(Lovely My Little world) (Z+U...

By bpiniwat812

2.3M 182K 20.4K

🔺(S2) 🔺S1 ေလးအရင္ဖတ္ေပးပါေနာ္။ 🔺ဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္ စိတ္ကူးသက္သက္သာျဖစ္ပါသည္။ 🔺Abuse type ျဖစ္၍... More

P(41) (Z+U)
P(42)(Z+U)
P(43) (Z+U)
P(44) (Z+U)
P(45)(Z+U)
P(46)(Z+U)
P(47)(Z+U)
P(48)(Z+U)
P(49)(Z+U)
P(50)(Z+U)
P(51)(Z+U)
P(52)(Z+U)
P(53)(Z+U)
P(54)(Z+U)
P(55)(Z+U)
P(56)(Z+U)
P(57)(Z+U)
P(58)(Z+U)
P(59)(Z+U)
P(61)(Z+U)
P(62)(Z+U)
P(63)(Z+U)
P(64)(Z+U)
P(65)(Z+U)
P(66)(Z+U)
P(67)(Z+U)
P(68)(Z+U)
P(69)(Z+U)
P(70)(Z+U)(Final)
EXTRA (1)
EXTRA (2)
EXTRA(3)
EXTRA(4)

P(60)(Z+U)

61.2K 5.3K 938
By bpiniwat812

Zawgyi

ပုလဲသည္ မိမိအားဓားေထာက္ေခၚလာေသာေၾကာင့္ အသာတၾကည္လိုက္ခဲ့ရ​ေလသည္။ထို့ျပင္  ေဘး၌ထိုင္ေနေသာ လူထံတြင္သမီးေလးသည္အိပ္​ေဆး​ေၾကာင့္ အိပ္​ေပ်ာ္လ်ွက္႐ွိေနေလသည္။ ထိုလူသည္ သည္ေမပုလဲကိုပါ ဓားနဲ႔ေထာက္ထားေသာေၾကာင့္ပုလဲသည္ ႐ုန္းကန္ေအာ္ဟစ္ျခင္းမျပဳရဲခဲ့ေပ။

"ဘယ္သူေတြလဲ ဘာလို႔ငါ့သမီးနဲ႔ ငါ့ကိုဖမ္းေခၚလာရတာလဲ"

ထိုအခါ ပုလဲေဘးတြင္ထိုင္ေနေသာလူမွ.

"Sir Dylan ေခၚခိုင္းထားတာ ေအးေဆးလိုက္ခဲ့ မဟုတ္ရင္ ဒီကေလးအသက္အာမမခံႏိုင္ဘူး"

ထို္ေၾကာင့္ပုလဲသည္ေၾကာက္ေၾကာက္ႏွင့္ၿငိမ္သက္စြာလိုက္လာခဲ့ရေလသည္။

"သူ႔ကိုမ်က္လံုးစည္းလိုက္"

"ဘာလို႔လဲ ငါေအးေဆးလိုက္ေနတယ္ေလ"

"နင့္သမီး အသက္ကငါ့လက္ထဲမွာေနာ္။ အသံမထြက္ပဲ ပါးစပ္ပိတ္လိုက္လာခဲ့ "

ထို႔​ေၾကာင့္ပုလဲသည္မ်က္လံုးစည္းခံရျခင္းအားလက္ခံလိုက္ရ​ေလသည္။ မာန္တို႔ နယ္ေျမေရာက္ေလ လူစိမ္းအားလမ္းမသိေစရန္ မ်က္လံုးစည္းထားျခင္းသည္စည္းကမ္းတစ္ခုျဖစ္​ေသာ​ေၾကာင့္ပုလဲကိုပင္ မ်က္လံုးစည္းထားေလသည္။

ထို႔ေနာက္သိပ္မၾကာမီပင္ကားသည္ထိုးရပ္သြားကာ ကားေပၚ႐ွိလူတစ္တေယာက္မွ ပုလဲအားေခၚလာေလသည္။ ပုလဲသမီးအားက်န္သည့္လူတစ္ေယာက္မွ ခ်ီလာ​ေလသည္။ ထို႔ေနာက္ေျမေအာက္ခန္းသို​့ ​ေခၚလာ၍ ​ေျမ​ေအာက္ခန္းထဲ​ေရာက္သည့္အခါမွ ပုလဲမ်က္လံုးအားဖြင့္ေပးလိုက္ေလသည္။ မာန္သည္ဆိုဖာတြင္ဝိုင္အားေသာက္ျမဲသာေသာက္ေနေလသည္။ အာကာေမာင္ ၏လက္၆ ေခ်ာင္းတြင္လက္သည္းခြံမ်ားကြၽတ္ေနပီျဖစ္​ေသာ​ေၾကာင့္ ေအာ္ရန္ပင္အသံမထြက္ေတာ့ေခ်။

"ေမာင္..."

ပုလဲသည္မ်က္လံုးျပန္ဖြင့္ရခ်ိန္တြင္ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္မထိန္းႏိုင္စြာ အာကာေမာင္ အားေျပးဖက္ေလသည္။ မာန္သည္မဲ့ျပံဳးျပံဳးကာ လက္ထဲ႐ွိ ဝိုင္ခြက္အားေျဖးညႇင္းစြာဘယ္ညာယိမ္းေနကာ ေ႐ွ႕႐ွိျမင္ကြင္းအားအရသာခံကာၾကည့္ေနေလသည္။ ထို႔ေနာက္ ေမပုလဲအားခ်ီထားေသာလူသည္​ေမပုလဲအား မာန္႔ေျခရင္းတြင္လာခ်ေပးေလသည္။

"ရပ္ေတာ့"

မာန္႔အသံေၾကာင့္ လက္သည္းခြံခြာေနေသာလူသည္ဖယ္လိုက္ကာ မာန္ထိုင္ေနရာဆိုဖာေဘးတြင္လာရပ္ေနေလသည္။ပုလဲသည္ မီးဝင္းဝင္းေတာက္ေနေသာမ်က္လံုးျဖင့္ မာန္အားျပန္ၾကည့္ကာ

"လႊမ္းမာန္ထည္ဝါ။ နင္လူေရာဟုတ္ရဲ႕လား။ လူတစ္ေယာက္ကိုဒီေလာက္ေတာင္လုပ္ရက္တာလား"

ပုလဲသည္ေဒါသတႀကီးႏွင့္ မာန္ဆီေျပးဝင္လာေသာ​ေၾကာင့္ မာန္႔လူႏွစ္ေယာက္သည္ ပုလဲအားေျပးခ်ဳပ္လိုက္ရေလသည္။ မာန္သည္ ေျခခ်ိတ္ထိုင္ကာ ဝိုင္ကိုသာ ေသာက္ေနေလသည္။ ထိုအခါမွ အာကာေမာင္သည္ တုန္တုန္ယင္ယင္ျဖင့္

"Dylan မင္း အျပင္မွာ ေနရမယ့္ရက္ေတြ လက္ခ်ိဳးေရထားလိုက္ေတာ့။ လူေပါင္းမ်ားစြာကိုသတ္။ မူးယစ္ေဆးေမာင္ခိုလုပ္ ၊ေမွာင္ခို ေရာင္းဝယ္ေဖာက္ကားေနတဲ့မင္းကို ငါ​ေထာင္ထဲမပို႔ႏိုင္လဲ။ သိပ္မၾကာ​ခင္ မင္းဝင္ရမွာပဲ"

"ဟုတ္ လား"

"မင္းအေၾကာင္းကို ခုရဲေတြ ေတာ္ေတာ္မ်ားမ်ား လိုက္ေနပီ ။ မင္း ဘယ္ေလာက္ၾကာၾကာ​ေျပးႏိုင္မလဲ။ ငါ့ကိုသတ္လိုက္ရင္သူတို႔ပိုရိပ္မိမွာ ပိုဆိုးေတာ့မွာ"

မာန္သည္ မဲ့ျပံဳးျပံဳးကာ

"ခုခ်ိန္မွာ ငါ့ကိုဖမ္းမယ္ဆီးမယ္ဆိုတာထက္ မင္းအသက္၊ မင္းမိန္းမ နဲ႔ မင္းကေလးအသက္ကို ခ်မ္းသာေပးဖို႔ေတာင္းဆိုသင့္တယ္မလား"

"နင့္လို လူစိတ္မ႐ွိတဲ့ အေကာင္ကိုေတာင္းပန္စရာမလိုဘူး"

မာန္သည္ ပုလဲ စကားေၾကာင့္ ထိုင္ေနရာမွပုလဲ​ေ႐ွ႕ ထသြားကာ

"ေဒၚပုလဲ​ခင္ဗ်ား​ေယာက်္ားရဲ႕ပြဲျကည့္ခ်င္လို႔ ဂ်ိဳထေနတာလား ။ အိုေက ေကာင္းပီ။ ကဲ ပြဲေလးစလိုက္ၾကစို႔"

ထို႔ေနာက္  အာကာေမာင္ ၏ လက္မွ လက္သည္းထပ္ကြၽတ္သြားျခင္းႏွင့္ အတူ ဆိုးဝါးေသာေအာ္သံသည္ထြက္ေပၚလာခဲ့ေလသည္။

"ေမာင္...."

