MASK ( Editing )

De IzzybellaAmara

295K 20.4K 1.4K

Behind every mask there is a face, and behind that a story !!! လူသားတိုင်းရဲ့ မျက်နှာဖုံးနောက်ကွယ်မှာ ဖော်မပြ... Mai multe

MASK
Mask - 1
MASK - 2
MASK - 3
MASK - 4
MASK - 5
MASK - 6
MASK - 7
MASK - 8
MASK - 9
MASK - 10
MASK - 11
MASK - 12
MASK - 13
MASK - 14
MASK - 15
MASK - 16
MASK - 17
MASK - 18
MASK - 19
MASK - 20
MASK - 21
MASK _ 22
MASK - 23
MASK _ 24
MASK - 25
MASK - 26
MASK - 27
MASK - 28
MASK - 29
MASK - 30
MASK - 31
MASK - 32
MASK - 33
MASK 34
Part 35 (Z & U)
Part 36 ( Z + U)
Part-37 ( Z + U)
Part 38 (Z+ U)
PART 39 ( Z + U)
MASK - 40
MASK _ 41 🔞
MASK 42
MASK 43
MASK 44
ENDING ( Original Version)

Ending Version 2

6.4K 295 29
De IzzybellaAmara

တစ်နှစ်ခန့်ကြာသော် ~

ထင်းရှုးနှင့် ချယ်ရီများ ပန်းပင်များ ပွင့်ဖူးတတ်သော ပြင်ဦးလွင်မြို့တွင် ကျွန်တော်တို့ အခြေချဖြစ်သည်။ ကိစ္စများဖြစ်ပြီးနောက် တစ်ချိန်က ဘုန်းဓန ပြောခ့ဲဖူးသဖြင့် သူသဘောကျသော ထိုမြို့ငယ်လေးတွင်သာ အခြေချဖြစ်ခ့ဲကြသည်။

" Stevenရေ ဒီပါ့ဆီကို ဒီဟင်းသွားပေးပေး ''

" အင်း... ''

ကျွန်တော်တို့်အိမ်နှင့် ဒီပါ့အိမ်လေးတို့သည် ခြံဝန်းတစ်ဝန်းတည်းတွင်သာရှိသည်။ ဟိုဘက်အိမ် နှင့် ကျွန်တော့်အိမ်ကြားတွင် ပန်းခင်း နှင့် စတော်ဘယ်ရီပင်လေး များလည်း စိုက်ပျိုးထားလေသည်။ ကျွန်တော် နှင့် Steven သည် ပြင်ဦးလွင်ရှိ ဆေးခန်းများတွင်ထိုင်ကာ ဝင်ငွေရှာခြင်းအမှူကိူပြုသည်။ အလုပ်နားတိုင်း ဟင်းများကို ဟိုသည်ပေးပို့နေကျ။

ကျွန်တော်တို့ နှစ်ဦး၏ ဆက်ဆံရေးတွင် ကျွန်တော့်ဘက်မှ ချစ်တယ်ဟု မပြောဖူးသော်ညား နားလည်ပေးသော Steven ၏ အချစ်များကြောင့် အရာရာ အေးချမ်းခ့ဲသည်။ ကျွန်တော်တို့အတူရှိခ့ဲတာ ၁နှစ်နီးပါးရှိပြီဖြစ်သည်။ ယနေ့တွင်မှူ ကျွန်တော့်အပေါ် စောင့်စားခ့ဲသော ထိုကောင်လေးအား ချစ်တယ် ဟု ပြန်ပြောပြမည်ဟု ဆုံးဖြတ်ထားလေသည်။

" ဒီပါရေ ဝင်ခ့ဲပီနော် ''

" အေး Steven ဘာလာလုပ္တာလဲ ''

" ဟင်းလာပို့တာ ဒီနေ့ ဝက်ပုန်းရည်ကြီးဟင်းချက်တာ မင်းကြိုက်တတ်လို့လာပို့တာ။ ငါ့အခ်စ္က ဟင်းချက်ကောင်းတယ်လေ ''

"ကြွားပြန်ပြီ ''

" ဘာလုပ်နေတာလဲ? "

" ကိုဓနကို ရေချိုးပေးမလို့လေ။ ''

" နိုင်လား? ကူပေးရမလား? "

" ရတယ် မလိုဘူး။ ကိုဓနရဲ့ ခန္ဓာကိုယ်ကို မြင်ခွင့်မပေးနိုင်ပါဘူး။ ''

" စောက်ကပ်စေး.. အားအားယားယား ဘုန်းဓန ကိုပဲ ငါက ကြည့်ရဦးမယ် အကိုဘယ်လိုနေလဲ ငါလာတုန်းတစ်ခါတည်းကြည့်သွားမယ် ''

ဘုန်းဓနရှိသည်ဟူသော အခန်းသို့ ဝင်သွားလိုက်သည်။

" ကိုဓန အကိုရေ ဒီနေ့ဘယ်လိုနေလဲ သက္သာလား? သက်သာရင် ခေါင်းငြိမ့်ပြနော် ''

" ....... ''

" ပြီးရင် ဒီပါနဲ့လေ့ကျင့်ခန်းလုပ်ရမယ်နော် ခြေထောက်တွေကိုကြည့်ရအောင် စောင်ကိုလှပ်မယ်နော် ''

"...........''

