဧည့္သည္ေတြထဲက အမ်ိဳးသားေတြ၊ အမ်ိဳးသမီးေတြက တြဲၿပီး ေဘးကို ေခၚထုတ္သြားေပးလို႔။ အဲ့ဒီ့ေတာ့မွ က်ဳပ္တို႔လည္း စင္ျမင့္ေပၚဆက္ေလွ်ာက္ေပါ့။

အဲ့... စင္ျမင္ေပၚေရာက္လို႔ ဟုတ္သြားၿပီမမွတ္နဲ႔။ မဂၤလာစံပယ္ကုံးေတြမရွိလို႔ စံပယ္ကံုးအစီအစဥ္ကို ေက်ာ္.... " မဂၤလာလက္စြပ္ ခ်ီးျမႇင့္ေပးပါရန္"ဆိုတဲ့ အစီအစဥ္လည္း က်ေရာ လက္စြပ္စြပ္ေပးမယ့္ က်ဳပ္အေဖကုမၸဏီက ဘုတ္အဖြဲ႕လူႀကီးအတြဲက တခါထေဖာက္ျပန္ေရာ။ က်ဳပ္လက္စြပ္ကို ဟိုလူႀကီးလက္မွာ အတင္း စြပ္ၿပီး ဟိုလူႀကီးလက္စြပ္ကို က်ဳပ္လက္မွာ လာစြပ္ေရာ။ ၿပီးေတာ့မွ မွားမွန္းသိေတာ့ လဲမလိုလုပ္ေပမယ့္ ဟိုလူႀကီးလက္ထဲက ခၽြတ္မရေတာ့ဘူး။ အဲ့ဒါနဲ႔ ႐ုပ္မပ်က္ေအာင္ အဲ့ဒီအတိုင္းထားလိုက္ရတယ္။ က်ဳပ္ချမာလည္း အဲဒီလက္စြပ္ေခ်ာင္ေခ်ာင္ျကီးနဲ႔ ကၽြတ္က်မွာ ေၾကာက္လို႔ ကိုယ္လက္ကိုယ္ ၾကည့္ေနရတာ အေမာ။

ပရိတ္သတ္ကို နႈတ္ဆက္ေတာ့လည္း အမွတ္တရျဖစ္ပံု။ သူေစာ္ႀကီးကို က်ဳပ္က တမင္ဖိတ္စာပို႔လိုက္တာ။ မယ္မင္းႀကီးမက အရြဲ႕တိုက္ၿပီးလာတယ္။ မ်က္ႏွာႀကီးတင္းၿပီး က်ဳပ္ကို လိုက္ၾကည့္ေနတာ။ အဟက္.... က်ဳပ္ကေတာ့ စိတ္ေကာင္းႏွလုံးေကာင္းထားပါတယ္ဗ်ာ။ ဒါေၾကာင့္ ဟိုလူႀကီးလက္ကို ပိုင္စိုးပိုင္နင္းနဲ႔တြဲၿပီး အဲဒီဝိုင္းကို ေလး၊ ငါးခါေလာက္ပတ္ၿပီး နႈတ္ဆက္ပစ္လိုက္တယ္။ မယ္မင္းႀကီးမ ထျပန္သြားေရာ။ ဟိုလူႀကီးကေတာ့ စိတ္ထဲသိပ္ေကာင္းပံုမရဘူး။ သက္ျပင္းတခ်ခ်နဲ႔။ ဒါေပမယ့္ အဲ့ဒါ က်ဳပ္ကိစၥမွ မဟုတ္တာ။ ျခံခုန္ စႏႈိက္ေၾကာ္ရင္ေတာ့ တမ်ိဳးေပါ့။

အဲ့ဒီမွာတင္ မဂၤလာပြဲႀကီးက ေျဖာင့္ျဖဴးသြားတယ္မမွတ္နဲ႔ဦး။ က်ဳပ္အေဖ သူ႔ေယာကၡထီးႀကီးက က်ဳပ္တို႔ကို ဘာေျပာမလိုလဲမသိဘူး။ က်ဳပ္တို႔က ထိုင္ေနတဲ့ စင္ေပၚမွာထိုင္ၿပီး စင္ျမင့္အေပၚတက္လာတာေပါ့။ ျဖစ္ခ်င္ေတာ့ သူ႔ပုဆိုးက စင္ျမင့္ေပၚတက္တဲ့ ေလွခါးစြန္းနဲ႔ ၿငိၿပီး ကြင္းလံုးကၽြတ္က်သြားပါေလေရာ။ အဲဒီေတာ့ ပရိသတ္ေတြကို စင္ေပၚတက္ၿပီး ဖင္လွန္ျပသလိုျဖစ္ၿပီး အားလံုးမွာ ဟင္ခနဲဟာခနဲ ျဖစ္ကုန္ေတာ့တာပဲ။ ဒါနဲ႔ က်ဳပ္အေဖချမာ ရွက္ရွက္နဲ႔ စင္ေပၚက ျပန္ဆင္းေျပးတာ ေျခေခ်ာ္က်မလိုျဖစ္သြားေသးတယ္။ ကံေကာင္းလို႔ မက်ိဳးမပဲ့တယ္။