ခ်ဳပ္ထားေသာ မာန္၏လူႏွစ္ေယာက္လက္မွ ပုလဲသည္ ေအာ္ဟစ္ေန​ေလသည္။ထို႔ေနာက္မာန္သည္အိပ္ေဆး ေၾကာင့္အိပ္ေနေသာကေလးဆီသြားကာ

"ငါ့ စက္ရံုေလ်ွာ္ေၾကးကို ဘယ္လိုျပန္ေပးၾကမွာလဲ"

"ဘာမွလည္းျပန္မေပးႏိုင္ဘူး။ ေထာင္ထဲမွာ အ႐ိုးထုတ္ရမည့္အေကာင္ ။ ႀကိဳးမိန္႔ေတာင္ေပးမွာမင္းလို ေခြးေကာင္ကို"

အာကာေမာင္ သည္ ေသြးမ်ားေခြၽးမ်ားစိုရြဲေနရမွ ေမာဟိုက္စြာေျပာေလသည္။

"ငါ က ေထာင္ထဲဝင္ရမွာကိုေၾကာက္ေနရင္ဒီအလုပ္မလုပ္ဘူး။ Dylan ဆိုတဲ့ နာမည္ျဖစ္လာမွလည္းမဟုတ္ဘူး.ဒါနဲ႔ အေႂကြးကို ဒီကေလးေလးကို ျပန္ဆပ္ခိုင္းရင္ ေကာင္းမလား"

ထိုအခါမွ ပုလဲသည္ထိတ္ထိတ္ျပာျပာျဖစ္သြားေလသည္။ ထို႔ေနာက္မာန္သည္ ကေလးအားဂုတ္မွဆြဲကာ ဆိုဖာသို႔ျပန္လာထိုင္ခ်ိန္တြင္ ပုလဲ သည္ခ်ဳပ္ထားေသာလူႏွစ္ေယာက္လက္မွ ႐ုန္းကာ မာန္၏ေျခေထာက္အားလာဖက္ေလသည္။

"ကို.. ပုလဲ ေတာင္းပန္ ပါတယ္ ။ သမီးေလး.သမီးေလးကို ေတာ့မထိပါနဲ႔"

မာန္သည္ေျခေထာက္႐ွိပုလဲအားခြာခ်ကာ

"ဒါဆိုအစထဲက လေရာင္ပိုင္ ကိုမထိခဲ့သင့္ဘူး"

"ပုလဲေတာင္းပန္ပါတယ္ကိုရာ ။ သမီး..သမီးေလး ကိုေတာ့မထိပါနဲ႔။

အဟက္

"ငါ့သားသမီးမွမဟုတ္တာငါကဘာကို​ေထာက္ထား​ေနရအံုးမွာလဲ။ အာကာ​ေမာင္ မင္းကိုမင္းလည္လွပီထင္​ေနတယ္​ေပါ့။ ငါ့သတင္းႏိႈက္ဖို႔ကိုယ္ဇနီးမယားေတာင္ တစ္ျခားလူ ဆီထိုးေကြၽးတာ အံျသေလာက္ပါတယ္ ။ တာဝန္ေက်ပြန္တဲ့ရဲသားႀကီးေရ"

"အယ့္ေတာ့မင္းက ႏြားျဖစ္သြားမယ္မလား ။ ဟားဟား ဟား"

"ေတြ႔တယ္မလား ေဒၚပုလဲ သမီးေလး နဲ႔ ကိုယ့္ဇနီးကိုေတာင္ မူးယစ္ရာဇာ လက္ထဲထိုးေကြၽးတဲ့သူက အိမ္ေထာင္ဖက္ေကာင္းျဖစ္ႏိုင္မလား"

"ေမာင့္ကို နင္ေျပာစရာမလိုဘူး လႊမ္းမာန္ထည္ဝါ"

ေျဖာင္း

ပုလဲ၏မ်က္ႏွာသည္တစ္ဖက္သို႔လည္ထြက္သြားေလသည္။ ထို႔ေနာက္မာန္၏လူႏွစ္ေယာက္သည္ပင္ ပုလဲအားခ်ဳပ္ထားေလသည္။

"လႊမ္းမာန္ထည္ဝါ မင္းငါ့ကိုသတ္လည္းရတယ္ ပုလဲကို မထိနဲ႔"

"ခုမွ ခ်စ္တတ္​ေနလိုက္ၾကတာ။ သတ္မွာ အကုန္သတ္မွာ"

"လႊမ္းမာန္ထည္ဝါ မင္းသားသမီးခ်င္းကိုယ္ခ်င္းမစာဘူးလား။ ဒီေနရာမွ မင္းရဲ႕ သားသမီးဆိုရင္ မင္းဘယ္လိုခံစားရမလဲ"

အဟက္

မာန္သည္အာကာေမာင္ဘက္လွည့္ကာ

"ငါ့သားသမီးဆို ငါအသက္ေပး ကာကြယ္မွာ ။ ရာထူး တက္ဖို႔တစ္ခုထဲနဲ႔ ဇနီးနဲ႔ သားသမီးကိုထိုးေကြၽးတဲ့ လူေလာက္ေအာက္တန္းက်မဲ့ ဖခင္မဟုတ္ဘူး"

"မင္း..မင္း"

"ဘာလဲ အထိနာသြားတာလား။ "

အာကာေမာင္ သည္ ေသြးမ်ားေခြၽးမ်ားစိုရြဲေနသၫ့္ၾကားမွ 

"မင္းလည္း ဒီအေႂကြးေတြေထာင္ထဲမွာ မ​ေသရံုတမယ္ ဆပ္ရလိမ့္မယ္ Dylan "

"ငါ့ကို မင္းတို႔ ေတြက ဖမ္းလို႔မိမယ္ ထင္တယ္​ေပါ့။မင္းတို႔အမ်ိဳးကိုမင္းတို႔ သိပ္အထင္ႀကီးလွခ်ီလား"

ေတာက္

အာကာေမာင္ သည္မာန္႔အားေတာက္ေခါက္လိုက္ေလသည္။မာန္သည္ ဆိုဖာတြင္ျပန္လာထိုင္ကာ ခံုေပၚတြင္ တင္ထားေသာ စေကပါဓား အား သူ႔လူတစ္ေယာက္ေ႐ွ႕သို႔ပစ္ခ်ေပးလိုက္​ေလသည္။

"အယ့္ကေလးကိုအရင္႐ွင္းလိုက္"

"မလုပ္နဲ႔ကို။ မလုပ္...မလုပ္ပါနဲ႔ ။ သမီးေလးက အျပစ္မ႐ွိပါဘူး ။ ပုလဲတို႔သာ အျပစ္႐ွိတာပါ ပုလဲေတာင္းပန္ပါတယ္"

ထို႔ေနာက္ပုလဲသည္​ေသြး႐ူး​ေသြးတန္း​ေအာ္ဟစ္​ေန​ေလသည္။ ထို႔ေနာက္မာန္ သည္ စီးကရက္ အားထုတ္ကာမီးညႇိလိုက္ပီးေနာက္ တစ္႐ိႈက္ဖြာလိုက္ေလသည္။

"ငါ အခ်ိန္ဆြဲတာ ။ စကားကိုႏွစ္ခါေျပာရတာမႀကိဳက္ဘူး"

ထို႔ေနာက္ ဓားကိုင္ထားေသာ မာန္၏လူတစ္​ေယာက္သည္ကေလးအားဆြဲမလိုက္ကာ စကၠန္ပိုင္းအၾကာတြင္ ကေလးသည္ အသံပင္မၾကားလိုက္ရကာ လည္ပင္းမွ ေသြးမ်ားပန္းထြက္သြားျခင္းႏွင့္အတူ ပုလဲႏွင့္အာကာေမာင္တို႔ႏွစ္ေယာက္လံုးဆီမွာ ေအာ္သံမ်ား တၿပိဳက္နက္ထြက္​ေပၚလာခဲ့​ေလ​ေတာ့သည္။

