#Unicode
လွန်ခဲ့သောတစ်ပတ်ခန့်က ~~~
' ဒိုင်း ' ' ဒိုင်း ' သေနတ်သံအဆုံးမှာတော့ ဖန်းဂူရင်ခွင်ထဲကကောင်လေးဟာ ပျော့ခွေသွားပြီး အရှေ့မှာဒူထောက်ကာထိုင်နေကြသည့် သားအမိဟာလဲ ကြမ်းပြင်ပေါ်သို့လဲကြသွားလေတယ် …
ချူးရှန့် စိတ်တွေထူးပူနေပြီး မင်းယွီကိုစိတ်ပူတာကတစ်ကြောင်း ဒေါသထွက်လွယ်သည့်သခင် လက်လွန်သွားမည်ဆိုးတာကတစ်ကြောင်း လဲကျသွားသည့်သားအမိကိုပါ ထပ်ပြီးမြင်လိုက်ရတော့ နေရာ၌ စောင့်ကြောင့်ထိုင်လိုက်မိလေတော့တယ် …
သခင်ဖန်းဂူက သူလမ်းလာရှုတ်တဲ့လူမှန်သမျှကို အလွှတ်မပေးဘူးဆိုတာလဲသိတယ် … ဒါပေမဲ့ အရှေ့က လဲကျနေတဲ့ကောင်လေးက လမ်းမှာလာရှုတ်ယုံမကပဲ ကန့်သတ်နယ်မြေထဲဝင်လာယုံမက သခင်ရဲ့အလုပ်ကို ဝင်တားခဲ့တာက သခင်ဖန်းဂူကို ရပ်တန့်လို့မရတဲ့ ဒေါသတွေဖြစ်စေမယ်ဆိုတာ သိနေတာမို့ အရှေ့ကကောင်လေးကို သခင်သတ်ပြစ်တော့မယ်လို့ပဲ သူ့စိတ်ထဲမှာ ထင်နေမိတယ် …
ဒါပေမဲ့ ရုတ်တရပ် ဖန်းဂူက သူ့ရဲ့လက်တွေကို မြေပြင်ပေါ်ထောက်လိုက်ပြီး သူ့ရင်ခွင်ထဲကကောင်လေးကို မနည်းထိန်းထားနေရပုံပဲ … သူ့ပုံစံက တစ်စုံတစ်ခုကို အတင်းထိန်းချုပ်ထားရသလိုမျိုး … ဒီမြင်ကွင်းကိုမြင်ရတော့ မင်းယွီမျက်ဝန်းတွေပြူးကျယ်သွားတယ် …
ဒါကဘာဖြစ်နေလဲဆိုတာ မသိပဲနေမလား … သူသခင်လေးဘေးမှာ ၁၀ နှစ်အရွယ်ကစပြီး နေလာခဲ့တာ ခုဆို သခင်လေး အသက် ၂၈ နှစ်အရွယ်ရောက်နေပြီ … ဒီ ၁၈ နှစ်ဆိုတဲ့အတောအတွင် သူသခင်လေး ခုလိုဟော်မုန်းတွေကြောင့် စိတ်ရှုတ်ထွေးပြီး ကိုယ့်ကိုယ်ကို အားတင်းနေတဲ့ပုံမျိုး တစ်ခါမှ မမြင်ဖူးဘူး …
သူ့အတွေးပင်မဆုံးသေး ဖန်းဂူက အသက်ကိုပြင်းပြင်းရှူထုပ်ပြီး သူ့ရင်ခွင်ထဲက မင်းယွီကို ချူးရှန့်ထံလှန်းပေးလိုက်ပြီး အေးဆက်ဆက်မျက်ဝန်းတစ်စုံနဲ့ ကြည့်ကာ မိန့်လိုက်တယ် …
" သူ့ကို ခုချက်ချင်း ဆေးရုံပို့လိုက် "
ချူးရှန့်က စိတ်တွေပူထူနေသလို သခင်လေးအဆင်မပြေဘူးဆိုတာ သိနေသည်မို့ မင်းယွီကိုအမြန်ပွေ့ချီလိုက်ပြီး စိုးရိမ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ကြည့်ကာ မေးလိုက်တယ် …
" သခင်လေး … အဆင်ပြေရဲ့လား "
ဖန်းဂူက သူ့ရဲ့အာရုံတွေကိုစုစည်းပြီး စောစောက ရုတ်တရပ်ဖောက်ပြန်သွားတဲ့ဟော်မုန်းတွေကိုပြန်စုစည်းလိုက်တယ် … အချိန်ခနလေးအတွင်းမှာပဲ ဖန်းဂူဟာ အင်အားပြည့်ဝနေတဲ့ ခင်္သြေ့တစ်ကောင်ပုံစံမျိုး ပြန်ဖြစ်သွားတယ် …
သူက ချူးရှန့်အရှေ့ကနေထသွားပြီး စောစောက လဲကြသွားတဲ့သားအမိနားကိုလျှောက်သွားတယ် … အဲ့ဒိအချိန်မှာ ချူးရှန့်ကို ထပ်ပြီး အံ့ဩတုန်လှုပ်သွားစေတာက တစ်ကြိမ်တစ်ခါမှ လက်မလွဲဘူးတဲ့သခင်က …
ဥပမာ ဒီလူတစ်ယောက်ရဲ့ နှဖူးကိုပြစ်မယ်လို့ချိန်ရွယ်ပြီးရင် သူ့ရဲ့ကျဉ်ဆံက နှဖူးအလယ်တည့်တည့်ကိုဖောက်ထွက်သွားလိမ့်မယ် … နှလုံးသားကိုပြစ်မယ်လို့ချိန်ရွယ်ထားရင် အဲ့ဒိကျဉ်က နှလုံးသားရဲ့အလယ် နေရာမလွဲစေပဲ ဖောက်ထွက်သွားလိမ့်မယ် …
မယုံရင်အဲ့ဒိလူရဲ့ နှလုံးကိုခွဲစိတ်ကြည့် အလယ်မတည့်ရင် ချူးရှန့်သူ့လည်ပင်းကိုဖျက်ခွင့်ပေးမယ်လို့တောင် ကျိန်ဆိုရဲတယ် … သူရဲ့သခင်က ဘယ်တော့မှ ဆုံးဖြတ်ချက်ချပြီးရင် အမှားမလုပ်တတ်ဘူးဆိုတာ ယုံကြည့်လို့ပဲ …
ဒါပေမဲ့ စောစောက သူသေချာပေါက်မြင်လိုက်တာက သခင်က အမျိုးသမီးရဲ့ နှဖူးကို ချိန်ရွယ်ထားတာ … ဒါကြောင့်မို့ကျဉ်ထွက်သွားတဲ့အသံကြားရတော့ ချူးရှန့်မျက်လုံးတွေပိတ်ထားမိတယ် …
သူလဲ မင်းယွီလိုပဲအပြစ်မဲ့တဲ့သားအမိကို မသတ်စေချင်ဘူး … ဒါပေမဲ့ သခင်က သူဝင်ရှုတ်လို့မသင့်တဲ့သူမို့ မင်းယွီကိုပဲ အန္တရာယ်ကနေ လွန်မြောက်စေဖို့ စိတ်အားထက်သန်နေမိတယ် …
