~~ အချစ်နှောင်ကြိုးတို့ စတင်ရစ်တွယ်မိလေပြီ ~~ 🔞🚨
🚨🚨🔞🔞🔞🔞🔞🔞‼🚨🚨
အောက်တွင် ပါရှိမည့် အရေးအသားများသည် 18+ အခန်း အနည်းငယ် ပါဝင်မည် ဖြစ်သဖြင့် အသက်မပြည့်သေးသော ကလေးများ ဝင်မဖတ်သင့်ပါကြောင်း! 🚨🖐🖐
ဟံသာဝတီ နန်းတွင်း တစ်နေရာ...၊ အတိအကျ ပြောရလျှင် ဘုရင့် သမက်တော် သမိန် မရူး နှင့် သမီးတော် တလမေသီရိ တို့ အဆောင်တော်...........။
လေ့ကျင့်ရေးကွင်းမှာ တစ်နေ့လယ်လုံး အသတ်အပုတ်၊ အထိုးအခုတ်စသည်ဖြင့် လက်ရုံးရည်တိုးတက်အောင် လေ့ကျင့်နေသော သမက်တော် မရူးကား နေညိုမှသာ အဆောင်တော်သို့ ပြန်လာခြင်းပင်။
ဘုရင့်သမီးတော်ကို ယူထားသဖြင့် သမိန် မရူးကား နန်းတွင်းမှာ နာမည်ရနေသည်။ ဘုရင် ဗညားဦးကလည်း သားတော် ဗညားနွဲ့ကို မကြည်ဖြူသော်လည်း သမက်တော်ကိုကား မျက်နှာသာ ပေးသည်။
အင်အားကြီးရာ လူဘက်ကို ခိုလှုံပြီး၊ လေယူရာ ယိမ်းတတ်သည့် နန်းတွင်းမှူးမတ်တို့ကလည်း သမက်တော်နှင့် ပနံသင့်အောင် ကြိုးစားနေကြသည်။ သို့သော် သမိန်မရူး၏ အတွင်းစိတ်ကိုကား မည်သူမျှ မသိကြပေ။ အုံးစက်ရာ အတူဝင်သည့် ကြင်ရာတော် မင်းသမီးပင် သူ့အကြောင်း ရေးရေးမျှ သိရုံသာ.........။
လေ့ကျင့်ကွင်းမှ ပြန်လာပြီး ကိုယ်လက်သန့်စင်ပြီးသည်နှင့် သမိန်မရူးကား စက်ရာဆောင် ဝင်ဖို့ ပြင်တော့သည်..။ ကြင်ရာတော်နှင့် ကိစ္စပြီးလျှင် နာမည်ကြီး အချောလှ၊ ဖြောင့်ဖြောင့်တောင့်တောင့် အပျော်မယ်၊ အပျော်မောင်တွေ ရှိသည့် '' ပန်းရနံံ ့ ဂေဟာ" သို့ သွားရောက် ပျော်ပါးနေကျပင်....။
သီးသန့်ရေချိုးကန်မှာ တစ်ကိုယ်ရည် သန့်ရှင်းရေးလုပ်ပြီး ပြန်လာသော သမက်တော်ကား အိပ်ရာဆောင် မရောက်မီပင် ကြင်ရာတော် မင်းသမီးအား ရှာဖွေလေတော့သည်။
" မင်းသမီး၊ အို....... ကျုပ်ရဲ့ အချောအလှ ကြင်ရာတော် အလှပဂေး ရေ့။ ဘယ်မှာတုန်းကွယ့်? "
" သီရိက မောင်မောင်စားဖို ့ သစ်သီးတွေ ပြင်ဆင်ခိုင်းနေတာပါ မောင်မောင်ရဲ့။ ချိုးရေတော် သုံးပြီးပြီပေါ့။ "