" ဒီပါ မင်းမှန်မှန်နှိပ်ပေးရင် သူလမ်းလျှောက်နိုင်လာမှာပါ ''

" အင်းပါ ငါကြိုးစားနေပါတယ်။ ''

" အကို ထမင်းစားတော့မလားဟင်? Steven က သူ့အချစ်ရဲ့လက်ရာဆိုပြီး လာကြွားရင်း ဝက်ပုန်းရည်ကြီးဟင်း လာပို့ထားတယ်။ ကျွန်တော် ခွံကြွေးမယ်လေနော် ''

" ...............''

" အကိုက လိမ္မာလိုက္တာ အကိုစားပြီးရင် ကျွန်တော် စားမယ် ပြီးရင် ခြံထဲ ဆင်းကြမယ်နော်။ ''

"...........''

" မင်းအကို့ကို ထမင်းကျွေးလိုက်ဦး ငါပြန်ဦးမယ်။ ''

" အင်း ''

ထို့နောက် Steven ပေးသော ပန်းကန်လေးကိူကိုင်ကာ အိမ်နောက်ဖေးသို့သာ ဝင်ခ့ဲတော့သည်။ ကျွန်တော် ဝမ်းနည်းလိုက်တာ။ ကျွန်တော်ကသာ တစ်ဖက်သတ်ပြောနေသော်လည်း ကျွန်တော့်ကို စကားပြန်ပြောမည့်သူမရှိ။ ထိုအိမ်ထဲတွင် ကျွန်တော့်စကားသံသာ ပျံလွင့်နေပြီး ပြန်လည်ဖြေဆိုသံက တိတ်ဆိတ်လို့နေသည်။ဒါတွေအားလုံး ကျွန်တော့်အမှားသာဖြစ်သည်။ စိတိမဆိုးပဲ ကျွန်တော့်ကို စကားပြန်ပြောပါတော့နော်။
တောင်းပန်ပါတယ် အကို။

ကျွန်တော် ပျင်းလို့ အကို့စကားသံနားထောင်ချင်တယ်။ ကျွန်တော့်ကို ဆူတဲ့အသံလေးတွေ နားထောင်ချင်တယ်။ Steven က ကိုအာကာကို ချစ်တယ်လို့ တဖွဖွပြောရင် အကို့ဆီက ကြားခွင့်မရတော့မယ့် စကားကြောင့် ကျွန်တော် ဝမ်းနည်းတယ် သိလား အကို။

ထမင်းပန်ကန်ထဲတွင် သာမာန်ထပ် ပျော့နေသောထမင်းနှင့်ပုန်းရည်ကြည်းတို့ကို မဲနေအောင် နယ္ကာ ဝက်သားတုံးများထည့် ဇွန်းတပ်ကာ အခန်းသို့ယူခ့ဲသည်။

" အကိုရေ ထမင်းစားမယ်နော် ''

" အကိုသိလား? ဒီနေ့ ကိုအာကာက Steven ကို အဖြေပြန်ပေးမှာတဲ့။ ရယ်ရတယ်မဟုတ်လား? အတူနေတာ ၁နှစ်ကြာမှ အဖြေရမ့ဲ Steven က? နောက်ပြီး အမြဲလက်ရဲ ဇာတ်ရဲဖစ်နေတ့ဲ သူက ကိုအာကာနဲ့မှ မထိရမကိုင်ရ ဖြစ်နေရတာ။ Steven ကတော်တော် ချစ်ပုံပဲ။ ကိုအာကာ သိပ်ကံကောင်းတယ် အကိုရယ်။ ကျွန်တော် သိပ်အားကျတာပဲဗျာ။ ''

" ဒီနေ့တော့ ဟိုကောင်ကြီး Steven ပျော်ရတော့မှာ ''

" ပျော်စရာကြီးနော် ''

...................... MASK...............

