❝𝐎𝐍𝐄 𝐆𝐋𝐀𝐒𝐒 𝐎𝐅 𝐂𝐇�...
By mermaid_mochi
392K 38.2K 3.6K
ထို​နေ့ညက ရှန်​ပိန်​တစ်​ခွက်​ကိုသာ သူ မ​သောက်​ခဲ့ရင်​။ (Chronicle of Angels-Season 2) More
Prologue + အပိုင်း ၁
Make you Mine
Bad Baby Omega
Don't touch my Omega!
Annoying Omega
The Dream
Our Baby
မင်းနှလုံးသားဆီ Bungee
Little Spoon
Nothing Like Us
My Best Alpha
The Little World - Jeongmin
Daddy Jeon's Baby Jeon
Jungmin misses his mommy
Way Back Home
Mommy and Jungmin
Jungmin's Galaxy
All For My Baby
Officially My Mate
I like me better when I'm with you
Jungmin's Diary
Now and Ever
24K 1.7K 270
By mermaid_mochi
"တင်း..တောင်"
အိပ်မောကျနေစဥ် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ ဘဲလ်သံကြောင့် Jiminလူးလွန့်သွားရသည်။ ဆက်တိုက်မြည်နေတဲ့အသံကြောင့် နောက်ဆုံးတော့ အိပ်ရာကထဖို့ပြင်လိုက်တော့သည်။
"Jungkook ah"
"ဟင်"
နံဘေးမှာအိပ်နေသည့် Jungkookလည်း ဘဲလ်သံကြောင့် နိုးသွားပုံရသည်။ ခေါ်သံကိုတချက်တည်းနှင့် ပြန်လည်ဖြေဆိုလာသည်။
"ဒီအချိန်ကြီး ဘယ်သူတွေလဲ"
အိပ်မှုန်စုံမွှားဖြင့် ကုတင်ပေါ်မှထလိုက်ပြီး အပြင်တံခါးသွားဖွင့်ဖို့ပြင်ရတော့သည်။ ကုတင်ပေါ်က နောက်ထပ်လှုပ်ရှားမှုကတော့ Jungkookပါ ထလာခြင်းဖြစ်သည်။
"သား နိုးပြီလား ကြည့်ထားလိုက်ဦး"
Jungkookကို ဦးအောင်မှာခဲ့လိုက်ရင်း အိပ်ခန်းထဲမှ Jiminထွက်ခဲ့လိုက်သည်။ မီးမဖွင့်ထားသော်လည်း ဘယ်နေရာမှာ ဘာရှိလဲဆိုတာကို သိနေပြီမို့ တံခါးဆီကို တန်းတန်းမတ်မတ်ရောက်သွားခဲ့သည်။
"ဟင် ဒယ်ဒီ ဒီအချိန်ကြီးဘာလုပ်ဖို့လဲ"
အပေါက်ဝမှာ ရပ်နေတဲ့ ဖခင်ဖြစ်သူနဲ့ညီဖြစ်သူကိုကြည့်ရင်း Jimin နားမလည်သလိုမေးလိုက်မိသည်။
"ငါ့မြေးရော"
"ရှိတယ် ဝင်ခဲ့လေ"
နှစ်ဦးလုံး တိုက်ခန်းထဲဝင်ပြီးသည်နှင့် Jiminလည်း တံခါးပြန်ပိတ်ကာ နောက်မှအသာလိုက်ခဲ့လိုက်သည်။
"မီးဖွင့်ဦးလေ"
"အာ ဟုတ်ကဲ့"
ချလောက်။
ချက်ချင်းလင်းကျင်းသွားတဲ့ အခန်းကြောင့် မျက်လုံးအနည်းငယ်တော့ စူးသွားသည်။ နာရီကိုကြည့်လိုက်တော့ မနက်ငါးနာရီရှိသေးသည်။
အိပ်ခန်းထဲမှ ထွက်လာသည့်Jungkookလက်တွေပေါ်မှာ သားပါ,ပါလာသည်။ ကြည့်ရတာ သားလည်းနိုးသွားပုံပဲ။ ငိုတော့ငိုမနေတာမို့ စိတ်တချက်အေးသွားရသည်။
"မြေးရေ"
အဖိုးဖြစ်သူက အသံပေးလိုက်တာမို့ Jungminလေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက ဒယ်ဒီ့ဆီရောက်သွားခဲ့သည်။ ပြီးသည်နှင့် ပွစာတက်နေသော ဆံပင်လေးများနှင့် မျက်လုံးတွေပါမှိတ်သွားသည်အထိ ရယ်ပြလေသည်။
ညဝတ်အင်္ကျီကိုမှ အထက်အောက်အဝါရောင်ပိစိလေးနှင့် ချစ်ဖို့ကောင်းနေသောမြေးဖြစ်သူကို အဖိုးရဲ့လက်တွေထဲ Jungkook ထည့်ပေးလိုက်သည်။ သွက်လက်နေသည့် Jungminတို့ကတော့ ဖိုးဖိုးရဲ့အသည်းတုန်လေးပင်။
"မင်းတို့ ဘယ်အချိန်ထိအိပ်နေတာလဲ စောစောပြင်ဆင်ထားမှပေါ့"
"အချိန်ရပါသေးတယ် ဒယ်ဒီကလည်း"
မျက်နှာချင်းဆိုင်မှာ Jungkookနဲ့အတူ ဝင်ထိုင်လိုက်ရင်း ဖြေလိုက်သည်။ ဒီနေ့က သူတို့နှစ်ဦးရဲ့တရားဝင်လက်ထပ်ပွဲကျင်းပမည့်နေ့ဖြစ်ပေသည်။ ထို့အတွက်ထင်ပါရဲ့ ဒယ်ဒီတို့ကတော့ အစောကြီးကြိုလို့ပင် ရောက်ရှိလာသည်။
"Jungminလေးအတွက်ပါ ဝတ်စုံအပ်ထားတယ်"
"ချစ်ဖို့ကောင်းနေတော့မှာပဲ"
ဖိုးဖိုးလက်တွေပေါ်မှာ ငြိမ်ငြိမ်လေးရှိနေသည့်သားကိုကြည့်ပြီး Jiminပြုံးလိုက်မိသည်။ အိပ်ရာနိုးကာစဆိုပေမဲ့ သွက်လက်မြူးထူးနေသည့်သားက သူတို့အားလုံးကို လှည့်ပတ်ကြည့်ကာ စကားတွေလိုက်ပြောလို့နေမြဲပင်။
"သားက နေပါ့မလား"
"မနေလည်း ခဏတဖြုတ်တော့ဝတ်ပေးရမှာပေါ့ ဓာတ်ပုံရိုက်တဲ့အချိန်လေးပဲဖြစ်ဖြစ်"
ပြောလည်းပြော အိပ်လည်းအိပ်ချင်တာမို့ Jungkookရဲ့ ပခုံးထက်ဆီ ခေါင်းတင်လိုက်သည်။ နဖူးပေါ်ဝဲကျလာသည့် ဆံပင်တွေကို Jungkookက ချက်ချင်းဆိုသလို သပ်တင်ပေးလေသည်။
"လုပ်လုပ် ပြင်စရာရှိတာပြင်ရအောင်"
"ဒယ်ဒီကလည်း ရောက်ဖို့လိုပါသေးတယ်"