" မောင်မောင့်ကို ဝတ်လဲတော် လိုက်ထုတ်ပေးပါအုံးကွယ်။ မင်းသမီးလေးရဲ့ ဖယာ်ေးသွယ် လက်တစ်စုံနဲ့ ရွေးပေးတဲ့ အဝတ်တွေက ကျုပ်နဲ့ ပိုအလိုက်သားး နော့... ဟားဟားဟားးး "
သမိန်မရူး၏ ပြောစကားအောက်မှာ ကြင်ရာတော် မင်းသမီးကား ရှက်သွေးဖြာ နေလေပြီ။ မှောင်စပျိုးလာသဖြင့် အလင်းရောင်ရအောင် ဆီမီးထွန်းညှိပြီးသည့် ရံရွှေတော် တို့ကလည်း အလိုက်တသိဖြင့် အတွင်းတံခါးတို့ကို ပိတ်ကာ အဆောင်တော် အပြင်သို့ ထွက်ခွာ သွားကြသည်....။
" ဝတ်လဲတော်ကို ဘာအရောင် ဝတ်မလဲ မောင်မောင်? တော်ဝင်ဆန်တဲ့ ခရမ်းရောင်က မောင်မောင်နဲ့ လိုက်ဖက်လိမ့်မယ်လို့ သီရိ ထင်....... အို့းး.... မောင်မောင်ရယ်! " သူ့အတွက် ဝတ်လဲတော် ရှာပေးနေသော ကြင်ရာတော်ကား မရူး၏ နောက်ကွယ်မှ ပွေ့ဖက်မှုကြောင့် ရုတ်တရက် လန့်ဖြန့်သွားသည်...။
" ဝတ်လဲတော် ကိစ္စက ထားလိုက်စမ်းပါ့ မင်းသမီးရယ်! ကျုပ်ဖြင့် တစ်နေ့လုံး ဒီကိုယ်လုံး မွှေးမွှေးလေးကို လွမ်းနေတာ ဗျ " ဟုဆိုကာ တလမေသီရိအား ကြေးမုံပြင် ရှေ့သို့ ပွေ့ခေါ်သွားလေသည်။ ဘာတွေ ဆက်ဖြစ်မည်ကို သိနေသော ကြင်ရာတော်ခမျာ ကြက်သီးမွေးညှင်းတွေ ထလာသည်.....။
" ကျုပ်မျက်လုံးထဲကို ကြည့်စမ်းပါ။ တွေ့တယ်မို့လား ကြင်ရာတော်အတွက် အချစ်တွေ? " မင်းသမီးအား နောက်ကျောမှ ဖက်ထားရင်း သူ မေးပြန်သည်။
တလမေသီရိလည်း အယောင်ယောင် အမှားမှား ဖြင့်ပင် ကြေးမုံအတွင်းမှ ပုံရိပ်တို့အား စိုက်ကြည့်မိသည်။ တွေ့ပါသည်၊ မရူး ့ မျက်ဝန်းထဲမှ အချစ်တွေ... ထို့အပြင် တငွေ့ငွေ့ တောက်လောင်နေသည့် ရမ္မက်ဇောတစ်ခု...။ ခင်ပွန်းသည်ရဲ့ အကြည့်စူးစူးကို ထပ်ရင်မဆိုင်ရဲသဖြင့် မျက်လွှာအသာချမိသော ကြင်ရာတော်ခမျာ ရှက်သွေးဖြာမိပြန်သည်။
" ရှက်နေပြန်ပလားကွယ်...." ဟုဆိုရင်း မရူးကား ကြင်ရာတော်ရဲ့ လည်ဂုတ်သား ဖွေးဖွေးလေးကို နမ်းသည်။ ခါးကိုပွေ့ဖက်ထားသည့် သူ့လက်အစုံကလည်း အငြိမ်မနေတော့။ ဟိုသည် ပွတ်သပ်ရင်း ရွှေရင်အစုံနား ရောက်လာသည်။ တလမေသီရိခမျာ အရျက်သည်းလွန်းသဖြင့် နားရွက်တွေပင် နီလာလေသည်....။