ခုတော့ အဲ့ဒိအရှေ့ကလဲကြနေတဲ့လူတွေမှာ ဘာသွေးအစအနမှမရှိပဲ ကျဉ်မှန်သွားတဲ့နေရာက သူတို့ကို ချည်နှောင်ထားတဲ့ကြိုးထုံးကိုဖြစ်ပြီး အကုန်ပြေကြကုန်တယ် …
ကလေးလေးကတော့ လန့်ပြီး သတိလစ်သွားတယ် … အမျိုးသမီးကတော့ သူ့ကိုယ်သူသေပြီလို့မှတ်ယူထားပုံပဲ … ဘာနာကျင်မှုမှမရှိတာတောင်မှ အသိပြန်ဝင်မလာသေပဲ ကြမ်းပြင်ပေါ်မှာလဲနေတယ် …
" မင်းတို့ … သေချင်လို့မထသေးတာလား "
ဖန်းဂူရဲ့အေးဆက်ဆက်အသံကြားတော့မှ ထိုအမျိုးသမီးက အသိပြန်ဝင်လာပြီး သူ့အရှေ့ကသားလေး ဘာမှမဖြစ်သွားတာကိုလဲမြင်ရော အမြန်ထကာ ရင်ခွင်ထဲပွေ့ချီပြီး ရှိုက်ကြီးတငင်ငိုနေရှာတယ် …
သေမင်းလက်တစ်ကမ်းကနေ ရုတ်တရက်လွတ်မြောက်လာရတော့ သူမမပျော်ရွှင်ဘူးလို့ပြောရင် လိမ်ရာကျလိမ့်မယ် … ဘယ်လိုပဲဖြစ်ဖြစ် သူမသားလေး အသက်အန္တရာယ်ကနေ လွတ်မြောက်သွားတာကိုပဲ ကျေးဇူးတင်နေမိတယ် …
ဒါပေမဲ့ သူမရဲရဲမပျော်ရဲဘူး … ဖန်းဂူဆိုတာက သူလက်အောက်ကလူတွေကို လွယ်လွယ်နဲ့အလွှတ်ပေးတဲ့လူမျိုးမဟုတ်ဘူး … အမှန်အတိုင်ပြောရရင် သူ့မှာလိုအင်ဆန္ဒတစ်ခုခုရှိပုံရတယ် …
သူမက မရဲတရဲနဲ့မော့ကြည့်လာတော့ ဖန်ဂူက သူမကိုစိုက်ကြည့်နေတယ် … သူ့ရဲ့မျက်ဝန်းတွေက အေးဆက်ပြီး အသက်မဲ့နေသလိုမျိုး … သူမဆက်မကြည့်နိုင်တော့ပဲ ခေါင်းငုံ့လိုက်ပြီး ရင်ခွင်ထဲကသားလေးကိုကြည့်နေမိတယ် …
" မင်း အသက်ရှင်ချင်လား "
ရုတ်တရက်ဖန်းဂူအမေးကိုကြားလိုက်ရတော့ သူမခန္ဓာကိုယ်တစ်ခုလုံးခဲတောင့်သွားတယ် … ပြီးလဲပြီးရော သူမခေါင်းကို ဆက်ကာငြိမ့်နေမိတယ် …
ဒီလောကမှာ ဖန်းဂူဆိုတဲ့လူက သူသတ်မယ်လို့ဆုံးဖြတ်ထားတဲ့သူကို အသက်ရှင်ချင်လားလို့ မေးတာက အဆိတ်ပါတဲ့ဆေးကို မျိုချခါနည်း ထွေးထုတ်မှာလား မျိုချမှာလား အဲ့လိုမျိုး ရွေးချယ်ခွင့်ပေးလိုက်သလိုမျိုးပဲ …
သူသာခေါင်းခါလိုက်ရင် အဲ့ဒိအဆိတ်က ဗိုက်ထဲရောက်ပြီးသေမှာဆိုတာသိတယ် … အကယ်၍ ထွေးထုတ်မယ်လို့ရွေးရင် … သိပ်ပြီးမျှော်လင့်ချက်မရှိပေမဲ့ သူမခေါင်းကိုသာ အခါခါငြိမ့်နေမိတယ် …
ခုချိန်မှာ သူမစိတ်ထဲ လက်စားချေဖို့တွေ ဘာတွေဆိုတာ မရှိတော့ဘူး … သူမက သူမသားလေးအတွက်ကိုပဲ စိတ်ပူနေခဲ့တယ် …
ဖန်းဂူထိုမြင်ကွင်းကိုမြင်ရတော့ ရင်ထဲမှာပူလောင်လာတယ် … သူ့လက်က ဘာကြောင့် ဒီသားအမိကို မသတ်ရက်တာလဲဆိုတာ မသိတော့ဘူး …
' အကယ်၍ အဲ့ဒိသားအမိနေရာမှာ ခများမိသားစု ဖြစ်နေရင်ရော ' ဒီစကားတစ်ခွန်းက သူ့ကိုယ်ကို မီးနဲ့အမြှိုက်ခံလိုက်ရသလိုပဲ ပူလောင်စေတယ် …
သူ့ဘဝတစ်လျှောက်လုံးမှာ လူတွေအများကြီးသတ်ခဲ့ဘူးတယ် … သူသတ်တိုင်းလဲ ဘယ်တုန်းကမှ သူတို့မိသားစုတွေဘယ်လိုခံစားရမလဲ မတွေးခဲ့ဘူး … ဘာကြောင့်လဲဆိုတော့ အဲ့ဒိနေရာမှာ သူ့မိသားစုဖြစ်နေရင်ဆိုတဲ့ အတွေးတစ်ကြိမ်တစ်ခါမှ မစဉ်းစားဖူးခဲ့တာမို့ သူမတွေးခဲ့ဘူး …
ဟုတ်တယ် အပြစ်မဲ့တဲ့လူတွေကိုသတ်ရတာ သူ့လုပ်ရက်ကလွန်တယ်လို့ပြောလို့ရတယ် … ခုသူ့အရှေ့ကသားအမိဆိုရင် သူ့ယောက်ျား ဘာအလုပ်လုပ်နေလဲဆိုတာတောင်မသိဘူး … ကလေးငယ်ဆို ပိုလို့တောင်မသိဦးမယ် …
ဒါပေမဲ့ တစ်ချိန်ကြရင် ဒီသူထားခဲ့တဲ့ ဆူးငြောင့်သေးသေးလေးက သူခြေထောက်ကို လာဆူးမှာဆိုးလို့ ရှင်းပြစ်လိုက်တဲ့သဘောပဲ …
ဒါပေမဲ့ အဲဒိကောင်လေးပြောသလို အပြစ်မရှိတဲ့ဒီသားအမိနေရာမှာ သူ့မိသားစုဖြစ်နေရင် … အဲ့ဒိအတွေးကပဲ သူ့ရဲ့လက်တွေကို ချော်သွားစေခဲ့တယ် …
" သခင်လေး "