ဒီလိုေတာ့မွ ေနာက္ဆံုးမွာ မဂၤလာပြဲႀကီးက အမွတ္ရစရာ တပံုႀကီးနဲ႔ အိုးနင္းခြက္နင္းေအာင္ျမင္စြာ ၿပီးဆံုးသြားတာေပါ့ဗ်ာ။

---------------
June 2, 2020
---------------

<<<<<Unicode>>>>>

မင်္ဂလာဆောင်အကြောင်းပြောရဦးမယ်။ နားထောင်ချင်ကြမလားတော့မပြောတတ်ဘူး။

ပြောရရင် မင်္ဂလာဆောင်ဆိုတာ မင်္ဂလာခန်းမဆိုတဲ့အခန်းမကျယ်ကြီးထဲ ပျော်ချင်စရာကောင်းချင်ယောင်ဆောင်ပြီး ပြုံးနေကြရတာမျိုး။ မင်္ဂလာစုံတွဲတွေကလည်း မင်္ဂလာစုံတွဲတွေ အလျှောက်၊ မင်္ဂလာစုံတွဲတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း ဆွေမျိုးသားချင်းတွေအလျှောက်၊ ဧည့်သည်တွေကလည်း ဧည့်သည်တွေအလျှောက် မပြုံးချင်လည်းပြုံး၊ ပြုံးချင်လည်း ပြုံး။ မသိလည်းပြုံး၊ သိလည်းပြုံး။ သူငယ်ချင်းလည်းပြုံး၊ ရည်းစားလုဘက်ချင်းလည်းပြုံး၊ နားရင်းအုပ်ပစ်ချင်လောက်အောင် ေ-ာက်မြင်ကပ်လည်းပြုံး ပြုံးပြနေရတဲ့ ပွဲမျိုး။ အတော့်ကို ပင်ပန်းတာဗျ။ တစ်ချို့တွေလို ဟိုနေရာတစ်ပွဲ ဒီနေရာတစ်ပွဲနဲ့။ နှစ်ပွဲသုံးပွဲဆောင်တဲ့လူဆို ဘယ်နှယ့်နေမယ်မသိဘူး။

နောက်ပြီး စိတ်ညစ်စရာအကောင်းဆုံးက မနက်အစောကြီးထပြီး ပြင်ရဆင်ရတာ။ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ။ ကျုပ်တို့ planner ကလည်း ဘယ်နဲ့ကြောင့် ၁၁ နာရီဆိုပြီး မင်္ဂလာခန်းမကို Booking ချိတ်လိုက်လည်းမသိဘူး။ သူလုပ်လို့ ကျုပ်တို့ လက်မှတ်ထိုးမှာ automatic 9 နာရီဖြစ်သွားရော။ ဒါနဲ့ပဲ ကျုပ်မှာ မနက် ၅ နာရီလောက်ကြီးထပြီး ပြင်ရဆင်ရတော့ပဲ။ တသက်တကိုယ် တခါမှ ၉ နာရီထက်စောမထဘူး။ ကျောင်းတုန်းကတောင် ဒုတိယစာသင်ချိန်ဆိုမှ ကျုပ်က အိပ်ရာထတာ။ အဲ့ဒါကို ၉ နာရီလက်မှတ်ထိုးမှာမို့ မနက် ၅ နာရီထရမယ်ဆိုတော့... အဓိဠာန်ဝင်ပြီးသာ ဆုတောင်းကြပေတော့။

အဲ့ဒါနဲ့ မိတ်ကပ်ဆရာက မနက် ၄ နာရီခွဲကြီးနာရီကြီး အခန်းတံခါးဝမှာ တဒုန်းဒုန်းလာထုပြီး နိုးလေရဲ့။ ကျုပ်ကလည်း အိပ်ပြီဟေ့ဆို ဘယ်လိုနိုးနိုး နိုးကို မနိုးတာ။ ဒီကြားထဲမနေ့ညက Bachelor Night လို့ ခေါင်းစဉ်ထိုးပြီး သောက်ကြစားကြနဲ့ သန်းခေါင်ကျော်ပြီးမှ အိမ်ပြန်ရောက်တယ်။  နောက်ဆုံး အဲ့ဒီ့မိတ်ကပ်ဆရာက ဟိုလူကြီးကို မိတ်ကပ်ပြင်ပေးနေတဲ့ သူ့ဆရာဆီဆက်။ သူ့ဆရာကနေ ဟိုလူကြီးကိုပြော။ ဟိုလူကြီးကနေ ကျုပ်အဖေကိုခေါ်။ ကျုပ်အဖေကနေတဆင့် ကျုပ်အမေက ကြားနဲ့။ နောက်ဆုံး ကျုပ်အခန်းထဲကို ကျုပ်အမေနဲ့ မိတ်ကပ်ဆရာရောက်လာပါလေရော။

"ဟဲ့... အလတ်ကောင်... ထစမ်း! ဒီနေ့ နင့်မင်္ဂလာဆောင်နော်။ ဘယ်လိုတွေများတောင်ဖြစ်လို့ ဒီလောက်ကြီး အိပ်နေရတာတုန်း။ ဝိရိယလေးထားစမ်းပါဟဲ့။ ငါတော့လေ နွေစိမ်းအစားရင်လေးပါ့။"

"အာရား... မွေးသမိခင်ကလည်းဗျာ။ ဘာလို့အိပ်ရမှာလည်း အိပ်ရေးပျက်လို့ပေါ့ဗျ။ ညက ကျွန်တော့် ဘော်ဘော်တွေနဲ့ Bachelor Night လုပ်တာ မိုးချုပ်တယ်လေဗျာ။ အဲ့ဒီ လူကြီးအတွက် ရင်လေးသပါ့ဆို မွေးသမိခင်ပဲ တာဝန်ယူလိုက်တော့။"

"ဟဲ့... မအေကို အဲ့ဒီလိုပြောစရာလား။ ငနာလေး... ထစမ်း! အခု ထ!!"

