The Love from Windward (Compl...
By Po_wayy
618K 46.9K 1K
โค More
(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
Final.
(35)
18.9K 1.3K 64
By Po_wayy
ultrasound ရိုက်​ပြီး ​ယောကျာင်္း​လေးမှန်းသိပြီးတဲ့
ထင်​တဲ့အတိုင်းပါပဲ။ သိပြီးသွားတာနဲ့
သွားကိုင်​ကြည့်​သည်​။
" ဟယ်​! အစစ်​ကြီး​တော့ "
မယ့်​ အနားမလာရဲ။
" အင်း...လာ​လေ "
သူ့အသားက နုနု​လေး "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ခု​တော့လည်း ​ယောကျာင်္း​လေးတစ်​​ယောက်​ကို
ပြော​သေးသည်​။
မွေး​ပေးပါလားဟယ်​ "
ဒါမျိုး​ပြောတဲ့အခါ
ဝမ်​ရိ​ပေါ်က​တော့
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
တောင်းပန်​ပါတယ်​ "
တယ်​။
သူကသာ ​တောင်းပန်​​နေတာ။ အားလုံးက သူ့ကို
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
လက်​ခံရရှိ​နေတဲ့အတွက်
သေ​ပျော်​​နေပါပြီ "
မင်းက အ​ရေးကြီးဆုံးပဲ
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ဆရာကြီး​ရောက်​လာတာနဲ့
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
သတ်​မှတ်​လိုက်​သည်​။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ထွက်​လာသည်​။
" ​ယောင်္ကျား​လေးပါ က​လေးက ကျန်းမာပါတယ်​ "
" ​ဘေးကို....​ဘေးဖယ်​ပါ...
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
A/N:  Next part က Final ပါ
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
Unicode
ဆွေမျိုးတွေကို တမင်မပြောဘဲ နေနေပါတယ်ဆိုမှ
ultrasound ရိုက်ပြီး ယောကျာၤးလေးမှန်းသိပြီးတဲ့
အခါမှာ ကျင်းရီက သွားပြောလိုက်သည်။
ထင်တဲ့အတိုင်းပါပဲ။ သိပြီးသွားတာနဲ့
ကြီးတော်က အရင်ရောက်ချလာသည်။
လူကြီးဆိုတော့ ပြောလို့လည်းမရ။
ရောက်လာတာနဲ့ ရှောင်းကျန့်ဗိုက်ကို
သွားကိုင်ကြည့်သည်။
ရှောင်းကျန့်ဗိုက်ကလည်း တော်တော်ပူနေပြီ။
" ဟယ်! အစစ်ကြီးတော့ "
ကိုင်ကြည့်ပြီးတော့ အားရပါးရနဲ့
ယူလာတဲ့ အစားအသောက်တွေကို
စားဖိုမှုးလက်ကို အပ်နေသည်။
Rose က အနောက်မှာ ခပ်ကုပ်ကုပ်လေး
ပါလာတယ်။ ရှောင်းကျန့်ဗိုက်ပူပူလေးကိုကြည့်ပြီး
အသည်းတယားယားနဲ့ သဘောတွေကျနေပေ
မယ့် အနားမလာရဲ။
ပြန်ခါနီးကျမှ မနေနိုင်တော့ဘူးထင်တယ်။
ရှောင်းကျန့်နားကို သွားပြီး...
" Rose နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မှာ
၃ နှစ်တောင်ဆိုတော့ ဟို ဟိုလေ
Rose လည်း ခဏလေးကိုင်ကြည့်လို့ရမလား "
" အင်း...လာလေ "
ရှောင်းကျန့်က ရတယ်ဆိုပေမယ့်
ဝမ်ရိပေါ်က မကြည်သလိုကြည့်တယ်။
" နင်တို့နော် ဟိုကိုင်ဒီကိုင်နဲ့
သူ့အသားက နုနုလေး "
Rose က အဖြစ်ကိုသည်းတယ် လို့ပြောပြီး
ရှောင်းကျန့်ဗိုက်ကို ပြေးကိုင်တယ်။
" ဟယ်! ကန်တယ် Rose ကို ကန်တယ်တော့
အမလေး တောင်းပန်ပါတယ်ရှင့်
အန်တီ Rose က မှားသွားပါတယ်
တူလေးကိုလည်း တောင်းပန်ပါတယ်
တူလေးရဲ့ ပါးပါးကိုလည်း တောင်းပန်ပါတယ် "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ခုတော့လည်း ယောကျာၤးလေးတစ်ယောက်ကို
ကောက်ယူပစ်လိုက်လို့ ဝိုင်းအပြစ်တင်ခဲ့ကြတဲ့
ဝမ်ဆွေတော်မျိုးတော်တွေဟာ
အိမ်ကို နေ့တိုင်းဝင်ထွက်လို့။
ဝမ်ရိပေါ်ဆိုသည်မှာလည်း
မိန်းမ ၂ ယောက်လုံးနှင့် ဘာမှမထူးခြားခဲ့ဘဲ
ဒီကောင်လေးနဲ့ကျမှပဲ ဘာတွေအစွမ်းပြသွားလဲမသိ။
အမျိုးတွေက မေးကြည့်တယ်။