ချူးရှန့်က တိုးတိုးလေးခေါ်လိုက်တော့မှ ဖန်းဂူအသိပြန်ဝင်လာတယ် … သူကချူးရှန့်ရင်ခွင်ထဲကကောင်လေးကို မျက်ဝန်းနက်ကြီးတွေနဲ့ စိုက်ကြည့်နေလိုက်တယ် …
သူနဲ့ထိတွေ့ပြီးကတည်းက သူ့ခန္ဓာကိုယ်က ထူးခြားနေတယ် … ပြီးတော့ သူ့စကားတစ်ခွန်းကြောင့်လဲ သူ့ရဲ့လက်တွေ လွဲချော်သွားတယ် … ဒါကလုံးဝကိုမဖြစ်သင့်ဘူး …
ရှေ့ကသားအမိကိုကြည့်ပြန်တော့ မျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့ မျက်ဝန်းလေးနဲ့စိုက်ကြည့်နေတယ် … ဒီအချိန်မှ သတ်မယ်ဆိုပြီး လုပ်လိုက်လို့လဲမဖြစ်တော့ဘူး …
ဖန်ဂူက စိတ်အမျိုးမျိုးပြောင်းပြီး အရူးဖောက်နေတဲ့သူမှမဟုတ်ပဲ … ဒါကြောင့်မို့ သူက ဒီသားအမိကိုအတွက် တစ်စုံတစ်ခုကို စဉ်းစားမိသွားတယ် …
" မင်းအသက်ရှင်ဖို့ ရွေးချယ်မယ်ဆိုရင် မင်းနဲ့မင်းသားရဲ့ဘဝကို ငါကိုယ်တိုင်ဆုံးဖြတ်မယ် "
ခုချိန်မှာ သူမက ဖန်းဂူရဲ့အကျဉ်းသားဖြစ်သွားပြီ … သူမပြန်လွတ်မြောက်လာရင်တောင် သူမယောက်ျားရဲ့အဆက်အသွယ်ဖြစ်တဲ့ တခြားဂိုဏ်က သူတို့သားအမိကို နှုတ်ပိတ်မှာအသေအချာပဲ …
သူတို့က ဖန်းဂူထက်ကို လူမဆန်စွာရက်ဆက်ကြတယ် … ဒါကြောင့် သူမ ဖန်းဂူရဲ့အမိန့်ကို လက်ခံမယ်လို့ ဖြေကြားလာတယ် …
" ကောင်းပြီ … မင်းတို့သားအမိ ခုချိန်ကစပြီး ရှန်ဟွာအိမ်တော်မှာပဲနေရမယ် …
မင်းက အိုမီဂါဆိုတော့ အိမ်တော်ထဲက တာဝန်တွေကို ထန်းဆောင်စရာမလိုဘူး …
ဧည့်ဆောင်မှာရှိတဲ့ ဝေရာဝတ်စတွေကို လုပ်ကူရမယ် … မင်းသားကိုတော့ … "
သူက ကလေးငယ်ကို ခနမျှ စိုက်ကြည့်လိုက်ပြီး ကလေးက အရမ်းငယ်သေးသလို အိမ်တော်မှာလဲ အလုပ်ပေးစရာနေရာမရှိတာမို့ သူမကို လက်ညွှိုးညွှန်ပြပြီး …
" မင်းဘေးမှာပဲထားပြီး လျှောက်မသွားစေနဲ့ …
ခုသွားတော့ "
သူကအမိန့်ပေးလိုက်တယ် …
ရှန်ဟွှာအိမ်တော်က ရပ်ကွက်ငယ်တစ်ခုစာပမာဏရှိပြီး ဧည့်သည်တွေသည်းခိုဖို့အတွက်လဲ အိမ်ဆောင်တွေ တည်ဆောက်ထားသေးတယ် …
ဒါကြောင့်မို့ ရှန်ဟွှာအိမ်တော်မှာ အစေခံပေါင်း ရာချီပြီးရှိနေတယ် … သူမအဖို့ ထိုအမိန့်က အကျယ်ချုပ်ချခံရတာနဲ့တူပေမဲ့ မိတ်အယ်ဖာမရှိတော့တဲ့ အိုမီဂါတစ်ယောက်ဖြစ်နေတဲ့သူမ ဒီကနေလွတ်မြောက်သွားရင်လဲ သားလေးတစ်ယောက်နဲ့ အပြင်လောကမှာ မလုံခြုံနိုင်တော့ဘူး …
ဒါကြောင့်မို့ သူ့အသက်ကို မယူပဲ အိမ်တော်မှာ အလုပ်ပေးပြီး နေခွင့်ပေးတဲ့ ဖန်းဂူကိုကျေးဇူးတင်စကားပြောပြီး သူတို့ကို ကူညီပေးတဲ့ မင်းယွီကိုတစ်ချက်ကြည့်ပြီးနောက် သူမ သားလေးကိုပွေ့ချီကာ အစေခံတစ်ယောက် လာခေါ်ရာအနောက်သို့ လိုက်သွားလေတယ် …
ဒီအဖြစ်အပျက်က ချူးရှန့်ကို မယုံကြည်နိုင်လောက်အောင် အံ့အားသင့်စေခဲ့တယ် … သူဘာမှမတွေးခင်မှာပဲ ဖန်ဂူရဲ့ မျက်လုံးရဲကြီးတွေကို မြင်လိုက်ရပြီး ဘာမှဆက်မတွေးရဲတော့ပဲ အဲ့ဒိအခန်းထဲကနေ မင်းယွီကိုတယ်ဆောင်ပြီး အပြင်သို့ထွက်လာကာ တခါတည်းဆေးရုံကို ပို့လိုက်ရတယ် …
*
*
*
ဆေးရုံကဆင်းသည့်နေ့ …
ချူးရှန့် သခင်ရဲ့အမိန့်အတိုင်း မင်းယွီကို မြေအောက်ခန်းထဲက အခန်းတစ်ခုထဲမှာ ထည့်ထားလိုက်တယ် … သခင်က ဟိုသားအမိကိုကျ လွှတ်ပေးပြီး မင်းယွီကိုဘာကြောင့်အပြစ်ပေးလဲဆိုတာ ချူးရှန့်မတွေးတတ်တော့ဘူး …
ပထမတစ်ရက် နှစ်ရက်အထိ မင်းယွီဘာအစားမှမစားပဲ ဆန္ဒပြနေခဲ့ပေမဲ့ သူ့အတွက် အားအင်လျော့နည်းသွားတာကလွဲပြီး ဘာမှပြောင်းလဲမသွားဘူး …
မြေအောက်ခန်းရဲ့ မှောင်မဲနေတဲ့အခန်းကျဉ်းလေးက မင်းယွီအတွက် ငရဲတစ်ခုလိုပဲ … ခုချိန်သူ့အတွေးထဲမှာ အပြစ်မဲ့တဲ့သားအမိကို ရက်ရက်စက်စက်သတ်နေတဲ့ အဲ့ဒိလူရဲ့ ကြောက်စရာကောင်းတဲ့မျက်နှာကိုပဲ မြင်ရောင်နေပြီး သူ့စိတ်ထဲမှာ လုံးဝခွင့်မလွှတ်နိုင်ဘူး …