မွေးသမိခင်က စိတ်တိုတိုနဲ့ ထအော်မှ ကျုပ်လည်း မဖြစ်ချေဘူးဆိုပြီး ထပြီး ရေချိုးခန်းထဲပြေး မျက်နှာသစ်ရေမိုးချိုးရတယ်။ ဆက်နေရင် ကျုပ်အမေရဲ့ တိုက်ကွမ်ဒို ခါးပတ်နက်ထက်သာတဲ့ လက်သံတွေနဲ့ မနက်စာပွဲတော်တည်နေရဦးမယ်။ မဖြစ်ဘူး။

အဲ... ရေမိုးချိုးပြီးလို့ မိတ်ကပ်လိမ်းတော့ တခါ မိတ်ကပ်ဆရာနဲ့ ကျုပ်နဲ့ ကွိုင်ပြန်ရော။ ကွိုင်ဆို ကျုပ်ကို ခနဲ့သလို ကနွဲ့ကလျနဲ့ လာပြောတာကိုး။ ဘာတဲ့...

"မောင်လေးရယ် နောက်တခါဆို ဝိရိယထားပြီးထနော်။ ဒါမှ ဒီထက်လှအောင်လိမ်းလို့ရမှာ" တဲ့။

ဘယ်နှယ့်ဗျာ။ သူများတွေ မင်္ဂလာတောင်ခါနီးကို နိမိတ်မရှိနမာမရှိ။ ညက သောက်တာများသွားလို့ အလိုလိုနေရင်းက စိတ်ထဲမကြည်တဲ့ဟာကို ဒင်းက အချိုးမပြေလေတော့ ပြီးတာပဲ။ အဲ့ဒီမှာတင် ဘာရမလဲတွေ ဖြစ်ကုန်တာပေါ့။

"ခင်ဗျား လင် ကျုပ်နဲ့ ထပ်ညားမှပဲ စောစောထတော့မယ်။ အခုတော့ အချိန်ရသလောက်လိမ်း။ ရသလောက်လိမ်းဆိုလို့ ကျုပ်ကို ခင်ဗျား မျက်နှာလိုမျိုး ကျောက်ရုပ်ကို အင်္ဂတေနဲ့ မံထားသလိုကြီး မလိမ်းနဲ့နော်။ ထူလပစ်နဲ့။ ရွံစရာကြီး။"

ဒင်းရဲ့ မျက်နှာကြီးဆိုတာ မိတ်ကပ်ဘယ်လောက်ထူလဲဆိုတာ မဲ့တောင်မမဲ့နိုင်ရှာဘူး။ တောင့်တောင့်ကြီး။ အံမယ်... ဒင်းကလည်း ပညာပြန်ပြတယ်နော်။ ကျုပ် မျက်နှာကို ပေါက်ကရတွေ လုပ်သေးတာ။ ဘာမှ လုပ်မနေဘူး။ ဒင်းရှေ့မှာတင် မျက်နှာသစ်ပစ်လိုက်တယ်။ ကျုပ်လို သဘာဝတရားနဲ့ လှတဲ့ အလှလေးအတွက် မိတ်ကပ်ဆိုတာ မျက်နှာဖုံးတခုလိုပဲဗျ။ ပိုပြီးရုပ်ဆိုးအောင်လုပ်တဲ့အရာတွေပေါ့။ တခုတော့ရှိတယ်။ ရုပ်ဆိုးတဲ့လူတွေကျပြန်တော့ မိတ်ကပ်လိမ်းရင် ကြည့်ကောင်းပြန်ရော။ အံ့သြစရာကြီးဗျနော်။

အံမယ်... ဒင်းကလည်း ဘာဖြစ်ဖြစ်၊ ဖြစ်ချင်ရာဖြစ်ပေါ့လေ။ ဒင်းနဲ့မဆိုင်ဘူးဆိုတဲ့ အထာနဲ့။ ကျုပ်အမေက ထပ်လိမ်းပေးဖို့ပြောတာကိုတောင် ကလန်ကဆန်တွေလုပ်တာ။

"နောင်ထပ်ထပ်လိမ်းမယ်ဆို နောက်တခါစာပေးရမှာ အန်တီရဲ့။ professional ဆိုတာဒီလိုပဲ။"

"မင်းကသာ ကိုယ့်ကိုကိုယ် professional ပြောတာ။ အစောက ငါ့သားကို လိမ်းပေးထားတာများ သုဘရာဇာ အလောင်းပြင်တာကတောင် သာလိမ့်ဦးမယ်။"

"ဒါဆိုလည်း သုဘရာဇာကိုသာ ခေါ်လိမ်းခိုင်းပါ အန်တီရယ်။"