"ခန္႔ကို နားေတြၿငီးလိုက္တာ"

ခန္႔ကို သည္တဆင့္ ေခါင္းၿငိမ့္ျပလိုက္ေသာေၾကာင့္ မာန္ ့လူတစ္ေယာက္သည္ ပုလဲ ႏွင့္ အာကာေမာင္ ပါးစပ္ထဲအားအဝတ္စအားထိုးထည့္လိုက္​ေလ​ေတာ့သည္။ မာန္သည္ စီးကရက္ အားေသာက္ျမဲ​ေသာက္ေနေလသည္။

ထို႔ေနာက္မာန္သည္ ေ႐ွ႕႐ွိျမင္ကြင္းအား ၾကည့္ေနကာစီးကရက္အားေသာက္​ေနသည္မွာတေျဖးေျဖးကုန္လာခ်ိန္တြင္ ယူလာေသာ laggage  ထဲမွ ေဆးထိုးအပ္အားယူကာ အာကာေမာင္ ဆီသို႔ေျဖးညႇင္းစြာထသြားေလသည္။ အာကာေမာင္ ႏွင့္ပုလဲသည္ေမာဟိုက္ေနကာအသက္ပင္ေျဖးေျဖး႐ွဴေနရေလသည္။ မာန္သည္ ကုန္သြားေသာစီးကရက္အားေဘးပစ္ခ်ကာ ခန္႔ကိုအျပင္႐ွိေနေသာ လူေလးေယာက္ဘက္အားလွည့္လိုက္ေလသည္၊

"မင္းတို႔ ေလးေယာက္က ငါ့ကိုအႀကီးႀကီးအက်ိဳးျပဳလိုက္​ေတာ့ငါကျပန္ဆုခ်ရမွာေပါ့".

ထိုေလးေယာက္သည္ ေခါင္းသာငံုထားေလသည္။ မာန္ သည္ စားပြဲေပၚ႐ွိ ပစၥတို အား​ေကာက္ကိုင္လိုက္ကာ

ဒိုင္း ဒိုင္း

ထို႔ေနာက္ေသနတ္သံ ႏွစ္ခ်က္ႏွင့္အတူ က်ည္ႏွစ္ေတာင့္သည္ပုလဲ၏ ေျခေထာက္ႏွစ္ဖက္အားေျပးဝင္သြားေလသည္။ အဝတ္ဆို႔ထားသည္ၾကားမွ ပုလဲ၏ ေအာ္သံသည္ စူးထြက္လာခဲ့ေလျပန္သည္။

"ပုလဲ.."

အာကာေမာင္သည္ ေအာ္ဟစ္ေခၚလိုက္ေသာ္လည္း ပါးစပ္ရွိအဝတ္ေၾကာင့္ အသံသည္တိုးညႇင္းစြာသာထြက္လာေလသည္။ထို႔ေနာက္မာန္သည္ ထိုေလးေယာက္ဘက္ျပန္လွည့္ကာ

"မင္းတို႔ ခုည ပြဲေတာ္တည္လိုက္ၾကအံုး။ မင္းတို့လည္း ဒီမွာ​ေနတာျကာပီမလို့ေဝးကြာေနမွန္းသိပါတယ္။ မနက္ငါလာရင္ေတာ့အေလာင္းျမင္ခ်င္တယ္"

ထို႔ေနာက္ပုလဲသည္ တုန္တုန္ယင္ယင္ျဖင့္မာန္႔အားၾကည့္ကာအသနားခံ​ေလသည္။

"ပုလဲ မင္းငါ့ကို ႏွစ္ ႏွစ္ေက်ာ္ေက်ာ္ သစၥာ ေဖာက္ခဲ့တဲ့ အေႂကြးျပန္ယူတာ ။ ဒီၾကားထဲမင္းလုပ္ရပ္ေတြ  ၊ ငါ့ဆီ အခ်က္အလက္ေတြခိုးေနတာငါ မသိဘူးမ်ားထင္ေနလား။ ငါ့အခန္းမွာ cctv မ႐ွိဘူးမ်ားထင္ေနလား"

ထိုအခါမွ ပုလဲသည္အံျသ သြားကာ မ်က္ရည္မ်ားႏွင့္မာန္႔အားၾကည့္​ေန​ေလသည္။
  ထို႔​ေနာက္ အာကာေမာင္သည္ ပါးစပ္မွ အဝတ္စသည္ျပဳတ္သြားကာ

"ေခြးေကာင္ သတ္လိုက္ ငါတို႔ကိုခုခ်က္ခ်င္းသတ္လိုက္ ။ ငါ့ကိုအရင္သာသတ္လိုက္"

"ေသရမွာပါစိတ္ခ်။ ခုဟာက ငါ့တပည့္ေတြ တာဝန္ေက် လို႔ဆုခ်တဲ့သေဘာပဲ"

ထို႔ေနာက္ မာန္သည္ အာကာေမာင္ ဆီေလ်ွာက္သြားကာလက္ထဲ႐ွိ​ေဆးထိုးအပ္အား အာကာေမာင္ ၏ ပုခံုးသို႔ထိုးခ်လိုက္​ေလသည္။

"သိပ္ေတာ့ စိတ္မပူနဲ႔ ေဆးက ေနာက္ ၁၀ နာရီေလာက္ၾကာမွ ေသမွာ။ ေနာက္ ၁၀ နာရီဆိုေတာ့ ငါလူေတြ လည္းပြဲ​ေတာ္တည္လို႔ပီးသြား​ေလာက္ပီ​ေပါ့"

"မင္း...မင္း"

" ၁၀ နာရီ မျပည့္မခ်င္းမေသဘူး ။ အေၾကာေတြသာ အလုပ္မလုပ္ေတာ့မွာ အယ့္ပြဲေတာ့ ထိုင္ၾကည့္ေနလို႔ရပါတယ္"

ထိုအခါမွ အာကာေမာင္ သည္ မ်က္ရည္မ်ားႏွင့္ မာန္႔အားေမာ့ၾကည့္ကာ

"ငါေတာင္းပန္ပါတယ္ ကြာ ။ သတ္ရင္လည္းႏွစ္ေယာက္လံုးသတ္လိုက္လိုက္ပါ။ ခုလိုမလုပ္ပါနဲ႔ ငါေတာင္း....ေတာင္းပန္ပါတယ္"

"အစထဲက ငါ့လုပ္ငန္း၊ ငါ့ဘဝထဲကိုလာမ႐ႈပ္သင့္ဘူး။မင္းတို႔​ေတြ Dylan ကို လာမထိခဲ့သင့္ဘူး "

ုထိုေနာက္မာန္သည္ ခန္႔ကိုေပးေသာ အက်ႌအားျပန္ဝတ္လိုက္ကာအျပင္ထြက္လာခ်ိန္တြင္ ပုလဲသည္ မာန္႔​ေျခ​ေထာက္အားဖက္ကာ​ေတာင္းပန္​ေလသည္။ သို႔ေသာ္မာန္သည္ တစ္ခ်က္လွည့္မၾကည့္ပဲေျမေအာက္ခန္းမွ ထြက္လာခဲ့​ေလသည္။ မာန္ေနာက္တြင္ ခန္႔ကိုပါ ပါလာခဲ့ေလေတာ့သည္။

******************************************

ပိုင္သည္ ခုေနာက္ပိုင္းတြင္အလုပ္တြင္အခ်ိန္ပိုဆင္းရမည္ျဖစ္ေသာေၾကာင့္ သားအားက်ဴ ႐ွင္ထားကာ အလုပ္ဆင္းခ်ိန္မွ သားအားဝင္ႀကိဳရေလသည္။ ဒီေန႔က်ဴ ႐ွင္ အျပန္တြင္သားက ထူးထူးျခားျခား ေပ်ာ္ေန​ေလသည္။ ပိုင္သည္မိမိ လာႀကိဳသည့္အခ်ိန္သည္ေနာက္က်ေသာေၾကာင့္သားစိတ္ေကာက္မည္ဆိုးကာ မုန္႔ဝယ္လာေသာ္လည္းသားက ေပ်ာ္ေနေလသည္။

"ကဲ ေဖေဖ့ ကိုယ္ေတာ္ေလး ဘာေတြေပ်ာ္စရာ႐ွိလို႔လဲ ။ ေက်ာင္းမွာစာအမွတ္ျပည့္ရလို႔လား."

