7. Vamps
"Park Chan Yeol."
BaekHyun ရေရွတ်ရင်း ဓာတ်ပုံထဲမှလူ၏ မျက်ဝန်းအစုံတို့ကို စိုက်ကြည့်နေမိသည်။ အကြည့်တွေထဲမှာ ပျော်ရွှင်ခြင်းတို့ပါဝင်နေသော်လည်း ဝမ်းနည်းမှုအချို့လည်းရောစပ်နေသလိုမျိုး။ High Quality ဓာတ်ပုံပေါ်က သူ့နှုတ်ခမ်းပါးတို့ ကွေးနေပုံက စိတ်ရင်းမှန်ကို ဖုံးကွယ်ပြီးပြုံးထားသလိုမျိုး အသက်သိပ်မပါလှ...
"အင်း... Park ChanYeol လေ... ဘာဖြစ်လို့လဲ..."
Chen ၏ ရုတ်တရတ် စကားကြောင့် ဓာတ်ပုံကိုစိုက်ငေးနေမိသည့် BaekHyun ခေါင်းခါရင်း ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး... ဒါနဲ့... အခုမြို့ဝန်ကဘယ်သူလဲ..."
"အာ... Kim Ki Bum တဲ့... မင်းကိုတောင်ညစာဖိတ်ထားသေးတယ်လေ..."
ဟုတ်တာပေါ့... BaekHyun သတိရသွားသည်။ သူဒီမြို့ကိုရောက်လာရတာလည်း ထိုမြို့ဝန်၏ စာရေးဖိတ်ခေါ်မှုကြောင့်လေ...
Byun BaekHyun ဆိုသော နာမည်ဖြင့် ဘဝအမျိုးမျိုးတွင် ကျင်လည်ခဲ့ရတာ ရာစုနှစ်တစ်ခုစာတောင်ရှိတော့မည်။ ဒါပေမဲ့ သူစုံထောက်ဖြစ်ခဲ့ရတာ နှစ်ခေါက်ရှိပြီ။ လွန်ခဲ့သောနှစ်ရှစ်ဆယ်ကတစ်ခါ။ အခုတစ်ခါ။ နာမည်မကြီးလွန်းအောင်လည်း သတိထားနေရသည်။ နာမည်ကြီးလွန်းရင်လည်း အကုန်ပြန်စစ်ရင်း Byun BaekHyun ၏ ဘဝမှန်ကို သိသွားနေကြဦးမည်။
BaekHyun အတွေးစတွေကို ဖြတ်ချလိုက်သည်။
"Jong Dae... ငါသွားတော့မယ်..."
"အေး... နည်းနည်းပါးပါးလည်း အသွားအလာ ဂရုစိုက်ဦး... မြို့ရဲ့အခြေအနေကလည်း မင်းသိတဲ့အတိုင်းပဲ..."
Chen စကားကြောင့် BaekHyun ခေါင်းကိုခပ်သွက်သွက်ညိတ်ရင်း နေရာမှထထွက်လာခဲ့သည်။
နေရောင်ကကွယ်စပြုနေပေမဲ့ လူတွေရှိနေဆဲ... လမ်းမကို BaekHyun အကဲခတ်ကြည့်တော့ တိုးတက်နေသည့် ခေတ်ကြီးဖြစ်သည့်တိုင်အောင် ကင်မရာတွေကို တပ်ဆင်ထားတာမတွေ့ရ။ ကင်မရာအချို့ကလည်း ခွဲထားခံရသလိုမျိုး ဖြစ်နေသည်။ လူမိုက်တွေက CCTV တောင် ခွဲရဲနေမှတော့ ဒုစရိုက်မှုတွေ ဘယ်လောက်များနေမလဲ စဉ်းစားစရာတောင်မလို။
"အာ့..."
BaekHyun ခေါင်းထဲမှစစ်ခနဲကိုက်သည်။ လမ်းဆက်လျှောက်လာရင်းမှ BaekHyun တစ်ယောက် မြို့တောင်ပိုင်းဘက် ဘယ်လိုရောက်သွားမှန်းမသိ... BaekHyun သိလိုက်တဲ့အချိန်မှာတော့ တစ်နေရာမှာ ခြေအစုံတို့ကခိုင်မြဲနေပြီ။
BaekHyun ရောက်နေတာ လမ်းကြားလေးတစ်ခုကို လမ်းမနှင့်ဆက်ထားသောနေရာ။ BaekHyun လက်ပိုက်ရင်း လမ်းမ၏ဆိုင်းဘုတ်ကို ကြည့်လိုက်တော့ သွေးတွေခဲချင်ချင်ဖြစ်သွားရသည်။
လမ်းမလေး၏ထောင့်တွင်ရှိနေသော ဆိုင်းဘုတ်ကလေး၏ အပေါ်တွင်ရှိနေတာက အဖြူရောင်ဆေးဖြင့်ရေးထားသော စာလုံးအချို့။
"13th Street..."