ကျုပ်ရဲ့ မယ်တော်ပြောတာနဲ့တောင် ကျုပ်မှာ တောင့်ချင်သလိုဖြစ်နေတာ။ ဆက်သာပြောနေရင် ကျုပ် အခေါင်းထဲ မင်္ဂလာဦးရတော့မလားပဲ။ ဒါကြောင့် ကျုပ် အမေကို ကျုပ်အမြန်တားလိုက်ရတယ်။

"မွေးသမိခင် ပြောမနေနဲ့တော့။ ထပ်လိမ်းလည်း သူ့မျက်နှာကြီးလိုပဲထွက်လာမှာ။"

ကျုပ်လည်း အော့နှလုံးနာနေတဲ့ ရုပ်နဲ့ ကျုပ်အမေကို တားလိုက်တယ်။ ဟုတ်တယ်လေ။ ဒင်း ထပ်လိမ်းပေးလည်း ကျုပ်မျက်နှာ နဂိုချောချောကနေ သူ့မျက်နှာလို ရွံစရာကြီးဖြစ်သွားဖို့ပဲရှိမှာပဲဟာ။

"အလိုလေးတော်ရို့။ ဒီက သူများလိမ်းပေးတာကို ခံချင်လွန်းလို့မှ Booking လုပ်တဲ့လူ... "

ကျုပ်လည်း သူရဲ့ စီစီညံနေတဲ့အသံကို နားမခံသာလို့ စကားဖြတ်ပြောလိုက်ရတယ်။

"ခင်ဗျား လိမ်းလို့ပြီးပြီမဟုတ်လား။ ပြီးရင် professional ပီပီလာရာလမ်းကို ပါးစပ်ပိတ်ပြီး ကြွတော့ဗျာ။ တကယ်တည်း အာရုံတွေနောက်လိုက်တာ"

အဲ့ဒီတော့မှ ဒင်းက နှုတ်ခမ်းကို အန်ချင်စရာကောင်းလောက်အောင် ထော်ပြပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ထွက်သွားလေရဲ့။ ကျုပ်အမေကတော့ စိတ်ရှုပ်သွားတယ်နဲ့ တူတယ် ခေါင်းတခါခါနဲ့ ဘယ်နှယ့်ဟာကို ငှားထားသလဲပေါ့။ အလုပ်လုပ်တာ ဖြစ်ကလက်ဆန်းလုပ်တယ် ဘာညာပေါ့ဗျာ။ ဆူဆူပူပူနဲ့ အိမ်ပြန်သွားရောဗျ။ အာရုံတော့တော်နောက်တယ်ဗျာ။ ဒါပေမယ့် အမေ့တော့ ပြန်မပြောရဲဘူး။ ကျုပ်အမေလက်သံက တိုက်ကွမ်ဒိုခါးပတ်နက်ရထားတဲ့ ကျုပ်နဲ့ ကျုပ်ညီပေါင်းတောင် မှီတာမဟုတ်ဘူး။ ဒီတော့ သူဘာပြောပြော ကျုပ်တို့ ညီအစ်ကိုသုံးယောက်လုံးက ကြားချင်ယောင်ဆောင်ပြီး နားထဲအဝင်ကို မခံဘူး။ "ကြားချင်ယောင်ဆောင်"တာနော်။ "မကြားချင်ယောင်ဆောင်"တာမဟုတ်ဘူး။ မကြားချင်ယောင်ဆောင်ရင် ကျုပ်အမေလက်သံ ဒေါင်ဒေါင်လန်နဲ့ သေသွားလိမ့်မယ်။ ဒါကြောင့် ကြားချင်ယောင်ဆောင်နေရတာ။

ကျုပ်ကလည်း အမေအခန်းထဲက ထွက်တာနဲ့ မနက်စာစားစရာရှိတာစားပြီး မျက်နှာကိုရှိတာလေး နည်းနည်းလိမ်းကျံရတော့တာပေါ့။ တခြားတော့မဟုတ်ပါဘူး။ moisturizer လေးလိမ်းပြီး Eyeliner လေးဆွဲပေါ့။ ကျုပ်က ချောပြီးခန့်ပြီးသားဆိုတော့ အဲ့ဒီလောက်နဲ့ကို ရုပ်ကလေးက ထင်းနေတာပဲ။ ပြီးတော့ တိတိရိရိနဲ့ ပုံကျကျလေး ညှပ်ထားတဲ့ ဆံပင်ကို ဂျယ်လေးနဲနဲလိမ်းပြီး သပ်တင်လိုက်တယ်လေ။ မှန်မှာကြည့်လိုက်တော့ ကိုယ့်ကိုကိုယ်တောင် ကြွေကျမြေခချင်သွားတယ်။ ဒီလောက်ဆို တော်သင့်ပြီ။ တော်ကြာ ကျုပ်က အရမ်းချော၊အရမ်းလှနေရင် ဟိုလူကြီး ရုပ်ဆိုးတာတွေကို Highlight တင်ရုံတောင်မဟုတ်ဘူး underline ပါ တားထားသလိုပါဖြစ်နေဦးမယ်။

ရူပကာကို အရောင်တင်ပြီးသွားတာနဲ့ မင်္ဂလာဝတ်စုံ Suit အဖြူလေးကိုဝတ်လိုက်တယ်။ နောက်ပြီး ကိုယ့်ကိုကိုယ် ဖင်ပြန်ခေါင်းပြန်ကြည့်ပေါ့ဗျာ။ ပြောလို့ပြောတာမဟုတ်ဘူး။ ကျုပ်မှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး နှမြောတောင် နှမြောမိသွားတယ်ဗျာ။ ကျုပ်ကို မြင်တဲ့ အပျိုမလေးတွေလည်း နှမြောမှာဗျ။ ဒီလိုအချောအလှတစ်ယောက်က ယောက်ျားယူသွားပြီဆိုတာ အမျိုးသမီးထုကြီးအတွအတွက် ဆုံးရှုံးမှုတရပ်မဟုတ်လား။

"ဒီ..... ဒီ......"

