#Unicode
" သူက ဘယ်သူလဲ "
မင်းယွီအနောက်ကိုလှည့်ကြည့်လိုက်တော့ သခင်နဲ့ အခန်းထဲမှာတွေ့ခဲ့ရတဲ့အဖိုး ရပ်နေတာကို တွေ့လိုက်ရတယ် … ဒီလူတွေအကြောင်း သူမသိပေမဲ့ သူတို့မှာ ထူးခြားတဲ့အရှိန်အဝါတွေရှိနေတာကိုတော့ မင်းယွီခံစားရတယ် …
သူတို့ရဲ့ပုံစံက ထပ်တူကျနေပြီး အဲ့ဒိအဖိုးရဲ့အနောက်မှာရပ်နေတဲ့သခင်က အဖိုးရဲ့ကိုယ်ပွားတစ်ခုလိုပဲ … အဖြူရောင်ပြောင်းသွားတဲ့ဆံနွယ် ပါးရေနားရေတွန့်နေတာကလွဲ၍ ကျန်တာအကုန်တူနေတယ် …
ခု အဖိုးမှာ မျက်မှန်ပါနေတော့ သူ့ကိုကြည့်တဲ့အကြည့်တွေက စူးရှနေပြီး မင်းယွီတောင့်မခံနိုင်တော့ပဲ အကြည့်ကိုချက်ချင်းလွှဲလိုက်ကာ ခေါင်းငုံ့လိုက်တယ် …
" ကျွန်တော်က … "
" သူက အစေခံတစ်ယောက်ပါ "
သူ့ရဲ့အဖြေစကား မဆုံးသေးခင် ထွက်ပေါ်လာတဲ့ ဖန်းဂူရဲ့အသံက အေးဆက်နေတယ် … မင်းယွီခေါင်းငုံ့ထား၍ သူ့ရဲ့မျက်နှာကိုမမြင်ရပေမဲ့ အသံကိုကြားယုံဖြင့် သူ့ရဲ့မျက်နှာ ဘယ်အမူအရာဖြစ်နေလဲဆိုတာ မှန်ဆလို့ရတယ် …
" အော … အစေခံတစ်ယောက်တဲ့လား …
အိမ်တော်ကို အစေခံတစ်ယောက်ကိုခေါ်လာဖူးတာ ဒါပထမဆုံးအကြိမ်လို့ထင်တယ် …
သူက ဘယ်လောက်တောင် အရေးပါတဲ့အစေခံမလို့လဲ "
ဒီကောင်လေးနဲ့ပတ်သပ်ပြီး လူတွေကိုသိပ်မသိစေချင်ဘူး … ဒီကောင်လေးကို ခေါ်ထားရခြင်းရဲ့ လျှို့ဝှက်ချက်က စိန်တွေကြောင့်ပဲ …
အကယ်၍ အဲ့ဒိအကြောင်းတွေကို ကောင်လေးက နှုတ်မလုံပဲ ပြောလိုက်ရင် ပြဿအကြီးကြီးဖြစ်သွားနိုင်တယ် … ဒါကြောင့်မို့ ဒီကောင်လေးက အရေးပါတဲ့သူတစ်ယောက်မဟုတ်သလို ဟန်ဆောင်မှဖြစ်မယ် …
" ဘာမှအရေးပါသာမဟုတ်ဘူး … ဖိုးဖိုး …
ကျွန်တော်တို့ သွားရအောင် "
ပြောပြီး ရှောင်ထွက်သွားတော့ အေးဆက်ဆက် လေတစ်ချက်က မင်းယွီမျက်နှာကို တိုက်ခက်သွားတယ် … သခင်ကြီးကလဲ စိတ်ထဲမှာ အနည်းငယ် အံ့ဩမိပေမဲ့ မြေးဖြစ်သူက မသိစေချင်တာမို့ ဆက်ပြီးစစ်ဆေးမနေတော့ပဲ လူစုံနေတဲ့ ခန်းမရှိရာကို ထွက်သွားလေတယ် … မင်းယွီရဲ့ဘေးမှာ ကျန်ရှိနေသူက သခင်မကြီး မိုနန်း …
" မင်းနဲ့ငါ့သားနဲ့က အခြေအနေမကောင်းဘူးလား "
" ကျွန်တော်နဲ့သခင်က ၂ ဦးသဘောတူ ဆက်ဆံသာမျိုးမဟုတ်ပါဘူး …
ကျွန်တော်ကပဲ Heat တက်တိုင်း သခင့်ကိုဆွဲထားမိတာပါ …
ကျွန်တော် … ကျွန်တော်က အစေခံတစ်ယောက်ပါပဲ "
မင်းယွီအသံက ဖျော့သွားပြီး တခနငြိမ်သက်သွားတယ် …
" ငါသိပြီ … ဒါကမင်းတို့ရဲ့ဆက်ဆံရေးမို့ ငါဘာမှမပြောတော့ဘူး …
ဒါပေမဲ့ ငါ့သားကိုဆွဲထားနိုင်သာ မင်းတစ်ယောက်ပဲရှိတယ် …
ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် …
ဒီ ၃ လအတွင်း ငါ့သားနဲ့ကိုယ်ဝန်ရအောင်လုပ်ပါ …
၃ လကျော်သွားရင်တော့ အစေခံတစ်ယောက်ဖြစ်တဲ့ မင်းရဲ့အသက်ကို ငါအာမမခံပေးနိုင်တော့ဘူး …
အဲ့ဒိအချိန်ကျရင် ငါ့နည်းငါ့ဟန်နဲ့ တစ်ခြားတစ်ယောက်ရှာပြီး ငါ့သားရဲ့မျိုးဆက်ကို ရအောင်လုပ်ရမယ် "
ထိုသို့ပြောလာတော့ သူတို့အတွက် ထိုမျိုးဆက်ဆိုတာက ဘယ်လောက်အရေးပါမှန် မင်းယွီခန့်မှန်းမိလာတယ် …
ဒါပေမဲ့ ကလေးရဖို့အတွက် အရင်ဆုံး အိမ်ထောင်ပြုဖို့လိုအပ်တယ် … ကလေးတစ်ယောက်အဖေက အိမ်ထောင်မရှိဘူးဆိုတာ ဖြစ်သင့်ရဲ့လား …
ခုကိစ္စမှာ အိမ်ထောင်ပြုဖက်မရှာပဲ ဘာကြောင့် ခလေးမွေးဖို့ကိုပဲ စိတ်အားထက်တန်နေတာလဲ … ကလေးရလာရင် သခင်ကရော အဲ့ဒိကလေးကို လက်ခံပါ့မလား …
ဒါဆိုရင် သူကရော … ကလေးမွေးပြီးသွားရင် သူကရော ဘာဆက်ဖြစ်မလဲဆိုတာ သိချင်လာတာနဲ့ မေးကြည့်လိုက်တယ် …
" ကျွန်တော် ကလေးမွေးပြီးရင် ဘာဆက်ဖြစ်မှာလဲ "
" မင်း ကလေးကိုထားခဲ့ပြီး အဝေးဆုံးကို ထွက်သွားရမယ် …
ငါလိုချင်တာက ငါ့သားရဲ့မျိုးဆက်လေးပဲ …
ငါ့သားက အနှောင်အဖွဲ့တွေကိုမကြိုက်ဘူး …
ဒါကြောင့် ကလေးကိုထားခဲ့ပြီး မင်းက ရှန်ဟွှာရဲ့အဝေးဆုံးကို ထွက်သွားရမယ် "
ငါဘာတွေမျှော်လင့်နေတာလဲ … ဒီကမ္ဘာကြီးမှာ ချမ်းသာတဲ့မိသားစုတွေရဲ့ ရွေးချယ်မှုကိုခံရတဲ့ အိုမီဂါတွေက ကလေးမွေးပေးရတဲ့ လိင်ကျွန်သာသာပဲ ဆက်ဆံခံရတယ်ဆိုတာကို ငါ့ဘာကြောင့် မေ့နေရတာလဲ … ငါလဲပဲ သူတို့တွေနဲ့ အတူတူပဲလား … ငါ့မှာရွေးချယ်ပိုင်ခွင့်ရော ရှိသေးလို့လား …
အိုမီဂါတစ်ယောက်ရဲ့ အသက်တစ်ချောင်းက သူတို့အတွက်တော့ လက်မှာကပ်နေတဲ့ မြူမှုံတစ်စလိုပဲ … အချိန်မရွေး ခါထုတ်လိုက်လို့ရတယ် …
ဒါပေမဲ့ အိုမီဂါတွေကတော့ သူတို့ရဲ့အသက်အတွက် သူတို့ရဲ့သွေးအသားကိုရင်းရမယ် … ဒါက အဓိပ္ပာယ်မရှိတဲ့ ကမ္ဘာကြီးပဲ …
ငါဘာကိုရွေးချယ်သင့်လဲ …
အသက်ရှင်ဖို့အတွက် သွေးသားကို ရင်းသင့်လား … ?
*
*
*
ရှန်ဟွှာအိမ်တော်ရဲ့ မိတ်ဆုံစားပွဲလေး စတင်ခဲ့ပြီ … မင်းယွီက ဖန်းဂူအတွက်တော့ အစေခံတစ်ယောက်ဖြစ်တာမို့ မိသားစုထမင်းဝိုင်းတွင် ထိုင်ခွင့်မရှိပဲ မလှန်မကမ်းမှာပဲ ချူးဖိုးဖိုးနဲ့အတူ ထိုင်နေရတယ် …
အာဏာရှင်တွေရဲ့ထမင်းဝိုင်းက အေးဆက်သည်ဆိုတာထက် အေးဆက်လွန်းတယ် … ခုချိန်မှာ အိမ်တော်ထဲ၍ တူသံတွေ ခွက်ချသံတွေနဲ့သာပြည့်နေတယ် …
စားပွဲတန်းအရှည်ကြီးပေါ်မှာ အငွှေ့တထောင်းထောင်းထနေတဲ့ နတ်သုဒ္ဓါ ပမာ အနံ့မွှေးမွှေးလေးတွေနဲ့ ဆွဲဆောင်နေတဲ့ ဟင်းပွဲမျိုးစုံခင်းကျင်းထားပြီး စားပွဲရှည်ထိပ်မှာ ထိုင်နေသူက သခင်ကြီး ရှန်ဟွှာရန်း …
သူ့ရဲ့နဘေးမှာ ခုံအလွတ်တစ်ခုရှိနေပြီး ထိုခုံရဲ့အရှေ့မှာ ပန်းကန်လုံးနဲ့ တူတစ်ချောင်းကို ချထားတယ် …
ဒီမြင်ကွင်းက ရှန်ဟွှာအိမ်တူအိမ်သားတွေအတွက် မထူးဆန်းပေမဲ့ မင်းယွီအတွက်ကတော့ ထူးဆန်းနေပြီး အတော်ကြာ စိုက်ကြည့်နေပြီးတော့မှ ထိုအဓိပ္ပါယ်ကို မင်းယွီသိသွားခဲ့တယ် …
အထက်တန်းစားလူမျိုးတွေက ထမင်းစားတဲ့အခါ အမိနဲ့အဖကို ဦးထိပ်မှာထားပြီး ဆွေမျိုးတွေကို ဘယ်ဘက်နဲ့ညာဘက်ဆိုပြီး ခွဲခြားထားလေ့ရှိတယ် …
သူတို့ထိုင်နေပုံကိုကြည့်ခြင်းအားဖြင့် သခင်ကြီးရဲ့ဘေးက ခုံအလွတ်ဟာ သခင်မကြီးကို ရည်စူးထားခြင်းဖြစ်ပြီး သူတို့ဟာ ခုချိန်ထိ ကွယ်လွန်သွားတဲ့သူက သူတို့ စိတ်ထဲ၌ အမြဲရှင်သန်နေဆဲ မေ့မရနိုင်ဖြစ်နေမှန်း သိသာတယ် …
သခင်ကြီးရဲ့ဘယ်ဘက်ခုံတန်းမှာ သခင်ဖန်းဂူရဲ့မိခင်ဆိုသူနဲ့ သခင်ရယ် ဧည့်သည်အမျိုးသမီးရယ် ၃ ယောက်ထိုင်နေကြတယ် … ညာဘက်မှာတော့ နောက်မှရောက်လာတဲ့ မိသားစု ၃ ယောက်ထိုင်နေကြတယ် …
ထိုမိသားစုထဲက အမျိုးသားက သခင်နဲ့ချွတ်စွပ်တူနေပြီး သူတို့က သားအဖဆိုတာ သိသာပေမဲ့ ဘာကြောင့်အတူမထိုင်တာလဲ …
အမျိုးသမီး ၂ ယောက်ဖြစ်နေပြီး သား ၂ ယောက်ရှိနေတာက သူတို့မိသားစု အခုလိုအေးဆက်ပြီးတိတ်ဆိတ်နေခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်မယ်လို့ မင်းယွီထင်ကြေးပေးလိုက်တယ် …
" ကောင်လေး "
" ဗျာ … အဖိုး "
မင်းယွီထမင်းစားပွဲဝိုင်းကို စိုက်ကြည့်နေရင်း သူ့ဘေက အဖိုးရဲ့ခေါ်သံကြောင့် ချက်ချင်းပဲခေါင်းလှည့်ကာ ထူးလိုက်တယ် …
အဖိုးက သက်ပြင်းတစ်ချက်ချလိုက်ရင်း …
" အဖိုးနဲ့လိုက်ခဲ့ "
ထိုသို့ပြောကာ အရှေ့ကနေဦးဆောင်ကာ ထွက်သွားသည်မို့ မင်းယွီလဲ အနောက်ကနေ အသာလေး လိုက်လာခဲ့တယ် …
အိမ်တော်ထဲမှာ အစောင့်တွေက သူတို့ကို မတားစီးပဲ လွတ်လပ်စွာ သွားလာခွင့် ပေးထားသည်မို့ မင်းယွီ ကြောက်စိတ်တို့အနည်းငယ် လျော့သွားမိတယ် …
အမှန်တိုင်းဝင်ခံရရင် မင်းယွီလဲ အိမ်တော်ကြီးထဲမှာ အကြာကြီးမတိုင်ချင်ဘူး … ရှန်ဟွှာအိမ်တော်က အဆင့်မြင့်အယ်ဖာတွေရှိတာမို့ သူတို့ရဲ့ဟော်မုန်းတွေက အိမ်တော်ထဲမှာ ပြည့်နေတယ် …
မင်းယွီလို အိုမီဂါတစ်ယောက်က အဲ့ဒိနေရာမှာ ဆက်မနေတာအကောင်းဆုံးပဲ … ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်ယောက်ထည်း လျှောက်သွားနေတာထက် ခုလိုလူကြီးတစ်ယောက်နောက်လိုက်လာတာက သူ့အတွက် အန္တရာယ်ကင်းတယ် …
" အဖိုး … ကျွန်နော်တို့ ဘယ်ကိုသွားနေတာလဲဟင် "
ချူးဖိုးဖိုးက အနောက်ကိုလှည့်မကြည့်ပဲ သွားနေတာမို့ မင်းယွီလှမ်းမေးတဲ့အခါမှ သူကအနည်းငယ်ခေါင်းလှည့်လာပြီး ချိုသာစွာ ပြန်ဖြေလာတယ် …
" မကြောက်ပါနဲ့ … ဒါက ရှန်ဟွှာအိမ်တော်ပါ …
အိုမီဂါတစ်ယောက်ကို အနိုင်ကျင့်တဲ့ဂိုဏ်းမဟုတ်ဘူး "
" ကျွန်တော်ယုံပါတယ် "
မင်းယွီဆက်မပြောတော့ပဲ တိတ်တဆိတ်လိုက်လာခဲ့တယ် … ခုသေချာကြည့်တော့မှ ချူးဖိုးဖိုးနဲ့ ချူးရှန့်က ရုပ်ချင်းတူယုံမကပဲ သူတို့ရဲ့အမူအယာ အပြောအဆိုကစတူနေပြီး လေးထောင့်ပုံပါဝါမျက်မှန်ကို လက်နဲ့ပင့်တင်ပြီး ပြောတတ်တဲ့အကျင့်ကအစ တူညီနေတယ် …
" ကောင်လေး … အဖိုးမင်းကို ဒီနေရာခေါ်လာတဲ့အကြောင်းက မင်းသိချင်တဲ့အရာတွေကို ပြောပြချင်လို့ပါ "
" ဗျာ "
" မင်း အဲ့ဒိခုံကိုစိုက်ကြည့်နေတာတွေ့တယ် …
သူတို့အကြောင်းကို မသိချင်ဘူးလား "
အဖိုးဆိုလိုတာက သခင်ကြီးဘေးနားက ခုံအလွှတ်အကြောင်းကိုပြောနေမှန်း မင်းယွီသဘောပေါက်သွားတယ် …
" ကျွန်တော်သိချင်တယ် "
" ဒါဆို လိုက်ခဲ့ "
ပြီးနောက် ချူးဖိုးဖိုး ခေါ်ရာအနောက်သို့ ဆက်လိုက်လာခဲ့တယ် …
ခုရောက်ရှိနေတဲ့နေရာက ကြီးမားတဲ့အိမ်တော်ကြီးရဲ့ နောက်ဖေးက အိမ်ငယ်လေးတစ်လုံးအရှေ့မှာဖြစ်ပြီး ထိုနေရာတွင် အစောင့်တစ်ယောက်မှရှိမနေဘူး …
အိမ်ရဲ့ပုံစံက တစ်ထပ်အိမ်လေးဆိုပေမဲ့ ရာဇဝင်တွေထဲက အိမ်ငယ်လေးတွေလို သစ်သားနဲ့အလှဆင်ထားပြီး ရှေးရိုးဆန်ပေမဲ့ အမြင်သင့်တယ်လှတယ် …
တံခါးဖွင့်ပြီးဝင်လိုက်တော့ အထဲမှာ မြူမှုံတစ်စပင်ရှိမနေပဲ လူတစ်ယောက်နေထိုင်သလိုမျိုး ပစ္စည်းမျိုးစုံရှိနေပြီး သန့်ရှင်းတောက်ပြောင်နေတယ် …
ဝင်ဝင်ချင်း တံခါးရဲ့အရှေ့မှာ လေးထောင့်စားပွဲလေးတစ်လုံးရှိနေပြီး အပေါ်မှာ မီးအိမ်လေးတစ်လုံးနဲ့ စာအုပ်တစ်ချို့ကို တင်ထားတယ် … အောက်မှာတော့ ထိုင်ဖို့အထွက် လေးထောင့်အတုံးလေး ၂ ခုချထားတယ် …
ညာဘက်မှာတော့ မီးဖိုချောင်လိုမျိုး အခန်းလေးတစ်ခုရှိနေပြီး ဘာအိုးခွက်ပန်းကန်မှမရှိနေပဲ ပြောင်ရှင်းနေတယ် … အဲ့ဒိနေရာမှာ တစ်ကြိမ်တစ်ခါမှ ထမင်းဟင်း ချက်စားပုံမပေါ်ဘူး …
ဘယ်ဘက်မှာတော့ လိုက်ကာလေးချားထားတဲ့ အခန်းလေးတစ်ခုရှိနေပြီး ချူးဖိုးဖိုးက ထိုအခန်းထဲကို ဝင်သွားတာမို့ မင်းယွီလဲအနောက်ကနေ အသာလေး လိုက်ဝင်လာခဲ့တယ် …
အထဲမှာ ကုတင်တစ်လုံးရယ် အဝတ်အစားဘီဒိုရှိနေပြီး အခန်းက ကျယ်လွန်းတာမို့ အားလုံးက ရှင်းလင်းနေတယ် …
တစ်အိမ်လုံးမှာမှ ပြတင်းပေါက်တစ်ခုသာရှိနေပြီး ထိုပြတင်းပေါက်က အိမ်တော်ကြီးဘက်ကိုမျက်နှာမူနေကာ ဒီအိမ်ထဲကပုံရိပ်ကို အိမ်တော်ကြီးပေါ်ကနေ ကြည့်လို့ရအောင် ဖန်တီးထားပုံပဲ …
အရာအားလုံးကို ခြုံငုံကြည့်လိုက်ရင် ဒီနေရာက အိမ်တစ်လုံးထက် အချုပ်ခန်းတစ်ခုနဲ့တူနေတယ် …
" ဒီနေရာက သခင်မကြီး မသေခင် နေသွားတဲ့နေရာပဲ "
" …… "
မင်းယွီနှုတ်ဆိတ်သွားမိတယ် … သူထင်တာက ဒီနေရာဟာ လူတစ်ယောက်ကို ပိတ်လှောင်တဲ့နေရာဟူ၍ … ဒါပေမဲ့ အဲ့ဒိလူက ဘာကြောင့်သခင်မကြီးဖြစ်နေတာလဲ …
" ကောင်လေး …
