ေႁခြ (ခြွေ) (Completed)

Da shanemann622

1.3M 130K 4.3K

သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ... Altro

Author
part 1(Z+U)
part 2(Z+U)
part 3(Z+U)
part 4(Z+U)
part 5(Z+U)
part 6(Z+U)
part 7(Z+U)
part 8(Z+U)
part 9 (Z+U)
part 10(z+u)
part 11(Z+U)
part 12 (Z+ U)
part 13(Z+U)
part 14(z+u)
part 15(z+u)
part 16(Z+U)
part 17(z+u)
part 18(z+u)
Part 19(Z+U)
part 20 (Z+ U)
part 21(Z+U)
part 22(Z+U)
part 23(z+u)
part 24(Z+U)
part 25(Z+U)
part 25(2)[Z+U]
part 26(Z+U)
part 27(z+u)
part 28(Z+U)
part 29(Z+U)
part 30(Z+U)
part 31(z+u)
part 32(z+u)
part 33(z+u)
part 34(z+u)
part 35(z+u)
part 36(z+u)
part 37(z+u)
part 38(z+u)
part 39(z+u)
part 40(z+u)
part 41(z+u)
part 43(z+u)
part 44/A(z+u)
part 44/B(z+u)
part 45(z+u)
part 46(z+u)
part 47(z+u)
part 48(z+u)
part 49(z+u)
part 50(z+u)
part 51(z+u)
Final (z+u)
Extra 1(z+u)
Extra 2(z+u)
Extra 3(z+u)
Extra 4(z+u)
Extra End(z+u)
ေက်းဇူးတင္လႊာ(ေက်းဇူးတင္လႊာ)
Book Detail
အနူးအညွှန့်တောင်းပန်ခြင်း
special extra 1
special extra 2

part 42(z+u)

16.6K 1.7K 88
Da shanemann622


Part 42

ညိဳမဲအုပ္စိုင္းေနေသာ ေကာင္းကင္ႀကီးမွ အ႐ွိန္အဟုန္ျပင္းစြာ က်ဆင္းေနေသာ မိုးေရေပါက္တုိ႔ကို ေဖာက္ထြင္းျမင္ေနရသည့္ အၾကည္ေရာင္မွန္သားျပင္မွတစ္ဆင့္လမ္းမွထပ္သို႔ မင္းခန္႔ေခ်ာေငးၾကည့္လ်က္ရွိသည္။ထို့ေနာက္ ကြၽန္းေရာင္ခုံအဝိုင္းေလးတြင္ တင္ထားေသာ ေငြမ်ွင္ေရာင္အေငြ႔မ်ား ပ်ံ႕လႊင့္ေနသည့္ ေကာ္ဖီခြက္ကိုယူကာ ႏႈတ္ခမ္းႏွင့္ ေတ့၍လ်ွာဖ်ားျဖင့္ အရသာခံလိုက္သည္။ခ်ိဳဆိမ့္ဆိမ့္ေကာ္ဖီအရသာသည္ ပူေႏြးသည့္အ႐ွိန္ႏွင့္အတူ လည္ေခ်ာင္းထဲသို႔ စီးဝင္သြားသည္။ အၿငိဳးျဖင့္သည္းႀကီးမဲႀကီးရြာခ်ေနေသာ မိုးကိုၾကည့္ကာ မင္းခန္႔ေခ်ာ ဆိုင္တံခါးဝသို႔ လည္တဆန္႔ဆန္႔ျဖင့္ လွမ္းလွမ္းၾကည့္ေနမိသည္။ဒီေန႔က်မွ မိုးကလည္း သည္းလိုက္တာ..ဟုအံႀကိတ္ေရရြတ္လိုက္ရင္း လက္၌ ပတ္ထားသည့္ နာရီကိုၾကည့္ေတာ့ အခ်ိန္က ညေန၅:၁၅မိနစ္သို႔ၫႊန္ေနသည္။ အင္း.....ခ်ိန္းထားတာထက္ ဆယ့္ငါးမိနစ္ေနာက္က်ေနၿပီ ။ လက္မွ  နာရီကိုၾကည့္လိုက္ သည္းထန္စြာရြာေနသည့္ မိုးကိုၾကည့္လိုက္ ၊ၿပီး ေနာက္....ဆိုင္းတံခါးဝကို လွမ္းၾကည့္လိုက္ႏွင့္ မင္းခန္႔ေခ်ာ အေတာ္ပင္ၿဗာမ်ားေနသည္။ မနက္က မွိဳင္းရိပ္ထင္က ဖုန္းဆက္၍ ေႁခြက သူနဲ႔ ညေနေတြ႔မည္ဟု တစ္ဆင့္ေျပာခိုင္းသည္တဲ့......မင္းခန္႔ေခ်ာ ေပ်ာ္လြန္းလို႔ထခုန္မတတ္ပါပဲ ။အခ်ိန္နဲ႔ေနရာကို သူပဲေရြးၿပီး ညေန ေလးနာရီေလာက္ကတည္းက ဒီဆိုင္ေလးမွာ ႀကိဳေရာက္ေနခဲ့တာ.....သူထြက္လာတာေစာေနမွန္းသိေပမယ့္ ေတြ႔ခ်င္သည့္စိတ္က ေဆာ္ျသေနေတာ့ စိတ္လႈပ္႐ွား ေပ်ာ္ရႊင္ေနသည္။ ေႁခြမေသဘူးဆိုတာ ေသခ်ာသြားသည္ကသူ႔အား အတိုင္းမသိေပ်ာ္ရႊင္မႈကိုေပး၍  ႏွစ္ေတြအရမ္းၾကာမွ ကိုယ္ခ်စ္ရသူႏွင့္ ျပန္ေတြ႔ရမည္က သူ႔အား စိတ္လႈပ္႐ွားမႈကိုေပးသည္။

"ခြၽွင္....ခြၽွင္!!"

ဤသို႔ေစာင့္ေမ်ွာ္ေနရင္း ဆိုင္တံခါးဝမွ လူဝင္လာသည့္ ေခါင္းေလာင္းသံကို ၾကားရသည္ႏွင့္ ဆိုင္အျပင္ဘက္သို႔ေငးေနသည့္ မင္းခန္႔ေခ်ာအၾကည့္မ်ားသည္ တံခါးဝသို႔ ႐ုတ္ခ်ည္းေရာက္႐ွိသြား၏။

" အာ.....မဟုတ္ဘူးပဲ "

ေမ်ွာ္လင့္ခ်က္တႀကီးႏွင့္ေစာင့္ေမွ်ာ္ေနသည့္ သူမ်ားလားဟု ၾကည့္လိုက္ေပမယ့္ မဟုတ္ျပန္တာေၾကာင့္ မင္းခန္႔ေခ်ာခပ္တိုးတိုးေလးေရရြတ္လိုက္သည္။ထို႔ေနာက္ သူ၏ အၾကည့္တို႔သည္ ဆိုင္အျပင္လမ္းမထပ္သို႔ ျပန္ပို႔လိုက္ျပန္သည္။

" ဟို....အစ္ကို??"

ခပ္႐ွ႐ွအသံႏွင့္ လွပသည့္ ေယာက်ၤားပ်ိဳတစ္ေယာက္သည္ မိုးမိထား၍ အနည္းငယ္ ေရစိုေနသည့္ ကိုယ္ေပၚ႐ွိ ေရစက္မ်ားႏွင့္အတူ မင္းခန္႔ေခ်ာအား ငုံ႔ ၾကည့္ကာအသံျပဳေလသည္။ မင္းခန္႔ေခ်ာသည္ အၤက်ီအနက္လက္႐ွည္ေလးႏွင့္ေဘာင္းဘီဂ်င္းနက္အ႐ွည္တို႔ကိုတြဲဝတ္ဆင္ထားသည့္ ထို အမ်ိဳးသားငယ္၏ မ်က္ႏွာေခ်ာေခ်ာကို သက္႐ွိအလွနတ္ဘုရားတစ္ပါးအမွတ္ျဖင့္ ေငးၾကည့္ေနမိသည္။

#credit photo to owner

ထိုအမ်ိဳးသားငယ္က ခ်ယ္ရီေရာင္ ႏႈတ္ခမ္းေထာင့္စြန္းေလးေကာ့တက္သြား႐ုံ ျပံဳးျပကာ သူ၏ ေ႐ွ႕ခုံတြင္ဝင္ထိုင္သည္။ ထို႔ေနာက္ သပ္တင္ထားသည့္ ပတုံးေရာင္လဲ့ေနေသာ ဆံပင္တို႔၌ တြဲခိုေနသည့္ ေရစက္တို႔ကို ေက်ာက္စိမ္းေရာင္ေသြးေၾကာေလးမ်ား႐ွပ္ေျပးေနသည့္ လက္ေခ်ာင္းျဖဴျဖဴေလးတို႔ျဖင့္ ထိုးဖြကာ ေရစက္တို႔ကို ခါထုတ္လိုက္သည္။ထိုအခါ သပ္တက္ထားေသာ ေကသာတို႔သည္ ေျပျပစ္ေသာ နဖူးေပၚသို႔ အၿပိဳင္အဆုိင္အလုအယက္ပင္ က်ဆင္းလာၾက၏။

" ေရာက္ေနတာၾကာၿပီလားအစ္ကို sorry ပါဗ်ာ ႐ုံးဆင္းခ်ိန္ျဖစ္တာရယ္ မိုးကလည္းသည္းေနေတာ့ ကားေတြပိတ္ေနလို႔ပါ "

ထိုအမ်ိဳးသားငယ္က သူ၏ ဆံသားတို႔ကို ထိုးဖြရင္းမွ ေနာက္က်ရသည့္ အေၾကာင္းအရာကို ေသေသခ်ာခ်ာေလးေျပာျပသည္။
ခ်ယ္ရီေရာင္ႏႈတ္ခမ္းပါးက လႈပ္ခပ္၍ ထြက္ေပၚလာသည္ ခပ္႐ွ႐ွအသံပိုင္႐ွင္ေလးကို မင္းခန္႔ေခ်ာ မ်က္ေတာင္ခပ္ဖို႔ပင္ ေမ့ေလ်ာ့ကာ သူ၏အလွတြင္ ေမ်ာပါေနသည္။

" အစ္ကို "

သူ႔အားမ်က္ေတာင္မခပ္တမ္း စိုက္ၾကည့္ေနတာေၾကာင့္ အေနခက္ထင္ပါသည္။ မင္းခန္႔ေခ်ာအား ခပ္ဆက္ဆက္ေလး အသံျပဳလိုက္ေတာ့ မင္းခန္႔ေခ်ာ၏စီးေမ်ာမႈတို႔ ရပ္တန္႔သြားရသည္။

"က...ကေလးသားေလး"

မင္းခန္႔ေခ်ာႏႈတ္ခမ္းမွ တုန္ရီစြာထြက္ေပၚလာသည့္ နာမ္စားေလးေၾကာင့္ ထိုအမ်ိဳးသားငယ္ေလးမွာ သူ၏မ်က္ႏွာေပၚကေရစက္တစ္ခ်ိဳ႕ကို တစ္႐ွဴးျဖင့္သုတ္ေနရာမွ ခပ္ယဲ့ယဲ့ေလးျပံဳးသည္။

"အဟင္း ေတာ္ေသးတာေပါ့ အစ္ကို က်ေနာ့္ကိုမွတ္မိလို႔ ။ အစ္ကိုကစိုက္ၾကည့္ေနေတာ့ က်ေနာ့္ကိုမမွတ္မိဘူးထင္ေနတာ "

"အာ.....ကိုယ္ ကိုယ္ နည္းနည္း အင္းးး ကေလးက အရမ္းေျပာင္းလဲသြားေတာ့....႐ုတ္တရက္..အင္း..မမွတ္မိလိုက္တာ "

စိတ္လႈပ္႐ွားစြာထြက္လာသည့္ မင္းခန္႔ေခ်ာရဲ႕ ပ်က္ေတာင္းပ်က္ေတာင္းစကားတို႔ေၾကာင့္ ေႁခြ ျပံဳးလိုက္သည္။

" အစ္ကိုကေတာ့ အရင္တိုင္းပဲေနာ္ ဒါေပမယ့္ ပိုၿပီး ေခ်ာလာတယ္ "

ခပ္ဝိုင္းဝိုင္းမ်က္လုံးတို႔က ရႊန္းရႊန္းစားစားၾကည့္၍ ဆိုလာေတာ့ မင္းခန္႔ေခ်ာ အေနခက္စြာ ျပံဳး၍ ေကာ္ဖီအား ေမာ့ေသာက္လိုက္သည္။

"ဘာေသာက္မလဲ ကိုယ္သြားမွာေပးမယ္ "

