Entertainment ၏ CEO ရုံးခန်းတစ်ဖြစ်လဲ မုဏ်း၏ အခန်းသည် ယခုအခါ ဖိုင်တွဲများဖြင့်သာ ပြည့်နှက်နေတော့၏။
"Boss"
တစ်ညလုံးနီးပါး အလုပ်ရှုပ်နေသည်မို့ မိုးလင်းခါနီးမှသာ မှေးခနဲအိပ်ပျော်သွားပုံပေါ်၏။ အသံကြား၍နိုးလာလေတော့ အလင်းရောင်ပင်ပေါ်ထွက်လုနီးနီး။
"အင်း ဘာကိစ္စလဲ"
စားပွဲ အရှေ့ကို ကြည့်မိသော ရှင်းနေရောင်။
"ကျွန်တော်ပြောစရာရှိလို့ပါ"
DEMONs အဖွဲ့ ပထမဦးဆုံး debut ၍ tour လုပ်ကာ ပြန်ရောက်လာခဲ့ကြပုံပေါ်သည်။ ကုမ္မဏီပြသနာများဖြင့်ရှုပ်နေ၍ ဤနေ့ကိုပင် မုဏ်းမေ့လျော့နေခဲ့သည်မှာ ကလေးများအား ဂရုမစိုက်သလို ဖြစ်သွားခဲ့ရသည်သာ။
"Flight ကစောသားပဲ ။ ကိုယ်မေ့နေတာ။ ဆောရီးနော် နေရောင်"
"ရပါတယ် "
"ပြောစရာရှိတယ်ဆို။ ခဏလောက်စောင့်ပေးမလား။ ပြင်ဆင်စရာနည်းနည်းရှိနေသေးလို့"
"ဟုတ်ကဲ့ Boss။ ဧည့်ခန်းက စောင့်နေပါ့မယ်"
ထိုသို့ပြောကာ ထွက်သွားလေသည့် ရှင်းနေရောင်၏ မျက်နှာအမူအရာအရ ပြောမည်ဟူသော စကားက သတင်းကောင်းတော့မဖြစ်နိုင်ပါလေ။
ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီးသည့်နောက် အချိန်ကြည့်မိတော့ စောလွန်းသေးသည်။ သည်အချိန်ဆို ကောင်လေးအိပ်ယာမနိုးသေးသည်ကို သိသောကြောင့် ဖုန်းဆက်ချင်စိတ်အား အောင့်အီးကာ ဧည့်ခန့်ဘက်သို့သာ ထွက်လာလိုက်တော့သည်။
"နေရောင်"
"Boss"
ကျောပေးကာ ထိုင်နေသည့် ရှင်းနေရောင်သည် မုဏ်းအသံကြားသည်နှင့် ချက်ချင်းဆိုသလို ထရပ်၏။
"ထိုင်ပါ နေရောင်ရ"
ရင်းရင်းနှီးနှီးပြောနေသည့်တိုင်ရှင်းနေရောင်က မထိုင်နိုင်၊ ခေါင်းငိုက်စိုက်လျှက်သာ နေနေတော့၏။
"ဘာကိစ္စရှိလဲ"
"Boss"
တုန်ယင်စွာ ခေါ်ပြီး ချက်ချင်းဆိုသလို ဒူးထောက်ထိုင်ချလိုက်သောရှင်းနေရောင်ကြောင့် မုဏ်း အတော်လေး အံ့အားသင့်သွားရသည်။
"ဟေ့ကောင်လေး... ဘာလုပ်တာလဲ။ ထ... ခုံပေါ်မှာထိုင်စမ်းပါ"
မုဏ်း အားနာစွာ၊ မနေတတ်စွာဖြင့် ရှင်းနေရောင်အား ထစေသည့်တိုင် ထိုလူငယ်လေးက မထ၊ ပေကပ်၍သာ ခေါင်းငိုက်စိုက်လျှက် ဒူးထောက်နေဆဲ။
"ရှင်းနေရောင်.... မင်းကို ထလို့ပြောနေတယ်နော်"
"Boss... မဟုတ်သေးဘူး...ဦးမုဏ်း"
"ပြောပါ...ကိုယ်နားထောင်နေတယ်"
"ကျွန်တော့်လေးလေး လုပ်ခဲ့တဲ့ ကိစ္စ.... အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး.... "
