MASK - 10

6.2K 496 29
                                    

Unicode

" ငါ့အတွက် ဒီနေရာက အကောင်းဆုံးပဲ ဒီနေရာမှာနေရင် ငါစိတ်အမောပြေတယ် ပျော်တယ်။ အရာရာဖြူစင်သွားတယ်လို့ ခံစားရတယ် လွတ်လပ်တယ် ငါ ဒီနေရာလေးကို ဘယ်လောက်တောင် တွယ်တာရသလဲ မင်းသိလား "

ဘုန်းဓနဟာ ဒီနေ့မှာတော့ မိဘအိမ်အလည်ဟုဆိုကာ အာကာ့အိမ်လေးသို့ရောက်နေခြင်းဖြစ်သည်။

" အဲ့ဒီလိုလွတ်လပ်ပျော်ရွှင်မှုတွေကို မင်းကိုယ်တိုင်ပဲ ထားပစ်ခဲ့တာလေ... မဟုတ်ဘူးလား "

တစ်ချိန်က အိပ်ခဲ့ဖူးတဲ့ နှစ်ယောက်အိပ်ကုတင်လေးရဲ့ တစ်ဖက်တွင် ကျွန်တော်မြတ်နိုးသော အာကာ စာအုပ်ဖတ်ရင်း ခေါင်းငဲ့ကြည့်ကာ ပြန်လည်တုန်ပြန်လာခြင်းဖြစ်သည်။

" ဒီလိုတွေ လုပ်ခဲ့တာ ငါတို့အတွက်လို့ပြောရင် မင်းကငါ့ကိုဆူဦးမယ် "

အာကာသည် အလိုမကျသလိုကြည့်ရင်း သက်ပြင်းချကာ ဖတ်လက်စ စာအုပ်ကိုသာ ဆက်ဖတ်နေပြန်သည်။

" ငါရောက်နေတာကို ငါနဲ့ပဲ စကားပြောကြရအောင် မင်းစာအုပ်ကြီးကို ခဏချထားပါလားကွာ "

" ပြောပါ့လား နားထောင်နေတယ် "

ကုတင်ခေါင်းရင်းကိုမှီကာ ခြေဆင်းထိုင်ရင်း စာအုပ်ဖတ်နေသော သူ့အနားတိုးကပ်ကာ ခါးကိုဖက်ရင်း ဗိုက်အပေါ်မျက်နှာတင်ထားလိုက်တယ်။ သူက အနေခက်သွားလို့ထင်ပါရဲ့ ကျွန်တော့်ကို အတင်းတွန်းဖယ်နေပြန်တယ်။

" ခဏလေးပါ ငါဒီလိုလေးနေရတာ အေးချမ်းတယ်။ မင်းက တကယ်ကို နွေးထွေးစေတာပဲ "

အာကာသည် သက်ပြင်းကိုချလို့ ရုန်းကန်မှုများအား ရပ်တန့်ပစ်လိုက်သည်။ အရင်လို ဘုန်းဓန၏ ကျောပြင်အား ခပ်ဖွဖွပွတ်သတ်ပေးခြင်းတော့မရှိ။

" တကယ်တော့ ငါပင်ပန်းတယ်ကွာ။ ငါ မုန်းတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရတာ ငါပင်ပန်းတယ်။ အရာရာ ငါ့အတွက်ဖြစ်လာအောင် ကြိုးစားရတာ ပင်ပန်းတယ်။ လူတွေအမြင်ကို ဂရုမစိုက်တတ်တဲ့ငါ လူတွေအမြင်ကြည်ပြီး ငါ့ဘက်က ဖြစ်လာအောင် ကြိုးစားနေရတာ တကယ်ပင်ပန်းတယ်။ အထူးသဖြင့် မင်းနဲ့ဝေးနေရတာ ပိုပင်ပန်းတယ်။ "

MASK (  Editing  ) Where stories live. Discover now