" မင်းယွီ "
သူ့ရဲ့နာမည်ကို လှန်းခေါ်တဲ့အသံတိုးတိုးလေးကို ကြားလိုက်တော့မှ မင်းယွီအသိပြန်ဝင်လာခဲ့ပြီး တံခါးဖွင့်လိုက်တာကြောင့် မီးအလင်းရောင် ဆူးကနဲဝင်လာတဲ့ သံတံခါးမကြီးဘက်ကို လှည့်ကြည့်လိုက်တယ် …
အဲ့ဒိလူက ရှန်ဝေ … သူ့ရဲ့လက်ထဲမှာ ဆေးနဲ့ စားစရာတချို့ ကိုင်ဆောင်ထားတယ် … ဒါက သူဒီမြေအောက်ခန်းမှာ အပိတ်ခံထားရတဲ့ တတိယနေ့ ဖြစ်ပြီး ရှန်ဝေလက်ထဲက သူစားရမဲ့အစားအစာနဲ့ဆေးတွေပဲ …
ဒါပေမဲ့ထူးခြားတာက လာပို့တဲ့သူက အရင်နေ့တွေကလို ကြမ်းတမ်းတဲ့ အခိုင်းအစေတွေမဟုတ်ပဲ ရှန်ဝေဖြစ်နေတယ် … ဘယ်သူပဲဖြစ်နေနေ မင်းယွီကတော့ ထိုအစားအစာနဲ့ဆေးတွေကို လက်ခံဖို့ ဆန္ဒမရှိဘူး …
ရှန်ဝေအနားရောက်လာတော့ သူကဆေးနဲ့စားစရာတွေကို ဘေးမှာရှိတဲ့စားပွဲပေါ်ချပြီး မင်းယွီဘေးမှာဝင်ထိုင်လိုက်တယ် …
ခုချိန်က မင်းယွီနုအိတဲ့ဆိုဖာတစ်ခုခင်းထားတဲ့ သံကုတင်ပေါ်မှာလှဲနေပြီး သူ့ရဲ့ခြေထောက်နဲ့လက်တွေမှာ သံကြိုးနဲ့ချည်နှောင်ထားတယ် …
ဒီနေရာက သူ့အတွက်လွတ်မြောက်ဖို့လမ်းမရှိပေမဲ့ တစ်စုံတစ်ယောက် လာကယ်ထုတ်သွားလို့မရအောင်စီစဉ်ထားပုံပဲ …
ရှန်ဝေကို ဘာကြောင့်တစ်ယောက်ထည်း လွှတ်လဲဆိုတာ မဆန်းတော့ပါဘူး … ခုချိန် ရှန်ဝေသူ့ကို ကယ်ထုတ်မယ်ဆိုရင်တောင် သူ့ကိုယ်ပေါ်ကသံတွေကို အရင်ဖြုတ်နိုင်မှရလိမ့်မယ် …
မင်းယွီက တံခါးဘက်ကိုကျောပေးပြီးလှဲနေတာမို့ ရှန်ဝေထိုင်လိုက်တော့ သူမင်းယွင်နောက်ကျောကိုပဲမြင်နေရတယ် …
" မင်းယွီ … ထပြီးအစာစားပါအုံး …
မင်းကိုယ်က အရမ်းအားနည်းနေပြီ "
ရှန်ဝေအသံကနုညံ့ပြီး ဝမ်းနည်းပုံပေါ်သော်လဲ ကြောက်ရွံ့အားငယ်တဲ့စိတ်နည်းနည်းလေးမှမရှိဘူး … မင်းယွီထင်တာက သူ့ကြောင့် အပြစ်မရှိတဲ့ရှန်ဝေပါ ဒီအိမ်ကြီးထဲ အခေါ်ခံထားရပြီး ခုဆို သူ့ကိုမုန်းနေလောက်ပြီလို့ထင်ထားတာ …
တကယ်တော့ သူတို့က ငယ်သူငယ်ချင်းကြီးတွေလဲမဟုတ်ခဲ့ဘူး … အလုပ်ကို လအနည်းငယ်လောက်ပဲ အတူလက်တွဲပြီးလုပ်ခဲ့ဘူးတာ …
ရှန်ဝေက သူ့အပေါ်အရမ်းကောင်းတဲ့လူကောင်းတစ်ယောက်ဆိုတာ တွေးမိတော့ မင်းယွီ ဥပေက္ခာမပြုနိုင်တော့ပဲ ကုတင်ပေါ်ကနေ ကုန်းရုန်းထလာပြီး ညှိုးငယ်နေတဲ့မျက်ဝန်းလေးတစ်စုံနဲ့ကြည့်လိုက်တယ် …
" ငါတောင်းပန်ပါတယ် ရှန်ဝေ "
မင်းယွီရဲ့တောင်းပန်စကားကြောင့် ရှန်ဝေခနမျှတုန့်သွားပေမဲ့ ချက်ချင်းပဲပြုံးသွားတယ် … သူက ဘေးက စားစရာတွေထည့်ထားတဲ့ လင်ပန်းကိုယူလိုက်ပြီး အထဲက အဟာရရှိမဲ့စားဖွယ်တချို့ကို မင်းယွီထံကမ်းပေးလာတယ် …
" ငါ့ကိုတောင်ပန်ရင် ငါကျေနပ်အောင် ဒါကိုကုန်အောင်စားရမယ် …
ပြီးတော့ မင်းဆေးသောက်ဖို့လဲလိုတယ် …
ဆေးမသောက်ရင် မင်းရဲ့ဟော်မုန်းတွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး "
ခုချိန်မှာ မင်းယွီဘာကိုမှမစားချင်ဘူး … ဒါပေမဲ့ သူ့ကိုယ်က အိုမီဂါတစ်ယောက်ရဲ့ လက္ခဏာတွေပြလာတယ် … အရင်ကတောင့်တင်းပြီးကြံ့ခိုင်တဲ့ သူ့ရဲ့ကိုယ်က တဖြေးဖြေးအားလျော့လာပြီးသေးသွယ်လာတယ် …
Heat တက်ပြီး အယ်ဖာတစ်ယောက်နဲ့ဆက်ဆံပြီးကတည်းက သူ့ရဲ့အသားအရေက ကြည်လင်ပြီး အရင်ကထက်ပိုဖွေးလာတယ် …
အရင်က ယောက်ျားဆန်တယ်လို့ထင်ရတဲ့သူ့မျက်နှာက ပိုပိုပြီးနုအိအိနဲ့ မိန်းကလေးတစ်ယောက်လိုမျိုး ပါးလေးတွေဆို ဖောင်းမို့မို့ နှုတ်ခမ်းသားလေးက ရဲရဲလေးနဲ့ အယ်ဖာတွေကို ပိုပြီးဆွဲဆောင်အားပြင်းစေမဲ့ရုပ်မျိုးဖြစ်လာတယ် …