Jungkookပခုံးပေါ်က မရွေ့ဘဲမျက်စိမှိတ်လျက်သား ဆိုလိုက်သည်။ အိပ်ချင်သေးပါတယ်ဆို။
"ဒီကောင်လေးဟာလေ"
ဖခင်ဖြစ်သူရဲ့ ဆူဆူပူပူစကားသံတွေကိုနားထောင်ရင်း Jimin ပြုံးနေမိသည်။ မိသားစုဆိုတာ ဒီလိုမျိုးလေးထင်ပါရဲ့။
"ဒယ်ဒီတို့ တခုခုသောက်ဦးမလား မနက်စာဖြစ်ဖြစ်ပြင်လိုက်မယ်"
အသားမကျသေးပေမဲ့ Jiminမှာထားသလိုပင် ဒယ်ဒီဟုခေါ်လိုက်သည်။ အထူးအဆန်းဖြစ်သွားပုံပေါ်ပေမဲ့ မနေတတ်တာမို့ထင် သားရဲ့အဖိုးက Jungkookအား တချက်သာကြည့်ပြီး မျက်နှာလွှဲသွားသည်။
"ငါ့မြေးအတွက်သာ လုပ်ပါ ငါတို့ကစားခဲ့ပြီ"
"ဟုတ်ကဲ့"
အလိုက်တသိပင် ခေါင်းကြွပေးတဲ့ Jiminဘေးမှ Jungkookတစ်ယောက် ခပ်သုတ်သုတ်ထထွက်ခဲ့လိုက်သည်။ ဒီအချိန်ဆို သားကနို့သောက်နေကျလေ။
နို့ဗူးဖျော်ပြီးသွားတော့ သားလက်ထဲထည့်ပေးလိုက်သည်နှင့် သားကနှုတ်ခမ်းထော်ကာ မျက်လုံးစုံမှိတ်မှေးရင်း ဇိမ်ကျနေတော့သည်။ နာရီဝက်လောက်နေတော့ သူတို့အကုန်လုံးလည်း မင်္ဂလာပွဲကျင်းပမည့်နေရာကို ထွက်ခဲ့ဖို့ပြင်လိုက်ကြတော့သည်။
"တူလေးကို ကျွန်တော်ခေါ်ထားပေးမယ်"
"အင်း ဟျောင်းသွားပြီနော်"
သားနှင့်ညီဖြစ်သူကို အတူထားခဲ့လိုက်ရင်း Jiminတို့လည်း ပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ အခန်းအသီးသီးထဲဝင်ခဲ့လိုက်သည်။ အခန်းထဲသို့ မဝင်ခင်လေးမှာတင် Jungkookက သူ့နှုတ်ခမ်းတွေအား နမ်းဖြစ်အောင် နမ်းလိုက်ပါသေးသည်။
တစ်ပတ်ပြီးတစ်ပတ် ကျော်လွန်သွားတဲ့ နာရီလက်တံတွေနောက်မှာ Jiminရင်တွေက အဆမတန်အခုန်မြန်နေခဲ့သည်။ Jungkookက သူ့စိတ်ကြိုက်ပွဲလုပ်စေတာမို့ သိပ်ပြီးကြီးကျယ်မည့်ပွဲမျိုး Jiminမရွေးလိုက်ပါ။
ဘာပဲဖြစ်ဖြစ် Jungkookရောသားပါ သူ့အနားမှာရှိနေခဲ့ပြီမို့ သူ့အတွက်လုံလောက်နေပါပြီ။ ခပ်ပြေပြေလိမ်းခြယ်ပေးခံနေတဲ့ မျက်နှာပြင်က မှန်ထဲမှာ အတော်အတန်ကြည့်ကောင်းလို့နေသည်။
ကိုယ်နဲ့တိုင်းပြီးချုပ်ထားတဲ့ အဖြူရောင်ဝတ်စုံက သူနှင့်လိုက်ဖက်စွာပင် ခန္ဓာကိုယ်ထက်မှာနေရာယူထားသည်။ မင်္ဂလာပန်းလေးကို ရင်ဘတ်မှာထိုးလိုက်ပြီးသည်နှင့် ပွဲအတွက်ပြင်ဆင်မှုက အစစအရာရာ ပြီးပြည့်စုံသွားခဲ့သည်။
"ဂုဏ်ယူပါတယ်နော်"
"ကျေးဇူးပါ"
မှန်ထဲမှာပေါ်လွင်နေသည့် မိမိရိပ်သွင်ကိုကြည့်ကာ Jimin အလိုလိုပြုံးလိုက်မိသည်။ အဖြူရောင်တွေကို သူအင်မတန် နှစ်သက်လွန်းပါသည်။
ပန်းခြံလေးထဲမှာပဲ ကျင်းပမည့်ပွဲဖြစ်တာမို့ လျှောက်လမ်းရဲ့တဖက်တချက်မှာ ပန်းပင်တွေကိုအစီအရီ ပြင်ဆင်ပေးထားသည်။ တရိပ်ရိပ်ဝင်ရောက်လာတဲ့ အသိမိတ်ဆွေတွေကတော့ ခုံဖြူဖြူလေးတွေမှာ နေရာယူနှင့်နေကြလေပြီ။
"ဒယ်ဒီ"
"သွားကြစို့"
Omegaလေးနံဘေးရောက်လာသည့် ဖခင်ဖြစ်သူက သူ့လက်မောင်းမှာ လက်ကလေးချိတ်စေပြီး အခြံအရံအနည်းငယ်နှင့်အတူ အခန်းလေးထဲမှ ထွက်ခဲ့လိုက်သည်။
အဖြူရောင်အိန်ဂျယ်သည် ဆွတ်ဆွတ်ဖြူသောမင်္ဂလာဝတ်စုံနှင့်အတူ လျှောက်လမ်းအတိုင်း ပန်းတွေကိုကျော်ဖြတ်ကာ Jungkookဆီ လှမ်းလာနေခဲ့ပြီ။
ထိုင်ခုံထိပ်ဦးပိုင်းမှာ ထိုင်နေသည့်ညီဖြစ်သူရဲ့လက်တွေပေါ်မှ Jungminကလေးကတော့ ဝတ်စုံပြည့်ကိုမှ လည်ပင်းမှာ ဖဲပွင့်သေးသေးပိစိကလေးနှင့်။
အနက်ရောင်ဝတ်စုံပြည့်လေးနှင့် အူယားစရာ လုံးတုံးတုံးသားသားကို ပြေးဖက်ချင်စိတ်အား Jiminအင်မတန်ချုပ်တည်းထားရသည်။ သားက သူ့အဖေလို လူချောလေးပဲ။
သူ့Mommyကိုမြင်တော့ လက်ကလေးနှစ်ဖက်လှမ်းနေသည့် Jungminက အင်မတန်အသည်းယားဖွယ်ကောင်းနေလေသည်။
အဖြူရောင်နှင့်ဆန့်ကျင်စွာပင် သားနည်းတူ အနက်ရောင်ဝတ်စုံဝတ်ထားသည့် Jungkookက သူ့အားလာရောက်ကြိုဆိုသည်။ ဖခင်ဖြစ်သူက Omegaလေးရဲ့လက်ကိုဆွဲယူကာ Alphaလက်ထဲ စိတ်ချလက်ချ ထည့်ပေးလိုက်သည်။
ထို့နောက် နှစ်ဦးသား မျက်နှာချင်းဆိုင်ရပ်လိုက်ရင်း ကျမ်းကျိန်ဆိုရသည်။ တလျှောက်လုံး Jiminမျက်နှာလေးကိုကြည့်ရင်း Jungkookရင်ထဲ မြတ်နိုးစိတ်က အလျှံအပယ်ပင်။
လက်ထပ်လက်စွပ်အပြန်အလှန်ဝတ်ပေးနေသည့်အချိန် Omegaလေးရဲ့ ဖူးမို့မို့လက်ကလေးကို Jungkook ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။
