"ပြော"
"Boss ဒီနေ့ Meeting"
" Cancel လိုက်သူရိန်"
မုဏ်း အသံကို ခပ်အုပ်အုပ်ဖြင့် ပြတ်ပြတ်သားသားပြောရင်း ဖုန်းချလိုက်သည်။ သည်တစ်နေ့လုံး ကောင်လေးကို အချိန်ပေးမည်။ အမှန်တော့ မုဏ်း မအားပါ။ တောင်လိုယာလိုပုံနေသည့် အလုပ်များကို ပစ်ချပြီး ကောင်လေးနှင့် အချိန်ကုန်ပေးရမည်။ ပစ်ထားမိတာ ကြာပြီမို့။
ဖုန်းကို ပါဝါပိတ်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် ကောင်လေးဘေး ကုတင်ပေါ်သို့ ဘေးတစောင်း ဝင်ထိုင်လိုက်သည်။ ယမန်နေ့ညက သူပြန်လာသည်အထိ စောင့်နေပေးသည့်အပြင် မနက် (၃) နာရီတွင် အိုဗာဆီး မှ meeting တစ်ခုကို မငြီးမငြူစောင့်ပေးထားသည့်အတွက် ရှင်းလရောင် အိပ်ရေးပျက်နေမည်မှာ အမှန်ပင်။
နဖူးပေါ်ဝဲကျနေသည့် ဆံပင်လေးကို ဖြည်းညှင်းစွာ တင်ပေးလိုက်တော့ တွန့်ကွေးသွားသော မျက်ခုံးများ။
မုဏ်းအတွက် ထိုကောင်လေးကို ပိုင်ဆိုင်ရခြင်းသည် မည်သို့သော အရာများနှင့်မျှ မလဲလှယ်နိုင်သည့် ကြီးမားသော ဆုလာဘ်တစ်ခုပင်။
" မောနင်း ဦးမုဏ်း"
" နိုးသွားလား ဘေဘီ"
"အင်း"
ခေါင်းတစ်ချက်ညိတ်ပြရင်း တစ်ဖက်စောင်းအိပ်သွားပြန်သည်။ ကောင်လေးကို မနှောင့်ယှက်လို၍ စောင်လေးအသာခြုံပေးရင်း အောက်ဆင်းလာလိုက်တော့သည်။
" ဒေါ်ကြီး ဒီနေ့ နားလိုက်တော့"
နှစ်ဦးတည်းသာ အချိန်ကုန်ဆုံးချင်သည်မို့ အိမ်ရှိ ဝန်ထမ်းများကို တစ်ရက်ခွင့်ပေးလိုက်ရသည်။
ခိုင်းရမည့်လူမရှိလေတော့ မုဏ်းယောင်ချာချာဖြစ်နေသည်။ မနက်စာ မစားလျှင်မနေတတ်သည့်မုဏ်း၊ ကုမ္မဏီရုံးခန်းနှင့် မိမိအိပ်ခန်းမျှသာ နှံ့နှံ့စပ်စပ်ရှိသည် မုဏ်း၊ ယခုအခါ ဗိုက်ထဲမှ ဆာလောင်မှုကို ရေသန့်တစ်ဗူးဖြင့် ကြံကြံခံရင်း ကောင်လေးနိုးမည့်အချိန်ကိုသာ စောင့်နေမိတော့သည်။
"ဂွီ"
"Stop it stomach"
ဆာလောင်နေသော အစာအိမ်ကို ရေသောက်ရင်း ကျိန်ဆဲလိုက်သည်။ စိတ်ပြေလက်ပျောက် မဂ္ဂဇင်းဖတ်ရင်းသာ နေ့လည်စာ စားချိန်ပင် နီးကပ်လာနေသည့်အချိန်ကို မေ့ထားလိုက်တော့သည်။
"တီ တီ"
"မဆက်ပါနဲ့လို့ပြောထားတာကို။ အလုပ်ပြုတ်ချင်နေတာလား သူရိန်"