မင်းဒီအိမ်တော်နဲ့ မပတ်သပ်ရင် အကောင်းဆုံးပဲ "
" ဘာကြောင့်လဲ "
မင်းယွီသိချင်စိတ်တွေ မထိန်းနိုင်တော့ဘူး … ကြာလေ ဒီအိမ်တော်က သူထင်ထားတာထက် ပိုပြီး အန္တရာယ်များတယ်ဆိုတာ သိသာလာတယ် …
" ဘာအနှောင်အဖွဲ့မှမထားပဲ ဒီကနေ ထွက်သွားနိုင်မဲ့ နည်းကို အသုံးချပါ "
" အဖိုးသိနေတာလား "
သူပြောချင်တဲ့အရာက သခင်မကြီးပြောထားတဲ့ ကိုယ်ဝန်ကိစ္စကိုပဲ … အဖိုးကလဲ သိနေသည့်နယ် ခေါင်းငြိမ့်ပြလာတယ် …
" အင်း … သခင်မကြီး မင်းကို တစ်ခုခုပြောပြီးပြီမဟုတ်လား "
မင်းယွီချက်ချင်းပဲ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်တယ် …
" ဟုတ်တယ် …
ကျွန်တော့ကို သခင်လေးရဲ့ကလေးယူဖို့ပြောတယ် "
" မင်းနဲ့ဆို သခင်မကြီး ခုလိုပြောတာ လူပေါင်းမနည်းတော့ဘူး …
ဒါပေမဲ့ သခင်လေးကအားလုံးကိုငြင်းဆန်တယ် …
သူကအိုမီဂါတွေကို မနှစ်သက်ဘူး …
ငယ်ငယ်ကအတိတ်ကြောင့်ဆိုတာထက် ခုလုပ်နေတဲ့အလုပ်က အနှောင်မဖွဲ့မရှိတာကအကောင်းဆုံးမို့ "
" သခင်လေးအတွက် မျိုးဆက်က ဘာကြောင့်အရေးကြီးတာလဲ …
ပြီးတော့ သူက လက်မထပ်ဘူးလား "
" လက်ထပ်တာက သခင်လေးအတွက် လွယ်ကူတယ် …
ဘာကြောင့်လဲဆိုတော့ အလုပ်ကြောင့်ဆို အချစ်မပါလဲ သူလက်ခံမှာပဲ …
ဒါပေမဲ့ မျိုးဆက်အတွက်ကိုတော့ သူလုပ်ဆောင်မှာမဟုတ်ဘူး …
သခင်မကြီးဆိုးရိမ်တာက သခင်လေးရဲ့အိမ်ထောင်ရေးအတွက်မဟုတ်ပဲ မျိုးဆက်အတွက်ပဲ "
" ဒါဆို သခင့်မှာ အိမ်ထောင်ဖက်ရှိနေပြီပေါ့ "
" အဲ့ဒါကလဲ မသေချာပါဘူး …
သခင်လေးက အဲ့လိုဘက်တွေသိပ်အရေးမထားဘူး …
အဖိုးမြင်ရသလောက်ဆို ခုသခင်အသက် ၂၈ ရှိပြီ သူ့အရွယ်တွေအားလုံး အိမ်ထောင်သည်တွေဖြစ်ကုန်ကြပြီ …
ဒါပေမဲ့ သခင်လေးကတော့ ဘာအနှောင်အဖွဲ့မှမထားဘူး …
အဲ့ဒါက သူ့ကိုနှောက်ယှက်နေတဲ့သူတွေရဲ့ ရှုံးနိမ်းခြင်း တစ်ခုပေါ့ …
သူတို့က သခင်လေးရဲ့အားနည်းချက်ကိုပဲအမြဲရှာနေတာ …
မရှိတော့ သူတို့ဘာမှမတတ်နိုင်ကြဘူးလေ "
" ဒါဆို ကျနော် ကလေးယူလိုက်ရင်ရော သခင်အတွက်အားနည်းချက်ဖြစ်သွားမှာလား "
" အဲ့ဒိအတွက်ကမပူပါနဲ့ …
မင်းနဲ့သခင် အနှောင်အဖွဲ့မဖြစ်သ၍ မင်းအန္တရာယ်ကင်းတယ် …
သခင်အတွက် မင်းကအနှောင်အဖွဲ့တစ်ခု မဖြစ်စေနဲ့ပေါ့ …
သခင်မခိုင်းတဲ့အတိုင်း မျိုးဆက်ကိုမွေးပေးပြီး မင်းဒီကနေ ထွက်သွားတာအကောင်းဆုံးပဲ …
ကျန်ရှိနေတဲ့အရာတွေကို မင်းဥပေက္ခာပြုနိုင်ရင် မင်းဒီဘဝကနေလွတ်မြောက်နိုင်လိမ့်မယ် "
မင်းယွီတခနမျှ တွေဝေသွားတယ် … သူက ဥပေက္ခာပြုနိုင်လျှင်တောင်မှ အဲ့ဒိကလေးရဲ့ဘဝက သာယာပါ့မလား …
အကယ်၍ သူကလေးမွေးပြီးမှ သခင်ရဲ့အမျိုးသမီးက ကလေးထပ်မွေးရင်ရော … သူလိုအစေခံတစ်ယောက်ကနေမွေးတဲ့ကလေးကို သူတို့ ဆက်ပြီးလက်ခံပါအုံးမလား … ရက်ရက်စက်စက် သတ်ပြစ်ရင်ရော …
" ဟင့်အင် … အဲ့လိုဖြစ်လို့မရဘူး "
မင်းယွီလက်တွေတုန်ခါလာတယ် … ဘယ်လိုပဲတွေးတွေး အနာဂတ် မသေချာမရေရာပဲ အပြစ်မဲ့တဲ့ကလေးငယ်ကို သူဝဠ်မခံစေချင်ဘူး … သေရမယ်ဆိုရင်တောင် အဲ့ဒိကလေးအစား သူပဲသေပြစ်လိုက်မယ် …
" ကောင်လေး အဆင်ပြေရဲ့လား "
အဖိုးက စိုးရိမ်တကြီးမေးလာတော့ မင်းယွီ မျက်လုံးရဲရဲလေးနဲ့ကြည့်ကာ အထစ်ထစ်နဲ့ မေးလိုက်တယ် …
" ကျွန်တော် … ကျွန်တော် …
ကလေးမယူလို့မရဘူးလား …
တခြား … တခြားအရာကို ရွေးချယ်ရင်ရော "
" ဒါကမင်းရဲ့ရွေးချယ်မှုအပေါ်မူတည်တယ် …
ဒီအိမ်တော်က မင်းထင်သလောက်မရိုးရှင်းဘူး …
ဒီအိမ်တော်ထဲ ရောက်ပြီဆိုတာနဲ့ မင်းဘဝက ပြန်လမ်းမဲ့သွားပြီ …
အဖိုးက ဒီအိမ်တော်ရဲ့ လူယုံတော်တစ်ယောက်ပါ …
ခုကောင်လေးကို အဖိုးပြောပြတာက သခင်ကိုသစ္စာဖောက်နေတာမဟုတ်ဘူး …
မင်းက ဒီအိမ်တော်အကြောင်း ဘာတစ်ခုမှမသိပဲ ရောက်လာတာဆိုတော့ အမှားတွေမလုပ်မိအောင် သတိပေးချင်တာ "
" ကျွန်တော့ကိုအမှန်အတိုင်းပြောပြနိုင်မလား …
သူတို့က ဘယ်လိုလူမျိုးတွေလဲ …
ပြီးတော့ သခင်မကြီးကို ဘာကြောင့် ဒီမှာထားတာလဲ "
ချူးဖိုးဖိုးက မင်းယွီမျက်နှာလေးကို သေချာစိုက်ကြည့်နေတယ် … သူ့ရဲ့လက်တဖက်က မင်းယွီအင်္ကျိကော်လန်အနောက်ကို ဆွဲကာကြည့်လိုက်တယ် …
" အမှတ်အသားမရှိသေးဘူးပဲ …
ကောင်လေး မင်းမှာထူးခြားတဲ့ရနံ့တမျိုးရှိတယ် …
အဖိုးက ဘီတာတစ်ယောက်ဆိုပေမဲ့ အဲ့ဒိရနံ့ကို ကောင်းကောင်းကြီးသိတယ် …
မင်းရဲ့ဟော်မုန်းနံ့က ဒီအိမ်တော်မှာ နေသွားတဲ့ သခင်မကြီးရဲ့ဟော်မုန်းနံ့နဲ့ အတူတူပဲ "
" …… "
မင်းယွီမျက်ဝန်းတွေပြူးကျယ်သွားတယ် … အိုမီဂါတွေအားလုံးက ဟော်မုန်းနံ့တွေ တူညီကြတာမဟုတ်ဘူးလား … ဘာကြောင့် ထူးခြားတယ် ဆိုတာရှိနေသေးလဲ …
အဖိုးကဆက်ပြောတယ် …
" သခင်မကြီးက တကယ်တော့ သခင်ကြီးနဲ့ပထမဆုံး လက်ထက်ခဲ့တဲ့သူမဟုတ်ဘူး …
သူကသခင်ကြီးရဲ့အချစ်ဦး …
ဒါပေမဲ့ သူအမှတ်အသားမပေးရသေးခင်မှာ တခြားသူက ဦးသွားတယ် "
" ဒါဆိုရင် သခင်ဖန်းဂူက သခင်မကြီးနဲ့ သွေးမတော်စပ်ဘူးပေါ့ "
" အဲ့လိုလဲမဟုတ်ပြန်ဘူး …
ဒီအိမ်တော်က မျိုးဆက်တွေအားလုံးက သခင်မကြီးနဲ့ သခင်ကြီးကနေရတဲ့ သန့်စင်တဲ့မျိုးဆက်တွေပဲ …
ဒါပေမဲ့ ပထမဆုံးမွေးလာတဲ့ကလေးကို သခင်ကြီးက ရက်ရက်ဆက်ဆက်သတ်ပြစ်ခဲ့တယ်လေ "
" …… "
မင်းယွီထပ်မံပြီး တိတ်ဆိတ်သွားတယ် …
ကို့သွေးသားမဟုတ်ရင်တောင်မှ အပြစ်မရှိတဲ့ ကလေးငယ်ကို ဘာကြောင့်သတ်ပြစ်ရက်တာလဲ …
ထိုခန၌ မင်းယွီအာရုံထဲမှာ မြေအောက်ခန်းထဲ၌ ဖန်းဂူ လူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ ပြစ်သတ်နေတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာတယ် …
အပြစ်မဲ့တဲ့ သားအမိကိုတောင်မှ လွှတ်မပေးခဲ့ဘူး … ဒါဆိုရင် သူ့ကလေးကိုရော … ဟင့်အင် မဖြစ်ရဘူး …
" အဲ့ဒိအချိန်တုန်းကတော့ သခင်ကြီးက ကလေးငယ်ကို တခြားနေရာမှာပို့ထားပြီး အန္တရာယ်ကင်းကင်းနဲ့ စောင့်ရှောက်ထားတယ်လို့ သခင်မကြီးကို လိမ်ညာခဲ့တယ် …
အမှန်တရားဆိုတာ သေတဲ့ထိ မဖုံးကွယ်နိုင်ဘူး …
သခင်လေးဖန်းဂူ ၈ နှစ်ရွယ်မှာပဲ သခင်မကြီးက အဖြစ်မှန်တွေအားလုံးကိုသိသွားပြီး သခင်ကြီးအပေါ် စတင်ပြီးအေးဆက်လာတယ် …
တဖြေးဖြေး လျစ်လျူရှုလာတယ် …
နောက်ဆုံး သူ့သွေးသားကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ သခင်ကြီးကို ဆက်ပြီးမပေါင်းနိုင်တော့ဘူးဆိုပြီး အိမ်တော်ကနေထွက်ပြေးတယ် …
နောက်ဆုံး ရရှိခဲ့တဲ့အကျိုးရလဒ်က သေတဲ့ထိ ဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခံခဲ့ရတာပဲ "
" သခင်ကြီးက မချစ်တော့လို့လား "
" မဟုတ်ဘူး … သခင်ကြီးသာ မချစ်တော့ရင် သခင်မကြီးသေနေတာကြာပြီ …
ခုက သူချစ်လွန်းလို့ သူအချစ်ရဆုံးသူ အနားကနေထွက်မသွားအောင် ချုပ်နှောင်တဲ့သဘောပဲ …
အဲ့ဒိအရာကပဲ သခင်မကြီးရဲ့ အဆုံးသတ် ဖြစ်စေခဲ့တယ် "
" ဒါဆို သခင်မကြီးက ကိုယ့်ကိုယ်ကို သတ်သေသွားတာပေါ့ …
သခင်ကြီးရဲ့ခွင့်ပြုချက်မရပဲနဲ့လေ "
ချူးဖိုးဖိုးက မင်းယွီကို တခနမျှ စိုက်ကြည့်လိုက်တယ် … ရှန်ဟွှာမှာ ကိုယ့်ကိုယ်ကို သတ်သေခွင့်မရှိဘူးဆိုတာ မသိဘူးလား … သူက သက်ပြင်းတစ်ချက်ချရင်း …
" သခင်မကြီးက ကျန်းမာရေးမကောင်းဘူး … ဒါပေမဲ့ သူ့ရဲ့ရောဂါက သေလောက်အောင်မပြင်းထန်ဘူး …
သခင်မကြီးကို သေစေခဲ့တဲ့အရာက သခင်ကြီးကိုယ်တိုင်ရောင်းခဲ့တဲ့ သူ့မိတ်ဆွေရဲ့ လက်နက်ကြောင့်ပဲ …
သူတို့ကသခင်ကြီးရဲ့အားနည်းချက်ကိုသိတယ်လေ …
သခင်မကြီးသေရင် သခင်ကြီးပါ ပြိုလဲမယ်လို့ထင်နေခဲ့ကြတာ … "
သူကတစ်ခနမျှရပ်လိုက်ရင်း မျက်နှာမှာ ဝမ်းနည်းမှုအချိုး ဖြတ်ပြေးသွားတယ် … အဖြစ်အပျက်တွေက နှစ်တွေကြာခဲ့ပေမဲ့ မနေ့တနေ့ကလိုပဲ ချူးဖိုးဖိုး အာရုံထဲမှာ ပြန်ပေါ်လာတယ် … ပြီးနောက် သူက ဆက်ပြောတယ် …
" တကယ်တော့ သခင်မကြီးကလဲ သခင်ကြီးကိုချစ်ရှာတယ် …
သူဖြစ်စေချင်တဲ့သဘောက သခင်ကြီးကို အသိတရားဝင်ပြီး လူကောင်းတစ်ယောက်ဖြစ်စေချင်တာ …
ဒါပေမဲ့ ရှန်ဟွှာရန်းက နာမည်တစ်လုံးနဲ့နေတဲ့သူ …
သူကအောင်မြင်သလို သူ့ရဲ့ဘေးမှာ အန္တရာယ်တွေလဲပတ်လည်ဝိုင်းနေတယ် …
သခင်မကြီးက ဒီလိုဘဝမျိုးမှာ မပျော်မွှေ့ဘူး …
ဖမ်းချုပ်ခံရပြီး ၁၀ နှစ်လောက်ထိ သည်းခံနေခဲ့ပေမဲ့ နောက်ဆုံးတော့ ပြင်လို့မရတဲ့ ဒီလောကကြီးကို လက်မြှောက် အရှုံးပေးသွားတယ် …
အဲ့ဒိကျဉ်ဆံကို သူရှောင်နိုင်ပေမဲ့ မလုပ်ခဲ့ဘူး …
သေလောက်တဲ့နာကျင်မှုကို ကျေကျေနပ်နပ်ကြီး ခံယူခဲ့တယ် …
ဒါပေမဲ့ ကျန်ရှိနေတဲ့သခင်ကြီးကတော့ အရူးတစ်ပိုင်းအဖြစ် ပြောင်းလဲသွားတယ် …
ခုဆို သခင်မကြီးဆုံးသွားတာ ၁၀ နှစ်ကျော်ပြီ "
၁၀ နှစ်ဆိုတဲ့အချိန်ကာလက သေသွားတဲ့လူတစ်ယောက်ကို မေ့ပျောက်ဖို့အချိန်ကောင်းပဲ … ဒါပေမဲ့ သူတို့ပုံစံက သေသွားတဲ့သူအမှန်တကယ် ရှိနေသေးသလို ဆက်ဆံနေတယ် …
ဒီလောက်တောင်မှချစ်ရင် ဘာကြောင့်များ အချစ်အတွက် မပေးစပ်နိုင်ရတာလဲ … ဘာကြောင့် မကာကွယ်နိုင်ရတာလဲ … သူလုပ်တဲ့အလုပ်က အချစ်ထက် တန်ဖိုးရှိနေလို့လား … သူတို့က ဘယ်လိုလူမျိုးတွေလဲ …
" အဖိုး ဘာကြောင့် ဒီအကြောင်းတွေပြောပြနေတာလဲ …
ပြီးတော့ သခင်ကြီးဆိုတဲ့လူက သူ့မိန်းမထက် အန္တရယ်များတဲ့ အလုပ်ကို ဘာကြောင့် မစွန့်လွှတ်နိုင်သာလဲ …
သူသာပြောင်းလဲလိုက်မယ်ဆိုရင် ဘယ်သူမှလဲ အန္တရာယ်မပြုတော့သလို သခင်မကြီးလဲ သေမှာမဟုတ်ဘူး "
မင်းယွီစကားကြောင့် ချူးဖိုးဖိုး ခနမျှတောင့်ခဲသွားတယ် …
" ကောင်လေး … မင်းမသိတဲ့အရာတွေ အများကြီးရှိသေးတယ် …
သခင်ကြီးတို့ရဲ့အလုပ်က မင်းထင်သလောက်မလွယ်ကူဘူး …
နောက်ပြန်လှည့်ချင်ရင်တောင် အချိန်မရှိတော့ဘူး …
ရှေ့ဆက်ပြီး ပန်းတိုင်ရောက်မှ စိတ်ချရမှာ …
ခုအဲ့ဒိပန်းတိုင်ကိုရောက်သွားပေမဲ့ အသက်တစ်ချောင်ကိုတော့ စတေးလိုက်ရတယ် …
ခုချိန်မှာ ရှန်ဟွှာကို ဘယ်အရာကမှ ထိခိုက်အောင်မလုပ်နိုင်ပေမဲ့ သူချစ်ရတဲ့သူမရှိတော့ သခင်ကြီးကမ္ဘာက အေးခဲသွားတယ် …
အဓိပ္ပာယ်မရှိတော့သလိုမျိုးပဲ "
အဲ့ဒါက အနှောင်အဖွဲ့ဆိုတဲ့အရာရဲ့နှောက်ယှက်မှုလား … သူတို့အလုပ်ကို အချစ်ထက်တန်ဖိုးထားနေရင် ဘာကြောင့်ချစ်နေသေးလဲ …
" သခင်လေးဘာကြောင့်အနှောင်အဖွဲ့မထားလဲ သဘောပေါက်ပြီလား …
သူ့အဖိုးလိုအဖြစ်မျိုးနဲ့ မကြုံချင်လို့ပဲ "
" ကျွန်တော်နားလည်ပါပြီ …
ဒါပေမဲ့ သခင်မရဲ့ထောင်းဆိုမှုကို ကျွန်တော်အချိန်ယူပြီး စဉ်းစားချင်တယ် …
အကယ်၍ကျွန်တော် လက်မခံနိုင်ရင်တောင် ကျွန်တော်သေဖို့မကြောက်ဘူး …
ဒါကကျွန်တော်ရွေးချယ်တဲ့ အပြစ်မရှိတဲ့ကလေးအပေါ်ထားတဲ့စစ်မှန်တဲ့ မေတ္တာကြောင့်ပဲ "
ချူးဖိုးဖိုး တစ်ခနမျှတိတ်ဆိတ်သွားမိတယ် … ဒါပေမဲ့ ဒီကောင်လေးရဲ့အနာဂတ်က မှန်စလို့မရဘူး … သူ့အတွက် အန္တရာယ်ကင်းစေဖို့ မျှော်လင့်ရတော့မှာပေါ့ …
*
*
*
စားသောက်ပွဲပြီးသွားတော့ လူတွေအားလုံး ဧည့်ခန်းထဲက ခုံပေါ်မှာ ထိုင်နေကြပြီး လွန်ခဲ့တဲ့လတွေက ကြုံတွေ့လာခဲ့သမျှကို စတင်ပြောပြရန် အချိန်သို့ ရောက်လာခဲ့တယ် …