" black coffee နဲ႔ cheesecakeတစ္ခု "

" အိုေခ ခဏေစာင့္ကိုယ္သြားမွာလိုက္မယ္ေနာ္ "

မင္းခန္႔ေခ်ာသည္ ထိုင္ရာမွထကာ ေကာင္တာသို႔ သြား၍ တေသြမသိမ္းမွာၿပီး bill ႐ွင္းလိုက္၏။ၿပီးေနာက္ ေနရာ၌ျပန္ထိုင္ကာ ေႁခြ႔အားစကားစလိုက္ပါသည္။

" မေတြ႔တာၾကာၿပီေနာ္ ကေလး အင္းးး ဒီအေတာအတြင္း ဘယ္လိုေတြျဖစ္ခဲ့ရတာလဲ မင္းဆုံးသြားၿပီလို႔ သိရတဲ့အေတာအတြင္း ကိုယ့္ေၾကာင့္ဆိုတဲ့စိတ္ႀကီးနဲ႔ယူက်ိဳးမရျဖစ္ၿပီး ကိုယ္႐ွင္သန္ေနခဲ့ရတာ ။ ၿပီးေတာ့ ႐ုတ္တရက္မင္းက ျပန္႐ွင္လာေတာ့ ကိုယ့္မွာ အခုမင္းကိုေတြ႔ေနရတာကိုေတာင္ မယုံႏိုင္ေသးဘူး "

" အင္း ဒီလိုပါပဲ ကံၾကမၼာအလွည့္အေျပာင္းေၾကာင့္ က်ေနာ္မေသခဲ့ဘူးေပါ့ ဒီၾကားထဲ ျဖစ္ပ်က္ခဲ့တာေတြေတာ့ က်ေနာ္ ျပန္မေျပာခ်င္ဘူး အစ္ကို "

ပေဟဠိဆန္စြာ ထြက္ေပၚလာသည့္ ေႁခြ႔စကားတို႔ေၾကာင့္ မင္းခန္႔ေခ်ာ ေ႐ွ႕ဆက္ရမည့္ေမးခြန္းမ်ားကို ရပ္တန္႔လိုက္၏။

" ဒါနဲ႔ ဝသာန္ဆိုတာက ညီအရင္းလား ကေလး"

" အင္း က်ေနာ့္ေသြးသားအရင္းလိုပဲဆိုပါေတာ့ "

"ေျသာ္......ကိုယ္ ကေလးသားေလးကို ညီဝသာန္ရဲ႕ဖုန္းထဲကပုံကေနေတြ႔ၿပီး ရန္ကုန္ကိုသူနဲ႔အတူ ခ်က္ခ်င္းလိုက္လာခဲ့တာ အင္းးး ဟို....သမီးေလးအတြက္ေတာ့ ကိုယ္တကယ္စိတ္မေကာင္းပါဘူး "

ထိုစကားသံၾကာင့္ ေႁခြ႔မ်က္ႏွာသည္ ခ်က္ခ်င္းပင္ မွိဳင္းညိဳ႕သြားသည္မို႔ မင္းခန္႔ေခ်ာကိုယ့္ကိုကိုယ္က်ိန္ဆဲမိသြားသည္။

" ဘယ္တတ္ႏိုင္ပါ့မလဲ အစ္ကိုရယ္ "

" ဟို...ဟို...ေတြ႔တာအေတာ္ၾကာေတာ့ ကေလးသားေလးေတာင္ အေတာ္ေခ်ာလာတယ္ေနာ္ "

ပ်က္ယြင္းသြားသည့္ မ်က္ႏွာေလးကိုမၾကည့္ရက္၍ မင္းခန္႔ေခ်ာစကားလႊဲကာ ရယ္၍ ေျပာလိုက္သည္။အရင္က ျဖဴျဖဴေသးေသးနဲ႔ မ်က္မွန္ဝိုင္းေလးတပ္ထားၿပီး ႏွာေခါင္းလုံးလုံး ႏႈတ္ခမ္းေထြးေထြးေလးႏွင့္ေကာင္ေလးဟာ အခုေတာ့ အရပ္႐ွည္႐ွည္ ႏွင့္ က်ယ္ျပန္႔သည့္ ပခုံး၊ နဖူးေပၚသို႔ ေရစို၍ ခပ္ဖြာဖြာေလးဝဲက်ေနသည့္ ဆံပင္ ၊ မ်က္မွန္ဝိုင္းေလးမပါပဲ အညိဳေရာင္မ်က္ကပ္မွန္ေလးတပ္ထားသည့္ ခပ္ဝိုင္းဝိုင္းမ်က္လုံးေလးေတြကတလဲ့လဲ့ ၊ ႏွာေခါင္းလုံးလုံးေလးထပ္၌ ေရစိုထား၍ ေျပာင္တင္းလို႔၊ ေဆးမကူဘဲ ပင္ကိုယ္ရဲေထြးေနသည့္ ႏႈတ္ခမ္းေလးႏွင့္ မ်က္ႏွာအက်က အလြန္ပင္ ေခ်ာလြန္း လွလြန္းသည္။ ေႁခြက ေျပာင္းလဲသြားလိုက္တာ ကေလးေလးမဟုတ္ေတာ့ဘဲ နတ္သားအသြင္သို႔ကူးေျပာင္းသြားတာလားေတာင္ မင္းခန္႔ေခ်ာအထင္မွတ္ရသည္။

(Eye. Nose.lip)
#credit photo to owner

" အစ္ကိုလည္း ေခ်ာလာပါတယ္ "

" ဘယ္ကသာ.....အသက္ႀကီးလာလို႔ အိုလာတာပါ ကိုယ္က"

"အိုးးး မဟုတ္တာပဲ ဘယ္ေလာက္႐ွိေသးလို႔လဲအစ္ကိုက "

ေႁခြက ႏွာေခါင္း႐ႈံ႕၍ မင္းခန္႔ေခ်ာစကားကို ျငင္းဆိုသည္။စကားေျပာေနရင္း မွာထားသည့္ ေကာ္ဖီနဲ႔ ကိတ္လာခ်ေတာ့ စကားခဏရပ္ကာ အေငြ႔ေလးမ်ားဝဲပ်ံေနသည့္ ေကာ္ဖီနံ႕ျပင္းျပင္းကို ေႁခြ႐ွဴ႐ိႈက္လိုက္သည္။

" အစ္ကို အခု 33ႏွစ္႐ွိၿပီ "

ရယ္ေသြးကာ မင္းခန္႔ေခ်ာေျပာေတာ့ ေကာ္ဖီအနံ႕ခံေနသည့္ ေႁခြ႔သည္ မ်က္ခုံးေလးပင့္သြားသည္။

" ဟင္...မထင္ရဘူးေနာ္အစ္ကို ၂၀ေက်ာ္ေလးအတိုင္းပဲ "

ထိုစကားအား ေႁခြေျမႇာက္ပင့္ေျပာသည္မဟုတ္ပါ။ မ်က္စိေ႐ွ႕မွာ ျမင္ေနရသည့္ မင္းခန္႔ေခ်ာသည္ ေထာင္ေထာင္ေမာင္းေမာင္းအရပ္ႏွင့္ ဝင္းဝါေသာအသားရည္၊ ေယာက်ၤားဆန္ဆန္ေမး႐ိုးႏွင့္ ႏွာတံစင္းစင္း၊ ရယ္လိုက္ရင္ ဆြဲေဆာင္မႈ႐ွိသည့္ ႏႈတ္ခမ္းတို႔က လြန္ခဲ့တဲ့ ၈ႏွစ္တုန္းကလို အစ္ကိုသာ ခန္႔ညားေခ်ာေမာေနတုန္း ။

"အာ....ကေလးသားေလးကေတာ့ ေျမႇာက္ၿပီ....ဒီေကာ္ဖီနဲ႔ မုန႔္ကကိုယ္တိုက္တာပါေနာ္ ဟားဟား ဒါနဲ႔ ကေလးအရင္က ေကာ္ဖီခါးခါးမေသာက္ဘူးမဟုတ္လား "

" အင္း ဟုတ္တယ္ အႀကိဳက္ေျပာင္းသြားတာေပါ့ "

"ေျသာ္..."

ေကာ္ဖီခါးခါးတစ္ခြက္ႏွင့္ စိမ့္သက္သက္ကိတ္မုန္႔ေလးကို ဇြန္းျဖင့္ခပ္စားကာ ေႁခြ အရသာခံလိုက္သည္။ ခါးသက္သက္လ်ွာဖ်ားတြင္ စိမ့္ကာေပ်ာဝင္သြားသည့္ cheese အရသာက ေႁခြ႔စိတ္ကို ၾကည္လင္ေစသည္။ကိတ္မုန္႔အား တျမဳပ္ျမဳပ္ဝါးေနသည့္ မသိမသာေဖာင္းလိုက္ပိန္လိုက္ပါးျပင္ေလးကို မင္းခန္႔ေခ်ာ ေကာ္ဖီေသာက္ရင္းေငးၾကည့္ေနသည္။ လ်ွာဖ်ားမွတစ္ဆင့္ လည္ေခ်ာင္းတြင္းစီးဝင္သြားသည့္ ခ်ိဳစိမ့္စိမ့္ေကာ္ဖီအရသာသည္ ပို၍ပင္ ခ်ဳိေနသေယာင္႐ွိသည္မို႔ မသိမသာ ျပံဳးမိသြားသည္။မေတြ႕တာလည္း ၾကာခဲ့ႁပီ ။ အေနေအးၿပီး စကားနည္းသည့္ ေႁခြ႔အဖို႔ ဆက္စရာ စကားလည္းမ႐ွိ။ ဒါေၾကာင့္မို႔ မ်က္စိေ႐ွ႕႐ွိ ေကာ္ဖီႏွင့္ မုန္႔ထံတြင္သာ ေႁခြ႔အာ႐ုံမ်ား ရစ္ဝဲေနသည္။ ေကာ္ဖီခါးခါးတစ္ခြက္ႏွင့္ မိုးသည္းေလးက လိုက္ဖက္လြန္းလွသည့္အျပင္ အပိုဆုအေနနဲ႔ အလြမ္းဓာတ္ေလးပါ ေစာင္းပါလာေတာ့ ရိပ္ထင္ကိုပင္ သတိရမိလာသည္။ မင္းခန္႔ေခ်ာႏွင့္ ေႁခြ႔ၾကားတြင္ မည္သည့္စကားမ်ားေျပာစရာမ႐ွိေအာင္ တိတ္ဆိတ္ေနသည္ ။ ေကာ္ဖီနံ႕သင္းသင္းႏွင့္ ဆိုင္တြင္း႐ွ္ိသာယာၿငိမ့္ေညာင္းေနသည့္ တေယာသံမွအလွ ပတ္ဝန္းက်င္တစ္ခုလုံးက ေအးျမျမဓာတ္ႏွင့္ မိုးသည္းတို႔ကႀကီးစိုး၍ေနပါသည္။

"Ring.....Ring...."

စားပြဲဝိုင္းေလးေပၚတြင္ တင္ထားသည့္ ေႁခြ႔ဖုန္းထံမွာ ဖုန္းျမည္သံေၾကာင့္ ေႁခြႏွင့္အတူ မင္းခန္႔ေခ်ာပါ ဖုန္း screen သို႔ အၾကည့္ေရာက္သြား၏။ screen ေပၚမွ ရိပ္ထင္ပုံႏွင့္ "❤ေႁခြငယ္ရဲ႕ေမာင္❤" ဟူ contact name ေၾကာင့္ ျပံဳးသြားေသာ ေႁခြ႔မ်က္ႏွာေလးကို မင္းခန္႔ေခ်ာ မိမိရရျမင္လိုက္ပါသည္။

" hello မွိဳင္း "

" ............."

" အင္း အခုပဲေတြးေနတာ ဖုန္းမဆက္ေသးလို႔ေလ ႐ုံးဆင္းၿပီလား "

".............."

" ေျသာ္......ဒါဆိုလည္း လာလိုက္ေလ အင္း အင္း မိုးေတြရြာေနတယ္ ထီးေရာပါရဲ႕လား "

"..............."

