Zawgyi
"ခန္႔....ခန္႔ကို"
သားလေရာင္ေလးၾကည့္ေနေသာျမင္္ကြင္း႐ွိ လူတစ္ေယာက္ေၾကာင့္ပိုင္သည္ေခတၱအသက္႐ႈရပ္သြားကာ ခန္႔ကိုသည္ပင္ေၾကာင္အသြားေလသည္။ ထိုလူသည္ပိုင္တို႔ေ႐ွ႕႐ွိ စားပြဲႏွစ္ခုအေက်ာ္တြင္ရပ္ေနေလသည္။ထို႔ေနာက္တေျဖးေျဖး ပိုင္တို႔ဘက္အားျပန္လွည့္လာခ်ိန္တြင္ပိုင္သည္ ႏွလံုးေသြးပင္ေျပာင္းျပန္စီးသြားခဲ့ေလသည္။ ထို႔ေနာက္ မည္သည္မ်ွပင္ မစဥ္းစားႏိုင္ေတာ့ကာ ပိုင္သည္ ထိုလူ႐ွိရာသို႔အေျပးသြားကာဖက္လိုက္ေလေတာ့သည္။
ထိုေနာက္ပိုင္ ဖက္ထားလ်ွက္ပင္ မ်က္ရည္မ်ားစီးက်လာေလသည္။ ခန္႔ကိုႏွင့္သားသည္အနားသို႔အျမန္ေရာက္လာေလသည္။ပိုင္သည္ ဖက္ထားရမွ မ်က္ရည္မ်ားစိုစြတ္ေနေသာ မ်က္ဝန္းျဖင့္ ထိုလူ၏ မ်က္ႏွာအားေမာ့ၾကည့္အား ပါးျပင္ေလးအားတုန္ယင္ေနေသာလက္ေခ်ာင္းေလးမ်ားျဖင့္ေျဖးညႇင္းစြာေတြ႔ထိေနပီးေနာက္ တုန္ယင္စြာပြင့္ဟ လာေသာ ႏႈတ္ခမ္းထက္မွ အမည္နာမ တစ္ခုသည္ တိုးညႇင္းစြာထြက္ေပၚလာခဲ့ေလေတာ့သည္။
"မ...မာန္။မာန္... တကယ္ပဲလား။မာန္...မာန္မေသဘူးမလား။ မာန္ရယ္..မာန္ရယ္..အသက္႐ွင္ေပးေနလို႔ တကယ္ေက်းဇူးတင္ပါတယ္ "
ပိုင္သည္ မာန္႔အား တုန္တုန္ယင္ယင္ျဖင့္ ထိေတြေနကာမ်က္ရည္မ်ားပင္က်ေနေလသည္။ ထို႔ေနာက္ တဖန္ရင္ခြင္ထဲဝင္ကာျပန္ ေပြ႔ဖက္လိုက္ေလေတာ့သည္။
"Sir ။ တကယ္ကို...တကယ္ကို...အသက္႐ွင္ေနေပးခဲ့တာပဲ"
ခန္႔ကိုသည္ပင္ျပံဳးၾကည့္ေနရင္းမွ မ်က္ရည္မ်ားက်ဆင္းေနေလသည္။ ဆိုင္႐ွိလူမ်ားသည္ပင္ ပိုင္တို႔အားလွည့္ၾကည့္ေနၾကသည့္အျပင္ ဆိုင္ပိုင္႐ွင္သည္ပင္ပိုင္တို႔ဆီသို႔ထြက္လာေလသည္။ပိုင္ဂ႐ုမစိုက္ႏိုင္။ မာန္အသက္႐ွင္ေနသည္ျဖစ္၍ ပိုင္မည္သည္မွ ဂ႐ုမစိုက္ႏိုင္။ သားသည္ ပိုင္တို႔အား ရပ္ၾကည့္ေနေလသည္။
ထို႔ေနာက္ မတ္တပ္ရပ္လ်ွက္႐ွိေသာမာန္သည္ပိုင့္အားျပန္လည္ဖယ္ခြာကာ ပိုင့္အားေသခ်ာၾကည့္ေနေသာေၾကာင့္ ပိုင္သည္ပင္မ်က္ရည္မ်ားႏွင့္ျပန္ၾကည့္ေနေလေတာ့သည္။စကၠန္႔အနည္းငယ္ခန္႔အၾကာတြင္
"ဘယ္...ဘယ္သူလဲ..။ ဖယ္ေတာ့။ ပိုင္မႀကိဳက္ဘူး။ ပိုင္သိရင္စိတ္ဆိုးလိမ့္မယ္။ သားအတြက္ ေရခဲမႈန္႔ဝယ္ရအံုးမယ္။ ဖယ္ေတာ့...ေတာ္ၾကာပိုင္ျမင္ရင္ ႏွင္ထုတ္လိမ့္မယ္"
ပိုင္သည္မာန္႔စကားေၾကာင့္ ကမၻာႀကီးသည္ခ်ာခ်ာလည္ကာ ရပ္ေနေသာေျခလွမ္းမ်ားပင္ေနာက္ဆုတ္သြားေလေတာ့သည္။
"မာန္...မာန္"
"Sir..Sir.ကြၽန္ေတာ္ ကတပည့္ခန္႔ကိုေလ Sir"
မာန္သည္ ခန္႔ကိုအား မ်က္ႏွာ တည္ႏွင့္ ၾကည့္လိုက္ပီးေနာက္ မ်က္ႏွာလြဲသြားကာ ထိုစားပြဲမွ သူ႔အတြက္ေပးထားေသာပိုက္ဆံတစ္ရြက္အားကိုင္ကာ စားေသာက္ဆိုင္မွ ထြက္သြားရန္ျပင္လိုက္ေလေတာ့သည္။
"မာန္....မာန္..ဘယ္သြားမလို႔လဲ။ မာန္"
စားေသာက္ဆိုင္ေ႐ွ႕အားထြက္လာေသာမာန္႔အားပိုင္သည္တဖန္ ေျပးဖက္လိုက္ရေလသည္။ထိုျမင္ကြင္းအားျမင္ေနရေသာလေရာင္ေလးသည္မ်က္ရည္မ်ားစီးက်ေနေလသည္။
"ဖယ္ မာန္လည္းမဟုတ္ဘူး။ သိလည္းမသိဘူး။ ငါက Dylan ။ ဖယ္ေတာ့ ပိုင့္ဆီသြားမလို႔ ပိုင္ေမ်ွာ္ေနတယ္ေနာက္က်ေနပီ။သားကိုလည္းေက်ာင္းႀကိဳရအံုးမယ္"
ထိုအခါမွ ပိုင္သည္ ရင္ထုမနာငိုေႂကြးေနရင္းပင္ မာန္႔အားဖက္ထားေလသည္။ ထိုအခ်ိန္တြင္ လေရာင္အရြယ္သာသာစားပြဲထိုးတစ္ေယာက္သည္မာန္႔ေ႐ွ႕ထြက္လာခဲ့ေလသည္။
"Dylan ဒီကိုၾကည့္"
ထိုစားပြဲထိုးေလး၏စကားေၾကာင့္ မာန္သည္ၿငိမ္က်သြားက ထိုစားပြဲထိုးေလး အားၾကည့္ေနေလသည္။
"လာ ဒီခံုကိုလာထိုင္။ ဒီခံုမွာ ထိုင္ရင္ ပိုင့္ဆီပို႔ေပးမယ္။ ဟုတ္ပီလား"
ထိုစားပြဲထိုးေလး၏စကားေၾကာင့္မာန္သည္ေခါင္းၿငိမ့္ျပကာ ခံုတြင္ၿငိမ္ၿငိမ္ေလးဝင္ထိုင္ေနကာ လမ္းမသို႔သာၾကည့္ေနေလသည္။ ပိုင္ႏွင့္ခန္႔ကိုတို႔သည္မာန္၏ပံုစံအားၾကည့္ေနရင္းပင္မ်က္ရည္မ်ားစီးက်ကာအသက္႐ႈပင္ၾကပ္လာေလေတာ့သည္။
"သူကိုသိလား"
ထို႔ေနာက္ေဘးတြင္သာရပ္ေနေသာ ဆိုင္ပိုင္႐ွင္မွ ပိုင့္အားလာေမးေလသည္။ ပိုင္သည္ မ်က္ရည္မ်ားႏွင့္မာန္႔အားၾကည့္ေနရင္းမွ ေခါင္းၿငိမ့္ျပလိုက္ေလသည္။
"သူေျပာတဲ့ ပိုင္...ပိုင္ က ကြၽန္ေတာ္ပါ"
ထို ဆိုင္ပိုင္႐ွင္သည္ေခါင္းကိုသာတၿငိမ္ၿငိမ့္လုပ္ေနေလသည္။
"သူဒီကိုေရာက္လာတာက လြန္ခဲ့တဲ့ ၆ လ ေလာက္ကျဖစ္မယ္။"
ေဘးတြင္ရပ္ကာသူအားၾကည့္ေနေသာပိုင့္အားမာန္သည္ျပန္ၾကည့္လာေလသည္။
"ဒီမွာထိုင္ေလ။မေညာင္းဘူးလားရပ္ေနရတာ။"
မာန္သည္သူ႔ေဘး႐ွိလြတ္ေနေသာခံုအား လက္ျဖင့္ပုတ္ျပကာပိုင့္အားဝင္ထိုင္ခိုင္းေလသည္။ထို႕ေၾကာင့္ပိုင္သည္က်ဆင္းေနေသာမ်က္ရည္မ်ားအားသုတ္လိုက္ကာခံုတြင္သာ ဝင္ထိုင္လိုက္ေလေတာ့သည္၊
"သူက ေခါင္းနည္းနည္းထိထားတာျဖစ္မည္။ သူ႔ကိုေမးရင္သူ႔မွာသားေလး႐ွိတယ္ဆိုတာနဲ႔ ပိုင္ဆိုတဲ့တစ္ေယာက္ပဲသူသိတယ္။ သူ႔ကိုကြၽန္ေတာ့္ဆိုင္က စားပြဲထိုးေလးကေတြ႔ခဲ့တာ"
"ဟုတ္တယ္လြန္ခဲ့တဲ့ ၆ လေလာက္ေတာ့႐ွိမယ္ အယ့္ညက ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္သူငယ္ခ်င္း လည္း မႏၱေလးဘက္ကေနဆိုင္အျပန္ေနာက္က်တဲ့ည ။ ကြၽန္ေတာ္တို့သူကိုေတြ႔ေတာ့ တတိယေကြ႔ေလာက္မွာ။သူကတစ္ေယာက္ထဲေသြးေတြနဲ႔တစ္ယိမ္းတစ္ယိုင္သြားေနေတာ့ကြၽန္ေတာ္တို႔ကလည္းေမးၾကည့္မလို႔ဆိုင္ကယ္အနားကပ္ပီးရပ္လိုက္တာ။ ကြၽန္ေတာ့ကိုလည္းေတြ႔ေကာ သားေလး သားေလးဆိုပီးေျပးဖက္တာ။အစက ကြၽန္ေတာ္လည္းလန္႔သြားတာ ေနာက္ပိုင္းေသခ်ာျကည့္ေတာ့ဒီလူက လူေကာင္းပဲျဖစ္မယ္ဆိုပီး ခုဒီဆိုင္မွာ ေခၚအပ္ေပးထားတာ။ ကြၽန္ေတာ္ တို႔က ဆင္းရဲ႕ေတာ့ မေကြၽးႏိုင္ဘူးေလ။ ကြၽန္ေတာ္ တို႔ပိုင္႐ွင္ကပဲေဆးခန္းျပေပးပီး ေခၚထားတာ"
"......."