ပိုင္သည္ သားလက္တစ္ဖက္ဆြဲက က်န္လက္တစ္ဖက္မွ သားဆြဲျခင္းႏွင့္ ရံုးအိတ္ကိုင္ကာ ျပန္လာေလသည္။ ကားမွတ္တိုင္ႏွင့္ပိုင္တို႔​ေနရာသည္ အနည္းငယ္ေဝး​ေသာ​ေၾကာင့္ သားလက္ဆြဲကာ လမ္းေလ်ွာက္လာခဲ့ေလသည္။

"ဟုတ္ပါဘူး ေဖေဖ ကလည္း သားသားက အျမဲတမ္းအမွတ္ျပည့္ရတာ "

"ဟုတ္ပါပီ  ေဖေဖ လူေတာ္ေလး"

ထို႔ေနာက္ပိုင္တို႔သည္တေျဖးေျဖးေလ်ွာက္လာကာ တိုက္ေ႐ွ႕ေရာက္လာေလသည္။ သားက အခန္းေ႐ွ႕ေရာက္သည္အခ်ိန္တြင္ ေသာ့ထားရာေနရာအားသိေသာေၾကာင့္ ေသာ့အားယူကာဖြင့္ေပးေလသည္။ ထို႔ေနာက္ သားသည္အခန္းထဲအရင္ဝင္ပီး​ေနာက္ပိုင္သည္ဝင္ကာ အခန္းတံခါးႏ​ွစ္ခုလံုးအားပိတ္လိုက္ေလသည္။

"သား ခနနားပီးေရခ်ိဳးမယ္"

"ဟုတ္ေဖေဖ"

သားသည္ သူ႔အက်ႌေလးအားခြၽတ္ကာေလ်ွာ္ရန္အဝတ္ျခင္းထဲသို႔ထည့္လိုက္ေလသည္။ပိုင္သည္ သားလြယ္အိတ္အားခံုေပၚတြင္တင္လိုက္ကာ ထမင္းခ်ိဳင့္အား​ေဘစင္တြင္သာတင္ထားလိုက္​ေလသည္။ထို႔​ေနာက္အိမ္​ေ႐ွ႕ျပန္ထြက္လာခ်ိန္တြင္ သားကအက်ႌသာခြၽတ္ထားေလသည္။

"ေဘာင္းဘီပါခြၽတ္ေလသား ေဖေဖ ေဘာင္းဘီပါ ထည့္ေလ်ွာ္မွာ"

ပိုင္သည္အိမ္ေ႐ွ႕႐ွိသိမ္းစရာ႐ွိသည္မ်ားကိုသိမ္းကာ ေရခဲေသတၱာအေသးေလးထဲမွ ကိတ္အားသားအတြက္ထုတ္ေပးလိုက္​ေလသည္။

"ဟင့္အင္း"

ပိုင္သည္ ညစာခ်က္ရန္ျပင္ေနစဥ္သားအားျပန္လွည့္ၾကည့္လိုက္ေလသည္။

"ဘာျဖစ္လို႔လဲ သား "

"သားသားက လူႀကီးျဖစ္ေနပီေလ။ "

ပိုင္သည္ သားစကား​ေၾကာင့္ဟားတိုက္ ရယ္လိုက္ေသာေၾကာင့္သားက ပိုင့္အား႐ွက္ျပံဳး ျပံဳးျပေလသည္။

"ေဖေဖ ေလ သူမ်ားမွ မဟုတ္တာ သားေဖေဖေလ။ ႐ွက္စရာမလိုဘူးသား။ ေဖေဖကသားငယ္ငယ္ထဲကအကုန္ျမင္ဖူးပီးသား"

"ေဖေဖ့ "

ပိုင္ သည္ သားအားၾကည့္ကာရယ္လိုက္ရင္းမွ

"ဟုတ္ပါပီ ဟုတ္ပါပီ ​ေဖေဖ ဒီဘက္လွည့္ေနမယ္။ ဟိုမွာ သားသားသဘတ္မလား ။ေဘာင္းဘီခြၽတ္ပီးပတ္ထားလိုက္ ေဖေဖဒါပီးရင္ သားသားကိုေရခ်ိဳးေပးမယ္"

"ဟုတ္ေဖေဖ"
ဟုဆိုကာသားက ပိုင္ ဒီဘက္ျပန္လွည့္သည့္အခါမွ ေဘာင္းဘီခြၽတ္ကာသဘတ္အားပတ္​ေလသည္။ပိုင္သည္သားလုပ္ရပ္ေၾကာင့္က်ိတ္သာရယ္လိုက္ရေလသည္။

"ေဖေဖ"

ပိုင္တို႔သားအဖသည္ေရခ်ိဳးထမင္းစားပီးခ်ိန္တြင္သားက သူ႔စားပြဲေသးေသးေလး​ေပၚတြင္ထိုင္ကာစာလုပ္ေနေလသည္။ ပိုင္သည္သားေဘးတြင္ထိုင္ကာ ကုမၸဏီ မွ ပါလာေသာအလုပ္မ်ားအားလုပ္ေနေလသည္။

ပိုင္သည္အလုပ္တြင္စိတ္ဝင္စားေနေသာေၾကာင့္လေရာင္ေလးေခၚသံအားမၾကားကာမထူးပဲ​ေန​ေသာ​ေၾကာင့္သားကထပ္​ေခၚ​ေလသည္။

"ေဖေဖ"

"ဟင္ ဘာလို႔လဲ သား။ အသီးစားမလို႔လား"

လေရာင္ေလးသည္စာေရးေနရင္းပင္

"ဟုတ္ဘူး။ သားသား ပါးပါး ကိုသတိရလို႔"

စာရင္းေရးေနေသာ ပိုင္၏လက္သည္ရပ္တန္႔သြားကာသားအားေမာ့ၾကည့္လိုက္ခ်ိန္တြင္သားကစာကိုသာ​ေရးေနေလသည္။

"ေဖေဖပါးပါး ကိုစိတ္ဆိုးေနတာလား."

"မဆိုးပါဘူး "

ပိုင္သည္သက္ျပင္းခ်ကာ စာရင္းကိုသာဆက္လုပ္ေနေလသည္။

"ပါးပါး ဘာလို႔သားသားတို႔ဆီမလာတာလဲဟင္"

"ေဖေဖလည္းမသိဘူး သား။ ကဲ ကိုယ့္စာကိုယ္လုပ္"

ထို႔ေနာက္ပိုင္သည္စာရြက္မ်ားအားသိမ္းကာအခန္းထဲသို႔သာဝင္လာခဲ့လိုက္ေလသည္။ ဟုတ္သည္။လေရာင္ေလး ဆက္ေမးေနလ်ွင္ပိုင္မေျဖတတ္ေတာ့ေခ်။ သားကိုပင္မညာခ်င္​ေသာေၾကာင့္ အခန္းထဲသာဝင္လာကာ အလုပ္စားပြဲ၌သာထိုင္လိုက္ေလသည္။ ထို႔ေနာက္ ၁၀ မိနစ္ေလာက္ အၾကာတြင္ သားက ေရခဲေရ ထည့္ထား​ေသာဖန္ခြက္ေလးအားကိုင္ကာ ပိုင္၏အခန္းထဲသို႔ဝင္လာခဲ့ေလသည္။

"ေဖေဖ "

"......."

"ေဖေဖ သားသားကို စိတ္ဆိုးသြားတာလားဟင္။ သားသားေရခပ္လာတယ္ေလ​ေနာ္"

ပိုင္သည္စာရင္းလုပ္ေနရာမွ ေဘာပင္အားေဘးခ်ကာသားဆီမွ ဖန္ခြက္အားယူလိုက္ကာစားပြဲ​ေပၚသို႔တင္လိုက္ေလသည္။ ထို႔ေနာက္ ပိုင္သည္ သားအားေပါင္ ေပၚဆြဲတင္ကာ စာရင္းကိုသာဆက္လုပ္ေနေလသည္။

"စာလုပ္ပီးပီလား"

သားက ပိုင္​ ရင္ခြင္အားမ်က္ႏွာကပ္လ်ွက္ပင္

"ဟုတ္ေဖေဖ။ "

"....."

"ေဖေဖ"

ပိုင္သည္ျပန္မထူးေပ။

"ေဖေဖ့..."