" ဟုတ္ၿပီ ဒါဆို ငါေစာင့္ေနမယ္ေလ အင္း"

တိခနဲ ခ်သြားသည့္ ဖုန္းကို ေႁခြ႔မွာ သံေယာဇဥ္မျပတ္စိုက္ၾကည့္ေနျပန္သည္။

" မွိဳင္းရိပ္ထင္လား ကေလး"

" ဟုတ္ အစ္ကို "

"ဘာတဲ့လဲ "

ဟုတ္ အစ္ကိုဆိုၿပီး ေနာက္ဆက္တြဲအေၾကာင္းအရာမ်ားပါမလာ၍ မင္းခန္႔ေခ်ာ မေနႏိုင္မထိုင္ႏိုင္ ဆက္ေမးရသည္။

" ႐ုံးကအျပင္ ဝင္ႀကိဳမယ္ေျပာလို႔ပါ "

" ေျသာ္......မိွဳင္းရိပ္ထင္နဲ႔ ကေလးသားေလးနဲ႔က တြဲေနၾကၿပီေပါ့ "

" ဟုတ္ နည္းနည္းေတာ့ ၾကာပါၿပီ "

သိႏွင့္ၿပီးသားေပမယ့္ ယခုလို ကာယကံ႐ွင္ႏႈတ္ခမ္းဖ်ားမွထြက္လာသည့္ အေျဖေၾကာင့္ မင္းခန္႔ေခ်ာစိတ္ထဲတစ္မ်ိဳးျဖစ္သြားသည္။ ဘယ္လိုေျပာမလဲ.......ႏွေမ်ာမိတယ္ဆိုပါေတာ့...။မ်က္လႊာခ်၍ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္သာ လက္က်န္ေကာ္ဖီကို ေမာ့ခ်လိုက္သည္။ ဒီတစ္ခါ ေကာ္ဖီအရသာက မခ်ိဳေတာ့ဘူး။

" ျဖစ္ခဲ့သမ်ွေတြအတြက္ ကိုယ့္ကိုကိုယ္ အျပစ္မတင္ပါနဲ႔အစ္ကို ဒါေတြဟာ ကံစီမံလို႔ျဖစ္ခဲ့တာေတြခ်ည္းပါ ဒါေၾကာင့္မို႔ အစ္ကို ရန္ကုန္မွာျပန္ေနပါ အစ္ကို႔မိဘေတြလည္းေမ်ွာ္ေရာေပါ့ ၿပီးေတာ့ဆရာဝန္ duty coatနဲ႔ အစ္ကိုက သိပ္ခန္႔ညားတာမို႔ က်ေနာ္ အဲ့ပုံစံေလးအတိုင္းျပန္ျမင္ခ်င္ပါေသးတယ္ အခ်ိန္ကုန္လူပင္ပန္းခံၿပီး သင္ထားတဲ့ ပညာေတြကို ႏွေမ်ာစရာႀကီးမဟုတ္လား "

မင္းခန္႔ေခ်ာ၏ မ်က္ဝန္းတို႔ကို ေသခ်ာၾကည့္ကာ ေလးနက္ဆုံးႏွင့္ အ႐ွည္ဆုံးစကားကိုဆိုေတာ့ မင္းခန္႔ေခ်ာသည္ နားစိုက္ေထာင္ကာ ေခါင္းၿငိမ့္ၿငိမ့္။

" အင္း ကိုယ္နားလည္ပါတယ္ "

" ေႁခြ!!"

လက္က်န္ေကာ္ဖီကိုေမာ့ေသာက္ေနတုန္း ေက်ာဘက္မွထြက္လာသည့္ ရိပ္ထင္အသံေၾကာင့္ ေႁခြ လွည့္ၾကည့္လိုက္သည္။ အနက္ေရာင္ထီးတစ္ေခ်ာင္းကိုဖိတ္၍ ပုံးထဲသို႔ထည့္ကာ ေႁခြတို႔ဝိုင္းသို႔ တန္းတန္းမတ္မတ္ေလ်ွာက္လာ၏။

" ၿပီးရင္ ျပန္မယ္ေလ "

ထိုင္ေနသည့္ မင္းခန္႔ေခ်ာကိုပင္ ႐ွိသည္ဟုမထင္ဘဲ ေႁခြ႔ေဘးရပ္ကာ ေခၚေနသည့္ ရိပ္ထင္ေၾကာင့္ မင္းခန္႔ေခ်ာသည္ ရိပ္ထင္ကို မ်က္ေစာင္းျဖင့္ၾကည့္လိုက္သည္။ အရင္ကတည္းက သူႏွင့္ ရိပ္ထင္ဟာ အေၾကာမတည့္ၾကေပမယ့္ ယခုလည္း မ်က္ႏွာေၾကာတည့္သည္မဟုတ္လွ။ မင္းခန္႔ေခ်ာကိုျမင္ရင္ လင္လုဘက္လို စိုက္ၾကည့္တတ္သည့္ ရိပ္ထင္၏ ဥစၥာေျခာက္သည့္အၾကည့္တို႔ကို မင္းခန္႔ေခ်ာ အျမင္ကပ္မိပါသည္။ ယခုလည္း မေတြ႔တာၾကာေသာ မင္းခန္႔ေခ်ာကို အားနာပါးနာနဲ႔ေတာင္ မႏႈတ္ဆက္ ။ ထိုင္ေနသည့္ ေႁခြ႔ကိုသာ ဆြဲေခၚေနသည္။

" ေနပါအုံး အစ္ကို႔ကိုႏႈတ္ဆက္လိုက္အုံး မင္းနဲ႔လည္းမေတြ႔တာၿပီမဟုတ္လား "

ေဘး၌ မတ္ရပ္ေနသည့္ ရိပ္ထင္အား ေႁခြထုိင္ရာမွ ေမာ့၍ ေျပာသည္။ ေႁခြ႔စကားေၾကာင့္ ရိပ္ထင္သည္ မင္းခန္႔ေခ်ာအား ေပေစာင္းေစာင္းၾကည့္ကာ ေခါင္းတစ္ခ်က္ဆက္၍ ေပါ့တီးေပါ့ပ်က္ႏႈတ္ဆက္လိုက္သည္။

ရိပ္ထင္၏အမူယာကိုၾကည့္၍ မင္းခန္႔ေခ်ာသည္ ဟက္ခနဲရယ္လိုက္သည္။ ဟက္....ကေလးဆန္တဲ့ေကာင္ ။

" ဒါဆို က်ေနာ္တို႔ျပန္ၿပီေနာ္အစ္ကို ေနာက္တစ္ေခါက္မွ ထပ္ေတြ႔ၾကတာေပါ့ "

မ်က္လုံးခ်င္းစစ္တိုက္ေနေသာ ရိပ္ထင္ႏွင့္ မင္းခန္႔ေခ်ာတို႔အားၾကည့္၍ ေႁခြထိုင္ေနရာမွ ကပ်ာကယာ ထကာ ခုံေပၚ၌တင္ထားသည့္ ကားေသာ့ႏွင့္ ဖုန္း ကိုယူ၍ ႏႈတ္ဆက္လိုက္သည္။

" ဟုတ္ပါၿပီ ေျသာ္.. ဒါနဲ႔ ကိုယ့္ကို ဖုန္းနံပါတ္ေပးခဲ့အုံး ကေလးသားေလး ရဲ႕ ကိုယ့္မွာ မွိဳင္းရိပ္ထင္ ဖုန္းနံပါတ္ေတာင္ မနည္း႐ွာၿပီးဆက္သြယ္ရတာ "

" ခင္မ်ားမွာ က်ေနာ့္ဖုန္းနံပါတ္႐ွိထားရင္ ေတာ္ၿပီေလ ဘာေၾကာင့္ က်ေနာ့္ခ်စ္သူနံပါတ္ကိုေတာင္းေနရတာလဲ "

ခုနကထိ တစ္ခြန္းမွမဟသည့္ရိပ္ထင္သည္ အခုမွ အသံဆာဆာျဖင့္ မင္းခန္႔ေခ်ာအား လွမ္းစြာသည္။

" ေရာ....ငါက မင္းနဲ႔ေတြ႔ခ်င္တာမွမဟုတ္တာ ကေလးသားေလးနဲ႔ေတြ႔ခ်င္တာကို မင္းကိုတစ္ဆင့္ဆက္ၿပီးခ်ိန္းရတာ အဆင္မေျပဘူး မင္းက ေျပာခ်င္သလိုလို မေျပာခ်င္သလိုလိုနဲ႔ ဒါေၾကာင့္ ကာယကံ႐ွင္ဆီကေတာင္းတာေပါ့ "

"ကဲပါ အစ္ကိုရယ္ 094500$&$&$ အဲ့ဒါ က်ေနာ့္ နံပါတ္ပဲ ဒါဆို က်ေနာ္တို႔သြားၿပီေနာ္ လာ လာ မွိဳင္း "

ကပ်ာကယာေျပာ၍ ရိပ္ထင္အား လက္ဆြဲၿပီးထြက္သြားေသာ ေႁခြ႔က္ုိၾကည့္ကာ ရယ္၍ ေခါင္းၿငိမ့္လိုက္သည္။ မေက်မခ်မ္းျဖင့္ သူ႔အား ေနာက္လည့္ကာ ေပစာင္းေပေစာင္းၾကည့္ေနသည့္ ရိပ္ထင္ကို မင္းခန္႔ေခ်ာ ဖုန္းနံပါတ္မွတ္ရင္း ႏႈတ္ခမ္းလႈပ္႐ုံေလး လွမ္းေျပာလိုက္သည္။

" ဥစၥာ႐ူး"

...............................

"ကားကို ကုမၼဏီမွာထားခဲ့ေတာ့ မနက္က်ရင္ ႐ုံးကို ငါလိုက္ပို႔မယ္ေလ taxi ခဘယ္ေလာက္ေပးခဲ့ရလဲ ညေနဘက္ ကားက်ပ္ေတာ့ ေစ်းႀကီးမယ္ထင္တယ္ေနာ္ "

ေႁခြ႔မွာ မ်က္ႏွာေသႀကီးႏွင့္ ကားေမာင္းေနေသာ ရိပ္ထင္၏ မ်က္ႏွာရိပ္မ်က္ႏွာကဲၾကည့္ကာ စကားမ႐ွိစကား႐ွာေနသည္။ ေႁခြ႔ဆီလာတဲ့အခါ သူ႔ကားကို ကုမၼဏီမွာထားခဲ့၍ ေႁခြ႔ဆီသို႔ taxi ျဖင့္လာကာ အျပန္က်....ေႁခြ႔ကားျဖင့္ ျပန္ေလသည္။ ေႁခြေျပာသည့္ စကားကို မၾကားခ်င္ေယာင္ေဆာင္ကာ ေ႐ွ႕တည့္တည့္ကိုသာၾကည့္၍ ေမာင္းေန၏ ။ ယခုလုိျဖစ္ရျခင္းမွာ ခုနက မင္းခန္႔ေခ်ာအား သူတားေနသည့္ၾကားမွ ဖုန္းနံပါတ္ေပးလိုက္လို႔ပင္ျဖစ္သည္။မေပးလို႔လည္းမရဘူးေလ ၾကာရင္ အခ်င္းခ်င္းစကားမ်ားေနရာမွ ထထိုးေတာ့မည့္အရိပ္ေယာင္ေတြကို ျမင္ေနရ၍ ေႁခြ ဟန္႔တားလိုက္ျခင္းပါ။ရိပ္ထင္စိတ္ကို ေႁခြအသိဆုံး ။ ငယ္ငယ္ေလးကတည္းက ရိပ္ထင္က မင္းခန္႔ေခ်ာက္ုိသိပ္ၾကည့္ရတာမဟုတ္။ ပထမေတာ့ ေဂးျဖစ္ေနလို႔ ၾကည့္လို႔မရေပမယ့္ ေနာက္ေတာ့ မင္းခန္႔ေခ်ာ ေႁခြ႔ကိုၾကည့္တဲ့အၾကည့္ေတြကို မႀကိဳက္လို႔ ၾကည့္မရျဖစ္သည္။ အခုေတာ့ က္ိုယ့္ခ်စ္သူအား ခ်စ္ရည္ရႊန္းလဲ့ေနေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနသည့္ မင္းခန္႔ေခ်ာအၾကည့္တို႔ေၾကာင့္ ပို၍ပင္ ၾကည့္မရေတာ့ ။