ကိုယ်ပိုင် ဟန်းဖုန်းပိတ်ထားသည့်တိုင် အိမ်ဖုန်းက ထမြည်လာသောကြောင့် သူရိန်ဦးအထင်နှင့် မုဏ်း တစ်ချက် ဟောက်လိုက်သည်။
"ဟဲလို Boss။ ကျွန်မ Finance Manager ပါ။ အရေးကြီးကိစ္စရှိလို့ပါ Boss။ နှောင့်ယှက်တာမဟုတ်ရပါဘူး"
"ဪ... ရတယ်။ ဒါပေမဲ့ ထပ်မဆက်နဲ့တော့။ ဒီနေ့ ကျွန်တော် နားတယ်"
"ဦးမုဏ်း"
"ဘေဘီ နိုးလာပြီလား"
ဖုန်းကို ကမန်းကတမ်းချရင်း ကောင်လေးဆီ ပြေးသွားသည်မှာ မုန့်ဝယ်ကာ ပြန်လာမည့် ဖခင်ကို ဆီးကြိုသည့် သားငယ်လေးသဖွယ်။
" ၁၂ တောင်ထိုးတော့မှာကို။ ကျွန်တော့်ကို မနှိုးဘူး"
"အိပ်ရေးပျက်မှာစိုးလို့ပါကွာ"
ကောင်လေးကို ခါးမှ သိုင်းဖက်ရင်း မိမိရင်ဘတ်နားတွင်သာရှိသော ပုခုံးသေးသေးပေါ်ခေါင်းမှီပစ်လိုက်သည်။
"ဦးမုဏ်း.. ဘာဖြစ်နေတာလဲ"
"နိုး... ကောင်လေး"
" ဘာလဲ"
" ငါ ဗိုက်ဆာလို့"
" ဟား ဟား ဦးမုဏ်းရာ"
တစ်သက်နှင့်တစ်ကိုယ် လူကြီးလူကောင်းဆန်ဆန်နေလာသမျှ သည်တစ်နေ့တော့ သူများတွေပြောသည့် ချွဲတာကြီးကို မုဏ်း ကောင်လေးနှင့် လုပ်ကြည့်မည်။
" ဗိုက်ဆာလို့ တစ်ခုခုကျွေးပါကွာ နော်"
"ဦးမုဏ်း... ခင်ဗျား ဘာဖြစ်နေတာလဲ။ ကြက်သီးတောင်ထတယ်။ ကောင်းကောင်းပြောလည်း ဒီစကားပဲ"
"ကောင်လေးကလည်းကွာ"
" ခင်ဗျားနော် ခင်ဗျား"
ဘာမှဆက်မပြောဘဲ မီးဖိုခန်းဘက်ထွက်သွားသည့် ကောင်လေးကို အနောက်မှ သိုင်းဖက်ရင်း ပခုံးပေါ် မေးစေ့တင်ကာ ကုန်းကုန်းကွကွ လိုက်လာတော့သည်။
" ပေါင်မုန့် ကြည်ဥကြော် ကြော်ပေးမယ်။ ခဏ စောင့်"
"ဟုတ်ကဲ့ပါ ကောင်လေး"
" ချီး"
ကောင်လေးက ခြေဆောင့်ကာ ပြောပြောဆိုဆို ကြက်ဥ ခေါက်သည်။ ခေါက်နေရင်းနှင့် သကြားထည့်သည်။ ဆားအနည်းငယ်နှင့် ဆီလေးပါရုံထည့်ပြီးသည်အထိ
မုဏ်း စောနအတိုင်း မလှုပ်မယှက်။
"ရွှတ်"
"မွှေးနေတာပဲ။ ကောင်လေး...မင်း မျက်နှာသစ် ဘာသုံးတာလဲ"
"ဦးမုဏ်း ငြိမ်ငြိမ်နေစမ်းဗျာ။ ကျွန်တော်လည်း သိပ်လုပ်တတ်တာ မဟုတ်ဘူး။ သွား..ခုံမှာ ထိုင်စောင့်နေ။ ဟုတ်ပြီလား"
" မထိုင်ချင်ဘူး။ ဒီတိုင်းပဲနေမှာ"
"ချီးပဲ ဦးမုဏ်းရေ"
ကောင်လေးအရပ်မှီရန် ခြေထောက်ကား၍ ရပ်နေရသည်မို့ အနည်းငယ် ညောင်းရုံသာ။ ကျန်တာတော့ အဆင်ပြေနေဆဲ။