ထိုစားပြဲထိုးေလး၏စကားေၾကာင့္ပိုင္သည္အျပင္အားၾကည့္ေနေသာ မာန္႔အားၾကည့္ကာမ်က္ရည္မ်ားတဖန္စီးက်ေနေလသည္။ ခန္႔ကိုသည္ပင္မတ္တပ္ရပ္ေနလ်ွက္ပင္မ်က္ရည္မ်ားဝဲေနေလသည္။
"ဒီအကိုနဲ႔ ဘာေတာ္လဲ ညီအကိုေတြ လား"
"....."
ပိုင္သည္စကားေျပာခ်င္စိတ္မ႐ွိေသာေၾကာင့္ ေခါင္းသာၿငိမ့္ျပလိုက္ေလသည္။
"အယ့္တာဆိုလည္းေကာင္းတာေပါ့ခင္ဗ်ာ ။ သူ႔အိမ္သားေတြျပန္ေတြ႔သြားပီပဲေလ"
ထို႔ေနာက္ပိုင္သည္ ပိုင္႐ွင္ဘက္လွည္ကာ
"ကြၽန္ေတာ္ တကယ္ကိုေက်းဇူးတင္ပါတယ္ မာန္႔အတြက္ကုန္က်ထားခဲ့သမ်ွကြၽန္ေတာ္ျပန္ေပးပါ့မယ္"
"ရပါတယ္ ဗ်ာ ။ကြၽန္ေတာ္က ဒုကၡေရာက္ေနတဲ့လူကိုကူညီတဲ့သေဘာပါ။ သူကလည္း ေအးပါတယ္။ ဆိုင္မွာလည္းတစ္ခါတစ္ေလ ပိုက္ဆံလိုက္သိမ္းေပးတယ္။ကြၽန္ေတာ္က မလုပ္ခိုင္းပါဘူးဗ်ာ။ ဒါမယ့္သူက လုပ္ေပးေနေတာ့ ကြၽန္ေတာ္လည္းစိတ္ခ်မ္းသာသလိုသာေနပါေစ ဆိုပီးထားလိုက္တာ။ ဆိုင္မွာ လူပါးရင္ေတာ့ သီခ်င္းေလးၿငီးတတ္တယ္။ တစ္ခ်ိန္ပဲ ကေလးေတြေက်ာင္းဆင္းခ်ိန္ေလာက္ဆို သားကိုေက်ာင္းႀကိဳရမယ္ဆိုပီးထြက္ထြက္သြားလို႔။ ေနာက္ကြၽန္ေတာ္လည္း အယ့္ခ်ိန္ေလာက္ဆိုသူ႔ကိုတိုက္ေနက်ေဆးကိုတိုက္ရတာ အယ့္အခါက်မွ ေအးေအးခ်မ္းခ်မ္းအိပ္တာ။ တစ္ခါတစ္ေလ ဆိုင္ကိုလာတဲ့ ၁၀ ႏွစ္ ၁၁ ႏွစ္အရြယ္ကေလးေလးေတြဆိုသူက သားလို႔ေခၚပီးခ်ီခ်ီေနလို႔ လိုက္ထိန္းရေသးတယ္။ခုကေတာ့ အရင္ကထက္ အမ်ားႀကီးေကာင္းလာတာ ။ သူ႔ကိုၾကည့္ေပးေနတဲ့ ဆရာဝန္ကေတာ့ သူက စိတ္ခံစားခ်က္ေတြအရမ္းျပင္းထန္ေနတဲ့အခ်ိန္မွာေခါင္းကိုထိသြားလို႔ခုလိုျဖစ္သြားတာတဲ့။ အယ့္တာေၾကာင့္သူ႔အတိတ္ေလးေတြကို ေျပာျပေပးမယ္ဆိုရင္ေတာ့ျမန္ျမန္ျပန္ေကာင္းႏိုင္တယ္။ ကြၽန္ေတာ္လည္းသူ႔နာမည္ Dylan ဟုတ္မဟုတ္ေတာင္မသိေတာ့ခက္သား။ခု သူ႔မိသားစုနဲ႔ ေတြ႔ေတာ့ကြၽန္ေတာ္တို႔လည္း ဝမ္းသာရပါတယ္ဗ်ာ။ အေျခအေနကေတာ္ေတာ္တိုးတက္လာတာပါ။ ေသခ်ာေလးဂ႐ုစိုက္ေပးမယ္ဆိုရင္ အျမန္ေကာင္းလာမွာပါတဲ့။သူစိတ္ဒဏ္ရာျဖစ္ခဲ့တာေတြေတာ့ျပန္မေျပာနဲ႔လို႔ဆရာဝန္ကေတာ့ေျပာထားပါတယ္။."
"........."
ပိုင္သည္မာန္႔ကိုသာၾကည့္ေနေလသည္။ထို႔ေနာက္ မာန္သည္ အေဝးၾကည့္ေနရာမွ ျပန္လွည့္လာကာ လေရာင္ေလးဆီအၾကည့္ေရာက္သြားပီးေနာက္ လေရာင္ေလးအားျပံဳးျပေလသည္။
"ဒီကိုလာအံုး ကေလး။ "
မာန္၏စကားေၾကာင့္လေရာင္ေလးသည္မ်က္ရည္မ်ားျဖင့္ မာန္႔ဆိီသြားကာ မာန္႔အားဖက္လိုက္ေလေတာ့သည္။ခန္႔ကိုအပါအဝင္လူအားလံုးသည္မာန္႔ကိုသာၾကည့္ေနေလသည္။ ထိုအခါမွ မာန္သည္ လေရာင္ေလးအားျပန္လည္ဖက္ကာ ေ႐ွ႕တြင္ ရပ္ေနေသာလေရာင္ေလး၏ပုခံုးေပၚတြင္ေမးတင္ထားေလသည္။ထို႔ေနာက္လေရာင္ေလး၏ေက်ာအားပြတ္ေပးေနပီးေနာက္
"ကေလးေလး။ ဦးဦး မွာ ကေလးေလးအရြယ္ သားေလး႐ွိတယ္သိလား။ သူကအခုေက်ာင္းတက္ေနလို႔ၿပီးမွ ဦးဦး သြားႀကိဳရမွာ ။ ငိုနဲ႔ေတာ့ေနာ္ သူျပန္လာရင္ေတာ့ သူက ကေလးေလးနဲ႔ေဆာ့မွာ"
မာန္႔စကားေၾကာင့္ ပိုင္ႏွင့္ခန္႔ကိုတို႔သည္မခံစားႏိုင္ေတာ့ကာ မ်က္ႏွာလႊဲသြားရေလသည္။ မာန္သည္လေရာင္ေလးအားဖက္ထားျမဲဖက္ထားေလသည္။ ထို႔ေနာက္ စားပြဲထိုးေကာင္ေလးသည္ပင္အထဲသို႔ျပန္ဝင္သြားေလသည္။
"ပါးပါး"
လေရာင္ေလးသည္ မာန္႔အားဖက္ထားလ်ွက္ပင္ မာန္႔အားေခၚလိုက္ေလသည္။ ထိုအခါမွ မာန္သည္ လေရာင္ေလးအားဖက္ထားရာမွ ျပန္ခြာကာ
"ကေလးေလး။ ကေလးေလးက ဦးဦး ကို ပါးပါးလို႔ေခၚတာလား။ ဦးဦး သားေလးကလည္းအယ့္လိုပဲ ပါးပါးလို႔ေခၚတာ။ ဒါေၾကာင့္ ဦးဦး က ဦးဦး သားကို သားလို႔ေခၚသလို ကေလးေလးကိုလည္း သားလို႔ေခၚမယ္ ဟုတ္ပီလား"
လေရာင္ေလးသည္နားမလည္စြာပိုင့္အားေမာ့ၾကည့္လာေသာေၾကာင့္ပိုင္သည္ေခါင္းၿငိမ့္၍သာျပလိုက္ေလသည္၊ထိုအခါမွ လေရာင္ေလးသည္ေခါင္းၿငိမ့္ျပကာ မာန္အားျပန္ဖက္လိုက္ေသာေၾကာင့္မာန္သည္ လေရာင္ေလးအားျပန္ဖက္ကာျပံဳးေနေလေတာ့သည္။ဆိုင္ပိုင္႐ွင္သည္ပင္ မာန္႔အားၾကည့္လ်ွက္ပင္ သက္ျပင္းခ်ေနေလေတာ့သည္။
"Dylan ဒီမွာေလ Dylan အိတ္"
အိတ္တစ္အိတ္ကိုင္ကာျပန္ထြက္လာေသာ စားပြဲထိုးေလး၏အသံေၾကာင့္မာန္သည္ လွည့္ၾကည့္လိုက္ခ်ိန္တြင္သူအိတ္အားေတြ႔လိုက္ေသာေၾကာင့္သားအားဖက္ထားလ်ွက္ပင္ ဆြဲယူလိုက္ေလသည္။
"မကိုင္နဲ႔..အယ့္တာပိုင့္ပစၥည္းေတြ.. မထိနဲ႔"
"......."