လမ်းမီးတိုင်အောက်တွင် ထင်းနေသော ဆိုင်းလုတ်ကိုဖတ်ရင်း Baekhyun ၏ ကျောထဲတွင်စိမ့်လာသည်။ ဒီလမ်းထောင့်မှာ ကောင်မလေးတစ်ယောက် သေသွားတာမှမကြာသေး... ဘေးတွင်လည်းတော်တော်မှောင်နေတာမှ ညခြောက်နာရီရှိတော့မည်။
ထိုစဉ် BaekHyun ၏ ခြေထောက်ကို လေအေးတစ်ခုကလာတိုးဝှေ့သည်။ ဘာဖြစ်လို့ဒီရောက်နေတာလဲဆိုတာလည်း စဉ်းစားလို့မရ။ လက်သီးကိုဆုပ်ချည်ဖြန့်ချည်လုပ်ရင်း အေးစက်သောညလယ်တွင် BaekHyun ချွေးပြန်စပြုလာသည်
BaekHyun သတိမပြုလိုက်မိတာက သူ့ကိုကြည့်နေသော မျက်ဝန်းနီနီတစ်စုံကိုဖြစ်သည်။
"ဝုန်း..."
"အား..."
နံရံဆီသို့လည်ပင်းညှစ်ကာ ဆောင့်တွန်းတာခံလိုက်ရတော့ BaekHyun အော်လိုက်သည်။ ဒါပေမဲ့အသံကခပ်အက်အက်ပဲ ထွက်လာသည်။ အေးစက်စက်လက်တစ်ဖက်က BaekHyun ၏ လည်ပင်းကိုပိုမိုတင်းကြပ်အောင် ရစ်ပတ်လိုက်သည်။ BaekHyun ရုန်းပေမဲ့မရ... အားတစ်စုံတစ်ရာက BaekHyun ကို လှုပ်မရအောင် ညှို့ထားသလိုမျိုး။
BaekHyun မနည်း သတိကပ်ပြီးကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်။ မျက်ဝန်းတို့က ရဲရဲနီနေသည်။
သူက BaekHyun ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်နေသည်။ ပြီးတော့ BaekHyun ၏ လည်ပင်းကိုဘေးကိုစောင်းချလိုက်သည်။ BaekHyun ကြည့်နေဆဲမှာပင် သူ့သွားစွယ်တို့က ရှည်ထွက်လာသည်။
"Noona!"
ကောင်လေးတစ်ယောက်ရဲ့ အော်သံတစ်ခုနှင့်အတူ အရိပ်တစ်ခုက ရှေ့ကကောင်မလေးကို BaekHyun ဆီမှ အချိန်မီဆွဲလိုက်သည်။ ထိုသူက ကောင်မလေး၏ လက်တွေကို Baekhyun ၏လည်ပင်းဆီမှ ဆွဲကာခွာသည်။ ပြီးတော့ ကောင်မလေးကိုတွန်းလိုက်သည်။ BaekHyun လည်း မြေပေါ်လဲကျသွားရသည်။ အားကသိပ်မပြင်းပါ... နောက်သုံးစက္ကန့်သာ လည်ပင်းအညှစ်ခံရလျှင် လည်ပင်းကျိုးသွားမှာသေချာသည်။
"Noona... စိတ်ထင်ရာမလုပ်နဲ့လေ..."
ခပ်နက်နက်အသံတစ်ခုက ထိုတစ်ယောက်ဆီမှထွက်လာသည်။ BaekHyun ကြည့်လိုက်တော့ အရပ်ရှည်ရှည်လူတစ်ယောက်။ သူ့အစ်မဖြစ်ဟန်တူသူကိုလည်း လက်မှနေ၍ချုပ်ထားသည်။ ချုပ်ထားရင်းကနေလည်း ပါးစပ်ကတတွတ်တွတ်ရွတ်နေသည်။ BaekHyun ချောင်းတဟွတ်ဟွတ်ဆိုးရင်း လှမ်းကြည့်တော့ မြင်ကွင်းတို့ကနည်းနည်းဝါးနေသည်။
"Noona.. စိတ်ထိန်းမှပေါ့... ကျွန်တော်တောင်းပန်ပါတယ်... Min Se, အစ်မကိုအိမ်ပြန်ခေါ်သွားလိုက်ပါ..."