"သတို့သားနှစ်ဦး အကြင်နာပေးနိုင်ပါပြီ"
စကားအဆုံးတွင် Jiminမျက်နှာဖူးဖူးဆီကို ဦးတည်လိုက်ရင်း အနီ​သွေးကြွနေသည့်နှုတ်ခမ်းအစုံကို အကြင်နာလှလှခြွေလိုက်သည်။ လက်ခုပ်သံတဖြောင်းဖြောင်းကြားမှာ နှစ်ယောက်လုံးပြုံးလိုက်မိသည်။
"Jungkook ah ဘာလို့ငိုနေတာလဲ"
​မျက်ရည်တွေကို Omegaလေးက ဖယ်ရှားပေးဖို့လက်လှမ်းလိုက်သည်။ သို့သော် လမ်းတဝက်မှာတင် Alphaက ဖမ်းယူဟန့်တားလိုက်သည်။
"ကိုယ်ပျော်လို့ပါ"
"Jungkookရယ်"
ဝမ်းသာမျက်ရည်စက်တွေက Alphaတစ်ယောက် မည်မျှပင်ပျော်ရွှင်နေရလဲဆိုတာကို ပေါ်လွင်အောင်ပြသနေသည်။ Omegaလေးသည်လည်း Alphaနည်းတူ မျက်ရည်ကြည်တွေဝေ့ဝဲလာခဲ့သည်။ 
"ကျေးဇူးတင်ပါတယ် ကိုယ့်ကိုလက်ခံပေးလို့"
Alphaဆီကစကားကို Jiminအပြုံးတစ်ပွင့်နှင့်အတူ လက်တွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး တုံ့ပြန်လိုက်သည်။ ခါးတွေဆီသွယ်ယှက်လာတဲ့ Alphaရဲ့လက်တစ်ဖက်ကြောင့် နှစ်ဦးသားရဲ့ကိုယ်တွေက နီးကပ်သွားရသည်။
"မင်္ဂလာပွဲကို ဂုဏ်ပြုပါတယ်နော်"
Hueningသည်လည်း ဂုဏ်ပြုစကားဆိုရင်း Jungminလေးအား Jungkookရဲ့လက်တွေပေါ် လွှဲပြောင်းပေးလိုက်သည်။
"ကျေးဇူးပါ"
ဖဲပွင့်ပိစိလေးနှင့် ချစ်စရာကောင်းနေသည့်သားရဲ့ ဖောင်းမို့မို့ပါးလေးနှစ်ဖက်လုံးကို Jimin ခပ်သွက်သွက်ပင် ငုံ့နမ်းပစ်လိုက်သည်။ ပျော်ရွှင်သွားသည့်သားက တခစ်ခစ်ရယ်မောရင်း Jiminမျက်နှာကို လက်ပိစိလေးတွေနဲ့ ဆွဲယူဖို့ကြိုးစားနေလေသည်။
"ငါ့သားနဲ့မြေးကို စိတ်ချမယ်"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
မျက်နှာတည်ကြီးနှင့်ဆိုပေမဲ့ Jungkook နားလည်ပေးနိုင်ပါသည်။ ဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူ Omegaလေးကို နှမြောရှာမှာပေါ့။
"Jungkookလေး သားငယ်"
"တီတီ!"
Jungkookနှင့်သိကျွမ်းပုံရတဲ့ အမျိုးသမီးကြီးကို Jiminမသိပေမဲ့ မျက်နှာပေါက်ကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်နှင့်ဆွေမျိုးသားချင်းဖြစ်မယ်ဆိုတာကို မှတ်ချက်ချလိုက်မိသည်။
"ဒီလိုအချိန်မှာ ပြောဖို့သင့်တော်မလားမသိပေမဲ့ တီတီ့သားကြီးအစား တီတီကပဲတောင်းပန်ပါရစေ"
"မဟုတ်တာပဲ မလိုအပ်ပါဘူး မတောင်းပန်ပါနဲ့"
"လိုတာပေါ့ သားကြီးရဲ့အမူအကျင့်တွေ လုပ်ရပ်တွေအတွက် မိဘတစ်ဦးအနေနဲ့ သားအပေါ် ပြောမပြတတ်အောင် အားနာပြီးရှက်မိပါတယ် ဒါကြောင့် တောင်းပန်တာကိုတော့ မငြင်းလိုက်ပါနဲ့ သားရယ်"
Jiminထင်သည့်အတိုင်းပင် ထိုအမျိုးသမီးက ချာမင်၏မိခင်ဖြစ်လို့နေခဲ့သည်။ သူမရဲ့မျက်ဝန်းတွေက Jungkookအပေါ် မည်မျှအားနာကြောင်း အတိအလင်းဖော်ပြလို့နေသည်။
"ဒီက Jungminလေးရဲ့ Mommyကိုလည်း တောင်းပန်ပါတယ် ဆင်ခြေပေးတာမဟုတ်ပေမဲ့ ဒီအကြောင်းတွေကိုမသိခဲ့လို့ လက်ထပ်မဲ့ကိစ္စကို သဘောတူခဲ့မိတာပါ"
"ရပါတယ် ကိစ္စမရှိပါဘူး"
မျက်ရည်တွေဝိုင်းနေသည့် အမျိုးသမီးကို Jiminအပြုံးတစ်ပွင့်နှင့်သာ နားလည်ပေးနိုင်ကြောင်းပြောလိုက်သည်။ ပြီးတာတွေလည်း ပြီးခဲ့ပြီပဲ။
"သားတို့စိတ်ချနော် သားကြီးကို အခုလိုထပ်ပြီးမဖြစ်စေရဘူးလို့ တီတီကတိပေးတယ် ဒီညနေပဲ သူ့အဖေဆီကိုပို့တော့မှာမို့ ဘာမှပူစရာမလိုတော့ဘူး"
Jungkook ဘာမှမပြောမိ။ သူနှင့်Jiminကြားမှာ အနှောင့်အယှက်အဖြစ်ရှိခဲ့တာမှန်ပေမဲ့ မုန်းတီးတဲ့အဆင့်ထိတော့မရောက်ခဲ့ပါ။ သူJiminကိုယုံတာမို့ နောက်ပြီး ကံကြမ္မာကိုယုံတာမို့။
"မင်းတို့ကို အန်ကယ်လ်ကသဘောတူမှာမဟုတ်ဘူး" ဆိုပြီး အိမ်အရောက် အသံကောင်းဟစ်ခဲ့တဲ့နေ့က Jungkook အမှန်တိုင်းဝန်ခံရမယ်ဆိုပါက ထိုစကားကို စိုးရိမ်ခဲ့မိပါသည်။ သို့ကြောင့်ပင် Jiminဆီလိုက်သွားမိပြီး အပြီးခေါ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့မိခြင်းပင်။
အခုတော့ ထိုသို့ပြောခဲ့ခြင်းကိုပင် သူကတပြန် ကျေးဇူးတင်မိသည်။ မဟုတ်ပါက သူ Jiminကို လက်လွှတ်ရတော့မလို့။
"ပျော်ရွှင်စရာမိသားစုလေး ဖြစ်ပါစေကွယ် တီတီ့ကိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ"