ကျုပ်ကိုယ်ကျုပ် ကြည့်လို့လည်းဝရော ဟိုလူကြီးက ဖုန်းခေါ်လာရော။

"ဟဲလို... ချာတိတ်။ ငါ တရားရုံးသွားနေပြီနော်။ မင်း ဘယ်မှာလဲ။"

"ငှဲ့... ဘိုးတော် အစောကြီး.... အာ... အာ... မစောတော့ဘူးဟ"

ကျုပ်လည်း သူပြောမှ အချိန်ကြည့်မိတယ်။ ၈ နာရီတောင်ထိုးပြီ။ ဘယ်တုန်းက ထိုးသွားမှန်းကို မသိတာ။ ကျုပ်နေတဲ့ နေရာနဲ့ တရားရုံးဆိုတာ သိပ်မဝေးပေမယ့် ကားပိတ်တာနဲ့ဆို တစ်နာရီအသာလေး မောင်းရတာမျိုး။

"ငါထင်တယ်။ ဖုန်းခေါ်မိလို့သာ တော်သေးတယ်။ အခုထွက်ခဲ့တော့။"

"အင်းပါဗျာ။ လာပါပြီ။"

ကျုပ်လည်းဖုန်းချပြီးတာနဲ့ ကိုယ့်ကားကိုယ်မောင်းပြီးထွက်ခဲ့တယ်။ သူများတွေကတော့ မင်္ဂလာဧည့်ခံပွဲမလုပ်ခင်မှာ လက်မှတ်ထိုး။ ပြီးတာနဲ့အတူနေ။ ဒီတော့ ကားစီစဉ်ရတာ အဆင်ပြေတာပေါ့။ ကျုပ်တို့က တယောက်တနေရာ နေတာကို။ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုကို လိုက်နာကျင့်သုံးလို့တော့မဟုတ်ဘူး။ အပေါင်းအသင်းတွေနဲ့ နည်းနည်းလေး ကဲချိန်ပိုရအောင်လို့ ကျုပ်က တရားဝင်မဖြစ်မချင်း အတူမနေဘူး ဘာညာပြောပြီး အတူမနေတာ။

ဟိုရောက်တော့ မှီတယ်ဆိုရုံလေး။ အမယ်... အဲ့ဒီလူကြီးက Suit အနက်နဲ့ မိမိုက်နေရော။ အဲ... သူလည်း မျက်နှာမိတ်ကပ်မရှိဘူးဗျ။ ကြည့်ရတာ စိတ်ပေါက်ပေါက်နဲ့ ဖျက်ပစ်ခဲ့ပုံပဲ။ ဒါပေမယ့် လုံးဝကို Handsome type ကြီးနော်။ ဒီလိုကျတော့လည်း ကျုပ်နဲ့ လိုက်ဖက်နေရော။ အဟက်...

ဒီလိုနဲ့ နှစ်ယောက်သား အသိမိတ်ဆွေတွေ၊ နှစ်ဖက်မိဘတွေ၊ ဓါတ်ပုံဆရာတွေရှေ့မှာ လက်မှတ်ထိုး။ ပြီးတာနဲ့ ဟိုလူကြီးလက်မောင်းကို ပိုင်စိုးပိုင်နင်းနဲ့ ကိုင်ပြီးတရားရုံးထဲက ထွက်မလို့ကြံတုန်းရှိသေးတယ် planner က ကျုပ်ဆီဖုန်းခေါ်ပါရော။ ကြားရတဲ့ သတင်းက မင်္ဂလာပွဲနဲ့ လုံးဝကို အပ်စပ်နေတာများ ကျုပ်တို့ကို လာကြိုမယ့် Limousin က accident ဖြစ်လို့တဲ့လေ။

ကျုပ်တို့ plan ဆွဲထားတဲ့အထဲမှာ ကျုပ်တို့နှစ်ယောက်က တရားရုံးက ဆင်းတာနဲ့ ကျုပ်တို့ကို လာပြိုဖို့ ငှားထားတဲ့ Limousin ကြီးနဲ့ ကျုပ်နှစ်ယောက် တရားရုံးကနေ မင်္ဂလာခန်းမကို သွားမယ်ပေါ့။ အခုတော့ ကျုပ်တို့ ခမြာ ကိုယ့်အစီစဉ်နဲ့ကိုယ်မို့ သူ့ကားကို သူ့အသိတစ်ယောက်ကို ပေးမောင်း၊ ကျုပ်ရဲ့ပြိုင်ကားကို နှစ်ယောက်သားစီးပြီး မင်္ဂလာခန်းမဆီ သွားရတော့တာပဲ။ ဒါပေမယ့် ဟန်တော့ မပျက်လိုက်ပါဘူး။

