ပြိုမယ်မိုးလေး မသည်းစေလို.....

Per AYuMi2091

693K 53K 3.5K

"ဒီသံသရာတစ်လျှောက် နှလုံးသားထဲက အချစ်ရဲ့အကျဥ်းသားက မောင်ပါပဲ..." Més

Part -1 (Uni & Zawgyi)
Part -2 (Uni & Zawgyi)
Part-3 (Uni & Zawgyi)
Part - 4 (Uni & Zawgyi)
Part - 5 (Uni & Zawgyi)
Part -6 (Uni & Zawgyi)
Part -7 (Uni & Zawgyi)
Part-8 (Uni & Zawgyi)
Part -9 (Uni & Zawgyi)
Part -10 (Uni & Zawgyi)
Part -11 (Uni & Zawgyi)
Part -12 (Uni & Zawgyi)
Part -13 (Uni & Zawgyi)
Part - 14 (Uni & Zawgyi)
Part-15 (Uni & Zawgyi)
Part -16 (Uni & Zawgyi)
Part-17 (Uni & Zawgyi)
Part - 18 (Uni & Zawgyi)
Part -20 (Uni & Zawgyi)
Part-21 (Uni & Zawgyi)
Part - 22 (Uni & Zawgyi)
Part - 23 (Uni & Zawgyi)
Part -24 (Uni & Zawgyi)
Part - 25 ( Uni & Zawgyi)
Part - 26 (Uni & Zawgyi)
Part - 27 (Uni & Zawgyi)
Part -28 (Uni & Zawgyi)
Part-29 (Uni. & Zawgyi)
Part -30 (Uni & Zawgyi)
Part -31 (Uni & Zawgyi)
Part-32 (Uni & Zawgyi)
Part-33 (Uni & Zawgyi)
Part -34 (Uni & Zawgyi)
Part - 35 (Uni & Zawgyi)
Part -36 (Uni & Zawgyi)
Part - 37 (Uni & Zawgyi)
Part - 38 (Uni & Zawgyi)
part - 39 (Uni & Zawgyi)
Part - 40 (Uni & Zawgyi)
Part -41 (Uni & Zawgyi)
Part - 42 (Uni & Zawgyi)
Part-43 (Uni & Zawgyi)
Part - 44 (Uni & Zawgyi)
Part - 45 (Uni & Zawgyi)
Part - 46 (Uni & Zawgyi)
Part - 47 (Uni & Zawgyi)
Part - 48 (Uni & Zawgyi)
Part - 49 (Uni & Zawgyi)
Part - 50 (Uni & Zawgyi)
Part - 51 (Uni & Zawgyi)
Part - 52 (Uni & Zawgyi)
Part - 53 (Uni & Zawgyi)
Part - 54 (Uni & Zawgyi)
Part - 55 (Uni & Zawgyi)
Part - 56 (Uni & Zawgyi)
Part - 57 (Uni & Zawgyi)
Part - 58 (Uni & Zawgyi)
Part - 59 (Uni & Zawgyi)
Part - 60 (Uni & Zawgyi)
Part - 61 (Uni & Zawgyi)
Part -62 (Uni & Zawgyi)
Part - 63 (Uni & Zawgyi)
Part - 64 (Uni & Zawgyi)
Part - 65 (Uni & Zawgyi)
Final (Uni & Zawgyi)
ကျေးဇူးတင်လွှာ.......
Extra
Extra - 1
Extra - 2
Extra - 3

Part -19 (Uni & Zawgyi)

10.2K 911 122
Per AYuMi2091

ခွဲခန်းထဲမှ ထွက်ချိန်ကြားလိုက်ရသော အသံတွေကြောင့်အပြေးထွက်လာမိ၏။ လူအများက ရုတ်ရုတ်သဲသဲနှင့်ပေမို့ မျက်ဝန်းထဲလည်း ဘာမှမမြင်နိုင်ပေပြီ။

"မီးလောင်နေတာလား......"

"ဟုတ်ကဲ့ ဒေါက်တာ...ဟိုဘက်အဆောက်အအုံမှာရှိတဲ့ ပိုးသတ်ခန်းက စပြီးလောင်နေတာ........."

"ဘာ..."

ပိုးသတ်ခန်း။
မဖြစ်ပေ။ ပိုးသတ်ခန်းအတွင်း လမင်းနှင့်သားငယ်လေးအား ခေတ္တခဏထည့်ထားရလေသည်။

အသားဝါရောဂါမဖြစ်စေရန် ကာကွယ်သည့်အနေဖြင့်ရော ခွဲစိတ်ထားရသော သူများဖြစ်ခြင်းကြောင့်ပါ နေ့တစ်ဝက်ထည့်ထားရသည်။ ခွဲခန်းထဲမှထွက်လျှင် သားအဖနှစ်ယောက်လုံးအား သွားခေါ်မည်ဟု ကြံထားခဲ့ရာ။

"မဖြစ်ရဘူးလေ..."

မီးတောက်များက ရဲရဲနီလျက်ဖြင့် ပိုးသတ်ခန်းအဆောက်အဦးကြီးတစ်ခုလုံး ပြာကျတော့မလိုပင်။ ပင်မဆေးရုံအဆောက်အဦးမှာ အနည်းငယ်လှမ်းသော်လည်း မြင်နေရသော မီးခိုးငွေ့များက အငြိုးနဲ့ပြေးလာသော တိမ်မဲ၊တိမ်ဆိုင်များပမာ။

ရင်ခွဲခန်း၊ ပိုးသတ်ခန်း နှင့် သွေးစစ်ဋ္ဌာန ၊ ကင်ဆာဋ္ဌာန၊ကလေးအထူးကြပ်မတ်ဆောင်၊ နှလုံးအထူးကြပ်မတ်ဆောင် တို့သည်က ပင်မဆောင်နှင့် အနည်းငယ်လှမ်း၍ ပြေးနေရလေ၏။

ပိုးသတ်ခန်းထဲတွင် လမင်းတို့ သားအဖနှစ်ယောက်သာရှိ၏။ အပြင်းစားဒရ်ရာရထားကြသူများမို့သာ။
ဘာမှမဖြစ်ပါစေနဲ့ဆို​သော ဆုတောင်းသံများကိုလည်း နတ်ဒေဝါများအား ကြားစေချင်နေ၏။

"အား..."

"ကျွန်တော့်သားနဲ့ ကျွန်တော့်အမျိုးသား အထဲမှာ...
လွှတ်ပေးပါဆရာရယ်... သူတို့ကို သွားခေါ်ရုံပါ..."