ပိုင္သည္ထပ္မထူးေသာေၾကာင့္ သားက အနည္းငယ္ေမာ့ကာ ပိုင့္ေမး​ေစ့ေလးအားလာနမ္းေလသည္။ ထိုမွတဆင့္ ပိုင္၏ ပါးႏွင့္ေနရာအႏွံအားလိုက္နမ္းေလေတာ့သည္။ ဤသည္ပင္ လေရာင္ေလးတြင္ရွိေနေသာ သူ႔အားအဖတ္မလုပ္လ်ွင္လိုက္နမ္းတတ္ေသာ မာန္႔၏ အက်င့္တစ္ခုျဖစ္ေလသည္။

"ေဖေဖ့"

ပိုင္သည္စာေရးေနရင္းပင္

"........"

"သားသားကိုစိတ္မဆိုးနဲ႔လို႔"

ပိုင္သည္ ေဘာပင္အားခ်ကာ ရင္ခြင္ထဲ႐ွိ သားအားျပန္႔ေပြ႔လိုက္ကာသား၏ပါးေလးအားနမ္းလိုက္​ေလသည္။

"ေဖေဖမွာ ဒီသားသားပဲ႐ွိတာ စိတ္ဆိုးစရာလားေျပာ"

ထိုအခါမွ သားသည္ ပိုင့္အားျပန္နမ္းေလသည္။

ထို႔ေနာက္သားက  သားသားအိပ္ခ်င္ပီဟုဆိုကာ ပိုင္၏ရင္ခြင္ထဲပင္ေခါင္းကပ္ကာအိပ္ေလ​ေတာ့သည္။ထို႔​ေၾကာင့္ပိုင္သည္က်န္႐ွိေနေသာ စာရင္းအနည္းငယ္အားဆက္လုပ္ေနပီး​ေနာက္ သားအား ပိုင့္ကုတင္ေပၚတင္ကာ ပိုင္သည္ပင္ဝင္အိပ္လိုက္ေလေတာ့သည္။

*******************************************

10.5.2020

Unicode

ပုလဲသည် မိမိအားဓားထောက်ခေါ်လာသောကြောင့် အသာတကြည်လိုက်ခဲ့ရ​လေသည်။ထို့ပြင်  ဘေး၌ထိုင်နေသော လူထံတွင်သမီးလေးသည်အိပ်​ဆေး​ကြောင့် အိပ်​ပျော်လျှက်ရှိနေလေသည်။ ထိုလူသည် သည်မေပုလဲကိုပါ ဓားနဲ့ထောက်ထားသောကြောင့်ပုလဲသည် ရုန်းကန်အော်ဟစ်ခြင်းမပြုရဲခဲ့ပေ။

"ဘယ်သူတွေလဲ ဘာလို့ငါ့သမီးနဲ့ ငါ့ကိုဖမ်းခေါ်လာရတာလဲ"

ထိုအခါ ပုလဲဘေးတွင်ထိုင်နေသောလူမှ.

"Sir Dylan ခေါ်ခိုင်းထားတာ အေးဆေးလိုက်ခဲ့ မဟုတ်ရင် ဒီကလေးအသက်အာမမခံနိုင်ဘူး"

ထို်ကြောင့်ပုလဲသည်ကြောက်ကြောက်နှင့်ငြိမ်သက်စွာလိုက်လာခဲ့ရလေသည်။

"သူ့ကိုမျက်လုံးစည်းလိုက်"

"ဘာလို့လဲ ငါအေးဆေးလိုက်နေတယ်လေ"

"နင့်သမီး အသက်ကငါ့လက်ထဲမှာနော်။ အသံမထွက်ပဲ ပါးစပ်ပိတ်လိုက်လာခဲ့ "

ထို့​ကြောင့်ပုလဲသည်မျက်လုံးစည်းခံရခြင်းအားလက်ခံလိုက်ရ​လေသည်။ မာန်တို့ နယ်မြေရောက်လေ လူစိမ်းအားလမ်းမသိစေရန် မျက်လုံးစည်းထားခြင်းသည်စည်းကမ်းတစ်ခုဖြစ်​သော​ကြောင့်ပုလဲကိုပင် မျက်လုံးစည်းထားလေသည်။

ထို့နောက်သိပ်မကြာမီပင်ကားသည်ထိုးရပ်သွားကာ ကားပေါ်ရှိလူတစ်တယောက်မှ ပုလဲအားခေါ်လာလေသည်။ ပုလဲသမီးအားကျန်သည့်လူတစ်ယောက်မှ ချီလာ​လေသည်။ ထို့နောက်မြေအောက်ခန်းသို​့ ​ခေါ်လာ၍ ​မြေ​အောက်ခန်းထဲ​ရောက်သည့်အခါမှ ပုလဲမျက်လုံးအားဖွင့်ပေးလိုက်လေသည်။ မာန်သည်ဆိုဖာတွင်ဝိုင်အားသောက်မြဲသာသောက်နေလေသည်။ အာကာမောင် ၏လက်၆ ချောင်းတွင်လက်သည်းခွံများကျွတ်နေပီဖြစ်​သော​ကြောင့် အော်ရန်ပင်အသံမထွက်တော့ချေ။

"မောင်..."

ပုလဲသည်မျက်လုံးပြန်ဖွင့်ရချိန်တွင်မြင်လိုက်ရသောမြင်ကွင်းကြောင့်မထိန်းနိုင်စွာ အာကာမောင် အားပြေးဖက်လေသည်။ မာန်သည်မဲ့ပြုံးပြုံးကာ လက်ထဲရှိ ဝိုင်ခွက်အားဖြေးညှင်းစွာဘယ်ညာယိမ်းနေကာ ရှေ့ရှိမြင်ကွင်းအားအရသာခံကာကြည့်နေလေသည်။ ထို့နောက် မေပုလဲအားချီထားသောလူသည်​မေပုလဲအား မာန့်ခြေရင်းတွင်လာချပေးလေသည်။

"ရပ်တော့"

မာန့်အသံကြောင့် လက်သည်းခွံခွာနေသောလူသည်ဖယ်လိုက်ကာ မာန်ထိုင်နေရာဆိုဖာဘေးတွင်လာရပ်နေလေသည်။ပုလဲသည် မီးဝင်းဝင်းတောက်နေသောမျက်လုံးဖြင့် မာန်အားပြန်ကြည့်ကာ

"လွှမ်းမာန်ထည်ဝါ။ နင်လူရောဟုတ်ရဲ့လား။ လူတစ်ယောက်ကိုဒီလောက်တောင်လုပ်ရက်တာလား"

ပုလဲသည်ဒေါသတကြီးနှင့် မာန်ဆီပြေးဝင်လာသော​ကြောင့် မာန့်လူနှစ်ယောက်သည် ပုလဲအားပြေးချုပ်လိုက်ရလေသည်။ မာန်သည် ခြေချိတ်ထိုင်ကာ ဝိုင်ကိုသာ သောက်နေလေသည်။ ထိုအခါမှ အာကာမောင်သည် တုန်တုန်ယင်ယင်ဖြင့်

"Dylan မင်း အပြင်မှာ နေရမယ့်ရက်တွေ လက်ချိုးရေထားလိုက်တော့။ လူပေါင်းများစွာကိုသတ်။ မူးယစ်ဆေးမောင်ခိုလုပ် ၊မှောင်ခို ရောင်းဝယ်ဖောက်ကားနေတဲ့မင်းကို ငါ​ထောင်ထဲမပို့နိုင်လဲ။ သိပ်မကြာ​ခင် မင်းဝင်ရမှာပဲ"

"ဟုတ် လား"

"မင်းအကြောင်းကို ခုရဲတွေ တော်တော်များများ လိုက်နေပီ ။ မင်း ဘယ်လောက်ကြာကြာ​ပြေးနိုင်မလဲ။ ငါ့ကိုသတ်လိုက်ရင်သူတို့ပိုရိပ်မိမှာ ပိုဆိုးတော့မှာ"

မာန်သည် မဲ့ပြုံးပြုံးကာ

"ခုချိန်မှာ ငါ့ကိုဖမ်းမယ်ဆီးမယ်ဆိုတာထက် မင်းအသက်၊ မင်းမိန်းမ နဲ့ မင်းကလေးအသက်ကို ချမ်းသာပေးဖို့တောင်းဆိုသင့်တယ်မလား"

"နင့်လို လူစိတ်မရှိတဲ့ အကောင်ကိုတောင်းပန်စရာမလိုဘူး"

မာန်သည် ပုလဲ စကားကြောင့် ထိုင်နေရာမှပုလဲ​ရှေ့ ထသွားကာ

"ဒေါ်ပုလဲ​ခင်ဗျား​ယောကျ်ားရဲ့ပွဲကြည့်ချင်လို့ ဂျိုထနေတာလား ။ အိုကေ ကောင်းပီ။ ကဲ ပွဲလေးစလိုက်ကြစို့"

ထို့နောက်  အာကာမောင် ၏ လက်မှ လက်သည်းထပ်ကျွတ်သွားခြင်းနှင့် အတူ ဆိုးဝါးသောအော်သံသည်ထွက်ပေါ်လာခဲ့လေသည်။

"မောင်...."