" မွေ့ရာပေါ် သွားရအောင်ပါ မောင်မောင်ရယ်။ အခုလိုကြီး ကိုယ့်ပုံရိပ်ကို မြင်နေရတာ သီရိ ရှက်ပါတယ်။ "
" မင်းသမီးလေး သဘောပါဗျားး။ ကျုပ်ကတော့ ဘယ်လိုပဲ ချစ်ရ ချစ်ရ ကျေနပ်ပြီးသား" မရူကား ပြောပြောဆိုဆိုဖြင့် ကြင်ရာတော်ကို ပွေ့ချီကာ နှုတ်ခမ်းဖူးဖူးကို အနမ်းပေးရင်း အိပ်ရာဝင်ဖို့ လျှောက်လှမ်းသွားလေသည်။
" မနေ့က အရှိန်နဲ့ ခုထိကို ကိုယ်လက်တွေ ကိုက်ခဲနေတုန်းပဲ မောင်မောင်ရယ်။ ဒီနေ့တော့ မကြမ်းတမ်းပါနဲ့ကွယ် နော်။ "
" ဟုတ်ပြီဗျားး! " ဟု ပြောသော်လည်း မရူးကား ရမ္မက်သွေးဆိုးတို့ ကြွမြဲကြွလျက်။ တလမေသီရိရဲ့ ရွှေရင်ဖြိုးဖြိုးကို ဆုပ်ကိုင်ကာ ထိပ်ပိုင်းမှ အထိမခံနိုင်လွန်းသည့် အရာလေးတွေကို လိုက်စမ်းနေသည်။ ခဏနေတော့ စိတ်မရှည်တော့ဘဲ မင်းသမီးရဲ့ အပေါ်ထပ် ဝတ်လဲတော်တို့ကို ဆုတ်ဖြဲလိုက်သည်ပင်......။
တလမေသီရိကား ရှက်သော်လည်း အခုချိန်မှာ တားနေ၍ အကြောင်းမထူးတော့မှန်း သိပါသည်။ မောင်မောင်သည် တခြားအချိန်တွေမှာ နူးညံ့သိမ်မွေ့သယောင် ရှိသော်လည်း ကုတင်ထက်မှာတော့ တစ်ခါခါ သတ္တဝါဆိုးကြီး တစ်ကောင်ပမာ ကြမ်းကြမ်းတမ်းတမ်း ပြုမူတတ်သည်။ သူ ချစ်သော ခင်ပွန်းသည်ကို နာကျင်ရသော်လည်း သည်းခံရပေမည်......။
သမိန်မရူးကား တကယ့်ကို မညင်သာတတ်ပါပေ။ ကြင်ရာတော်ခမျာ သူ့ အချစ်ဒဏ်ကို ကျိတ်မှတ်ကာ သည်းခံရသည်။ အခုလည်း တလမေသီရိခများ အပေါ်ပိုင်း ဗလာကျင်းလျက်..... ဘေးမှာတော့ ကိုယ်ဝတ်တော်တို့က စုတ်ပြဲ ပြန့်ကျဲနေပါသည်.....။
ကြင်ရာတော်၏ နူးညံ့သော ရင်သားတို့ကို ဆုပ်ကိုင်လျက်တစ်မျိုး၊ ပူးကပ်၍တစ်ဖုံ ဆော့ကစားသည်။ ဓားရေးလေ့ကျင့်သော လက်တစ်စုံ၏ လက်ချောင်းတချို့မှာ အသားမာအလွှာပါးတစ်ခု တက်နေသည်ပင်။
ထိုလက်တို့ဖြင့် ဆော့ကစားခံရသော မင်းသမီးခမျာ အမလေး အနိုင်နိုင် တ နေသည်။ နာကျင်မှုကော၊ သာယာမှုကော ရောနှောနေသည့် ခံစားချက်တို့ဖြင့် ခပ်တိုးတိုး အော်ညည်း နေရသည်....။