ပထမဆုံး သခင်မမိုနန်းက စတင်ခဲ့တယ် …
" ဖေဖေ သူမက သမီးပြောပြတဲ့ ရက်စ်ဒီ …
Mr.အန်းဂါးစ်ရဲ့သမီးလေး …
ခုသားလေးရဲ့အိမ်တော်မှာ တည်းနေတာ "
အန်းဂါးစ်ဆိုသူက အနောက်တိုင်း မြို့ဝန်တစ်ဦးဖြစ်သလို မာဖီးယားလောကနဲ့ပေါင်းသင်းထားတာမို့ သူ့ရဲ့အရှိန်အဝါက ရှန်ဟွှာနဲ့ လယ်ဘယ်တူနေတယ် …
ခုလောလောဆယ်လဲ ထို Mr.အန်းဂါးစ်ရဲ့အကြောင်းက ဂိုဏ်းတွေကြား ရေဗန်းစားနေတာမို့ ခုလိုသူ့သမီးကိုယ်တိုင်က ရှန်ဟွှာကိုရွေးချယ်လိုက်ခြင်းက ကောင်းမွန်တဲ့ လဒ်တစ်ပါးလို့ဆိုရမယ် …
" နေရတာ အဆင်ပြေရဲ့လား Mr.ရက်စ်ဒီ "
သူမက တောက်ပစွာပြုံးလိုက်ပြီး …
" ကျွန်မကို Mr.တပ်မခေါ်လဲရပါတယ် ဖိုးဖိုးရှောင်ဟွှာရန်း …
ရင်းရင်းနီးနီး မိသားစုတွေလိုပဲ ဆက်ဆံပါ "
" အဟား … ကောင်းသားပဲ "
" ဒါနဲ့ ဒီဘက်ကသခင်ကြီးက ဖိုးဖိုးရှန်ဟွှာရန်းရဲ့သား Mr.ရှန်ကူးမန်ထင်တယ် …
ကျွန်မတို့အပြင်မှာ မစုံဖူးပေမဲ့ သခင်ကြီးတို့သားအဖသတင်းကတော့ မွှေးနေတာပဲ …
ရှန်ဟွှာဘာကြောင့်အောင်မြင်နေလဲ ကျွန်မသဘောပေါက်သွားပြီ …
ရှန်ဖန်းဂူကလဲ ခုချိန်မှာ အားလုံးထဲက ပြိုင်ဘက်ကင်းတစ်ယောက်ပဲ …
ဒီလိုမျိုး အင်အားကြီးတဲ့သူတွေစုနေတဲ့နေရာက နတ်ပြည်အလားပါပဲရှင် "
ရက်စ်ဒီက ထင်ထားတာထက် စကားသွက်တယ် … ခနလေးအတွင်းမှာ သခင်ကြီးနဲ့ သခင်ကူးမန်ရဲ့ အရေးပေးမှုကို ခံလိုက်ရတယ် …
ဘေးနားက ရှုမန်းကတော့ သူမစကားတွေထဲမှာ သူ့အကြောင်းမပါဝင်တာမို့ သူ့မကို သိပ်ပြီးကြည့်မရဘူး …
သခင်မကြီး ၂ ယောက်ကတော့ စကားဝိုင်းထဲဝင်မပါပဲ တိတ်ဆိတ်နေတယ် … ဖန်းဂူကတော့ ထုံးဆန်အတိုင်း အသက်မဲ့နေတဲ့ ရုပ်သေးရုပ်တစ်ခုလို ငြိမ်သက်စွာထိုင်နေပြီး ဘယ်အရာကိုမှအာရုံမထားဘူး …
" ကဲ ဒီလိုဆိုတော့ သမီးတို့လဲ သွားနားကြပေါ့ …
အဖိုးတို့ မြေးအဖိုးတွေ အလုပ်အကြောင်း ဆွေးနွေလိုက်အုံးမယ် "
" ကောင်းပါပြီဖေဖေ "
အမျိုးသမီး ၃ ယောက်ထွက်သွားတော့ သခင်ကြီးတို့ သားအဖနဲ့ ဖန်းဂူတို့ညီအကိုတွေပဲကျန်ရှိနေခဲ့တယ် … ဒီလိုမျိုး မိသားစုမစုံသာတောင် အတော်ကြာခဲ့ပြီ … သခင်ကြီးက ဖန်းဂူကိုကြည့်ကာ မေးလိုက်တယ် …
" မြေးလေး အဆင်ပြေရဲ့လား …
အလုပ်တွေရော ဘယ်အချေအနေမှာရှိလဲ …
မင်းညီက အိမ်တော်ကိုအမြဲလာတော့ သူအကြောင်းတွေအားလုံးကိုသိတယ် …
ဒါပေမဲ့ ငါ့မြေးကြီးက ဘာကြောင့် အဖိုးကို လျစ်လျူရှုရက်တာလဲ "
" ကျွန်တော်တောင်းပန်ပါတယ် …
ဒီလတွေမှာ အလုပ်နည်းနည်းရှုပ်နေတာမို့ ကျွန်တော်ခရီးထွက်နေရတာကြောင့်ပါ "
အဖိုးဟွှာရန်းက ဖန်းဂူနဲ့ ရှုမန်း ဘာကွာခြားလဲဆိုတာ သိတယ် … ဖန်းဂူက ဘယ်အရာကိုမှ သူများအားမကိုပဲ ကိုယ်တိုင်ဖြေရှင်သူမို့ သူ့လုပ်ရက်တိုင်းကအောင်မြင်ပြီး အားလုံးရဲ့လေးစားမှုကိုခံရတယ် …
ရှုမန်းကတော့ လက်နက်အားကိုနဲ့ သူတပါးလက်ကိုအသုံးချတယ် … သူ့လက်ထဲမှာသာ လက်နက်မရှိရင် သူကဘာမှအသုံးမဝင်တဲ့သူ ဖြစ်သွားလိမ့်မယ် …
အဖိုးက ဖန်းဂူကိုကြည့်ကာ ဆက်ပြောတယ် …
" အမေရိကနဲ့ အာဖရိက နယ်စပ်တွေက ကုန်သွယ်သမားတွေ ခုချိန်ထိ လုပ်ကိုင်နေတုန်းလား …
သူတို့ရဲ့သရုပ်မှန်ကို ဘယ်အချိန်ထိ ဖုံးကွယ်နိုင်ကြမှာတဲ့လဲ "
" အဖိုးမသိသေးဘူးလား …
သူတို့အားလုံးကို အာဏာပိုင်တွေ ဖမ်းမိသွားကြပြီ "
" ဘယ်လို "
" အဲ့ဒိသောက်သုံးမကျတဲ့ ချန်းရှုယွမ်ဆိုတဲ့ကောင်က နယ်စပ်ကလူတွေ အကုန်လုံးကို လိုက်ဖမ်းနေတာ …
ခုကုန်သွယ်တဲ့နေရာမှာ သူ့ကြောင့် အခက်အခဲတချို့ရှိနေတယ် …
ဒါပေမဲ့ ပူစရာမလိုပါဘူး … အဲ့ဒိလူတွေအားလုံးက ကျွန်တော်တို့ ရှန်ဟွှာကိုသစ္စာမဖောက်ကြဘူး "
ထိုအခါ သခင်ကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး …
" ဟူး … ချန်းသခင်လေးက သူ့အမေအတိုင်းပါပဲလား …
သူ့အဖိုးနဲ့တစ်စက်လေးမှမတူဘူး "
ချန်းမိသားစုနဲ့ရှန်ဟွှာဟာ တချိန်တုန်းက လက်တွဲဖော် ဂိုဏ်းညီနောင်တွေဖြစ်ခဲ့ပေမဲ့ ရှုယွမ်ရဲ့မိခင်ဟာ ဖခင်လုပ်ရက်တွေကို သဘောမကျ၍ အစိုးရဘက်တော်သား အမှန်ကိုဆောင်ကျဉ်းသူ ရဲအရာရှိတစ်ယောက်ဖြစ်အောင်လုပ်ဆောင်ပြီး ဖခင်ရဲ့လုပ်ရက်တွေအားလုံးကို ပိတ်ပြစ်ခဲ့တယ် …
ဖခင်ဖြစ်သူနဲ့ယောက်ျား ထောင်ထဲရောက်သွားတာတောင် သူမဘက်က နည်းနည်းလေးမှ နောင်တရပုံမပေါ်ခဲ့ဘူး …
ခုသားလက်ထက်ကြပြန်တော့လဲ ကျန်ရှိနေတဲ့ ဂိုဏ်းတွေကို ဖြိုဖျက်ဖိုးကြိုးစားပြန်တယ် … ဒါပေမဲ့ ရှန်ဟွှာကိုတော့ သူတို့ ခုချိန်ထိ မထိရဲကြဘူး …
လုပ်ငန်အကြောင်း အနည်းငယ်ပြောပြီးနောက် အဖိုးက အရေးကြီးဆုံးအကြောင်းအရာကို စတင်ပြောကြားလာတယ် …
" Mr.အန်းဂါးစ်က ကောင်းတဲ့လူမဟုတ်ပေမဲ့ ခုချိန်မှာ သူကအာဏာကြီးတယ် …
ဟိုသလောကသတင်းကိုသိကြလား …
သူပိုင်တဲ့ စိန် ၇ လုံးအခိုးခံလိုက်ရတဲ့သတင်း "
" …… "
အားလုံးတိတ်ဆိတ်သွားကြတယ် … ဖန်းဂူကလဲ ဘာတစ်ခွန်းမှဟမလာဘူး …
" အဲ့ဒိစိန်ရဲ့ပိုင်ရှင်က သူမဟုတ်ဘူး …
ခုချိန်မှာ ဒီအကြောင်းတွေ ပြောရမှာစောသေးတယ် …
အဲ့ဒိစိန်တွေ ဘယ်သူ့လက်ထဲမှာလဲဆိုတာ ရအောင်စုံစမ်း …
ဟိုရဲအရာရှိ ရှုယွမ်လက်ထဲရောက်မသွားစေနဲ့ …
သူက အန်းဂါးစ်လူကောင်းမဟုတ်မှန်းသိတယ် …
သူစိန်တွေကို အစိုးရလက်အပ်ပြစ်လိုက်ရင် ၂ နိုင်ငံ စစ်ဖြစ်သွားနိုင်တယ် …
အဲ့ဒိအချိန်က ငါတို့လက်နက်တွေ ရောင်းကောင်းပေမဲ့ အကျိုးဆက်က ပျက်စီးမှာတွေများလိမ့်မယ် …
လွန်ခဲ့တဲ့ ၂၃ နှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲလိုပေါ့ "
သခင်ကူးမန်က ဝင်ပြောတယ် …
" အဖေပြောချင်တာက အဲ့ဒိစိန်က အာဏာရှင်တွေ လိုချင်နေတဲ့အရာလား "
" အမှန်ပဲ … အန်းဂါးစ်ဘာကြောင့် နာမည်ကြီးစုံထောက်တွေ ရဲအရာရှိတွေကိုကျော်ပြီး ရှုယွမ်ကိုငှားတာလဲဆိုတော့ အဲ့ဒိကောင်လေးက သူ့အတွက်သေးငယ်တဲ့ သားကောင်လေးလို့ ထင်နေလို့ပဲ …
ဒါပေမဲ့ ရှုယွမ်က သွက်လက်ထက်မြက်တဲ့ အဆိတ်ပြင်းပြင်းသတ္တဝါတစ်ကောင်ဆိုတာ သူမသိဘူး …
ခုငါတို့လုပ်ရမှာက ရှုယွမ် လက်မဦးခင် စိန်တွေရှာတွေ့ရမယ် …
အန်းဂါးစ်သမီးကိုတော့ ငါ့မြေးလေးအတွက် ထားထားရမယ် "
ဖန်းဂူက မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး …
" ကျွန်တော် စိန်တွေကိုရှာဆို ရှာပေးမယ် …
ဒါပေမဲ့ တွဲဖက်ရှာဖို့တော့ မတိုက်တွန်းနဲ "
" မြေးလေးက အရွယ်တောင်ကျော်နေပြီ …
မင်းညီကိုကြည့်စမ်း သူအိမ်ထောင်မပြုသေးပေမဲ့ သူ့ဘေးမှာ ဝိုင်းဝိုင်းလယ်နေတာပဲ …
ခုမြေးလေးအတွက် သင့်တော်တဲ့သူကို တွေ့နေတာ ဘာကိုငြင်းနေအုံးမှာလဲ …
ဒီကိစ္စပြီးသွားရင် စိန်တွေ လက်ထဲရောက်လာရင် အန်းဂါးစ်လဲ ရှန်ဟွှာလက်အောက်ရောက်လာမယ်ဆိုရင် ရှန်ဟွှာရဲ့အောင်မြင်မှုက အစိုးရတွေတောင် မျက်စောင်းထိုးရဲမှာမဟုတ်တော့ဘူး "
" ပြောလို့ပြီးပြီဆို ကျွန်တော်သွားတော့မယ် "
ဖန်းဂူ ချက်ချင်းပဲ ထွက်ခွာသွားတယ် … ရှုမန်းကတော့ သူ့အကိုကြီးရဲ့အားနည်းချက်ကိုသိနေတာမို့ နည်းနည်းလေးမှတွေးမပူဘူး … ဒါပေမဲ့ အန္တရာယ်ကင်းအောင် အမြစ်ဖျက်ဖို့တော့လိုတယ် …
" ရှုမန်း မင်းအကိုကြီးကိုကြည့် …
အလုပ်ကလွဲပြီး သူ့အာရုံထဲမှာ ဘာမှမရှိဘူး …
သူကအဆင့်မြင့်အယ်ဖာဖြစ်တာတောင် သူ့ရဲ့အချိန်တွေကို အလဟသဖြုန်းမပြစ်ဖူး …
မင်းကသာမာန်အယ်ဖာဖြစ်ပြီး အချိန်တွေကိုဖုန်းတီးနေတယ် …
မင်းသာနည်းနည်းလေး ပိုကြိုးစားရင် ဖန်းဂူရဲ့တစ်ဝက်ကိုမှီရင် ရှန်ဟွှာက ပြိုင်ဘက်ကင်းဖြစ်သွားနိုင်တယ် "
အဖေကအဖိုးလိုမဟုတ်ဘူး … အကိုကြီးနဲ့အမြဲဥပမာပြပြီး လူကိုနှိမ်တယ် … တစ်နေ့အကိုကြီးမရှိတာ့ရင် ရှန်ဟွှာကို သူ့လက်အပ်ကိုအပ်ရမယ်လို့ ရှုမန်း စိတ်ထဲ၌ အမြဲရေရွတ်တယ် … အပြင်ပန်းမှာတော့ …
" သားနားလည်ပါပြီ "
သူ့ရဲ့မျက်နှာငယ်လေးနဲ့ သရုပ်ဆောင်ခြင်းက အဖိုးအရှေ့မှာ အရမ်းကိုအသုံးဝင်လွန်းတယ် …
" ကူးမန် … မြေးငယ်လေးက မြေးကြီးဖန်းဂူလောက် အင်အားမကြီးပေမဲ့ သူလဲကြိုးစားနေတာပဲ …
သူကအဆင့်မြင့်အယ်ဖာမဟုတ်တဲ့အကြောင်းကို ဆက်မပြောနဲ့တော့ …
ကလေးတွေကို သွေးထိုးသလိုဖြစ်နေပြီ "
" သားနားလည်ပါပြီ … ဖေဖေလဲအနားယူပါ "
ပြောပြီးသူတို့သားအဖိ ၂ ယောက်ထွက်သွားလေတယ် … သခင်ကြီးကတော့ အရင်အတိုင်းပဲ အခန်းထဲမှာ အထီးကျန်နေဆဲ …
*
*
*
မင်းယွီတစ်ယောက် ခြံကြီးထဲက ခုံတန်းလေးတစ်ခုမှာ ထိုင်နေတယ် … ခုချိန် သူ့အနားမှာ ချူးဖိုးဖိုးလဲမရှိဘူး အစောင့်တွေလဲမရှိဘူး …
ချူးဖိုးဖိုးပြောစကားအရဆိုရင် သခင်ကြီးဟွှာရန်းက သူတို့ကို ချက်ချင်းအပြန်မခိုင်းပဲ အိမ်တော်မှာ လူစုံတုန်းလေး ဧည့်သည်တွေကိုဖိတ်ပြီး ညပါတီကျင်းပမယ်လို့ပြောတယ် … ရက်အနည်းငယ်ထပ်နေဖို့လဲ အမိန့်ပေးထားတယ် …
ဟိုအိမ်မှာနဲ့ဆာရင် ဒီမှာနေရတာ လွတ်လပ်တယ် … ဘာကြောင့်လဲဆိုတော့ ဘယ်သူမှသူ့ကို ဂရုမစိုက်ကြဘူး … အားလုံးက သူ့ထက်အရေးကြီးတဲ့အရာတွေကိုပဲ ဂရုစိုက်ကြတယ် …
ခုပွဲလဲရှိနေတော့ အစောင့်တွေသိပ်မရှိကြဘူး … အားလုံးက ပွဲအတွက် ပြင်ဆင်နေကြတယ် … ဒီအချိန်က ထွက်ပြေးဖို့အကောင်းဆုံးအချိန်ပဲ …
ထိုသို့စဉ်းစားမိတော့ သူ့ရဲ့အကြည့်တွေက တံခါးမထံရောက်သွားတယ် … မဖြစ်နိုင်မှန်းသိပေမဲ့ အဲ့ဒိကနေကျော်သွားနိုင်ရင်ကောင်းမယ်လို့ တွေးထင်လိုက်မိလိုက်တယ် …
" မင်းထွက်ပြေးဖို့ကြံနေတာလား "
ထိုအသံက ဘယ်သူလဲဆိုတာ မင်းယွီချက်ချင်းသိလိုက်တယ် …
" ခများ "
" မင်းတစ်ယောက်ထည်းဆိုတိုင်း ထွက်ပြေးဖို့ အခွင့်အရေးရမယ် ထင်မနေနဲ့ "
" ကျွန်တော် မထင်ပါဘူး "
" ရော့ "
ဖန်းဂူက လက်ထဲက ဝိုင်ခွက်ကို မင်းယွီထဲကမ်းပေးလိုက်တယ် … သူ့ပုံစံက ဒေါသထွက်နေပုံလဲမပေါ်သလို ပျော်ရွှင်နေပုံလဲမပေါ်ဘူး …
သူက မင်းယွီဘေးမှာ ခြေတစ်ဖက်ချိတ်ထိုင်လိုက်ရင်း မင်းယွီကို စောင်းငဲ့ကြည့်ကာ မေးလိုက်တယ် …
" မင်းအစားရောပုံမှန်စားလား …
ဆေးရောသောက်ပြီးပြီလား …
ငါ့ကို ထက်ပြီး ဒုက္ခပေးဖို့မကြံနဲ့ "
ဒီအချိန်က အနားမှာဘယ်သူမှမရှိဘူး ဖန်းဂူနဲ့သူနဲ့ ၂ ယောက်ထည်း … ဒါကမေးဖို့မသင့်ပေမဲ့ သူရွေးချယ်မှု မှန်ကန်ဖို့အတွက် ဖန်းဂူကို မေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ် …
" ခများ ဘာကြောင့် အိမ်ထောင်မပြုသေးတာလဲ "
" မင်းက ဘာကိစ္စ ငါ့ကိုယ်ရေးကိုယ်သာကို ဝင်စွတ်ဖက်ချင်နေတာလဲ "
ဖန်းဂူအသံကမာထန်နေဆဲ … သူကို ထိုသို့မေးသာကြိုက်ပုံမပါ်ဘူး …
" ကျွန်တော်တောင်းပန်ပါတယ် "
" …… "
" နောက်တစ်ခု ထက်မေးလို့ရမလား "
" ဘာထပ်သိချင်ပြန်ပြီလဲ "
" ဟိုလေ … အကယ်၍ တစ်ယောက်ယောက်က ခများမသိအောင် ခများရဲ့သွေးသားကိုလွယ်ထားမယ်ဆို သူတို့ကို ဘာလုပ်ပြစ်မှာလဲဟင် "
" ဘာ "
သူ့ရဲ့အသံက ကျယ်လောင်သာမို့ မင်းယွီကိုယ်လေး တုန်သွားတယ် …
" မင်းဘာကိုမေးနေတယ်ဆိုတာရောသိရဲ့လား ……
မဟုတ်တာတွေ လျှောက်စဉ်းစားမနေနဲ့ …
မင်းကငါ့ရဲ့အစေခံ … ငါ့စကားကိုနားထောင် …
ပြီးတော့ ငါ့အတွက် စိန်တွေရှာပေးဖို့ပဲ မင်းလုပ်ရမယ် "
