" အင်းပါဆို...လွမ်းတာပေါ့..တကယ်..
ဒါနဲ့...ဖုန်းအသစ်ဝယ်ပေးအုံး..
iphone နော်...
မရှိဘူး..အလုပ်သွားတယ်..
အင်း...ခဏနေတွေ့မယ်.."ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့
အိမ်အကူတွေကြောင့် စိတ်တိုပြီး
ဖုန်းကို ဆောင့်ချပစ်လိုက်သည်။အရေးထဲမှ ဟန်းဖုန်းက ပျက်သွားလို့
မသုံးချင်ဘဲ အိမ်ဖုန်းကို ဧည့်ခန်းထဲလာသုံးနေရတာ။ကဒ်ကလည်း အသိမ်းခံရလို့ သုံးစရာတစ်ပြားမှမရှိ။
ကိုယ့်ကိုမကြည်တဲ့ အိမ်တော်ထိန်းဆီကတော့
လက်ဖြန့်မတောင်းချင်။Hand phone က မရှိလို့မဖြစ်ဘူး။
ဝမ်ရိပေါ်ဘက်က ရာသီဥတုက သိပ်မကောင်းတော့
လို့ ဦးလေးနဲ့ရှောင်ထန်းကို မြန်မြန်တွေ့အောင် ရှာဖို့လိုနေတယ်။လူရှာဖို့ အကူအညီတောင်းထားတဲ့ ဟိုလူကလည်း
သူလိုချင်တဲ့ ဝမ်ရိပေါ်အိတ်ကို
ယူပေးပြီးနောက်ပိုင်း ဆက်သွယ်လို့မရတော့။
လမ်းစ က ပျောက်နေသည်။အခုဆို တကယ်ကို
တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းလို့
ရှောင်းကျန့်ခံစားနေရတယ်။" သခင်လေးကိုပဲ သနားတယ်
အိမ်ထောင်ရေးကံကလည်း ဆိုးလိုက်တာ "" ဒီလောက် ကောင်းကောင်းမွန်မွန်ထားတာကို
နည်းနည်းလေးတောင် အားမနာဘူးလားမသိဘူး "လှေကားထောင့်နားမှာ တီးတိုးပြောနေတဲ့
အိမ်အကူ ၂ ယောက်က
ရှောင်းကျန့်ကို မမြင်။" အခိုင်းအစေက..အခိုင်းအစေလိုနေကြ..
သူများကိစ္စတွေ စိတ်ဝင်စားမနေနဲ့
ကိုယ်တိုင်ကျ အောက်တန်းစားအစေခံ "ဒေါသအလျောက် ပြောချင်တာတွေပြောပြီး
အပေါ်ထပ် ပြန်တက်သွားလိုက်သည်။
ရစရာရှိတာရပြီးရင် ဒီအိမ်ကမြန်မြန်ထွက်သွားချင်ပြီ။
တစ်အိမ်လုံး မုန်းစရာ ပျင်းစရာ လူတွေချည်းပဲ။