တရွေ့ရွေ့ထွက်ခွာသွားသည့် အမျိုးသမီးရဲ့ကျောပြင်ကိုကြည့်ရင်း Jiminနှင့်သားကို ပိုပြီးတင်းတင်းကျပ်ကျပ်ထွေးဖက်ထားမိသည်။ အခုကစပြီး သားနဲ့Jiminကို ဘယ်သူတစ်ဦးတစ်ယောက်မှ မနှောင့်ယှက်စေရတော့ဘူး။
"ဓာတ်ပုံရိုက်ပါမယ်"
ကင်မရာမန်းရဲ့အသံကြောင့် မိသားစုဓာတ်ပုံရိုက်ဖို့အတွက် အသီးသီးနေရာယူလိုက်သည်။ ကင်မရာမီးတဖျတ်ဖျတ်အောက်မှာ လူးလွန့်နေသည့်သားကို ထိန်းရင်း အကုန်လုံးက အပြုံးကိုယ်စီနှင့်သာ။
"သတို့သားနှစ်ဦး အကြင်နာပေးတဲ့ပုံလေးရိုက်ပါမယ်"
ဒါမျိုးကတော့ Jungkookရဲ့အကြိုက်ပင်။ ချက်ချင်းဆိုသလို ကိုယ်ကိုကိုင်းငုံ့လိုက်ရင်း Jiminရဲ့နှုတ်ခမ်းဖူးကို ဒုတိယအကြိမ် နမ်းလိုက်သည်။ Jiminကိုယ်တိုင်ကလည်း မျက်လုံးမှိတ်လျက် ထိုအနမ်းကို ကြည်ကြည်ဖြူဖြူလက်ခံလေသည်။
ရုတ်တရက် အသည်းအသန်ရုန်းကန်လာတဲ့ သားကြောင့် နှုတ်ခမ်းတွေကိုအမြန်ခွာကာ ဘာများဖြစ်လို့လဲဆိုပြီး နှစ်ဦးသားပြိုင်တူငုံ့ကြည့်လိုက်သည်။
သားက ငိုမဲ့မဲ့နှင့်နှုတ်ခမ်းလေးဆူကာ Jungkookရဲ့မျက်နှာကို တွန်းထုတ်ဖို့ကြိုးစားနေတာကြောင့် Jiminသဘောပေါက်သွားကာ ရယ်လိုက်မိသည်။ လက်စသတ်တော့ သားက သူ့Mommyကို သဝန်တိုနေတာပဲ။
"ဒါတော့ မင်းမတရားဘူးကွာ တစ်ယောက်တည်းပိုင်ချင်လို့ရမလား"
Jungkookစကားကို သားနားလည်၏ နားမလည်၏တော့မသိ။ သားကတော့ Jungkookက သူ့အား နမ်းမယ်ဟန်ပြင်တိုင်း မျက်လုံးဝိုင်းလေးတွေက မကျေနပ်သလိုနှင့် နှုတ်ခမ်းပါဆူလာကာ တွန်းထုတ်ဖို့လုပ်သည်။
"မင်းMommyကို နမ်းတာမကြိုက်ဘူးပေါ့ ဒါဆို ပိုနမ်းမယ်ကွာ"
ပြောလည်းပြော တဖွဖွနမ်းနေတဲ့Jungkookကြောင့် နောက်ဆုံးတော့ သားငိုလေတော့သည်။ သူ့Mommyကို နမ်းရကောင်းလားဆိုပြီး အဖိုးဖြစ်သူဘက်ကိုလည်းလှည့်ကာ ဝူးဝူးဝါးဝါးနှင့် တိုင်ပြောနေပြန်သေးသည်။
"မစပါနဲ့တော့ သားပင်ပန်းလိမ့်မယ် လာ Mommyဆီကို"
သားကို အလျင်အမြန်ပင် ပွေ့ချီလိုက်တော့ သားက Jiminလည်ပင်းကိုတွဲခိုလာကာ တအီအီနှင့် စကားတွေပြောနေတော့သည်။ ဒီကောင်လေး အူတိုနေတတ်ပြီပေါ့။
ဤသို့ဖြင့် မျက်ရည်မခြောက်သေးသည့်သားကို အလယ်မှာပွေ့လျက်ပင် ဓာတ်ပုံဆက်ရိုက်ရတော့သည်။ သားကစိတ်ဆိုးနေပါသည်ဆိုကာမှ သားကိုပါလိုက်လိုက်နမ်းနေတာမို့ ဓာတ်ပုံထဲမှာ သူ့Daddyကိုလက်ပိစိလေးနှင့်တွန်းလွှတ်ပြီး အာဗြဲနှင့်ငိုနေသည့် သားပုံတွေက တန်းစီနေတော့သည်။
ခုတော့ မင်္ဂလာပွဲလေးက သူတို့နှစ်ဦးရဲ့ရင်နှစ်သည်းချာကလေး သားသားရဲ့ငိုသံလေးတွေနှင့် စည်ကားနေခဲ့တော့သည်။
"ဘာတွေရယ်နေတာလဲ"
"ဒီမှာကြည့်ဦး သားကငိုနေတာ ချစ်စရာလေး"
ပွဲတုန်းကရိုက်ထားသည့်ဓာတ်ပုံတွေကို ကြည့်ရင်း Jiminသဘောတကျ ရယ်နေမိသည်။ သားကတကယ့် အူပုတ်ကလေး။
"ငယ်ငယ်လေးနဲ့ ဒီလောက်အူတိုရတယ်လို့"
"Jungkookနဲ့တူလို့နေမှာပေါ့"
မလှမ်းမကမ်းမှာ ဆော့နေသည့်သားကိုလှမ်းကြည့်ရင်း  Jiminပြောလိုက်သည်။ သားကသူတို့ကိုကျောပေးထားတာမို့ သားရဲ့ဖင်လုံးလုံးလေးကို Jungkookက တချက်ရိုက်လိုက်ရင်း Jiminဘေးဝင်ထိုင်လာသည်။
"သားအိပ်မှ တဝကြီးနမ်းရမယ်"
ပြောပြောဆိုဆိုပင် Jungkookက Jiminရဲ့ပါးလေးတစ်ဖက်ကို ပြွတ်ခနဲ နမ်းလိုက်လေသည်။
"Jungkook~"
ဆက်တိုက်ဆိုသလို နမ်းနေတဲ့Jungkookကို Jimin ဟန်ဆောင်ပန်ဆောင်တွန်းဖို့ပြင်လိုက်ပေမဲ့ လက်တွေကိုချုပ်ပစ်လိုက်တာမို့ ထိုအတိုင်းသာ ငြိမ်နေရတော့သည်။
"လာနေပြီ"
"အူပုတ်လေးလား"
လှည့်ကြည့်လာသည့်သားက ချက်ချင်းပင်သူတို့နှစ်ဦးရှိရာဆီ လေးဘက်ထောက်ရင်း တရွေ့ရွေ့နှင့်ရောက်လာသည်။ ပြောပါတယ် သူ့Mommyကို မတရားအူတိုတာပါဆို။
"Jungminie ဒီမှာကြည့်"
Jiminကိုဖက်ကာ နမ်းပြလိုက်တဲ့ Jungkookကြောင့် သားက နှုတ်ခမ်းလေးမဲ့လာကာ ချက်ချင်းကြီးထငိုတော့သည်။ သားအဖနှစ်ယောက်ရဲ့ ဗရုတ်ကျနေမှုကြောင့် Jiminရယ်လိုက်မိသည်။
"တော်တော့ သားငိုစရာမျက်ရည်မကျန်ဘဲနေဦးမယ်"
"ကိုယ့်mateကိုယ်နမ်းတာတောင် မရဘူးလား"
"သားကမှမကြိုက်တာ"
​ကြမ်းပြင်ပေါ်မှာ မျက်လုံးပါမပေါ်တော့သည်အထိ အာပြဲနှင့်ငိုယိုနေသည့်သားသားကို Jiminကောက်ပွေ့လိုက်သည်။