သူ့အသံခပ်နက်နက်အဆုံးမှာ ကောင်မလေးက ဘာပယောဂကြောင့်မှန်းမသိဘဲ BaekHyun ၏ မျက်စိရှေ့မှပျောက်သွားလေသည်။
"ဟူး..."
သူကလေပူတစ်ချက်မှုတ်ထုတ်ကာ မြေပေါ်လဲနေသည့် BaekHyun ဆီကိုလျှောက်လာပြီး အင်္ကျီကော်လာမှဆွဲကာ ပင်မော့လိုက်သည်။ BaekHyun ဆုံလိုက်ရတာက ရင်းနှီးသလိုရှိသော စူးရှသောမျက်ဝန်းအစုံကိုဖြစ်သည်။ သူက BaekHyun ၏ မျက်ဝန်းထဲသာမက စိတ်အစုံကိုပါ ထွင်းဖောက်သလိုကြည့်နေပြီးမှ...
"မင်းဘာမှမတွေ့ခဲ့ဘူး... ဘာမှလည်းမဖြစ်ခဲ့ဘူး... ဒီနေရာကိုလည်းမရောက်ခဲ့ဘူး... သေချာမှတ်ထားလိုက်ပါ..."
သူ့ရဲ့နက်ရှိုင်းသောအသံကို ကြားနေရင်း BaekHyun ခေါင်းတွေမူးဝေလာသည်။ ရှေ့ကသူ့ကိုသေချာစိုက်ကြည့်နေသည်။ တကယ်မြင်ဖူးတာပါ... မြေကြီးလက်ခတ်မလွဲ ရင်းရင်းနှီးနှီးသိနေသောမျက်နှာ...
"Min Se... သူ့ကို Kim Jong Dae ရဲ့ အိမ်ရှေ့ပို့ပေးလိုက်..."
ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်သော အေးစက်စက်အထိအတွေ့ကို သိလိုက်ပြီးမှာတော့ BaekHyun မူးသည်ထက်မူးလာပြီး သတိလစ်သွားပါသည်။
"BaekHyun... BaekHyun..."
တရင်းတနှီးခေါ်သံကြောင့် BaekHyun သတိရလာတော့ ပါးပြင်မှာက အေးစက်စက်စိုစွတ်စွတ်အထိအတွေ့... ကျောက်ခင်းလမ်း...
BaekHyun ခေါင်းကိုမကာ ကြည့်လိုက်တော့ Chen က စိတ်ပူသလိုမျက်နှာထားဖြင့် BaekHyun ၏ ပခုံးပေါ်လက်တင်ရင်း ကြည့်နေသည်။
"ငါ... ဘာဖြစ်တာလဲ..."
BaekHyun မေးလိုက်သည့်အချိန်မှာပဲ ကျောက်ခင်းလမ်းပေါ်မှာ မှောက်လျက်သားဖြစ်နေတာကို သတိထားမိသွားသည်။ ဘေးမှာကလည်း ရပ်ကြည့်နေသော လူတွေနှင့်... Chen က သူ့ကိုဆွဲထူရင်း ပခုံးတွန့်သည်။
"ငါ့အိမ်ရှေ့မှာ လူတစ်ယောက်လဲနေတယ် လို့ပြောလို့ ငါထွက်ကြည့်တာမင်းကိုတွေ့တာပဲ... ဘာဖြစ်တာလဲ..."
Chen ကမေးရင်း BaekHyun ကို တွဲကာ အိမ်ထဲဆွဲခေါ်လာသည်။ ဆိုဖာပေါ်ထိုင်မိတာနှင့် BaekHyun ခေါင်းတွေမူးလာကာ စိတ်ထဲ၌စကားသုံးခွန်းကို ကြားယောင်လာသည်။
"မင်းဘာမှမတွေ့ခဲ့ဘူး... ဘာမှလည်းမဖြစ်ခဲ့ဘူး... ဒီနေရာကိုလည်းမရောက်ခဲ့ဘူး..."
အသံခပ်နက်နက်တစ်ခု၏ပြောသံ။ ဟုတ်တာပေါ့... BaekHyun ကို စိတ်ညှို့ပြီးမေ့သွားအောင် လုပ်ခဲ့တာ ဖြစ်ရမည်။ ဒါပေမဲ့ BaekHyun က ဘာလို့ သိနေသေးတာလဲ...