"အယ့္ထဲကဘာေတြလဲ "
ပိုင္သည္ ထိုစားပြဲထိုးေလးဘက္အားလွည့္ကာေမးလိုက္ေလသည္။
"ကြၽန္ေတာ္ လည္းမသိဘူးဗ်။ ကြၽန္ေတာ့ေတြ႔ထဲက အယ့္တာပါလာတာ ။ ဘယ္သူ႔ကိုမွ အကိုင္မခံဘူး။ ဒါေၾကာင့္လည္းကြၽန္ေတာ္မၾကည့္ျဖစ္လိုက္ဘူး"
"ေအာ္"
ပိုင္သည္သက္ျပင္းခ်ကာထိုအိတ္အားကိုင္လ်ွက္ပင္သားအားဖက္ထားေသာမာန္႔ကိုသာၾကည့္ေနေလေတာ့သည္။
"ကြၽန္ေတာ္တိုမာန္႔ကို႔ျပန္ေခၚသြားပါေတာ့မယ္ေနာ္။ မာန္႔ကိုေစာင့္ေ႐ွာက္ထားေပးတာ အတြက္ကြၽန္ေတာ္ထပ္ပီးေက်းဇူးတင္ပါတယ္ သူနာမည္အရင္းက လႊမ္းမာန္ထည္ဝါ ပါ"
ဆိုင္ပိုင္႐ွင္ႏွင့္စားပြဲထိုးေလးတို႔တိုသည္မ်က္ရည္မ်ားဝဲကာ ေခါင္းၿငိမ့္ျပေနေလသည္။
"သူလည္း မိသားစု ဆီျပန္ေရာက္သြားလို႔အတိုင္းမသိဝမ္းသာပါတယ္ဗ်ာ။ အမွန္တိုင္းေျပာရရင္ ေတာ့ ကြၽန္ေတာ္တို႔က သူ႔ကိုသံေယာဇဥ္ေတာင္ျဖစ္ေနပီ။ ေနာက္ျပန္ေကာင္းတဲ့တစ္ေန႔က်ရင္ ေတာ့ျပန္လာခဲ့အံုးေပါ့ဗ်ာ"
ဆိုင္ပိုင္႐ွင္သည္ ဆိုင္ဝတြင္လေရာင္ေလးနဲ့ ထိုင္ကာ စကားေျပာေနေသာမာန္႔အားၾကည့္ကာ ေျပာလိုက္ေလသည္။
"ဟုတ္ကဲ့ပါ။ ကြၽန္ေတာ္ဒီေက်းဇူးကိုတသက္မေမ့ပါဘူး။ ဒါက ကြၽန္ေတာ္တို႔ကုမၸဏီရဲ႕ လိပ္စာကဒ္နဲ႔ဖုန္းနံပါတ္ပါ ။ ဘာပဲအကူအညီ လိုလို အခ်ိန္မေရြးပါပဲ"
ပိုင္သည္ ပိုက္ဆံအိတ္ထဲ႐ွိ business card အားေပးလိုက္ေလသည္။ထိုအခ်ိန္တြင္စားပြဲထိုးေကာင္ေလးသည္မာန္႔ေ႐ွ႕သြားကာ ထိုင္လိုက္ခ်ိန္တြင္ မာန္သည္ ထိုေကာင္ေလးအားျပန္ၾကည့္ကာစကားမ်ားေျပာေနေလသည္။
"အကိုေလးကားအဆင္သင့္ျဖစ္ပါပီ"
ခန္႔ကိုသည္ကားအားေရျဖန္းပီးေနာက္ စက္ႏိႈးထားကာပိုင့္ဆီျပန္လာေလသည္။ ထို႔ေနာက္ ပိုင္ႏွင့္ဆိုင္ပိုင္႐ွင္တို႔သည္ သားႏွင့္စားပြဲထိုးေလးအားရယ္ေမာကာစကားေျပာေနေသာမာန္႔ဆီျပန္ေလ်ွာက္လာခ်ိန္တြင္ မာန္သည္ ပိုင့္အားလိုက္ၾကည့္ေနေလသည္။
"သားေဖေဖတို႔ ရန္ကုန္ ျပန္ၾကရေအာင္"
ပိုင္သည္သားဘက္အားလွည့္ကာေျပာလိုက္ပီးေနာက္ မာန္႔ဘက္ျပန္လွည့္လာခ်ိန္တြင္မာန္သည္ပိုင့္အားၾကည့္ေနေလသည္။ ထို႔ေနာက္ ပိုင္သည္ မာန္႔လက္ကေလးအားေျဖးညႇင္းစြာကိုင္ကာ မာန္၏လက္ဖမို႔ေလးအားနမ္း႐ိႈက္လိုက္ေလသည္။ မာန္သည္ပိုင့္အား ၾကည့္ျမဲအတိုင္းသာၾကည့္ေနေလသည္။
"မာန္.. ပိုင္တို႔အိမ္ျပန္ရေအာင္ေနာ္။ ဒီေန႔က စပီး ဘာအခက္အခဲ မွမ႐ွိေတာ့တာမလို႔ပိုင္တို႔ေအးခ်မ္းစြာေနႏိုင္ပီေနာ္။ ပိုင္ရယ္ ။ မာန္ရယ္။ လေရာင္ေလးရယ္ အတူတူ ေနလို႔ရပီေနာ္"
မာန္သည္ ပိုင့္စကားအားနားေထာင္ေနရင္းပင္ မ်က္ရည္မ်ားစီးက်လာေသာေျကာင့္ ပိုင္သည္ျပံဳးကာ မ်က္ရည္မ်ားအားသုတ္ေပးလိုက္ေလသည္။
"မငိုနဲ႔ေတာ့။ ဒီေန႔ကစပီးမာန္ နာက်င္ရမယ့္အရာေတြမ႐ွိေတာ့လို႔မငိုနဲ႔ေတာ့ မ်က္ရည္မက်နဲ႔ေတာ့ေနာ္"
"........"