ဟိုရောက်တော့ အရံတွေ ပန်းကြဲ လက်စွပ်ကိုင်တွေက ဟန်ရေးတပြပြ ဖင်တကြွကြွဖြစ်နေပြီ။ ကျုပ်တို့က လျှောက်လမ်းကို အတူတူထွက်မှာလေ။ ဒီတော့ ကျုပ်တို့နှစ်ယောက်လည်း အဝတ်လဲခန်းထဲဝင် တောင်ရှည်ပုဆိုးရွှေရောင်ကိုလဲ။ စိန်ကြယ်သီးတွေပါတဲ့ တိုက်ပုံအဝတ်ဖျော့လေးဝတ်၊ ခေါင်းပေါင်းအဝါဖျော့လေးဆောင်းပေါ့။ ဘာရယ်? "ဝတ်တတ်တယ်ပေါ့။ တော်လိုက်တာ။" ဟုတ်လား? ဘယ်ကလာပြီး ကိုယ်တိုင်ဝတ်ရမှာတုန်း။ ဒီဇိုင်းနာတွေက ကူဝတ်ပေးရတာပေါ့။ ကိုယ်ဟာကိုဝတ်ရင် အဲ့ဒီ့တောင်ရှည်ပုဆိုးကြီးနဲ့ ဇွဲကြိုးတောင် ချမိသွားဦးမယ်။

အခန်းထဲက ထွက်လာတော့ ဘိုးတော်က အသင့်ပဲ။ ပြောလို့ပြောတာ မဟုတ်ဘူး ကျုပ်ခင်ပွန်းလောင်းကြီးက ဒီလိုမြန်မာဝတ်စုံနဲ့ကျတော့လည်း ခန့်ညားနေရော။ ကျုပ်ကို မမှီပေမယ့်ပေါ့လေ။

နောက်တော့ နှစ်ဦးသား လျှောက်လမ်းထွက်ဖို့ Rehearsal ကအတိုင်း ကပျာကယာတန်းစီပေါ့။ တကယ့်ပွဲမတိုင်ခင် rehearsal လုပ်ရတာဆိုတော့ သိပ်တော့ မစိုးရိမ်မိဘူး။ နောက်ပြီး မတော်တဆမှားလည်း ကျုပ်ကတော့ I don't care ပဲ။ လူပဲဗျာ အမှားရှိမှာပေါ့။ တခါခါ အမှားဆိုတာ ပိုအမှတ်ရစေတာမျိုး။ နောင်တချိန် ဒီအမှားကို ပြန်သတိရရင် မရူနိုင်မကယ်နိုင် မဖြစ်ရင် ပြီးတာပဲကော။ ဟုတ်တယ်မဟုတ်လား။

အဲ့ဒါနဲ့ အရှေ့က MC က လျှောက်လမ်းပေါ်မှာ လျှောက်လာခဲ့ဖို့ စာသံပေသံနဲ့ အခါတော်ပေးပေါ့လေ။ အဲဒီတော့မှ ကျုပ်တို့တွေ အုပ်လိုက်ကြီးထွက်ရတော့တာပဲ။ ပန်းကြဲ သူ့ညီမက ထားလုံမေက ရှေ့က။ စံပယ်ပန်းကုံးကိုင်တဲ့ သူ့ညီမ နဒီထိပ်က နောက်က။ နောက်.... လက်စွပ်ကိုင်တဲ့ သူ့တူ ဝမ်းကွဲလေး။ ပြီးတော့ အရံလုပ်တဲ့ ကျုပ်ညီအတွဲ။ သူတို့နောက်က သူ့ သူငယ်ချင်းနဲ့ ကျုပ်သူငယ်ချင်းတွဲတဲ့အတွဲ။