" လာ.. စားမယ်"
"ခဏ"
ခုံတွင် အလျင်အမြန်ဝင်ထိုင်ရင်း ကောင်လေးကို ပေါင်ပေါ် ဆွဲတင်လိုက်သည်။
" ဦးမုဏ်း"
" ဟုတ်ကဲ့ခင်ဗျ"
" ခင်ဗျား ဆေးမှားသောက်ထားသလား"
"ကောင်လေးကကွာ.... ကိုယ်ဗိုက်ဆာပြီ။ ခွံကျွေး"
ရှင်းလရောင်ကို ပေါင်ပေါ်တွင် တင်ရင်း ခါးမှ သိုင်းဖက်ထားလိုက်သည်။ ထုံးစံအတိုင်း ပခုံးပေါ်မေးတင်ရင်း ပါးစပ် ဟပေးလိုက်၏။
" အ.. ဦးမုဏ်း မလုပ်နဲ့လေ"
သိုင်းဖက်ထားရာမှ ဗိုက်သား ပျော့ပျော့ကို ပွတ်မိတော့ ကောင်လေးက တွန့်ခနဲ။ ယားတတ်သည်ကိုး။
" မင်း ဗိုက်ခေါက်ထွက်နေပြီ"
"ခင်ဗျားကြောင့်လေ"
" ကိုယ်ဘာလုပ်လို့လဲ ကောင်လေးရ"
အမှန်တော့ မုဏ်းသိပါသည်။ သူ့ကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်နေသည့် ကောင်လေးက ယခုရက်ပိုင်း အနည်းငယ် ပြည့်လာသည်မလား။
" အာ... ခွံကျွေး"
ပါးစပ်ထဲရောက်လာသည့် ငန်ကြွပ်ကြွပ် ပေါင်မုန့် ကြက်ဥကြော်အား သည်းခံစားရင်း ကောင်လေးပေါင်သားတို့ကိုသာ ပွတ်သပ်နေမိတော့သည်။
" ဦးမုဏ်း... နေ့လည်ကျ ဘာစားမလဲ"
"မချက်နဲ့တော့။ ကိုယ် တစ်ခုခုမှာလိုက်မယ်"
" တော်သေးတယ်။ ကျွန်တော်လည်း မချက်တတ်ဘူး"
အမှန်တော့ မုဏ်း ချက်တတ်ပါသည်။ သို့သော်လည်း သည်တစ်နေ့တော့ သူကောင်လေးကိုသာ ကပ်တွယ်နေချင်သည်မို့။
" ဦးမုဏ်း တီဗ္ဗီကြည့်ရအောင်"
" ကောင်လေး သဘော"
ဆိုဖာခုံတွင်ထိုင်ကာ အခွေထိုးကြည့်သည်က သရဲကား။
" ဘေဘီ ဘေဘီ Wait"
လက်ရန်းပေါ်ခေါင်းတင်လှဲရန်ပြင်နေသည့် ကောင်လေးကို မလှဲစေဘဲ ပေါင်ပေါ် ခေါင်းတင်ကာ ပစ်လှဲလိုက်သည်။
"ဦးမုဏ်း ကျွန်တော် လှဲကြည့်မလို့လေ"
" ဘေဘီက ငြိုငြင်တာလား"
ကြည့်ဖူးသည့် ကိုရီးယားရိုမန့်တစ်ကားထဲမှ မင်းသမီးလုပ်သည့်နှယ် နှုတ်ခမ်းစူကာ မထိုးစဖူး ကောင်လေးကို မျက်စောင်းထိုးလိုက်သည်။
" ခင်ဗျားဗျာ"
ကုန်းအော်ရင်း ကောင်လေးမျက်နှာကရဲခနဲ။
"ရွှတ်"
လက်ထပ်လက်စွပ်ဝတ်ဆင်ထားသည့် ကောင်လေး၏ လက်ဖမိုးလေးကို ရွှတ်ခနဲနမ်းမိသည်။
" ပြွတ်စ်"
ခေါင်းအုံးထားမိသည့် ပေါင်တံသွယ်သွယ်ကို တစ်ချက်နမ်းမိတော့ ကောင်လေးက ရုန်းသည်။