"လာ ထေတာ့မာန္ အိမ္ျပန္ရေအာင္"
ထိုအခါမွ မာန္သည္ လေရာင္ေလး ဘက္လွည့္ၾကည့္ကာ
"ဒီကေလးေလး ပါ လိုက္မွာလား။ အယ့္မွာေရာ ပိုင္႐ွိမွာလား။ အယ့္တာဆိုလိုက္မယ္"
ပိုင္သည္မ်က္ရည္မ်ားၾကားထဲက ျပံဳးကာ ေခါင္းၿငိမ့္ျပေလသည္။
"အယ့္မွာ ပိုင္ေရာ ။ မာန္ရဲ႕သားေလးေရာ႐ွိတယ္"
ပိုင္တို႔အားၾကည့္ေနေသာ ခန္႔ကိုသည္ပင္မ်က္ရည္မ်ားဝဲေနကာ ၊ ဆိုင္ပိုင္႐ွင္ႏွင့္ စားပြဲထိုးသည္မ်ားပင္မ်က္ရည္က်ေနေလသည္။
ထို႔ေနာက္မာန္သည္ ထလာေသာေၾကာင့္ ပိုင္သည္မာန္႔လက္အားကိုင္ကာထိုဆိုင္ပိုင္႐ွင္ႏွင့္စားပြဲထိုးေလးအားႏႈတ္ဆက္ပီးေနာက္ ကားဆီသို႔သာေခၚလာခဲ့ေလသည္။ ခန္႔ကိုသည္ပင္သားအားခ်ီကာကားဆီသို႔ျပန္လာေလသည္။ခန္႔ကိုသည္ကားတံခါးအားအဆင္သင့္ဖြင့္ေပးထားေသာ္လည္းမာန္သည္ ကားေဘးေရာက္ခ်ိန္တြင္ ရပ္တန္႔သြားကာ ပိုင့္အားျပန္ၾကည့္လာေသာေၾကာင့္ပိုင္သည္ မာန္႔လက္အားတြဲထားလ်ွက္ပင္မာန္႔အားျပန္ျကည့္လိုက္ေလသည္။
"မတက္တတ္ဘူး"
႐ုတ္တရက္ မာန္ေျပာေသာစကားအားၾကားလိုက္ရသည္အခ်ိန္တြင္ပိုင္သည္ ရယ္ခ်င္သြားေသာေၾကာင့္ ပါးစပ္သာအတင္းေစ့ထားရေလသည္။
"ဒီေျခေထာက္ေလးကိုအရင္တင္လိုက္ ပီးရင္ အထဲဝင္လိုက္ရပီ။ သားလုပ္ျပလိမ့္မယ္ၾကည့္လိုက္ေနာ္။ သား ဒီကိုလာပီးတက္ျပလိုက္"
ထိုအခါမွ လေရာင္ေလးသည္စပ္ၿဖီးၿဖီးလုပ္ကာ ကားေနာက္ခန္းသို႔ တက္သြားပီးေနာက္မွ မာန္သည္လိုက္တက္ကာ သား၏ေဘးတြင္ထိုင္လိုက္ေလသည္။ ထို႔ေနာက္ ပိုင္သည္ပင္ မာန္႔ေဘးတြင္ဝင္ထိုင္လိုက္ကာ ကားေနာက္ခန္းတံခါးအားဆြဲပိတ္လိုက္ေလေတာ့သည္။
ထို႔ေနာက္ခန္႔ကိုသည္ ကားႏွင့္ပစၥည္းမ်ားအားစစ္ကာကားေ႐ွ႕ခန္းတြင္သာဝင္ထိုင္လိုက္ေလေတာ့သည္။ ခန္႔ကိုသည္ေနာက္ၾကည့္မွန္မွ တဆင့္မာန္တို႔မိသားစုေလးအားၾကည့္ကာျပံဳးလိုက္ပီးေနာက္ ကားအား ျပင္ဦးလြင္ သို႔သာေမာင္းတက္လာခဲ့ေလသည္။ လမ္းသည္ တစ္လမ္းသြားျဖစ္ေသာေၾကာင့္ ျပင္ဦးလြင္ အား အရင္ တက္လာရေလသည္။ ထို႔ေနာက္မွ အဆင္းလမ္းမွျပန္ဆင္းမည္သာျဖစ္ေလသည္။
*******************************************
ပိုင္တို႔သည္ျပင္ဦးလြင္မွ ျပန္ဆင္းလာကာ မႏၲေလး ေရာက္သည့္အခ်ိန္တြင္ ညပင္မိုးခ်ဳပ္ေနေသာေၾကာင့္ မႏၲေလး ႐ွိ Hotel တစ္ခုတြင္တစ္ညအိပ္လိုက္ရေလသည္။ မာန္သည္ ျပန္လိုက္လာေသာ္လည္းေအးေအးခ်မ္းခ်မ္းသာလိုက္ခဲ့ေလသည္။ တစ္ခါတစ္ရံပိုင္အားေမးတတ္သည္မွ လြဲ၍ တိတ္ဆိတ္၍သာေနေလသည္။ သို႔ေသာ္ ပိုင့္ထက္ သားႏွင့္သာအေနမ်ားေလသည္။ ညကလည္းသားႏွင့္သာ အိပ္ေလသည္။
"အကိုေလး ကားအဆင္သင့္ျဖစ္ပီ"
ခန္႔ကိုသည္ Hotel ပါကင္မွ ကားအားအဆင္သင့္ထုတ္ထား ကာ အခန္းထဲသို႔ဝင္လာ၍ေျပာေလသည္။ မာန္သည္ ကုတင္ေပၚတြင္သာထိုင္ေနကာ ပိုင္လုပ္သမ်ွကိုသာလိုက္ၾကည့္ေနခဲ့ေလသည္။
"အကိုေလး အခု ဘယ္အိမ္ကိုျပန္မွာလဲ"
ပိုင္သည္ အက်ႌမ်ားႏွင့္ ပစၥည္း မ်ားအားသိမ္း ေနရင္းပင္ မာန္႔အားတစ္ခ်က္ၾကည့္လိုက္ေလသည္။
"အရင္အိမ္ကိုပဲျပန္မယ္ ။ ႀကီးႀကီးေရာ ႐ွိတယ္မလား"
"ႀကီးႀကီးက လြန္ခဲ့တဲ့ တစ္လေလာက္ထဲက သီလ႐ွင္ဝတ္သြားတာပါ။ ၅ လေလာက္ေတာ့အိမ္ကိုေစာင့္ေ႐ွာက္ေပးရင္းနဲ႔ေနေသးတယ္။ေနာက္ပိုင္းေတာ့ ကြၽန္ေတာ့္ဇနီးနဲ႔အိမ္က အိမ္ေစေလးေတြေတာ့ တစ္ပတ္ႏွစ္ခါေလာက္အိမ္ကိုလာ႐ွင္းေပးထားပါတယ္"
"ေအာ္ ဒါဆို မင္းေနာက္ေန႔အားရင္ ငါ့တိုက္ခန္းက ပစၥည္း ေတြကိုဒီဘက္အိမ္ပဲျပန္ေျပာင္းေပးထားလိုက္"
"ဟုတ္ကဲ့စိတ္ခ်ပါအကိုေလး"
ထို႔ေနာက္ ခန္႔ကိုသည္ သားအဝတ္မ်ားထည့္ထားေသာlaggage အားဆြဲကာ ကားဆီသို႔ထြက္သြားေလေတာ့သည္။ ပိုင္သည္ ခံုေပၚ႐ွိ နာရီအားယူပတ္ကာမာန္႔ဆီသြားလိုက္ပီးေနာက္ငုတ္တုတ္ေလးထိုင္ေနေသာမာန္႔ႏွဖူးေလးအားနမ္းလိုက္ေလေတာ့သည္။
"ေဖေဖ သားသားကိုေရာ အာဘြားေပး"
ထိုအခါမွ ပိုင္သည္သား႐ွိေနမွန္းျပန္သတိထားမိကာ ႐ွက္သြားပီးေနာက္ သားအားတစ္ခ်က္နမ္းလိုက္ရေလေတာ့သည္။
"မာန္ သြားၾကရေအာင္"
မာန္သည္ပိုင့္အားေသခ်ာၾကည့္ေနပီးေနာက္
"မာန္က ဘယ္သူလဲ"
ပိုင္သည္ ျပန္ျပံဳးျပလိုက္ကာမာန္၏ရင္ဘတ္ေလးအားလက္ညႇိဳးေလးနဲ႔ထိလိုက္ပီးေနာက္
"ေဟာဒီက Dylan ရဲ႕ နာမည္က လႊမ္းမာန္ထည္ဝါ ။ဟုတ္ပီလား"
"....... "
မာန္သည္ေခတၱစဥ္းစားေနပီးေနာက္ မ်က္ႏွာသည္ ပ်က္လာကာ သူ႔ေခါင္းသာသူျပန္ကိုင္လိုက္ေလသည္။ ထိုအခါမွ ပိုင္သည္ မာန္၏လက္ေလးအားျပန္လည္ဆုတ္ကိုင္လိုက္ကာ
"ေခါင္းကိုက္မယ္ မစဥ္းစားနဲ႔ေတာ့ ထ ။ျပန္ၾကရေအာင္"
ထို႔ေနာက္ မာန္သည္ေခါင္းၿငိမ့္ကာ ကုတင္ေပၚမွ ထလာေသာေၾကာင္ ပိုင္သည္ မာန္႔အား လက္တစ္ဖက္ သားအားလက္တစ္ဖက္ကိုင္ကာ ကားဆီသို႔သာ ထြက္လာခဲ့လိုက္ေလေတာ့သည္။
ပိုင္တို႔ Hotel မွ ထြက္လာခဲ့ပီးေနာက္ တြင္ သားအတြက္ မႏၲေလးထိုးမုန္႔ဝင္ဝယ္ကာ ရန္ကုန္ -မႏၲေလး အျမန္လမ္းမွ တဆင့္ ရန္ကုန္ သို႔သာျပန္လာခဲ့ေလေတာ့သည္။ သားသည္ မႏၱေလးမွထြက္လာခ်ိန္တြင္ တေရးအိပ္ကာျပန္ႏိုးလာပီးေနာက္ ကားေနာက္ခန္း ထဲ႐ွိသူ႔မု့န္ျခင္းအားအတင္းႏႈိက္ကာသူ႔ဆီယူထားေလသည္။ မာန္သည္ ပိုင္ႏွင့္သားအလယ္တြင္ ေအးေအးေဆးေဆးပင္လိုက္လာခဲ့ေလသည္။
"ပါးပါးေရာ့ "
ပိုင္သည္ ကားထဲ႐ွိေရဘူးအားဖြင့္ကာေသာက္လိုက္ပီးေနာက္ သားအားၾကည့္လိုက္ခ်ိန္တြင္သားက ဇီးထုတ္အားေဖာက္ကာ လက္ညႇိဳးျဖင့္ကေလာ္၍ မာန္႔အားခြန္႔ေနေလသည္။