တကယ်ဆို သူညီမနှစ်ယောက်က သတို့သမီးအရံလုပ်မလို့တဲ့။ တချို့က သတို့သားချည်းပဲရှိတဲ့ မင်္ဂလာစုံတွဲပေမယ့် သူငယ်ချင်းမတွေကို သတို့သမီးအရံလုပ်ခိုင်းတယ်လေ။ ကျုပ်က ဂရုစိုက်လို့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အရံလုပ်ရင် ကျုပ် အစ်ကိုနဲ့ ညီနဲ့တွဲပေးမှ ဘက်ညီမှာလေ။ ဖြစ်ချင်တော့ ကျုပ်အစ်ကိုက လင်ရပြီးသား။ သူ့လင်က ကျုပ်အစ်ကိုကို သူ့ဥထားတဲ့ ဥလို ဝပ်ထားတာ။ သူကလွဲလို့ ကျုပ်အစ်ကိုကို အနားအသီခံတာတောင်မဟုတ်ဘူး။ အဲ့ဒီတော့ ကျုပ်ညီဘက်လှည့်လာရော။ ကျုပ်က ကျုပ်ညီနဲ့ သူ့ကောင်လေးကို ဟိုနှစ်ယောက်နဲ့တွဲခိုင်းမယ်ပေါ့။ အဲ.... ပြောရဦးမယ်။ ကျုပ်ညီက သူ့ Babyကိုကို ကို တိုတာများ ကျုပ်ယောက်ဖထက်ဆိုးတယ်။ သူ့ဟာလေးကို ထိဖို့မပြောနဲ့ အကြည့်နဲ့ ကြည့်မိရင်တောင် ပွဲရှာချင်တာမျိုး။ အဲ့ဒီတော့ NO မှ NO အကြီးကြီးပေါ့။ သူ့ Baby ကိုကို သူနဲ့မှမဟုတ်ရင် အရံမလုပ်ရဘူးတဲ့လေ။ သူလည်း သူ့ Baby ကိုကိုနဲ့မှ မဟုတ်ရင် အရံမလုပ်ဘူးတဲ့။ တော်ကြာ သူ တစ်ယောက်တည်း အရံလုပ်ရင် သူ့ Baby ကိုကိုက ပွဲခင်းထဲမှာ တစ်ယောက်တည်း ဖြစ်နေမှာ။ စိတ်မချဘူးတဲ့။ ကျုပ်ခမြာ ကျုပ်ယောက်ဖလောင်းလေးကို သနားမိတာပဲ။ ကျုပ်ညီနဲ့ ယူပြီးရင် ဒင်းခမြာ ထောင်ကျတာထက်ဆိုးမယ့် သဘောမှာရှိတယ်။ အဲ့ဒါနဲ့ နောက်ဆုံးတော့ ဆောင်းရိုင်းတို့ ပညာသုံးရတော့တာပဲ။ ဟိုလူကြီးကို ကျုပ်ကတော့ သတို့သမီးမဟုတ်တော့ သတို့သမီးအရံမလိုဘူး။ ခင်ဗျားလိုရင်တော့ ခင်ဗျားညီမတွေကို ရံခိုင်းလိုက်လို့။ သူတို့ မောင်နှမအချင်းချင်းပဲ ရှင်းခိုင်းလိုက်တယ်။ ဇာတ်လမ်း အေးတာပဲ။

အဲ့ဒါနဲ့.... စကားကလည်း တောင်ရောက်မြောက်ရောက်နဲ့။ အဲ့ဒါနဲ့.... မင်္ဂလာလျှောက်လမ်းထက်၌ လျှောက်ကြရာဝယ်ပေါ့လေ။ ဖြစ်ချင်တော့ ပန်းကြဲတဲ့ မမက ရှေ့ကနေ ခြေတစ်လှမ်းချင်းလျှောက်ပေါ့လေ။ သူ့နောက်က ပန်းကုံးတွေကိုင်တဲ့ မမက ခြောက်လက္မဒေါက်ကြီးစီးပြီး မြင့်ချင်ယောင်ဆောင်ထားတာမှာတင် ကွိုင်ပါလေရော။ "ဝ"မရှိပဲ "ဝိ"လုပ်တော့ အဆုံးသတ်မလှဘူးပဲပြောရမလား။ အစမှာတင် ဂွမ်းတယ်ပြောရမလား။ ခြေခေါက်ပြီးလဲပါလေရော။ သူက လဲတာ ကောင်းကောင်းမလဲဘူး။ ရှေ့က ပန်းကြဲတဲ့ မမကို မှီရာဆွဲတော့ ညီအစ်မနှစ်ယောက်စလုံး ကို့ရို့ကားယားနဲ့ လဲကျသွားပါလေရော။

ကျုပ်တို့တတွေရော ဧည့်ပရိသတ်တွေရော အဲ့ဒီမမနှစ်ယောက်ကို ကြည့်ပြီး သနားပဲသနားရမလို ရယ်ရမလိုနဲ့။ ဟိုလူကြီးခမြာလည်း သူ့ ညီမတွေကို သွားတွဲပေးရမလိုလို ဆက်ပြီးပဲကြည့်ရတော့မလိုနဲ့။ လမ်းတွေပျောက်။ ကျုပ်ရော ကျန်တဲ့ လူတွေအားလုံးကလည်း ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ။ ဇဝေဇဝါရယ်။ တော်သေးတယ်။ ဘေးနားက ဧည့်သည်တွေထဲက အမျိုးသားတွေ၊ အမျိုးသမီးတွေက တွဲပြီး ဘေးကို ခေါ်ထုတ်သွားပေးလို့။ အဲ့ဒီ့တော့မှ ကျုပ်တို့လည်း စင်မြင့်ပေါ်ဆက်လျှောက်ပေါ့။

အဲ့... စင်မြင်ပေါ်ရောက်လို့ ဟုတ်သွားပြီမမှတ်နဲ့။ မင်္ဂလာစံပယ်ကုံးတွေမရှိလို့ စံပယ်ကုံးအစီအစဉ်ကို ကျော်.... " မင်္ဂလာလက်စွပ် ချီးမြှင့်ပေးပါရန်"ဆိုတဲ့ အစီအစဉ်လည်း ကျရော လက်စွပ်စွပ်ပေးမယ့် ကျုပ်အဖေကုမ္ပဏီက ဘုတ်အဖွဲ့လူကြီးအတွဲက တခါထဖောက်ပြန်ရော။ ကျုပ်လက်စွပ်ကို ဟိုလူကြီးလက်မှာ အတင်း စွပ်ပြီး ဟိုလူကြီးလက်စွပ်ကို ကျုပ်လက်မှာ လာစွပ်ရော။ ပြီးတော့မှ မှားမှန်းသိတော့ လဲမလိုလုပ်ပေမယ့် ဟိုလူကြီးလက်ထဲက ချွတ်မရတော့ဘူး။ အဲ့ဒါနဲ့ ရုပ်မပျက်အောင် အဲ့ဒီအတိုင်းထားလိုက်ရတယ်။ ကျုပ်ခမြာလည်း အဲဒီလက်စွပ်ချောင်ချောင်ကြီးနဲ့ ကျွတ်ကျမှာ ကြောက်လို့ ကိုယ်လက်ကိုယ် ကြည့်နေရတာ အမော။