သူ႔အား အဖက္လုပ္ျခင္းမခံရေသာ ေႁခြသည္ ရိပ္ထင္အား အေရးတယူစကားလိုက္ေျပာမေနေတာ့..... ေဘးမွာပင္ ၿငိမ္ကာ တိတ္တိတ္ေလး လိုက္ပါလာခဲ့သည္။ ဒါကို ရိပ္ထင္ စိတ္ထဲတြင္ ကလိကလိျဖစ္၍ ေနသည္ ။ ဘာလို႔ တိတ္သြားလဲ ဘာလို႔ စကားမေျပာေတာ့တာလဲ တကယ္ဆို သူစိတ္ဆိုးေနတာကို စိတ္မေျပမခ်င္းေခ်ာ့ရမွာေလ တစ္ခြန္းႏွစ္ေယာက္ေလာက္ ျပန္မေျပာလိုက္တာနဲ႔ ၿငိမ္သြားေရာလား ။ ထိုအေတြးတို႔ျဖင့္ ရိပ္ထင္မ်က္ႏွာက ပို၍ပင္ ဆူပုတ္၍ လာ၏။ ေႁခြ႔ရဲ႕ အျဖဴေရာင္ ကားေလးသည္ ေႁခြ အိမ္ေ႐ွ႕ အမိုးေအာက္တြင္ ပါကင္ ထိုး၍ ရပ္လိုက္သည္ႏွင့္ ရိပ္ထင္က ခ်က္ခ်င္းဆင္းကာ အိမ္ထဲသို႔ ဝင္သြား၏။ သူစိတ္ဆိုးေနပါတယ္ဆိုတာကို သိသိသာသာျပေနျခင္းေၾကာင့္ ေႁခြလည္း သက္ျပင္းခ်၍ ရိပ္ထင္ေနာက္လိုက္သြားသည္။ သမီးဆုံးၿပီးကတည္းက ရိပ္ထင္သည္ ေႁခြႏွင့္အတူေနတာ ႏွစ္ပတ္ေလာက္႐ွိၿပီျဖစ္သည္။ ေႁခြအိမ္ထဲေရာက္ေတာ့ ဧည့္ခန္းဆိုဖာ၌ ထိုင္ကာ ေခါက္ဆြဲျပဳတ္စား၍ စာရြက္စာတမ္းမ်ားၾကည့္ေနသည့္ ဝသာန္႔ကိုျမင္ေတာ့ အလုပ္ကိစၥေျပာရန္ ေႁခြ ဝင္ထိုင္လိုက္သည္။

" ဘာလို႔ ေခါက္ဆြဲေတြစားေနတာလဲ ထမင္းမစားဘူးလား "

" မိုးေအးေအးနဲ႔ဆိုေတာ့ စားခ်င္လာလို႔ပါ ကိုႀကီး"

" ဝသာန္ "

ေခါက္ဆြဲအား ဝါးေနရင္း စာရြက္စာတမ္းတစ္ခ်ိဳ႕ဖတ္ေနသည့္ ဝသာန္႔ကို ေႁခြ ျငင္ျငင္သာသာေလးေခၚလိုက္သည္။ဝသာန္သည္ ယခုကဲ့သုိ႔ အသံမ်ိဳးကို ပထမဆုံးၾကားဖူးတာျဖစ္၍ မ်က္လုံးေလးဝိုင္းကာ ေႁခြ႔ကို လွည့္ၾကည့္ေလသည္။

"အခု ရထားတဲ့ ဦးထြန္းသိုက္ရဲ႕ ကုမၼဏီကို ညီေလး ဦးစီးခ်င္လား "

ေႏြးေထြးလြန္းသည့္ ညီ ဟူေသာ ေခၚသံေၾကာင့္ ဝသာန္သည္ အိမ္မက္မက္ေနသူပမာ ေႁခြ႔မ်က္ဝန္းတို႔ကို စိုက္ၾကည့္ကာ ၿငိမ္သက္ေနသည္။ တခါမွ တစ္ခါဆို တစ္ခါမွ ေႁခြက သူ႔ကို ေႏြးေႏြးေထြးေထြးနဲ႔ ညီေလးလို႔ မေခၚဖူးသလို သူ႔ဘဝ၌လည္း ထိုအသံမ်ိဳး တစ္ခါမွမၾကားဖူး၍ ဝသာန္ၾကည္ႏူးကာ မ်က္ရည္တို႔ ဝဲတက္လာသည္။

" ဟင္ ဘာလို႔ မ်က္ရည္က်လာတာလဲ "

ပါးျပင္ေပၚသို႔ စီးက်လာသည့္ ဝသာန္႔မ်က္ရည္မ်ားကိုျမင္ေတာ့ ဇေဝဇဝါျဖင့္ ေမးေလသည္။

" ေပ်ာ္...ေပ်ာ္လို႔ပါ ကိုႀကီး ။ ကိုႀကီးဆီက ညီေလးလို႔ေခၚသံၾကားရတာ ေပ်ာ္လို႔ပါ "

႐ိႈက္သံတို႔ျဖင့္ တုန္ရင္လာသည့္ ဝသာန္႔ရဲ႕အသံေၾကာင့္ ေႁခြ ျပံဳးကာ ဝသာန္႔ဆံပင္မ်ားကို ဆြဲဖြလိုက္သည္။

" ကေလးက်ေနတာပဲကြာ မငိုနဲ႔ တိတ္ တိတ္ ငါက မင္းကို အျမဲတမ္း ငါ့ညီေလးအရင္းလို သတ္မွတ္ထားပါတယ္ အေျခေနအေၾကာင္းေၾကာင္းေၾကာင့္သာ ငါ့စိတ္ေတြကို ခ်ဳပ္တည္းၿပီး မင္းကိုခပ္မာမာဆက္ဆံေနတာပါ အခုေတာ့ အဲ့ဒါေတြ႐ွင္းသြားၿပီ ၿပီးေတာ့ ငါ့စိတ္ေတြကိုလည္း လြတ္လပ္ခြင့္ေပးလိုက္ၿပီ ကဲ....ဒါေတြထားပါ ငါ့ကိုေျပာပါအုံး မင္း ဦးထြန္းသိုက္ ကုမၼဏီကို ဦးစီးခ်င္လား ဒါမွမဟုတ္ မင္းဝါသနာပါတဲ့ ေ႐ွ႕ေနအလုပ္ကိုပဲ ဆက္လုပ္မလား "

" ကိုႀကီးက က်ေနာ့္ကို ဘာလုပ္ေစခ်င္လဲဟင္ "

" မင္းသေဘာပါပဲ မင္းေျပာ "

" ဟို....က်ေနာ္ကေတာ့ ေ႐ွ႕ေနပဲ လုပ္ခ်င္တယ္ ကိုႀကီး "

ဝသာန္႔ စကားကို ေႁခြ စဥ္းစားကာ ေခါင္းၿငိမ့္၍

" အင္းး ဟုတ္ပါၿပီ ဒါဆိုလည္း အဲ့ကုမၼဏီကိုေရာင္းၿပီး shopping center တစ္ခုဖြင့္ပဲ စီစဥ္ၾကတာေပါ့ ငါလည္း ေ႐ွ႕ေန႔ႀကီးနဲ႔တိုင္ပင္ၿပီး မင္းဒီႏိုင္ငံက ဘြဲ႔ရဖို႔အတြက္ ေက်ာင္းေတြျပန္စီစဥ္ေပးမယ္ ဒါနဲ႔ ဦးထြန္းသိုက္ ႐ုံးခ်ိန္းက မနက္ျဖန္ေနာက္ဆုံးေနာ္ "

" ဟုတ္ပါတယ္ ကိုႀကီး တရားသူႀကီးက ေ႐ွ႕ေနႀကီးရဲ႕မိတ္ေဆြဆိုေတာ့ ကိုႀကီး ျဖစ္ေစခ်င္တဲ့တိုင္းျဖစ္မွာပါ "

" အင္း မနက္ျဖန္ ငါ့ကိုလည္းစစ္မွာဆိုေတာ့ မွိဳင္းကို ကုမၼဏီပို႔ၿပီးတာနဲ႔ မင္းနဲ႔တူတူ တရား႐ုံးသြားၾကတာေပါ့ ဒီလူႀကီးရဲ႕ ေသာကေတြအျပည့္နဲ႔မ်က္ႏွာကို ငါေတြ႔ရမွျဖစ္မယ္ ၿပီးေတာ့ တရား႐ုံးကျပန္တာနဲ႔ သမီးအတြက္ ရည္စူးၿပီး ငါဘုန္းႀကီးဝတ္မလို႔ မင္းနဲ႔ မိွဳင္းက ဆံခ်ဖို႔ လိုက္ခဲ့ေပးေနာ္ "

"ဟုတ္ကဲ့ ကိုႀကီး "

"အင္း"

ေႁခြသည္ ဝသာန္႔အားမွာစရာ႐ွိတာမွာ၍ ရိပ္ထင္႐ွိရာ မိမိအခန္းသို႔ ဝင္သြားလိုက္သည္။ ရိပ္ထင္ကေတာ့ သူစိတ္ဆိုးေနတာကို ခ်က္ခ်င္းလာမေခ်ာ့ပဲ အျပင္မွာ ဝသာန္နဲ႔ စကားေျပာေနတာကိုသိ၍ ပို၍ပင္ စိတ္ေကာက္ေနၿပီ။ ေႁခြ ဝင္သြားေတာ့ ခါး၌ သဘက္ေလးပဲပတ္ကာ ေရစိုဆံပင္မ်ားကို dryer ျဖင့္မႈတ္ေနသည္မွာ ေရခ်ိဳးၿပီးသြားၿပီထင္သည္။ ေႁခြက ရိပ္ထင္ကို အကဲခပ္၍ လက္ထဲမွ dryerအား ဆြဲယူကာ ရိပ္ထင္ကို ခုံ၌ ထိုင္ေစသည္။စကားမေျပာေပမယ့္ ေႁခြလုပ္ေပးတာကို မျငင္းဘဲ ၿငိမ္ေနသည့္ ရိပ္ထင္ေၾကာင့္ ေႁခြ ခိုးျပံဳးလိုက္သည္။ ဒါက စိတ္ဆိုးတာမဟုတ္ဘူး စိတ္ေကာက္ေနတာ ။ မေပ်ာ့မၾကမ္းဆံပင္ၾကားထဲ လက္ထိုးဖြကာ dryerျဖင့္ ေျခာက္ေအာင္မႈတ္ေပးၿပီးေနာက္ ရိပ္ထင္မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ ဆြဲကိုင္ကာ ေမ့ာေစသည္ ။

" မြစ့္"

နဖူး၌ဝဲက်ေနသည့္ ဆံပင္တို႔ကို သပ္တင္လိုက္၍ မဟာနဖူးျပင္ကို ေႁခြ႔ႏႈတ္ခမ္းတို႔ျဖင့္ အားရပါးရဖိကပ္လိုက္သည္။ ရိပ္ထင္စိတ္ထဲ၌ ၾကည္ႏူးကာ ရန္ခုန္သြားေပမယ့္ မ်က္ႏွာေသျဖင့္ ေႁခြ႔ကိုေငးၾကည့္ေနသည္။ တင္းထား ဆက္တင္းထားရင္ ဒီ့ထက္ပိုတဲ့အနမ္းေတြရႏိုင္တယ္။

" စိတ္မဆိုးပါနဲ႔ေတာ့ကြာ ငါမေခ်ာ့တတ္ဘူး "

ရိပ္ထင္က ျပန္မေျဖ မ်က္ႏွာေသျဖင့္ ေႁခြ႔ကို ေငးၾကည့္ေနတုန္း။

" ေခ်ာကလက္စားမလား ငယ္ငယ္ကဆို မင္းစိတ္ဆိုးေနရင္ ငါေခ်ာကလက္ေကြၽးၿပီးေခ်ာ့ေနၾကေလ မွတ္မိလား ဝသာန္ဟိုေန႔က ေခ်ာကလက္ေတြဝယ္လာတာေတြ႕တယ္ ငါခိုးေကြၽးမယ္ေလ ဟင္ "

ကေလးဆန္ဆန္ထိုစကားေလးေၾကာင့္ ရိပ္ထင္သည္ ရယ္ခ်င္စိတ္ကိုထိန္းသည့္အေနျဖင့္ ပါးေစာင္ကိုလ်ွာျဖင့္ထိုးကာ ေခါင္းကိုငုံ႕ခ်လိုက္သည္။ ရင္ထဲမွာေတာ့ အူေတြအသည္းေတြယားေနၿပီ။

" ဘာလို႔ ငုံ႕သြားတာလဲ ေမာ့ေလကြာ "

ရိပ္ထင္ေခါင္းငုံ႕သြားတာေၾကာင့္ ေႁခြကမရမက ဆြဲေမာ့သည္။
ထို႔ေနာက္ မ်က္လုံးရြဲႀကီးႏွင့္ ၾကည့္ကာ

" ခ်စ္လား "

"ခ်စ္တယ္"

အေမးနဲ႔အတူအေျဖက တစ္စကၠန္႔မျခားပဲ ခ်က္ခ်င္းထြက္လာ၍ ေႁခြ ရင္ထဲလွပ္ခနဲခုန္သြားသည္။

" ခ်စ္တယ္ ခ်စ္တာမွဘာနဲ႔မွ ေဖာ္ျပၿပီးႏိႈင္းလို႔မရေအာင္ကို ေမာင္မင္းကိုခ်စ္တာ "