"ငါ...."
BaekHyun ဖြစ်ခဲ့သမျှကိုရှင်းပြလိုက်သည်။ Chen က လေးလေးနက်နက်စဉ်းစားနေသလို မျက်မှောင်ကိုကြုတ်ထားသည်။ လက်ထဲက စာအုပ်ကိုလည်း ဆကာ ဆကာ ကိုင်ထားသည်။
"မင်း သူနဲ့ပတ်သက်ပြီးဘာမှတ်မိသေးလဲ..."
Baekhyun မျက်နှာကိုပွတ်ရင်း...
"သူ့အသံက... ဘယ်လိုပြောရမလဲကွာ... ဩဇာသံပါတယ်... ခပ်နက်နက်ပဲ... ငါ့ကို Min Se ဆိုတဲ့သူကနေတစ်ဆင့် မင်းအိမ်ကို ပို့ပေးခိုင်းလိုက်တာ..."
Chen မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်သွားသည်။
"သူကအရပ်ခပ်ရှည်ရှည်ဟုတ်တယ်မဟုတ်လား... ငါ့ကို Jong Dae လို့သုံးတယ်လေ..."
BaekHyun ခပ်မြန်မြန်လေးခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... မင်းသူ့ကိုသိလား..."
Chen က ခေါင်းညိတ်သည်။
"သိတာပေါ့... ဘယ်သူရှိဦးမှာလဲ... အဲ့ဒါ မြို့စားကြီး Chan Yeol ပေါ့..."
"Chan Yeol? Park Chan Yeol လား..."
BaekHyun နာမည်ခေါ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ Chen က မေးစေ့ကိုသေချာပွတ်ရင်း BaekHyun ကိုကြည့်နေသည်။
"သူကစိတ်ညို့တာအရမ်းတော်တယ်... မင်းကသူပြောတာကြားပြီတာတောင် မမေ့ဘူးဆိုတော့... ဘာတွေလဲ..."
Chen ပြောမှ BaekHyun စဉ်းစားမိသည်။ သူလည်းမသိဘူးလေ...
"ငါ..."
*ဒေါက်*ဒေါက်*ဒေါက်*
ဧည့်ခန်းတံခါးကိုခေါက်သံနှင့်အတူ လူတစ်ယောက်က အခန်းထဲဝင်လာကာ Chen ကိုခေါင်းညိတ်သည်။
"အိမ်တော်ထိန်း Kim... ဘာကိစ္စရှိလို့လဲ..."
Chen မေးတော့ အိမ်တော်ထိန်း Kim က ခါးကိုညွတ်သည်။
"အပြင်မှာ ဆရာ့ကိုတွေ့ဖို့ကောင်လေးနှစ်ယောက် ရောက်နေလို့ပါ..."
"ဘယ်သူတွေလဲ..."
"Kai နဲ့ D.O လို့ပြောပါတယ်..."
Chen ခေါင်းကိုညိတ်လိုက်သည်။
"ဝင်လာခိုင်းလိုက်ပါ..."
အိမ်တော်ထိန်းထွက်သွားတော့ Chen က ကောင်လေးတွေ အခန်းထဲဝင်မလာခင် ရှင်းပြသည်။
"သူတို့က သစ်တောထဲမှာနေတဲ့ Moonlight Pack ရဲ့ အဖွဲ့ဝင်တွေ... သမန်းဝံပုလွေတွေပေါ့... ကိစ္စရှိတယ်ထင်တယ်..."
Chen စကားအဆုံးမှာပဲ တံခါးပွင့်သွားကာ ကောင်လေးနှစ်ယောက် အခန်းထဲဝင်လာသည်။ တစ်ယောက်က အသားညိုညို အရပ်ရှည်ရှည်နှင့်ဖြစ်ကာ နောက်တစ်ယောက်ကတော့ ထူးဆန်းသော နှုတ်ခမ်းအစုံ၏ ပိုင်ရှင်ဖြစ်သည်။
"ထိုင်ကြပါ... ပြောပါဦး... ဘာကိစ္စလဲဆိုတာ..."
အသားညိုညိုနှင့်ကောင်လေးက Baekhyun ကိုကြည့်တော့ Chen က ခေါင်းညိတ်လိုက်သည်။
"ပြောလို့ရပါတယ်... သူက BaekHyun ပါ... ဒီမြို့ကိုပြောင်းလာတဲ့ စုံထောက်အသစ်ပေါ့... BaekHyun... ဒါက Kai.. ဒါက D.O.."