" ကျွန်တော်နားလည်ပါပြီ …
စိန်တွေကို ပြန်ရှာပေးပါ့မယ် …
ဒါပေမဲ့ ကျွန်တော်တောင်းဆိုစရာရှိတယ် "
" ပြော "
" ကျွန်တော့ကို ခများဘယ်သွားသွား ခေါ်သွားပေးပါ …
ထက်ပြီး အခန်းထဲမှာ ပိတ်လှောင်မခံချင်ဘူး "
ဖန်းဂူ ခနမျှတွေဝေသွားတယ် … သူက အလုပ်လုပ်နေတဲ့အချိန် လူအပိုတွေပါလာတာမျိုးမကြိုက်ဘူး … ဒါပေမဲ့ ဒီကောင်လေးက အရေးကြီးတာမို့ ခနလောက်တော့ သည်းခံမယ်လို့ ဆုံးဖြတ်လိုက်တယ် …
" ကောင်းပြီလေ … မင်းကိုခေါ်သွားပေးမယ် …
ဒါပေမဲ့ ထွက်ပြေးဖို့တော့မကြိုးစားနဲ့ …
မင်းငါ့ဘေးက ခနလေး ပျောက်သွားတာနဲ့ မင်းဘဝဆုံးဖို့သာပြင် "
" ဟုတ်ကဲ့ "
ဖန်းဂူက မင်းယွီကို ခနမျှစိုက်ကြည့်နေပြီး ပြောလာတယ် …
" ခုသွားနားတော့ …
ဒီနားမှာ ဘယ်သူမှရှိတာမဟုတ်ဘူး …
ခြံထဲမှာလဲ ဧည့်သည်တွေနဲ့ပြည့်နေတာ …
ခနနေရင် ပါတီစရတော့မယ် …
မင်းဒီမှာ ဆက်ထိုင်မနေနဲ့တော့ …
အိုမီဂါတစ်ယာက်က အပြင်မှာ ရှိမနေသင့်ဘူး "
" ဟုတ် … ကျွန်တော် ခနနေရင် သွားပါမယ် "
ဖန်းဂူထွက်သွားပြီ အတော်ကြာတဲ့ထိ မင်းယွီထိုင်နေမိတယ် … အိမ်တော်ထဲမှာ ပါတီတောင်စနေပြီ … ဆူညံသံတွေပြည့်နေပေမဲ့ အပြင်ဘက်မှာတော့ လူရှင်းနေတယ် …
" မင်းက ဟိုအစေခံမဟုတ်လား …
ဒီမှာဘာထိုင်လုပ်နေတာလဲ "
ထိုစကားသံအဆုံး၌ အရက်နံ့ပြင်းပြင်းကသူ့နှာခေါင်းထဲတိုးဝင်လာတာမို့ မင်းယွီအနောက်ကို လှည့်ကြည့်လိုက်တော့ မနက်ကသူတွေ့ခဲ့တဲ့ မိသားစုထဲကသားဖြစ်နေတယ် …
သူ့လက်ထဲမှာ အနက်ရောင်ဝိုင်ပုလင်းကိုကိုင်ထားပြီး သူ့ရဲ့အင်္ကျိတွေက ရင်ဘက်ထိဟထားတယ် … သူ့မှာလှပတဲ့ရုပ်ရည်ရှိပေမဲ့ ဖန်းဂူနဲ့ယှဉ်ရင် မိုးနဲ့မြေလိုပဲ …
ညီအကိုလို့ပြောရင် လုံးဝယုံကြည်နိုင်မှာမဟုတ်ဘူး … ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ဟော်မုန်းနံ့က ဖန်းဂူရဲ့အနံ့နဲ့ လုံးဝမတူနေပဲ ဆိုးဝါးလွန်းတယ် …
" ဟေး … မင်းငါ့ကို အဲ့လိုမကြည့်နဲ့ …
သေချင်လို့လား "
သူကရုတ်တရပ်ဒေါသထွက်လာပြီး မင်းယွီအင်္ကျိကော်လန်ကိုစောင့်ဆွဲလိုက်တယ် … ထိုစဉ်သူ့နှာခေါင်းထဲဝင်လာတဲ့အနံ့ကြောင့် သူ့မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ် …
" မွှေးတယ် …… မင်းရဲ့ရနံ့က အရမ်းကိုမွှေးလွန်းတယ် … ဟိုဟာမရဲ့အနံ့က ရွံဖို့ကောင်းတယ် …
မင်းကိုဘာကြောင့် အကိုကြီးက ရွေးချယ်လဲ သဘောပေါက်သွားပြီ … အဟား "
သူ့ရဲ့ခြောက်ကပ်ကပ်ရယ်သံက မင်းယွီကို ပို၍ပင် ကြောက်လန့်စေတယ် … သူကဖန်းဂူနဲ့တစ်စက်လေးမှမတူဘူး … သူ့ရဲ့မျက်နှာမှာ ယုတ်မာတော့မဲ့ အရိပ်မယောင်တွေ လွှမ်းမိုးနေတယ် …
" ခများဘယ်သူလဲ … ကျွန်တော့ကိုလွှတ် "
" အကိုကြီးက ငါ့အကြောင်းတွေမင်းကိုပြောပြမထားဘူးလား ……
ကောင်းပြီလေ ဒီလိုဆိုတော့လဲ ငါပဲပြောပြရမှာပေါ့ …
ငါက ဖန်းဂူရဲ့ညီရှုမန်း …
မင်းက ဖန်းဂူရဲ့အစေခံ …
သူကမင်းကိုမလိုချင်တော့ရင် သတ်ပြစ်မှာ …
ဒီတော့ ကိုကြီးမင်းကိုမသတ်ခင် ငါ့ကိုအားကိုးလိုက် "
" ခများဘာတွေပြောနေတာလဲ …
သူသတ်သတ်မသတ်သတ် ကျွန်တော့ကိစ္စ …
ိံ
ခများဝင်ပါစရာမလိုဘူး "
" အဟား … မင်းက ငါထင်ထားသာထက် သတ္တိရှိသားပဲ …
မင်းကိုယ်ပေါ်မှာ ကိုကြီးအနံ့တွေရနေတယ် …
မင်းတို့ပေါင်းဖက်ပြီးပြီလား … ပြစမ်း "
" အများ ဘာလုပ်တာလဲ … ခုလွှတ် "
ရှုမန်းမျက်လုံးတွေက နီရဲနေပြီး သူ့ရဲ့လှုပ်ရှားမှုတွေက ပြင်းထန်လွန်းတယ် … မင်းယွီရုန်းကန်ပေမဲ့ သူမင်းယွီလည်ဂုတ်ကို ခနလေးနဲ့ ကြည့်နိုင်ခဲ့တယ် … ဘာအမှတ်အသားမှမရှိတော့ သူက ခြောက်ကပ်ကပ်ရယ်ရင်း …
" ထင်းသားပဲ … မင်းက ဘာမှအသုံးမဝင်တဲ့အစေခံတစ်ယောက်ပဲ …
ကိုကြီးသုံးပြီးသားလိင်ကျွန်တစ်ယောက်က ဘာကြောင့် အိမ်တော်ထိပါလာရတာလဲ …
ပုံမှန်ဆို တစ်ခါသုံးပြီးရင် သတ်ပြစ်တာပါ …
ပြီးတော့ မင်းက အိုမီဂါလဲဖြစ်တယ် …
ဟမ့် … မင်းမှာဘာအကြံအစည်တွေရှိနေလဲ …
အကိုကြီးကို ဘယ်လိုမျိုး မြှူဆွယ်ထားတာလဲ "
မင်းယွီက ရှုမန်းလက်ထဲကနေ ရုန်ကန်ကာ ထလိုက်ပြီး …
" ခများကိုပြောပြစရာအကြောင်းမရှိဘူး …
ဒါက ကျွန်တော်နဲ့သူ့ရဲ့ကိစ္စ "
" မင်းကများ ရိုင်းစိုင်းလိုက်တာ …
ငါဘယ်သူလဲဆိုတာ မင်းသိအောင်ပြမယ် "
မင်းယွီထိုလူကို ဒေါသထွက်သွားဖို့ရည်ရွယ်ပေမဲ့ သေနတ်ထုပ်ရလောက်တဲ့ထိ ဒေါသထွက်သွားမယ်လို့ထင်မထားဘူး … ခုချိန်မှာ အနားမှာ ဘယ်သူမှရှိမနေတော့ သူလုပ်နိုင်တာက ထွက်ပြေးဖို့တစ်ခုတည်းပဲရှိတော့တယ် …
" မင်းကပြေးမယ်ပေါ့ဟုတ်လား …
စိတ်ဝင်စားစရာပဲ …
ဘယ်လောက်ထိပြေးနိုင်မလဲ ကြည့်ရအောင် "
သူက တမင်သက်သက် မင်းယွီကြောက်လန့်အောင် ကျဉ်တွေကို မင်းယွီကိုမထိစေပဲ အနားကနေယှက်ပြေးသွားအောင်ပြစ်တယ် …
အိမ်တော်ထဲမှာက ပွဲလုပ်နေတာမို့ ဘယ်သူမှမကြားရဘူး … အပြင်ကအစောင့်တွေကလဲ ပြစ်တဲ့သူက သခင်လေးဖြစ်နေလို့ ဝင်မပါရဲပဲ လျစ်လျူရှုထားကြတယ် …
သေနတ်သံကြားတော့ မင်းယွီတစ်ကိုယ်လုံးတုန်ခါနေပြီး ခြေထောက်တွကခွေယိုင်လာတယ် … အစကအမြန်ပြေးနေပေမဲ့ တဖြေးဖြေးအရှန်လျော့လာတယ် …
အနောက်ကလိုက်နေတဲ့လူက ပုံမှန်လမ်းလျှောက်သလိုမျိုးပဲသွားပြီး သေနတ်နဲ့ မင်းယွီခြေထောင်အချေကိုပစ်ခပ်နေတယ် …
တဖြေးဖြေးတံခါးမကြီးအနားရောက်လာတော့ မင်းယွီတွေဝေမနေပဲ တံခါးကိုတွန်းဖွင့်လိုက်တယ် …
" အ့ "
' ဒိုင်း '
ဒီတစ်ချက်က အနောက်ကလာသာမဟုတ်ပဲ မင်းယွီအရှေ့ကနေပြစ်လိုက်ခြင်းဖြစ်ပြီး ထိုကျဉ်က ရှုမန်းရဲ့ လက်မောင်းကို ထိမှန်ကာ သေနတ်အောက်ပြုတ်ကျသွားပြီး ကျယ်လောင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေတော့တယ် …
" အား "
မင်းယွီလဲကျသွားပေမဲ့ သူ့ကိုယ်က မြေပေါ်ကျမသွားပဲ တစ်စုံတစ်ရာက သယ်ဆောင်သွားသလို အော်သံတွေက တဖြေးဖြေးဝေးကွာသွားပြီးနောက်ဆုံး သတိလစ်သွားလေတော့တယ် …
……………………………………………………………………
( နောက်တစ်ပိုင်းမှာ ဇာတ်ကောင်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးမယ်နော် … 🤗
ဇာတ်လမ်းက နည်းနည်းတော့ရှုတ်နေတယ် … စာဖတ်ပျင်းတဲ့ဒါဒါတွေနဲ့ စာရေးပျင်းတဲ့ကိုနဲ့တော့တွေ့ပြီ … 😆
အကောင်းဆုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် ရေးသွားပ့မရ်နော် … 🥰
ဒါဒါလေးဆွေရဲ့ Voti နဲ့ Fb လေးတွေ မျှာ်နေပါ့မယ် … 😘😘 )
#Zawgyi
" သူက ဘယ္သူလဲ "
မင္းယြီအေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ သခင္နဲ႕ အခန္းထဲမွာေတြ႕ခဲ့ရတဲ့အဖိုး ရပ္ေနတာကို ေတြ႕လိုက္ရတယ္ … ဒီလူေတြအေၾကာင္း သူမသိေပမဲ့ သူတို႔မွာ ထူးျခားတဲ့အရွိန္အဝါေတြရွိေနတာကိုေတာ့ မင္းယြီခံစားရတယ္ …
သူတို႔ရဲ႕ပုံစံက ထပ္တူက်ေနၿပီး အဲ့ဒိအဖိုးရဲ႕အေနာက္မွာရပ္ေနတဲ့သခင္က အဖိုးရဲ႕ကိုယ္ပြားတစ္ခုလိုပဲ … အျဖဴေရာင္ေျပာင္းသြားတဲ့ဆံႏြယ္ ပါးေရနားေရတြန႔္ေနတာကလြဲ၍ က်န္တာအကုန္တူေနတယ္ …
ခု အဖိုးမွာ မ်က္မွန္ပါေနေတာ့ သူ႕ကိုၾကည့္တဲ့အၾကည့္ေတြက စူးရွေနၿပီး မင္းယြီေတာင့္မခံနိုင္ေတာ့ပဲ အၾကည့္ကိုခ်က္ခ်င္းလႊဲလိုက္ကာ ေခါင္းငုံ႕လိုက္တယ္ …
" ကြၽန္ေတာ္က … "
" သူက အေစခံတစ္ေယာက္ပါ "
သူ႕ရဲ႕အေျဖစကား မဆုံးေသးခင္ ထြက္ေပၚလာတဲ့ ဖန္းဂူရဲ႕အသံက ေအးဆက္ေနတယ္ … မင္းယြီေခါင္းငုံ႕ထား၍ သူ႕ရဲ႕မ်က္ႏွာကိုမျမင္ရေပမဲ့ အသံကိုၾကားယုံျဖင့္ သူ႕ရဲ႕မ်က္ႏွာ ဘယ္အမူအရာျဖစ္ေနလဲဆိုတာ မွန္ဆလို႔ရတယ္ …
" ေအာ … အေစခံတစ္ေယာက္တဲ့လား …
အိမ္ေတာ္ကို အေစခံတစ္ေယာက္ကိုေခၚလာဖူးတာ ဒါပထမဆုံးအႀကိမ္လို႔ထင္တယ္ …
သူက ဘယ္ေလာက္ေတာင္ အေရးပါတဲ့အေစခံမလို႔လဲ "
ဒီေကာင္ေလးနဲ႕ပတ္သပ္ၿပီး လူေတြကိုသိပ္မသိေစခ်င္ဘူး … ဒီေကာင္ေလးကို ေခၚထားရျခင္းရဲ႕ လွ်ို႔ဝွက္ခ်က္က စိန္ေတြေၾကာင့္ပဲ …
အကယ္၍ အဲ့ဒိအေၾကာင္းေတြကို ေကာင္ေလးက ႏႈတ္မလုံပဲ ေျပာလိုက္ရင္ ျပႆအႀကီးႀကီးျဖစ္သြားနိုင္တယ္ … ဒါေၾကာင့္မို႔ ဒီေကာင္ေလးက အေရးပါတဲ့သူတစ္ေယာက္မဟုတ္သလို ဟန္ေဆာင္မွျဖစ္မယ္ …
" ဘာမွအေရးပါသာမဟုတ္ဘူး … ဖိုးဖိုး …
ကြၽန္ေတာ္တို႔ သြားရေအာင္ "
ေျပာၿပီး ေရွာင္ထြက္သြားေတာ့ ေအးဆက္ဆက္ ေလတစ္ခ်က္က မင္းယြီမ်က္ႏွာကို တိုက္ခက္သြားတယ္ … သခင္ႀကီးကလဲ စိတ္ထဲမွာ အနည္းငယ္ အံ့ဩမိေပမဲ့ ေျမးျဖစ္သူက မသိေစခ်င္တာမို႔ ဆက္ၿပီးစစ္ေဆးမေနေတာ့ပဲ လူစုံေနတဲ့ ခန္းမရွိရာကို ထြက္သြားေလတယ္ … မင္းယြီရဲ႕ေဘးမွာ က်န္ရွိေနသူက သခင္မႀကီး မိုနန္း …
" မင္းနဲ႕ငါ့သားနဲ႕က အေျခအေနမေကာင္းဘူးလား "
" ကြၽန္ေတာ္နဲ႕သခင္က ၂ ဦးသေဘာတူ ဆက္ဆံသာမ်ိဳးမဟုတ္ပါဘူး …
ကြၽန္ေတာ္ကပဲ Heat တက္တိုင္း သခင့္ကိုဆြဲထားမိတာပါ …
ကြၽန္ေတာ္ … ကြၽန္ေတာ္က အေစခံတစ္ေယာက္ပါပဲ "
မင္းယြီအသံက ေဖ်ာ့သြားၿပီး တခနၿငိမ္သက္သြားတယ္ …
" ငါသိၿပီ … ဒါကမင္းတို႔ရဲ႕ဆက္ဆံေရးမို႔ ငါဘာမွမေျပာေတာ့ဘူး …
ဒါေပမဲ့ ငါ့သားကိုဆြဲထားနိုင္သာ မင္းတစ္ေယာက္ပဲရွိတယ္ …
ငါမင္းကို အခြင့္အေရးတစ္ခုေပးမယ္ …
ဒီ ၃ လအတြင္း ငါ့သားနဲ႕ကိုယ္ဝန္ရေအာင္လုပ္ပါ …
၃ လေက်ာ္သြားရင္ေတာ့ အေစခံတစ္ေယာက္ျဖစ္တဲ့ မင္းရဲ႕အသက္ကို ငါအာမမခံေပးနိုင္ေတာ့ဘူး …
အဲ့ဒိအခ်ိန္က်ရင္ ငါ့နည္းငါ့ဟန္နဲ႕ တစ္ျခားတစ္ေယာက္ရွာၿပီး ငါ့သားရဲ႕မ်ိဳးဆက္ကို ရေအာင္လုပ္ရမယ္ "
ထိုသို႔ေျပာလာေတာ့ သူတို႔အတြက္ ထိုမ်ိဳးဆက္ဆိုတာက ဘယ္ေလာက္အေရးပါမွန္ မင္းယြီခန႔္မွန္းမိလာတယ္ …
ဒါေပမဲ့ ကေလးရဖို႔အတြက္ အရင္ဆုံး အိမ္ေထာင္ျပဳဖို႔လိုအပ္တယ္ … ကေလးတစ္ေယာက္အေဖက အိမ္ေထာင္မရွိဘူးဆိုတာ ျဖစ္သင့္ရဲ႕လား …
ခုကိစၥမွာ အိမ္ေထာင္ျပဳဖက္မရွာပဲ ဘာေၾကာင့္ ခေလးေမြးဖို႔ကိုပဲ စိတ္အားထက္တန္ေနတာလဲ … ကေလးရလာရင္ သခင္ကေရာ အဲ့ဒိကေလးကို လက္ခံပါ့မလား …
ဒါဆိုရင္ သူကေရာ … ကေလးေမြးၿပီးသြားရင္ သူကေရာ ဘာဆက္ျဖစ္မလဲဆိုတာ သိခ်င္လာတာနဲ႕ ေမးၾကည့္လိုက္တယ္ …
" ကြၽန္ေတာ္ ကေလးေမြးၿပီးရင္ ဘာဆက္ျဖစ္မွာလဲ "
" မင္း ကေလးကိုထားခဲ့ၿပီး အေဝးဆုံးကို ထြက္သြားရမယ္ …
ငါလိုခ်င္တာက ငါ့သားရဲ႕မ်ိဳးဆက္ေလးပဲ …
ငါ့သားက အေႏွာင္အဖြဲ႕ေတြကိုမႀကိဳက္ဘူး …
ဒါေၾကာင့္ ကေလးကိုထားခဲ့ၿပီး မင္းက ရွန္ဟႊာရဲ႕အေဝးဆုံးကို ထြက္သြားရမယ္ "
ငါဘာေတြေမွ်ာ္လင့္ေနတာလဲ … ဒီကမာၻႀကီးမွာ ခ်မ္းသာတဲ့မိသားစုေတြရဲ႕ ေ႐ြးခ်ယ္မႈကိုခံရတဲ့ အိုမီဂါေတြက ကေလးေမြးေပးရတဲ့ လိင္ကြၽန္သာသာပဲ ဆက္ဆံခံရတယ္ဆိုတာကို ငါ့ဘာေၾကာင့္ ေမ့ေနရတာလဲ … ငါလဲပဲ သူတို႔ေတြနဲ႕ အတူတူပဲလား … ငါ့မွာေ႐ြးခ်ယ္ပိုင္ခြင့္ေရာ ရွိေသးလို႔လား …
အိုမီဂါတစ္ေယာက္ရဲ႕ အသက္တစ္ေခ်ာင္းက သူတို႔အတြက္ေတာ့ လက္မွာကပ္ေနတဲ့ ျမဴမႈံတစ္စလိုပဲ … အခ်ိန္မေ႐ြး ခါထုတ္လိုက္လို႔ရတယ္ …
ဒါေပမဲ့ အိုမီဂါေတြကေတာ့ သူတို႔ရဲ႕အသက္အတြက္ သူတို႔ရဲ႕ေသြးအသားကိုရင္းရမယ္ … ဒါက အဓိပၸာယ္မရွိတဲ့ ကမာၻႀကီးပဲ …
ငါဘာကိုေ႐ြးခ်ယ္သင့္လဲ …
အသက္ရွင္ဖို႔အတြက္ ေသြးသားကို ရင္းသင့္လား … ?