"ကြည့်ဦး နှပ်တွေတောင်ထွက်နေပြီ"
"Mama"
"အေးပါ သားမကြိုက်ရင် မနမ်းစေရဘူး နော် ဟုတ်ပြီလား"
သူ့Mommyလည်ပင်းကိုဖက်တွယ်ရင်း သားကရှိုက်သံလေးတွေပင် ထွက်လာသည်။ သားရှေ့မှာ နမ်းမိတာနဲ့ သားကအူတိုကာ ထငိုတတ်စမြဲ။ ထို့အတူ လက်ပိစိလေးတွေနှင့် သူ့Daddyမျက်နှာကို ရိုက်လွှတ် တွန်းလွှတ်တတ်လေသည်။
"တိတ်ပါ မငိုနဲ့တော့ Jungminလေး ပင်ပန်းမှာပေါ့"
ထို့နောက် သားကို ချော့ရင်း အိပ်ရာဝင်ပုံပြင်လေးတွေဖတ်ပြရတော့သည်။ တအောင့်လောက်ကြာတော့မှ သားက ငိုထားတဲ့အရှိန်ကြောင့် ပင်ပန်းကာ မောမောနှင့်အိပ်မောကျသွားတော့သည်။
"Jungkook စာအုပ်တွေသိမ်းလိုက်တော့ သားကိုသွားသိပ်လိုက်ဦးမယ်"
"အင်း"
သားဖွထားသည့် အရုပ်ကလေးများနှင့် ပုံပြင်စာအုပ်တွေကို တစ်ခုချင်းစီလိုက်ကောက်ပြီးသွားချိန်မှာတော့ Jiminလည်း သားအခန်းထဲမှ ထွက်လာခဲ့ပြီဖြစ်သည်။
"တစ်ခုခုပြောစရာရှိလို့လား"
ငြိမ်နေသည့်Jiminကြောင့် Jungkookဘေးမှာ ဝင်ထိုင်ကာမေးလိုက်သည်။
"Jungkook ah"
"အင်း ပြောလေ"
"ဟိုတလောက ပြောခဲ့တဲ့"
ဆက်မပြောဘဲရပ်သွားတဲ့ Jiminကြောင့် Jungkook သိချင်စိတ် ပြင်းပြသွားရသည်။
"ဟိုတလောက ဘာလဲ"
"ဘာမှမဟုတ်တော့ပါဘူး"
"ပြောပြလေ Jiminပြောပြမှ ကိုယ်သိမှာပေါ့"
"အဲ့ဒါက"
ခက်ခက်ခဲခဲကြိုးစားနေရလောက်တဲ့အထိ Jiminက ဘာ​မေးချင်တာပါလိမ့်။ Jungkook အလိုအလျောက်ပင် Jiminရဲ့လက်တွေကို ဆွဲယူလိုက်သည်။
"ကိုယ်တို့က လက်ထပ်ပြီးပြီလေ ဘာကိုတွန့်ဆုတ်နေတာလဲ"
"အဲ့လိုမဟုတ်ပါဘူး"
"ဒါဆို ပြော​​ပြ"
"ဟို ဟိုတလောက Knotလုပ်ပြီးသားလို့ Jungkook ပြောခဲ့တာကို သတိရသွားလို့ပါ"
ဒယ်ဒီနှင့်အချေအတင်ဖြစ်သည့်နေ့က သူတို့နှစ်ဦးကKnotလုပ်ပြီးသားပါဟု Jungkookကပြောခဲ့တာပင်။ သို့သော် အမှန်တကယ်တော့ သူတို့knotမလုပ်ဖြစ်ခဲ့ပါ။
"ဒါပေမဲ့ အခုထိ"
"ကိုယ်နားလည်ပြီ"
Jungkookမျက်နှာကို ရင်မဆိုင်ရဲတာမို့ Jimin မျက်လွှာချလိုက်သည်။ တကယ်လို့ Jungkookဘက်က ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။ အတွေးနဲ့အတူ နှုတ်ခမ်းကိုသာ ကိုက်လိုက်မိသည်။
"ကိုယ့်ကိုကြည့်ပါဦး"
မေးဖျားကနေ ဆွဲယူလိုက်တာမို့ အလိုလိုပင် မျက်လုံးတွေက Jungkookကို ကြည့်မိသွားသည်။
"ကိုယ့်omegaလေးက Knotမလုပ်ရသေးလို့ ဝမ်းနည်းနေတာလား"
Jungkookက ထိုသို့မေးလိုက်တာမို့ Jimin ခေါင်းငြိမ့်ပြလိုက်ရင်း မျက်ရည်တွေဝေ့သီလာတော့သည်။ ထို့ကြောင့် Jungkook မိမိကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။
"ကိုယ်တို့ မကြာခဏအတူအိပ်ဖြစ်ပေမဲ့ Knotမလုပ်မိဘူး အဲ့ဒါက တကယ်တော့ ကိုယ်က မက်မွန်လုံးလေးလက်မခံမှာစိုးလို့ပါ"
"Jung..."
"သားကလည်း ငယ်သေးတယ်လေ အဲ့ဒါကြောင့်မို့ပါ ကိုယ့်မှာတခြားဘယ်လိုအတွေးမှမရှိပါဘူး"
Knotလုပ်ခံရပြီဆိုပါက Omegaလေးအတွက် နောက်ထပ် ကိုယ်ဝန်ဆောင်နိုင်ချေများတာမို့ မက်မွန်လုံးအတွက်ရော သားအတွက်ပါစဥ်းစားပြီး Jungkook နောက်ဆုတ်ထားခြင်းဖြစ်သည်။
"ငါ လက်ခံပေးနိုင်ပါတယ်"
"Jimin တကယ်ပြောတာလား"
"Jungkookနဲ့အတူ နောက်ထပ်ရင်သွေးလေးရမယ်ဆိုရင် ငါလည်းပျော်မိမှာ"
"ကိုယ်က Jiminကို ထပ်ပြီးပင်ပန်းမှာစိုးလို့ပါ"
Jungkookစကားအဆုံးမှာ ဆုပ်ကိုင်ထားပေးတဲ့လက်တွေဆီက ရုန်းထွက်လိုက်ရင်း ထွေးဖက်လိုက်မိသည်။ ခါးနှင့်ကျောပြင်ထက်ဆီ ပြန်လည်ထွေးပွေ့လာတဲ့ Jungkook လက်တွေက နွေးထွေးလွန်းနေပါသည်။
"ငါက Jungkookက ငါ့ကိုမပေးချင်ဘူးလို့ထင်နေခဲ့တာ"
" မဟုတ်တာပဲ"
"ဒါဆို ငါ့ကိုပေးမယ်မဟုတ်လားဟင်"
Jiminဆီက စကားသံကြောင့် Jungkookတစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ အခုန်မြန်လာတဲ့ရင်ဘတ်​နဲ့အတူ တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းပါဖြစ်လာသလို။
"Jimin တကယ်ပြောနေတာလား?"
"အင်း တကယ်"
Omegaလေးရဲ့မျက်နှာကိုမြင်ချင်တာမို့ ဆွဲယူဖို့ကြိုးစားလိုက်ပေမဲ့ Jiminကလွှတ်မပေးဘဲ ထိုအတိုင်းသာ ဖက်ထားမြဲဖက်ထားဆဲ။
"Jungkook~"
" Jimin ကိုယ်..."