" ဒီပါလေးတို့ အဆင်ပြေလား? "

" အင်း...အဆင်ပြေပါတယ် ''

" သူစားချင်တာလေးတွေသာ ချက်ပေးနေရတာ စားမစား သေချာမသိရလို့ စိတ်မချဘူး အတူနေကြမယ် ဆိုတော့လဲ လက်မခံဘူး''

" ဒီပါ့အကြောင်းကို ကျွန်တော် သိတယ် စိတ်မပူနဲ့ သူလုပ်နိုင်တယ် အဆင်ပြေပါတယ် ''

" အခုတောင် မနိုင်မနင်းနဲ့ ရေချိုးပေးမယ်လုပ်နေတာ ရေပတ်ပဲတိုက်ဖို့မနည်းပြောခဲ့ရတယ် ''

" ဒီကလေးကတော့လေ သူလုပ်ချင်သလို လုပ်နေတော့တာပဲ ''

ဘုန်းဓနသည် ၈လကျော်ကြာ ကိုမာဝင်ထားသော သူ၏ ခြေထောက်များသည် မလှုပ်ရှားနိုင်တော့ချေ။ ထို့ကြောင့် ဘုန်းဓန၏ ကိစ္စအဝဝအား ဒီပါကသာ တာဝန်ယူသည်။ Steven နှင့် ကိုအာကာတို့သည်လည်း ဘေးမှစောင့်ရှောက်ရန်အတွက်ဟုဆိုကာ ဒီပါတို့နှင့် အတူလိုက်နေပေးခြင်းဖြစ်သည်။ ထို့အပြင် လည်ချောင်းထိုးဖောက်စဉ်က အသံအိုးထိသွားခြင်းကြောင့် ဘုန်းဓနသည် သူ၏အသံတို့ ထာ၀ရပျောက်ကွယ်ခဲ့ရတော့သည်။

" အကို ''

" တစ်ခါတစ်လေလေ အကို စကားမပြောနိုင်တော့တာ ပိုကောင်းတယ် ထင်မိတယ် သိလား?ဟီး ကျွန်တော် ဘာလုပ်လုပ် မဆူတော့ဘူးလေ ''

ဂွက်

ဒီပါ့ခေါင်းလေးသည် ဘုန်းဓန၏ လက်သီးနဲ့ အထုခံလိုက်ရသည်။

" ဟီး ''

" ဒါပေမဲ့လေ ချစ်တယ်ဆိုတဲ့ စကားသံတော့ကြားချင်မိတာ အမှန်ပဲ။ အဲ့စကားလေး မကြားနိုင်တော့မှာကိုတော့ စိတ်မကောင်းဘူး ''

ကုတင်မှထကာ အလုပ်စာရွက်တွေကို လှမ်းဆွဲနေသော ဓနကြောင့် ဒီပါတစ်ယောက် အူကြောင်ကြောင်။

" အကို ဘာလိုချင်လို့လဲ''

" ဒီစာရွက်တွေလား ဘာလဲ သူများက စကားပြောနေတာကို အလုပ်လုပ်မလို့လား? မုန်းစရာကောင်းလိုက်တာ။ အဲ့မှာ အလုပ်တွေပဲ လုပ်နေလိုက် သိလား? လူက ဒီလောက်ဖြစ်နေတာကို ပြောမရဘူး ''

ဒီပါသည် ဆူပုတ်ပုတ်လေးဖြင့် စာရွက်များကိုဆောင့်အောင့်ပေးလိုက်၏။

ရန်ကုန်မှ အလုပ်များ၏ အဓိက အုပ်ချုပ်သူနေရာတွင် ကျွန်တော်တို့နှစ်ဦးစလုံး မရှိတော့သော်လည်း။ Company ၏ Shareအများဆုံးပိုင်ဆိုင်သူများအဖြစ် ရှိနေကြဆဲဖြစ်သည်။ ကိုဘုန်း၏ ရောဂါကြောင့် သူသည် အိမ်မှာနေရင်းသာ တစ်ခါတစ်ရံ စစ်ဆေး approve ပေးခြင်းကို ပြုလုပ်တော့သည်။ ကိုဘုန်း မေ့နေသော အချိန်တုန်းက ကျွန်တော် ပြုလုပ်ပေးခဲ့သည်။ အခုတော့ အလုပ်သရဲ ကိုဘုန်းက သူသာစီမံတော့သည်။

" ဘာလဲ ဘောပင်လား ''

ခေါင်းရမ်းပြသည်။

" ခဲတံလား ရော့ ''

ဒီပါသည် ဘုန်း​ဓန​ကိစ္စဖြစ်ပြီးကတည်းက ဘောပင်အား မမြင်ရဲမကိုင်ရဲဖြင့်ရခဲ့သော စိတ်ဒဏ်ရာအား အချိန်ကြာရှည်စွာ ကုခဲ့ရသေးသည်။
ကိုဘုန်းသည် စာရွက်အလွတ်ကလေးတစ်ခုအား ထုတ်ယူပြီး ထိုစာရွက်လေးပေါ်တွင် စာလေးချရေးပြသည်။ ကျွန်တော် စိတ်ဝင်တစား ကြည့်မိနေသည်။ ချရေးပြသည်က..