*
*
*
ရွန္ဟႊာအိမ္ေတာ္ရဲ႕ မိတ္ဆုံစားပြဲေလး စတင္ခဲ့ၿပီ … မင္းယြီက ဖန္းဂူအတြက္ေတာ့ အေစခံတစ္ေယာက္ျဖစ္တာမို႔ မိသားစုထမင္းဝိုင္းတြင္ ထိုင္ခြင့္မရွိပဲ မလွန္မကမ္းမွာပဲ ခ်ဴးဖိုးဖိုးနဲ႕အတူ ထိုင္ေနရတယ္ …
အာဏာရွင္ေတြရဲ႕ထမင္းဝိုင္းက ေအးဆက္သည္ဆိုတာထက္ ေအးဆက္လြန္းတယ္ … ခုခ်ိန္မွာ အိမ္ေတာ္ထဲ၍ တူသံေတြ ခြက္ခ်သံေတြနဲ႕သာျပည့္ေနတယ္ …
စားပြဲတန္းအရွည္ႀကီးေပၚမွာ အေငႊ႕တေထာင္းေထာင္းထေနတဲ့ နတ္သုဒၶါ ပမာ အနံ႕ေမႊးေမႊးေလးေတြနဲ႕ ဆြဲေဆာင္ေနတဲ့ ဟင္းပြဲမ်ိဳးစုံခင္းက်င္းထားၿပီး စားပြဲရွည္ထိပ္မွာ ထိုင္ေနသူက သခင္ႀကီး ရွန္ဟႊာရန္း …
သူ႕ရဲ႕နေဘးမွာ ခုံအလြတ္တစ္ခုရွိေနၿပီး ထိုခုံရဲ႕အေရွ႕မွာ ပန္းကန္လုံးနဲ႕ တူတစ္ေခ်ာင္းကို ခ်ထားတယ္ …
ဒီျမင္ကြင္းက ရွန္ဟႊာအိမ္တူအိမ္သားေတြအတြက္ မထူးဆန္းေပမဲ့ မင္းယြီအတြက္ကေတာ့ ထူးဆန္းေနၿပီး အေတာ္ၾကာ စိုက္ၾကည့္ေနၿပီးေတာ့မွ ထိုအဓိပၸါယ္ကို မင္းယြီသိသြားခဲ့တယ္ …
အထက္တန္းစားလူမ်ိဳးေတြက ထမင္းစားတဲ့အခါ အမိနဲ႕အဖကို ဦးထိပ္မွာထားၿပီး ေဆြမ်ိဳးေတြကို ဘယ္ဘက္နဲ႕ညာဘက္ဆိုၿပီး ခြဲျခားထားေလ့ရွိတယ္ …
သူတို႔ထိုင္ေနပုံကိုၾကည့္ျခင္းအားျဖင့္ သခင္ႀကီးရဲ႕ေဘးက ခုံအလြတ္ဟာ သခင္မႀကီးကို ရည္စူးထားျခင္းျဖစ္ၿပီး သူတို႔ဟာ ခုခ်ိန္ထိ ကြယ္လြန္သြားတဲ့သူက သူတို႔ စိတ္ထဲ၌ အၿမဲရွင္သန္ေနဆဲ ေမ့မရနိုင္ျဖစ္ေနမွန္း သိသာတယ္ …
သခင္ႀကီးရဲ႕ဘယ္ဘက္ခုံတန္းမွာ သခင္ဖန္းဂူရဲ႕မိခင္ဆိုသူနဲ႕ သခင္ရယ္ ဧည့္သည္အမ်ိဳးသမီးရယ္ ၃ ေယာက္ထိုင္ေနၾကတယ္ … ညာဘက္မွာေတာ့ ေနာက္မွေရာက္လာတဲ့ မိသားစု ၃ ေယာက္ထိုင္ေနၾကတယ္ …
ထိုမိသားစုထဲက အမ်ိဳးသားက သခင္နဲ႕ခြၽတ္စြပ္တူေနၿပီး သူတို႔က သားအဖဆိုတာ သိသာေပမဲ့ ဘာေၾကာင့္အတူမထိုင္တာလဲ …
အမ်ိဳးသမီး ၂ ေယာက္ျဖစ္ေနၿပီး သား ၂ ေယာက္ရွိေနတာက သူတို႔မိသားစု အခုလိုေအးဆက္ၿပီးတိတ္ဆိတ္ေနျခင္းရဲ႕ အဓိကအေၾကာင္းအရင္းတစ္ရပ္ျဖစ္မယ္လို႔ မင္းယြီထင္ေၾကးေပးလိုက္တယ္ …
" ေကာင္ေလး "
" ဗ်ာ … အဖိုး "
မင္းယြီထမင္းစားပြဲဝိုင္းကို စိုက္ၾကည့္ေနရင္း သူ႕ေဘက အဖိုးရဲ႕ေခၚသံေၾကာင့္ ခ်က္ခ်င္းပဲေခါင္းလွည့္ကာ ထူးလိုက္တယ္ …
အဖိုးက သက္ျပင္းတစ္ခ်က္ခ်လိဳက္ရင္း …
" အဖိုးနဲ႕လိုက္ခဲ့ "
ထိုသို႔ေျပာကာ အေရွ႕ကေနဦးေဆာင္ကာ ထြက္သြားသည္မို႔ မင္းယြီလဲ အေနာက္ကေန အသာေလး လိုက္လာခဲ့တယ္ …
အိမ္ေတာ္ထဲမွာ အေစာင့္ေတြက သူတို႔ကို မတားစီးပဲ လြတ္လပ္စြာ သြားလာခြင့္ ေပးထားသည္မို႔ မင္းယြီ ေၾကာက္စိတ္တို႔အနည္းငယ္ ေလ်ာ့သြားမိတယ္ …
အမွန္တိုင္းဝင္ခံရရင္ မင္းယြီလဲ အိမ္ေတာ္ႀကီးထဲမွာ အၾကာႀကီးမတိုင္ခ်င္ဘူး … ရွန္ဟႊာအိမ္ေတာ္က အဆင့္ျမင့္အယ္ဖာေတြရွိတာမို႔ သူတို႔ရဲ႕ေဟာ္မုန္းေတြက အိမ္ေတာ္ထဲမွာ ျပည့္ေနတယ္ …
မင္းယြီလို အိုမီဂါတစ္ေယာက္က အဲ့ဒိေနရာမွာ ဆက္မေနတာအေကာင္းဆုံးပဲ … ဘယ္လိုပဲျဖစ္ျဖစ္ေလ တစ္ေယာက္ထည္း ေလွ်ာက္သြားေနတာထက္ ခုလိုလူႀကီးတစ္ေယာက္ေနာက္လိုက္လာတာက သူ႕အတြက္ အႏၲရာယ္ကင္းတယ္ …
" အဖိုး … ကြၽန္ေနာ္တို႔ ဘယ္ကိုသြားေနတာလဲဟင္ "
ခ်ဴးဖိုးဖိုးက အေနာက္ကိုလွည့္မၾကည့္ပဲ သြားေနတာမို႔ မင္းယြီလွမ္းေမးတဲ့အခါမွ သူကအနည္းငယ္ေခါင္းလွည့္လာၿပီး ခ်ိဳသာစြာ ျပန္ေျဖလာတယ္ …
" မေၾကာက္ပါနဲ႕ … ဒါက ရွန္ဟႊာအိမ္ေတာ္ပါ …
အိုမီဂါတစ္ေယာက္ကို အနိုင္က်င့္တဲ့ဂိုဏ္းမဟုတ္ဘူး "
" ကြၽန္ေတာ္ယုံပါတယ္ "
မင္းယြီဆက္မေျပာေတာ့ပဲ တိတ္တဆိတ္လိုက္လာခဲ့တယ္ … ခုေသခ်ာၾကည့္ေတာ့မွ ခ်ဴးဖိုးဖိုးနဲ႕ ခ်ဴးရွန႔္က ႐ုပ္ခ်င္းတူယုံမကပဲ သူတို႔ရဲ႕အမူအယာ အေျပာအဆိုကစတူေနၿပီး ေလးေထာင့္ပုံပါဝါမ်က္မွန္ကို လက္နဲ႕ပင့္တင္ၿပီး ေျပာတတ္တဲ့အက်င့္ကအစ တူညီေနတယ္ …
" ေကာင္ေလး … အဖိုးမင္းကို ဒီေနရာေခၚလာတဲ့အေၾကာင္းက မင္းသိခ်င္တဲ့အရာေတြကို ေျပာျပခ်င္လို႔ပါ "
" ဗ်ာ "
" မင္း အဲ့ဒိခုံကိုစိုက္ၾကည့္ေနတာေတြ႕တယ္ …
သူတို႔အေၾကာင္းကို မသိခ်င္ဘူးလား "
အဖိုးဆိုလိုတာက သခင္ႀကီးေဘးနားက ခုံအလႊတ္အေၾကာင္းကိုေျပာေနမွန္း မင္းယြီသေဘာေပါက္သြားတယ္ …
" ကြၽန္ေတာ္သိခ်င္တယ္ "
" ဒါဆို လိုက္ခဲ့ "
ၿပီးေနာက္ ခ်ဴးဖိုးဖိုး ေခၚရာအေနာက္သို႔ ဆက္လိုက္လာခဲ့တယ္ …
ခုေရာက္ရွိေနတဲ့ေနရာက ႀကီးမားတဲ့အိမ္ေတာ္ႀကီးရဲ႕ ေနာက္ေဖးက အိမ္ငယ္ေလးတစ္လုံးအေရွ႕မွာျဖစ္ၿပီး ထိုေနရာတြင္ အေစာင့္တစ္ေယာက္မွရွိမေနဘူး …
အိမ္ရဲ႕ပုံစံက တစ္ထပ္အိမ္ေလးဆိုေပမဲ့ ရာဇဝင္ေတြထဲက အိမ္ငယ္ေလးေတြလို သစ္သားနဲ႕အလွဆင္ထားၿပီး ေရွးရိုးဆန္ေပမဲ့ အျမင္သင့္တယ္လွတယ္ …
တံခါးဖြင့္ၿပီးဝင္လိုက္ေတာ့ အထဲမွာ ျမဴမႈံတစ္စပင္ရွိမေနပဲ လူတစ္ေယာက္ေနထိုင္သလိုမ်ိဳး ပစၥည္းမ်ိဳးစုံရွိေနၿပီး သန႔္ရွင္းေတာက္ေျပာင္ေနတယ္ …
ဝင္ဝင္ခ်င္း တံခါးရဲ႕အေရွ႕မွာ ေလးေထာင့္စားပြဲေလးတစ္လုံးရွိေနၿပီး အေပၚမွာ မီးအိမ္ေလးတစ္လုံးနဲ႕ စာအုပ္တစ္ခ်ိဳ႕ကို တင္ထားတယ္ … ေအာက္မွာေတာ့ ထိုင္ဖို႔အထြက္ ေလးေထာင့္အတုံးေလး ၂ ခုခ်ထားတယ္ …
ညာဘက္မွာေတာ့ မီးဖိုေခ်ာင္လိုမ်ိဳး အခန္းေလးတစ္ခုရွိေနၿပီး ဘာအိုးခြက္ပန္းကန္မွမရွိေနပဲ ေျပာင္ရွင္းေနတယ္ … အဲ့ဒိေနရာမွာ တစ္ႀကိမ္တစ္ခါမွ ထမင္းဟင္း ခ်က္စားပုံမေပၚဘူး …
ဘယ္ဘက္မွာေတာ့ လိုက္ကာေလးခ်ားထားတဲ့ အခန္းေလးတစ္ခုရွိေနၿပီး ခ်ဴးဖိုးဖိုးက ထိုအခန္းထဲကို ဝင္သြားတာမို႔ မင္းယြီလဲအေနာက္ကေန အသာေလး လိုက္ဝင္လာခဲ့တယ္ …
အထဲမွာ ကုတင္တစ္လုံးရယ္ အဝတ္အစားဘီဒိုရွိေနၿပီး အခန္းက က်ယ္လြန္းတာမို႔ အားလုံးက ရွင္းလင္းေနတယ္ …
တစ္အိမ္လုံးမွာမွ ျပတင္းေပါက္တစ္ခုသာရွိေနၿပီး ထိုျပတင္းေပါက္က အိမ္ေတာ္ႀကီးဘက္ကိုမ်က္ႏွာမူေနကာ ဒီအိမ္ထဲကပုံရိပ္ကို အိမ္ေတာ္ႀကီးေပၚကေန ၾကည့္လို႔ရေအာင္ ဖန္တီးထားပုံပဲ …
အရာအားလုံးကို ၿခဳံငုံၾကည့္လိုက္ရင္ ဒီေနရာက အိမ္တစ္လုံးထက္ အခ်ဳပ္ခန္းတစ္ခုနဲ႕တူေနတယ္ …
" ဒီေနရာက သခင္မႀကီး မေသခင္ ေနသြားတဲ့ေနရာပဲ "
" …… "
မင္းယြီႏႈတ္ဆိတ္သြားမိတယ္ … သူထင္တာက ဒီေနရာဟာ လူတစ္ေယာက္ကို ပိတ္ေလွာင္တဲ့ေနရာဟူ၍ … ဒါေပမဲ့ အဲ့ဒိလူက ဘာေၾကာင့္သခင္မႀကီးျဖစ္ေနတာလဲ …
" ေကာင္ေလး …
မင္းဒီအိမ္ေတာ္နဲ႕ မပတ္သပ္ရင္ အေကာင္းဆုံးပဲ "
" ဘာေၾကာင့္လဲ "
မင္းယြီသိခ်င္စိတ္ေတြ မထိန္းနိုင္ေတာ့ဘူး … ၾကာေလ ဒီအိမ္ေတာ္က သူထင္ထားတာထက္ ပိုၿပီး အႏၲရာယ္မ်ားတယ္ဆိုတာ သိသာလာတယ္ …
" ဘာအေႏွာင္အဖြဲ႕မွမထားပဲ ဒီကေန ထြက္သြားနိုင္မဲ့ နည္းကို အသုံးခ်ပါ "
" အဖိုးသိေနတာလား "
သူေျပာခ်င္တဲ့အရာက သခင္မႀကီးေျပာထားတဲ့ ကိုယ္ဝန္ကိစၥကိုပဲ … အဖိုးကလဲ သိေနသည့္နယ္ ေခါင္းၿငိမ့္ျပလာတယ္ …
" အင္း … သခင္မႀကီး မင္းကို တစ္ခုခုေျပာၿပီးၿပီမဟုတ္လား "
မင္းယြီခ်က္ခ်င္းပဲ ေခါင္းၿငိမ့္ကာ ျပန္ေျဖလိုက္တယ္ …
" ဟုတ္တယ္ …
ကြၽန္ေတာ့ကို သခင္ေလးရဲ႕ကေလးယူဖို႔ေျပာတယ္ "
" မင္းနဲ႕ဆို သခင္မႀကီး ခုလိုေျပာတာ လူေပါင္းမနည္းေတာ့ဘူး …
ဒါေပမဲ့ သခင္ေလးကအားလုံးကိုျငင္းဆန္တယ္ …
သူကအိုမီဂါေတြကို မႏွစ္သက္ဘူး …
ငယ္ငယ္ကအတိတ္ေၾကာင့္ဆိုတာထက္ ခုလုပ္ေနတဲ့အလုပ္က အေႏွာင္မဖြဲ႕မရွိတာကအေကာင္းဆုံးမို႔ "
" သခင္ေလးအတြက္ မ်ိဳးဆက္က ဘာေၾကာင့္အေရးႀကီးတာလဲ …
ၿပီးေတာ့ သူက လက္မထပ္ဘူးလား "
" လက္ထပ္တာက သခင္ေလးအတြက္ လြယ္ကူတယ္ …
ဘာေၾကာင့္လဲဆိုေတာ့ အလုပ္ေၾကာင့္ဆို အခ်စ္မပါလဲ သူလက္ခံမွာပဲ …
ဒါေပမဲ့ မ်ိဳးဆက္အတြက္ကိုေတာ့ သူလုပ္ေဆာင္မွာမဟုတ္ဘူး …
သခင္မႀကီးဆိုးရိမ္တာက သခင္ေလးရဲ႕အိမ္ေထာင္ေရးအတြက္မဟုတ္ပဲ မ်ိဳးဆက္အတြက္ပဲ "
" ဒါဆို သခင့္မွာ အိမ္ေထာင္ဖက္ရွိေနၿပီေပါ့ "
" အဲ့ဒါကလဲ မေသခ်ာပါဘူး …
သခင္ေလးက အဲ့လိုဘက္ေတြသိပ္အေရးမထားဘူး …
အဖိုးျမင္ရသေလာက္ဆို ခုသခင္အသက္ ၂၈ ရွိၿပီ သူ႕အ႐ြယ္ေတြအားလုံး အိမ္ေထာင္သည္ေတြျဖစ္ကုန္ၾကၿပီ …
ဒါေပမဲ့ သခင္ေလးကေတာ့ ဘာအေႏွာင္အဖြဲ႕မွမထားဘူး …
အဲ့ဒါက သူ႕ကိုေႏွာက္ယွက္ေနတဲ့သူေတြရဲ႕ ရႈံးနိမ္းျခင္း တစ္ခုေပါ့ …
သူတို႔က သခင္ေလးရဲ႕အားနည္းခ်က္ကိုပဲအၿမဲရွာေနတာ …
မရွိေတာ့ သူတို႔ဘာမွမတတ္နိုင္ၾကဘူးေလ "
" ဒါဆို က်ေနာ္ ကေလးယူလိုက္ရင္ေရာ သခင္အတြက္အားနည္းခ်က္ျဖစ္သြားမွာလား "
" အဲ့ဒိအတြက္ကမပူပါနဲ႕ …
မင္းနဲ႕သခင္ အေႏွာင္အဖြဲ႕မျဖစ္သ၍ မင္းအႏၲရာယ္ကင္းတယ္ …
သခင္အတြက္ မင္းကအေႏွာင္အဖြဲ႕တစ္ခု မျဖစ္ေစနဲ႕ေပါ့ …
သခင္မခိုင္းတဲ့အတိုင္း မ်ိဳးဆက္ကိုေမြးေပးၿပီး မင္းဒီကေန ထြက္သြားတာအေကာင္းဆုံးပဲ …