ထို႔ေၾကာင့္ပိုင္သည္႐ုတ္တရက္အံျသသြားေသာေၾကာင့္ေသာက္ေနေသာေရပင္ျပန္ထြက္မသြားေစရန္ မနည္းထိန္းထားလိုက္ရသည္။ အရမ္းအသန္႔ႀကိဳက္ေသာမာန္သည္ သား၏ဇီးႏွစ္မ်ားေပက်ံေနေသာေရေဆးမထားေသာလက္ျဖင့္ခြံေနသည္ကိုစားေနသည့္အျပင္ မာန္႔ပါးစပ္တြင္လည္းေပက်န္ေနေပသည္။
ပိုင္သည္မာန္႔အားၾကည့္ေနရင္းပင္ ရယ္လည္းရယ္ခ်င္သလို သနားပင္သနားရေလသည္။
"မာန္ဒီကိုလွည့္အံုး"
သားခြံသမ်ွအားစားေနေသာမာန္သည္ ပါးစပ္တြင္ ေပေနလ်ွက္ပင္ ပိုင္ဘက္သို႔လွည့္လာေလသည္။ ထို႔ေၾကာင့္ပိုင္သည္ tissue အားထုတ္ကာျငင္သာစြာ သုတ္ေပးလိုက္ရေလသည္။ ထိုျမင္ကြင္းအားကားေနာက္ၾကည့္မွန္မွ ၾကည့္ေနေသာခန္႔ကိုသည္ပင္ ျပံဳးကာေနေလေတာ့သည္။
ထို႔ေနာက္ နာရီမ်ားတေျဖးေျဖးေက်ာ္လြန္သြားသည့္ႏွင့္အမ်ွ ခန္႔ကိုေမာင္းႏွင္လာေသာကားေလးသည္ရန္ကုန္ၿမိဳ႕ထဲ႐ွိ မာန္၏ေနအိမ္သို႔ျပန္ေရာက္ရန္ပင္ တေျဖးေျဖးနီးကပ္လာေလေတာ့သည္။
*******************************************
18.5.2020
Unicode
"ခန့်....ခန့်ကို"
သားလရောင်လေးကြည့်နေသောမြင််ကွင်းရှိ လူတစ်ယောက်ကြောင့်ပိုင်သည်ခေတ္တအသက်ရှုရပ်သွားကာ ခန့်ကိုသည်ပင်ကြောင်အသွားလေသည်။ ထိုလူသည်ပိုင်တို့ရှေ့ရှိ စားပွဲနှစ်ခုအကျော်တွင်ရပ်နေလေသည်။ထို့နောက်တဖြေးဖြေး ပိုင်တို့ဘက်အားပြန်လှည့်လာချိန်တွင်ပိုင်သည် နှလုံးသွေးပင်ပြောင်းပြန်စီးသွားခဲ့လေသည်။ ထို့နောက် မည်သည်မျှပင် မစဉ်းစားနိုင်တော့ကာ ပိုင်သည် ထိုလူရှိရာသို့အပြေးသွားကာဖက်လိုက်လေတော့သည်။
ထိုနောက်ပိုင် ဖက်ထားလျှက်ပင် မျက်ရည်များစီးကျလာလေသည်။ ခန့်ကိုနှင့်သားသည်အနားသို့အမြန်ရောက်လာလေသည်။ပိုင်သည် ဖက်ထားရမှ မျက်ရည်များစိုစွတ်နေသော မျက်ဝန်းဖြင့် ထိုလူ၏ မျက်နှာအားမော့ကြည့်အား ပါးပြင်လေးအားတုန်ယင်နေသောလက်ချောင်းလေးများဖြင့်ဖြေးညှင်းစွာတွေ့ထိနေပီးနောက် တုန်ယင်စွာပွင့်ဟ လာသော နှုတ်ခမ်းထက်မှ အမည်နာမ တစ်ခုသည် တိုးညှင်းစွာထွက်ပေါ်လာခဲ့လေတော့သည်။
"မ...မာန်။မာန်... တကယ်ပဲလား။မာန်...မာန်မသေဘူးမလား။ မာန်ရယ်..မာန်ရယ်..အသက်ရှင်ပေးနေလို့ တကယ်ကျေးဇူးတင်ပါတယ် "
ပိုင်သည် မာန့်အား တုန်တုန်ယင်ယင်ဖြင့် ထိတွေနေကာမျက်ရည်များပင်ကျနေလေသည်။ ထို့နောက် တဖန်ရင်ခွင်ထဲဝင်ကာပြန် ပွေ့ဖက်လိုက်လေတော့သည်။
"Sir ။ တကယ်ကို...တကယ်ကို...အသက်ရှင်နေပေးခဲ့တာပဲ"
ခန့်ကိုသည်ပင်ပြုံးကြည့်နေရင်းမှ မျက်ရည်များကျဆင်းနေလေသည်။ ဆိုင်ရှိလူများသည်ပင် ပိုင်တို့အားလှည့်ကြည့်နေကြသည့်အပြင် ဆိုင်ပိုင်ရှင်သည်ပင်ပိုင်တို့ဆီသို့ထွက်လာလေသည်။ပိုင်ဂရုမစိုက်နိုင်။ မာန်အသက်ရှင်နေသည်ဖြစ်၍ ပိုင်မည်သည်မှ ဂရုမစိုက်နိုင်။ သားသည် ပိုင်တို့အား ရပ်ကြည့်နေလေသည်။
ထို့နောက် မတ်တပ်ရပ်လျှက်ရှိသောမာန်သည်ပိုင့်အားပြန်လည်ဖယ်ခွာကာ ပိုင့်အားသေချာကြည့်နေသောကြောင့် ပိုင်သည်ပင်မျက်ရည်များနှင့်ပြန်ကြည့်နေလေတော့သည်။စက္ကန့်အနည်းငယ်ခန့်အကြာတွင်
"ဘယ်...ဘယ်သူလဲ..။ ဖယ်တော့။ ပိုင်မကြိုက်ဘူး။ ပိုင်သိရင်စိတ်ဆိုးလိမ့်မယ်။ သားအတွက် ရေခဲမှုန့်ဝယ်ရအုံးမယ်။ ဖယ်တော့...တော်ကြာပိုင်မြင်ရင် နှင်ထုတ်လိမ့်မယ်"
ပိုင်သည်မာန့်စကားကြောင့် ကမ်ဘာကြီးသည်ချာချာလည်ကာ ရပ်နေသောခြေလှမ်းများပင်နောက်ဆုတ်သွားလေတော့သည်။
"မာန်...မာန်"
"Sir..Sir.ကျွန်တော် ကတပည့်ခန့်ကိုလေ Sir"
မာန်သည် ခန့်ကိုအား မျက်နှာ တည်နှင့် ကြည့်လိုက်ပီးနောက် မျက်နှာလွဲသွားကာ ထိုစားပွဲမှ သူ့အတွက်ပေးထားသောပိုက်ဆံတစ်ရွက်အားကိုင်ကာ စားသောက်ဆိုင်မှ ထွက်သွားရန်ပြင်လိုက်လေတော့သည်။
"မာန်....မာန်..ဘယ်သွားမလို့လဲ။ မာန်"
စားသောက်ဆိုင်ရှေ့အားထွက်လာသောမာန့်အားပိုင်သည်တဖန် ပြေးဖက်လိုက်ရလေသည်။ထိုမြင်ကွင်းအားမြင်နေရသောလရောင်လေးသည်မျက်ရည်များစီးကျနေလေသည်။
"ဖယ် မာန်လည်းမဟုတ်ဘူး။ သိလည်းမသိဘူး။ ငါက Dylan ။ ဖယ်တော့ ပိုင့်ဆီသွားမလို့ ပိုင်မျှော်နေတယ်နောက်ကျနေပီ။သားကိုလည်းကျောင်းကြိုရအုံးမယ်"
ထိုအခါမှ ပိုင်သည် ရင်ထုမနာငိုကြွေးနေရင်းပင် မာန့်အားဖက်ထားလေသည်။ ထိုအချိန်တွင် လရောင်အရွယ်သာသာစားပွဲထိုးတစ်ယောက်သည်မာန့်ရှေ့ထွက်လာခဲ့လေသည်။
"Dylan ဒီကိုကြည့်"
ထိုစားပွဲထိုးလေး၏စကားကြောင့် မာန်သည်ငြိမ်ကျသွားက ထိုစားပွဲထိုးလေး အားကြည့်နေလေသည်။
"လာ ဒီခုံကိုလာထိုင်။ ဒီခုံမှာ ထိုင်ရင် ပိုင့်ဆီပို့ပေးမယ်။ ဟုတ်ပီလား"
ထိုစားပွဲထိုးလေး၏စကားကြောင့်မာန်သည်ခေါင်းငြိမ့်ပြကာ ခုံတွင်ငြိမ်ငြိမ်လေးဝင်ထိုင်နေကာ လမ်းမသို့သာကြည့်နေလေသည်။ ပိုင်နှင့်ခန့်ကိုတို့သည်မာန်၏ပုံစံအားကြည့်နေရင်းပင်မျက်ရည်များစီးကျကာအသက်ရှုပင်ကြပ်လာလေတော့သည်။
"သူကိုသိလား"
ထို့နောက်ဘေးတွင်သာရပ်နေသော ဆိုင်ပိုင်ရှင်မှ ပိုင့်အားလာမေးလေသည်။ ပိုင်သည် မျက်ရည်များနှင့်မာန့်အားကြည့်နေရင်းမှ ခေါင်းငြိမ့်ပြလိုက်လေသည်။
"သူပြောတဲ့ ပိုင်...ပိုင် က ကျွန်တော်ပါ"
ထို ဆိုင်ပိုင်ရှင်သည်ခေါင်းကိုသာတငြိမ်ငြိမ့်လုပ်နေလေသည်။
"သူဒီကိုရောက်လာတာက လွန်ခဲ့တဲ့ ၆ လ လောက်ကဖြစ်မယ်။"
ဘေးတွင်ရပ်ကာသူအားကြည့်နေသောပိုင့်အားမာန်သည်ပြန်ကြည့်လာလေသည်။
"ဒီမှာထိုင်လေ။မညောင်းဘူးလားရပ်နေရတာ။"