ပရိတ်သတ်ကို နှုတ်ဆက်တော့လည်း အမှတ်တရဖြစ်ပုံ။ သူစော်ကြီးကို ကျုပ်က တမင်ဖိတ်စာပို့လိုက်တာ။ မယ်မင်းကြီးမက အရွဲ့တိုက်ပြီးလာတယ်။ မျက်နှာကြီးတင်းပြီး ကျုပ်ကို လိုက်ကြည့်နေတာ။ အဟက်.... ကျုပ်ကတော့ စိတ်ကောင်းနှလုံးကောင်းထားပါတယ်ဗျာ။ ဒါကြောင့် ဟိုလူကြီးလက်ကို ပိုင်စိုးပိုင်နင်းနဲ့တွဲပြီး အဲဒီဝိုင်းကို လေး၊ ငါးခါလောက်ပတ်ပြီး နှုတ်ဆက်ပစ်လိုက်တယ်။ မယ်မင်းကြီးမ ထပြန်သွားရော။ ဟိုလူကြီးကတော့ စိတ်ထဲသိပ်ကောင်းပုံမရဘူး။ သက်ပြင်းတချချနဲ့။ ဒါပေမယ့် အဲ့ဒါ ကျုပ်ကိစ္စမှ မဟုတ်တာ။ ခြံခုန် စနှိုက်ကြော်ရင်တော့ တမျိုးပေါ့။

အဲ့ဒီမှာတင် မင်္ဂလာပွဲကြီးက ဖြောင့်ဖြူးသွားတယ်မမှတ်နဲ့ဦး။ ကျုပ်အဖေ သူ့ယောက္ခထီးကြီးက ကျုပ်တို့ကို ဘာပြောမလိုလဲမသိဘူး။ ကျုပ်တို့က ထိုင်နေတဲ့ စင်ပေါ်မှာထိုင်ပြီး စင်မြင့်အပေါ်တက်လာတာပေါ့။ ဖြစ်ချင်တော့ သူ့ပုဆိုးက စင်မြင့်ပေါ်တက်တဲ့ လှေခါးစွန်းနဲ့ ငြိပြီး ကွင်းလုံးကျွတ်ကျသွားပါလေရော။ အဲဒီတော့ ပရိသတ်တွေကို စင်ပေါ်တက်ပြီး ဖင်လှန်ပြသလိုဖြစ်ပြီး အားလုံးမှာ ဟင်ခနဲဟာခနဲ ဖြစ်ကုန်တော့တာပဲ။ ဒါနဲ့ ကျုပ်အဖေခမြာ ရှက်ရှက်နဲ့ စင်ပေါ်က ပြန်ဆင်းပြေးတာ ခြေချော်ကျမလိုဖြစ်သွားသေးတယ်။ ကံကောင်းလို့ မကျိုးမပဲ့တယ်။

ဒီလိုတော့မှ နောက်ဆုံးမှာ မင်္ဂလာပွဲကြီးက အမှတ်ရစရာ တပုံကြီးနဲ့ အိုးနင်းခွက်နင်းအောင်မြင်စွာ ပြီးဆုံးသွားတာပေါ့ဗျာ။

---------------
June 2, 2020
---------------

Continue Reading

You'll Also Like

17.8K 931 20
(Unicode & Zawgyi💟) အချစ်က ရိုးစင်းတယ် ဘဝက ရှုပ်ထွေးတယ် အိမ်မက်တွေက ဈေးကြီးတယ် ပြီးတော့ မင်းက... (Unicode & Zawgyi💟) အခ်စ္က ႐ိုးစင္းတယ္ ဘဝက ႐ႈပ္ေထြ...
210K 14.4K 90
မြင်မြင်ချင်းအချစ်ဆိုတာ ရှေးရေစက်တို့အားကောင်းလွန်းလှ၍ စက္ကန့်ပိုင်းလေးအတွင်းမှာ ဖြစ်တည်လာသောအရာ... စိတ်နှလုံးတစ်ခုလုံးကို တစ်ခဏလေးအတွင်းပိုင်စိုးသွာ...
194K 18.2K 139
အိပ်မရတဲ့ ရက်များစွာကို အိပ်မက်တွေက အသက်ဆက်ပေးနေခဲ့တယ် ခြယ်လှယ်သူကတော့ ကြူး ​ဖြစ်ကြောင်း... အိပ္မရတဲ့ ရက္မ်ားစြာကို အိပ္မက္ေတြက အသက္ဆက္ေပးေနခဲ့တယ္ ျခ...
706 70 14
အကြောင်းတစ်ခုကြောင့်ဝေးကွာခဲ့ရတဲ့ချစ်သူနှစ်ဦး သုံးနှစ်အကြာမှာပြန်တွေ့ကြတဲ့အခါ မတူညီတဲ့''နာကျည်းမှုနဲ့အချစ်''မှာ နှလုံးသားက ဓားစာခံဖြစ်သွားလေရဲ့...