က်န္ရွိေနတဲ့အရာေတြကို မင္းဥေပကၡာျပဳနိုင္ရင္ မင္းဒီဘဝကေနလြတ္ေျမာက္နိုင္လိမ့္မယ္ "
မင္းယြီတခနမွ် ေတြေဝသြားတယ္ … သူက ဥေပကၡာျပဳနိုင္လွ်င္ေတာင္မွ အဲ့ဒိကေလးရဲ႕ဘဝက သာယာပါ့မလား …
အကယ္၍ သူကေလးေမြးၿပီးမွ သခင္ရဲ႕အမ်ိဳးသမီးက ကေလးထပ္ေမြးရင္ေရာ … သူလိုအေစခံတစ္ေယာက္ကေနေမြးတဲ့ကေလးကို သူတို႔ ဆက္ၿပီးလက္ခံပါအုံးမလား … ရက္ရက္စက္စက္ သတ္ျပစ္ရင္ေရာ …
" ဟင့္အင္ … အဲ့လိုျဖစ္လို႔မရဘူး "
မင္းယြီလက္ေတြတုန္ခါလာတယ္ … ဘယ္လိုပဲေတြးေတြး အနာဂတ္ မေသခ်ာမေရရာပဲ အျပစ္မဲ့တဲ့ကေလးငယ္ကို သူဝဠ္မခံေစခ်င္ဘူး … ေသရမယ္ဆိုရင္ေတာင္ အဲ့ဒိကေလးအစား သူပဲေသျပစ္လိုက္မယ္ …
" ေကာင္ေလး အဆင္ေျပရဲ႕လား "
အဖိုးက စိုးရိမ္တႀကီးေမးလာေတာ့ မင္းယြီ မ်က္လုံးရဲရဲေလးနဲ႕ၾကည့္ကာ အထစ္ထစ္နဲ႕ ေမးလိုက္တယ္ …
" ကြၽန္ေတာ္ … ကြၽန္ေတာ္ …
ကေလးမယူလို႔မရဘူးလား …
တျခား … တျခားအရာကို ေ႐ြးခ်ယ္ရင္ေရာ "
" ဒါကမင္းရဲ႕ေ႐ြးခ်ယ္မႈအေပၚမူတည္တယ္ …
ဒီအိမ္ေတာ္က မင္းထင္သေလာက္မရိုးရွင္းဘူး …
ဒီအိမ္ေတာ္ထဲ ေရာက္ၿပီဆိုတာနဲ႕ မင္းဘဝက ျပန္လမ္းမဲ့သြားၿပီ …
အဖိုးက ဒီအိမ္ေတာ္ရဲ႕ လူယုံေတာ္တစ္ေယာက္ပါ …
ခုေကာင္ေလးကို အဖိုးေျပာျပတာက သခင္ကိုသစၥာေဖာက္ေနတာမဟုတ္ဘူး …
မင္းက ဒီအိမ္ေတာ္အေၾကာင္း ဘာတစ္ခုမွမသိပဲ ေရာက္လာတာဆိုေတာ့ အမွားေတြမလုပ္မိေအာင္ သတိေပးခ်င္တာ "
" ကြၽန္ေတာ့ကိုအမွန္အတိုင္းေျပာျပနိုင္မလား …
သူတို႔က ဘယ္လိုလူမ်ိဳးေတြလဲ …
ၿပီးေတာ့ သခင္မႀကီးကို ဘာေၾကာင့္ ဒီမွာထားတာလဲ "
ခ်ဴးဖိုးဖိုးက မင္းယြီမ်က္ႏွာေလးကို ေသခ်ာစိုက္ၾကည့္ေနတယ္ … သူ႕ရဲ႕လက္တဖက္က မင္းယြီအကၤ်ိေကာ္လန္အေနာက္ကို ဆြဲကာၾကည့္လိုက္တယ္ …
" အမွတ္အသားမရွိေသးဘူးပဲ …
ေကာင္ေလး မင္းမွာထူးျခားတဲ့ရနံ႕တမ်ိဳးရွိတယ္ …
အဖိုးက ဘီတာတစ္ေယာက္ဆိုေပမဲ့ အဲ့ဒိရနံ႕ကို ေကာင္းေကာင္းႀကီးသိတယ္ …
မင္းရဲ႕ေဟာ္မုန္းနံ႕က ဒီအိမ္ေတာ္မွာ ေနသြားတဲ့ သခင္မႀကီးရဲ႕ေဟာ္မုန္းနံ႕နဲ႕ အတူတူပဲ "
" …… "
မင္းယြီမ်က္ဝန္းေတြျပဴးက်ယ္သြားတယ္ … အိုမီဂါေတြအားလုံးက ေဟာ္မုန္းနံ႕ေတြ တူညီၾကတာမဟုတ္ဘူးလား … ဘာေၾကာင့္ ထူးျခားတယ္ ဆိုတာရွိေနေသးလဲ …
အဖိုးကဆက္ေျပာတယ္ …
" သခင္မႀကီးက တကယ္ေတာ့ သခင္ႀကီးနဲ႕ပထမဆုံး လက္ထက္ခဲ့တဲ့သူမဟုတ္ဘူး …
သူကသခင္ႀကီးရဲ႕အခ်စ္ဦး …
ဒါေပမဲ့ သူအမွတ္အသားမေပးရေသးခင္မွာ တျခားသူက ဦးသြားတယ္ "
" ဒါဆိုရင္ သခင္ဖန္းဂူက သခင္မႀကီးနဲ႕ ေသြးမေတာ္စပ္ဘူးေပါ့ "
" အဲ့လိုလဲမဟုတ္ျပန္ဘူး …
ဒီအိမ္ေတာ္က မ်ိဳးဆက္ေတြအားလုံးက သခင္မႀကီးနဲ႕ သခင္ႀကီးကေနရတဲ့ သန႔္စင္တဲ့မ်ိဳးဆက္ေတြပဲ …
ဒါေပမဲ့ ပထမဆုံးေမြးလာတဲ့ကေလးကို သခင္ႀကီးက ရက္ရက္ဆက္ဆက္သတ္ျပစ္ခဲ့တယ္ေလ "
" …… "
မင္းယြီထပ္မံၿပီး တိတ္ဆိတ္သြားတယ္ …
ကို႔ေသြးသားမဟုတ္ရင္ေတာင္မွ အျပစ္မရွိတဲ့ ကေလးငယ္ကို ဘာေၾကာင့္သတ္ျပစ္ရက္တာလဲ …
ထိုခန၌ မင္းယြီအာ႐ုံထဲမွာ ေျမေအာက္ခန္းထဲ၌ ဖန္းဂူ လူေတြကို ရက္ရက္စက္စက္ ေသနတ္နဲ႕ ျပစ္သတ္ေနတဲ့ ျမင္ကြင္းကို ျပန္ျမင္ေယာင္လာတယ္ …
အျပစ္မဲ့တဲ့ သားအမိကိုေတာင္မွ လႊတ္မေပးခဲ့ဘူး … ဒါဆိုရင္ သူ႕ကေလးကိုေရာ … ဟင့္အင္ မျဖစ္ရဘူး …
" အဲ့ဒိအခ်ိန္တုန္းကေတာ့ သခင္ႀကီးက ကေလးငယ္ကို တျခားေနရာမွာပို႔ထားၿပီး အႏၲရာယ္ကင္းကင္းနဲ႕ ေစာင့္ေရွာက္ထားတယ္လို႔ သခင္မႀကီးကို လိမ္ညာခဲ့တယ္ …
အမွန္တရားဆိုတာ ေသတဲ့ထိ မဖုံးကြယ္နိုင္ဘူး …
သခင္ေလးဖန္းဂူ ၈ ႏွစ္႐ြယ္မွာပဲ သခင္မႀကီးက အျဖစ္မွန္ေတြအားလုံးကိုသိသြားၿပီး သခင္ႀကီးအေပၚ စတင္ၿပီးေအးဆက္လာတယ္ …
တေျဖးေျဖး လ်စ္လ်ဴရႈလာတယ္ …
ေနာက္ဆုံး သူ႕ေသြးသားကို ရက္ရက္စက္စက္သတ္ခဲ့တဲ့ သခင္ႀကီးကို ဆက္ၿပီးမေပါင္းနိုင္ေတာ့ဘူးဆိုၿပီး အိမ္ေတာ္ကေနထြက္ေျပးတယ္ …
ေနာက္ဆုံး ရရွိခဲ့တဲ့အက်ိဳးရလဒ္က ေသတဲ့ထိ ဒီအိမ္ႀကီးထဲမွာ ပိတ္ေလွာင္ခံခဲ့ရတာပဲ "
" သခင္ႀကီးက မခ်စ္ေတာ့လို႔လား "
" မဟုတ္ဘူး … သခင္ႀကီးသာ မခ်စ္ေတာ့ရင္ သခင္မႀကီးေသေနတာၾကာၿပီ …
ခုက သူခ်စ္လြန္းလို႔ သူအခ်စ္ရဆုံးသူ အနားကေနထြက္မသြားေအာင္ ခ်ဳပ္ေႏွာင္တဲ့သေဘာပဲ …
အဲ့ဒိအရာကပဲ သခင္မႀကီးရဲ႕ အဆုံးသတ္ ျဖစ္ေစခဲ့တယ္ "
" ဒါဆို သခင္မႀကီးက ကိုယ့္ကိုယ္ကို သတ္ေသသြားတာေပါ့ …
သခင္ႀကီးရဲ႕ခြင့္ျပဳခ်က္မရပဲနဲ႕ေလ "
ခ်ဴးဖိုးဖိုးက မင္းယြီကို တခနမွ် စိုက္ၾကည့္လိုက္တယ္ … ရွန္ဟႊာမွာ ကိုယ့္ကိုယ္ကို သတ္ေသခြင့္မရွိဘူးဆိုတာ မသိဘူးလား … သူက သက္ျပင္းတစ္ခ်က္ခ်ရင္း …
" သခင္မႀကီးက က်န္းမာေရးမေကာင္းဘူး … ဒါေပမဲ့ သူ႕ရဲ႕ေရာဂါက ေသေလာက္ေအာင္မျပင္းထန္ဘူး …
သခင္မႀကီးကို ေသေစခဲ့တဲ့အရာက သခင္ႀကီးကိုယ္တိုင္ေရာင္းခဲ့တဲ့ သူ႕မိတ္ေဆြရဲ႕ လက္နက္ေၾကာင့္ပဲ …
သူတို႔ကသခင္ႀကီးရဲ႕အားနည္းခ်က္ကိုသိတယ္ေလ …
သခင္မႀကီးေသရင္ သခင္ႀကီးပါ ၿပိဳလဲမယ္လို႔ထင္ေနခဲ့ၾကတာ … "
သူကတစ္ခနမွ်ရပ္လိုက္ရင္း မ်က္ႏွာမွာ ဝမ္းနည္းမႈအခ်ိဳး ျဖတ္ေျပးသြားတယ္ … အျဖစ္အပ်က္ေတြက ႏွစ္ေတြၾကာခဲ့ေပမဲ့ မေန႕တေန႕ကလိုပဲ ခ်ဴးဖိုးဖိုး အာ႐ုံထဲမွာ ျပန္ေပၚလာတယ္ … ၿပီးေနာက္ သူက ဆက္ေျပာတယ္ …
" တကယ္ေတာ့ သခင္မႀကီးကလဲ သခင္ႀကီးကိုခ်စ္ရွာတယ္ …
သူျဖစ္ေစခ်င္တဲ့သေဘာက သခင္ႀကီးကို အသိတရားဝင္ၿပီး လူေကာင္းတစ္ေယာက္ျဖစ္ေစခ်င္တာ …
ဒါေပမဲ့ ရွန္ဟႊာရန္းက နာမည္တစ္လုံးနဲ႕ေနတဲ့သူ …
သူကေအာင္ျမင္သလို သူ႕ရဲ႕ေဘးမွာ အႏၲရာယ္ေတြလဲပတ္လည္ဝိုင္းေနတယ္ …
သခင္မႀကီးက ဒီလိုဘဝမ်ိဳးမွာ မေပ်ာ္ေမႊ႕ဘူး …
ဖမ္းခ်ဳပ္ခံရၿပီး ၁၀ ႏွစ္ေလာက္ထိ သည္းခံေနခဲ့ေပမဲ့ ေနာက္ဆုံးေတာ့ ျပင္လို႔မရတဲ့ ဒီေလာကႀကီးကို လက္ျမႇောက္ အရႈံးေပးသြားတယ္ …
အဲ့ဒိက်ဥ္ဆံကို သူေရွာင္နိုင္ေပမဲ့ မလုပ္ခဲ့ဘူး …
ေသေလာက္တဲ့နာက်င္မႈကို ေက်ေက်နပ္နပ္ႀကီး ခံယူခဲ့တယ္ …
ဒါေပမဲ့ က်န္ရွိေနတဲ့သခင္ႀကီးကေတာ့ အ႐ူးတစ္ပိုင္းအျဖစ္ ေျပာင္းလဲသြားတယ္ …
ခုဆို သခင္မႀကီးဆုံးသြားတာ ၁၀ ႏွစ္ေက်ာ္ၿပီ "
၁၀ ႏွစ္ဆိုတဲ့အခ်ိန္ကာလက ေသသြားတဲ့လူတစ္ေယာက္ကို ေမ့ေပ်ာက္ဖို႔အခ်ိန္ေကာင္းပဲ … ဒါေပမဲ့ သူတို႔ပုံစံက ေသသြားတဲ့သူအမွန္တကယ္ ရွိေနေသးသလို ဆက္ဆံေနတယ္ …
ဒီေလာက္ေတာင္မွခ်စ္ရင္ ဘာေၾကာင့္မ်ား အခ်စ္အတြက္ မေပးစပ္နိုင္ရတာလဲ … ဘာေၾကာင့္ မကာကြယ္နိုင္ရတာလဲ … သူလုပ္တဲ့အလုပ္က အခ်စ္ထက္ တန္ဖိုးရွိေနလို႔လား … သူတို႔က ဘယ္လိုလူမ်ိဳးေတြလဲ …
" အဖိုး ဘာေၾကာင့္ ဒီအေၾကာင္းေတြေျပာျပေနတာလဲ …
ၿပီးေတာ့ သခင္ႀကီးဆိုတဲ့လူက သူ႕မိန္းမထက္ အႏၲရယ္မ်ားတဲ့ အလုပ္ကို ဘာေၾကာင့္ မစြန႔္လႊတ္နိုင္သာလဲ …
သူသာေျပာင္းလဲလိုက္မယ္ဆိုရင္ ဘယ္သူမွလဲ အႏၲရာယ္မျပဳေတာ့သလို သခင္မႀကီးလဲ ေသမွာမဟုတ္ဘူး "
မင္းယြီစကားေၾကာင့္ ခ်ဴးဖိုးဖိုး ခနမွ်ေတာင့္ခဲသြားတယ္ …
" ေကာင္ေလး … မင္းမသိတဲ့အရာေတြ အမ်ားႀကီးရွိေသးတယ္ …
သခင္ႀကီးတို႔ရဲ႕အလုပ္က မင္းထင္သေလာက္မလြယ္ကူဘူး …
ေနာက္ျပန္လွည့္ခ်င္ရင္ေတာင္ အခ်ိန္မရွိေတာ့ဘူး …
ေရွ႕ဆက္ၿပီး ပန္းတိုင္ေရာက္မွ စိတ္ခ်ရမွာ …
ခုအဲ့ဒိပန္းတိုင္ကိုေရာက္သြားေပမဲ့ အသက္တစ္ေခ်ာင္ကိုေတာ့ စေတးလိုက္ရတယ္ …
ခုခ်ိန္မွာ ရွန္ဟႊာကို ဘယ္အရာကမွ ထိခိုက္ေအာင္မလုပ္နိုင္ေပမဲ့ သူခ်စ္ရတဲ့သူမရွိေတာ့ သခင္ႀကီးကမာၻက ေအးခဲသြားတယ္ …
အဓိပၸာယ္မရွိေတာ့သလိုမ်ိဳးပဲ "
အဲ့ဒါက အေႏွာင္အဖြဲ႕ဆိုတဲ့အရာရဲ႕ေႏွာက္ယွက္မႈလား … သူတို႔အလုပ္ကို အခ်စ္ထက္တန္ဖိုးထားေနရင္ ဘာေၾကာင့္ခ်စ္ေနေသးလဲ …
" သခင္ေလးဘာေၾကာင့္အေႏွာင္အဖြဲ႕မထားလဲ သေဘာေပါက္ၿပီလား …
သူ႕အဖိုးလိုအျဖစ္မ်ိဳးနဲ႕ မႀကဳံခ်င္လို႔ပဲ "
" ကြၽန္ေတာ္နားလည္ပါၿပီ …
ဒါေပမဲ့ သခင္မရဲ႕ေထာင္းဆိုမႈကို ကြၽန္ေတာ္အခ်ိန္ယူၿပီး စဥ္းစားခ်င္တယ္ …
အကယ္၍ကြၽန္ေတာ္ လက္မခံနိုင္ရင္ေတာင္ ကြၽန္ေတာ္ေသဖို႔မေၾကာက္ဘူး …
ဒါကကြၽန္ေတာ္ေ႐ြးခ်ယ္တဲ့ အျပစ္မရွိတဲ့ကေလးအေပၚထားတဲ့စစ္မွန္တဲ့ ေမတၱာေၾကာင့္ပဲ "
ခ်ဴးဖိုးဖိုး တစ္ခနမွ်တိတ္ဆိတ္သြားမိတယ္ … ဒါေပမဲ့ ဒီေကာင္ေလးရဲ႕အနာဂတ္က မွန္စလို႔မရဘူး … သူ႕အတြက္ အႏၲရာယ္ကင္းေစဖို႔ ေမွ်ာ္လင့္ရေတာ့မွာေပါ့ …
*
*
*
စားေသာက္ပြဲၿပီးသြားေတာ့ လူေတြအားလုံး ဧည့္ခန္းထဲက ခုံေပၚမွာ ထိုင္ေနၾကၿပီး လြန္ခဲ့တဲ့လေတြက ႀကဳံေတြ႕လာခဲ့သမွ်ကို စတင္ေျပာျပရန္ အခ်ိန္သို႔ ေရာက္လာခဲ့တယ္ …
ပထမဆုံး သခင္မမိုနန္းက စတင္ခဲ့တယ္ …