ရှင်းနေရောင်ဆီမှ မဝံ့မရဲထွက်လာလေသောအသံကြောင့် မုဏ်း အတော်လေး လန့်သွားမိသည်။ အမှန်အတိုင်း ဆိုလျှင် ဤကိစ္စအား နေရောင်တို့ လူငယ်တွေ သိလောက်စရာအကြောင်းပင် မရှိသည်မို့။
"ကျွန်တော်....ကျွန်တော် တကယ် တောင်းပန်ပါတယ်... တောင်းပန်လိုက်လို့ မပြီးတဲ့ ကိစ္စဆိုတာလလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့... ဒါပေမဲ့လည်း ကိုယ်စားတောင်းပန်ပါရစေ ဦးမုဏ်းရယ်။ ခွင့်လွှတ်ပေးပါ"
ယခုအခါ မုဏ်းမည်သို့တုံ့ပြန်ရမည်ကိုအမှန်ပင် မတွေးတတ်တော့ပေ။ ခွင့်လွှတ်သည်ဟု ပြောရလောက်အောင် သူမကျေအေးပေးနိုင်၊ သို့သော်လည်း ဆက်ပြီး ရန်ငြိုးထားနေရလောက်အောင်လည်း နှစ်တွေအတော်ကြာနေပြီမို့။
"ဦးမုဏ်းမကျေနပ်လို့ရှိရင် ကျွန်တော့်ကို Entertainment ကထုတ်လိုက်ပါ။ ကျွန်တော် ကြည်ကြည်ဖြူဖြူ လက်ခံပေးပါ့မယ်။ အဲ့အစား လရောင်... လရောင်ကိုတော့ လွှတ်ပေးပါ ဦးမုဏ်းရယ်။ နော် ကျွန်တော် တောင်းပန်ပါတယ်"
"လရောင်ကို လွှတ်ပေးဆိုတာ ဘာစကားလဲ နေရောင်။ ကိုယ် လရောင်ကို ဘယ်တုန်းကမှမဆွဲထားခဲ့ဖူးဘူး"
"ဒါပေမဲ့ လရောင်က လေးလေးအပြစ်တွေအတွက် ကိုယ်စားဆပ်မယ်တဲ့။ သူ ဦးမုဏ်းနားမှာ နေမယ်ချည်းပြောနေတာ။ ဦးမုဏ်းရယ်.. ကျွန်တော်တို့က စော်ဘွား မျိုးရိုးပါ။ အခုခေတ်မှာ Gay ဆိုတာ မထူးဆန်းပေမဲ့ ကျွန်တော်တို့မိသားစုအတွက်ကျ၊ အဲ့ဒါ အဲ့ဒါကြောင့် လရောင်ကို ခေါ်ထားတာကလွဲရင် ကျန်တာအားလုံး.... ဘာပဲဖြစ်ဖြစ် ဦးမုဏ်းဖြစ်စေချင်သလိုဖြစ်စေရပါမယ်။ တောင်းဆိုပါတယ် ဦးမုဏ်းရယ်"
ဘာရမှ ညာရမှ ဟု မုဏ်း ဘယ်သောအခါကမှ အငြိုးအတေး မထားဖူးခဲ့၊ ထိုအဖြစ်အပျက်ကြောင့် မိမိ trauma ရခဲ့သည့်အတွက် ခံပြင်းရုံကလွဲ၍ အမှန်ပင် ကလဲ့စားချေလိုခြင်း အလျဉ်းမရှိခဲ့ပါ။ ဤသည်ကို ထိုလူငယ်လေးတွေ နားလည်အောင် မုဏ်း မည်သို့ ရှင်းပြသင့်သနည်း။ ပြီးတော့ လရောင်ကပါ ဤကိစ္စကို သိနေခဲ့သည်ကတော့ မုဏ်းအတွက် အံ့ဩမဆုံး။ထို့ပြင် ပိုဆိုးရွားသည်က တစ်ဖက်မိသားစုတစ်ခုဆီ၏ အခြေအနေကို မုဏ်း ထည့်မတွက်မိခဲ့ခြင်းပင်။
"နေရောင်... ကိုယ်တောင်းဆိုတာပါ။ ထလိုက်ပါ။ ကိုယ်မင်းနဲ့ အေးဆေး ဆွေးနွေးဖို့လိုနေပြီ"
ဒူးထောက်နေရာမှ ဖြည်းဖြည်းချင်း မတ်တပ်ရပ်နေသည့် ရှင်းနေရောင်ကိုမြင်ရသည်မှာ သိပ်မဟန်လှသည်ကတော့အမှန်ပင်။