"ချစ်တယ်"
Jungkook ကိုယ်တိုင်ပင်မသိလိုက်ခင်မှာပဲ ပြုံးလိုက်မိသည်။ တလက်စတည်း ခံစားလိုက်မိတဲ့ Pheromoneတွေကြောင့် အသက်ရှူဖို့ပင် မေ့သွားရသည်။ လိမ္မော်နံ့သင်းတဲ့ Omega Park Jiminရဲ့ Pheromoneတွေ...။
Omegaနည်းတူ သူသည်လည်း Alphaရဲ့ Pheromoneတွေကို ထုတ်လွှတ်လိုက်သည်။ ရင်ခွင်ထဲမှ Omegaက ခံနိုင်ရည်အားမရှိစွာ အသက်ရှူသံတွေမြန်လာပြီး Jungkookရဲ့ လည်ပင်းကိုဖက်တွယ်ထားသည့် လက်အစုံကပြေလျော့စပြုလာသည်။
"Jimin--"
ပြိုဆင်းလာတဲ့ကိုယ်ငယ်လေးရဲ့ မျက်နှာကိုမော့စေလိုက်တော့ မျက်ဝန်းတွေက မှေးစင်းစပြုလာသည်။   မျက်နှာကလေးကို လက်နှစ်ဖက်နှင့် အုပ်မိုးကိုင်လိုက်ပြီး အနမ်းကြမ်းကြမ်းတို့ကို စိတ်ထင်သလိုပေးမိသည်။
အသင့်လှစ်ဟပေးလာတဲ့ ခံတွင်းထဲ အချိန်မဆိုင်းဘဲ တိုးဝင်လိုက်ရင်း ခံတွင်းနွေးနွေးထဲမှာ မရပ်မနားပြေးလွှားနေမိသည်။ ခန္ဓာကိုယ်အောက်ပိုင်းဆီမှ တောင့်တင်းလာတဲ့အရာက မက်မွန်လုံးလေးရဲ့မက်မွန်သီးနှင့် ပွတ်တိုက်မှုကြောင့် ပို၍တင်းထန်လာသည်။
အချိန်အတော်ကြာသည်အထိ နမ်းရှိုက်နေမိပြီး အဆုတ်အတွက် လေမလုံလောက်တော့သည့်အခါမှ Omegaလေးကို လက်လွှတ်ပေးလိုက်မိသည်။ ပွယောင်းနေသည့်ဆံနွယ်များနှင့် ဖူးကြွနေသည့်နှုတ်ခမ်းတစ်စုံ၊ ထပ်ပြီး မှေးစင်းနေသည့်မျက်ဝန်းတစ်စုံက သူ့အားမချင့်မရဲဖြစ်စေပြန်သည်။
နှုတ်ခမ်းတွေရဲ့ဘေးဖက်မှာ ပရမ်းပတာစီးကျနေသည့် ငွေမျှင်ရောင်အရည်ကြည်များကို လက်မနှင့်ဖိသုတ်ကာ ဖယ်ရှားပေးလိုက်ရင်း နောက်တစ်ကျော့ အနမ်းတွေကို ဆက်လိုက်သည်။
ကိုယ်ငယ်လေးကို လက်နှစ်ဖက်နှင့်ချုပ်ထိန်းလိုက်ပြီး ဆိုဖာခုံရှည်ပေါ်လှဲချစေလိုက်သည်။ ထို့နောက် သူက အပေါ်မှ အုပ်မိုးလိုက်ကာ Omegaလေးရဲ့ ခြေထောက်နှစ်ဖက်ကြား နေရာယူလိုက်ပြီး နှုတ်ခမ်းများပေါက်ထွက်မတတ် ပူထူလာသည်အထိ ခရီးသွားနေမိသည်။
မက်မွန်လုံးက သိပ်ကိုအရသာရှိတယ်။
အသက်ရှူသံခပ်ပြင်းပြင်းနှင့်အတူ ပတ်ဝန်းကျင်မှာ ၎င်းတို့နှစ်ဦးရဲ့အငွေ့အသက်များသာ ရောယှက်ထုံမွှမ်းနေသည်။ ကြမ်းပြင်ပေါ်သို့ ဦးဆုံးသက်ဆင်းသွားသည့် အရာက omegaငယ်ရဲ့ အင်္ကျီပင်။
"ဟင့်"
နှုတ်ခမ်းတွေကို နို့နှစ်ရောင်ကိုယ်ဆီမှ ချယ်ရီဖူးဆီပစ်မှတ်ထားကာ တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် Omegaလေးရဲ့ လက်တွေက Alphaရဲ့ဆံနွယ်တွေကို ဆုပ်ကိုင်လာသည်။ ဤမျှအထိ နူးညံ့လွန်းသည့်ခန္ဓာကိုယ်က ထိလိုက်သည်နှင့် ပဲ့ကြွေလုမတတ်ပင်။
"Jungkook~~"
အပေါ်ပိုင်းတစ်ကိုယ်လုံးကို နေရာမလပ်နမ်းရှုံ့ကိုက်ခဲရင်း ဘက်ဘယ်လက်တစ်ဖက်က ကိုယ်ငယ်လေးရဲ့အောက်ဖက်က ခပ်မို့မို့အနောက်ပိုင်းနေရာဆီ ဖိညှစ်ဆုပ်ကိုင်လိုက်သည်။
"Daddy အ"
ရုတ်တရက်ထွက်ကျလာတဲ့ ညည်းသံကြောင့် Jungkook လှုပ်ရှားမှုတွေအကုန်လုံး ရပ်တန့်သွားရသည်။ အခု မက်မွန်လုံးက သူ့ကိုဘယ်လိုခေါ်လိုက်တယ်?
အပေါ်ပိုင်းဆီပြန်လည်တိုးကပ်လိုက်ရင်း နားရွက်ဖျားလေးကို ခပ်နာနာကိုက်ပစ်လိုက်သည်။ မျက်လုံးပင်မပွင့်တော့သည့် Omegaက နာကျင်မှုကြောင့် နှုတ်ခမ်းလေးပွင့်ဟသွားခဲ့သည်။
ဒုတိယမြောက် ကြမ်းပြင်ဆီသက်ဆင်းသွားသည်က Omegaလေးရဲ့ လက်ကျန်အဝတ်တို့ပင်ဖြစ်ပြန်သည်။ ဝင်းမွတ်နေသည့် ပခုံးသားများကို ကိုက်ခဲကာ နားရွက်တွေဆီ တဖန်ပြန်ကူးရင်း အောက်ဘက်ကိုလည်း လက်တွေနဲ့အကူအညီနှင့် ပြင်ဆင်ပေးမိသည်။ 
"ပြန်ခေါ်ပါဦး ကိုယ့်ကိုစောနကလိုလေး"
"Daddy! Daddy~"
Omegaရဲ့နှုတ်ဖျားမှ ထွက်ကျလာတဲ့ အမည်နာမကြောင့် Alphaရဲ့Pheromoneတွေက ပိုပြီးပြင်းထန်သိပ်သည်းလာသည်။
"ကိုယ့်ရဲ့ Mommy"
"အ"
အဆက်မပြတ်စီးဆင်းကျလာတဲ့ Slickတွေနဲ့အတူ Omegaရဲ့ကိုယ်လေးက တချက်တုန်တက်သွားသည်။ သူခေါ်လိုက်တဲ့ နာမည်ရဲ့အလုပ်ဖြစ်ပုံကြောင့် Jungkook ပြုံးလိုက်သည်။
"သဘောကျလား အဲ့လိုခေါ်တာ?"