ဆုတောင်းချိန်မှာ လွန်သွားခဲ့သည်ထင်ပါရဲ့။
ရင်နာစွာအော်နေသူအား သိုင်းဖက်ကာချုပ်ထားကြသည့် မီးသတ်ဗိုလ်ကြီးများက သူသွားလိုရာကို သွားခွင့်မပေးကြချေ။
အတင်းရုန်းကန်နေသည်ကိုမရ အတင်းအ​ကြပ် ချုပ်ထားသူများကြောင့် လေပြေလေအေးများဖြင့်သာ တောင်းဆိုနေပြန်၏။ သူ၏တောင်းဆိုနေသောမျက်ဝန်းများထဲတွင် နာကျင်ဆို့နစ်နေသော ဝမ်းနည်းခြင်းများကို ထင်ရှားစွာမြင်နိုင်၏။

'မသွားလို့မရဘူးလေ...လမင်းလေး ကြောက်နေရှာမှာ...သားလေးလဲငိုနေလိမ့်မယ်...'

"ဒေါက်တာ စိတ်ထိန်းပါ...အထဲက မီးစာက အရမ်းကြီးနေပါတယ်...လူနာတွေကို ကျွန်တော်တို့လူတွေရအောင် ထုတ်လာပေးပါ့မယ်..."

"ကိုရန်...."

အနားသို့အပြေးရောက်လာသည့် ယောက္ခမဖြစ်သူမှာလည်း ဝတ်စားထားသော ခွဲစိတ်ခန်းဝတ်စုံပင်မလဲရသေးချေ။

"Daddy...Daddy...လုပ်ပါဦး လမင်းနဲ့သားလေး...သူတို့...သူတို့လေးတွေအထဲမှာ..."

တုန်ရီနေသော ကိုယ်နှင့်အသံတို့အဖျားခပ်နေမှုအား ထိန်းထားရ၏။ ခိုက်ခိုက်တုန်လာသောဝမ်းနည်းမှုတို့က ရင်ထဲဝယ်တင်းကြပ်လျက်။ အသက်တမျှချစ်ရသူလေးနဲ့ မိမိတို့ရဲ့သွေးသားလေး။ မီးလျှံတွေကလည်း တဟုန်းဟုန်းတောက်လျက်။

"ကျွန်တော် ကျွန်တော်ရအောင် ကယ်ထားရတာလေ...ကျွန်တော်ရူးသွားရလိမ့်မယ်...မီးမြန်မြန်ငြိမ်းပေးကြပါ..."

ယောက္ခမ​ဖြစ်သူ၏ လက်အားဆွဲလျက် မီးငြိမ်းပေးရန် အော်ကာ၊ဟစ်ကာ ပြောနေမိသော ဆရာဝန်တစ်ယောက်၏ပုံစံမှာလည်း အရူးတစ်ယောက်သဖွယ်ဖြစ်နေ၏။ ဂုဏ်သိက္ခာများလည်း မမှုနိုင်၍ထင်
နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်သို့ 
လဲကာကျသွားကာ မျက်ဝန်းများလည်း မှိတ်သွားလေတော့သည်အထိ သူတကယ်နာကျင်သွားခဲ့လေ၏။

....

မျက်ဝန်းများအနည်းငယ်ဖွင့်ကြည့်မိရာ မျက်နှာကျက်ဖြူဖြူနှင့်အတူ ပန်ကာတစ်ခုက ကပ်နေသည်။
လေအေးပေးစက်မှ လေထွက်သံတို့သည် တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် ထွက်ပေါ်နေ၏။ပန်ကာလည်သံ တဝီဝီနှင့် ခေါင်းတစ်ခုလုံးမှာလည်း
ထိုးကာကိုက်နေလေသည်။ နားထင်အားလက်ဖြင့် ဖိလိုက်ချိန်တွင် အမြင်အာရုံဝေဝါးဆဲပင်။

အနားသို့ရောက်လာသည့် တစ်စုံတစ်ယောက်ကိုမြင်နေရသည်။ ဆံပင်အရှည်လေးအား ကျောလည်အတိကောက်ထားကာ ဆံမိတ်လေးများက နဖူးရှေ့တွင်ချထားပုံက ကျွန်တော့်လမင်းလေးပဲ။

"လမင်း.....ကလေး...."

"ကိုကြီး သတိရလာပြီလား......."

"လမင်း...လမင်းကို ခုနက ငါတွေ့လိုက်ပါတယ်... လမင်းရော..."

"မင်းခဏနားလိုက်ဦး ကိုရန်...."

အနားသို့လျှောက်လာကာ နားခိုင်းနေပြန်သည်။ လမင်း ဘယ်ရောက်နေပါလိမ့်။ ကျွန်တော်နေမကောင်းတိုင်း အနားမှာကပ်နေတတ်သည့်ကလေး။
ဘယ်တွေများရောက်နေပါလိမ့်။ဂျူတီ ရှိတယ်ထင်ပါရဲ့။

"လမင်းရောက်လာရင် ငါ့ကိုနှိုးနော် ဖြိုးနဲ့ရန်ပိုင်...
ငါခဏအိပ်ဦးမှပဲ...နေမကောင်းသူနားမနေပဲ လျှောက်သွားနေတဲ့ လမင်း...သူလာရင်
ငါ့ကိုချော့ဖို့ပြင်ထားလို့ပါပြောလိုက်ဦး...
ဘယ်နှယ် ယောကျာ်းတစ်ယောက်လုံးနေမကောင်းတာ ဘယ်တွေသွားနေလဲမသိ...ဂျူတီရှိတယ်ဆိုလည်း အရင်က တခြားသူနဲ့ခဏအစားထိုးပြီး ငါ့အနားကပ်နေတာပါ...အခုကျတော့ (ဟင်း)....အသက်တွေကြီးလာတော့ အချစ်တွေပေါ့နေပြီထင်ပါရဲ့..."

"ကိုရန်....ကိုရန် ဘာတွေပြောနေတာလဲ..."

သွားပြီ ရူးသွားပြီလား။ ဖြိုးတစ်ယောက်တကယ်ကို မယုံချင်​ဖြစ်ရလေပြီ။ သူငယ်ချင်းလမင်း၏ မီးကျွမ်းနေသော အလောင်းအား ဒီလိုဖြစ်နေသူကို ဘယ်လိုပြရမလဲ။

"ကိုရန်...မင်းဘာတွေပြော...."

ဖြိုးသည် ရန်ပိုင့်လက်မောင်းအားကိုင်ကာ ခေါင်းခါပြလိုက်ချိန်တွင် ချစ်ရန်မောင်တစ်ယောက်မှာ ထပ်မံ၍အိပ်ပျော်သွားပြန်သည်။

......................

"ကိုရန်...ကိုရန်...."

"ဖြိုးရေ...ကိုရန် နိုးလာပြီ....ကိုစောရေ..."

အပြေးရောက်လာသည့် လူများထဲတွင်
ချစ်ရသူ၏မျက်နှာတော်လေး မော်ဖူးချင်ပါသော်လည်းမတွေ့ရ။ မျက်မှောင်ကြုတ်ကာ အနားရှိသူများအား ကြည့်ရင်း

"လမင်းရော....ခုထိမလာသေးဘူးလား...."

"အမလေး.....ငါ့ကိုကယ်ကြပါ....
ဘာတွေဖြစ်ကုန်တာလဲ.....ကိုရန်ရဲ့ စိတ်ထိန်းပါဦး....."