သူတို့အချင်းချင်းထိုင်လျက်မှ ခါးညွတ်နှုတ်ဆက်လိုက်ပြီးတော့ Kai ဆိုသော ကောင်လေးက လည်ချောင်းရှင်းကာ စကားစပြောသည်။
"ကျွန်တော်တို့ ဒီကိုလာရတာကိစ္စနှစ်ခုရှိပါတယ်။ အကူအညီိပေးတာနဲ့တောင်းတာပါ။ တစ်ခုက ၁၃လမ်းမှာ လူသတ်သွားတဲ့ Vampire ကို ဖမ်းတဲ့နေရာမှာ ကူညီဖို့အသင့်ရှိနေတယ်ဆိုတာ လာပြောတာပါ..."
ဆက်ပြောဆိုသောသဘောနှင့် Chen ခေါင်းညိတ်တော့ ကောင်လေးကဆက်ပြောသည်။
"ကျွန်တော်တို့ရဲ့ Beta Luhan က အခု Vampire တစ်ကောင်ဆီမှာရောက်နေပါတယ်...ကျွန်တော်တို့ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်..."
Chen ခေါင်းညိတ်လိုက်သည်။
"ကူညီပေးရမှာပေါ့... အပန်းမကြီးပါဘူး... မင်းတို့ Beta ပါသွားတာ ဘယ်သူ့ဆီကိုလဲ..."
"သူ့နာမည်က Sehun ဆိုတာပဲသိထားပါတယ်..."
Chen ရဲ့ မျက်လုံးသူငယ်အိမ် အနည်းငယ်ကျဉ်းသွားပြီ။ Chen မျက်နှာကိုပြန်ထိန်းကာ ပြုံးပြလိုက်သည်။
"တတ်နိုင်သလောက်ကူညီပေးပါ့မယ်... မင်းတို့သစ်တောပြန်သွားမှာလား..."
နောက်တစ်ယောက်ကဝင်ဖြေသည်။
"ကျွန်တော်တို့မြို့မှာတစ်ရက်လောက်နေပြီး လူသတ်မှုကိုကျူးလွန်နေတဲ့ Vampire ကိုရှာပေးပါ့မယ်..."
"ငါ့ရဲ့အိမ်မှာတည်းလို့ရပါတယ်... အခန်းစီစဉ်ပေးမယ်... အိမ်တော်ထိန်း Kim!"
Chen စကားအဆုံးတွင် အိမ်တော်ထိန်း Kim တစ်ယောက် အခန်းထဲရောက်လာပြန်သည်။
"ဟုတ်ကဲ့..."
"သူတို့အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးလိုက်ပါ... သူတို့ဒီမှာခဏနေလိမ့်မယ်..."
"သိပါပြီ..."
အိမ်တော်ထိန်းအိမ်ပေါ်ထပ်တက်သွားတော့ Chen က Kai နှင့် D.O တို့ကို ပြုံးပြလိုက်သည်။
"ကိုယ့်အိမ်လိုပဲသဘောထားပါ... Kai နဲ့ D.O..."
Chen ကို Kai နှင့် D.O တို့ပြန်ပြုံးပြလိုက်ပါသည်။
"ဝုန်း..."
ထိုစဉ်အိမ်ရှေ့တံခါးရော ဧည့်ခန်တံခါးပါပွင့်သွားသည်။ Chen ကြည့်လိုက်တော့ အမည်းရောင်ဝတ်လူတစ်ဦးက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်လျက် Chen ဆီကို လျှောက်လာသည်။
"နေကောင်းတယ်နော်... Jong Dae..."
Baekhyun ထိုသူ့ကိုတွေ့လိုက်ရတော့ အသက်ရှူရခက်ခဲရင်း ဆွံအသွားပါသည်။ ဒါ Park ChanYeol... ပထမမြို့စား... ပြီးတော့ သူ့ကိုစိတ်ညှို့ခဲ့သူ...
"Jong In ရယ်... Kyung Soo ရယ် ရောက်နေတာကိုး..."
Kai နှင့် D.O တို့က တစ်ချက်ပြုံးပြသည်။ လိုလိုလားလားကြီးတော့မဟုတ်ပေမဲ့ သူတို့အပြုံးက အသက်ပါသည်။ မိတ်ဆွေတစ်ယောက်ကို ပြုံးပြနေသလိုမျိုး သူက BaekHyun ကိုတစ်ချက်ကြည့်ကာ ပြုံးပြသည်။
"ပြီးတော့ BaekHyun ရယ်..."
