"ေဟ့ နံပါတ္ 8812 ... အဆင္သင့္ျဖစ္ၿပီလား "
တံခါးကို စတီးတုတ္နဲ႔ ႏွစ္ဆင့္ေခါက္ကာ ေမးလာတာေၾကာင့္ အထုတ္ေတြယူၿပီး ေခါင္းညိမ့္ျပလိုက္သည္။
တခြၽင္ခြၽင္ၾကားေနရတဲ့ ေသာ့အသံေတြနဲ႔ က်ယ္ေလာင္ေသာအသံထြက္လာသည္။ ၿပီးေတာ့
ပြင့္သြားတဲ့ တံခါးနဲ႔အတူ အေစာင့္ ၄ ေယာက္က သူ႔ကိုတြဲေခၚသည္။ ႏွစ္ေယာက္က သူ႔ရဲ႕ေဘးမွာျဖစ္ၿပီးေတာ့ က်န္တဲ့ႏွစ္ေယာက္ကေတာ့ အေရွ႕မွာ ...
တစ္ခုၿပီးတစ္ခု ပြင့္လာတဲ့ တံခါးခ်ပ္ေတြေနာက္မွာ ေနာက္ဆံုးအေနနဲ႔ အျပင္ကိုေရာက္လာခဲ့သည္။
"ေဟ့ ... ေကာင္းေကာင္းေနေနာ္ ဘဝႀကီးကို ေထာင္ထဲမွာ မကုန္ဆံုးခ်င္စမ္းနဲ႔ "
ေထာင္မွဴ းရဲ႕ လွမ္းေအာ္ေျပာလိုက္တဲ့ စကားေၾကာင့္ တစ္ခ်က္ရယ္ရင္း အ႐ိုအေသျပဳလိုက္သည္။
ေဘးပတ္လည္ကိုၾကည့္လိုက္ေတာ့ ဘာအရိပ္အေယာင္ေလးမွမရွိပဲ ရွင္းလင္းေနသည္။
အင္းေလ ... သူ႔ကိုလာၿပီး ႀကိဳ္ဆိုမယ့္သူဆိုလို႔ တစ္ေယာက္ေလးေတာင္ ရွိတာမွမဟုတ္တာ။
အေပၚကေန ထပ္ဝတ္ထားတဲ့ ဂ်င္းလက္ရွည္အပါးေလးရဲ႕ အိတ္ကပ္ထဲကေန ဓာတ္ပံုေလးတစ္ပံုကို ထုတ္ၾကည့္လိုက္သည္။
"ကြၽန္ေတာ္လြတ္လာၿပီ အေမ "
ၿပံဳးရယ္ေနတဲ့ မ်က္ႏွာေလးကို လက္မေလးနဲ႔ ခပ္ဖြဖြေလးထိေတြ႔ၿပီး တီးတိုးေရရြတ္လိုက္သည္။
မ်က္ရည္တစ္ေပါက္ကေတာ့ သူ႔ရဲ႕လက္သည္းခြံေလးမွာ တင္က်န္လ်က္ ...