" ေဖေဖ သူမက သမီးေျပာျပတဲ့ ရက္စ္ဒီ …
Mr.အန္းဂါးစ္ရဲ႕သမီးေလး …
ခုသားေလးရဲ႕အိမ္ေတာ္မွာ တည္းေနတာ "
အန္းဂါးစ္ဆိုသူက အေနာက္တိုင္း ၿမိဳ႕ဝန္တစ္ဦးျဖစ္သလို မာဖီးယားေလာကနဲ႕ေပါင္းသင္းထားတာမို႔ သူ႕ရဲ႕အရွိန္အဝါက ရွန္ဟႊာနဲ႕ လယ္ဘယ္တူေနတယ္ …
ခုေလာေလာဆယ္လဲ ထို Mr.အန္းဂါးစ္ရဲ႕အေၾကာင္းက ဂိုဏ္းေတြၾကား ေရဗန္းစားေနတာမို႔ ခုလိုသူ႕သမီးကိုယ္တိုင္က ရွန္ဟႊာကိုေ႐ြးခ်ယ္လိုက္ျခင္းက ေကာင္းမြန္တဲ့ လဒ္တစ္ပါးလို႔ဆိုရမယ္ …
" ေနရတာ အဆင္ေျပရဲ႕လား Mr.ရက္စ္ဒီ "
သူမက ေတာက္ပစြာၿပဳံးလိုက္ၿပီး …
" ကြၽန္မကို Mr.တပ္မေခၚလဲရပါတယ္ ဖိုးဖိုးေရွာင္ဟႊာရန္း …
ရင္းရင္းနီးနီး မိသားစုေတြလိုပဲ ဆက္ဆံပါ "
" အဟား … ေကာင္းသားပဲ "
" ဒါနဲ႕ ဒီဘက္ကသခင္ႀကီးက ဖိုးဖိုးရွန္ဟႊာရန္းရဲ႕သား Mr.ရွန္ကူးမန္ထင္တယ္ …
ကြၽန္မတို႔အျပင္မွာ မစုံဖူးေပမဲ့ သခင္ႀကီးတို႔သားအဖသတင္းကေတာ့ ေမႊးေနတာပဲ …
ရွန္ဟႊာဘာေၾကာင့္ေအာင္ျမင္ေနလဲ ကြၽန္မသေဘာေပါက္သြားၿပီ …
ရွန္ဖန္းဂူကလဲ ခုခ်ိန္မွာ အားလုံးထဲက ၿပိဳင္ဘက္ကင္းတစ္ေယာက္ပဲ …
ဒီလိုမ်ိဳး အင္အားႀကီးတဲ့သူေတြစုေနတဲ့ေနရာက နတ္ျပည္အလားပါပဲရွင္ "
ရက္စ္ဒီက ထင္ထားတာထက္ စကားသြက္တယ္ … ခနေလးအတြင္းမွာ သခင္ႀကီးနဲ႕ သခင္ကူးမန္ရဲ႕ အေရးေပးမႈကို ခံလိုက္ရတယ္ …
ေဘးနားက ရႈမန္းကေတာ့ သူမစကားေတြထဲမွာ သူ႕အေၾကာင္းမပါဝင္တာမို႔ သူ႕မကို သိပ္ၿပီးၾကည့္မရဘူး …
သခင္မႀကီး ၂ ေယာက္ကေတာ့ စကားဝိုင္းထဲဝင္မပါပဲ တိတ္ဆိတ္ေနတယ္ … ဖန္းဂူကေတာ့ ထုံးဆန္အတိုင္း အသက္မဲ့ေနတဲ့ ႐ုပ္ေသး႐ုပ္တစ္ခုလို ၿငိမ္သက္စြာထိုင္ေနၿပီး ဘယ္အရာကိုမွအာ႐ုံမထားဘူး …
" ကဲ ဒီလိုဆိုေတာ့ သမီးတို႔လဲ သြားနားၾကေပါ့ …
အဖိုးတို႔ ေျမးအဖိုးေတြ အလုပ္အေၾကာင္း ေဆြးေႏြလိုက္အုံးမယ္ "
" ေကာင္းပါၿပီေဖေဖ "
အမ်ိဳးသမီး ၃ ေယာက္ထြက္သြားေတာ့ သခင္ႀကီးတို႔ သားအဖနဲ႕ ဖန္းဂူတို႔ညီအကိုေတြပဲက်န္ရွိေနခဲ့တယ္ … ဒီလိုမ်ိဳး မိသားစုမစုံသာေတာင္ အေတာ္ၾကာခဲ့ၿပီ … သခင္ႀကီးက ဖန္းဂူကိုၾကည့္ကာ ေမးလိုက္တယ္ …
" ေျမးေလး အဆင္ေျပရဲ႕လား …
အလုပ္ေတြေရာ ဘယ္အေခ်အေနမွာရွိလဲ …
မင္းညီက အိမ္ေတာ္ကိုအၿမဲလာေတာ့ သူအေၾကာင္းေတြအားလုံးကိုသိတယ္ …
ဒါေပမဲ့ ငါ့ေျမးႀကီးက ဘာေၾကာင့္ အဖိုးကို လ်စ္လ်ဴရႈရက္တာလဲ "
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ …
ဒီလေတြမွာ အလုပ္နည္းနည္းရႈပ္ေနတာမို႔ ကြၽန္ေတာ္ခရီးထြက္ေနရတာေၾကာင့္ပါ "
အဖိုးဟႊာရန္းက ဖန္းဂူနဲ႕ ရႈမန္း ဘာကြာျခားလဲဆိုတာ သိတယ္ … ဖန္းဂူက ဘယ္အရာကိုမွ သူမ်ားအားမကိုပဲ ကိုယ္တိုင္ေျဖရွင္သူမို႔ သူ႕လုပ္ရက္တိုင္းကေအာင္ျမင္ၿပီး အားလုံးရဲ႕ေလးစားမႈကိုခံရတယ္ …
ရႈမန္းကေတာ့ လက္နက္အားကိုနဲ႕ သူတပါးလက္ကိုအသုံးခ်တယ္ … သူ႕လက္ထဲမွာသာ လက္နက္မရွိရင္ သူကဘာမွအသုံးမဝင္တဲ့သူ ျဖစ္သြားလိမ့္မယ္ …
အဖိုးက ဖန္းဂူကိုၾကည့္ကာ ဆက္ေျပာတယ္ …
" အေမရိကနဲ႕ အာဖရိက နယ္စပ္ေတြက ကုန္သြယ္သမားေတြ ခုခ်ိန္ထိ လုပ္ကိုင္ေနတုန္းလား …
သူတို႔ရဲ႕သ႐ုပ္မွန္ကို ဘယ္အခ်ိန္ထိ ဖုံးကြယ္နိုင္ၾကမွာတဲ့လဲ "
" အဖိုးမသိေသးဘူးလား …
သူတို႔အားလုံးကို အာဏာပိုင္ေတြ ဖမ္းမိသြားၾကၿပီ "
" ဘယ္လို "
" အဲ့ဒိေသာက္သုံးမက်တဲ့ ခ်န္းရႈယြမ္ဆိုတဲ့ေကာင္က နယ္စပ္ကလူေတြ အကုန္လုံးကို လိုက္ဖမ္းေနတာ …
ခုကုန္သြယ္တဲ့ေနရာမွာ သူ႕ေၾကာင့္ အခက္အခဲတခ်ိဳ႕ရွိေနတယ္ …
ဒါေပမဲ့ ပူစရာမလိုပါဘူး … အဲ့ဒိလူေတြအားလုံးက ကြၽန္ေတာ္တို႔ ရွန္ဟႊာကိုသစၥာမေဖာက္ၾကဘူး "
ထိုအခါ သခင္ႀကီးက သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး …
" ဟူး … ခ်န္းသခင္ေလးက သူ႕အေမအတိုင္းပါပဲလား …
သူ႕အဖိုးနဲ႕တစ္စက္ေလးမွမတူဘူး "
ခ်န္းမိသားစုနဲ႕ရွန္ဟႊာဟာ တခ်ိန္တုန္းက လက္တြဲေဖာ္ ဂိုဏ္းညီေနာင္ေတြျဖစ္ခဲ့ေပမဲ့ ရႈယြမ္ရဲ႕မိခင္ဟာ ဖခင္လုပ္ရက္ေတြကို သေဘာမက်၍ အစိုးရဘက္ေတာ္သား အမွန္ကိုေဆာင္က်ဥ္းသူ ရဲအရာရွိတစ္ေယာက္ျဖစ္ေအာင္လုပ္ေဆာင္ၿပီး ဖခင္ရဲ႕လုပ္ရက္ေတြအားလုံးကို ပိတ္ျပစ္ခဲ့တယ္ …
ဖခင္ျဖစ္သူနဲ႕ေယာက္်ား ေထာင္ထဲေရာက္သြားတာေတာင္ သူမဘက္က နည္းနည္းေလးမွ ေနာင္တရပုံမေပၚခဲ့ဘူး …
ခုသားလက္ထက္ၾကျပန္ေတာ့လဲ က်န္ရွိေနတဲ့ ဂိုဏ္းေတြကို ၿဖိဳဖ်က္ဖိုးႀကိဳးစားျပန္တယ္ … ဒါေပမဲ့ ရွန္ဟႊာကိုေတာ့ သူတို႔ ခုခ်ိန္ထိ မထိရဲၾကဘူး …
လုပ္ငန္အေၾကာင္း အနည္းငယ္ေျပာၿပီးေနာက္ အဖိုးက အေရးႀကီးဆုံးအေၾကာင္းအရာကို စတင္ေျပာၾကားလာတယ္ …
" Mr.အန္းဂါးစ္က ေကာင္းတဲ့လူမဟုတ္ေပမဲ့ ခုခ်ိန္မွာ သူကအာဏာႀကီးတယ္ …
ဟိုသေလာကသတင္းကိုသိၾကလား …
သူပိုင္တဲ့ စိန္ ၇ လုံးအခိုးခံလိုက္ရတဲ့သတင္း "
" …… "
အားလုံးတိတ္ဆိတ္သြားၾကတယ္ … ဖန္းဂူကလဲ ဘာတစ္ခြန္းမွဟမလာဘူး …
" အဲ့ဒိစိန္ရဲ႕ပိုင္ရွင္က သူမဟုတ္ဘူး …
ခုခ်ိန္မွာ ဒီအေၾကာင္းေတြ ေျပာရမွာေစာေသးတယ္ …
အဲ့ဒိစိန္ေတြ ဘယ္သူ႕လက္ထဲမွာလဲဆိုတာ ရေအာင္စုံစမ္း …
ဟိုရဲအရာရွိ ရႈယြမ္လက္ထဲေရာက္မသြားေစနဲ႕ …
သူက အန္းဂါးစ္လူေကာင္းမဟုတ္မွန္းသိတယ္ …
သူစိန္ေတြကို အစိုးရလက္အပ္ျပစ္လိုက္ရင္ ၂ နိုင္ငံ စစ္ျဖစ္သြားနိုင္တယ္ …
အဲ့ဒိအခ်ိန္က ငါတို႔လက္နက္ေတြ ေရာင္းေကာင္းေပမဲ့ အက်ိဳးဆက္က ပ်က္စီးမွာေတြမ်ားလိမ့္မယ္ …
လြန္ခဲ့တဲ့ ၂၃ ႏွစ္ကျဖစ္ခဲ့တဲ့ တိုက္ပြဲလိုေပါ့ "
သခင္ကူးမန္က ဝင္ေျပာတယ္ …
" အေဖေျပာခ်င္တာက အဲ့ဒိစိန္က အာဏာရွင္ေတြ လိုခ်င္ေနတဲ့အရာလား "
" အမွန္ပဲ … အန္းဂါးစ္ဘာေၾကာင့္ နာမည္ႀကီးစုံေထာက္ေတြ ရဲအရာရွိေတြကိုေက်ာ္ၿပီး ရႈယြမ္ကိုငွားတာလဲဆိုေတာ့ အဲ့ဒိေကာင္ေလးက သူ႕အတြက္ေသးငယ္တဲ့ သားေကာင္ေလးလို႔ ထင္ေနလို႔ပဲ …
ဒါေပမဲ့ ရႈယြမ္က သြက္လက္ထက္ျမက္တဲ့ အဆိတ္ျပင္းျပင္းသတၱဝါတစ္ေကာင္ဆိုတာ သူမသိဘူး …
ခုငါတို႔လုပ္ရမွာက ရႈယြမ္ လက္မဦးခင္ စိန္ေတြရွာေတြ႕ရမယ္ …
အန္းဂါးစ္သမီးကိုေတာ့ ငါ့ေျမးေလးအတြက္ ထားထားရမယ္ "
ဖန္းဂူက မ်က္ေမွာင္တစ္ခ်က္ၾကဳတ္လိုက္ၿပီး …
" ကြၽန္ေတာ္ စိန္ေတြကိုရွာဆို ရွာေပးမယ္ …
ဒါေပမဲ့ တြဲဖက္ရွာဖို႔ေတာ့ မတိုက္တြန္းနဲ "
" ေျမးေလးက အ႐ြယ္ေတာင္ေက်ာ္ေနၿပီ …
မင္းညီကိုၾကည့္စမ္း သူအိမ္ေထာင္မျပဳေသးေပမဲ့ သူ႕ေဘးမွာ ဝိုင္းဝိုင္းလယ္ေနတာပဲ …
ခုေျမးေလးအတြက္ သင့္ေတာ္တဲ့သူကို ေတြ႕ေနတာ ဘာကိုျငင္းေနအုံးမွာလဲ …
ဒီကိစၥၿပီးသြားရင္ စိန္ေတြ လက္ထဲေရာက္လာရင္ အန္းဂါးစ္လဲ ရွန္ဟႊာလက္ေအာက္ေရာက္လာမယ္ဆိုရင္ ရွန္ဟႊာရဲ႕ေအာင္ျမင္မႈက အစိုးရေတြေတာင္ မ်က္ေစာင္းထိုးရဲမွာမဟုတ္ေတာ့ဘူး "
" ေျပာလို႔ၿပီးၿပီဆို ကြၽန္ေတာ္သြားေတာ့မယ္ "
ဖန္းဂူ ခ်က္ခ်င္းပဲ ထြက္ခြာသြားတယ္ … ရႈမန္းကေတာ့ သူ႕အကိုႀကီးရဲ႕အားနည္းခ်က္ကိုသိေနတာမို႔ နည္းနည္းေလးမွေတြးမပူဘူး … ဒါေပမဲ့ အႏၲရာယ္ကင္းေအာင္ အျမစ္ဖ်က္ဖို႔ေတာ့လိုတယ္ …
" ရႈမန္း မင္းအကိုႀကီးကိုၾကည့္ …
အလုပ္ကလြဲၿပီး သူ႕အာ႐ုံထဲမွာ ဘာမွမရွိဘူး …
သူကအဆင့္ျမင့္အယ္ဖာျဖစ္တာေတာင္ သူ႕ရဲ႕အခ်ိန္ေတြကို အလဟသျဖဳန္းမျပစ္ဖူး …
မင္းကသာမာန္အယ္ဖာျဖစ္ၿပီး အခ်ိန္ေတြကိုဖုန္းတီးေနတယ္ …
မင္းသာနည္းနည္းေလး ပိုႀကိဳးစားရင္ ဖန္းဂူရဲ႕တစ္ဝက္ကိုမွီရင္ ရွန္ဟႊာက ၿပိဳင္ဘက္ကင္းျဖစ္သြားနိုင္တယ္ "
အေဖကအဖိုးလိုမဟုတ္ဘူး … အကိုႀကီးနဲ႕အၿမဲဥပမာျပၿပီး လူကိုႏွိမ္တယ္ … တစ္ေန႕အကိုႀကီးမရွိတာ့ရင္ ရွန္ဟႊာကို သူ႕လက္အပ္ကိုအပ္ရမယ္လို႔ ရႈမန္း စိတ္ထဲ၌ အၿမဲေရ႐ြတ္တယ္ … အျပင္ပန္းမွာေတာ့ …
" သားနားလည္ပါၿပီ "
သူ႕ရဲ႕မ်က္ႏွာငယ္ေလးနဲ႕ သ႐ုပ္ေဆာင္ျခင္းက အဖိုးအေရွ႕မွာ အရမ္းကိုအသုံးဝင္လြန္းတယ္ …
" ကူးမန္ … ေျမးငယ္ေလးက ေျမးႀကီးဖန္းဂူေလာက္ အင္အားမႀကီးေပမဲ့ သူလဲႀကိဳးစားေနတာပဲ …
သူကအဆင့္ျမင့္အယ္ဖာမဟုတ္တဲ့အေၾကာင္းကို ဆက္မေျပာနဲ႕ေတာ့ …
ကေလးေတြကို ေသြးထိုးသလိုျဖစ္ေနၿပီ "
" သားနားလည္ပါၿပီ … ေဖေဖလဲအနားယူပါ "
ေျပာၿပီးသူတို႔သားအဖိ ၂ ေယာက္ထြက္သြားေလတယ္ … သခင္ႀကီးကေတာ့ အရင္အတိုင္းပဲ အခန္းထဲမွာ အထီးက်န္ေနဆဲ …
*
*
*
မင္းယြီတစ္ေယာက္ ၿခံႀကီးထဲက ခုံတန္းေလးတစ္ခုမွာ ထိုင္ေနတယ္ … ခုခ်ိန္ သူ႕အနားမွာ ခ်ဴးဖိုးဖိုးလဲမရွိဘူး အေစာင့္ေတြလဲမရွိဘူး …
ခ်ဴးဖိုးဖိုးေျပာစကားအရဆိုရင္ သခင္ႀကီးဟႊာရန္းက သူတို႔ကို ခ်က္ခ်င္းအျပန္မခိုင္းပဲ အိမ္ေတာ္မွာ လူစုံတုန္းေလး ဧည့္သည္ေတြကိုဖိတ္ၿပီး ညပါတီက်င္းပမယ္လို႔ေျပာတယ္ … ရက္အနည္းငယ္ထပ္ေနဖို႔လဲ အမိန႔္ေပးထားတယ္ …