မာမီ ဘာကြောင့် ထအော်နေခြင်းကို မသိတော့ပေ။
ဘာကြောင့်စိတ်ထိန်ခိုင်းသည်လည်း မသိတော့ချေ။

"ကိုကြီး....ဘာမှမမှတ်မိတော့ဘူးလား...."

ဖြိုး၏အမေးအား စဉ်းစားရလေသည်။

"မှတ်မိတယ်လေ....ကို မနက်က သားတွေကို
ပေါင်မုန့်ကြက်ဥကြော်ပေးတယ်...
မနက်စာအတူစားကြတယ်...
လေ့ကျင့်ခန်းလုပ်ရာကနေ ပြန်လာတဲ့ အစောလည်း
လမင်းကျွေးတော့ လမင်းလုပ်ထားတာလား
လို့တောင်မေးသေးတယ်လေ....
ပေါင်မုန့်ကြက်ဥ ငါကြော်ထားတာဆိုလို့ လမင်း ကို
စနောက်နေကြသေးတယ် ......."

မင်းမင်း၊ဖြိုးနှင့်ရန်ပိုင်၊ အစောနှင့်မာမီ တို့သည် တစ်ယောက်မျက်နှာတစ်ငေးကာ အံ့သြနေကြသည့်ပုံပင်။

"ကိုရန်....အဲ့ဒါ....အဲ့ဒါ လွန်ခဲ့တဲ့တစ်နှစ်လောက်ကလေ...."

"မာမီ နောက်နေတာလား ......
မနက်ကလေးတင်ပါ..."

"ကိုရန်.....ကိုရန်ရယ်....မင်းဒီလိုဖြစ်လို့မရဘူးလေ...
ငါတို့မှာမင်းပဲရှိတော့တယ်...ဗုံဗုံလေးကိုစောင့်ရှောက်ဖို့
မင်းကိုလိုအပ်တယ်....နောက်ထပ်သားတစ်ယောက်မဆုံးရှူံးပါရစေနဲ့တော့.....ဟီး......."

ငိုယိုနေသည့် အန်တီ့အားကြည့်ကာ ဖြိုးလည်းငိုချင်လာသည်။ ကိုရန် သည်ကတော့ အံ့သြကာကြောင်ငေးငေးပင်။
ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များက ရင်နင့်ဖွယ်ရာ ခံစားခဲ့ရသည်များက သောကများသာဖြစ်သည်ကြောင့်
ထိုအရာများအား ခေတ္တမေ့ကာ ပျော်စရာများအတိရှိနေသည့် ဘဝအား ပြန်လည်ခေါ်ဆောင်နေခြင်းဖြစ်မည်။
ဦးနှောက်သည်က အဖြစ်ဆိုးများကိုလက်မခံနိုင်ခြင်းကြောင့် ခေတ္တမေ့လျော့သွားခြင်းပင်။

"ခေါင်းမူးနေလို့ ခဏအိပ်ဦးမယ်....
မာမီလဲငိုမနေနဲ့ဦး....လမင်း လာရင် နှိုးနော်..."

"ကို...."

အန်တီ့ပခုံးအားဆုပ်ကိုင်ကာ ဖြိုး နှင့် မင်းမင်း တစ်ပြိုင်တည်း ခေါင်းခါပြလိုက်မိသည်။ ကိုစော သည်က အန်တီ့အား
အိမ်လိုက်ပို့စေပြီး ကိုရန့် အား မည်သို့ ပြောပြရမည်ကို အားလုံးဝိုင်းကာ စဉ်းစားရမည်။ မပြောပြပဲနေပါလျှင်ရော။ မကောင်းလောက်ပေ။ သူသိသင့်ပါသည်။

စိတ်ရောဂါပါရဂူကြီး၏ ရုံးခန်းသို့ပြေးကာသွားပြီး
ဦးနှောက်နှင့်အာရုံကြော ပါရဂူကြီး ဆေးရုံလာမည့်အချိန်အား ဖုန်းဆက်မေးရန် အန်ကယ့်ဆီသို့ဆက်လိုက်ရသည်။ တကယ်ကိုပင် ပင်ပန်းလွန်းပါသည်။လမင်း၏ ဈာပန အားလည်း ကျင်းပရပေဦးမည်။ အလောင်းအား DNA စစ်နေသည့် ရဲရင့်နှင့်မှုခင်းဆရာဝန် ထံသို့လဲ သွားရဦးမည်။

"ဟယ်လို ဖြိူး...."

"ဟုတ်ကဲ့ ကိုစော...."

"DNA ရပြီတဲ့ ​​ဖြိုးရေ....ဒယ်ဒီက ရုံးခန်းကိုနောက်
တစ်နာရီအတွင်းလာဖို့ဖုန်းဆက်တယ်....
အဲ့ဒါ ကိုစောလဲ မာမီ့ကိုအိမ်ပို့ပြီးတာနဲ့ လာလိုက်မယ်...
ဖြိုးကို ဒယ်ဒီဖုန်းဆက်ခိုင်းလို့ ဆက်လိုက်တာ...."

"ဟုတ်ကဲ့"

ဖုန်းချပြီးနောက်စိတ်ရောဂါကု ဆရာဝန်ကြီး၏
ရုံးခန်းတံခါးအားခေါက်ပြီး ဝင်လိုက်လေသည်။
ကိုရန်၏ စိတ်ကျန်းမာရေးအား အခြေအနေပြောပြကာ ကုသပေးရန် တိုင်ပင်ရပေဦးမည်။

.......

၃ရက်ကြာပြီးနောက်...

"အား............."

အော်သံကြောင့် လူနာစောင့်ရင်း အိပ်ပျော်နေသည့်
ရဲရင့် လန့်ကာ ဆိုဖာမှ ထထိုင်မိသည်အထိပင် လန့်သွားရ၏။
ရင်ဘတ်ပေါ်မှ ဖတ်လက်စ စာအုပ်လေးသည်
ကြမ်းပြင်ထက်သို့ ပြုတ်ကြသွားရလေသည်။

"ဆရာ....ဆရာ......"

"ရဲရင့်........လမင်း လမင်းရော....
မီး....မီး ကဘယ်လိုဖြစ်သွားလဲ........"

အသက်ကိုလုရှူနေပြီး အတင်းကာရော အသည်းအသန်မေးနေသည့်ဆရာ ထွေထွေထူးထူး မကုသရပါပဲ စိတ်ပုံမှန်ပြန်ဖြစ်သွားသည်နေမည်။

"ဆရာ အသက်ပုံမှန်ရှူ စိတ်ကိုလျော့လိုက်....
Relax....အခုမှတ်မိပြီလား....."

"ဘာကိုလဲ...."