" အံမယ်လေး လေးးး.... နာကျင်ရပါတယ် မောင်မောင်ရဲ့။ " ဟုပြောတော့ မရူးကား ခဏတော့ အရှိန်လျှော့သွားသည်။ တလမေသီရိရဲ့ နှဖူးမှစကာ ပါးမို့မို့၊ နှုတ်ခမ်း၊ ရွှေလည်တိုင် အထိ တဖြည်းဖြည်း အနမ်းပေးပြန်သည်။
ထို့နောက် ရင်သားမို့မို့ကို ခံတွင်းထဲ စုပ်ယူသည်။ ဖွဖွကိုက်သည်၊ ခပ်ကြမ်းကြမ်း စုပ်ယူသည်။ လက်တို့ဖြင့် ဆုပ်ကိုင်ပြန်သည်။ ပြီးတော့ ကြင်ရာတော့် ခါးဝတ်လဲတော်တို့ကို တဖြည်းဖြည်းချင်း ချွတ်ယူသည်။ သူ့ ခါးဝတ်ပုဆိုးကိုလည်း ချွတ်ချလိုက်သည်။
တလမေသီရိကား ချစ်မှုရေးရာကိစ္စတွေမှာ အတွေ့အကြုံ ရှိပြီးဖြစ်သော်လည်း သမိန်မရူ့း ပစ္စည်းကြီးကို တွေ့လိုက်တိုင်း ရင်ဖိုနေရတုန်းပင်...။ ကျောက်စိမ်းချောင်းကြီးကဲ့သို့ မာကျောလှသည့် အရာကြီး မိမိကိုယ်တွင်းသို့ ဝင်ရောက်လာတိုင်း နာကျင်ရသည်၊ သာယာမှုအချို့လည်း ရရှိနေပါသည်။
မရူးကား ကြင်ရာတော်၏ နှုတ်ခမ်းဖူးဖူးကို နမ်းနေရင်း သူ့ပစ္စည်းကြီးကို ဝင်နေကျ နေရာလေးထဲ ထည့်လိုက်သည်။ တလမေသီရိခမျာ အချစ်ရည်ကြည်တချို့ ထွက်နေသော်လည်း မရူးရဲ့ ကြီးမားတဲ့ ထိုးသွင်းမှုအောက်မှာ ပူထူသွားသည်...။
" အာ့......! အားသန်လိုက်တာ မောင်မောင်ရယ်။ လက်ထပ်ပြီးတာ ကြာနေတာတောင် အခုထိကို နာတုန်းပဲ... အား "
" ကျုပ်ကို ချစ်ရင် ကျုပ်အလိုကို လိုက်ရမယ်မို့လား မင်းသမီးလေးရဲ့။ ဒီအချစ်တွေကို ခံစားလိုက်စမ်းပါ။ ဟားးး ဟားးးးး "
သမိန်မရူးကား သူ့ ကြင်ရာတော်ကို ပုံစံအမျိုးစုံဖြင့် စားသုံးနေသည်။ ကုတင်စောင်းမှာ၊ ကြေးမုံပြင် အရှေ့မှာ၊ စာကြည့်ခန်းထဲမှာ၊ ထိုင်ခုံတွေပေါ်မှာ..... စသည်ဖြင့် အကြိမ်ကြိမ် စားပြီးရင်း စားသည်။
အချစ်ဇာတ်လမ်းရဲ့ အထွတ်အထိပ်နား ရောက်လာလေ တလမေသီရိရဲ့ ခပ်တိုးတိုး ညည်းသံတို့က ကျယ်လာလေ၊ မရူးရဲ့ အားထည့်သံ... ကျေနပ်နေသော လည်ချောင်းသံတို့က ပြင်းထန်လာလေပင်.......။
အဆုံးသတ်မှာတော့ ကြင်ရာတော် မင်းသမီးကား ခြေမခိုင်တော့ဘဲ ပျော့ခွေသွားရသည်။ သူ့လည်ပင်းမှာ၊ ကျောပြင်တွေမှာ၊ ရင်သားတွေမှာတော့ အစိမ်းရောင်၊ ခရမ်းရောင် အကွက်ငယ်လေးတွေ ဟိုနား သည်နားတွေမှာ အများကြီးပင်...။