...ကို မင်းကိုချစ်တယ် ကို့ နှုတ်က မပြောနိုင်တော့ပေမဲ့ ဒီလိုစာနဲ့ရေးပြလို့ရတယ်။ တစ်နေ့ကို တစ်စောင် မင်းကို ချစ်တဲ့အကြောင်း စာလေးတွေပေးမှာမို့ သူများကို အားမကျနဲ့နော်..

ထိုစာလေးအားဖတ်ရင်း ဒီပါ့ မျက်ရည်တို့ အတိုင်းအဆမရှိကျမိတော့သည်။

" ကျေးဇူးပဲ နေ့တိုင်းသိမ်းမှာမို့ ပေးရမယ်နော်။ ကျွန်တော်ကလဲ အကို့ဆီက စာတစ်စောင်ရတိုင်း ဘယ်လောက်ချစ်ကြောင်း ပြန်ပြောပြမယ်။ ''

" အရမ်းချစ်တယ် အကို အရာရာတိုင်းထက်ပဲ ''

ပြုံးပြီးကြည့်နေသည့် အကို မျက်နှာသည်အေးချမ်းလို့နေလေတော့သည်။

" ခြံထဲဆင်းကြမလားဟင်? "

အကိုကခေါင်းငြိမ့်ပြသည်မို့ အကို့ကို ဝှီးချဲလေးပေါ်တင်ရန် ကြိုးစားလိုက်သည်။ ခက်ခဲနေသော အကို့အား ထူမပေးကာ ဝှီးချဲပေါ်ရောက်အောင် ကူလိုက်သည်။
ထို့နောက် အကိုထိုင်သော ဝှီးချဲလေးအား တွန်းကာ ကျွန်တော် စိုက်ပျိုးထားသော အပင်များရှိရာ ပန်းခြံသို့်ထွက်ခဲ့ကြသည်။ လေတဖြူးဖြူးတိုက်နေသောကြောင့် ဆံပင်တိုလေးများ တလှပ်လှပ်လွင့်မေခြင်းသည်။ ရင်ခုန်စေသည်။ အကိုက ဘယ်လိုနေနေကြည့်ကောင်းတာ။

" ကျွန်တော် အကို့ကို ချစ်လိုက်တာလေ ပြေမပြတတ်အောင်ပဲ ဘယ်လိုလုပ်ရမလဲဟင် ''

ပြုံးပြလာသော မျက်နှာလေးက အသက်။ ချစ်မြတ်နိုးစွာဖြင့် ကိုဘုန်း ၏ နှုတ်ခမ်းများအား နမ်းရှိုက်လိုက်တော့သည်။ အနားမှာနေနေရင်း အကို မျက်နှာလွှဲသွားရင်တောင် ကျွန်တော်ဖြင့် လွမ်းနေတာ။ အကို ဘာတွေပဲ ဖြစ်နေပါစေ။ ကျွန်တော် အမြဲရှိမှာ ချစ်တယ်အကိုရယ် အသက်ထက်ပဲ။.......

တစ်ခဏကြာ ကိုဘုန်းအားငေးကြည့်နေချိန်တွင် ခုံလေးကြားမှ သူ့မှတ်စု စာအုပ်လေးထုတ်ကာရေးပြလာသည်။

" ချစ်ရသူလေးကို ပေးတဲ့ ၃ ကြိမ်မြောက် ရည်းစားစာ.... အရမ်းချစ်တယ်နော် '

ထို့နောက် နောက်စာရွက်ကလေးလှန်ကာ ရေးပြလာသည်။ ဒီ၂နာရီလောက်လေးမှာတင် မင်းကိုချစ်တယ် ပြောတာ ၃ကြိမ်ရှိပြီတဲ့ နောက်လဲ အများကြီးချစ်ဦးမှာမို့ ကိုယ့်အနားက ထွက်မသွားပါနဲ့တဲ့လေ။

အရာအားလုံး အေးချမ်းရချိန်မှာ နူးညံ့သော အချစ်ဟာ ချိူမြိန်သောတေးသွားလို ငြိမ့်ညောင်းလျှက်ပင်.......



.............................ပြီးပါပြီ..................... .......

ဒီအချိန်ထိ လိုက်ပါလာပေးသော readerလေး မ်ားအား ကျေးဇူးအထူးတင်ပါသည်။
Thank You
#Izzy

Continuă lectura

O să-ți placă și

10.8M 250K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
31.2K 671 24
klaus mikaelson's only reason to come back to New Orleans was to find out who was plotting against him. There he met someone and he knew she would tu...
600K 32K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
2.2K 118 23
Jon Kent thought his life was normal until he found out his dad was superman. The day of his grandmothers funeral he meets a girl his age and instant...