X'Mas { Bonus Chapter }

28.1K 1.9K 98
                                    

"ဦးမုဏ်း"

"ဗျား"

ခရစ်စမတ်နေ့ဖြစ်၍ သူတို့ရုံးတွေ နေ့တစ်ဝက်သာဖြစ်မည်မို့ ရှင်းလရောင်ကိုပါ မုဏ်းက ကုမ္မဏီသို့ခေါ်လာ၍ သူလိုက်လာရခြင်းဖြစ်သည်။

"ဦးမုဏ်းလို့"

"ပျင်းနေပြီလား ကိုယ့်ယောက်ျားလေးက"

ဦးမုဏ်းစကားကြောင့် မျက်လုံးပြူးမျက်ဆံပြူးဖြင့် တအံ့တဩကြည့်မိသည်။ အိမ်ထောင်သက်အတွင်း ဤကဲ့သို့ ခေါ်သည်က ပထမဆုံးဖြစ်သည်။ ဒါတောင် ကိုသူရိန်ဆီမှ ဦးမုဏ်း အသည်းအသန်သင်ထားရသည့်စကားလုံးဖြစ်ပေလိမ့်မည်။ ပေါက်ကရတွေသင်ပေးတတ်သည်ကလည်း ကိုသူရိန်ပဲရှိသည်မလား။

"ဦးမုဏ်း ကိုသူရိန်သင်ပေးတာတွေ လျှောက်မသုံးနဲ့"

"ဘာလို့လဲ ကလေး။ ကိုယ်ရိုင်းမိသွားတာလား။ ဆောရီးနော်။ ကိုယ်က ဒီတိုင်း"

"ရှူး"

ဘယ်အချိန်ဖြစ်ဖြစ် သူစိတ်ကသိကအောက်ဖြစ်မည့် ကိစ္စမှန်သမျှကို ဦးမုဏ်းသိသည်ဖြစ်စေ၊ မသိ၍ဖြစ်စေ ဆင်ခြင်သည်။ ဤအချက်ကလည်း သူ ဦးမုဏ်းကို လေးစားချစ်ခင်ရသည့်အချက်တွေထဲက တစ်ချက်ပဲမလား။

"ကောင်လေး"

ရုတ်တရက် အနောက်မှ ဆွဲဖက်လေတော့ သူ လန့်သွားရပြန်သည်။

"ကိုယ် ဒီည မင်းကို ခေါ်သွားစရာရှိတယ်"

"ဘယ်လဲ ဦးမုဏ်း"

"ရောက်ရင် သိမှာပေါ့"

ဦးမုဏ်းက သူ့ကို ညင်ညင်သာသာနမ်းရှုံ့နေသည်။
သူသာ်လည်း ဖြည်းညင်းစွာ တုံ့ပြန်မိသည်။ ချစ်ခင်စွာ၊ မြတ်နိုးစွာဖြင့်။

မိမိပိုင်ဆိုင်ထားပြီးဖြစ်သည့် ဤလူသားကိုပင် တစ်နေ့ထက်တစ်နေ့ပို၍ မြတ်နိုးလာမိသည်က အဘယ်ကြောင့်များနည်း။

"ဦးမုဏ်း ဝန်ထမ်းတွေရှိတယ်လေဗျာ"

"I'm boss here baby"

ပြောကာ မျက်နှာတစ်ဝိုက် ခပ်ဖွဖွ အနမ်းပေးပြန်တော့ လရောင် မျက်လုံးလေးမှိတ်ထားလိုက်သည်။

"ကျွန်တော်က King ဆို"

"ဟုတ်ကဲ့ပါခင်ဗျ"

သူ့စကားကြောင့် မုဏ်းက နမ်းရှုံ့ခြင်းအမှုကို တိခနဲရပ်ရင်း အလုပ်စားပွဲတွင် ပြန်ဝင်ထိုင်သည်။ ထိုလူကြီးက အမှန်ပင် အသည်းယာဒစရာကောင်းအောင် သူ့ကို ချစ်ပြတတ်သည်တဲ့။

King Of BossWhere stories live. Discover now