မာန်သည်သူ့ဘေးရှိလွတ်နေသောခုံအား လက်ဖြင့်ပုတ်ပြကာပိုင့်အားဝင်ထိုင်ခိုင်းလေသည်။ထို့ကြောင့်ပိုင်သည်ကျဆင်းနေသောမျက်ရည်များအားသုတ်လိုက်ကာခုံတွင်သာ ဝင်ထိုင်လိုက်လေတော့သည်၊
"သူက ခေါင်းနည်းနည်းထိထားတာဖြစ်မည်။ သူ့ကိုမေးရင်သူ့မှာသားလေးရှိတယ်ဆိုတာနဲ့ ပိုင်ဆိုတဲ့တစ်ယောက်ပဲသူသိတယ်။ သူ့ကိုကျွန်တော့်ဆိုင်က စားပွဲထိုးလေးကတွေ့ခဲ့တာ"
"ဟုတ်တယ်လွန်ခဲ့တဲ့ ၆ လလောက်တော့ရှိမယ် အယ့်ညက ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်း လည်း မန္တလေးဘက်ကနေဆိုင်အပြန်နောက်ကျတဲ့ည ။ ကျွန်တော်တို့သူကိုတွေ့တော့ တတိယကွေ့လောက်မှာ။သူကတစ်ယောက်ထဲသွေးတွေနဲ့တစ်ယိမ်းတစ်ယိုင်သွားနေတော့ကျွန်တော်တို့ကလည်းမေးကြည့်မလို့ဆိုင်ကယ်အနားကပ်ပီးရပ်လိုက်တာ။ ကျွန်တော့ကိုလည်းတွေ့ကော သားလေး သားလေးဆိုပီးပြေးဖက်တာ။အစက ကျွန်တော်လည်းလန့်သွားတာ နောက်ပိုင်းသေချာကြည့်တော့ဒီလူက လူကောင်းပဲဖြစ်မယ်ဆိုပီး ခုဒီဆိုင်မှာ ခေါ်အပ်ပေးထားတာ။ ကျွန်တော် တို့က ဆင်းရဲ့တော့ မကျွေးနိုင်ဘူးလေ။ ကျွန်တော် တို့ပိုင်ရှင်ကပဲဆေးခန်းပြပေးပီး ခေါ်ထားတာ"
"......."
ထိုစားပွဲထိုးလေး၏စကားကြောင့်ပိုင်သည်အပြင်အားကြည့်နေသော မာန့်အားကြည့်ကာမျက်ရည်များတဖန်စီးကျနေလေသည်။ ခန့်ကိုသည်ပင်မတ်တပ်ရပ်နေလျှက်ပင်မျက်ရည်များဝဲနေလေသည်။
"ဒီအကိုနဲ့ ဘာတော်လဲ ညီအကိုတွေ လား"
"....."
ပိုင်သည်စကားပြောချင်စိတ်မရှိသောကြောင့် ခေါင်းသာငြိမ့်ပြလိုက်လေသည်။
"အယ့်တာဆိုလည်းကောင်းတာပေါ့ခင်ဗျာ ။ သူ့အိမ်သားတွေပြန်တွေ့သွားပီပဲလေ"
ထို့နောက်ပိုင်သည် ပိုင်ရှင်ဘက်လှည်ကာ
"ကျွန်တော် တကယ်ကိုကျေးဇူးတင်ပါတယ် မာန့်အတွက်ကုန်ကျထားခဲ့သမျှကျွန်တော်ပြန်ပေးပါ့မယ်"
"ရပါတယ် ဗျာ ။ကျွန်တော်က ဒုက္ခရောက်နေတဲ့လူကိုကူညီတဲ့သဘောပါ။ သူကလည်း အေးပါတယ်။ ဆိုင်မှာလည်းတစ်ခါတစ်လေ ပိုက်ဆံလိုက်သိမ်းပေးတယ်။ကျွန်တော်က မလုပ်ခိုင်းပါဘူးဗျာ။ ဒါမယ့်သူက လုပ်ပေးနေတော့ ကျွန်တော်လည်းစိတ်ချမ်းသာသလိုသာနေပါစေ ဆိုပီးထားလိုက်တာ။ ဆိုင်မှာ လူပါးရင်တော့ သီချင်းလေးငြီးတတ်တယ်။ တစ်ချိန်ပဲ ကလေးတွေကျောင်းဆင်းချိန်လောက်ဆို သားကိုကျောင်းကြိုရမယ်ဆိုပီးထွက်ထွက်သွားလို့။ နောက်ကျွန်တော်လည်း အယ့်ချိန်လောက်ဆိုသူ့ကိုတိုက်နေကျဆေးကိုတိုက်ရတာ အယ့်အခါကျမှ အေးအေးချမ်းချမ်းအိပ်တာ။ တစ်ခါတစ်လေ ဆိုင်ကိုလာတဲ့ ၁၀ နှစ် ၁၁ နှစ်အရွယ်ကလေးလေးတွေဆိုသူက သားလို့ခေါ်ပီးချီချီနေလို့ လိုက်ထိန်းရသေးတယ်။ခုကတော့ အရင်ကထက် အများကြီးကောင်းလာတာ ။ သူ့ကိုကြည့်ပေးနေတဲ့ ဆရာဝန်ကတော့ သူက စိတ်ခံစားချက်တွေအရမ်းပြင်းထန်နေတဲ့အချိန်မှာခေါင်းကိုထိသွားလို့ခုလိုဖြစ်သွားတာတဲ့။ အယ့်တာကြောင့်သူ့အတိတ်လေးတွေကို ပြောပြပေးမယ်ဆိုရင်တော့မြန်မြန်ပြန်ကောင်းနိုင်တယ်။ ကျွန်တော်လည်းသူ့နာမည် Dylan ဟုတ်မဟုတ်တောင်မသိတော့ခက်သား။ခု သူ့မိသားစုနဲ့ တွေ့တော့ကျွန်တော်တို့လည်း ဝမ်းသာရပါတယ်ဗျာ။ အခြေအနေကတော်တော်တိုးတက်လာတာပါ။ သေချာလေးဂရုစိုက်ပေးမယ်ဆိုရင် အမြန်ကောင်းလာမှာပါတဲ့။သူစိတ်ဒဏ်ရာဖြစ်ခဲ့တာတွေတော့ပြန်မပြောနဲ့လို့ဆရာဝန်ကတော့ပြောထားပါတယ်။."
"........."
ပိုင်သည်မာန့်ကိုသာကြည့်နေလေသည်။ထို့နောက် မာန်သည် အဝေးကြည့်နေရာမှ ပြန်လှည့်လာကာ လရောင်လေးဆီအကြည့်ရောက်သွားပီးနောက် လရောင်လေးအားပြုံးပြလေသည်။
"ဒီကိုလာအုံး ကလေး။ "
မာန်၏စကားကြောင့်လရောင်လေးသည်မျက်ရည်များဖြင့် မာန့်ဆိီသွားကာ မာန့်အားဖက်လိုက်လေတော့သည်။ခန့်ကိုအပါအဝင်လူအားလုံးသည်မာန့်ကိုသာကြည့်နေလေသည်။ ထိုအခါမှ မာန်သည် လရောင်လေးအားပြန်လည်ဖက်ကာ ရှေ့တွင် ရပ်နေသောလရောင်လေး၏ပုခုံးပေါ်တွင်မေးတင်ထားလေသည်။ထို့နောက်လရောင်လေး၏ကျောအားပွတ်ပေးနေပီးနောက်
"ကလေးလေး။ ဦးဦး မှာ ကလေးလေးအရွယ် သားလေးရှိတယ်သိလား။ သူကအခုကျောင်းတက်နေလို့ပြီးမှ ဦးဦး သွားကြိုရမှာ ။ ငိုနဲ့တော့နော် သူပြန်လာရင်တော့ သူက ကလေးလေးနဲ့ဆော့မှာ"
မာန့်စကားကြောင့် ပိုင်နှင့်ခန့်ကိုတို့သည်မခံစားနိုင်တော့ကာ မျက်နှာလွှဲသွားရလေသည်။ မာန်သည်လရောင်လေးအားဖက်ထားမြဲဖက်ထားလေသည်။ ထို့နောက် စားပွဲထိုးကောင်လေးသည်ပင်အထဲသို့ပြန်ဝင်သွားလေသည်။
"ပါးပါး"
လရောင်လေးသည် မာန့်အားဖက်ထားလျှက်ပင် မာန့်အားခေါ်လိုက်လေသည်။ ထိုအခါမှ မာန်သည် လရောင်လေးအားဖက်ထားရာမှ ပြန်ခွာကာ
"ကလေးလေး။ ကလေးလေးက ဦးဦး ကို ပါးပါးလို့ခေါ်တာလား။ ဦးဦး သားလေးကလည်းအယ့်လိုပဲ ပါးပါးလို့ခေါ်တာ။ ဒါကြောင့် ဦးဦး က ဦးဦး သားကို သားလို့ခေါ်သလို ကလေးလေးကိုလည်း သားလို့ခေါ်မယ် ဟုတ်ပီလား"
လရောင်လေးသည်နားမလည်စွာပိုင့်အားမော့ကြည့်လာသောကြောင့်ပိုင်သည်ခေါင်းငြိမ့်၍သာပြလိုက်လေသည်၊ထိုအခါမှ လရောင်လေးသည်ခေါင်းငြိမ့်ပြကာ မာန်အားပြန်ဖက်လိုက်သောကြောင့်မာန်သည် လရောင်လေးအားပြန်ဖက်ကာပြုံးနေလေတော့သည်။ဆိုင်ပိုင်ရှင်သည်ပင် မာန့်အားကြည့်လျှက်ပင် သက်ပြင်းချနေလေတော့သည်။
"Dylan ဒီမှာလေ Dylan အိတ်"
အိတ်တစ်အိတ်ကိုင်ကာပြန်ထွက်လာသော စားပွဲထိုးလေး၏အသံကြောင့်မာန်သည် လှည့်ကြည့်လိုက်ချိန်တွင်သူအိတ်အားတွေ့လိုက်သောကြောင့်သားအားဖက်ထားလျှက်ပင် ဆွဲယူလိုက်လေသည်။
"မကိုင်နဲ့..အယ့်တာပိုင့်ပစ္စည်းတွေ.. မထိနဲ့"
"......."