၂ နာရီၾကာေအာင္ ကားစီးၿပီးတဲ့ေနာက္မွာ သူအသြားခ်င္ဆံုးျဖစ္တဲ့ေနရာတစ္ခုကို ေရာက္လာခဲ့သည္။
ေတာ္ေတာ္ၾကာေအာင္ ရွာၿပီးတဲ့ေနာက္မွာ ေတြ႔သြားတာမို႔လို႔ ထိုေရွ႕မွာရပ္လိုက္သည္။
"ေကာင္းေကာင္းရွိေနရဲ႕လား ... ကြၽန္ေတာ္က ေတာင္းပန္ပါတယ္ ... ေနာက္ဆံုးအခ်ိန္မွာေတာင္ ေဘးမွာရွိမေပးႏိုင္ခဲ့လ္ု႔ိ ... ဒါေပမယ့္ အခုကစၿပီး မၾကာမၾကာလာလည္မွာမို႔လို႔ စိတ္မဆိုးနဲ႔ေနာ္ အေမ ... ခ်စ္တယ္ "
မွန္ေဘာင္ေပၚကေန ျမင္ေနရတဲ့ အရုိးျပာအိုး ျဖဴဴျဖဴေလးကို ၾကည့္ၿပီး မ်က္ရည္ေတြၾကားထဲကေန ၿပံဳးျပေနမိသည္။
ၿပီးေတာ့ ခုနက ထုတ္ၾကည့္ထားတဲ့ ဓာတ္ပံုေလးက္ုိ တစ္ခ်က္နမ္းလိုက္ၿပီး အ႐ိုးျပာအိုးရဲ႕ ေဘးနားေလးမွာ ေထာင္ထားလိုက္သည္။
"ကြၽန္ေတာ္သြားၿပီေနာ္ အေမ "
မ်က္ရည္ေတြကို သုတ္ၿပီး ေနာက္ဆံုးအႀကိမ္အေနနဲ႔ ဂါဝရျပဳလိုက္သည္။ ၿပီးေနာက္ အဝတ္အစားထည့္ထားတဲ့ အိတ္ေလးကို လက္မွာဆြဲကိုင္ရင္း ထိုေနရာကေန ေက်ာခိုင္းလာခဲ့သည္။
သားမိႏွစ္ေယာက္ဖက္ၿပီး လက္ႏွစ္ေခ်ာင္းေထာင္ထားတဲ့ ပိုစ့္ေလးနဲ႔ ႐ိုက္ထားေသာ ဓာတ္ပံုေလးမွာေတာ့ ခပ္ေသာ့ေသာ့ေရးထားတဲ့ စာေလးတစ္ေၾကာင္း
~ခ်စ္တယ္ ေမေမရဲ႕သားေလး (13/1/1999)
~~~ S A U D A D E ~~~
လမ္းၾကဳိလမ္းၾကားေလးေတြ ေလွကားထစ္ေပါင္းမ်ားစြာကို ျဖတ္ေက်ာ္ၿပီးတဲ့ေနာက္ ေသာ့ခတ္ထားတဲ့အိမ္ေလးေရွ႕မွာရပ္လိုက္သည္။
"ဘယ္သူလဲမသိဘူး"
မ်က္ႏွာခ်င္းဆိုင္ အိမ္ေလးကေန ဦးေလးႀကီးတစ္ေယာက္ထြက္လာသည္။သူ႔ကိုျမင္ေတာ့ ေသေသခ်ာခ်ာစိုက္ၾကည့္ၿပီး ေမးခြန္းေတြေမးေတာ့၏။
"ကြၽန္ေတာ္က မင္ဆိုေယာင္းရဲ႕သားပါ "
အေမ့ရဲ႕နာမည္ကိုေျပာလိုက္ေတာ့ ထိုဦးေလးက အံ့ၾသေနေလရဲ႕ ...
"ဆိုေယာင္းရဲ႕သားလား ... ႐ုတ္တရက္ႀကီးေတာ့ မမွတ္မိလိုက္ဘူး ... ခဏေစာင့္ ဦးေလး ေသာ့သြားယူေပးမယ္"
သေဘာေကာင္းစြာနဲ႔ ခ်က္ခ်င္းပဲ ေသာ့သြားယူေပးတဲ့ ဦးေလးႀကီးကိုၾကည့္ၿပီး ႏႈတ္ခမ္းေလးတြန္႔ေကြးေအာင္ ၿပံဳးျပလိုက္သည္။