"ဟဲလို ကိုသူရိန် ပြော"
မုဏ်းက လက်ကလေးကိုမလွှတ်လေတော့ရုတ်တရက် ဖုန်းလာသည့်အချိန် ရှင်းလရောင်ခမျာ ကျန်လက်တစ်ဖက်ဖြင့် စပီကာ ဖွင့်ကာပြောနေရ၏။
"လရောင် Boss ရှိလား။ ကုမ္မဏီမှာ အရေးကြီးလို့"
"ဘာလဲ သူရိန်"
"Boss .... လေလံဆွဲရမဲ့မြေကွက်က သူများနောက်ပါတော့မယ်"
"ပါပစေ။ "
" U.S branch ကလည်း"
"ဒီနေ့ ဘာကိစ္စဖြစ်ဖြစ် ဖုန်းထပ်မဆက်နဲ့တော့"
မုဏ်း ဖုန်းကိုလုရင်း ပါဝါ ပိတ်ပစ်လိုက်သည်။
"ဦးမုဏ်း အလုပ်ကိစ္စအရေးကြီးတယ် ထင်တယ်နော်"
"ထားလိုက် ကောင်လေးရာ။ ကိုယ်ဒီနေ့ မင်းအကြောင်းပဲ တွေးချင်တယ်"
ကောင်လေး အသံတိတ်သွားသည်။ ကြည့်လက်စ သရဲကားသာ ပြုံးစိစိ ဆက်ကြည့်နေ၏။
" ဒါလေးက ကိုယ့်အပိုင်"
ပက်လက်အနေအထားမှ မျက်နှာလေးကို ကိုင်ရင်း
မုဏ်းပြောနေခြင်း။
" နှာခေါင်းလေးလည်း ကိုယ့်အပိုင်"
"အင်း"
"ဒီနှုတ်ခမ်းလေးလည်း ကိုယ့်အပိုင်"
"အင်း...ဦးမုဏ်း ကျွန်တော် ရုပ်ရှင်ကြည့်နေတယ်လေ"
"ပြီးတော့ ဒီ Adam's apple လေးလည်း ကိုယ့်အပိုင်ပဲ"
အသည်းယားစွာ ဆွဲမိတော့ အသက်ရှုကြပ်သွားသည်ထင်။
"အ... ဦးမုဏ်း"
"ဒီ ကိုယ်လုံးလေးလည်း ကိုယ့်အပိုင်ပဲ"
လှဲနေရာမှ မှီသလောက် သိမ်းကျုံးပြီး လှမ်းဖက်လေတော့ ကောင်လေးက အလိုက်သင့် ခါးလေးကုန်းပေး၏။ မျက်စိကတော့ ရုပ်ရှင်မှ မလွှဲ။
" ဒါလေးရောပဲ"
ခေါင်းအုံးထားသည့် နေရာမှ အငယ်လေးကို မထိတထိ နှာခေါင်းနှင့် ပွတ်လေတော့ ကောင်လေးက တွန့်ခနဲ။
"ဦးမုဏ်း....ဘာဖြစ်နေတာလဲဗျာ"
မုဏ်း ထထိုင်ကာ ကောင်လေး မျက်နှာ အနှံ့ နမ်းရှုံ့နေမိတော့သည်။
" မင်းက ကိုယ့်အပိုင် နော် ကောင်လေး"
ကောင်လေးပြုံးသည်။ နှစ်နှစ်ကာကာပြုံးရင်း နှုတ်ခမ်းသားနှစ်ခု ထပ်တူကျချိန်သည် အချိုမြိန်ဆုံးသာဖြစ်တော့သည်။
တူညီမှုတွေဟာ ကြီးမားတဲ့ အတားအဆီးဖြစ်ပါစေဦး။ ဘယ်သောအခါမျှ လက်မလျှော့ခဲ့သည်မို့ ထာဝရပေါင်းဖက်နိုင်ခဲ့ပြီမဟုတ်လားလေ။
--- The End of "King Of Boss" ---
No extra anymore ပါနော်🙆♀️
Appreciate for reading till the end guys❣️
Loads of love and Thank you lots❣️
Wanna see you again💚