" ဘယ်လိုများလုပ်လိုက်တာလဲ ရိပေါ်ရယ် "
ရိပေါ်ကလည်း ပြန်ဖြေပါတယ်။
" မသိဘူး ဒီလိုပဲလုပ်တာပဲလေ "
အစက ရှိတယ်တောင်မသတ်မှတ်ဘဲ
ပစ်ပယ်ထားတဲ့ ကောင်လေးက
တစ်မျိုးလုံးတစ်ဆွေလုံး လိုချင်လွန်းလှတဲ့
ဝမ်မျိုးနွယ်ရဲ့ မျိုးဆက်လေးကို လွယ်ထားတယ်ဆို
တော့မှပဲ ဝိုင်းအုံဂရုစိုက်နေကြပြန်သည်။
နေ့တိုင်းပို့နေတဲ့ အစားအသောက်တွေက ပိုလျှံလို့
အိမ်ဝန်ထမ်းတွေရဲ့အမျိုးတွေထိပါ ပေးပစ်ရသည်။
ကလေးပစ္စည်းတွေဆိုတာလည်း ပုံထပ်နေသည်။
တစ်ခါတစ်လေကျ  အားဆေးတွေလာပို့ပြီး
ပြောသေးသည်။
" ဖြစ်နိုင်ရင် နောက်ထပ် ၅ ယောက်လောက်
မွေးပေးပါလားဟယ် "
ဒါမျိုးပြောတဲ့အခါ
ရှောင်းကျန့် သတိတောင်လစ်ချင်သည်။
ဝမ်ရိပေါ်ကတော့
သူ့ဘက်ကတော့ဖြစ်နိုင်ပါတယ် ဆိုတဲ့ရုပ်ကြီးနဲ့ ။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ကျွန်တော်အရင်က နားမလည်ခဲ့လို့
ပြောမှားဆိုမှားရှိခဲ့တာတွေ အားလုံးအတွက်
တောင်းပန်ပါတယ် "
အိမ်ဝန်ထမ်းတွေအားလုံးကို ခေါ်ပေးပါဆိုပြီး
လူစုံတော့ ရှောင်းကျန့်က အားလုံးကိုတောင်းပန်
တယ်။
သူကသာ တောင်းပန်နေတာ။ အားလုံးက သူ့ကို
တစ်စက်ကလေးမှ ထိခိုက်ပွန်းပဲ့မသွားအောင်
ပြုစုစောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ပြီးသား။
အရင်က ဘယ်လိုပဲ အဆင်မပြေပါစေ ခုချိန်မှာ
သူတို့ သခင်လေးရဲ့ ရင်သွေးလေးကို
လွယ်ထားပေးနေတယ် ဆိုတဲ့တစ်ချက်တည်းနဲ့
အားလုံးကို သင်ပုန်းချေပြီးသား။
ဘာပဲဖြစ်ဖြစ် ခုလိုတောင်းပန်တော့လည်း
ပိုပြီးတော့ မေတ္တာထားရပါသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
အားလုံးရဲ့ မေတ္တာတွေ ဂရုစိုက်မှုတွေကို
လက်ခံရရှိနေတဲ့အတွက်
ရှောင်းကျန့်တကယ်ပျော်နေပါသည်။
" ကျွန်တော်လေ ခုချိန်မှာသေရမယ်ဆိုရင်တောင်
ကလေးလေးကို မွေးခဲ့ပေးပြီးရင်
သေပျော်နေပါပြီ "
" ဘာတွေပြောနေတာလဲ ရှောင်းကျန့်ရယ်
ကိုယ့်အတွက် တစ်လောကလုံးမှာ
မင်းက အရေးကြီးဆုံးပဲ
ပေါက်ကရတွေ လျှောက်မပြောနဲ့ "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
အမျိုးသားကိုယ်ဝန်ဆောင် မွေးဖွားခြင်းက
ပုံမှန် သမာရိုးကျဖြစ်စဉ်မဟုတ်တဲ့အတွက်
ဆေးရုံမှာဆရာဝန်ကြီးတွေဟာ ဒီကိစ္စနဲ့ပါတ်သက်လို့
ဆွေးနွေးပွဲတွေ လုပ်ကြသည်။
ဒီနေ့လိုမျိုး တစ်ခါတစ်လေမှာ ကာယကံရှင်ကိုလည်း တက်ရောက်ခွင့်ပြုလေ့ရှိသည်။
မေ့ဆေးဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ ကလေးအထူးကု နဲ့ ခွဲစိတ်ခန်းပညာရှင်
တွေရဲ့ ဆေးပညာဆွေးနွေးမှုတွေကို သိပ်နားမယဉ်
ပေမယ့် နောက်ဆုံးမှာတော့ လိုရင်းကို ရှင်းပြသည်။
" ဥက္ကဌဝမ်ရဲ့အမျိုးသားမှာ သွေးအားနည်းတာ
သွေးခဲပိတ်ဆို့နိုင်တဲ့ အန္တရာယ်ရှိတာမျိုးတွေ ရှိနေတဲ့
အတွက် အရမ်းသတိထားပြီးလုပ်ဖို့လိုတယ်
ကျွန်တော်တို့မှာ အမျိုးသားကိုယ်ဝန်ဆောင်နဲ့
ပါတ်သက်တဲ့ အတွေ့အကြုံ  မရှိတဲ့အတွက်
ဒီလို case နဲ့ပါတ်သတ်ပြီး အတွေ့အကြုံရှိဖူးတဲ့
Johns Hopkins က ဆရာကြီးကို ဖိတ်ခေါ်ပြီး
အကူအညီတောင်းထားပါတယ်
အမျိုးသားက သိပ်အားရစရာ မရှိပေမယ့်
ကလေးကတော့ ပုံမှန်ထွားနေတဲ့အတွက်
ဆရာကြီးရောက်လာတာနဲ့
နည်းနည်းစောပြီး ခွဲလိုက်ရင်ပိုကောင်းမယ် "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
၇ လ ကျော်ကျော်မှာပဲ ခွဲစိတ်ရက်ကို
သတ်မှတ်လိုက်သည်။
ရှောင်းကျန့်က မကျေမနပ်နဲ့...
