တကယ်တော့ ရှောင်းကျန့်ကို
ကျန်းချန် ဘယ်လိုမှကို အမြင်မကြည်တာပါ။
ဒါပေမယ့် မတတ်နိုင်ဘူး။ ရိပေါ်ဆိုတဲ့ကောင်က
ဖုန်းတွေတဂွမ်ဂွမ်ဆက် message တွေ တတောင်တောင်ပို့ပြီး သေမလိုရှင်မလို အကူအညီတောင်းနေလို့သာ။* ငါချစ်ရတဲ့သူကို မင်းတို့မှမဟုတ်ရင်
ဘယ်သူက ဝိုင်းပြီးစောင့်ရှောက်ပေးမှာလဲ
ငါ့မှာ..မင်းတို့ကောင်တွေလို
သူငယ်ချင်းကောင်းတွေရှိပေမယ့်
သူ့မှာ မိတ်ဆွေကောင်းဆိုတာ.ရှိခဲ့ရှာတာမဟုတ်ဘူး
သူ့ကိုအသုံးချမယ့်လူတွေနဲ့ပဲ..တွေ့ခဲ့ရတာ *ဒီကြားထဲ ကျင်းရီကပါ အဆစ်ပါသေး။
ကိုယ်ဝန်ဆောင်စောင့်ရှောက်ရေး
ပညာပေးတွေပြောပြီး ဇာတ်နာအောင်drama တွေ လာချိုးနေသေးသည်။သူငယ်ချင်းတွေနဲ့ပါတ်သက်လာရင်
တင်းမခံနိုင်တဲ့ကိုယ်က
ခုတော့ သကောင့်သားအခန်းထဲအထိ
ဝင်ရောက်ဖူးမြော်ပြီး လျှေက်တင်နေရပြီ။" ဝမ်ရိပေါ်ငတုံးက မင်းကို အရမ်းချစ်တာဟေ့
ဟိုးစစချင်းကတည်းက မင်းမှမင်း ဖြစ်နေတာ
ငါက..မင်းကိုစောက်မြင်ကတ်လို့
တမင်လျှောက်ပြောခဲ့တာ "တကယ်တော့ ဝမ်ရိပေါ်ရှင်းပြပြီးလို့
ရှောင်းကျန့်က အားလုံးနားလည်ပြီး ယုံပြီးသား။
ကျန်းချန်လည်း သူငယ်ချင်းဘက်က နာရှာမှာပဲ။
ငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေကိုး။" ငါ့သူငယ်ချင်းကို စိတ်ညစ်အောင်
လုပ်လို့ကတော့ မင်းနာမယ်မှတ်
ကလေးကိုလည်းကောင်းကောင်းမွေး
မင်းကိုတော့ငါက..စောက်မြင်ကတ်တုန်းပဲ "" ကျွန်တော်လည်း ခင်ဗျားကိုသဘောမကျပါဘူး
ပြန်ရင်လည်းပြန်တော့.
တော်ကြာ ကျွန်တော့်ကလေးလေး
ခင်ဗျားလို စိတ်ပုတ်ပြီး အပေါက်ဆိုးနေအုံးမယ် "" ဘာကွ...မင်း...မင်း.."
ဒေါသထွက်ကာ...ရှူးရှူးရှဲရှဲနှင့်..အံကြိတ်
လက်သီးဆုပ်ကာ..ထရပ်လိုက်သော..ကျန်းချန်။