"ဆိုေယာင္းက သူ႔သားျပန္လာတဲ့အခ်ိန္ထိ ဒီအိမ္ကို ေစာင့္ေရွာက္ေပးပါဆိုၿပီး ဦးေလးက္ုိ အပ္သြားတာ .... အရင္က အားရင္အားသလို သန္႔ရွင္းေပးပါတယ္ကြယ္ ... အခုတေလာ သိပ္မအားတာနဲ႔ ပစ္ထားသလိုျဖစ္သြားတာ "
ေသာ့ဖြင့္ေပးၿပီး အိမ္ထဲထိ ေသခ်ာလိုက္ပို႔ကာ ရွင္းျပေနတဲ့ ဦးေလးကို ေက်းဇူးတင္မိသည္။
အိမ္က လူမေနတာၾကာၿပီဆ္ုိေပမယ့္ မၾကာမၾကာ သန္႔ရွင္းေရးလုပ္ေပးထားပံုရတာေၾကာင့္ ဖဳန္အနညး္ငယ္ရႇိေနေပမယ့္ သန္႔ရွင္းေနသည္။
"ဟုတ္ ... အခုလို ေစာင့္ေရွာက္ထားေပးလို႔
ေက်းဇူးတင္ပါတယ္ "
"ရပါတယ္ကြယ္ ... ဒါဆို ဦးေလးသြားၿပီ "
ေသာ့ကိုလက္ထဲထည့္ေပးၿပီး ျပန္သြားေတာ့
အ႐ိုအေသေပးကာ ႏႈတ္ဆက္လိုက္သည္။
ၿပီးေနာက္ အခန္းေသးေသးေလးက္ို ဆြဲဖြင့္လိုက္ေတာ့ အရင္ကသူနဲ႔အေမနဲ႔ ေနခဲ့တဲ့ေနရာေလး ~
အခုထိဘာမွမေျပာင္းသြား။
ဗီ႐ိုေလးကို ဖြင့္ၾကည့္လိုက္ေတာ့လဲ အစီအရီေခါက္ေပးထားတဲ့ သူ႔အက်ီ ၤေလးေတြ ~
အထပ္လိုက္ေလးျဖစ္ေနတဲ့ အက်ီ ၤေလးေတြကို ထိေတြ႔မိေတာ့ မ်က္ရည္ေတြက မ်က္ႏွာျပင္မွာတြဲခိုေနေတာ့သည္။
"သတိရလိုက္တာ "
အက်ီ ၤေလးကိုေထြးပိုက္ရင္း အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ငိုၿပီးတဲ့ေနာက္ အေပၚဝတ္ကိုခြၽတ္လိုက္ၿပီး ရွင္းစရာရွိတာရွင္း ... ေနရာခ်စရာရွိတာ ခ်ၿပီး ေရခ်ဳိးကာ တေမွးအိပ္စက္လိုက္သည္။
ဲိအိပ္မက္ထဲမွာေတာ့ အေမက သူ႔ကိုေထြးေပြ႔ထားတယ္တဲ့ ~
~~~S A U D A D E~~~
ဖ်က္ကနဲပြင့္လာတဲ့ မ်က္ဝန္းေတြက နာရီဆီသုိ႔ေရာက္ေတာ့ ညေန ၆ နာရီပင္ရွိခဲ့ၿပီ။
တစ္ေနကုန္ ဘယ္လိုမ်ားအိပ္မိလိုက္တာလဲဆိုတာကို စဥ္းစားလို႔မရေသး ~
့ိုပိုက္ဆံအိတ္ကို ေဘာင္းဘီအ္ိတ္ကပ္ထဲထည့္ၿပီး အနီးဆံုး Mart ရွိရာကိုသြားကာ ေခါက္ဆြဲျပဳတ္ ထိုင္စားေနခ့ဲ့သည္။
ပိုက္ဆံကလဲ မရွိေတာ့တာမို႔လို႔ အလုပ္တစ္ခုေလာက္ ရွာရမယ္ဆိုၿပီး ဟိုဟိုဒီဒီလိုက္စံုစမ္းၾကည့္မိသည္။
အနီးစပ္ဆံုးေနရာေတြကေန အလုပ္ရႏိုင္မယ့္ေနရာေတြ စံုစမ္းၿပီးေတာ့ မနက္ျဖန္သြားေလ်ွာက္မယ္လို႔ စီစဥ္လိုက္သည္။
ေထာင္ထြက္တစ္ေယာက္အတြက္ ဘယ္အလုပ္ကအဆင္ေျပလိမ့္မလဲဆိုတာ မသိ ...