မ်က္ဝန္းခ်င္းဆုံကာေျပာသည့္ ထိုစကားေၾကာင့္ သြားညီညီေလးမ်ားေပၚသြားသည္အထိ ေႁခြျပံဳးသြားသည္။ ရိပ္ထင္ေၾကာင့္ သူ႔ဒဏ္ရာေတြအက်က္ျမန္ခဲ့ၿပီပဲ။ ၿပီးေနာက္ ရိပ္ထင္က ႏႈတ္ခမ္းစူျပေတာ့ အလိုက္တသိပင္ ေႁခြ ငုံ႕နမ္းလိုက္သည္။ ဒါေပမယ့္ ဒီအခြင့္အေရးကို ေစာင့္ေနသည့္ ရိပ္ထင္သည္ ေႁခြ႔ခါးကို သိမ္းက်ံဳးဖက္၍ ႏႈတ္ခမ္းႏွစ္ခုထပ္မွအနမ္းတို႔ကို ပို၍နက္႐ႈိင္းေစ၏၊ သူ႔စိတ္ႀကိဳက္ႏႈတ္ခမ္းသားတို႔ကို ျခယ္လွယ္ၿပီးေသာအခါ ရီေဝေဝမ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနျပန္သည္။

" ထ အၤက်ီဝတ္ အေအးပတ္မယ္ "

ခါးေပၚသို႔ တင္းက်ပ္စြာဖက္ထားသည့္ ရိပ္ထင္လက္ထဲ၌ ေႁခြ ႐ုန္းထြက္ေသာ္လည္း သန္မာသည့္ လက္တို႔က ေႁခြ႔ခါးကို ရစ္ပတ္ျမဲသာ။

" ေႁခြ "

"ဟင္ "

" ခ်စ္တယ္ "

ခပ္ျသျသအသံႏွင့္ ရီေဝေဝမ်က္လုံးေတြေၾကာင့္ ေႁခြလက္ဖ်ားတို႔ ေအးစက္လာကာ ႏွလုံးသားသည္လည္း ခ်စ္သူႏႈတ္ဖ်ားမွေတးသံသာကို အလြန္အမင္း ႏွစ္သက္၍ ပရမ္းပတာပင္ခုန္ေပါက္ေနတာမို႔ ေႁခြ ရိပ္ထင္ လက္ထဲမွ ႐ုန္းထြက္ပစ္ကာ ေရခ်ိဳးခန္းထဲသို႔ ေျပးဝင္သြားသည္။ ရိပ္ထင္သည္ ခပ္ရဲရဲမ်က္ႏွာေလးႏွင့္ သူ႔လက္တြင္းမွ ႐ုန္းထြက္သြားေသာ ရင္နင့္သည္းခ်ာေလး၏အျဖစ္ကိုေတြးကာ သေဘာက်ရယ္ေမာလိုက္သည္။ ထို႔ေနာက္ အၤက်ီဝတ္ရန္ ထိုင္ေနရာမွအထ ေရခ်ိဳးခန္းထဲမွ ထြက္လာေသာအသံေလးသည္.......

" ငါလည္း မင္းကို ခ်စ္တယ္ မွိဳင္းရိပ္ထင္ "

................................................

#6793 words
#5/5/2020 //dateကမွတ္ရလြယ္တယ္ေနာ္
#တစ္ေနကုန္ ထိုင္type ရတာနဲ႔ တန္ေအာင္ feedback ေလးေတာ့ေပးသင့္ပါတယ္။ type ၿပီးၿပီးခ်င္းတင္လိုက္ပါတယ္ ။ ေရာ့ အသဲယူ❤။

Unicode

Part 42

ညိုမဲအုပ်စိုင်းနေသော ကောင်းကင်ကြီးမှ အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေသော မိုးရေပေါက်တို့ကို ဖောက်ထွင်းမြင်နေရသည့် အကြည်ရောင်မှန်သားပြင်မှတစ်ဆင့်လမ်းမှထပ်သို့ မင်းခန့်ချောငေးကြည့်လျက်ရှိသည်။ထို့နောက် ကျွန်းရောင်ခုံအဝိုင်းလေးတွင် တင်ထားသော ငွေမျှင်ရောင်အငွေ့များ ပျံ့လွှင့်နေသည့် ကော်ဖီခွက်ကိုယူကာ နှုတ်ခမ်းနှင့် တေ့၍လျှာဖျားဖြင့် အရသာခံလိုက်သည်။ချိုဆိမ့်ဆိမ့်ကော်ဖီအရသာသည် ပူနွေးသည့်အရှိန်နှင့်အတူ လည်ချောင်းထဲသို့ စီးဝင်သွားသည်။ အငြိုးဖြင့်သည်းကြီးမဲကြီးရွာချနေသော မိုးကိုကြည့်ကာ မင်းခန့်ချော ဆိုင်တံခါးဝသို့ လည်တဆန့်ဆန့်ဖြင့် လှမ်းလှမ်းကြည့်နေမိသည်။ဒီနေ့ကျမှ မိုးကလည်း သည်းလိုက်တာ..ဟုအံကြိတ်ရေရွတ်လိုက်ရင်း လက်၌ ပတ်ထားသည့် နာရီကိုကြည့်တော့ အချိန်က ညနေ၅:၁၅မိနစ်သို့ညွှန်နေသည်။ အင်း.....ချိန်းထားတာထက် ဆယ့်ငါးမိနစ်နောက်ကျနေပြီ ။ လက်မှ  နာရီကိုကြည့်လိုက် သည်းထန်စွာရွာနေသည့် မိုးကိုကြည့်လိုက် ၊ပြီး နောက်....ဆိုင်းတံခါးဝကို လှမ်းကြည့်လိုက်နှင့် မင်းခန့်ချော အတော်ပင်ဗြာများနေသည်။ မနက်က မှိုင်းရိပ်ထင်က ဖုန်းဆက်၍ ခြွေက သူနဲ့ ညနေတွေ့မည်ဟု တစ်ဆင့်ပြောခိုင်းသည်တဲ့......မင်းခန့်ချော ပျော်လွန်းလို့ထခုန်မတတ်ပါပဲ ။အချိန်နဲ့နေရာကို သူပဲရွေးပြီး ညနေ လေးနာရီလောက်ကတည်းက ဒီဆိုင်လေးမှာ ကြိုရောက်နေခဲ့တာ.....သူထွက်လာတာစောနေမှန်းသိပေမယ့် တွေ့ချင်သည့်စိတ်က ဆော်သြနေတော့ စိတ်လှုပ်ရှား ပျော်ရွှင်နေသည်။ ခြွေမသေဘူးဆိုတာ သေချာသွားသည်ကသူ့အား အတိုင်းမသိပျော်ရွှင်မှုကိုပေး၍  နှစ်တွေအရမ်းကြာမှ ကိုယ်ချစ်ရသူနှင့် ပြန်တွေ့ရမည်က သူ့အား စိတ်လှုပ်ရှားမှုကိုပေးသည်။

"ချွှင်....ချွှင်!!"

ဤသို့စောင့်မျှော်နေရင်း ဆိုင်တံခါးဝမှ လူဝင်လာသည့် ခေါင်းလောင်းသံကို ကြားရသည်နှင့် ဆိုင်အပြင်ဘက်သို့ငေးနေသည့် မင်းခန့်ချောအကြည့်များသည် တံခါးဝသို့ ရုတ်ချည်းရောက်ရှိသွား၏။

" အာ.....မဟုတ်ဘူးပဲ "

မျှော်လင့်ချက်တကြီးနှင့်စောင့်မျှော်နေသည့် သူများလားဟု ကြည့်လိုက်ပေမယ့် မဟုတ်ပြန်တာကြောင့် မင်းခန့်ချောခပ်တိုးတိုးလေးရေရွတ်လိုက်သည်။ထို့နောက် သူ၏ အကြည့်တို့သည် ဆိုင်အပြင်လမ်းမထပ်သို့ ပြန်ပို့လိုက်ပြန်သည်။

" ဟို....အစ်ကို??"

ခပ်ရှရှအသံနှင့် လှပသည့် ယောကျၤားပျိုတစ်ယောက်သည် မိုးမိထား၍ အနည်းငယ် ရေစိုနေသည့် ကိုယ်ပေါ်ရှိ ရေစက်များနှင့်အတူ မင်းခန့်ချောအား ငုံ့ ကြည့်ကာအသံပြုလေသည်။ မင်းခန့်ချောသည် င်္အကျီအနက်လက်ရှည်လေးနှင့်ဘောင်းဘီဂျင်းနက်အရှည်တို့ကိုတွဲဝတ်ဆင်ထားသည့် ထို အမျိုးသားငယ်၏ မျက်နှာချောချောကို သက်ရှိအလှနတ်ဘုရားတစ်ပါးအမှတ်ဖြင့် ငေးကြည့်နေမိသည်။

#credit photo to owner

ထိုအမျိုးသားငယ်က ချယ်ရီရောင် နှုတ်ခမ်းထောင့်စွန်းလေးကော့တက်သွားရုံ ပြုံးပြကာ သူ၏ ရှေ့ခုံတွင်ဝင်ထိုင်သည်။ ထို့နောက် သပ်တင်ထားသည့် ပတုံးရောင်လဲ့နေသော ဆံပင်တို့၌ တွဲခိုနေသည့် ရေစက်တို့ကို ကျောက်စိမ်းရောင်သွေးကြောလေးများရှပ်ပြေးနေသည့် လက်ချောင်းဖြူဖြူလေးတို့ဖြင့် ထိုးဖွကာ ရေစက်တို့ကို ခါထုတ်လိုက်သည်။ထိုအခါ သပ်တက်ထားသော ကေသာတို့သည် ပြေပြစ်သော နဖူးပေါ်သို့ အပြိုင်အဆိုင်အလုအယက်ပင် ကျဆင်းလာကြ၏။

" ရောက်နေတာကြာပြီလားအစ်ကို sorry ပါဗျာ ရုံးဆင်းချိန်ဖြစ်တာရယ် မိုးကလည်းသည်းနေတော့ ကားတွေပိတ်နေလို့ပါ "

ထိုအမျိုးသားငယ်က သူ၏ ဆံသားတို့ကို ထိုးဖွရင်းမှ နောက်ကျရသည့် အကြောင်းအရာကို သေသေချာချာလေးပြောပြသည်။
ချယ်ရီရောင်နှုတ်ခမ်းပါးက လှုပ်ခပ်၍ ထွက်ပေါ်လာသည် ခပ်ရှရှအသံပိုင်ရှင်လေးကို မင်းခန့်ချော မျက်တောင်ခပ်ဖို့ပင် မေ့လျော့ကာ သူ၏အလှတွင် မျောပါနေသည်။

" အစ်ကို "

သူ့အားမျက်တောင်မခပ်တမ်း စိုက်ကြည့်နေတာကြောင့် အနေခက်ထင်ပါသည်။ မင်းခန့်ချောအား ခပ်ဆက်ဆက်လေး အသံပြုလိုက်တော့ မင်းခန့်ချော၏စီးမျောမှုတို့ ရပ်တန့်သွားရသည်။

"က...ကလေးသားလေး"

မင်းခန့်ချောနှုတ်ခမ်းမှ တုန်ရီစွာထွက်ပေါ်လာသည့် နာမ်စားလေးကြောင့် ထိုအမျိုးသားငယ်လေးမှာ သူ၏မျက်နှာပေါ်ကရေစက်တစ်ချို့ကို တစ်ရှူးဖြင့်သုတ်နေရာမှ ခပ်ယဲ့ယဲ့လေးပြုံးသည်။

"အဟင်း တော်သေးတာပေါ့ အစ်ကို ကျနော့်ကိုမှတ်မိလို့ ။ အစ်ကိုကစိုက်ကြည့်နေတော့ ကျနော့်ကိုမမှတ်မိဘူးထင်နေတာ "

"အာ.....ကိုယ် ကိုယ် နည်းနည်း အင်းးး ကလေးက အရမ်းပြောင်းလဲသွားတော့....ရုတ်တရက်..အင်း..မမှတ်မိလိုက်တာ "

စိတ်လှုပ်ရှားစွာထွက်လာသည့် မင်းခန့်ချောရဲ့ ပျက်တောင်းပျက်တောင်းစကားတို့ကြောင့် ခြွေ ပြုံးလိုက်သည်။

" အစ်ကိုကတော့ အရင်တိုင်းပဲနော် ဒါပေမယ့် ပိုပြီး ချောလာတယ် "

ခပ်ဝိုင်းဝိုင်းမျက်လုံးတို့က ရွှန်းရွှန်းစားစားကြည့်၍ ဆိုလာတော့ မင်းခန့်ချော အနေခက်စွာ ပြုံး၍ ကော်ဖီအား မော့သောက်လိုက်သည်။