မောပန်းပြီး အိပ်ပျော်သွားသော ကြင်ရာတော်ကို စောင်ခြုံပေးကာ၊ မရူးကား ခါးဝတ်လဲတော် ဝတ်ပြီးနောက် အိပ်ရာဘေးနားက စင်ပေါ်မှ ငွေခေါင်းလောင်းငယ်ကို အသာ လှုပ်ခါလိုက်သည်။ အစေခံ မိန်းမပျိုတို့က စားပွဲတော် ပြင်ဆင်ပြီး ယူလာကြသည်။
အိပ်ရာဆောင်ကား ကျယ်ဝန်းလှသဖြင့် ၈ယောက်ထိုင် စားပွဲ၊ ကုလားထိုင် တစ်စုံ ထည့်သွင်းလို့ရသည်။ ထို စားပွဲဝိုင်းပေါ်မှာ ပွဲတော်စာ ပြင်ပေးရခြင်းဖြစ်သည်။
ကုတင်အရှေ့ဖက်ခြမ်းမှာ လိုက်ကာစ ခပ်ပါးပါး ချထားသော်လည်း အနည်းငယ် စူးစိုက်ပြီး ကြည့်ပါက ဆီမီးတိုင် အလင်းရောင်တို့ကြောင့် ကြင်ရာတော် မင်းသမီးရဲ့ ပုံရိပ်ကို ခပ်ဝါးဝါးမျှ မြင်နေရသည်.....။
တလမေသီရိကား ပင်ပန်းပြီး အိပ်ပျော်နေရင်း နံရံ တစ်ဖက်သို့ ကိုယ် စောင်းသွားတော့ အဝတ်မပါသော အနောက်ပိုင်းအလှကို အခန်းတွင်းရှိ လူအကုန် မြင်လိုက်ရသည်.....။
သမိန်မရူးကား ချိုးရေသုံးရန် နံ့သာဆီ၊ ပန်းပွင့်ဖတ်တို့ဖြင့် ရေချိုးကန် ပြင်ခိုင်းလိုက်ပြီး အစေခံတို့ကို ထွက်သွားစေသည်။ ထို့နောက် ညခင်းစာ စားသုံးရန် တလမေသီရိကို နှိုးဖို့ြ့ပင်သည်။
သို့ရာတွင် ကျောပေးပြီး အိပ်နေပါသည့် သူ့ကြင်ရာတော်ရဲ့ ကောက်ကြောင်းအလှမှာ ကြွေဆင်းပြီး နောက်တစ်ကြိမ် စားသုံးမိပြန်သည်........။ အချစ်ရည်လွှမ်းသည့် ရမ္မသံတို့ကအိပ်ရာဆောင်တွင်းမှ ပျံ့လွင့်လာပြန်တော့သည်......................။
ဟံသာဝတီ နေပြည်တော်နှင့် ကွာလှမ်းသည့် ကျေးလက်ဒေသလေးမှာတော့ အချစ်ဇာတ်လမ်းလေးတစ်ခု အစပျိုးလာနေပါသည်....။ ကြိုးချင်းထားတော့ ကြိုးချင်းငြိ ဆိုသလို၊ အနေနီးတော့ သံယောဇဉ်တို့က ပိုလာသည်။
ရာသီဥတု သာယာနေသည့် ညနေခင်းတစ်ခုမှာတော့ မြို့စောင့်တပ်မှ တပ်သားလေး စောသံမုံက ပန်းသည်မလေး မွေ့ကေသာကို ချစ်ရေးဆိုမိပါတော့သည်။
" မွေ့ကေသာ၊ ကျုပ် ပြောချင်တာ တစ်ခု ရှိပါတယ် "ဟု ကံကော်ပင်ခြေရင်းမှ သစ်ရွက်ခြောက်တို့ကို လှည်းကျင်းနေသည့် စောသံမုံက ဆိုလာတော့ နှင်းဆီပန်းခူးနေပါသည့် ကေသာ့ခမျာ အထူးတဆန်း ဖြစ်ကာ "ဘာများလဲ ကိုရင် စောသံမုံရဲ့" ဟု ပြန်မေးမိသည်။