လိုအပ္ေလာက္မယ့္ အရာေတြကို ျပင္ဆင္ေနရင္းနဲ႔ မိုးလင္းေပါက္ခဲ့သည္။
ဘြဲ႕ရတုန္းက ဝတ္ခဲ့တဲ့ အက်ီ ၤေလးကို ထုတ္ဝတ္လိုက္ေတာ့ အတူတူရွိခဲ့ဖူးသူေတြကို သတိရလာသည္။ အတိတ္ကို ျပန္လည္တမ္းတဖို႔ အခ်ိန္မရွိတာမို႔လို႔ ျပင္ဆင္ထားတဲ့ စာရြက္စာတမ္းဖိုင္ကို အိတ္ထဲထည့္ၿပီး အလုပ္ေလ်ွာက္ဖို႔ ေျခလွမ္းစတင္ခဲ့သည္။
တစ္ေန႔လံုး တစ္ေနရာဝင္ တစ္ေနရာထြက္လုပ္ၿပီး ေလ်ွာက္ခဲ့တာ မေအာင္ျမင္ခဲ့။
ေနာက္ဆံုးေနရာေလးကို ေတြ႔ေတာ့ အားတင္းရင္း ဆိုင္ထဲဝင္ခဲ့လိုက္သည္။
"ဟို ဒီမွာ အလုပ္ေခၚတယ္ဆိုလို႔"
ဆိုင္က ဝန္ထမ္းကို ေမးလိုက္ေတာ့ ခဏေလးေစာင့္ပါဆိုသည့္အတြက္ ထိုင္ကာေစာင့္ေနလိုက္သည္။
ခဏၾကာေတာ့ အမ်ိဳးသမီးတစ္ေယာက္ထြက္လာသည္။ ၾကည့္ရတာ မန္ေနဂ်ာထင္ပါရဲ႕ ~
"ဒါနဲ႔ .. မင္းရဲ႕ အသက္အရြယ္ရယ္ ပညာအရည္အခ်င္းနဲ႔ဆိုရင္ ဒီ့ထက္ေကာင္းတဲ့ေနရာမွာ ရွာလို႔ရတယ္မဟုတ္ဘူးလား ... ဘာလို႔ ဒီလို ေကာ္ဖီဆိုင္မွာ လာေလ်ွာက္ရတာလဲ "
ထိုအမ်ိဳးသမီးက စာရြက္စာတမ္းေတြအကုန္ၾကည့္ၿပီး သူအသိခ်င္ဆံုးအခ်က္ကိုေမးေတာ့ အမွန္အတိုင္းေျဖလိုက္သည္။
"ကြၽန္ေတာ္ ျပစ္မႈမွတ္တမ္းရွိပါတယ္ ... မေန႔ကမွ ေထာင္ကေနလြတ္လာခဲ့တာ "
အမ်ဳိးသမီးရဲ႕ ပံုစံက ေတာ္ေတာ္ေလးကို အံ့ၾသသြားတဲ့ပံုေပါက္သည္။
"ဘာျပစ္မႈလဲ ... "
"ကား accident ျဖစ္ခဲ့တာပါ "
ေမးသမ်ွ အကုန္လံုးကို အမွန္အတိုင္းေျဖၿပီးေတာ့ အၾကာႀကီးစဥ္းစားေနေလ၏။
"ေကာင္းၿပီ ... အလုပ္ခန္႔လိုက္မယ္ .. ျပစ္မႈရွိေနေပမယ့္ အက်င့္စာရိတၱနဲ႔မဆိုင္တာမို႔လို႔ လက္ခံလိုက္ပါ့မယ္ ... မနက္ျဖန္ အလုပ္လာဆင္းလို႔ရၿပီ"
အရမ္းေပ်ာ္လြန္းတာေၾကာင့္ ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားကို ထပ္တလဲလဲေျပာေနမိသည္။
အိမ္ျပန္ေျခလွမ္းေတြဟာ အရမ္းကိုတက္ႂကြေနခဲ့သည္။ မနက္ျဖန္ကစၿပီး သူ႔ဘဝအသစ္ကေနျပန္စလို႔ရၿပီ။
ျဖစ္ခဲ့သမ်ွေတြ အကုန္လံုးကိုေမ့ၿပီးေတာ့ ~~~
"အလုပ္ရသြားတယ္လား "
"ဟုတ္ပါတယ္"
ေျပာင္လက္ေနတဲ့ အမည္းေရာင္ကားတစ္စီးေပၚမွ လူႏွစ္ေယာက္ရဲ႕ စကားသံပင္ျဖစ္သည္။