"ဘာသောက်မလဲ ကိုယ်သွားမှာပေးမယ် "

" black coffee နဲ့ cheesecakeတစ်ခု "

" အိုခေ ခဏစောင့်ကိုယ်သွားမှာလိုက်မယ်နော် "

မင်းခန့်ချောသည် ထိုင်ရာမှထကာ ကောင်တာသို့ သွား၍ တသွေမသိမ်းမှာပြီး bill ရှင်းလိုက်၏။ပြီးနောက် နေရာ၌ပြန်ထိုင်ကာ ခြွေ့အားစကားစလိုက်ပါသည်။

" မတွေ့တာကြာပြီနော် ကလေး အင်းးး ဒီအတောအတွင်း ဘယ်လိုတွေဖြစ်ခဲ့ရတာလဲ မင်းဆုံးသွားပြီလို့ သိရတဲ့အတောအတွင်း ကိုယ့်ကြောင့်ဆိုတဲ့စိတ်ကြီးနဲ့ယူကျိုးမရဖြစ်ပြီး ကိုယ်ရှင်သန်နေခဲ့ရတာ ။ ပြီးတော့ ရုတ်တရက်မင်းက ပြန်ရှင်လာတော့ ကိုယ့်မှာ အခုမင်းကိုတွေ့နေရတာကိုတောင် မယုံနိုင်သေးဘူး "

" အင်း ဒီလိုပါပဲ ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျနော်မသေခဲ့ဘူးပေါ့ ဒီကြားထဲ ဖြစ်ပျက်ခဲ့တာတွေတော့ ကျနော် ပြန်မပြောချင်ဘူး အစ်ကို "

ပဟေဠိဆန်စွာ ထွက်ပေါ်လာသည့် ခြွေ့စကားတို့ကြောင့် မင်းခန့်ချော ရှေ့ဆက်ရမည့်မေးခွန်းများကို ရပ်တန့်လိုက်၏။

" ဒါနဲ့ ဝသာန်ဆိုတာက ညီအရင်းလား ကလေး"

" အင်း ကျနော့်သွေးသားအရင်းလိုပဲဆိုပါတော့ "

"သြော်......ကိုယ် ကလေးသားလေးကို ညီဝသာန်ရဲ့ဖုန်းထဲကပုံကနေတွေ့ပြီး ရန်ကုန်ကိုသူနဲ့အတူ ချက်ချင်းလိုက်လာခဲ့တာ အင်းးး ဟို....သမီးလေးအတွက်တော့ ကိုယ်တကယ်စိတ်မကောင်းပါဘူး "

ထိုစကားသံကြာင့် ခြွေ့မျက်နှာသည် ချက်ချင်းပင် မှိုင်းညို့သွားသည်မို့ မင်းခန့်ချောကိုယ့်ကိုကိုယ်ကျိန်ဆဲမိသွားသည်။

" ဘယ်တတ်နိုင်ပါ့မလဲ အစ်ကိုရယ် "

" ဟို...ဟို...တွေ့တာအတော်ကြာတော့ ကလေးသားလေးတောင် အတော်ချောလာတယ်နော် "

ပျက်ယွင်းသွားသည့် မျက်နှာလေးကိုမကြည့်ရက်၍ မင်းခန့်ချောစကားလွှဲကာ ရယ်၍ ပြောလိုက်သည်။အရင်က ဖြူဖြူသေးသေးနဲ့ မျက်မှန်ဝိုင်းလေးတပ်ထားပြီး နှာခေါင်းလုံးလုံး နှုတ်ခမ်းထွေးထွေးလေးနှင့်ကောင်လေးဟာ အခုတော့ အရပ်ရှည်ရှည် နှင့် ကျယ်ပြန့်သည့် ပခုံး၊ နဖူးပေါ်သို့ ရေစို၍ ခပ်ဖွာဖွာလေးဝဲကျနေသည့် ဆံပင် ၊ မျက်မှန်ဝိုင်းလေးမပါပဲ အညိုရောင်မျက်ကပ်မှန်လေးတပ်ထားသည့် ခပ်ဝိုင်းဝိုင်းမျက်လုံးလေးတွေကတလဲ့လဲ့ ၊ နှာခေါင်းလုံးလုံးလေးထပ်၌ ရေစိုထား၍ ပြောင်တင်းလို့၊ ဆေးမကူဘဲ ပင်ကိုယ်ရဲထွေးနေသည့် နှုတ်ခမ်းလေးနှင့် မျက်နှာအကျက အလွန်ပင် ချောလွန်း လှလွန်းသည်။ ခြွေက ပြောင်းလဲသွားလိုက်တာ ကလေးလေးမဟုတ်တော့ဘဲ နတ်သားအသွင်သို့ကူးပြောင်းသွားတာလားတောင် မင်းခန့်ချောအထင်မှတ်ရသည်။

(Eye. Nose.lip)
#credit photo to owner

" အစ်ကိုလည်း ချောလာပါတယ် "

" ဘယ်ကသာ.....အသက်ကြီးလာလို့ အိုလာတာပါ ကိုယ်က"

"အိုးးး မဟုတ်တာပဲ ဘယ်လောက်ရှိသေးလို့လဲအစ်ကိုက "

ခြွေက နှာခေါင်းရှုံ့၍ မင်းခန့်ချောစကားကို ငြင်းဆိုသည်။စကားပြောနေရင်း မှာထားသည့် ကော်ဖီနဲ့ ကိတ်လာချတော့ စကားခဏရပ်ကာ အငွေ့လေးများဝဲပျံနေသည့် ကော်ဖီနံ့ပြင်းပြင်းကို ခြွေရှူရှိုက်လိုက်သည်။

" အစ်ကို အခု 33နှစ်ရှိပြီ "

ရယ်သွေးကာ မင်းခန့်ချောပြောတော့ ကော်ဖီအနံ့ခံနေသည့် ခြွေ့သည် မျက်ခုံးလေးပင့်သွားသည်။

" ဟင်...မထင်ရဘူးနော်အစ်ကို ၂၀ကျော်လေးအတိုင်းပဲ "

ထိုစကားအား ခြွေမြှောက်ပင့်ပြောသည်မဟုတ်ပါ။ မျက်စိရှေ့မှာ မြင်နေရသည့် မင်းခန့်ချောသည် ထောင်ထောင်မောင်းမောင်းအရပ်နှင့် ဝင်းဝါသောအသားရည်၊ ယောကျၤားဆန်ဆန်မေးရိုးနှင့် နှာတံစင်းစင်း၊ ရယ်လိုက်ရင် ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းတို့က လွန်ခဲ့တဲ့ ၈နှစ်တုန်းကလို အစ်ကိုသာ ခန့်ညားချောမောနေတုန်း ။

"အာ....ကလေးသားလေးကတော့ မြှောက်ပြီ....ဒီကော်ဖီနဲ့ မုန့်ကကိုယ်တိုက်တာပါနော် ဟားဟား ဒါနဲ့ ကလေးအရင်က ကော်ဖီခါးခါးမသောက်ဘူးမဟုတ်လား "

" အင်း ဟုတ်တယ် အကြိုက်ပြောင်းသွားတာပေါ့ "

"သြော်..."

ကော်ဖီခါးခါးတစ်ခွက်နှင့် စိမ့်သက်သက်ကိတ်မုန့်လေးကို ဇွန်းဖြင့်ခပ်စားကာ ခြွေ အရသာခံလိုက်သည်။ ခါးသက်သက်လျှာဖျားတွင် စိမ့်ကာပျောဝင်သွားသည့် cheese အရသာက ခြွေ့စိတ်ကို ကြည်လင်စေသည်။ကိတ်မုန့်အား တမြုပ်မြုပ်ဝါးနေသည့် မသိမသာဖောင်းလိုက်ပိန်လိုက်ပါးပြင်လေးကို မင်းခန့်ချော ကော်ဖီသောက်ရင်းငေးကြည့်နေသည်။ လျှာဖျားမှတစ်ဆင့် လည်ချောင်းတွင်းစီးဝင်သွားသည့် ချိုစိမ့်စိမ့်ကော်ဖီအရသာသည် ပို၍ပင် ချိုနေသယောင်ရှိသည်မို့ မသိမသာ ပြုံးမိသွားသည်။မတွေ့တာလည်း ကြာခဲ့ပြီ ။ အနေအေးပြီး စကားနည်းသည့် ခြွေ့အဖို့ ဆက်စရာ စကားလည်းမရှိ။ ဒါကြောင့်မို့ မျက်စိရှေ့ရှိ ကော်ဖီနှင့် မုန့်ထံတွင်သာ ခြွေ့အာရုံများ ရစ်ဝဲနေသည်။ ကော်ဖီခါးခါးတစ်ခွက်နှင့် မိုးသည်းလေးက လိုက်ဖက်လွန်းလှသည့်အပြင် အပိုဆုအနေနဲ့ အလွမ်းဓာတ်လေးပါ စောင်းပါလာတော့ ရိပ်ထင်ကိုပင် သတိရမိလာသည်။ မင်းခန့်ချောနှင့် ခြွေ့ကြားတွင် မည်သည့်စကားများပြောစရာမရှိအောင် တိတ်ဆိတ်နေသည် ။ ကော်ဖီနံ့သင်းသင်းနှင့် ဆိုင်တွင်းရှိသာယာငြိမ့်ညောင်းနေသည့် တယောသံမှအလှ ပတ်ဝန်းကျင်တစ်ခုလုံးက အေးမြမြဓာတ်နှင့် မိုးသည်းတို့ကကြီးစိုး၍နေပါသည်။

"Ring.....Ring...."

စားပွဲဝိုင်းလေးပေါ်တွင် တင်ထားသည့် ခြွေ့ဖုန်းထံမှာ ဖုန်းမြည်သံကြောင့် ခြွေနှင့်အတူ မင်းခန့်ချောပါ ဖုန်း screen သို့ အကြည့်ရောက်သွား၏။ screen ပေါ်မှ ရိပ်ထင်ပုံနှင့် "❤ခြွေငယ်ရဲ့မောင်❤" ဟူ contact name ကြောင့် ပြုံးသွားသော ခြွေ့မျက်နှာလေးကို မင်းခန့်ချော မိမိရရမြင်လိုက်ပါသည်။

" hello မှိုင်း "

" ............."

" အင်း အခုပဲတွေးနေတာ ဖုန်းမဆက်သေးလို့လေ ရုံးဆင်းပြီလား "

".............."

" သြော်......ဒါဆိုလည်း လာလိုက်လေ အင်း အင်း မိုးတွေရွာနေတယ် ထီးရောပါရဲ့လား "

"..............."

" ဟုတ်ပြီ ဒါဆို ငါစောင့်နေမယ်လေ အင်း"

တိခနဲ ချသွားသည့် ဖုန်းကို ခြွေ့မှာ သံယောဇဉ်မပြတ်စိုက်ကြည့်နေပြန်သည်။

" မှိုင်းရိပ်ထင်လား ကလေး"

" ဟုတ် အစ်ကို "

"ဘာတဲ့လဲ "

ဟုတ် အစ်ကိုဆိုပြီး နောက်ဆက်တွဲအကြောင်းအရာများပါမလာ၍ မင်းခန့်ချော မနေနိုင်မထိုင်နိုင် ဆက်မေးရသည်။

" ရုံးကအပြင် ဝင်ကြိုမယ်ပြောလို့ပါ "

" သြော်......မှိုင်းရိပ်ထင်နဲ့ ကလေးသားလေးနဲ့က တွဲနေကြပြီပေါ့ "

" ဟုတ် နည်းနည်းတော့ ကြာပါပြီ "

သိနှင့်ပြီးသားပေမယ့် ယခုလို ကာယကံရှင်နှုတ်ခမ်းဖျားမှထွက်လာသည့် အဖြေကြောင့် မင်းခန့်ချောစိတ်ထဲတစ်မျိုးဖြစ်သွားသည်။ ဘယ်လိုပြောမလဲ.......နှမျောမိတယ်ဆိုပါတော့...။မျက်လွှာချ၍ ခေါင်းတငြိမ့်ငြိမ့်နှင့်သာ လက်ကျန်ကော်ဖီကို မော့ချလိုက်သည်။ ဒီတစ်ခါ ကော်ဖီအရသာက မချိုတော့ဘူး။

" ဖြစ်ခဲ့သမျှတွေအတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့အစ်ကို ဒါတွေဟာ ကံစီမံလို့ဖြစ်ခဲ့တာတွေချည်းပါ ဒါကြောင့်မို့ အစ်ကို ရန်ကုန်မှာပြန်နေပါ အစ်ကို့မိဘတွေလည်းမျှော်ရောပေါ့ ပြီးတော့ဆရာဝန် duty coatနဲ့ အစ်ကိုက သိပ်ခန့်ညားတာမို့ ကျနော် အဲ့ပုံစံလေးအတိုင်းပြန်မြင်ချင်ပါသေးတယ် အချိန်ကုန်လူပင်ပန်းခံပြီး သင်ထားတဲ့ ပညာတွေကို နှမျောစရာကြီးမဟုတ်လား "

မင်းခန့်ချော၏ မျက်ဝန်းတို့ကို သေချာကြည့်ကာ လေးနက်ဆုံးနှင့် အရှည်ဆုံးစကားကိုဆိုတော့ မင်းခန့်ချောသည် နားစိုက်ထောင်ကာ ခေါင်းငြိမ့်ငြိမ့်။

" အင်း ကိုယ်နားလည်ပါတယ် "

" ခြွေ!!"