"ဟင့်အင်း"
လှိုက်သံရောနေသည့်ဖြေသံက အလိမ်အညာဆိုတာကို Jungkook သိနှင့်ပြီးသား။ သူ့လက်မှာပေကျံကုန်သည့် Omegaရဲ့ Slickတွေက ထိုနာမည်ကိုသဘောကျကြောင်း သက်​သေပြနေပြီမို့။
"M o m m y"
"အင့်"
အောက်နှုတ်ခမ်းကိုဖိကြိတ်ထားကာ မျက်လုံးစုံမှိတ်ထားသည့် Omegaရဲ့ ရင်ဘတ်ဖွေးဖြူဖြူတစ်ခုလုံးကတော့ Alphaဖန်တီးထားသည့် အမှတ်သညာအပြည့်နှင့် လှချင်တိုင်းလှနေလေသည်။
"ရ---ရလောက်ပြီ"
Omegaလေးရဲ့ မျက်နှာတစ်ခုလုံးကို နောက်ထပ်တကြိမ် ခပ်ကျဲကျဲနမ်းရှုံ့လိုက်ရင်း အဆင်သင့်ဖြစ်သွားတဲ့အနေအထားတွင် ခပ်ပြင်းပြင်းပင် တရှိန်တည်းတိုးဝင်လိုက်သည်။
"အ အရမ်း---"
ကော့တက်သွားတဲ့ ခါးတစ်ပြင်လုံးကို သိမ်းကျုံးပွေ့ဖက်လိုက်ရင်း Jiminမျက်ဝန်းဆီမှ စီးကျလာတဲ့မျက်ရည်စက်ကို နှုတ်ခမ်းတွေနှင့်ပဲ ဖယ်ရှားပေးလိုက်သည်။
ဒီမျက်ဝန်းတွေ ဒီအနမ်းတွေ ဒီအထိအတွေ့တွေ အကုန်လုံးက သူနှင့်Jimin ပထမဆုံးဖြတ်သန်းခဲ့သည့် တစ်ညတာကို အမှတ်ရစေသည်။
"အရမ်းလှတယ် Mommy"
မျက်ရည်တွေတလက်လက်နှင့်တောင်မှ Omega Park Jiminဟာ အမှန်တကယ်ကို ယစ်မူးဆွဲမက်ဖွယ်အပြည့်ပင်။
ခါးထက်မှာတွယ်ချိတ်စေလိုက်သည့် ​Omegaရဲ့ခြေထောက်တွေနောက်မှာ အသည်းအသန်အချစ်ကြမ်းမိတော့သည်။ ချွေးစတွေတွဲခိုနေသည့်တိုင် သူတို့နှစ်ဦးလုံး ရပ်တန့်ဖို့သတိမရကြ။
"Daddyအတွက် နောက်ထပ်ကလေးလေးတွေအများကြီး မွေးပေးမယ်မလား ဟမ်"
"အင့်"
လက်ခုံကိုဖိကိုက်ရင်း ငိုနေသည့်Jiminက ပြန်မဖြေ။ ၎င်းမြင်ကွင်းကပင် Jungkookရဲ့အသိစိတ်မှန်သမျှကို လွှတ်ထွက်ပေးလိုက်ဖို့ အခွင့်အရေးပေးနေသလိုပင်။
"ဖြေပါဦး ကိုယ့်ရဲ့Mommyလေး"
တမင်သက်သက် ခါးအရှိန်ကိုနှေးချပစ်လိုက်တာမို့ Omegaက အားမရစွာ ကြိုးစားပင့်တင်ဖို့လုပ်လေသည်။ သို့သော် ခါးတွေကိုချုပ်ကိုင်ထားသူက Jungkookမို့ အရာမထင်ခဲ့။
"ဖြေလေ မွေးပေးမယ်မလား"
"မွေး...မွေးပေးမယ် ဒါကြောင့် Daddy ကျေးဇူးပြုပြီး...."
Park Jiminဆိုတာ မျက်ရည်တွေကအစလှရက်သူမို့ Jungkookအချိန်ကြာကြာ စနောက်မနေနိုင်။ နောက်ဆုံး အသိစိတ်မှန်သမျှမောင်းထုတ်ပစ်လိုက်ကာ Omegaငယ်ဆီမှာ စိတ်ကြိုက်နှစ်မြှုပ်လိုက်သည်။
တဖြည်းဖြည်းချင်းနီးကပ်ဖြစ်ပေါ်လာတဲ့ Knotကြောင့် Jiminရဲ့လက်တွေက သူ့အားအသည်းအသန်ဖက်တွယ်လာသည်။
[Knotဆိုတဲ့အဖုအဖောင်းလေးက Alphaရဲ့ကောင်းကင်ထောက်တိုင်ရဲ့ အောက်ခြေဘက်မှာရှိတတ်ပြီး Knotလုပ်မယ်ဆိုမှ တဖြည်းဖြည်းဖောင်းကြွပြီးထွက်ပေါ်လာတတ်ပါတယ်။ အဲ့Knotကို Omegaလေးရဲ့အတွင်းပိုင်းမှာ ထည့်ထားတာကို Knottingလုပ်တယ်လို့ခေါ်ပါတယ်။ အဲ့Knotလေး ပြေလျော့ပျောက်သွားတဲ့အထိ Omegaလေးထဲ ထည့်ထားရပါတယ်။ Knotလုပ်ပြီးပြီဆိုတာနဲ့ Omegaဟာ ကိုယ်ဝန်ဆောင်နိုင်ခြေလည်းများပါတယ်။]
Jiminအတွက်သာလျှင် ရည်ရွယ်တဲ့Knotကို အတွင်းဘက်မှာ ထည့်ထားလိုက်ရင်း မျိုးစေ့တွေကို ကြာရှည်သည့်အထိ ထုတ်လွှတ်ပေးလိုက်သည်။ သူ့ထက်အရင် စောစီးစွာ ပြီးဆုံးသွားသည့် Omegaလေးကတော့ အသက်ကိုမနည်းဝအောင် ရှူသွင်းနေရသည်။
"ဒီအတိုင်းတော့ နေပေးဦး"
ခေါင်းငြိမ့်ပြတဲ့Jiminရဲ့ မျက်ခွံလေးတွေကိုပါ နမ်းရင်း Knotပြေမည့်အချိန်ကို ထိုအတိုင်းပင် စောင့်နေလိုက်ကြသည်။
"Jungkook ah ကျေးဇူးပဲ"
"ကိုယ်ကပြန်ပြောရမှာပါ Jiminက ကိုယ့်ရင်သွေးလေးကို ထပ်ပြီးလိုချင်တယ်ပြောလို့ ကိုယ်ကကျေးဇူးတင်ရမှာပါ"
ချွေးစတွေနှင့် သူ့ပါးပြင်အား Jiminရဲ့လက်ဖောင်းဖောင်းလေးတစ်ဖက်က နူးနူးညံ့ညံ့ပင် လာရောက်ထိတွေ့သည်။ ထိုလက်ကလေးအပေါ် သူ့လက်နှင့်ထပ်မံအုပ်မိုးဆုပ်ကိုင်လိုက်ရင်း ပြုံးဖြစ်သည်။
"ကိုယ့်ရဲ့Mateဖြစ်ပေးတဲ့အတွက် အရမ်းသဘောကျပြီး ကျေးဇူးလည်းတင်တယ် ကိုယ့်ရင်သွေးလေးကိုမွေးဖွားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ် ကိုယ်လေ Jiminကို သိပ်ကိုမြတ်နိုးပါတယ်"
"Jungkook ရယ်"
Jiminမျက်ဝန်းဆီမှ ပုလဲလုံးလေးတွေက တားချိန်တောင်မရလိုက်ဘဲ ကြွေကျကုန်သည်။ Jiminရဲ့အစစအရာရာတိုင်းကို သူအင်မတန်မြတ်နိုးရပါသည်။