တက္ႂကြေနတဲ့ ေျခလွမ္းေတြနဲ႔အတူ အိမ္ထဲကိုဝင္သြားတဲ့ သူရဲ႕ အေနာက္ကို လိုက္လာခဲ့တာ ဒီေန႔နဲ႔ဆိုရင္ ႏွစ္ရက္ရွိခဲ့ၿပီပင္။
မေန႔က ေထာင္ကေနလြတ္လာကတည္းက သူ႔ေနာက္ကိုလိုက္လာခဲ့တာဆိုရင္လဲ မမွား။
"ဒီတစ္ႏိုင္ငံလံုးက အလုပ္ေတြအားလံုး သူေလ်ွာက္လို႔မရေအာင္လုပ္ပစ္လိုက္ "
ျပတ္သားတဲ့ စကားတစ္ခြန္းက အမိန္႔ဆန္သလို ေအးစက္လွသည္။
အမည္းေရာင္မွန္ကို တစ္ဝက္ေလာက္ ေအာက္ခ်ၿပီးေတာ့ ထိုအိမ္ကို ေသခ်ာစိုက္ၾကည့္ကာ ပါးစပ္ထဲက မီးခိုေရာင္ အေငြ႔ေတြကို မႈတ္ထုတ္လိုက္သည္။
"လြတ္လာတဲ့အတြက္ ဝမ္းသာပါတယ္ KyungSoo"
_____________________________________
~~~ S A U D A D E ~~~
ဟေ့ နံပါတ် 8812 ... အဆင်သင့်ဖြစ်ပြီလား "
တံခါးကို စတီးတုတ်နဲ့ နှစ်ဆင့်ခေါက်ကာ မေးလာတာကြောင့် အထုတ်တွေယူပြီး ခေါင်းညိမ့်ပြလိုက်သည်။
တချွင်ချွင်ကြားနေရတဲ့ သော့အသံတွေနဲ့ ကျယ်လောင်သောအသံထွက်လာသည်။ ပြီးတော့
ပွင့်သွားတဲ့ တံခါးနဲ့အတူ အစောင့် ၄ ယောက်က သူ့ကိုတွဲခေါ်သည်။ နှစ်ယောက်က သူ့ရဲ့ဘေးမှာဖြစ်ပြီးတော့ ကျန်တဲ့နှစ်ယောက်ကတော့ အရှေ့မှာ ...
တစ်ခုပြီးတစ်ခု ပွင့်လာတဲ့ တံခါးချပ်တွေနောက်မှာ နောက်ဆုံးအနေနဲ့ အပြင်ကိုရောက်လာခဲ့သည်။
"ဟေ့ ... ကောင်းကောင်းနေနော် ဘဝကြီးကို ထောင်ထဲမှာ မကုန်ဆုံးချင်စမ်းနဲ့ "
ထောင်မှူ းရဲ့ လှမ်းအော်ပြောလိုက်တဲ့ စကားကြောင့် တစ်ချက်ရယ်ရင်း အရိုအသေပြုလိုက်သည်။
ဘေးပတ်လည်ကိုကြည့်လိုက်တော့ ဘာအရိပ်အယောင်လေးမှမရှိပဲ ရှင်းလင်းနေသည်။
အင်းလေ ... သူ့ကိုလာပြီး ကြိုဆိုမယ့်သူဆိုလို့ တစ်ယောက်လေးတောင် ရှိတာမှမဟုတ်တာ။
အပေါ်ကနေ ထပ်ဝတ်ထားတဲ့ ဂျင်းလက်ရှည်အပါးလေးရဲ့ အိတ်ကပ်ထဲကနေ ဓာတ်ပုံလေးတစ်ပုံကို ထုတ်ကြည့်လိုက်သည်။
"ကျွန်တော်လွတ်လာပြီ အမေ "
ပြုံးရယ်နေတဲ့ မျက်နှာလေးကို လက်မလေးနဲ့ ခပ်ဖွဖွလေးထိတွေ့ပြီး တီးတိုးရေရွတ်လိုက်သည်။
မျက်ရည်တစ်ပေါက်ကတော့ သူ့ရဲ့လက်သည်းခွံလေးမှာ တင်ကျန်လျက် ...