"လရောင် ဘယ်လိုသိသွားတာလဲ ကိုယ့်ကိုပြောပြပေးမလား"
တစ်ခဏကြာအောင်စဉ်းစားပြီးနောက် ရှင်းနေရောင် စကားစသည်။
"ဦးမုဏ်းတို့ ပြသနာတက်တဲ့နေ့... အဲ့နေ့က လရောင် ထွက်သွားတဲ့နေ့ပဲ။ ဟုတ်တယ်မလား"
စဝ်သီဟ မုဏ်းအိမ်သို့လာခဲ့သောနေ့၊ ထို့အတူ မုဏ်း ကောင်လေးကို ပြစ်ပြစ်ခါခါပြောခဲ့သောနေ့။
" အင်း "
"လရောင် အဲ့နေ့က ကျွန်တော့်ဆီ စာပို့ထားတာတွေ့တာ။ လေးလေးဆီက အဖြစ်မှန်တွေ သိပြီးပြီတဲ့။ သူပြောမှ ကျွန်တော် အကုန် သိခဲ့ရတာ။ လေးလေး လုပ်ခဲ့တဲ့ အပြစ်တွေရော၊ ပြီးတော့ ဦးမုဏ်းတို့ နှစ်ယောက်အခြေအနေရော"
" အဲ့တော့ သူက ဘာလုပ်မယ်တဲ့လဲ"
"အိမ်နဲ့ အဆက်အသွယ်ဖြတ်ပြီး ဦးမုဏ်းနဲ့ပဲ"
"ရပြီ နေရောင်။ ကိုယ်သဘောပေါက်ပါပြီ"
မုဏ်းဆက်မကြားနိုင်တော့ပါ။ မုဏ်းမဖြစ်စေချင်ဆုံးကိစ္စက ဖြစ်ခဲ့ပြီမလား။ မိသားစုနဲ့ ဝေးရသည့် ဒုက္ခကို မုဏ်း ကိုယ်တိုင်အသိဆုံး၊ မိဘတွေရဲ့ စွန့်ပစ်ခြင်းခံရတဲ့ ခံစားမှု မည်မျှဆိုးကြောင်း ၊ အဲ့လိုမျိုးတော့ ကောင်လေးကို သူအဖြစ်မခံနိုင်ပါ။ အဆိုးဆုံးက သူ့ကြောင့်ဟူသော ခေါင်းစဉ်ဖြင့် ကောင်လေး ခံစားရမည့် ဒုက္ခတွေ၊ စိတ်ခံစားမှုတွေ။ မဖြစ်နိုင်ပါ။ မုဏ်း ဤသို့အဖြစ်ခံမည်မဟုတ်ပါ။
"ပြောပြပေးတာ ကျေးဇူးတင်တယ် နေရောင်"
"ဦးမုဏ်း"
"ခဏလေး ကိုယ်ပြောချင်လို့။"
"ဟုတ်ကဲ့"
"ပထမဆုံး မင်းဦးလေးကို အငြိုးမထားဘူး တကယ်၊ ဒါပေမဲ့ ခွင့်လွှတ်ရလောက်အောင်လည်း ကိုယ် စိတ်ကောင်း မရှိသေးဘူး။ ဒါပေမဲ့ ရှင်းအောင်ပြောရရင် ဖြစ်ပြီးခဲ့တဲ့ ကိစ္စတွေကို အစပြန်မဖော်ချင်ဘူး။ အဲ့တော့ အဲ့ကိစ္စကို မေ့လိုက်။ နောက်တစ်ချက်က မင်း Entertainment ကထွက်မယ်ဆိုတဲ့ကိစ္စ။ အလုပ်နဲ့ personal ကို ခွဲထားတယ်။ မင်း အရည်အချင်းကို ကိုယ်သိတဲ့အတွက် မင်း အပြင်မှာ ကိုယ်နဲ့ ဘယ်လိုပဲ အငြိုးအတေးရှိပါစေ၊ မင်းက ကိုယ်တို့ကုမ္မဏီက idol တစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာပဲ။ ကိုယ်ပြောတာ သဘောပေါက်တယ်မလား"
"ကျေးဇူး...ကျေးဇူးအများကြီး တင်ပါတယ် ဦးမုဏ်းရယ်။ "
"ပြီးတော့ လရောင် ကိစ္စ။ မင်းထင်သလို မဖြစ်စေရဘူး။ လရောင်ကို ဘယ်သူ့မှ မစွန့်ပစ်စေရဘူး။ အဲ့လိုဖြစ်အောင် ကိုယ် လုပ်ပေးမှာ။ အဲ့ဒါကြောင့် အချိန်တစ်ခုလိုတယ်"