လက်ကျန်ကော်ဖီကိုမော့သောက်နေတုန်း ကျောဘက်မှထွက်လာသည့် ရိပ်ထင်အသံကြောင့် ခြွေ လှည့်ကြည့်လိုက်သည်။ အနက်ရောင်ထီးတစ်ချောင်းကိုဖိတ်၍ ပုံးထဲသို့ထည့်ကာ ခြွေတို့ဝိုင်းသို့ တန်းတန်းမတ်မတ်လျှောက်လာ၏။

" ပြီးရင် ပြန်မယ်လေ "

ထိုင်နေသည့် မင်းခန့်ချောကိုပင် ရှိသည်ဟုမထင်ဘဲ ခြွေ့ဘေးရပ်ကာ ခေါ်နေသည့် ရိပ်ထင်ကြောင့် မင်းခန့်ချောသည် ရိပ်ထင်ကို မျက်စောင်းဖြင့်ကြည့်လိုက်သည်။ အရင်ကတည်းက သူနှင့် ရိပ်ထင်ဟာ အကြောမတည့်ကြပေမယ့် ယခုလည်း မျက်နှာကြောတည့်သည်မဟုတ်လှ။ မင်းခန့်ချောကိုမြင်ရင် လင်လုဘက်လို စိုက်ကြည့်တတ်သည့် ရိပ်ထင်၏ ဥစ္စာခြောက်သည့်အကြည့်တို့ကို မင်းခန့်ချော အမြင်ကပ်မိပါသည်။ ယခုလည်း မတွေ့တာကြာသော မင်းခန့်ချောကို အားနာပါးနာနဲ့တောင် မနှုတ်ဆက် ။ ထိုင်နေသည့် ခြွေ့ကိုသာ ဆွဲခေါ်နေသည်။

" နေပါအုံး အစ်ကို့ကိုနှုတ်ဆက်လိုက်အုံး မင်းနဲ့လည်းမတွေ့တာပြီမဟုတ်လား "

ဘေး၌ မတ်ရပ်နေသည့် ရိပ်ထင်အား ခြွေထိုင်ရာမှ မော့၍ ပြောသည်။ ခြွေ့စကားကြောင့် ရိပ်ထင်သည် မင်းခန့်ချောအား ပေစောင်းစောင်းကြည့်ကာ ခေါင်းတစ်ချက်ဆက်၍ ပေါ့တီးပေါ့ပျက်နှုတ်ဆက်လိုက်သည်။

ရိပ်ထင်၏အမူယာကိုကြည့်၍ မင်းခန့်ချောသည် ဟက်ခနဲရယ်လိုက်သည်။ ဟက်....ကလေးဆန်တဲ့ကောင် ။

" ဒါဆို ကျနော်တို့ပြန်ပြီနော်အစ်ကို နောက်တစ်ခေါက်မှ ထပ်တွေ့ကြတာပေါ့ "

မျက်လုံးချင်းစစ်တိုက်နေသော ရိပ်ထင်နှင့် မင်းခန့်ချောတို့အားကြည့်၍ ခြွေထိုင်နေရာမှ ကပျာကယာ ထကာ ခုံပေါ်၌တင်ထားသည့် ကားသော့နှင့် ဖုန်း ကိုယူ၍ နှုတ်ဆက်လိုက်သည်။

" ဟုတ်ပါပြီ သြော်.. ဒါနဲ့ ကိုယ့်ကို ဖုန်းနံပါတ်ပေးခဲ့အုံး ကလေးသားလေး ရဲ့ ကိုယ့်မှာ မှိုင်းရိပ်ထင် ဖုန်းနံပါတ်တောင် မနည်းရှာပြီးဆက်သွယ်ရတာ "

" ခင်များမှာ ကျနော့်ဖုန်းနံပါတ်ရှိထားရင် တော်ပြီလေ ဘာကြောင့် ကျနော့်ချစ်သူနံပါတ်ကိုတောင်းနေရတာလဲ "

ခုနကထိ တစ်ခွန်းမှမဟသည့်ရိပ်ထင်သည် အခုမှ အသံဆာဆာဖြင့် မင်းခန့်ချောအား လှမ်းစွာသည်။

" ရော....ငါက မင်းနဲ့တွေ့ချင်တာမှမဟုတ်တာ ကလေးသားလေးနဲ့တွေ့ချင်တာကို မင်းကိုတစ်ဆင့်ဆက်ပြီးချိန်းရတာ အဆင်မပြေဘူး မင်းက ပြောချင်သလိုလို မပြောချင်သလိုလိုနဲ့ ဒါကြောင့် ကာယကံရှင်ဆီကတောင်းတာပေါ့ "

"ကဲပါ အစ်ကိုရယ် 094500$&$&$ အဲ့ဒါ ကျနော့် နံပါတ်ပဲ ဒါဆို ကျနော်တို့သွားပြီနော် လာ လာ မှိုင်း "

ကပျာကယာပြော၍ ရိပ်ထင်အား လက်ဆွဲပြီးထွက်သွားသော ခြွေ့ကိုကြည့်ကာ ရယ်၍ ခေါင်းငြိမ့်လိုက်သည်။ မကျေမချမ်းဖြင့် သူ့အား နောက်လည့်ကာ ပေစာင်းပေစောင်းကြည့်နေသည့် ရိပ်ထင်ကို မင်းခန့်ချော ဖုန်းနံပါတ်မှတ်ရင်း နှုတ်ခမ်းလှုပ်ရုံလေး လှမ်းပြောလိုက်သည်။

" ဥစ္စာရူး"

...............................

"ကားကို ကုမ္မဏီမှာထားခဲ့တော့ မနက်ကျရင် ရုံးကို ငါလိုက်ပို့မယ်လေ taxi ခဘယ်လောက်ပေးခဲ့ရလဲ ညနေဘက် ကားကျပ်တော့ ဈေးကြီးမယ်ထင်တယ်နော် "

ခြွေ့မှာ မျက်နှာသေကြီးနှင့် ကားမောင်းနေသော ရိပ်ထင်၏ မျက်နှာရိပ်မျက်နှာကဲကြည့်ကာ စကားမရှိစကားရှာနေသည်။ ခြွေ့ဆီလာတဲ့အခါ သူ့ကားကို ကုမ္မဏီမှာထားခဲ့၍ ခြွေ့ဆီသို့ taxi ဖြင့်လာကာ အပြန်ကျ....ခြွေ့ကားဖြင့် ပြန်လေသည်။ ခြွေပြောသည့် စကားကို မကြားချင်ယောင်ဆောင်ကာ ရှေ့တည့်တည့်ကိုသာကြည့်၍ မောင်းနေ၏ ။ ယခုလိုဖြစ်ရခြင်းမှာ ခုနက မင်းခန့်ချောအား သူတားနေသည့်ကြားမှ ဖုန်းနံပါတ်ပေးလိုက်လို့ပင်ဖြစ်သည်။မပေးလို့လည်းမရဘူးလေ ကြာရင် အချင်းချင်းစကားများနေရာမှ ထထိုးတော့မည့်အရိပ်ယောင်တွေကို မြင်နေရ၍ ခြွေ ဟန့်တားလိုက်ခြင်းပါ။ရိပ်ထင်စိတ်ကို ခြွေအသိဆုံး ။ ငယ်ငယ်လေးကတည်းက ရိပ်ထင်က မင်းခန့်ချောကိုသိပ်ကြည့်ရတာမဟုတ်။ ပထမတော့ ဂေးဖြစ်နေလို့ ကြည့်လို့မရပေမယ့် နောက်တော့ မင်းခန့်ချော ခြွေ့ကိုကြည့်တဲ့အကြည့်တွေကို မကြိုက်လို့ ကြည့်မရဖြစ်သည်။ အခုတော့ ကိုယ့်ချစ်သူအား ချစ်ရည်ရွှန်းလဲ့နေသော မျက်ဝန်းများဖြင့် ကြည့်နေသည့် မင်းခန့်ချောအကြည့်တို့ကြောင့် ပို၍ပင် ကြည့်မရတော့ ။

သူ့အား အဖက်လုပ်ခြင်းမခံရသော ခြွေသည် ရိပ်ထင်အား အရေးတယူစကားလိုက်ပြောမနေတော့..... ဘေးမှာပင် ငြိမ်ကာ တိတ်တိတ်လေး လိုက်ပါလာခဲ့သည်။ ဒါကို ရိပ်ထင် စိတ်ထဲတွင် ကလိကလိဖြစ်၍ နေသည် ။ ဘာလို့ တိတ်သွားလဲ ဘာလို့ စကားမပြောတော့တာလဲ တကယ်ဆို သူစိတ်ဆိုးနေတာကို စိတ်မပြေမချင်းချော့ရမှာလေ တစ်ခွန်းနှစ်ယောက်လောက် ပြန်မပြောလိုက်တာနဲ့ ငြိမ်သွားရောလား ။ ထိုအတွေးတို့ဖြင့် ရိပ်ထင်မျက်နှာက ပို၍ပင် ဆူပုတ်၍ လာ၏။ ခြွေ့ရဲ့ အဖြူရောင် ကားလေးသည် ခြွေ အိမ်ရှေ့ အမိုးအောက်တွင် ပါကင် ထိုး၍ ရပ်လိုက်သည်နှင့် ရိပ်ထင်က ချက်ချင်းဆင်းကာ အိမ်ထဲသို့ ဝင်သွား၏။ သူစိတ်ဆိုးနေပါတယ်ဆိုတာကို သိသိသာသာပြနေခြင်းကြောင့် ခြွေလည်း သက်ပြင်းချ၍ ရိပ်ထင်နောက်လိုက်သွားသည်။ သမီးဆုံးပြီးကတည်းက ရိပ်ထင်သည် ခြွေနှင့်အတူနေတာ နှစ်ပတ်လောက်ရှိပြီဖြစ်သည်။ ခြွေအိမ်ထဲရောက်တော့ ဧည့်ခန်းဆိုဖာ၌ ထိုင်ကာ ခေါက်ဆွဲပြုတ်စား၍ စာရွက်စာတမ်းများကြည့်နေသည့် ဝသာန့်ကိုမြင်တော့ အလုပ်ကိစ္စပြောရန် ခြွေ ဝင်ထိုင်လိုက်သည်။

" ဘာလို့ ခေါက်ဆွဲတွေစားနေတာလဲ ထမင်းမစားဘူးလား "

" မိုးအေးအေးနဲ့ဆိုတော့ စားချင်လာလို့ပါ ကိုကြီး"

" ဝသာန် "

ခေါက်ဆွဲအား ဝါးနေရင်း စာရွက်စာတမ်းတစ်ချို့ဖတ်နေသည့် ဝသာန့်ကို ခြွေ ငြင်ငြင်သာသာလေးခေါ်လိုက်သည်။ဝသာန်သည် ယခုကဲ့သို့ အသံမျိုးကို ပထမဆုံးကြားဖူးတာဖြစ်၍ မျက်လုံးလေးဝိုင်းကာ ခြွေ့ကို လှည့်ကြည့်လေသည်။

"အခု ရထားတဲ့ ဦးထွန်းသိုက်ရဲ့ ကုမ္မဏီကို ညီလေး ဦးစီးချင်လား "

နွေးထွေးလွန်းသည့် ညီ ဟူသော ခေါ်သံကြောင့် ဝသာန်သည် အိမ်မက်မက်နေသူပမာ ခြွေ့မျက်ဝန်းတို့ကို စိုက်ကြည့်ကာ ငြိမ်သက်နေသည်။ တခါမှ တစ်ခါဆို တစ်ခါမှ ခြွေက သူ့ကို နွေးနွေးထွေးထွေးနဲ့ ညီလေးလို့ မခေါ်ဖူးသလို သူ့ဘဝ၌လည်း ထိုအသံမျိုး တစ်ခါမှမကြားဖူး၍ ဝသာန်ကြည်နူးကာ မျက်ရည်တို့ ဝဲတက်လာသည်။

