Part {33} Zawgyi

6.8K 631 15
                                    

"သတင်းစာရှင်းလင်းပွဲ (မုဏ်း)"

ခန်းမအတွင်း သတင်းထောက်များ၊ ရှယ်ယာရှင် လူကြီးများ၊ ဖိတ်ကြားထားသည့် လူကြီးလူကောင်းများဖြင့် ပြည့်နှက်လျှက်ရှိနေသည်။

"ရဲးရယ်"

ပွဲမစမီရောက်ချလာသည့် အဖိုးဖြစ်သူအားတွေ့သော မုဏ်း အတော်လေး ဝမ်းသာသွားရသည်။

"Foreign brunch တွေက ကိစ္စထွေထွေထူးထူး
မရှိဘူး သား။ ဒီကမြန်မာတွေလို သားရဲ့ personal ကို သူတို့ စိတ်မဝင်စားဘူး။ သူတို့ စိတ်ဝင်စားတာ စီးပွားရေးပဲ။ တကယ်လို့ ရွေးချယ်စရာမရှိရင် ဒီက brunch တစ်ခု ဖြုတ်လိုက်လို့ရတယ်။ မင်း တွေဝေမနေနဲ့"

အဖိုးဆီက စကားကြားရ၍ သူ အနည်းငယ်စိတ်သက်သာရာ ရသည်ကတော့အမှန်ပင်။

"စိတ်ချပါ ရဲးရယ်"

"မြေးကြီး.... စိတ်ချမ်းသာမယ်ထင်သလိုလုပ်။ သားလုပ်သမျှ အကုန်လက်ခံပေးမယ်။ မင်းကို ယုံတယ်"

မုဏ်း အမှန်တကယ်ပင် အဖိုးအား ပြေးဖက်ချင်မိသည်။ အခြေအနေအရ သူမထိတွေ့ခဲ့ရတာ ကြာပြီဖြစ်သည့် အဖိုးဖြစ်သူ ရင်ငွေ့နွေးနွေးကို ယခုအချိန် အမှန်ပင်လိုအပ်လှသည်မလား။

"ရဲးရယ်"

"ကောင်လေးက ရှင်းလရောင်မလား။ အဖိုး သူနဲ့ သွားတွေ့ပြီးပြီ။ အဲ့တော့ သူ့ဘက်က အဆင်မပြေတာရှိရင် သားလိုက်ညှိပေး။ မိသားစုအရေးထဲတော့ ဝင်မပါချင်ဘူး ကာယကံရှင်ဖြစ်တဲ့ သားတို့နှစ်ယောက်ပဲ ဆုံးဖြတ်ကြ။ အဖိုးသွားပြီ"

ကျောပေးကာ ထွက်ခွာသွားသည့် အဖိုးက လမ်းလျှောက်သည်ပင် အနည်းငယ် တုန်ရီစပြုနေပြီသာဖြစ်သည်။ ဤအဖိုး၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာသူမို့ အဖိုးက သူ့အတွက် အရေးပါဆုံး ပုဂ္ဂိုဟ်ဆိုလည်း မမှားပေ။

King Of BossWhere stories live. Discover now