"အယ့်ထဲကဘာတွေလဲ "
ပိုင်သည် ထိုစားပွဲထိုးလေးဘက်အားလှည့်ကာမေးလိုက်လေသည်။
"ကျွန်တော် လည်းမသိဘူးဗျ။ ကျွန်တော့တွေ့ထဲက အယ့်တာပါလာတာ ။ ဘယ်သူ့ကိုမှ အကိုင်မခံဘူး။ ဒါကြောင့်လည်းကျွန်တော်မကြည့်ဖြစ်လိုက်ဘူး"
"အော်"
ပိုင်သည်သက်ပြင်းချကာထိုအိတ်အားကိုင်လျှက်ပင်သားအားဖက်ထားသောမာန့်ကိုသာကြည့်နေလေတော့သည်။
"ကျွန်တော်တိုမာန့့်ကို ပြန်ခေါ်သွားပါတော့မယ်နော်။ မာန့်ကိုစောင့်ရှောက်ထားပေးတာ အတွက်ကျွန်တော်ထပ်ပီးကျေးဇူးတင်ပါတယ် သူနာမည်အရင်းက လွှမ်းမာန်ထည်ဝါ ပါ"
ဆိုင်ပိုင်ရှင်နှင့်စားပွဲထိုးလေးတို့တိုသည်မျက်ရည်များဝဲကာ ခေါင်းငြိမ့်ပြနေလေသည်။
"သူလည်း မိသားစု ဆီပြန်ရောက်သွားလို့အတိုင်းမသိဝမ်းသာပါတယ်ဗျာ။ အမှန်တိုင်းပြောရရင် တော့ ကျွန်တော်တို့က သူ့ကိုသံယောဇဉ်တောင်ဖြစ်နေပီ။ နောက်ပြန်ကောင်းတဲ့တစ်နေ့ကျရင် တော့ပြန်လာခဲ့အုံးပေါ့ဗျာ"
ဆိုင်ပိုင်ရှင်သည် ဆိုင်ဝတွင်လရောင်လေးနဲ့ ထိုင်ကာ စကားပြောနေသောမာန့်အားကြည့်ကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ။ ကျွန်တော်ဒီကျေးဇူးကိုတသက်မမေ့ပါဘူး။ ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ လိပ်စာကဒ်နဲ့ဖုန်းနံပါတ်ပါ ။ ဘာပဲအကူအညီ လိုလို အချိန်မရွေးပါပဲ"
ပိုင်သည် ပိုက်ဆံအိတ်ထဲရှိ business card အားပေးလိုက်လေသည်။ထိုအချိန်တွင်စားပွဲထိုးကောင်လေးသည်မာန့်ရှေ့သွားကာ ထိုင်လိုက်ချိန်တွင် မာန်သည် ထိုကောင်လေးအားပြန်ကြည့်ကာစကားများပြောနေလေသည်။
"အကိုလေးကားအဆင်သင့်ဖြစ်ပါပီ"
ခန့်ကိုသည်ကားအားရေဖြန်းပီးနောက် စက်နှိုးထားကာပိုင့်ဆီပြန်လာလေသည်။ ထို့နောက် ပိုင်နှင့်ဆိုင်ပိုင်ရှင်တို့သည် သားနှင့်စားပွဲထိုးလေးအားရယ်မောကာစကားပြောနေသောမာန့်ဆီပြန်လျှောက်လာချိန်တွင် မာန်သည် ပိုင့်အားလိုက်ကြည့်နေလေသည်။
"သားဖေဖေတို့ ရန်ကုန် ပြန်ကြရအောင်"
ပိုင်သည်သားဘက်အားလှည့်ကာပြောလိုက်ပီးနောက် မာန့်ဘက်ပြန်လှည့်လာချိန်တွင်မာန်သည်ပိုင့်အားကြည့်နေလေသည်။ ထို့နောက် ပိုင်သည် မာန့်လက်ကလေးအားဖြေးညှင်းစွာကိုင်ကာ မာန်၏လက်ဖမို့လေးအားနမ်းရှိုက်လိုက်လေသည်။ မာန်သည်ပိုင့်အား ကြည့်မြဲအတိုင်းသာကြည့်နေလေသည်။
"မာန်.. ပိုင်တို့အိမ်ပြန်ရအောင်နော်။ ဒီနေ့က စပီး ဘာအခက်အခဲ မှမရှိတော့တာမလို့ပိုင်တို့အေးချမ်းစွာနေနိုင်ပီနော်။ ပိုင်ရယ် ။ မာန်ရယ်။ လရောင်လေးရယ် အတူတူ နေလို့ရပီနော်"
မာန်သည် ပိုင့်စကားအားနားထောင်နေရင်းပင် မျက်ရည်များစီးကျလာသောကြောင့် ပိုင်သည်ပြုံးကာ မျက်ရည်များအားသုတ်ပေးလိုက်လေသည်။
"မငိုနဲ့တော့။ ဒီနေ့ကစပီးမာန် နာကျင်ရမယ့်အရာတွေမရှိတော့လို့မငိုနဲ့တော့ မျက်ရည်မကျနဲ့တော့နော်"
"........"