၂ နာရီကြာအောင် ကားစီးပြီးတဲ့နောက်မှာ သူအသွားချင်ဆုံးဖြစ်တဲ့နေရာတစ်ခုကို ရောက်လာခဲ့သည်။
တော်တော်ကြာအောင် ရှာပြီးတဲ့နောက်မှာ တွေ့သွားတာမို့လို့ ထိုရှေ့မှာရပ်လိုက်သည်။
"ကောင်းကောင်းရှိနေရဲ့လား ... ကျွန်တော်က တောင်းပန်ပါတယ် ... နောက်ဆုံးအချိန်မှာတောင် ဘေးမှာရှိမပေးနိုင်ခဲ့လ်ု့ိ ... ဒါပေမယ့် အခုကစပြီး မကြာမကြာလာလည်မှာမို့လို့ စိတ်မဆိုးနဲ့နော် အမေ ... ချစ်တယ် "
မှန်ဘောင်ပေါ်ကနေ မြင်နေရတဲ့ အရိုးပြာအိုး ဖြူူဖြူလေးကို ကြည့်ပြီး မျက်ရည်တွေကြားထဲကနေ ပြုံးပြနေမိသည်။
ပြီးတော့ ခုနက ထုတ်ကြည့်ထားတဲ့ ဓာတ်ပုံလေးကို တစ်ချက်နမ်းလိုက်ပြီး အရိုးပြာအိုးရဲ့ ဘေးနားလေးမှာ ထောင်ထားလိုက်သည်။
"ကျွန်တော်သွားပြီနော် အမေ "
မျက်ရည်တွေကို သုတ်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ ဂါဝရပြုလိုက်သည်။ ပြီးနောက် အဝတ်အစားထည့်ထားတဲ့ အိတ်လေးကို လက်မှာဆွဲကိုင်ရင်း ထိုနေရာကနေ ကျောခိုင်းလာခဲ့သည်။
သားမိနှစ်ယောက်ဖက်ပြီး လက်နှစ်ချောင်းထောင်ထားတဲ့ ပိုစ့်လေးနဲ့ ရိုက်ထားသော ဓာတ်ပုံလေးမှာတော့ ခပ်သော့သော့ရေးထားတဲ့ စာလေးတစ်ကြောင်း
~ချစ်တယ် မေမေရဲ့သားလေး (13/1/1999)
~~~ S A U D A D E ~~~
လမ်းကြိုလမ်းကြားလေးတွေ လှေကားထစ်ပေါင်းများစွာကို ဖြတ်ကျော်ပြီးတဲ့နောက် သော့ခတ်ထားတဲ့အိမ်လေးရှေ့မှာရပ်လိုက်သည်။
"ဘယ်သူလဲမသိဘူး"
မျက်နှာချင်းဆိုင် အိမ်လေးကနေ ဦးလေးကြီးတစ်ယောက်ထွက်လာသည်။သူ့ကိုမြင်တော့ သေသေချာချာစိုက်ကြည့်ပြီး မေးခွန်းတွေမေးတော့၏။
"ကျွန်တော်က မင်ဆိုယောင်းရဲ့သားပါ "
အမေ့ရဲ့နာမည်ကိုပြောလိုက်တော့ ထိုဦးလေးက အံ့သြနေလေရဲ့ ...
"ဆိုယောင်းရဲ့သားလား ... ရုတ်တရက်ကြီးတော့ မမှတ်မိလိုက်ဘူး ... ခဏစောင့် ဦးလေး သော့သွားယူပေးမယ်"
သဘောကောင်းစွာနဲ့ ချက်ချင်းပဲ သော့သွားယူပေးတဲ့ ဦးလေးကြီးကိုကြည့်ပြီး နှုတ်ခမ်းလေးတွန့်ကွေးအောင် ပြုံးပြလိုက်သည်။