"ငါလည်း Jungkookကို အရမ်းချစ်ပြီးမြတ်နိုးပါတယ်"
ဟိုးအရင်ဘဝတွေကတည်းက မြတ်နိုးခဲ့တာပါ Jungkookရယ်။ အဲ့အချိန်တွေတုန်းကတော့ Jungkookက ငါ့ကိုမမှတ်မိခဲ့လို့ ဝမ်းနည်းပြီးနာကျင်ရပေမဲ့ အခုတော့ မမှတ်မိလည်းဖြစ်တယ် ငါတို့အတူအမြဲရှိသွားရင်ဖြစ်ပါတယ်။
အခုဆို ငါတို့ရဲ့ရင်သွေးလေးတွေကိုလည်း အတူတူဖန်တီးနိုင်ပြီမို့ မမှတ်မိလည်းဖြစ်တယ်။ လက်ရှိအချိန်လေးမှာ ငါအရမ်းကိုကျေနပ်ပြီး ပျော်ရွှင်မိပါတယ်။
"ငါက မင်းရဲ့ထာဝရအိန်ဂျယ်ပါ"
သူ့စကားကြောင့် Jungkookက မထင်မရှားပါးချိုင့်လေးပေါ်လာသည်အထိ ပြုံးလာသည်။ ထို့နောက် သူ့လက်ဖမိုးလေးကို ခွေးပေါက်လေးလို တရှုံ့ရှုံ့နမ်းသည်။ Jiminရယ်သံသဲ့သဲ့က ညကိုတွန်းတိုက်ကာ ချိုမြမြထွက်ပေါ်လာခဲ့သည်။
ကိုယ့်ရဲ့ Jungရယ်~။
"ဟုတ်တယ် အိန်ဂျယ် ဇီဇဝါတွေကိုချစ်တဲ့ ကိုယ့်အိန်ဂျယ်"
ထို့နောက် တိတ်ဆိတ်သွားသည့်ပတ်ဝန်းကျင်ကို မျက်ကွယ်ပြုကာ မဆုံးနိုင်သည့်အနမ်းရေယာဥ်ကြောမှာ ထပ်မံမျောပါမိကြတော့သည်။
"သကြားလုံးလေးတွေ
ထပ်ပြီးမလိုတော့ဘူး အိန်ဂျယ်
Jungဆိုတဲ့ ကောင်လေးအတွက်
ချိုမြိန်ခြင်းဆိုတာ
အိန်ဂျယ်ကိုယ်တိုင်ပဲမို့။"
OGCC
နောက်ဆုံးတော့ ဒါလေးလည်း အပြီးသတ်သွားခဲ့ပြီ။ ပထမဆုံးရေးမိတဲ့Omegaverseလေးမို့ အမှတ်တရပါပဲ။ ကြားထဲမှာ တချို့ပြဿနာလေးတွေကြောင့် ငါဆက်မရေးတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတယ်။
Jeon Jungminဆိုတဲ့ ကလေးငယ်လေးကိုလည်း Kookminရဲ့ရင်နှစ်သည်းချာကလေးအနေနဲ့ မာမိတ်အများကြီးကြိုးစားပြီး အတတ်နိုင်ဆုံး အသက်သွင်းပေးခဲ့ပါတယ်။
နောက်ပြီး Storyတစ်ပုဒ် Completedဖြစ်ဖို့က ဘယ်လောက်ခက်ခဲလဲဆိုတာ ယူတို့စာနာနားလည်မယ်လို့မျှော်လင့်ပါတယ်။ 
နောက်ဆုံးအနေနဲ့ OGCCရဲ့ မိသားစုလေးနဲ့အတူ စာဖတ်သူအားလုံးကို နှုတ်ဆက်ပါတယ်နော်။
စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးတင်လျက်
မာမိတ်မိုချီ။
[Zawgyi]
"တင်း..တောင်"
"Jungkook ah"
"ဟင်"
"ငါ့မြေးရော"
"ရှိတယ် ဝင်ခဲ့လေ"
"မီးဖွင့်ဦးလေ"
"အာ ဟုတ်ကဲ့"
ချလောက်။
"မြေးရေ"
"သားက နေပါ့မလား"
"ဒီကောင်လေးဟာလေ"
"ဟုတ်ကဲ့"
"ဂုဏ်ယူပါတယ်နော်"
"ကျေးဇူးပါ"
"ဒယ်ဒီ"
"သွားကြစို့"
"ကိုယ်ပျော်လို့ပါ"
"Jungkookရယ်"
"ကျေးဇူးပါ"
"ဟုတ်ကဲ့ပါ ဒယ်ဒီ"
"Jungkookလေး သားငယ်"
"တီတီ!"
"ဓာတ်ပုံရိုက်ပါမယ်"
"ဘာတွေရယ်နေတာလဲ"
"Jungkook~"
"လာနေပြီ"
"အူပုတ်လေးလား"
"Jungminie ဒီမှာကြည့်"
"သားကမှမကြိုက်တာ"
"Mama"
"အင်း"
"Jungkook ah"
"အင်း ပြောလေ"
"ဟိုတလောက ပြောခဲ့တဲ့"
"ဟိုတလောက ဘာလဲ"
"ဘာမှမဟုတ်တော့ပါဘူး"
"အဲ့ဒါက"
"အဲ့လိုမဟုတ်ပါဘူး"
"ဒါဆို ပြော​​ပြ"
"ဒါပေမဲ့ အခုထိ"
"ကိုယ်နားလည်ပြီ"
"ကိုယ့်ကိုကြည့်ပါဦး"
"Jung..."
"Jimin တကယ်ပြောတာလား"
" မဟုတ်တာပဲ"
"အင်း တကယ်"
"Jungkook~"
" Jimin ကိုယ်..."
"ချစ်တယ်"
"Jimin--"
"ဟင့်"
"Jungkook~~"
"Daddy အ"
"Daddy! Daddy~"
"ကိုယ့်ရဲ့ Mommy"
"အ"
"ဟင့်အင်း"
"M o m m y"
"အင့်"
"ရ---ရလောက်ပြီ"
"အ အရမ်း---"
"အရမ်းလှတယ် Mommy"
"အင့်"
"ဖြေလေ မွေးပေးမယ်မလား"
"Jungkook ah ကျေးဇူးပဲ"
"Jungkook ရယ်"
ကိုယ့်ရဲ့ Jungရယ်~။
"သကြားလုံးလေးတွေ
ချိုမြိန်ခြင်းဆိုတာ
OGCC
မာမိတ်မိုချီ။
-132353 Words-
Continue Reading
You'll Also Like
218K 31K 32
အချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)
176K 13.2K 39
မင်းရဲ့နာကျင်မှုကငါ့ရဲ့ပျော်ရွှင်မှုပဲ....Min Yoongi Jeon Jung Kook ကျနော်ကHyungနားကအမှိုက်သာသာကောင...
4.3K 415 3
Bl fan fiction - Kookmin ပတ်ဂျီမင်း^ ဂျွန့်ကို မထိနဲ့ လုံးဝမထိမိစေနဲ့ ဂျွန် တခုခုထိခိုက်တာနဲ့ မင်းတို့တဆွေလုံး တမျိုးလုံးကို ငရဲကဘယ်လိုမျိုးလဲဆိုတာ င...
837K 73.6K 67
"မောင်သိခဲ့တာ...မင်းတစ်​ယောက်ထဲ...."