မင်းယွီဒီပုံစံကြီးကိုတကယ်မကြိုက်ဘူး … ပြီးတော့ အယ်ဖာတစ်ယောက်ရဲ့ဟော်မုန်းကို အားကိုးပြီးနေရတဲ့ပုံစံမျိုး သူ့ရဲ့ရုပ်ရည်က သနားစဖွယ်ကောင်းပြီး အယ်ဖာရဲ့အနိုင်ကျင့်မှုကိုခံရမဲ့ဘဝမျိုးကို သူတကယ်မလိုချင်ဘူး …
ရှန်ဝေက စားစရာတွေကို မစားပဲငိုင်ကြည့်နေတဲ့ မင်းယွီနှဖူးကိုတစ်ချက်တောက်လိုက်ပြီး …
" စားစရာတွေကို ကုန်အောင်မစားရင် မင်းငါ့ကိုတောင်းပန်တာတွေကို လက်မခံပဲနေလိုက်မှာနော် "
သူ့စကားအဆုံးမှာပဲ မင်းယွီမျက်နှာလေးက မျက်ရည်တွေဝဲတက်လာပြီး ရုတ်တရက်ငိုချတော့မဲ့ပုံစံမျိုး ဖြစ်သွားတာကြောင့် သူနှဖူးတောက်လိုက်တာများ လွန်သွားလို့လားဆိုပြီး ရှန်ဝေအတော်လေး စိတ်ပူသွားရတယ် …
အဲ့ဒိအချိန်မှာ မင်းယွီက ငိုမဲ့မဲ့မျက်နှာလေးနဲ့ ရှန်ဝေထံလှည့်ကြည့်လာပြီး ဆိုလိုက်တယ် …
" ငါ … ငါအရမ်းကို ပျော့ညံ့နေသလိုမျိုးခံစားရတယ် …
ငါဒီခန္ဓာကိုယ်ကိုအရမ်းမုန်းတယ် …
အဲ့ဒါနဲ့ပက်သက်ပြီး ငါပင်ပန်းနေပြီ …
ငါဘာလုပျရမလဲ …? "
ရှန်ဝေက ပုံမှန်ဆို ပြုံးပြီးတော့ သူ့ခံစားချက်တွေကို နားထောင်ပေးလေ့ရှိပေမဲ့ ဒီတစ်ကြိမ် သူလဲအရမ်းလန့်သွားတယ် …
မင်းယွီနဲ့စခင်ကတည်းက သူမင်းယွီကိုကြည့်တိုင်း သွက်လက်ပြီး အရမ်းကိုခံနိုင်ရည်ရှိတဲ့ပုံစံမျိုး … သူလိုဘီတာတစ်ယောက်ထက်ကိုသန်မာတယ် …
သူကခုလိုမျိုး ရုတ်တရပ်ကြီး ငိုပြီး ရင်ဘက်ထဲကခံစားချက်တွေကို ဖွင့်ဟလာတော့ ရှန်ဝေ မရယ်နိုင်တော့ဘူး … မင်းယွီပါးပြင်ပေါ်မှာ မျက်ရည်ကြည်လေးတွေစီးစဉ်းလာပြီး သူကဆက်ပြောတယ် …
" ဘာလို့ငါက ဒီလိုပုံစံနဲ့ ဖြတ်သန်းနေရတာလဲ …
အခန်းထဲမှာပဲပိတ်နေပြီး ဝေတနာကိုခံစားနေရတယ် …
တစ်စုံတစ်ယောကိုလိုအပ်နေတဲ့ ဒီအချေအနေကို ငါအရမ်းမုန်းတယ် …
ဘယ်အချိန်မှအဆုံးသတ်မှာလဲ "
သူကသံကြိုးတွေနဲ့ချည်ထားတဲ့ သူ့ရဲ့ဒူး ၂ ဖက်ကိုထောင်လိုက်ပြီး ရင်ခွင်ထဲမျက်နှာကိုအပ်ပြီး လက်နှစ်ဖက်နဲ့အုပ်ထားလိုက်တယ် … သူ့ရဲ့ပခုံးလေးတွေ တုန်နေပုံကိုကြည့်ရင် မင်းယွီငိုရှိုက်နေတယ်ဆိုတာကို သိနိုင်တယ် …
ရှန်ဝေက နှစ်သိမ့်ပေးတဲ့သဘောနဲ့ မင်းယွီပခုံးလေးပေါ် လက်တင်မယ်လုပ်တော့ မင်းယွီထံက စကားသံထွက်လာတာကြောင့် သူ့ရဲ့လက်တွေကို ရပ်တန့်လိုက်တယ် …
သူက ငိုရှိုက်ရင်း …
" အဲ့အချိန်ကျရင် ငါမဟုတ်တော့ဘူး …
ငါ့ကိုယ်ငါလဲမထိန်းချုပ်နိုင်ဘူး …
ငါအဲ့ဒိအချိန်တွေကို အရမ်းမုန်းတယ် "
သူကနောက်ဆုံးစကားကို ရင့်တီးစွာပြောလိုက်ပြီး ပုခုံးလေးတွေက ပိုပြီးတုန်ခါလာတယ် … ခုချိန်သူ့မျက်နှာတစ်ခုလုံး မျက်ရည်တွေပြည့်နေမယ်ဆိုတာ ရှန်ဝေခံစားမိနေတယ် … သူကသက်ပြင်းဖွဖွချလိုက်ပြီး မင်းယွီပုခုံးလေးတွေကို အသာအယာပုတ်ပေးလိုက်ရင်း …
" မင်းယွီ … မင်းကသာမာန်အိုမီဂါတွေထက် ကြံခိုင်တဲ့သူဆိုတာ ငါသိတယ် …
မင်းက ဘယ်တော့မှမပျော့ညံ့ဘူး …
ဒါကြောင့် တောင့်ခံထားပါ …
ငါမင်းကို ဒီအိမ်တော်ကနေ ကယ်ထုတ်ပေးမယ် "
ရှန်ဝေလေသံက ယုံကြည်ချက်အပြည့်နဲ့ လေနက်စွာပြောလာပေမဲ့ မင်းယွီမယုံကြည်ရဲဘူး … ဘာကြောင့်လဲဆိုတော့ သူကိုကယ်ထုတ်နိုင်ရင်တောင် ရှန်ဝေက ဘီတာဖြစ်တာမို့ သူ့ဘဝတစ်ခုလုံးကိုမကယ်တင်နိုင်ဘူး …
သူပြောချင်တာက ဖန်းဂူလို အဆင့်မြင့်အယ်ဖာအနားကနေ သူ့လိုအိုမီဂါတစ်ယောက်ကို ဘီတာတစ်ယောက်က ဘယ်လိုကယ်တင်နိုင်မှာတဲ့လဲ …
သူ့စိတ်မပါပဲနဲ့တောင်မှ အိုမီဂါဆိုတဲ့ဖြစ်တည်မှုကြောင့် သူအယ်ဖာတစ်ယောက်ဖြစ်တဲ့ ဖန်ဂူကိုလိုအပ်နေတဲ့ အဲ့ဒိခံစားချက်ကြီးကနေ ဘယ်သူက ကယ်တင်ပေးနိုင်မှာလဲ … ?