"ဆိုယောင်းက သူ့သားပြန်လာတဲ့အချိန်ထိ ဒီအိမ်ကို စောင့်ရှောက်ပေးပါဆိုပြီး ဦးလေးကို အပ်သွားတာ .... အရင်က အားရင်အားသလို သန့်ရှင်းပေးပါတယ်ကွယ် ... အခုတလော သိပ်မအားတာနဲ့ ပစ်ထားသလိုဖြစ်သွားတာ "
သော့ဖွင့်ပေးပြီး အိမ်ထဲထိ သေချာလိုက်ပို့ကာ ရှင်းပြနေတဲ့ ဦးလေးကို ကျေးဇူးတင်မိသည်။
အိမ်က လူမနေတာကြာပြီဆိုပေမယ့် မကြာမကြာ သန့်ရှင်းရေးလုပ်ပေးထားပုံရတာကြောင့် ဖုန်အနည်းငယ်ရှိနေပေမယ့် သန့်ရှင်းနေသည်။
"ဟုတ် ... အခုလို စောင့်ရှောက်ထားပေးလို့
ကျေးဇူးတင်ပါတယ် "
"ရပါတယ်ကွယ် ... ဒါဆို ဦးလေးသွားပြီ "
သော့ကိုလက်ထဲထည့်ပေးပြီး ပြန်သွားတော့
အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
ပြီးနောက် အခန်းသေးသေးလေးကို ဆွဲဖွင့်လိုက်တော့ အရင်ကသူနဲ့အမေနဲ့ နေခဲ့တဲ့နေရာလေး ~
အခုထိဘာမှမပြောင်းသွား။
ဗီရိုလေးကို ဖွင့်ကြည့်လိုက်တော့လဲ အစီအရီခေါက်ပေးထားတဲ့ သူ့အကျီ ၤလေးတွေ ~
အထပ်လိုက်လေးဖြစ်နေတဲ့ အကျီ ၤလေးတွေကို ထိတွေ့မိတော့ မျက်ရည်တွေက မျက်နှာပြင်မှာတွဲခိုနေတော့သည်။
"သတိရလိုက်တာ "
အကျီ ၤလေးကိုထွေးပိုက်ရင်း အချိန်တော်တော်ကြာအောင် ငိုပြီးတဲ့နောက် အပေါ်ဝတ်ကိုချွတ်လိုက်ပြီး ရှင်းစရာရှိတာရှင်း ... နေရာချစရာရှိတာ ချပြီး ရေချိုးကာ တမှေးအိပ်စက်လိုက်သည်။
ဲိအိပ်မက်ထဲမှာတော့ အမေက သူ့ကိုထွေးပွေ့ထားတယ်တဲ့ ~
~~~S A U D A D E~~~
ဖျက်ကနဲပွင့်လာတဲ့ မျက်ဝန်းတွေက နာရီဆီသို့ရောက်တော့ ညနေ ၆ နာရီပင်ရှိခဲ့ပြီ။
တစ်နေကုန် ဘယ်လိုများအိပ်မိလိုက်တာလဲဆိုတာကို စဉ်းစားလို့မရသေး ~
့ိုပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး အနီးဆုံး Mart ရှိရာကိုသွားကာ ခေါက်ဆွဲပြုတ် ထိုင်စားနေခဲ့သည်။
ပိုက်ဆံကလဲ မရှိတော့တာမို့လို့ အလုပ်တစ်ခုလောက် ရှာရမယ်ဆိုပြီး ဟိုဟိုဒီဒီလိုက်စုံစမ်းကြည့်မိသည်။
အနီးစပ်ဆုံးနေရာတွေကနေ အလုပ်ရနိုင်မယ့်နေရာတွေ စုံစမ်းပြီးတော့ မနက်ဖြန်သွားလျှောက်မယ်လို့ စီစဉ်လိုက်သည်။
ထောင်ထွက်တစ်ယောက်အတွက် ဘယ်အလုပ်ကအဆင်ပြေလိမ့်မလဲဆိုတာ မသိ ...