"ဟိုရက်က ဆရာ ဘာမှမှတ်မိဘူးလေ....
ဒီအခုလတ်တလော အဖြစ်အပျက်တွေကို ဦးနှောက်က ဖျက်ဆီးမှုလုပ်ပြီး လွန်ခဲ့တဲ့တစ်နှစ်လောက်က ပျော်စရာဖြစ်ရပ်တွေကို မန်းရှင်း ပြန်ခေါ်တယ်....ပြီးတော့
ဦးနှောက်က ပုံမှန်အလုပ်မလုပ်တော့လို့
စိတ်ရောဂါပါရဂူကြီးရော ဦးနှောက်နဲ့ အာရုံကြောပါရဂူကြီးပါ ဆရာ့ကိုလာကြည့်ပေးနေရတာ...."

"ဘယ်လောက်ကြာပြီလဲ...."

"၃ရက်"

"လမင်းရော..."

"ကျွန်တော်လိုက်ပို့မယ်...."

ဒီနေရာသည်က ရင်ခွဲရုံသို့သွားရသည့်လမ်းပင်။
မဟုတ်လောက်ဘူး မဟုတ်လား။ မဟုတ်ဘူးလို့ပဲ
တစ်ယောက်ယောက်ပြောပေးကြပါ။

"ဘယ်သွားနေတာလဲ...."

"ရှေ့ဆိုရောက်ပီဆရာ....."

အခန်းတစ်ခုရှေ့တွင် ရပ်ကာ တံခါးဖွင့်လိုက်လေသည်။ သူအရင်ဝင်သွားကာ ကျွန်တော့်အား ခေါင်းငြိမ့်ပြသည်ကြောင့် ဝင်လိုက်သည်။

ကုတင်နှစ်လုံးသည်က တူယှဉ်တွဲကာ ပိတ်ဖြူစ အတိဖုံးအုပ်ထားသည်။ ကုတင်ဘေးသို့သွားကာ ထိုပိတ်စအား လှပ်ကြည့်လိုက်ရသည်။ မျက်နှာသည်က ပုံဖော်မရပေ။
မဲညစ်နေသည့်လက်ကလေး ထက်တွင်
ဖြူဖွေးဖွေးလက်စွပ်ကလေးနှင့်စိန်ပွင့်လေးသည်
လင်းလက်နေသည်။ ထိုမြင်ကွင်းကြောင့် ကျွန်တော့်လမင်းဟု လက်ခံရမည်လား။

"လမင်းလား..........မဟုတ်ဘူးလေ.....
မဟုတ်ဘူး......မဟုတ်ဘူး....ရဲရင့်........
ငါ့ကလေး....ငါ့လမင်းလေး မဖြစ်နိုင်ဘူး..........
မဖြစ်နိုင်ဘူး......."

ခေါင်းတစ်ဆတ်ဆတ်ခါကာ တုန်ယင်နေသည့်
စိတ်အစဉ်သည် ခန္ဓာထက်ဝယ် လိမ်၍မရ။
တစ်ကိုယ်လုံးတုန်ယင်ကာ လက်မခံနိုင်သည့် ဆရာသမားအနားသို့သွားကာ ပခုံးနှစ်ဖက်အား ဆုပ်ကိုင်ကာ နှစ်သိမ့်ရပေသည်။

"ဆရာ....ကျွန်တော့်ကိုကြည့် ကြည့်ပါ...ပြီးရင်
လက်ခံလိုကိပါ.....လက်ခံလိုက်
'ဒေါက်တာ လမင်းကိုကို'ဆုံးပါပြီ...
ဆရာ့စိတ်ထဲမှာသိပြီးနေပြီပဲ ကိုယ့်ကိုကိုယ် မပိတ်လှောင်ပါနဲ့တော့...ငိုချ...ငိုချလိုက်..."

"အီးဟီး....... ဟီး........."

"ဟုတ်ပီ....ဟုတ်ပီ.....ငိုချ...ငိုမယ်....
စိတ်ထဲပေါ့သွားတဲ့အထိ...သိထားပါ....မှတ်ထားပါ...ဒေါက်တာလမင်းကိုကို ဆုံးပြီ"

သင်တန်းတက်စဉ်က စိတ်ညို့ပညာအား
အပိုတစ်ခုဟုထင်ခဲ့မိသည်က မှားလေသည်။
ဤနေရာတွင် အသုံးဝင်သား။ ခဏတော့ငိုပါ ဆရာရယ်။

"မောင့်ကိုတကယ်ထားခဲ့ရလား.........
အား....မောင် ရူးတော့မယ် လမင်းရဲ့...
အသက်တွေကြီးလာတဲ့အခါ အရင်ကထက်ပိုပြီး မောင့်အနား ခိုကပ်နေမှာဆို...
မောင်နဲ့အတူ အိုမင်းခြင်းကိုမျှဝေမှာဆို...အိုမင်းကြတဲ့အခါ
နေဝင်ဆည်းဆာအတူကြည့်ရင်း မောင့်ဝှီးချဲလေးကို လမင်းကိုယ်တိုင်တွန်းပေးမှာပါဆို...
ကလေးရာ ဘာလို့များ...ဘာလို့များ
မောင်နဲ့အတူ အိုမင်းခြင်းတွေကို
ဘာလို့များ မခံစားချင်ရတာလဲကွာ..."

အလောင်းဘေးနားရပ်ကာ ဟော်ဟစ်ငိုယိုနေသည်ခြင်းအား
ကြည့်နေလိုက်ရတော့သည်။ ဆရာ့အတွက် စိတ်ထွက်ပေါက်တစ်ခုလိုနေလေသည်မဟုတ်လား ။ တင်းထားသမျှစိတ်တို့အား လျော့ပေးနိုင်သမျှ လျော့ပေးရမည်။
မဟုတ်လျှင် ဖြိုး ပြောသကဲ့သို့ သိပ်တော်သည့် ဆရာဝန်တစ်ယောက် ရူးသွားတယ်ဆိုခြင်းသည် မကောင်းပါ။
ဆရာချစ်ရန်မောင် ကဲ့သို့ ချောမောခန့်ညားကာ
ထက်မြတ်လွန်း တော်လွန်းပြီး သဘောထားပြည့်ဝလွန်းသည့် ဆရာဝန်ကောင်းတစ်ယောက်အား
လွှတ်မထားနိုင်ပေ။

သက်ပြင်းမောကိုချပြီးနောက် သားထက် ယောကျာ်း၏အလောင်းအား ဖက်ငိုနေသူ
ကို စိတ်ငြိမ်ဆေးထိုးကာ ပင်မအဆောင်သို့ ပြန်ခေါ်သွားရပေမည်။ မနက်ဖြန်တွင် မီးသဂြိုလ်ပွဲအတွက် ခေါ်သွားရဦးမည်။ ပြင်ဆင်နေစဥ် ကူညီပေးရဦးမည်။

.....................



ခြဲခန္းထဲမွ ထြက္ခ်ိန္ၾကားလိုက္ရေသာ အသံေတြေၾကာင့္အေျပးထြက္လာမိ၏။ လူအမ်ားက ႐ုတ္႐ုတ္သဲသဲႏွင့္ေပမို႔ မ်က္ဝန္းထဲလည္း ဘာမွမျမင္နိုင္ေပၿပီ။

"မီးေလာင္ေနတာလား......"