Baekhyun ဘယ်နားကအသက်ရှူရမလဲမသိ ဖြစ်သွားသည်။ သူက Chen ကိုကြည့်ရင်း ပြုံးသည်။
"ငါခုနကလောသွားမိလို့ အခုလာဖြည်တာ..."
ဘာအဓိပ္ပါယ်မှန်းမသိသော်လည်း BaekHyun ကိုစိတ်ညှို့တာနှင့်ဆိုင်မှာတော့ သေချာသည်။
ChanYeol က Chen နှင့် BaekHyun တို့အလယ်ကခုံတွင် ဝင်ထိုင်လိုက်သည်။
"မင်းက..."
Chen မျက်ခုံးပင့်လိုက်သည်။
"ခုနကအတွက်လာတောင်းပန်တာပါ... Yura Noona ကို ငါမထိန်းမိလိုက်လို့ပါ..."
BaekHyun ကိုကြည့်ရင်း သူကပြုံးသည်။
"သူ့အပေါ်မှာ ငါ့ရဲ့စွမ်းအားအလုပ်မလုပ်တာ ထူးဆန်းတယ်နော်... သူ့မျက်လုံးကအကုန် မှတ်မိနေတယ်ဆိုတာကို ပြောနေတယ်..."
Baekhyun မျက်လွှာချလိုက်သည်။ ChanYeol က Chen ကိုပြန်ကြည့်သည်။
"ငါလာတဲ့ကိစ္စက ဟိုတစ်နေ့ကလူသတ်မှုက ငါ့အစ်မနဲ့ဘာမှမဆိုင်ဘူးဆိုတာကို လာပြောတာ... သူအဲ့ဒီ့နေ့တုန်းက စိတ်ရိုင်းလည်းမဝင်ဘူး... အိမ်ကနေပြီး ဘယ်ကိုမှလည်းမသွားဘူး... သူက Dark Vampire လည်းမဟုတ်ဘူး..."
"ခုနက မင်းအစ်မငါ့ကိုသတ်တော့မလို့လေ..."
BaekHyun ပြောတော့ သူကပခုံးတွန့်သည်။
"သူဒီနေ့ စိတ်နည်းနည်းလွတ်နေလို့ပါ... တကယ်တော့ ငါ့အစ်မမပြောနဲ့... ငါတောင်မှမင်းရဲ့သွေးနံ့ကို သိပ်ခံနိုင်တာမဟုတ်ဘူး... မွှေးလွန်းလို့..."
BaekHyun ရင်တွေ ဖိုးသိုးဖတ်သပ်ဖြစ်သွားကာ တစ်ဆက်တည်းကြက်သီးမွှေးညင်းတွေလည်း ထလာသည်။ ChanYeol က တံတွေးမျိုချပြတော့ BaekHyun ကျောရိုးထဲမှာတောင် အေးစိမ့်သွားသည်
"ဒါဆိုမင်းအစ်မ ကောင်မလေးကို မသတ်ဘူးပေါ့...:
"မသတ်ဘူး... ကဲ... ငါပြောချင်တာကတော့ဒါပဲ... ငါသွားမယ်..."
ChanYeol မတ်တပ်ထရပ်လိုက်သည်။
"နေဦး... မင်းကိုမတွေ့တာကြာလှပြီ... ခဏနေပါလား... သုံးရက်လောက်နေရုံနဲ့ မင်းဆိုတာဘယ်သူမှ မသိဘူးလေ..."
Chen က တားသည်။ ChanYeol က ခေါင်းညိတ်လိုက်သည်။
"တစ်ခုတော့ရှိတယ်... ငါသူနဲ့တစ်ခန်းထဲနေမယ်..."
ChanYeol သူ့လက်ညိုးကို BaekHyun ကိုထိုးလိုက်တော့ Baekhyun မျက်လုံးတွေပြူးသွားပါသည်။
~*~*~*~*~*~*~*~*~*~*~*~*~*~*~
W/N: :နောက်အပိုင်းတွေကလေ... HunHan [Selu] KrisTao [Taoris] ChanBaek [BaekYeol] တွေဖြစ်မယ်လို့... KaiSoo လည်းပါတော့ပါမှာပေါ့... XD...
စောင့်ကြစေသတည်း...