လိုအပ်လောက်မယ့် အရာတွေကို ပြင်ဆင်နေရင်းနဲ့ မိုးလင်းပေါက်ခဲ့သည်။
ဘွဲ့ရတုန်းက ဝတ်ခဲ့တဲ့ အကျီ ၤလေးကို ထုတ်ဝတ်လိုက်တော့ အတူတူရှိခဲ့ဖူးသူတွေကို သတိရလာသည်။ အတိတ်ကို ပြန်လည်တမ်းတဖို့ အချိန်မရှိတာမို့လို့ ပြင်ဆင်ထားတဲ့ စာရွက်စာတမ်းဖိုင်ကို အိတ်ထဲထည့်ပြီး အလုပ်လျှောက်ဖို့ ခြေလှမ်းစတင်ခဲ့သည်။
တစ်နေ့လုံး တစ်နေရာဝင် တစ်နေရာထွက်လုပ်ပြီး လျှောက်ခဲ့တာ မအောင်မြင်ခဲ့။
နောက်ဆုံးနေရာလေးကို တွေ့တော့ အားတင်းရင်း ဆိုင်ထဲဝင်ခဲ့လိုက်သည်။
"ဟို ဒီမှာ အလုပ်ခေါ်တယ်ဆိုလို့"
ဆိုင်က ဝန်ထမ်းကို မေးလိုက်တော့ ခဏလေးစောင့်ပါဆိုသည့်အတွက် ထိုင်ကာစောင့်နေလိုက်သည်။
ခဏကြာတော့ အမျိုးသမီးတစ်ယောက်ထွက်လာသည်။ ကြည့်ရတာ မန်နေဂျာထင်ပါရဲ့ ~
"ဒါနဲ့ .. မင်းရဲ့ အသက်အရွယ်ရယ် ပညာအရည်အချင်းနဲ့ဆိုရင် ဒီ့ထက်ကောင်းတဲ့နေရာမှာ ရှာလို့ရတယ်မဟုတ်ဘူးလား ... ဘာလို့ ဒီလို ကော်ဖီဆိုင်မှာ လာလျှောက်ရတာလဲ "
ထိုအမျိုးသမီးက စာရွက်စာတမ်းတွေအကုန်ကြည့်ပြီး သူအသိချင်ဆုံးအချက်ကိုမေးတော့ အမှန်အတိုင်းဖြေလိုက်သည်။
"ကျွန်တော် ပြစ်မှုမှတ်တမ်းရှိပါတယ် ... မနေ့ကမှ ထောင်ကနေလွတ်လာခဲ့တာ "
အမျိုးသမီးရဲ့ ပုံစံက တော်တော်လေးကို အံ့သြသွားတဲ့ပုံပေါက်သည်။
"ဘာပြစ်မှုလဲ ... "
"ကား accident ဖြစ်ခဲ့တာပါ "
မေးသမျှ အကုန်လုံးကို အမှန်အတိုင်းဖြေပြီးတော့ အကြာကြီးစဉ်းစားနေလေ၏။
"ကောင်းပြီ ... အလုပ်ခန့်လိုက်မယ် .. ပြစ်မှုရှိနေပေမယ့် အကျင့်စာရိတ္တနဲ့မဆိုင်တာမို့လို့ လက်ခံလိုက်ပါ့မယ် ... မနက်ဖြန် အလုပ်လာဆင်းလို့ရပြီ"
အရမ်းပျော်လွန်းတာကြောင့် ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ထပ်တလဲလဲပြောနေမိသည်။
အိမ်ပြန်ခြေလှမ်းတွေဟာ အရမ်းကိုတက်ကြွနေခဲ့သည်။ မနက်ဖြန်ကစပြီး သူ့ဘဝအသစ်ကနေပြန်စလို့ရပြီ။
ဖြစ်ခဲ့သမျှတွေ အကုန်လုံးကိုမေ့ပြီးတော့ ~~~
"အလုပ်ရသွားတယ်လား "
"ဟုတ်ပါတယ်"
ပြောင်လက်နေတဲ့ အမည်းရောင်ကားတစ်စီးပေါ်မှ လူနှစ်ယောက်ရဲ့ စကားသံပင်ဖြစ်သည်။
တက်ကြွနေတဲ့ ခြေလှမ်းတွေနဲ့အတူ အိမ်ထဲကိုဝင်သွားတဲ့ သူရဲ့ အနောက်ကို လိုက်လာခဲ့တာ ဒီနေ့နဲ့ဆိုရင် နှစ်ရက်ရှိခဲ့ပြီပင်။
မနေ့က ထောင်ကနေလွတ်လာကတည်းက သူ့နောက်ကိုလိုက်လာခဲ့တာဆိုရင်လဲ မမှား။
"ဒီတစ်နိုင်ငံလုံးက အလုပ်တွေအားလုံး သူလျှောက်လို့မရအောင်လုပ်ပစ်လိုက် "
ပြတ်သားတဲ့ စကားတစ်ခွန်းက အမိန့်ဆန်သလို အေးစက်လှသည်။
အမည်းရောင်မှန်ကို တစ်ဝက်လောက် အောက်ချပြီးတော့ ထိုအိမ်ကို ပါးစပ်ထဲက မီးခိုရောင် အငွေ့တွေကို မှုတ်ထုတ်လိုက်သည်။
"လွတ်လာတဲ့အတွက် ဝမ်းသာပါတယ် KyungSoo"
_____________________________________
~~~ S A U D A D E ~~~