"ဟုတ္ကဲ့ ေဒါက္တာ...ဟိုဘက္အေဆာက္အအုံမွာရွိတဲ့ ပိုးသတ္ခန္းက စၿပီးေလာင္ေနတာ........."

"ဘာ..."

ပိုးသတ္ခန္း။
မျဖစ္ေပ။ ပိုးသတ္ခန္းအတြင္း လမင္းႏွင့္သားငယ္ေလးအား ေခတၱခဏထည့္ထားရေလသည္။

အသားဝါေရာဂါမျဖစ္ေစရန္ ကာကြယ္သည့္အေနျဖင့္ေရာ ခြဲစိတ္ထားရေသာ သူမ်ားျဖစ္ျခင္းေၾကာင့္ပါ ေန႕တစ္ဝက္ထည့္ထားရသည္။ ခြဲခန္းထဲမွထြက္လွ်င္ သားအဖႏွစ္ေယာက္လုံးအား သြားေခၚမည္ဟု ႀကံထားခဲ့ရာ။

"မျဖစ္ရဘူးေလ..."

မီးေတာက္မ်ားက ရဲရဲနီလ်က္ျဖင့္ ပိုးသတ္ခန္းအေဆာက္အဦးႀကီးတစ္ခုလုံး ျပာက်ေတာ့မလိုပင္။ ပင္မေဆး႐ုံအေဆာက္အဦးမွာ အနည္းငယ္လွမ္းေသာ္လည္း ျမင္ေနရေသာ မီးခိုးေငြ႕မ်ားက အၿငိဳးနဲ႕ေျပးလာေသာ တိမ္မဲ၊တိမ္ဆိုင္မ်ားပမာ။

ရင္ခြဲခန္း၊ ပိုးသတ္ခန္း ႏွင့္ ေသြးစစ္႒ာန ၊ ကင္ဆာ႒ာန၊ကေလးအထူးၾကပ္မတ္ေဆာင္၊ ႏွလုံးအထူးၾကပ္မတ္ေဆာင္ တို႔သည္က ပင္မေဆာင္ႏွင့္ အနည္းငယ္လွမ္း၍ ေျပးေနရေလ၏။

ပိုးသတ္ခန္းထဲတြင္ လမင္းတို႔ သားအဖႏွစ္ေယာက္သာရွိ၏။ အျပင္းစားဒရ္ရာရထားၾကသူမ်ားမို႔သာ။
ဘာမွမျဖစ္ပါေစနဲ႕ဆိုေသာ ဆုေတာင္းသံမ်ားကိုလည္း နတ္ေဒဝါမ်ားအား ၾကားေစခ်င္ေန၏။

"အား..."

"ကြၽန္ေတာ့္သားနဲ႕ ကြၽန္ေတာ့္အမ်ိဳးသား အထဲမွာ...
လႊတ္ေပးပါဆရာရယ္... သူတို႔ကို သြားေခၚ႐ုံပါ..."

ဆုေတာင္းခ်ိန္မွာ လြန္သြားခဲ့သည္ထင္ပါရဲ႕။
ရင္နာစြာေအာ္ေနသူအား သိုင္းဖက္ကာခ်ဳပ္ထားၾကသည့္ မီးသတ္ဗိုလ္ႀကီးမ်ားက သူသြားလိုရာကို သြားခြင့္မေပးၾကေခ်။
အတင္း႐ုန္းကန္ေနသည္ကိုမရ အတင္းအၾကပ္ ခ်ဳပ္ထားသူမ်ားေၾကာင့္ ေလေျပေလေအးမ်ားျဖင့္သာ ေတာင္းဆိုေနျပန္၏။ သူ၏ေတာင္းဆိုေနေသာမ်က္ဝန္းမ်ားထဲတြင္ နာက်င္ဆို႔နစ္ေနေသာ ဝမ္းနည္းျခင္းမ်ားကို ထင္ရွားစြာျမင္နိုင္၏။

'မသြားလို႔မရဘူးေလ...လမင္းေလး ေၾကာက္ေနရွာမွာ...သားေလးလဲငိုေနလိမ့္မယ္...'

"ေဒါက္တာ စိတ္ထိန္းပါ...အထဲက မီးစာက အရမ္းႀကီးေနပါတယ္...လူနာေတြကို ကြၽန္ေတာ္တို႔လူေတြရေအာင္ ထုတ္လာေပးပါ့မယ္..."

"ကိုရန္...."

အနားသို႔အေျပးေရာက္လာသည့္ ေယာကၡမျဖစ္သူမွာလည္း ဝတ္စားထားေသာ ခြဲစိတ္ခန္းဝတ္စုံပင္မလဲရေသးေခ်။

"Daddy...Daddy...လုပ္ပါဦး လမင္းနဲ႕သားေလး...သူတို႔...သူတို႔ေလးေတြအထဲမွာ..."

တုန္ရီေနေသာ ကိုယ္ႏွင့္အသံတို႔အဖ်ားခပ္ေနမႈအား ထိန္းထားရ၏။ ခိုက္ခိုက္တုန္လာေသာဝမ္းနည္းမႈတို႔က ရင္ထဲဝယ္တင္းၾကပ္လ်က္။ အသက္တမွ်ခ်စ္ရသူေလးနဲ႕ မိမိတို႔ရဲ႕ေသြးသားေလး။ မီးလွ်ံေတြကလည္း တဟုန္းဟုန္းေတာက္လ်က္။

"ကြၽန္ေတာ္ ကြၽန္ေတာ္ရေအာင္ ကယ္ထားရတာေလ...ကြၽန္ေတာ္႐ူးသြားရလိမ့္မယ္...မီးျမန္ျမန္ၿငိမ္းေပးၾကပါ..."

ေယာကၡမျဖစ္သူ၏ လက္အားဆြဲလ်က္ မီးၿငိမ္းေပးရန္ ေအာ္ကာ၊ဟစ္ကာ ေျပာေနမိေသာ ဆရာဝန္တစ္ေယာက္၏ပုံစံမွာလည္း အ႐ူးတစ္ေယာက္သဖြယ္ျဖစ္ေန၏။ ဂုဏ္သိကၡာမ်ားလည္း မမႈနိုင္၍ထင္
ေနာက္ဆုံးတြင္ သူ၏ခႏၶာကိုယ္တစ္ခုလုံး ေျမေပၚသို႔
လဲကာက်သြားကာ မ်က္ဝန္းမ်ားလည္း မွိတ္သြားေလေတာ့သည္အထိ သူတကယ္နာက်င္သြားခဲ့ေလ၏။

....