" ဗိုက်ထဲထည့်ထားရတာတောင် မဝသေးဘူး
အဒေါ်ကြီးပြောတော့ ကိုးလလွယ် ဆယ်လဖွား ဆို "
ဆေးရုံ ကြိုတက်ထားဖို့ ထွက်တာကိုတောင်
အိမ်က လူတွေမှာ မျက်ရည်တစမ်းစမ်းဖြစ်နေကြ၍
အိမ်တော်ထိန်းကြီးက ငေါက်ငန်းရသေးသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ခွဲစိတ်ချိန်က အရမ်းကိုကြာနေသည်။
ခွဲစိတ်ခန်းရှေ့မှာ စောင့်နေတဲ့ တလျှောက်လုံး
သခင်လေးကို ရေတောင်မနည်းတိုက်ရသည်။
မနက်အစောကြီးကနေ ညနေအထိ
စောင့်ပြီးတဲ့အခါ ကလေးဆရာဝန်က အရင်
ထွက်လာသည်။
" ယောကျၤားလေးပါ ကလေးက ကျန်းမာပါတယ် "
" ရှောင်းကျန့်.....ရှောင်းကျန့်က ရော...."
" ဘေးကို....ဘေးဖယ်ပါ...
အရေးကြီးနေလို့ လမ်းဖယ်ပေးပါ..."
ခွဲစိတ်ခန်းထဲကနေ ဆရာဝန်တွေဟာ
သွေးအိတ် ဆေးပိုက် အောက်ဆီဂျင်လေအိတ်တွေ
နဲ့ ရှုပ်ရှက်ခက်နေတဲ့ လူနာတင်လှည်း တစ်စီးကို
ခပ်မြန်မြန်တွန်းပြီးထွက်လာသည်။
သူ့ကိုကျော်ပြီးတွန်းသွားတဲ့
ထိုလူနာတင်လှည်းပေါ်မှာ
မျက်လုံးတွေမှိတ်ကာ ငြိမ်သက်နေတဲ့ရှောင်းကျန့်
ကို ကြည့်ပြီး ဝမ်ရိပေါ်ရဲ့ကမ္ဘာဟာ
ဆောက်တည်ရာမဲ့နေခဲ့ပါတယ်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
A/N:  Next part က Final ပါ
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
Continue Reading
You'll Also Like
7.9K 958 13
โ€ข๐–ฒ๐—๐–พ๐—‡๐–ณ๐–บ๐–พ๐—‹๐–บ๐–พ'๐—Œ ๐–ฎ๐–ฒ ๐–ข๐—ˆ๐—…๐—…๐–พ๐–ผ๐—๐—‚๐—ˆ๐—‡ โ€ข
337K 33.6K 52
[ Book 2 ] โ—‰โ€ฟโ—‰Making memories with you , is my favourite things to do (. โ› แด— โ›.) [WangYibo โฆ๏ธŽ Xiao Zhan ]
1M 40.2K 93
๐—Ÿ๐—ผ๐˜ƒ๐—ถ๐—ป๐—ด ๐—ต๐—ฒ๐—ฟ ๐˜„๐—ฎ๐˜€ ๐—น๐—ถ๐—ธ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๐—ณ๐—ถ๐—ฟ๐—ฒ, ๐—น๐˜‚๐—ฐ๐—ธ๐—ถ๐—น๐˜† ๐—ณ๐—ผ๐—ฟ ๐—ต๐—ฒ๐—ฟ, ๐—”๐—ป๐˜๐—ฎ๐—ฟ๐—ฒ๐˜€ ๐—น๐—ผ๐˜ƒ๐—ฒ ๐—ฝ๐—น๐—ฎ๐˜†๐—ถ๐—ป๐—ด ๐˜„๐—ถ๐˜๐—ต ๏ฟฝ...
4.2K 262 2
I came here for revenge. But instead, I made myself fall in love with him. Zhanyi.[One Shot]