မင်းယွီက ခေါင်းမာပြီး စားစရာတွေနဲ့ ဆေးတွေကိုငြင်းဆန်တယ် … သူ့သေသွားရင်တောင် ဒီဆေးတွေကို မစားနိုင်ဘူး … ရှန်ဝေလဲမတတ်နိုင်သည့်အဆုံး အားနည်းနေတဲ့မင်းယွီကို အနားယူစေပြီး ဆေးနဲ့စားစရာတွေကိုပြန်ယူလာခဲ့တယ် …
သူ့ရင်ထဲမှာ ပေါက်ကွဲလုမတတ် ဒေါသထွက်နေပြီး ဖန်းဂူဆိုတဲ့လူကို အမှုန့်ကျိတ်ချင်ပေမဲ့ ခံစားချက်တွေကို မနည်းထိန်းချုပ်ထားပြီး မင်းယွီကိုကယ်တင်ဖို့ အကောင်းဆုံးနည်လမ်းကို စဉ်းစားဖို့ ဆုံးဖြတ်လိုက်တယ် …
*
*
*
" မင်းယွီဒီနေ့လဲ ဘာမှမစားဘူးလား "
ချူးရှန့်က စိတ်မကောင်းစွာနဲ့မေးလာတော့ ရှန်ဝေက ခေါင်းခါရမ်းလိုက်တယ် … ခု ရှန်ဝေဒီအိမ်တော်ကိုရောက်နေတာတစ်ပတ်ကျော်ပြီ … သူရောက်ကတည်းက ချူးရှန့်ရဲ့အိမ်တော်မှာနေခဲ့ရတယ် …
ဒိနေ့တစ်ရက်လေး မင်းယွီနဲ့တွေ့ခွင့်ရခဲ့တယ် … နောက်နေ့တွေ သူ့ကိုဝင်ထွက်ခွင့်ပေးမှာမဟုတ်တော့ဘူး …
ချူးရှန့်အိမ်တော်က ရှန်ဟွှာနယ်မြေထဲမှာပဲဖြစ်ပြီး ၂ ထက်အိမ်လေး … ချူးရှန့်မှာ မိဘတွေမရှိတော့တာမို့ အဖိုးချူးနဲ့ ၂ ယောက်သာနေနေရပြီး ခုရှန်ဝေရောက်လာတော့ သူတို့အိမ်မှာ လူသုံးယောက်ဖြစ်လာတယ် …
အဖိုးချူးက ရှန်ဟွှာစံအိမ်တော်မှာ အနေများတာကြောင့် အိမ်တော်မှာ ချူးရှန့်နဲ့ ရှန်ဝေ ၂ ယောက်သာအတူနေနေရတယ် …
ရှန်ဝေစရောက်ကတည်းက ချူးရှန့်အရင်ကလို သခင်ဘေးအစောကြီးမသွားရပဲ အိမ်မှာစားစရာတွေပြင်ပေးပြီးမှ အိမ်တော်ကိုသွားရတယ် … အကြောင်းက ရှန်ဝဆိုတဲ့ ကောင်လေးက သူထင်တာထက်အင်အားကြီးပြီး အနိုင်ကျင့်လွန်းတယ် …
သူက စိန်တွေကိုအကြောင်း့ပြပြီး သိချင်ရင် သူ့ကိုဘာလုပ်ပေးရမယ် အဲ့လိုမျိုး ချူးရှန့်ကိုအမြဲတောင်းဆိုတယ် …
ချူးရှန့်က မယုံဘူးဆိုပေမဲ့ ဒီရက်တွေအတွင်းမှာ ဒီကောင်လေးကို စမ်းသပ်လာခဲ့သမျှ သူသိရတာက ရှန်ဝေဟာ တိုက်ရည်ခိုက်ရည်မှာလဲသွက်လက်ပြီး ရှန်ဟွှာဂိုဏ်းသားတွေကိုအသာလေးအနိုင်ယူနိုင်တယ် …
သူသာထွက်ပြေးမယ်ဆိုရင် အသာလေးလွတ်နိုင်ပေမဲ့ သူက ချူးရှန့်အိမ်မှာမရှိလဲ မပြေးဘူး … ပြီးတော့ သူက မင်းယွီရဲ့တစ်ဦးတည်းသောသူငယ်ချင်ဖြစ်နေလို့လဲ ချူးရှန့်က နှင်ထုတ်ဖို့ဆန္ဒမရှိဘူး …
အကယ်၍ သခင်နဲ့သူအိမ်မှာမရှိရင် မင်းယွီအနားမှာ တစ်စုံတစ်ယောက်ရှိဖို့လိုအပ်တယ် … ဒါကြောင့် ရှန်ဝေကို သူ့အနားမှာ ခေါ်ထားခြင်းပဲ …
" အကိုချူး "
ရှန်ဝေက ခေါ်လိုက်တော့ ချူးရှန့် ဟင်းချက်နေရင်ကနေ ထူးလိုက်တယ် … သူ့အသံလေးက တိုးတိုးလေးပေမဲ့ ရှန်ဝေသဲကွဲစွာကြားနေရတယ် … ဘာကြောင့်လဲဆိုတော့ ရှန်ဝေက ချူးရှန့်အနောက်မှာ ကပ်လျှက် ရပ်နေလို့ပဲ …
သူ့ရဲ့ တံတောင်ဆစ်နဲ့ အနောက်က ရှန်ဝေကို ရုတ်တရပ်ထိမိသွားတော့ ချူးရှန့် လန့်သွားပြီး လက်ထဲက ဒယ်အိုးကို လွှတ်ချမိမလိုဖြစ်သွားတယ် …
" အ့ … မင်းဘာကြောင့် ငါ့အနောက်မှာ ကပ်ပြီး ရပ်နေတာလဲ "
ရှန်ဝေ အသေအချာစဉ်းစားပြီးတော့မှ သူက လေးနက်စွာပြောလိုက်တယ် …
" ဒီရက်တွေမှာ အကိုကျနော့ကို စမ်းသပ်နေတာသိတယ် …
ကျနော်က အကိုလိုချင်တဲ့ အရည်အချင်းနဲ့ပြည့်ဝရဲ့လား "
ချူးရှန့်က ရုတ်တရပ်ခဲတောင့်သွားတယ် … သူသေချာပေါက်ကို တိတ်တိတ်လေးမသိအောင် စမ်းသပ်ခဲ့တာ … ဒါကို ဒီကောင်လေး ဘယ်လိုသိတာလဲ …
ရှန်ဝေက ထက်ပြီးပြောလာတယ် …
" အဲ့လိုဆိုရင် ကျနော့ကို အလုပ်တစ်ခုပေးပါလား "
" ဘာ … ဘာအလုပ်လဲ "
ချူးရှန့်က စကားအထစ်ထစ်နဲ့ပြန်ပြောလိုက်တယ် … ထိုအခါ ရှန်ဝေက တိုးတိုးလေးပြောလာတယ် …
" ကျွန်တော့ကို ခများဆရာရဲ့ လူတွေထဲကတစ်ယောက်ဖြစ်အောင် ကူညီပေး "
ချူးရှန့်မျက်ဝန်းတွေပြူးကျယ်သွားတယ် … ဒီကောင်လေးက ဘယ်အချိန်ကတည်းက ရှန်ဖန်းဂူအကြောင်းသိနေတာလဲ … အဲ့ဒါသိတယ်ဆိုတာထက် ဘာကြောင့်ဒီလောကထဲ ဝင်ချင်တာလဲ … ဒီလောကက ဝင်ပြီးရင်ပြန်ထွက်ဖို့လမ်းမရှိဘူး … သူတို့သေတဲ့ထိ သခင်အပေါ်မှာ သစ္စာရှိမှရမှာ …