" ဟင် ဘာလို့ မျက်ရည်ကျလာတာလဲ "

ပါးပြင်ပေါ်သို့ စီးကျလာသည့် ဝသာန့်မျက်ရည်များကိုမြင်တော့ ဇဝေဇဝါဖြင့် မေးလေသည်။

" ပျော်...ပျော်လို့ပါ ကိုကြီး ။ ကိုကြီးဆီက ညီလေးလို့ခေါ်သံကြားရတာ ပျော်လို့ပါ "

ရှိုက်သံတို့ဖြင့် တုန်ရင်လာသည့် ဝသာန့်ရဲ့အသံကြောင့် ခြွေ ပြုံးကာ ဝသာန့်ဆံပင်များကို ဆွဲဖွလိုက်သည်။

" ကလေးကျနေတာပဲကွာ မငိုနဲ့ တိတ် တိတ် ငါက မင်းကို အမြဲတမ်း ငါ့ညီလေးအရင်းလို သတ်မှတ်ထားပါတယ် အခြေနေအကြောင်းကြောင်းကြောင့်သာ ငါ့စိတ်တွေကို ချုပ်တည်းပြီး မင်းကိုခပ်မာမာဆက်ဆံနေတာပါ အခုတော့ အဲ့ဒါတွေရှင်းသွားပြီ ပြီးတော့ ငါ့စိတ်တွေကိုလည်း လွတ်လပ်ခွင့်ပေးလိုက်ပြီ ကဲ....ဒါတွေထားပါ ငါ့ကိုပြောပါအုံး မင်း ဦးထွန်းသိုက် ကုမ္မဏီကို ဦးစီးချင်လား ဒါမှမဟုတ် မင်းဝါသနာပါတဲ့ ရှေ့နေအလုပ်ကိုပဲ ဆက်လုပ်မလား "

" ကိုကြီးက ကျနော့်ကို ဘာလုပ်စေချင်လဲဟင် "

" မင်းသဘောပါပဲ မင်းပြော "

" ဟို....ကျနော်ကတော့ ရှေ့နေပဲ လုပ်ချင်တယ် ကိုကြီး "

ဝသာန့် စကားကို ခြွေ စဉ်းစားကာ ခေါင်းငြိမ့်၍

" အင်းး ဟုတ်ပါပြီ ဒါဆိုလည်း အဲ့ကုမ္မဏီကိုရောင်းပြီး shopping center တစ်ခုဖွင့်ပဲ စီစဉ်ကြတာပေါ့ ငါလည်း ရှေ့နေ့ကြီးနဲ့တိုင်ပင်ပြီး မင်းဒီနိုင်ငံက ဘွဲ့ရဖို့အတွက် ကျောင်းတွေပြန်စီစဉ်ပေးမယ် ဒါနဲ့ ဦးထွန်းသိုက် ရုံးချိန်းက မနက်ဖြန်နောက်ဆုံးနော် "

" ဟုတ်ပါတယ် ကိုကြီး တရားသူကြီးက ရှေ့နေကြီးရဲ့မိတ်ဆွေဆိုတော့ ကိုကြီး ဖြစ်စေချင်တဲ့တိုင်းဖြစ်မှာပါ "

" အင်း မနက်ဖြန် ငါ့ကိုလည်းစစ်မှာဆိုတော့ မှိုင်းကို ကုမ္မဏီပို့ပြီးတာနဲ့ မင်းနဲ့တူတူ တရားရုံးသွားကြတာပေါ့ ဒီလူကြီးရဲ့ သောကတွေအပြည့်နဲ့မျက်နှာကို ငါတွေ့ရမှဖြစ်မယ် ပြီးတော့ တရားရုံးကပြန်တာနဲ့ သမီးအတွက် ရည်စူးပြီး ငါဘုန်းကြီးဝတ်မလို့ မင်းနဲ့ မှိုင်းက ဆံချဖို့ လိုက်ခဲ့ပေးနော် "

"ဟုတ်ကဲ့ ကိုကြီး "

"အင်း"

ခြွေသည် ဝသာန့်အားမှာစရာရှိတာမှာ၍ ရိပ်ထင်ရှိရာ မိမိအခန်းသို့ ဝင်သွားလိုက်သည်။ ရိပ်ထင်ကတော့ သူစိတ်ဆိုးနေတာကို ချက်ချင်းလာမချော့ပဲ အပြင်မှာ ဝသာန်နဲ့ စကားပြောနေတာကိုသိ၍ ပို၍ပင် စိတ်ကောက်နေပြီ။ ခြွေ ဝင်သွားတော့ ခါး၌ သဘက်လေးပဲပတ်ကာ ရေစိုဆံပင်များကို dryer ဖြင့်မှုတ်နေသည်မှာ ရေချိုးပြီးသွားပြီထင်သည်။ ခြွေက ရိပ်ထင်ကို အကဲခပ်၍ လက်ထဲမှ dryerအား ဆွဲယူကာ ရိပ်ထင်ကို ခုံ၌ ထိုင်စေသည်။စကားမပြောပေမယ့် ခြွေလုပ်ပေးတာကို မငြင်းဘဲ ငြိမ်နေသည့် ရိပ်ထင်ကြောင့် ခြွေ ခိုးပြုံးလိုက်သည်။ ဒါက စိတ်ဆိုးတာမဟုတ်ဘူး စိတ်ကောက်နေတာ ။ မပျော့မကြမ်းဆံပင်ကြားထဲ လက်ထိုးဖွကာ dryerဖြင့် ခြောက်အောင်မှုတ်ပေးပြီးနောက် ရိပ်ထင်မျက်နှာအား လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ မေ့ာစေသည် ။

" မွစ့်"

နဖူး၌ဝဲကျနေသည့် ဆံပင်တို့ကို သပ်တင်လိုက်၍ မဟာနဖူးပြင်ကို ခြွေ့နှုတ်ခမ်းတို့ဖြင့် အားရပါးရဖိကပ်လိုက်သည်။ ရိပ်ထင်စိတ်ထဲ၌ ကြည်နူးကာ ရန်ခုန်သွားပေမယ့် မျက်နှာသေဖြင့် ခြွေ့ကိုငေးကြည့်နေသည်။ တင်းထား ဆက်တင်းထားရင် ဒီ့ထက်ပိုတဲ့အနမ်းတွေရနိုင်တယ်။

" စိတ်မဆိုးပါနဲ့တော့ကွာ ငါမချော့တတ်ဘူး "

ရိပ်ထင်က ပြန်မဖြေ မျက်နှာသေဖြင့် ခြွေ့ကို ငေးကြည့်နေတုန်း။

" ချောကလက်စားမလား ငယ်ငယ်ကဆို မင်းစိတ်ဆိုးနေရင် ငါချောကလက်ကျွေးပြီးချော့နေကြလေ မှတ်မိလား ဝသာန်ဟိုနေ့က ချောကလက်တွေဝယ်လာတာတွေ့တယ် ငါခိုးကျွေးမယ်လေ ဟင် "

ကလေးဆန်ဆန်ထိုစကားလေးကြောင့် ရိပ်ထင်သည် ရယ်ချင်စိတ်ကိုထိန်းသည့်အနေဖြင့် ပါးစောင်ကိုလျှာဖြင့်ထိုးကာ ခေါင်းကိုငုံ့ချလိုက်သည်။ ရင်ထဲမှာတော့ အူတွေအသည်းတွေယားနေပြီ။

" ဘာလို့ ငုံ့သွားတာလဲ မော့လေကွာ "

ရိပ်ထင်ခေါင်းငုံ့သွားတာကြောင့် ခြွေကမရမက ဆွဲမော့သည်။
ထို့နောက် မျက်လုံးရွဲကြီးနှင့် ကြည့်ကာ

" ချစ်လား "

"ချစ်တယ်"

အမေးနဲ့အတူအဖြေက တစ်စက္ကန့်မခြားပဲ ချက်ချင်းထွက်လာ၍ ခြွေ ရင်ထဲလှပ်ခနဲခုန်သွားသည်။

" ချစ်တယ် ချစ်တာမှဘာနဲ့မှ ဖော်ပြပြီးနှိုင်းလို့မရအောင်ကို မောင်မင်းကိုချစ်တာ "

မျက်ဝန်းချင်းဆုံကာပြောသည့် ထိုစကားကြောင့် သွားညီညီလေးများပေါ်သွားသည်အထိ ခြွေပြုံးသွားသည်။ ရိပ်ထင်ကြောင့် သူ့ဒဏ်ရာတွေအကျက်မြန်ခဲ့ပြီပဲ။ ပြီးနောက် ရိပ်ထင်က နှုတ်ခမ်းစူပြတော့ အလိုက်တသိပင် ခြွေ ငုံ့နမ်းလိုက်သည်။ ဒါပေမယ့် ဒီအခွင့်အရေးကို စောင့်နေသည့် ရိပ်ထင်သည် ခြွေ့ခါးကို သိမ်းကျုံးဖက်၍ နှုတ်ခမ်းနှစ်ခုထပ်မှအနမ်းတို့ကို ပို၍နက်ရှိုင်းစေ၏၊ သူ့စိတ်ကြိုက်နှုတ်ခမ်းသားတို့ကို ခြယ်လှယ်ပြီးသောအခါ ရီဝေဝေမျက်လုံးများဖြင့် စိုက်ကြည့်နေပြန်သည်။

" ထ င်္အကျီဝတ် အအေးပတ်မယ် "

ခါးပေါ်သို့ တင်းကျပ်စွာဖက်ထားသည့် ရိပ်ထင်လက်ထဲ၌ ခြွေ ရုန်းထွက်သော်လည်း သန်မာသည့် လက်တို့က ခြွေ့ခါးကို ရစ်ပတ်မြဲသာ။

" ခြွေ "

"ဟင် "

" ချစ်တယ် "

ခပ်သြသြအသံနှင့် ရီဝေဝေမျက်လုံးတွေကြောင့် ခြွေလက်ဖျားတို့ အေးစက်လာကာ နှလုံးသားသည်လည်း ချစ်သူနှုတ်ဖျားမှတေးသံသာကို အလွန်အမင်း နှစ်သက်၍ ပရမ်းပတာပင်ခုန်ပေါက်နေတာမို့ ခြွေ ရိပ်ထင် လက်ထဲမှ ရုန်းထွက်ပစ်ကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။ ရိပ်ထင်သည် ခပ်ရဲရဲမျက်နှာလေးနှင့် သူ့လက်တွင်းမှ ရုန်းထွက်သွားသော ရင်နင့်သည်းချာလေး၏အဖြစ်ကိုတွေးကာ သဘောကျရယ်မောလိုက်သည်။ ထို့နောက် င်္အကျီဝတ်ရန် ထိုင်နေရာမှအထ ရေချိုးခန်းထဲမှ ထွက်လာသောအသံလေးသည်.......

" ငါလည်း မင်းကို ချစ်တယ် မှိုင်းရိပ်ထင် "

................................................

#6793 words
#5/5/2020 //dateကမှတ်ရလွယ်တယ်နော်
#တစ်နေကုန် ထိုင်type ရတာနဲ့ တန်အောင် feedback လေးတော့ပေးသင့်ပါတယ်။ type ပြီးပြီးချင်းတင်လိုက်ပါတယ် ။ ရော့ အသဲယူ❤။

Continua a leggere

Ti piacerà anche

5.3K 158 16
" အတိတ်မှာရော အခုရော ကိုယ်မင်းကို ချစ်တယ် " ကိုယ့်အတွက် Love is Love ပါဘဲ ... ကိုယ့်ရဲ့ လ‌ရောင်တမန် ဇာတ်ကောင်နဲ့ ရောင်နီတို့က ဘယ်လို ပုံဖော်သွားမလဲ...
1.8M 171K 43
Love is painful but still do it
1M 60.3K 39
ခ်စ္​တယ္​ဆိုတဲ့ စကားလုံး​ေလး၂လုံးနဲ႔တင္​ လိမ္​ညာခဲ့သမ်ွမ်က္​လုံးမွိတ္​ယုံခ်စ္​တဲ့​ေကာင္​​ေလးနဲ႔ အမုန္​းကိုသာ​ေ႐ွ႕တန္​းတင္​ခဲ့တဲ့​ေကာင္​​ေလး၂​ေယာက္​ရဲ...
SHADOW Da PannWintHlwar

Storie d'amore

387K 29K 25
You can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သွ်ားခြန္းသ & တံခြန္သစ္ From 8. 10. 2019 To 20. 4. 2020