မ်က္ဝန္းမ်ားအနည္းငယ္ဖြင့္ၾကည့္မိရာ မ်က္ႏွာက်က္ျဖဴျဖဴႏွင့္အတူ ပန္ကာတစ္ခုက ကပ္ေနသည္။
ေလေအးေပးစက္မွ ေလထြက္သံတို႔သည္ တိတ္ဆိတ္ေနသည့္ပတ္ဝန္းက်င္တြင္ ထြက္ေပၚေန၏။ပန္ကာလည္သံ တဝီဝီႏွင့္ ေခါင္းတစ္ခုလုံးမွာလည္း
ထိုးကာကိုက္ေနေလသည္။ နားထင္အားလက္ျဖင့္ ဖိလိုက္ခ်ိန္တြင္ အျမင္အာ႐ုံေဝဝါးဆဲပင္။

အနားသို႔ေရာက္လာသည့္ တစ္စုံတစ္ေယာက္ကိုျမင္ေနရသည္။ ဆံပင္အရွည္ေလးအား ေက်ာလည္အတိေကာက္ထားကာ ဆံမိတ္ေလးမ်ားက နဖူးေရွ႕တြင္ခ်ထားပုံက ကြၽန္ေတာ့္လမင္းေလးပဲ။

"လမင္း.....ကေလး...."

"ကိုႀကီး သတိရလာၿပီလား......."

"လမင္း...လမင္းကို ခုနက ငါေတြ႕လိုက္ပါတယ္... လမင္းေရာ..."

"မင္းခဏနားလိုက္ဦး ကိုရန္...."

အနားသို႔ေလွ်ာက္လာကာ နားခိုင္းေနျပန္သည္။ လမင္း ဘယ္ေရာက္ေနပါလိမ့္။ ကြၽန္ေတာ္ေနမေကာင္းတိုင္း အနားမွာကပ္ေနတတ္သည့္ကေလး။
ဘယ္ေတြမ်ားေရာက္ေနပါလိမ့္။ဂ်ဴတီ ရွိတယ္ထင္ပါရဲ႕။

"လမင္းေရာက္လာရင္ ငါ့ကိုႏွိုးေနာ္ ၿဖိဳးနဲ႕ရန္ပိုင္...
ငါခဏအိပ္ဦးမွပဲ...ေနမေကာင္းသူနားမေနပဲ ေလွ်ာက္သြားေနတဲ့ လမင္း...သူလာရင္
ငါ့ကိုေခ်ာ့ဖို႔ျပင္ထားလို႔ပါေျပာလိုက္ဦး...
ဘယ္ႏွယ္ ေယာက်ာ္းတစ္ေယာက္လုံးေနမေကာင္းတာ ဘယ္ေတြသြားေနလဲမသိ...ဂ်ဴတီရွိတယ္ဆိုလည္း အရင္က တျခားသူနဲ႕ခဏအစားထိုးၿပီး ငါ့အနားကပ္ေနတာပါ...အခုက်ေတာ့ (ဟင္း)....အသက္ေတြႀကီးလာေတာ့ အခ်စ္ေတြေပါ့ေနၿပီထင္ပါရဲ႕..."

"ကိုရန္....ကိုရန္ ဘာေတြေျပာေနတာလဲ..."

သြားၿပီ ႐ူးသြားၿပီလား။ ၿဖိဳးတစ္ေယာက္တကယ္ကို မယုံခ်င္ျဖစ္ရေလၿပီ။ သူငယ္ခ်င္းလမင္း၏ မီးကြၽမ္းေနေသာ အေလာင္းအား ဒီလိုျဖစ္ေနသူကို ဘယ္လိုျပရမလဲ။

"ကိုရန္...မင္းဘာေတြေျပာ...."

ၿဖိဳးသည္ ရန္ပိုင့္လက္ေမာင္းအားကိုင္ကာ ေခါင္းခါျပလိုက္ခ်ိန္တြင္ ခ်စ္ရန္ေမာင္တစ္ေယာက္မွာ ထပ္မံ၍အိပ္ေပ်ာ္သြားျပန္သည္။

......................

"ကိုရန္...ကိုရန္...."

"ၿဖိဳးေရ...ကိုရန္ နိုးလာၿပီ....ကိုေစာေရ..."

အေျပးေရာက္လာသည့္ လူမ်ားထဲတြင္
ခ်စ္ရသူ၏မ်က္ႏွာေတာ္ေလး ေမာ္ဖူးခ်င္ပါေသာ္လည္းမေတြ႕ရ။ မ်က္ေမွာင္ၾကဳတ္ကာ အနားရွိသူမ်ားအား ၾကည့္ရင္း

"လမင္းေရာ....ခုထိမလာေသးဘူးလား...."

"အမေလး.....ငါ့ကိုကယ္ၾကပါ....
ဘာေတြျဖစ္ကုန္တာလဲ.....ကိုရန္ရဲ႕ စိတ္ထိန္းပါဦး....."

မာမီ ဘာေၾကာင့္ ထေအာ္ေနျခင္းကို မသိေတာ့ေပ။
ဘာေၾကာင့္စိတ္ထိန္ခိုင္းသည္လည္း မသိေတာ့ေခ်။

"ကိုႀကီး....ဘာမွမမွတ္မိေတာ့ဘူးလား...."

ၿဖိဳး၏အေမးအား စဥ္းစားရေလသည္။

"မွတ္မိတယ္ေလ....ကို မနက္က သားေတြကို
ေပါင္မုန႔္ၾကက္ဥေၾကာ္ေပးတယ္...
မနက္စာအတူစားၾကတယ္...
ေလ့က်င့္ခန္းလုပ္ရာကေန ျပန္လာတဲ့ အေစာလည္း
လမင္းေကြၽးေတာ့ လမင္းလုပ္ထားတာလား
လို႔ေတာင္ေမးေသးတယ္ေလ....
ေပါင္မုန႔္ၾကက္ဥ ငါေၾကာ္ထားတာဆိုလို႔ လမင္း ကို
စေနာက္ေနၾကေသးတယ္ ......."

မင္းမင္း၊ၿဖိဳးႏွင့္ရန္ပိုင္၊ အေစာႏွင့္မာမီ တို႔သည္ တစ္ေယာက္မ်က္ႏွာတစ္ေငးကာ အံ့ၾသေနၾကသည့္ပုံပင္။

"ကိုရန္....အဲ့ဒါ....အဲ့ဒါ လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္ကေလ...."

"မာမီ ေနာက္ေနတာလား ......
မနက္ကေလးတင္ပါ..."

"ကိုရန္.....ကိုရန္ရယ္....မင္းဒီလိုျဖစ္လို႔မရဘူးေလ...
ငါတို႔မွာမင္းပဲရွိေတာ့တယ္...ဗုံဗုံေလးကိုေစာင့္ေရွာက္ဖို႔
မင္းကိုလိုအပ္တယ္....ေနာက္ထပ္သားတစ္ေယာက္မဆုံးရႉံးပါရေစနဲ႕ေတာ့.....ဟီး......."