"လာ ထတော့မာန် အိမ်ပြန်ရအောင်"
ထိုအခါမှ မာန်သည် လရောင်လေး ဘက်လှည့်ကြည့်ကာ
"ဒီကလေးလေး ပါ လိုက်မှာလား။ အယ့်မှာရော ပိုင်ရှိမှာလား။ အယ့်တာဆိုလိုက်မယ်"
ပိုင်သည်မျက်ရည်များကြားထဲက ပြုံးကာ ခေါင်းငြိမ့်ပြလေသည်။
"အယ့်မှာ ပိုင်ရော ။ မာန်ရဲ့သားလေးရောရှိတယ်"
ပိုင်တို့အားကြည့်နေသော ခန့်ကိုသည်ပင်မျက်ရည်များဝဲနေကာ ၊ ဆိုင်ပိုင်ရှင်နှင့် စားပွဲထိုးသည်များပင်မျက်ရည်ကျနေလေသည်။
ထို့နောက်မာန်သည် ထလာသောကြောင့် ပိုင်သည်မာန့်လက်အားကိုင်ကာထိုဆိုင်ပိုင်ရှင်နှင့်စားပွဲထိုးလေးအားနှုတ်ဆက်ပီးနောက် ကားဆီသို့သာခေါ်လာခဲ့လေသည်။ ခန့်ကိုသည်ပင်သားအားချီကာကားဆီသို့ပြန်လာလေသည်။ခန့်ကိုသည်ကားတံခါးအားအဆင်သင့်ဖွင့်ပေးထားသော်လည်းမာန်သည် ကားဘေးရောက်ချိန်တွင် ရပ်တန့်သွားကာ ပိုင့်အားပြန်ကြည့်လာသောကြောင့်ပိုင်သည် မာန့်လက်အားတွဲထားလျှက်ပင်မာန့်အားပြန်ကြည့်လိုက်လေသည်။
"မတက်တတ်ဘူး"
ရုတ်တရက် မာန်ပြောသောစကားအားကြားလိုက်ရသည်အချိန်တွင်ပိုင်သည် ရယ်ချင်သွားသောကြောင့် ပါးစပ်သာအတင်းစေ့ထားရလေသည်။
"ဒီခြေထောက်လေးကိုအရင်တင်လိုက် ပီးရင် အထဲဝင်လိုက်ရပီ။ သားလုပ်ပြလိမ့်မယ်ကြည့်လိုက်နော်။ သား ဒီကိုလာပီးတက်ပြလိုက်"
ထိုအခါမှ လရောင်လေးသည်စပ်ဖြီးဖြီးလုပ်ကာ ကားနောက်ခန်းသို့ တက်သွားပီးနောက်မှ မာန်သည်လိုက်တက်ကာ သား၏ဘေးတွင်ထိုင်လိုက်လေသည်။ ထို့နောက် ပိုင်သည်ပင် မာန့်ဘေးတွင်ဝင်ထိုင်လိုက်ကာ ကားနောက်ခန်းတံခါးအားဆွဲပိတ်လိုက်လေတော့သည်။
ထို့နောက်ခန့်ကိုသည် ကားနှင့်ပစ္စည်းများအားစစ်ကာကားရှေ့ခန်းတွင်သာဝင်ထိုင်လိုက်လေတော့သည်။ ခန့်ကိုသည်နောက်ကြည့်မှန်မှ တဆင့်မာန်တို့မိသားစုလေးအားကြည့်ကာပြုံးလိုက်ပီးနောက် ကားအား ပြင်ဦးလွင် သို့သာမောင်းတက်လာခဲ့လေသည်။ လမ်းသည် တစ်လမ်းသွားဖြစ်သောကြောင့် ပြင်ဦးလွင် အား အရင် တက်လာရလေသည်။ ထို့နောက်မှ အဆင်းလမ်းမှပြန်ဆင်းမည်သာဖြစ်လေသည်။
*******************************************
ပိုင်တို့သည်ပြင်ဦးလွင်မှ ပြန်ဆင်းလာကာ မန္တလေး ရောက်သည့်အချိန်တွင် ညပင်မိုးချုပ်နေသောကြောင့် မန္တလေး ရှိ Hotel တစ်ခုတွင်တစ်ညအိပ်လိုက်ရလေသည်။ မာန်သည် ပြန်လိုက်လာသော်လည်းအေးအေးချမ်းချမ်းသာလိုက်ခဲ့လေသည်။ တစ်ခါတစ်ရံပိုင်အားမေးတတ်သည်မှ လွဲ၍ တိတ်ဆိတ်၍သာနေလေသည်။ သို့သော် ပိုင့်ထက် သားနှင့်သာအနေများလေသည်။ ညကလည်းသားနှင့်သာ အိပ်လေသည်။
"အကိုလေး ကားအဆင်သင့်ဖြစ်ပီ"
ခန့်ကိုသည် Hotel ပါကင်မှ ကားအားအဆင်သင့်ထုတ်ထား ကာ အခန်းထဲသို့ဝင်လာ၍ပြောလေသည်။ မာန်သည် ကုတင်ပေါ်တွင်သာထိုင်နေကာ ပိုင်လုပ်သမျှကိုသာလိုက်ကြည့်နေခဲ့လေသည်။
"အကိုလေး အခု ဘယ်အိမ်ကိုပြန်မှာလဲ"
ပိုင်သည် အကျႌများနှင့် ပစ္စည်း များအားသိမ်း နေရင်းပင် မာန့်အားတစ်ချက်ကြည့်လိုက်လေသည်။
"အရင်အိမ်ကိုပဲပြန်မယ် ။ ကြီးကြီးရော ရှိတယ်မလား"
"ကြီးကြီးက လွန်ခဲ့တဲ့ တစ်လလောက်ထဲက သီလရှင်ဝတ်သွားတာပါ။ ၅ လလောက်တော့အိမ်ကိုစောင့်ရှောက်ပေးရင်းနဲ့နေသေးတယ်။နောက်ပိုင်းတော့ ကျွန်တော့်ဇနီးနဲ့အိမ်က အိမ်စေလေးတွေတော့ တစ်ပတ်နှစ်ခါလောက်အိမ်ကိုလာရှင်းပေးထားပါတယ်"
"အော် ဒါဆို မင်းနောက်နေ့အားရင် ငါ့တိုက်ခန်းက ပစ္စည်း တွေကိုဒီဘက်အိမ်ပဲပြန်ပြောင်းပေးထားလိုက်"
"ဟုတ်ကဲ့စိတ်ချပါအကိုလေး"
ထို့နောက် ခန့်ကိုသည် သားအဝတ်များထည့်ထားသောlaggage အားဆွဲကာ ကားဆီသို့ထွက်သွားလေတော့သည်။ ပိုင်သည် ခုံပေါ်ရှိ နာရီအားယူပတ်ကာမာန့်ဆီသွားလိုက်ပီးနောက်ငုတ်တုတ်လေးထိုင်နေသောမာန့်နှဖူးလေးအားနမ်းလိုက်လေတော့သည်။
"ဖေဖေ သားသားကိုရော အာဘွားပေး"
ထိုအခါမှ ပိုင်သည်သားရှိနေမှန်းပြန်သတိထားမိကာ ရှက်သွားပီးနောက် သားအားတစ်ချက်နမ်းလိုက်ရလေတော့သည်။
"မာန် သွားကြရအောင်"
မာန်သည်ပိုင့်အားသေချာကြည့်နေပီးနောက်
"မာန်က ဘယ်သူလဲ"
ပိုင်သည် ပြန်ပြုံးပြလိုက်ကာမာန်၏ရင်ဘတ်လေးအားလက်ညှိုးလေးနဲ့ထိလိုက်ပီးနောက်
"ဟောဒီက Dylan ရဲ့ နာမည်က လွှမ်းမာန်ထည်ဝါ ။ဟုတ်ပီလား"
"....... "
မာန်သည်ခေတ္တစဉ်းစားနေပီးနောက် မျက်နှာသည် ပျက်လာကာ သူ့ခေါင်းသာသူပြန်ကိုင်လိုက်လေသည်။ ထိုအခါမှ ပိုင်သည် မာန်၏လက်လေးအားပြန်လည်ဆုတ်ကိုင်လိုက်ကာ
"ခေါင်းကိုက်မယ် မစဉ်းစားနဲ့တော့ ထ ။ပြန်ကြရအောင်"
ထို့နောက် မာန်သည်ခေါင်းငြိမ့်ကာ ကုတင်ပေါ်မှ ထလာသောကြောင် ပိုင်သည် မာန့်အား လက်တစ်ဖက် သားအားလက်တစ်ဖက်ကိုင်ကာ ကားဆီသို့သာ ထွက်လာခဲ့လိုက်လေတော့သည်။
ပိုင်တို့ Hotel မှ ထွက်လာခဲ့ပီးနောက် တွင် သားအတွက် မန္တလေးထိုးမုန့်ဝင်ဝယ်ကာ ရန်ကုန် -မန္တလေး အမြန်လမ်းမှ တဆင့် ရန်ကုန် သို့သာပြန်လာခဲ့လေတော့သည်။ သားသည် မန္တလေးမှထွက်လာချိန်တွင် တရေးအိပ်ကာပြန်နိုးလာပီးနောက် ကားနောက်ခန်း ထဲရှိသူ့မု့န်ခြင်းအားအတင်းနှိုက်ကာသူ့ဆီယူထားလေသည်။ မာန်သည် ပိုင်နှင့်သားအလယ်တွင် အေးအေးဆေးဆေးပင်လိုက်လာခဲ့လေသည်။
"ပါးပါးရော့ "
ပိုင်သည် ကားထဲရှိရေဘူးအားဖွင့်ကာသောက်လိုက်ပီးနောက် သားအားကြည့်လိုက်ချိန်တွင်သားက ဇီးထုတ်အားဖောက်ကာ လက်ညှိုးဖြင့်ကလော်၍ မာန့်အားခွန့်နေလေသည်။
ထို့ကြောင့်ပိုင်သည်ရုတ်တရက်အံသြသွားသောကြောင့်သောက်နေသောရေပင်ပြန်ထွက်မသွားစေရန် မနည်းထိန်းထားလိုက်ရသည်။ အရမ်းအသန့်ကြိုက်သောမာန်သည် သား၏ဇီးနှစ်များပေကျံနေသောရေဆေးမထားသောလက်ဖြင့်ခွံနေသည်ကိုစားနေသည့်အပြင် မာန့်ပါးစပ်တွင်လည်းပေကျန်နေပေသည်။
ပိုင်သည်မာန့်အားကြည့်နေရင်းပင် ရယ်လည်းရယ်ချင်သလို သနားပင်သနားရလေသည်။
"မာန်ဒီကိုလှည့်အုံး"
သားခွံသမျှအားစားနေသောမာန်သည် ပါးစပ်တွင် ပေနေလျှက်ပင် ပိုင်ဘက်သို့လှည့်လာလေသည်။ ထို့ကြောင့်ပိုင်သည် tissue အားထုတ်ကာငြင်သာစွာ သုတ်ပေးလိုက်ရလေသည်။ ထိုမြင်ကွင်းအားကားနောက်ကြည့်မှန်မှ ကြည့်နေသောခန့်ကိုသည်ပင် ပြုံးကာနေလေတော့သည်။
ထို့နောက် နာရီများတဖြေးဖြေးကျော်လွန်သွားသည့်နှင့်အမျှ ခန့်ကိုမောင်းနှင်လာသောကားလေးသည်ရန်ကုန်မြို့ထဲရှိ မာန်၏နေအိမ်သို့ပြန်ရောက်ရန်ပင် တဖြေးဖြေးနီးကပ်လာလေတော့သည်။
*******************************************
18.5.2020