" ကျုပ် နာဖျားနေတုန်းက စောင့်ရှောက်ထားတဲ့ ကျေးဇူးရှင်ကို အခုလိုပြောပြီး ကျေးဇူးကန်းတယ်တော့ မထင်စေချင်ဘူး။ ကျုပ်လေ.... မွေ့ကေသာကို ချစ်တယ်"
"အို........ ကေသာရှက်တယ်တော့! " ဟုဆိုကာ ခူးလက်စ နှင်းဆီပန်းတို့ကို အမြန်ယူပြီး မွေ့ကေသာသည် အိမ်ကလေးဆီသို့ ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးတော့သည်........။
မိမိ အမြဲ မြင်တွေ့နေကျ ဟံသာဝတီ နန်းတွင်းသူတွေကို မကြွေမိဘဲ အရှက်ကြီးလှသော ကျေးတောသူမလေးကိုမှ မျက်စိကျမိသည့် စောသံမုံခမျာ ခေါင်းတရမ်းရမ်း၊ ပြုံးတုံးတုံးနဲ့ပင် သစ်ရွက်ကြွေတို့ကို ဆက်လက်ရှင်းလင်းနေပါတော့သည်..........။
=======================
AN::: အကြာကြီး ပစ်မိထားတဲ့အတွက် June's readerတို့ကို အရမ်း အားနာပါတယ်ရှင့် 😁! ဒီကြားထဲမှာ စာရေးဖို့ ဘယ်လိုမှ မုဒ် မဝင် ဖြစ်နေလို့ပါ။ ဒီနေ့ အခန်း ၆ ကို ပူနေတဲ့ မျက်နှာလေးကို ရေခဲကပ်ပြီး ရေးထားပါတယ်ရှန့် 🌝🌝🌚🌚🌚။ ကိုယ်က အပိုင်း တစ်ခုကို တစ်ထိုင်ထဲ ရေးနေကျမို့ အာရုံစိုက်ရ၊ ရေးရတာ တကယ် ပင်ပန်းပါတယ်။ အရှေ့ရက်တွေမှာ ပျက်ကွက်ခဲ့မိသမျှ ဒီအပိုင်းလေးကို ရှည်ရှည်လေး ရေးပေးထားတာမို့ ပိစိသေးသေး ကျေနပ်ပေးကြပါလို့ 😁😁💛။
Eng trans, Myan trans ဇာတ်လမ်းတွေ အများကြီး ဖတ်ဖြစ်ပေမယ့် ချစ်မှုရေးရာ ကိစ္စတွေကို တစ်တစ်ခွခွကြီး ရေးဖို့ကျ ကိုယ့်အတွက် ဘယ်လိုမှ အဆင်မပြေလို့ အတတ်နိုင်ဆုံး ကြိုးစ်းပြီး ရနိုင်သလောက် ရေးထားပါတယ်။ လိုအပ်တာတွေ ရှိရင်လည်း ဖြည့်တွေးပြီး နားလည်ပေးကြပါလို့။ June့ကို အကြံပေးကြပါ၊ ဝေဖန်ပေးကြပါ ရှင် 💚!
See u again 😉!
Thank u for reading my fic 💙!
If u enjoy reading this chapter..., plz vote!😇
Stay @ home & take care of ur health pr naw readers.... 🌼!!!!
By #JuneRose 🥀
13/4/20. Wed. 1:30 a.m