ငိုယိုေနသည့္ အန္တီ့အားၾကည့္ကာ ၿဖိဳးလည္းငိုခ်င္လာသည္။ ကိုရန္ သည္ကေတာ့ အံ့ၾသကာေၾကာင္ေငးေငးပင္။
ျဖစ္ပ်က္ခဲ့သည့္ ျဖစ္စဥ္မ်ားက ရင္နင့္ဖြယ္ရာ ခံစားခဲ့ရသည္မ်ားက ေသာကမ်ားသာျဖစ္သည္ေၾကာင့္
ထိုအရာမ်ားအား ေခတၱေမ့ကာ ေပ်ာ္စရာမ်ားအတိရွိေနသည့္ ဘဝအား ျပန္လည္ေခၚေဆာင္ေနျခင္းျဖစ္မည္။
ဦးႏွောက္သည္က အျဖစ္ဆိုးမ်ားကိုလက္မခံနိုင္ျခင္းေၾကာင့္ ေခတၱေမ့ေလ်ာ့သြားျခင္းပင္။

"ေခါင္းမူးေနလို႔ ခဏအိပ္ဦးမယ္....
မာမီလဲငိုမေနနဲ႕ဦး....လမင္း လာရင္ ႏွိုးေနာ္..."

"ကို...."

အန္တီ့ပခုံးအားဆုပ္ကိုင္ကာ ၿဖိဳး ႏွင့္ မင္းမင္း တစ္ၿပိဳင္တည္း ေခါင္းခါျပလိုက္မိသည္။ ကိုေစာ သည္က အန္တီ့အား
အိမ္လိုက္ပို႔ေစၿပီး ကိုရန႔္ အား မည္သို႔ ေျပာျပရမည္ကို အားလုံးဝိုင္းကာ စဥ္းစားရမည္။ မေျပာျပပဲေနပါလွ်င္ေရာ။ မေကာင္းေလာက္ေပ။ သူသိသင့္ပါသည္။

စိတ္ေရာဂါပါရဂူႀကီး၏ ႐ုံးခန္းသို႔ေျပးကာသြားၿပီး
ဦးႏွောက္ႏွင့္အာ႐ုံေၾကာ ပါရဂူႀကီး ေဆး႐ုံလာမည့္အခ်ိန္အား ဖုန္းဆက္ေမးရန္ အန္ကယ့္ဆီသို႔ဆက္လိုက္ရသည္။ တကယ္ကိုပင္ ပင္ပန္းလြန္းပါသည္။လမင္း၏ ဈာပန အားလည္း က်င္းပရေပဦးမည္။ အေလာင္းအား DNA စစ္ေနသည့္ ရဲရင့္ႏွင့္မႈခင္းဆရာဝန္ ထံသို႔လဲ သြားရဦးမည္။

"ဟယ္လို ၿဖိဴး...."

"ဟုတ္ကဲ့ ကိုေစာ...."

"DNA ရၿပီတဲ့ ၿဖိဳးေရ....ဒယ္ဒီက ႐ုံးခန္းကိုေနာက္
တစ္နာရီအတြင္းလာဖို႔ဖုန္းဆက္တယ္....
အဲ့ဒါ ကိုေစာလဲ မာမီ့ကိုအိမ္ပို႔ၿပီးတာနဲ႕ လာလိုက္မယ္...
ၿဖိဳးကို ဒယ္ဒီဖုန္းဆက္ခိုင္းလို႔ ဆက္လိုက္တာ...."

"ဟုတ္ကဲ့"

ဖုန္းခ်ၿပီးေနာက္စိတ္ေရာဂါကု ဆရာဝန္ႀကီး၏
႐ုံးခန္းတံခါးအားေခါက္ၿပီး ဝင္လိုက္ေလသည္။
ကိုရန္၏ စိတ္က်န္းမာေရးအား အေျခအေနေျပာျပကာ ကုသေပးရန္ တိုင္ပင္ရေပဦးမည္။

.......

၃ရက္ၾကာၿပီးေနာက္...

"အား............."

ေအာ္သံေၾကာင့္ လူနာေစာင့္ရင္း အိပ္ေပ်ာ္ေနသည့္
ရဲရင့္ လန႔္ကာ ဆိုဖာမွ ထထိုင္မိသည္အထိပင္ လန့္သြားရ၏။
ရင္ဘတ္ေပၚမွ ဖတ္လက္စ စာအုပ္ေလးသည္
ၾကမ္းျပင္ထက္သို႔ ျပဳတ္ၾကသြားရေလသည္။

"ဆရာ....ဆရာ......"

"ရဲရင့္........လမင္း လမင္းေရာ....
မီး....မီး ကဘယ္လိုျဖစ္သြားလဲ........"

အသက္ကိုလုရႉေနၿပီး အတင္းကာေရာ အသည္းအသန္ေမးေနသည့္ဆရာ ေထြေထြထူးထူး မကုသရပါပဲ စိတ္ပုံမွန္ျပန္ျဖစ္သြားသည္ေနမည္။

"ဆရာ အသက္ပုံမွန္ရႉ စိတ္ကိုေလ်ာ့လိုက္....
Relax....အခုမွတ္မိၿပီလား....."

"ဘာကိုလဲ...."

"ဟိုရက္က ဆရာ ဘာမွမွတ္မိဘူးေလ....
ဒီအခုလတ္တေလာ အျဖစ္အပ်က္ေတြကို ဦးႏွောက္က ဖ်က္ဆီးမႈလုပ္ၿပီး လြန္ခဲ့တဲ့တစ္ႏွစ္ေလာက္က ေပ်ာ္စရာျဖစ္ရပ္ေတြကို မန္းရွင္း ျပန္ေခၚတယ္....ၿပီးေတာ့
ဦးႏွောက္က ပုံမွန္အလုပ္မလုပ္ေတာ့လို႔
စိတ္ေရာဂါပါရဂူႀကီးေရာ ဦးႏွောက္နဲ႕ အာ႐ုံေၾကာပါရဂူႀကီးပါ ဆရာ့ကိုလာၾကည့္ေပးေနရတာ...."

"ဘယ္ေလာက္ၾကာၿပီလဲ...."

"၃ရက္"

"လမင္းေရာ..."

"ကြၽန္ေတာ္လိုက္ပို႔မယ္...."

ဒီေနရာသည္က ရင္ခြဲ႐ုံသို႔သြားရသည့္လမ္းပင္။
မဟုတ္ေလာက္ဘူး မဟုတ္လား။ မဟုတ္ဘူးလို႔ပဲ
တစ္ေယာက္ေယာက္ေျပာေပးၾကပါ။

"ဘယ္သြားေနတာလဲ...."

"ေရွ႕ဆိုေရာက္ပီဆရာ....."