ဟိုအိမ္မွာနဲ႕ဆာရင္ ဒီမွာေနရတာ လြတ္လပ္တယ္ … ဘာေၾကာင့္လဲဆိုေတာ့ ဘယ္သူမွသူ႕ကို ဂ႐ုမစိုက္ၾကဘူး … အားလုံးက သူ႕ထက္အေရးႀကီးတဲ့အရာေတြကိုပဲ ဂ႐ုစိုက္ၾကတယ္ …
ခုပြဲလဲရွိေနေတာ့ အေစာင့္ေတြသိပ္မရွိၾကဘူး … အားလုံးက ပြဲအတြက္ ျပင္ဆင္ေနၾကတယ္ … ဒီအခ်ိန္က ထြက္ေျပးဖို႔အေကာင္းဆုံးအခ်ိန္ပဲ …
ထိုသို႔စဥ္းစားမိေတာ့ သူ႕ရဲ႕အၾကည့္ေတြက တံခါးမထံေရာက္သြားတယ္ … မျဖစ္နိုင္မွန္းသိေပမဲ့ အဲ့ဒိကေနေက်ာ္သြားနိုင္ရင္ေကာင္းမယ္လို႔ ေတြးထင္လိုက္မိလိုက္တယ္ …
" မင္းထြက္ေျပးဖို႔ႀကံေနတာလား "
ထိုအသံက ဘယ္သူလဲဆိုတာ မင္းယြီခ်က္ခ်င္းသိလိုက္တယ္ …
" ခမ်ား "
" မင္းတစ္ေယာက္ထည္းဆိုတိုင္း ထြက္ေျပးဖို႔ အခြင့္အေရးရမယ္ ထင္မေနနဲ႕ "
" ကြၽန္ေတာ္ မထင္ပါဘူး "
" ေရာ့ "
ဖန္းဂူက လက္ထဲက ဝိုင္ခြက္ကို မင္းယြီထဲကမ္းေပးလိုက္တယ္ … သူ႕ပုံစံက ေဒါသထြက္ေနပုံလဲမေပၚသလို ေပ်ာ္႐ႊင္ေနပုံလဲမေပၚဘူး …
သူက မင္းယြီေဘးမွာ ေျခတစ္ဖက္ခ်ိတ္ထိုင္လိုက္ရင္း မင္းယြီကို ေစာင္းငဲ့ၾကည့္ကာ ေမးလိုက္တယ္ …
" မင္းအစားေရာပုံမွန္စားလား …
ေဆးေရာေသာက္ၿပီးၿပီလား …
ငါ့ကို ထက္ၿပီး ဒုကၡေပးဖို႔မႀကံနဲ႕ "
ဒီအခ်ိန္က အနားမွာဘယ္သူမွမရွိဘူး ဖန္းဂူနဲ႕သူနဲ႕ ၂ ေယာက္ထည္း … ဒါကေမးဖို႔မသင့္ေပမဲ့ သူေ႐ြးခ်ယ္မႈ မွန္ကန္ဖို႔အတြက္ ဖန္းဂူကို ေမးၾကည့္ဖို႔ ဆုံးျဖတ္လိုက္တယ္ …
" ခမ်ား ဘာေၾကာင့္ အိမ္ေထာင္မျပဳေသးတာလဲ "
" မင္းက ဘာကိစၥ ငါ့ကိုယ္ေရးကိုယ္သာကို ဝင္စြတ္ဖက္ခ်င္ေနတာလဲ "
ဖန္းဂူအသံကမာထန္ေနဆဲ … သူကို ထိုသို႔ေမးသာႀကိဳက္ပုံမပၚဘူး …
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္ "
" …… "
" ေနာက္တစ္ခု ထက္ေမးလို႔ရမလား "
" ဘာထပ္သိခ်င္ျပန္ၿပီလဲ "
" ဟိုေလ … အကယ္၍ တစ္ေယာက္ေယာက္က ခမ်ားမသိေအာင္ ခမ်ားရဲ႕ေသြးသားကိုလြယ္ထားမယ္ဆို သူတို႔ကို ဘာလုပ္ျပစ္မွာလဲဟင္ "
" ဘာ "
သူ႕ရဲ႕အသံက က်ယ္ေလာင္သာမို႔ မင္းယြီကိုယ္ေလး တုန္သြားတယ္ …
" မင္းဘာကိုေမးေနတယ္ဆိုတာေရာသိရဲ႕လား ……
မဟုတ္တာေတြ ေလွ်ာက္စဥ္းစားမေနနဲ႕ …
မင္းကငါ့ရဲ႕အေစခံ … ငါ့စကားကိုနားေထာင္ …
ၿပီးေတာ့ ငါ့အတြက္ စိန္ေတြရွာေပးဖို႔ပဲ မင္းလုပ္ရမယ္ "
" ကြၽန္ေတာ္နားလည္ပါၿပီ …
စိန္ေတြကို ျပန္ရွာေပးပါ့မယ္ …
ဒါေပမဲ့ ကြၽန္ေတာ္ေတာင္းဆိုစရာရွိတယ္ "
" ေျပာ "
" ကြၽန္ေတာ့ကို ခမ်ားဘယ္သြားသြား ေခၚသြားေပးပါ …
ထက္ၿပီး အခန္းထဲမွာ ပိတ္ေလွာင္မခံခ်င္ဘူး "
ဖန္းဂူ ခနမွ်ေတြေဝသြားတယ္ … သူက အလုပ္လုပ္ေနတဲ့အခ်ိန္ လူအပိုေတြပါလာတာမ်ိဳးမႀကိဳက္ဘူး … ဒါေပမဲ့ ဒီေကာင္ေလးက အေရးႀကီးတာမို႔ ခနေလာက္ေတာ့ သည္းခံမယ္လို႔ ဆုံးျဖတ္လိုက္တယ္ …
" ေကာင္းၿပီေလ … မင္းကိုေခၚသြားေပးမယ္ …
ဒါေပမဲ့ ထြက္ေျပးဖို႔ေတာ့မႀကိဳးစားနဲ႕ …
မင္းငါ့ေဘးက ခနေလး ေပ်ာက္သြားတာနဲ႕ မင္းဘဝဆုံးဖို႔သာျပင္ "
" ဟုတ္ကဲ့ "
ဖန္းဂူက မင္းယြီကို ခနမွ်စိုက္ၾကည့္ေနၿပီး ေျပာလာတယ္ …
" ခုသြားနားေတာ့ …
ဒီနားမွာ ဘယ္သူမွရွိတာမဟုတ္ဘူး …
ၿခံထဲမွာလဲ ဧည့္သည္ေတြနဲ႕ျပည့္ေနတာ …
ခနေနရင္ ပါတီစရေတာ့မယ္ …
မင္းဒီမွာ ဆက္ထိုင္မေနနဲ႕ေတာ့ …
အိုမီဂါတစ္ယာက္က အျပင္မွာ ရွိမေနသင့္ဘူး "
" ဟုတ္ … ကြၽန္ေတာ္ ခနေနရင္ သြားပါမယ္ "
ဖန္းဂူထြက္သြားၿပီ အေတာ္ၾကာတဲ့ထိ မင္းယြီထိုင္ေနမိတယ္ … အိမ္ေတာ္ထဲမွာ ပါတီေတာင္စေနၿပီ … ဆူညံသံေတြျပည့္ေနေပမဲ့ အျပင္ဘက္မွာေတာ့ လူရွင္းေနတယ္ …
" မင္းက ဟိုအေစခံမဟုတ္လား …
ဒီမွာဘာထိုင္လုပ္ေနတာလဲ "
ထိုစကားသံအဆုံး၌ အရက္နံ႕ျပင္းျပင္းကသူ႕ႏွာေခါင္းထဲတိုးဝင္လာတာမို႔ မင္းယြီအေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ မနက္ကသူေတြ႕ခဲ့တဲ့ မိသားစုထဲကသားျဖစ္ေနတယ္ …
သူ႕လက္ထဲမွာ အနက္ေရာင္ဝိုင္ပုလင္းကိုကိုင္ထားၿပီး သူ႕ရဲ႕အကၤ်ိေတြက ရင္ဘက္ထိဟထားတယ္ … သူ႕မွာလွပတဲ့႐ုပ္ရည္ရွိေပမဲ့ ဖန္းဂူနဲ႕ယွဥ္ရင္ မိုးနဲ႕ေျမလိုပဲ …
ညီအကိုလို႔ေျပာရင္ လုံးဝယုံၾကည္နိုင္မွာမဟုတ္ဘူး … ဘာေၾကာင့္လဲဆိုေတာ့ သူ႕ရဲ႕ေဟာ္မုန္းနံ႕က ဖန္းဂူရဲ႕အနံ႕နဲ႕ လုံးဝမတူေနပဲ ဆိုးဝါးလြန္းတယ္ …
" ေဟး … မင္းငါ့ကို အဲ့လိုမၾကည့္နဲ႕ …
ေသခ်င္လို႔လား "
သူက႐ုတ္တရပ္ေဒါသထြက္လာၿပီး မင္းယြီအကၤ်ိေကာ္လန္ကိုေစာင့္ဆြဲလိုက္တယ္ … ထိုစဥ္သူ႕ႏွာေခါင္းထဲဝင္လာတဲ့အနံ႕ေၾကာင့္ သူ႕မ်က္ႏွာက ခ်က္ခ်င္းေျပာင္းလဲသြားတယ္ …
" ေမႊးတယ္ …… မင္းရဲ႕ရနံ႕က အရမ္းကိုေမႊးလြန္းတယ္ … ဟိုဟာမရဲ႕အနံ႕က ႐ြံဖို႔ေကာင္းတယ္ …
မင္းကိုဘာေၾကာင့္ အကိုႀကီးက ေ႐ြးခ်ယ္လဲ သေဘာေပါက္သြားၿပီ … အဟား "
သူ႕ရဲ႕ေျခာက္ကပ္ကပ္ရယ္သံက မင္းယြီကို ပို၍ပင္ ေၾကာက္လန႔္ေစတယ္ … သူကဖန္းဂူနဲ႕တစ္စက္ေလးမွမတူဘူး … သူ႕ရဲ႕မ်က္ႏွာမွာ ယုတ္မာေတာ့မဲ့ အရိပ္မေယာင္ေတြ လႊမ္းမိုးေနတယ္ …
" ခမ်ားဘယ္သူလဲ … ကြၽန္ေတာ့ကိုလႊတ္ "
" အကိုႀကီးက ငါ့အေၾကာင္းေတြမင္းကိုေျပာျပမထားဘူးလား ……
ေကာင္းၿပီေလ ဒီလိုဆိုေတာ့လဲ ငါပဲေျပာျပရမွာေပါ့ …
ငါက ဖန္းဂူရဲ႕ညီရႈမန္း …
မင္းက ဖန္းဂူရဲ႕အေစခံ …
သူကမင္းကိုမလိုခ်င္ေတာ့ရင္ သတ္ျပစ္မွာ …
ဒီေတာ့ ကိုႀကီးမင္းကိုမသတ္ခင္ ငါ့ကိုအားကိုးလိုက္ "
" ခမ်ားဘာေတြေျပာေနတာလဲ …
သူသတ္သတ္မသတ္သတ္ ကြၽန္ေတာ့ကိစၥ …
ႎ
ခမ်ားဝင္ပါစရာမလိုဘူး "
" အဟား … မင္းက ငါထင္ထားသာထက္ သတၱိရွိသားပဲ …
မင္းကိုယ္ေပၚမွာ ကိုႀကီးအနံ႕ေတြရေနတယ္ …
မင္းတို႔ေပါင္းဖက္ၿပီးၿပီလား … ျပစမ္း "
" အမ်ား ဘာလုပ္တာလဲ … ခုလႊတ္ "
ရႈမန္းမ်က္လုံးေတြက နီရဲေနၿပီး သူ႕ရဲ႕လႈပ္ရွားမႈေတြက ျပင္းထန္လြန္းတယ္ … မင္းယြီ႐ုန္းကန္ေပမဲ့ သူမင္းယြီလည္ဂုတ္ကို ခနေလးနဲ႕ ၾကည့္နိုင္ခဲ့တယ္ … ဘာအမွတ္အသားမွမရွိေတာ့ သူက ေျခာက္ကပ္ကပ္ရယ္ရင္း …
" ထင္းသားပဲ … မင္းက ဘာမွအသုံးမဝင္တဲ့အေစခံတစ္ေယာက္ပဲ …
ကိုႀကီးသုံးၿပီးသားလိင္ကြၽန္တစ္ေယာက္က ဘာေၾကာင့္ အိမ္ေတာ္ထိပါလာရတာလဲ …
ပုံမွန္ဆို တစ္ခါသုံးၿပီးရင္ သတ္ျပစ္တာပါ …
ၿပီးေတာ့ မင္းက အိုမီဂါလဲျဖစ္တယ္ …
ဟမ့္ … မင္းမွာဘာအႀကံအစည္ေတြရွိေနလဲ …
အကိုႀကီးကို ဘယ္လိုမ်ိဳး ျမႇူဆြယ္ထားတာလဲ "
မင္းယြီက ရႈမန္းလက္ထဲကေန ႐ုန္ကန္ကာ ထလိုက္ၿပီး …
" ခမ်ားကိုေျပာျပစရာအေၾကာင္းမရွိဘူး …
ဒါက ကြၽန္ေတာ္နဲ႕သူ႕ရဲ႕ကိစၥ "
" မင္းကမ်ား ရိုင္းစိုင္းလိုက္တာ …
ငါဘယ္သူလဲဆိုတာ မင္းသိေအာင္ျပမယ္ "
မင္းယြီထိုလူကို ေဒါသထြက္သြားဖို႔ရည္႐ြယ္ေပမဲ့ ေသနတ္ထုပ္ရေလာက္တဲ့ထိ ေဒါသထြက္သြားမယ္လို႔ထင္မထားဘူး … ခုခ်ိန္မွာ အနားမွာ ဘယ္သူမွရွိမေနေတာ့ သူလုပ္နိုင္တာက ထြက္ေျပးဖို႔တစ္ခုတည္းပဲရွိေတာ့တယ္ …
" မင္းကေျပးမယ္ေပါ့ဟုတ္လား …
စိတ္ဝင္စားစရာပဲ …
ဘယ္ေလာက္ထိေျပးနိုင္မလဲ ၾကည့္ရေအာင္ "
သူက တမင္သက္သက္ မင္းယြီေၾကာက္လန႔္ေအာင္ က်ဥ္ေတြကို မင္းယြီကိုမထိေစပဲ အနားကေနယွက္ေျပးသြားေအာင္ျပစ္တယ္ …
အိမ္ေတာ္ထဲမွာက ပြဲလုပ္ေနတာမို႔ ဘယ္သူမွမၾကားရဘူး … အျပင္ကအေစာင့္ေတြကလဲ ျပစ္တဲ့သူက သခင္ေလးျဖစ္ေနလို႔ ဝင္မပါရဲပဲ လ်စ္လ်ဴရႈထားၾကတယ္ …
ေသနတ္သံၾကားေတာ့ မင္းယြီတစ္ကိုယ္လုံးတုန္ခါေနၿပီး ေျခေထာက္တြကေခြယိုင္လာတယ္ … အစကအျမန္ေျပးေနေပမဲ့ တေျဖးေျဖးအရွန္ေလ်ာ့လာတယ္ …
အေနာက္ကလိုက္ေနတဲ့လူက ပုံမွန္လမ္းေလွ်ာက္သလိုမ်ိဳးပဲသြားၿပီး ေသနတ္နဲ႕ မင္းယြီေျခေထာင္အေခ်ကိဳပစ္ခပ္ေနတယ္ …
တေျဖးေျဖးတံခါးမႀကီးအနားေရာက္လာေတာ့ မင္းယြီေတြေဝမေနပဲ တံခါးကိုတြန္းဖြင့္လိုက္တယ္ …
" အ့ "
' ဒိုင္း '
ဒီတစ္ခ်က္က အေနာက္ကလာသာမဟုတ္ပဲ မင္းယြီအေရွ႕ကေနျပစ္လိုက္ျခင္းျဖစ္ၿပီး ထိုက်ဥ္က ရႈမန္းရဲ႕ လက္ေမာင္းကို ထိမွန္ကာ ေသနတ္ေအာက္ျပဳတ္က်သြားၿပီး က်ယ္ေလာင္စြာ ေအာ္ဟစ္သံတစ္ခု ထြက္ေပၚလာေလေတာ့တယ္ …
" အား "
မင္းယြီလဲက်သြားေပမဲ့ သူ႕ကိုယ္က ေျမေပၚက်မသြားပဲ တစ္စုံတစ္ရာက သယ္ေဆာင္သြားသလို ေအာ္သံေတြက တေျဖးေျဖးေဝးကြာသြားၿပီးေနာက္ဆုံး သတိလစ္သြားေလေတာ့တယ္ …
……………………………………………………………………
( ေနာက္တစ္ပိုင္းမွာ ဇာတ္ေကာင္အသစ္ေလးေတြနဲ႕ မိတ္ဆက္ေပးမယ္ေနာ္ … 🤗
ဇာတ္လမ္းက နည္းနည္းေတာ့ရႈတ္ေနတယ္ … စာဖတ္ပ်င္းတဲ့ဒါဒါေတြနဲ႕ စာေရးပ်င္းတဲ့ကိုနဲ႕ေတာ့ေတြ႕ၿပီ … 😆
အေကာင္းဆုံး ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေရးသြားပ့မရ္ေနာ္ … 🥰
ဒါဒါေလးေဆြရဲ႕ Voti နဲ႕ Fb ေလးေတြ မွ်ာ္ေနပါ့မယ္ … 😘😘 )