သူရှန်ဝေကို လေ့လာခဲ့သမျှ သူသိခဲ့တာက ရှန်ဝေဟာ ပြင်ပြင်ဆင်ဆင်နေလေ့မရှိပေမဲ့ သူ့ပုံစံက အင်အားကြီးတဲ့လူတစ်ယောက်လိုပဲ … သူသာ ဘီတာမဟုတ်ပဲ အယ်ဖာဖြစ်ခဲ့ရင် သူကဖန်ဂူနဲ့မခြားမနားလောက်အောင် အင်းအားကြီးလောက်တယ် … ဒါပေမဲ့ ဘီတာဆိုတဲ့ အရာကြောင့် သူဟာ သာမာန်လူထက်မပိုခဲ့ဘူး …
ဒီနေရာမှာ ချူးရှန့် တစ်စုံတစ်ခုကို စဉ်းစားမိသွားတယ် … ဖန်းဂူက သူ့ကိုတစ်ခါပြောဖူးတယ် … ခုချိန်မှာ အရပ်ရပ်က ပြဿနာပေါက်းစုံဖြစ်နေတာကြောင့် ချူးရှန့်မှာမနားရဘူး … ဒါကြောင့် သူ့လက်အောက်မှာ ယုံကြည်ရတဲ့လူတစ်ယောက် ထားဖို့အတွက် ထက်မြတ်တဲ့သူတစ်ယောက်ကို ရှာခိုင်းထားတယ် …
အဲ့လိုတွေးမိတော့ သူက ရှန်ဝေကိုစိုက်ကြည့်လိုက်တယ် … ဒီကောင်လေးက သူ့လက်ထောက်ဖြစ်နိုင်ပါ့မလား … သူကယုံကြည်လို့ရောရပါ့မလား … ပြီးတော့ သူ့စကားကိုနားထောင်ပြီး လုပ်နိုင်ပါ့မလား …
ရှန်ဝေက ချူးရှန့်သူ့ကိုစိုက်ကြည့်နေမှန်းသိတယ် … ခုချိန်မှာ သူ အဲ့ဒိအိမ်တော်ကြီးထဲကို ခနခနဝင်ထွက်ခွင့်ရဖို့ သူတို့အနားမှာ ရှိနေခွင့်ရမှဖြစ်မယ် … အဲ့လိုတွေးမိတော့ သူ့မျက်နှာက အနည်းငယ် မှုန်ကုတ်သွားတယ် … သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ထားပြီး တစ်စုံတစ်ခုကို တင်းခံထားသလိုပဲ … အဲ့ဒိအမူအရာကိုတော့ အတွေးလွန်နေတဲ့ ချူးရှန့် သတိမထားမိလိုက်ဘူ …
တစ်ခနကြာတော့ ချူးရှန့်က ပြောလာတယ် …
" မင်းတကယ်အလုပ်လုပ်ချင်ရင် ငါပြောပေးလို့ရတယ် …
ဒါပေမဲ့ ဒီလမ်းက လျှောက်မိပြီဆိုရင် နောက်ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး …
ပြီးတော့ နှုတ်လုံဖို့လဲလိုတယ် "
သူလေ့လာမိသလောက် ရှန်ဝေက ပါးလျှပ်တဲ့လူမျိုးမို့ ရှည်ရှည်ဝေးဝေးရှင်းပြနေစရာမလိုဘူး … ထင်တဲ့အတိုင်းပဲ ရှန်ဝေက သဘောပေါက်သွားပြီး ပြုံးလျှက် ချက်ချင်းလက်ခံလိုက်တယ် … အဲ့ဒိနေ့ကစပြီး ရှန်ဝေဟာ ချူးရှန့်ရဲ့လက်ထောက်ဖြစ်လာခဲ့တယ် …
*
*
*
မင်းယွီဘာမှမစားတာ လေးရက်ရှိပြီဆိုတော့ ဖန်းဂူအတော်လေး ဒေါသထွက်သွားတယ် … သူကအလုပ်ကိစ္စတွေနဲ့ ဒီရက်အတွင်းမှာ အိမ်တော်ကိုပြန်မလာဖြစ်ဘူး … ဒီနေ့တော့ သူပြန်ကိုပြန်လာရတော့မယ် … သူ့အမိန့်ကို မနားခံပဲ ခေါင်းမာနေတဲ့ အဲ့ဒိကောင်လေးကို အပြစ်ပေးဖို့လိုအပ်နေပြီ …
ဖန်းဂူကားပေါ်ကဆင်းဆင်းချင်း ဒုံးဆိုပြီး တံခါးမကြီးကိုစောင့်ကန်လိုက်တော့ တံခါးဝမှာရပ်နေတဲ့ အစောင့် ၂ ယောက် လဲကြသွားတယ် …
ဒီနေ့ သခင်ဒေါသထွက်နေတာလဲမြင်ရော ဘယ်သူမှမလှုပ်ရဲကြဘူး … အားလုံးက ရှန်ဖန်းဂူ ဒေါသထွက်နေမှန်းသိတော့ လုပ်လက်စတွေကို ရပ်ထားပြီး တိတ်တိတ်လေးငြိမ်နေကြတယ် …
ဒီလေးရက်အတွင်းမှာ ရှန်ဖန်းဂူ နယ်စပ်တွေမှာရှိတဲ့ လူဆိုးဂိုဏ်းအသေးစားလေးတွေကို ကိုယ်တိုင်သွားရှင်းနေရတာနဲ့ အချိန်ကုန်နေခဲ့တယ် …
ဖန်းဂူဆိုတဲ့လူက နာမည်ကိုအသုံးချပြီး သူ့တပည့်တွေကိုစေခိုင်းတတ်တဲ့သူမျိုးမဟုတ်ဘူး … ဟိုမှာဖန်းဂူလာပြီဆိုရင် အဲ့ဒိလူက သူကိုယ်တိုင်ပဲ …
ဘယ်တော့မှ သူကအစားထိုးလူတစ်ယောက်ကို မလွှတ်ဘူး … သူကကြောက်တတ်တဲ့ကျားမဟုတ်ပဲ အင်းအားအပြည့်နဲ့ခင်္သြေ့တစ်ကောင်ဆိုတာကို အားလုံးသိအောင်ပြလေ့ရှိတယ် …
ဒါကြောင့်လဲ ဖန်းဂူဆိုတာနဲ့ တုန်နေအောင်ကြောက်ကြသလို နောက်ကွယ်ကနေ သူ့ကိုဖျက်စီးဖို့ချောင်းနေတဲ့ အဆွယ်တဖွေးဖွေးနဲ့ မြေခွေးတွေလဲရှိတယ် …
ဘယ်လိုပဲဖြစ်နေပါစေ တောဘုရင် ခင်္သြေ့ကိုတော့ သူတို့ ခုချိန်ထိ မယှဉ်နိုင်သေးဘူး … ဒီရက်အတွင်း အဲ့ဒိမြေခွေးတွေကိုရှင်းနေရတာနဲ့ ဖန်ဂူအချိန်ကုန်ခံပြီး အိမ်ပြန်လာတော့လဲ ကြားရတဲ့သတင်းကြောင့် အတော်လေး ဒါသထွက်နေခဲ့တယ် …