ချုပ်ထားသော မာန်၏လူနှစ်ယောက်လက်မှ ပုလဲသည် အော်ဟစ်နေ​လေသည်။ထို့နောက်မာန်သည်အိပ်ဆေး ကြောင့်အိပ်နေသောကလေးဆီသွားကာ

"ငါ့ စက်ရုံလျှော်ကြေးကို ဘယ်လိုပြန်ပေးကြမှာလဲ"

"ဘာမှလည်းပြန်မပေးနိုင်ဘူး။ ထောင်ထဲမှာ အရိုးထုတ်ရမည့်အကောင် ။ ကြိုးမိန့်တောင်ပေးမှာမင်းလို ခွေးကောင်ကို"

အာကာမောင် သည် သွေးများချွေးများစိုရွဲနေရမှ မောဟိုက်စွာပြောလေသည်။

"ငါ က ထောင်ထဲဝင်ရမှာကိုကြောက်နေရင်ဒီအလုပ်မလုပ်ဘူး။ Dylan ဆိုတဲ့ နာမည်ဖြစ်လာမှလည်းမဟုတ်ဘူး.ဒါနဲ့ အကြွေးကို ဒီကလေးလေးကို ပြန်ဆပ်ခိုင်းရင် ကောင်းမလား"

ထိုအခါမှ ပုလဲသည်ထိတ်ထိတ်ပြာပြာဖြစ်သွားလေသည်။ ထို့နောက်မာန်သည် ကလေးအားဂုတ်မှဆွဲကာ ဆိုဖာသို့ပြန်လာထိုင်ချိန်တွင် ပုလဲ သည်ချုပ်ထားသောလူနှစ်ယောက်လက်မှ ရုန်းကာ မာန်၏ခြေထောက်အားလာဖက်လေသည်။

"ကို.. ပုလဲ တောင်းပန် ပါတယ် ။ သမီးလေး.သမီးလေးကို တော့မထိပါနဲ့"

မာန်သည်ခြေထောက်ရှိပုလဲအားခွာချကာ

"ဒါဆိုအစထဲက လရောင်ပိုင် ကိုမထိခဲ့သင့်ဘူး"

"ပုလဲတောင်းပန်ပါတယ်ကိုရာ ။ သမီး..သမီးလေး ကိုတော့မထိပါနဲ့။

အဟက်

"ငါ့သားသမီးမှမဟုတ်တာငါကဘာကို​ထောက်ထား​နေရအုံးမှာလဲ။ အာကာ​မောင် မင်းကိုမင်းလည်လှပီထင်​နေတယ်​ပေါ့။ ငါ့သတင်းနှိုက်ဖို့ကိုယ်ဇနီးမယားတောင် တစ်ခြားလူ ဆီထိုးကျွေးတာ အံသြလောက်ပါတယ် ။ တာဝန်ကျေပွန်တဲ့ရဲသားကြီးရေ"

"အယ့်တော့မင်းက နွားဖြစ်သွားမယ်မလား ။ ဟားဟား ဟား"

"တွေ့တယ်မလား ဒေါ်ပုလဲ သမီးလေး နဲ့ ကိုယ့်ဇနီးကိုတောင် မူးယစ်ရာဇာ လက်ထဲထိုးကျွေးတဲ့သူက အိမ်ထောင်ဖက်ကောင်းဖြစ်နိုင်မလား"

"မောင့်ကို နင်ပြောစရာမလိုဘူး လွှမ်းမာန်ထည်ဝါ"

ဖြောင်း

ပုလဲ၏မျက်နှာသည်တစ်ဖက်သို့လည်ထွက်သွားလေသည်။ ထို့နောက်မာန်၏လူနှစ်ယောက်သည်ပင် ပုလဲအားချုပ်ထားလေသည်။

"လွှမ်းမာန်ထည်ဝါ မင်းငါ့ကိုသတ်လည်းရတယ် ပုလဲကို မထိနဲ့"

"ခုမှ ချစ်တတ်​နေလိုက်ကြတာ။ သတ်မှာ အကုန်သတ်မှာ"

"လွှမ်းမာန်ထည်ဝါ မင်းသားသမီးချင်းကိုယ်ချင်းမစာဘူးလား။ ဒီနေရာမှ မင်းရဲ့ သားသမီးဆိုရင် မင်းဘယ်လိုခံစားရမလဲ"

အဟက်

မာန်သည်အာကာမောင်ဘက်လှည့်ကာ

"ငါ့သားသမီးဆို ငါအသက်ပေး ကာကွယ်မှာ ။ ရာထူး တက်ဖို့တစ်ခုထဲနဲ့ ဇနီးနဲ့ သားသမီးကိုထိုးကျွေးတဲ့ လူလောက်အောက်တန်းကျမဲ့ ဖခင်မဟုတ်ဘူး"

"မင်း..မင်း"

"ဘာလဲ အထိနာသွားတာလား။ "

အာကာမောင် သည် သွေးများချွေးများစိုရွဲနေသည့်ကြားမှ 

"မင်းလည်း ဒီအကြွေးတွေထောင်ထဲမှာ မ​သေရုံတမယ် ဆပ်ရလိမ့်မယ် Dylan "

"ငါ့ကို မင်းတို့ တွေက ဖမ်းလို့မိမယ် ထင်တယ်​ပေါ့။မင်းတို့အမျိုးကိုမင်းတို့ သိပ်အထင်ကြီးလှချီလား"

တောက်

အာကာမောင် သည်မာန့်အားတောက်ခေါက်လိုက်လေသည်။မာန်သည် ဆိုဖာတွင်ပြန်လာထိုင်ကာ ခုံပေါ်တွင် တင်ထားသော စကေပါဓား အား သူ့လူတစ်ယောက်ရှေ့သို့ပစ်ချပေးလိုက်​လေသည်။

"အယ့်ကလးကိုအရင်ရှင်းလိုက်"

"မလုပ်နဲ့ကို။ မလုပ်...မလုပ်ပါနဲ့ ။ သမီးလေးက အပြစ်မရှိပါဘူး ။ ပုလဲတို့သာ အပြစ်ရှိတာပါ ပုလဲတောင်းပန်ပါတယ်"

ထို့နောက်ပုလဲသည်​သွေးရူး​သွေးတန်း​အော်ဟစ်​နေ​လေသည်။ ထို့နောက်မာန် သည် စီးကရက် အားထုတ်ကာမီးညှိလိုက်ပီးနောက် တစ်ရှိုက်ဖွာလိုက်လေသည်။

"ငါ အချိန်ဆွဲတာ ။ စကားကိုနှစ်ခါပြောရတာမကြိုက်ဘူး"

ထို့နောက် ဓားကိုင်ထားသော မာန်၏လူတစ်​ယောက်သည်ကလေးအားဆွဲမလိုက်ကာ စက္ကန်ပိုင်းအကြာတွင် ကလေးသည် အသံပင်မကြားလိုက်ရကာ လည်ပင်းမှ သွေးများပန်းထွက်သွားခြင်းနှင့်အတူ ပုလဲနှင့်အာကာမောင်တို့နှစ်ယောက်လုံးဆီမှာ အော်သံများ တပြိုက်နက်ထွက်​ပေါ်လာခဲ့​လေ​တော့သည်။

"ခန့်ကို နားတွေငြီးလိုက်တာ"

ခန့်ကို သည်တဆင့် ခေါင်းငြိမ့်ပြလိုက်သောကြောင့် မာန် ့လူတစ်ယောက်သည် ပုလဲ နှင့် အာကာမောင် ပါးစပ်ထဲအားအဝတ်စအားထိုးထည့်လိုက်​လေ​တော့သည်။ မာန်သည် စီးကရက် အားသောက်မြဲ​သောက်နေလေသည်။

ထို့နောက်မာန်သည် ရှေ့ရှိမြင်ကွင်းအား ကြည့်နေကာစီးကရက်အားသောက်​နေသည်မှာတဖြေးဖြေးကုန်လာချိန်တွင် ယူလာသော laggage  ထဲမှ ဆေးထိုးအပ်အားယူကာ အာကာမောင် ဆီသို့ဖြေးညှင်းစွာထသွားလေသည်။ အာကာမောင် နှင့်ပုလဲသည်မောဟိုက်နေကာအသက်ပင်ဖြေးဖြေးရှူနေရလေသည်။ မာန်သည် ကုန်သွားသောစီးကရက်အားဘေးပစ်ချကာ ခန့်ကိုအပြင်ရှိနေသော လူလေးယောက်ဘက်အားလှည့်လိုက်လေသည်၊

"မင်းတို့ လေးယောက်က ငါ့ကိုအကြီးကြီးအကျိုးပြုလိုက်​တော့ငါကပြန်ဆုချရမှာပေါ့".