အခန္းတစ္ခုေရွ႕တြင္ ရပ္ကာ တံခါးဖြင့္လိုက္ေလသည္။ သူအရင္ဝင္သြားကာ ကြၽန္ေတာ့္အား ေခါင္းၿငိမ့္ျပသည္ေၾကာင့္ ဝင္လိုက္သည္။

ကုတင္ႏွစ္လုံးသည္က တူယွဥ္တြဲကာ ပိတ္ျဖဴစ အတိဖုံးအုပ္ထားသည္။ ကုတင္ေဘးသို႔သြားကာ ထိုပိတ္စအား လွပ္ၾကည့္လိုက္ရသည္။ မ်က္ႏွာသည္က ပုံေဖာ္မရေပ။
မဲညစ္ေနသည့္လက္ကေလး ထက္တြင္
ျဖဴေဖြးေဖြးလက္စြပ္ကေလးႏွင့္စိန္ပြင့္ေလးသည္
လင္းလက္ေနသည္။ ထိုျမင္ကြင္းေၾကာင့္ ကြၽန္ေတာ့္လမင္းဟု လက္ခံရမည္လား။

"လမင္းလား..........မဟုတ္ဘူးေလ.....
မဟုတ္ဘူး......မဟုတ္ဘူး....ရဲရင့္........
ငါ့ကေလး....ငါ့လမင္းေလး မျဖစ္နိုင္ဘူး..........
မျဖစ္နိုင္ဘူး......."

ေခါင္းတစ္ဆတ္ဆတ္ခါကာ တုန္ယင္ေနသည့္
စိတ္အစဥ္သည္ ခႏၶာထက္ဝယ္ လိမ္၍မရ။
တစ္ကိုယ္လုံးတုန္ယင္ကာ လက္မခံနိုင္သည့္ ဆရာသမားအနားသို႔သြားကာ ပခုံးႏွစ္ဖက္အား ဆုပ္ကိုင္ကာ ႏွစ္သိမ့္ရေပသည္။

"ဆရာ....ကြၽန္ေတာ့္ကိုၾကည့္ ၾကည့္ပါ...ၿပီးရင္
လက္ခံလိုကိပါ.....လက္ခံလိုက္
'ေဒါက္တာ လမင္းကိုကို'ဆုံးပါၿပီ...
ဆရာ့စိတ္ထဲမွာသိၿပီးေနၿပီပဲ ကိုယ့္ကိုကိုယ္ မပိတ္ေလွာင္ပါနဲ႕ေတာ့...ငိုခ်...ငိုခ်လိဳက္..."

"အီးဟီး....... ဟီး........."

"ဟုတ္ပီ....ဟုတ္ပီ.....ငိုခ်...ငိုမယ္....
စိတ္ထဲေပါ့သြားတဲ့အထိ...သိထားပါ....မွတ္ထားပါ...ေဒါက္တာလမင္းကိုကို ဆုံးၿပီ"

သင္တန္းတက္စဥ္က စိတ္ညို႔ပညာအား
အပိုတစ္ခုဟုထင္ခဲ့မိသည္က မွားေလသည္။
ဤေနရာတြင္ အသုံးဝင္သား။ ခဏေတာ့ငိုပါ ဆရာရယ္။

"ေမာင့္ကိုတကယ္ထားခဲ့ရလား.........
အား....ေမာင္ ႐ူးေတာ့မယ္ လမင္းရဲ႕...
အသက္ေတြႀကီးလာတဲ့အခါ အရင္ကထက္ပိုၿပီး ေမာင့္အနား ခိုကပ္ေနမွာဆို...
ေမာင္နဲ႕အတူ အိုမင္းျခင္းကိုမွ်ေဝမွာဆို...အိုမင္းၾကတဲ့အခါ
ေနဝင္ဆည္းဆာအတူၾကည့္ရင္း ေမာင့္ဝွီးခ်ဲေလးကို လမင္းကိုယ္တိုင္တြန္းေပးမွာပါဆို...
ကေလးရာ ဘာလို႔မ်ား...ဘာလို႔မ်ား
ေမာင္နဲ႕အတူ အိုမင္းျခင္းေတြကို
ဘာလို႔မ်ား မခံစားခ်င္ရတာလဲကြာ..."

အေလာင္းေဘးနားရပ္ကာ ေဟာ္ဟစ္ငိုယိုေနသည္ျခင္းအား
ၾကည့္ေနလိုက္ရေတာ့သည္။ ဆရာ့အတြက္ စိတ္ထြက္ေပါက္တစ္ခုလိုေနေလသည္မဟုတ္လား ။ တင္းထားသမွ်စိတ္တို႔အား ေလ်ာ့ေပးနိုင္သမွ် ေလ်ာ့ေပးရမည္။
မဟုတ္လွ်င္ ၿဖိဳး ေျပာသကဲ့သို႔ သိပ္ေတာ္သည့္ ဆရာဝန္တစ္ေယာက္ ႐ူးသြားတယ္ဆိုျခင္းသည္ မေကာင္းပါ။
ဆရာခ်စ္ရန္ေမာင္ ကဲ့သို႔ ေခ်ာေမာခန႔္ညားကာ
ထက္ျမတ္လြန္း ေတာ္လြန္းၿပီး သေဘာထားျပည့္ဝလြန္းသည့္ ဆရာဝန္ေကာင္းတစ္ေယာက္အား
လႊတ္မထားနိုင္ေပ။

သက္ျပင္းေမာကိုခ်ၿပီးေနာက္ သားထက္ ေယာက်ာ္း၏အေလာင္းအား ဖက္ငိုေနသူ
ကို စိတ္ၿငိမ္ေဆးထိုးကာ ပင္မအေဆာင္သို႔ ျပန္ေခၚသြားရေပမည္။ မနက္ျဖန္တြင္ မီးသၿဂိဳလ္ပြဲအတြက္ ေခၚသြားရဦးမည္။ ျပင္ဆင္ေနစဥ္ ကူညီေပးရဦးမည္။

.....................

Continua llegint

You'll Also Like

231K 12.6K 34
ခင်မင်မှုထက်ပိုသော ချစ်ခြင်းတို့အကြောင်း
89.7K 6.5K 36
ကိုယ်ကအားလုံးအတွက် ဧည့်လမ်းညွှန် ဖြစ်ခဲ့ပေမဲ့ မင်းအတွက်တော့ နှလုံးသားလမ်းညွှန် ဖြစ်ပါရစေ.....။ (27.1.2021) - (27.6.2021) ( ဇာတ်လမ်းပါအကြောင်းအရာများသ...
48.2K 2.8K 37
မာဖီးယားေလာကတြင္ အေတာ္ဆံုးျဖစ္သလို ၊ အရက္စက္တတ္ဆံုးမာဖီးယားတစ္ဦးလည္းျဖစ္သည့္ မိုးခက္တမန္......... ခ်စ္ရသူရဲ႕သေဘာဆႏၵအရသာဆိုလ်ွင္ ဘာမဆိုလုပ္ေ...
338K 14.8K 57
Intro (Unicode) ဟယ်လို.......ပြန်တွေ့ကြပြန်ပြီနော်....ဒီတစ်ခေါက်မှာတော့ လွန်းက ရန်ကုန်က လူ့ပေါ်ကျော့ဂျစ်ကန်ကန်သူဌေးသားလေးနဲ့အင်းသားလေးတို့ရဲ့အချစ်ဇာတ...