"ဒါက ဦးမုဏ်းတို့ အပိုင်းပါ။ ကျွန်တော် ဘာမှ မပြောလိုပေမဲ့ လရောင် စိတ်ထိခိုက်မှာကိုတော့ မကြည့်နေနိုင်လို့ပါ။ လရောင်က ကျွန်တော်တို့ကို သိပ်ချစ်သလို ဦးမုဏ်းကိုလည်း"
"ကိုယ် နားလည်တယ်။ ရပြီ နေရောင်။ မင်း ပြန်နားလိုက်ပါဦး"
ရှင်းနေရောင် ထွက်သွားတော့မှ မုဏ်း သက်ပြင်းချနေမိတော့သည်။ ကောင်လေးက အရွယ်နဲ့မမျှအောင် သူ့ကို တွေးပေးလွန်းသည်တဲ့။
"ဟဲလို Boss ကျွန်တော် လာရတော့မှာလား"
ရုံးတက်ချိန်ရောက်သည်ထိ မစောင့်နိုင်သည်မို့ မုဏ်း သူရိန်ဦး ထံသို့သာ ဖုန်းဆက်မေးရတော့သည်။
"စဝ်ခွန်ဇ မလား။ ရေးတဲ့ လူနာမည် Boss"
"ရပြီ"
ဖုန်းချပြီးနောက်အချိန်ဆွဲမနေဘဲ မုဏ်း စာအုပ်ဆိုင်ရှိရာ လာရင်း ထိုနာမည်နှင့်စာအုပ်ကိုသာအသည်းအသန်ရှာနေမိတော့သည်။
"So, you can speak Burmese right!?"
"ဟုတ်ကဲ့။ ဘယ်လောက်ကျလဲ"
စာအုပ်ဆိုင်မှ ကလေးမလေးပြောကြားချက်အရ ဤစာအုပ်လေးသည် ကဗျာ စာအုပ်ပင်ဖြစ်လိမ့်မည်။ဖြစ်နိုင်လျှင် ကောင်လေးဆီ အမြန်ပြေးသွားချင်သော်လည်း ကိုယ်တိုင်ရှင်းရမည့်ကိစ္စတွေရှိနေသည်မို့ မုဏ်း သည်းခံနေရသည်။
စာအုပ်ကလေး ကိုင်ရင်း ရုံးခန်းဆီ ပြန်ဝင်လာတော့ ဝန်ထမ်းတချို့က ကွက်ကြည့် ကွက်ကြည့်ဖြင့်။
"ခ ခွေး င အသတ်.... ခင်... ဗ လချိုက်... ယ င့်.. ရေးချာ.... ဝစ္စနှစ်လုံး...... ဗျာ...ဗျား... ခင်ဗျားကို"
အသံထွက်ကြည့်ပြီးနောက် ကောင်လေး သူ့ကို ပြောနေကျ "ခင်ဗျားကမလွယ်ဘူး" ဆိုတာက ခေါင်းထဲရောက်လာ၏။ ဆက်ဖတ်ကြည့်မိတော့ မြင်နေကျစာလုံး "ကျွန်တော်"။
"ခင်ဗျားကို ကျွန်တော်"
Trans app များသုံး၍ရသော်လည်း ကောင်လေးပြောလိုက်သည်မို့ ကိုယ်တိုင်ကြိုးစားပြီးသာ နားလည်ချင်သည်မလား။
" ခခွေး ယပင့် စလုံး အသတ် ချစ်.... ချစ်တယ်?"
ကြားဖူးနေကျတွေမဟုတ်။ တွဲခဲ့ရသည်ဆိုသော်လည်း ကောင်လေးက တစ်ခါမျှ မပြောဖူးခဲ့သည့်စကားလေး။
"ခင်ဗျားကို ကျွန်တော် ချစ်တယ် တဲ့"
မျက်လုံးထဲမြင်ယောင်လာသည်က သူ့အတွက်ရယ်လို့ ပုံစံပြောင်းထားသည့် ပုဆိုးလေးနှင့်ကောင်လေး။
မုဏ်း ဆုံးဖြတ်ချက်ချမိလိုက်ပါပြီ။ ကောင်လေးကို တစ်သက်လုံးစောင့်ရှောက်သွားမည်ဟုသာ။ စိတ်ထဲကတော့ ညနေသာ အမြန်ရောက်ချင်နေတော့သည်သာ။
TBC
Mann....