ထိုလေးယောက်သည် ခေါင်းသာငုံထားလေသည်။ မာန် သည် စားပွဲပေါ်ရှိ ပစ္စတို အား​ကောက်ကိုင်လိုက်ကာ

ဒိုင်း ဒိုင်း

ထို့နောက်သေနတ်သံ နှစ်ချက်နှင့်အတူ ကျည်နှစ်တောင့်သည်ပုလဲ၏ ခြေထောက်နှစ်ဖက်အားပြေးဝင်သွားလေသည်။ အဝတ်ဆို့ထားသည်ကြားမှ ပုလဲ၏ အော်သံသည် စူးထွက်လာခဲ့လေပြန်သည်။

"ပုလဲ.."

အာကာမောင်သည် အော်ဟစ်ခေါ်လိုက်သော်လည်း ပါးစပ်ရှိအဝတ်ကြောင့် အသံသည်တိုးညှင်းစွာသာထွက်လာလေသည်။ထို့နောက်မာန်သည် ထိုလေးယောက်ဘက်ပြန်လှည့်ကာ

"မင်းတို့ ခုည ပွဲတော်တည်လိုက်ကြအုံး။ မင်းတို့လည်း ဒီမှာ​နေတာကြာပီမလို့ဝေးကွာနေမှန်းသိပါတယ်။ မနက်ငါလာရင်တော့အလောင်းမြင်ချင်တယ်"

ထို့နောက်ပုလဲသည် တုန်တုန်ယင်ယင်ဖြင့်မာန့်အားကြည့်ကာအသနားခံ​လေသည်။

"ပုလဲ မင်းငါ့ကို နှစ် နှစ်ကျော်ကျော် သစ္စာ ဖောက်ခဲ့တဲ့ အကြွေးပြန်ယူတာ ။ ဒီကြားထဲမင်းလုပ်ရပ်တွေ  ၊ ငါ့ဆီ အချက်အလက်တွေခိုးနေတာငါ မသိဘူးများထင်နေလား။ ငါ့အခန်းမှာ cctv မရှိဘူးများထင်နေလား"

ထိုအခါမှ ပုလဲသည်အံသြ သွားကာ မျက်ရည်များနှင့်မာန့်အားကြည့်​နေ​လေသည်။
  ထို့​နောက် အာကာမောင်သည် ပါးစပ်မှ အဝတ်စသည်ပြုတ်သွားကာ

"ခွေးကောင် သတ်လိုက် ငါတို့ကိုခုချက်ချင်းသတ်လိုက် ။ ငါ့ကိုအရင်သာသတ်လိုက်"

"သေရမှာပါစိတ်ချ။ ခုဟာက ငါ့တပည့်တွေ တာဝန်ကျေ လို့ဆုချတဲ့သဘောပဲ"

ထို့နောက် မာန်သည် အာကာမောင် ဆီလျှောက်သွားကာလက်ထဲရှိ​ဆေးထိုးအပ်အား အာကာမောင် ၏ ပုခုံးသို့ထိုးချလိုက်​လေသည်။

"သိပ်တော့ စိတ်မပူနဲ့ ဆေးက နောက် ၁၀ နာရီလောက်ကြာမှ သေမှာ။ နောက် ၁၀ နာရီဆိုတော့ ငါလူတွေ လည်းပွဲ​တော်တည်လို့ပီးသွား​လောက်ပီ​ပေါ့"

"မင်း...မင်း"

" ၁၀ နာရီ မပြည့်မချင်းမသေဘူး ။ အကြောတွေသာ အလုပ်မလုပ်တော့မှာ အယ့်ပွဲတော့ ထိုင်ကြည့်နေလို့ရပါတယ်"

ထိုအခါမှ အာကာမောင် သည် မျက်ရည်များနှင့် မာန့်အားမော့ကြည့်ကာ

"ငါတောင်းပန်ပါတယ် ကွာ ။ သတ်ရင်လည်းနှစ်ယောက်လုံးသတ်လိုက်လိုက်ပါ။ ခုလိုမလုပ်ပါနဲ့ ငါတောင်း....တောင်းပန်ပါတယ်"

"အစထဲက ငါ့လုပ်ငန်း၊ ငါ့ဘဝထဲကိုလာမရှုပ်သင့်ဘူး။မင်းတို့​တွေ Dylan ကို လာမထိခဲ့သင့်ဘူး "

ုထိုနောက်မာန်သည် ခန့်ကိုပေးသော အကျႌအားပြန်ဝတ်လိုက်ကာအပြင်ထွက်လာချိန်တွင် ပုလဲသည် မာန့်​ခြေ​ထောက်အားဖက်ကာ​တောင်းပန်​လေသည်။ သို့သော်မာန်သည် တစ်ချက်လှည့်မကြည့်ပဲမြေအောက်ခန်းမှ ထွက်လာခဲ့​လေသည်။ မာန်နောက်တွင် ခန့်ကိုပါ ပါလာခဲ့လေတော့သည်။

******************************************

ပိုင်သည် ခုနောက်ပိုင်းတွင်အလုပ်တွင်အချိန်ပိုဆင်းရမည်ဖြစ်သောကြောင့် သားအားကျူ ရှင်ထားကာ အလုပ်ဆင်းချိန်မှ သားအားဝင်ကြိုရလေသည်။ ဒီနေ့ကျူ ရှင် အပြန်တွင်သားက ထူးထူးခြားခြား ပျော်နေ​လေသည်။ ပိုင်သည်မိမိ လာကြိုသည့်အချိန်သည်နောက်ကျသောကြောင့်သားစိတ်ကောက်မည်ဆိုးကာ မုန့်ဝယ်လာသော်လည်းသားက ပျော်နေလေသည်။

"ကဲ ဖေဖေ့ ကိုယ်တော်လေး ဘာတွေပျော်စရာရှိလို့လဲ ။ ကျောင်းမှာစာအမှတ်ပြည့်ရလို့လား."

ပိုင်သည် သားလက်တစ်ဖက်ဆွဲက ကျန်လက်တစ်ဖက်မှ သားဆွဲခြင်းနှင့် ရုံးအိတ်ကိုင်ကာ ပြန်လာလေသည်။ ကားမှတ်တိုင်နှင့်ပိုင်တို့​နေရာသည် အနည်းငယ်ဝေး​သော​ကြောင့် သားလက်ဆွဲကာ လမ်းလျှောက်လာခဲ့လေသည်။

"ဟုတ်ပါဘူး ဖေဖေ ကလည်း သားသားက အမြဲတမ်းအမှတ်ပြည့်ရတာ "

"ဟုတ်ပါပီ  ဖေဖေ လူတော်လေး"

ထို့နောက်ပိုင်တို့သည်တဖြေးဖြေးလျှောက်လာကာ တိုက်ရှေ့ရောက်လာလေသည်။ သားက အခန်းရှေ့ရောက်သည်အချိန်တွင် သော့ထားရာနေရာအားသိသောကြောင့် သော့အားယူကာဖွင့်ပေးလေသည်။ ထို့နောက် သားသည်အခန်းထဲအရင်ဝင်ပီး​နောက်ပိုင်သည်ဝင်ကာ အခန်းတံခါးန​ှစ်ခုလုံးအားပိတ်လိုက်လေသည်။

"သား ခနနားပီးရေချိုးမယ်"

"ဟုတ်ဖေဖေ"

သားသည် သူ့အကျႌလေးအားချွတ်ကာလျှော်ရန်အဝတ်ခြင်းထဲသို့ထည့်လိုက်လေသည်။ပိုင်သည် သားလွယ်အိတ်အားခုံပေါ်တွင်တင်လိုက်ကာ ထမင်းချိုင့်အား​ဘေစင်တွင်သာတင်ထားလိုက်​လေသည်။ထို့​နောက်အိမ်​ရှေ့ပြန်ထွက်လာချိန်တွင် သားကအကျႌသာချွတ်ထားလေသည်။

"ဘောင်းဘီပါချွတ်လေသား ဖေဖေ ဘောင်းဘီပါ ထည့်လျှော်မှာ"

ပိုင်သည်အိမ်ရှေ့ရှိသိမ်းစရာရှိသည်များကိုသိမ်းကာ ရေခဲသေတ္တာအသေးလေးထဲမှ ကိတ်အားသားအတွက်ထုတ်ပေးလိုက်​လေသည်။

"ဟင့်အင်း"

ပိုင်သည် ညစာချက်ရန်ပြင်နေစဉ်သားအားပြန်လှည့်ကြည့်လိုက်လေသည်။

"ဘာဖြစ်လို့လဲ သား "

"သားသားက လူကြီးဖြစ်နေပီလေ။ "

ပိုင်သည် သားစကား​ကြောင့်ဟားတိုက် ရယ်လိုက်သောကြောင့်သားက ပိုင့်အားရှက်ပြုံး ပြုံးပြလေသည်။

"ဖေဖေ လေ သူများမှ မဟုတ်တာ သားဖေဖေလေ။ ရှက်စရာမလိုဘူးသား။ ဖေဖေကသားငယ်ငယ်ထဲကအကုန်မြင်ဖူးပီးသား"

"ဖေဖေ့ "

ပိုင် သည် သားအားကြည့်ကာရယ်လိုက်ရင်းမှ

"ဟုတ်ပါပီ ဟုတ်ပါပီ ​ဖေဖေ ဒီဘက်လှည့်နေမယ်။ ဟိုမှာ သားသားသဘတ်မလား ။ဘောင်းဘီချွတ်ပီးပတ်ထားလိုက် ဖေဖေဒါပီးရင် သားသားကိုရေချိုးပေးမယ်"

"ဟုတ်ဖေဖေ"
ဟုဆိုကာသားက ပိုင် ဒီဘက်ပြန်လှည့်သည့်အခါမှ ဘောင်းဘီချွတ်ကာသဘတ်အားပတ်​လေသည်။ပိုင်သည်သားလုပ်ရပ်ကြောင့်ကျိတ်သာရယ်လိုက်ရလေသည်။

"ဖေဖေ"

ပိုင်တို့သားအဖသည်ရေချိုးထမင်းစားပီးချိန်တွင်သားက သူ့စားပွဲသေးသေးလေး​ပေါ်တွင်ထိုင်ကာစာလုပ်နေလေသည်။ ပိုင်သည်သားဘေးတွင်ထိုင်ကာ ကုမ္ပဏီ မှ ပါလာသောအလုပ်များအားလုပ်နေလေသည်။

ပိုင်သည်အလုပ်တွင်စိတ်ဝင်စားနေသောကြောင့်လရောင်လေးခေါ်သံအားမကြားကာမထူးပဲ​နေ​သော​ကြောင့်သားကထပ်​ခေါ်​လေသည်။

"ဖေဖေ"

"ဟင် ဘာလို့လဲ သား။ အသီးစားမလို့လား"

လရောင်လေးသည်စာရေးနေရင်းပင်

"ဟုတ်ဘူး။ သားသား ပါးပါး ကိုသတိရလို့"

စာရင်းရေးနေသော ပိုင်၏လက်သည်ရပ်တန့်သွားကာသားအားမော့ကြည့်လိုက်ချိန်တွင်သားကစာကိုသာ​ရေးနေလေသည်။

"ဖေဖေပါးပါး ကိုစိတ်ဆိုးနေတာလား."

"မဆိုးပါဘူး "

ပိုင်သည်သက်ပြင်းချကာ စာရင်းကိုသာဆက်လုပ်နေလေသည်။

"ပါးပါး ဘာလို့သားသားတို့ဆီမလာတာလဲဟင်"

"ဖေဖေလည်းမသိဘူး သား။ ကဲ ကိုယ့်စာကိုယ်လုပ်"

ထို့နောက်ပိုင်သည်စာရွက်များအားသိမ်းကာအခန်းထဲသို့သာဝင်လာခဲ့လိုက်လေသည်။ ဟုတ်သည်။လရောင်လေး ဆက်မေးနေလျှင်ပိုင်မဖြေတတ်တော့ချေ။ သားကိုပင်မညာချင်​သောကြောင့် အခန်းထဲသာဝင်လာကာ အလုပ်စားပွဲ၌သာထိုင်လိုက်လေသည်။ ထို့နောက် ၁၀ မိနစ်လောက် အကြာတွင် သားက ရေခဲရေ ထည့်ထား​သောဖန်ခွက်လေးအားကိုင်ကာ ပိုင်၏အခန်းထဲသို့ဝင်လာခဲ့လေသည်။

"ဖေဖေ "

"......."

"ဖေဖေ သားသားကို စိတ်ဆိုးသွားတာလားဟင်။ သားသားရေခပ်လာတယ်လေ​နော်"

ပိုင်သည်စာရင်းလုပ်နေရာမှ ဘောပင်အားဘေးချကာသားဆီမှ ဖန်ခွက်အားယူလိုက်ကာစားပွဲ​ပေါ်သို့တင်လိုက်လေသည်။ ထို့နောက် ပိုင်သည် သားအားပေါင် ပေါ်ဆွဲတင်ကာ စာရင်းကိုသာဆက်လုပ်နေလေသည်။

"စာလုပ်ပီးပီလား"

သားက ပိုင်​ ရင်ခွင်အားမျက်နှာကပ်လျှက်ပင်

"ဟုတ်ဖေဖေ။ "

"....."

"ဖေဖေ"

ပိုင်သည်ပြန်မထူးပေ။

"ဖေဖေ့..."

ပိုင်သည်ထပ်မထူးသောကြောင့် သားက အနည်းငယ်မော့ကာ ပိုင့်မေး​စေ့လေးအားလာနမ်းလေသည်။ ထိုမှတဆင့် ပိုင်၏ ပါးနှင့်နေရာအနှံအားလိုက်နမ်းလေတော့သည်။ ဤသည်ပင် လရောင်လေးတွင်ရှိနေသော သူ့အားအဖတ်မလုပ်လျှင်လိုက်နမ်းတတ်သော မာန့်၏ အကျင့်တစ်ခုဖြစ်လေသည်။

"ဖေဖေ့"

ပိုင်သည်စာရေးနေရင်းပင်

"........"

"သားသားကိုစိတ်မဆိုးနဲ့လို့"

ပိုင်သည် ဘောပင်အားချကာ ရင်ခွင်ထဲရှိ သားအားပြန့်ပွေ့လိုက်ကာသား၏ပါးလေးအားနမ်းလိုက်​လေသည်။

"ဖေဖေမှာ ဒီသားသားပဲရှိတာ စိတ်ဆိုးစရာလားပြော"

ထိုအခါမှ သားသည် ပိုင့်အားပြန်နမ်းလေသည်။

ထို့နောက်သားက  သားသားအိပ်ချင်ပီဟုဆိုကာ ပိုင်၏ရင်ခွင်ထဲပင်ခေါင်းကပ်ကာအိပ်လေ​တော့သည်။ထို့​ကြောင့်ပိုင်သည်ကျန်ရှိနေသော စာရင်းအနည်းငယ်အားဆက်လုပ်နေပီး​နောက် သားအား ပိုင့်ကုတင်ပေါ်တင်ကာ ပိုင်သည်ပင်ဝင်အိပ်လိုက်လေတော့သည်။

*******************************************

10.5.2020

Continue Reading

You'll Also Like

5.7K 526 4
ဥတုရာသီ တောကိုမှီတဲ့ ဟင့်အင်း ကျွန်တော်ကတော့ ခဗျားကိုပဲ မှီချင်တယ် ဥတုရာသီ ေတာကိုမွီတဲ့ ဟင့္အင္း ကြၽန္ေတာ္ကေတာ့ ခဗ်ားကိုပဲ မွီခ်င္တယ္
5.4M 720K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
9.6K 471 12
ဘဝဆိုတာပန်းချီကားတစ်ချပ်လိုပဲ~~ ပန်းချီကားရဲ့ လှပခြင်း ၊ သေသပ်ခြင်းဟာဆေးရောင်ခြယ်တဲ့ ပန်းချီကားပိုင်ရှင်ပေါ်မူတည်တယ် ။
1.3M 42.9K 77
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...