သူရဲ့ခြေလှမ်းတွေက မြေအောက်ခန်းဘက်ဦးတည်နေပြီး သူမသွားခင်အစေခံတွေကို အစားတွေနဲ့ဆေးလာပို့ဖို့ မှာခဲ့တယ် … သူအခန်းထဲကိုရောက်တော့ မင်းယွီကအိပ်ပျော်နေတယ် … ခုပုံစံက အရင်သူတွေ့ခဲတဲ့ကောင်လေးထက် ပိန်ချုံးနေပြီး အတော်လေးအားနည်းနေတဲ့ပုံပဲ … စားစရာတွေနဲ့ဆေးတွေ လာပို့တဲ့ထိ မင်းယွီမနိုးလာသေးဘူး …
ဖန်းဂူက စိတ်ရှည်တတ်တဲ့အမျိုးအစားထဲမှာ မပါဝင်တာမို့ သူက ကုတင်ပေါ်ကကောင်လေး နိုးသွားအောင် သူ့လည်ပင်းက နက်ကတိုင်ကိုဆွဲချွတ်ပြီး ကောင်လေးနောက်ကျောကို နာနာလေးရိုက်ပြစ်လိုက်တယ် …
" အ့ "
အဲ့ဒိအချိန်မှ ကောင်လေးကျောလေးကော့သွားပြီး နိုးလာတယ် … သူနိုးလာတော့ သူ့ရဲ့လက်နဲ့ခြေထောက်တွေမှာ သံကြိုးတွေမရှိတော့ဘူး …
ဒီလေးရက်အတွင်း ရေကလွဲပြီး ဘာမှမစားခဲ့တာကြောင့် သူ့မျက်နှာလေးကဖြူလျော့နေတယ် … ပြီးတော့ စားပွဲပေါ်က ဟင်းရနံ့တွေက သူ့ကိုဆွဲဆောင်နေပေမဲ့ သူ့အရှေ့က မကောင်းဆိုးဝါးတစ်ကောင်လို ကြမ်းကြုတ်တဲ့လူကိုမြင်လိုက်ရတော့ သူ့ရဲ့စားချင်စိတ်တွေကပျောက်ဆုံးသွားတယ် …
ဖန်းဂူက မင်းယွီသူ့ကို မုန်းတီးတဲ့အကြည့်တွေနဲ့ ပြည့်နေတာလဲမြင်ရော ဒေါသကထောင်းကနဲထလာတယ် … ပြီးတော့ သူက အေးဆက်စွာနဲ့ဆိုလိုက်တယ် …
" မင်းကငါ့ခွင့်ပြုမရပဲ သေဖို့စဉ်းစားနေတာလား "
မင်းယွီရဲ့အကြည့်တွေကို ပိုပြီးတော့ခါးသက်သွားတယ် … သူကဘာကြောင့်သေတာတောင် အဲ့ဒိလူရဲ့ခွင့်ပြုချက်ယူရမှာလဲ …
ဖန်းဂူက သူ့ရဲ့ကိုယ်ကိုငုံ့ကြည့်လိုက်တယ် သူ့ကိုယ်မှာ ခွေးတိရစ္ဆာန်ကောင်တွေနဲ့ ချလာတဲ့အတွက် သွေးတွေပေနေတာကိုတွေ့လိုက်ရတယ် …
မင်းယွီလဲထိုအရာတွေကိုမြင်ပြီး ပိုပြီးမုန်းတီးစွာကြည့်လိုက်တယ် … ဒီလို လူသွေးတွေပေနေတဲ့ လူတစ်ယောက်ကို သူရွံမုန်းမိတယ် …
ထပ်ပြီးတော့ အဲ့ဒိလူရဲ့သားကောင်အဖြစ်မခံနိုင်တော့ဘူး … သူလွတ်မြောက်ဖို့အတွက် ရုန်ကန်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ် …
…………………………………………………………………
( နောက်အခန်းမှာ မီးနီ 🚨 လေးတွေလာမယ် … 🧛♀️
ဒီနေရာမှာ ကိုပြောချင်တာက အယ်ဖာနဲ့အိုမီဂါ မိတ်မဖြစ်သေးရင် ကိုယ်ဝန်မရပါဘူး … အယ်ဖာက အိုမီဂါရဲ့ လည်ပင်းလေးကို ကိုက်ပြီး အမှတ်အသားပေးလိုက်ရင် အဲ့ဒိအယ်ဖာနဲ့ ကိုယ်ဝန်တန်းရှိနိုင်ပါတယ် … ခုဖန်းဂူက ယွီလေးကို အမှတ်အသားမပေးရသေးဘူး … အဲ့ဒါလေးကို သိထားစေချင်ပါတယ် …
ဆက်ပြီးစောင့်မျှော်ပေးပါနော် … ဒါဒါလေးတွေ အများကြီးအားပေးရင် မြန်မြန်ပြန်လာခဲ့မယ် … 🤗 )
#Zawgyi
လြန္ခဲ့ေသာတစ္ပတ္ခန႔္က ~~~
' ဒိုင္း ' ' ဒိုင္း ' ေသနတ္သံအဆုံးမွာေတာ့ ဖန္းဂူရင္ခြင္ထဲကေကာင္ေလးဟာ ေပ်ာ့ေခြသြားၿပီး အေရွ႕မွာဒူေထာက္ကာထိုင္ေနၾကသည့္ သားအမိဟာလဲ ၾကမ္းျပင္ေပၚသို႔လဲၾကသြားေလတယ္ …
ခ်ဴးရွန႔္ စိတ္ေတြထူးပူေနၿပီး မင္းယြီကိုစိတ္ပူတာကတစ္ေၾကာင္း ေဒါသထြက္လြယ္သည့္သခင္ လက္လြန္သြားမည္ဆိုးတာကတစ္ေၾကာင္း လဲက်သြားသည့္သားအမိကိုပါ ထပ္ၿပီးျမင္လိုက္ရေတာ့ ေနရာ၌ ေစာင့္ေၾကာင့္ထိုင္လိုက္မိေလေတာ့တယ္ …
သခင္ဖန္းဂူက သူလမ္းလာရႈတ္တဲ့လူမွန္သမွ်ကို အလႊတ္မေပးဘူးဆိုတာလဲသိတယ္ … ဒါေပမဲ့ အေရွ႕က လဲက်ေနတဲ့ေကာင္ေလးက လမ္းမွာလာရႈတ္ယုံမကပဲ ကန႔္သတ္နယ္ေျမထဲဝင္လာယုံမက သခင္ရဲ႕အလုပ္ကို ဝင္တားခဲ့တာက သခင္ဖန္းဂူကို ရပ္တန႔္လို႔မရတဲ့ ေဒါသေတြျဖစ္ေစမယ္ဆိုတာ သိေနတာမို႔ အေရွ႕ကေကာင္ေလးကို သခင္သတ္ျပစ္ေတာ့မယ္လို႔ပဲ သူ႕စိတ္ထဲမွာ ထင္ေနမိတယ္ …
ဒါေပမဲ့ ႐ုတ္တရပ္ ဖန္းဂူက သူ႕ရဲ႕လက္ေတြကို ေျမျပင္ေပၚေထာက္လိုက္ၿပီး သူ႕ရင္ခြင္ထဲကေကာင္ေလးကို မနည္းထိန္းထားေနရပုံပဲ … သူ႕ပုံစံက တစ္စုံတစ္ခုကို အတင္းထိန္းခ်ဳပ္ထားရသလိုမ်ိဳး … ဒီျမင္ကြင္းကိုျမင္ရေတာ့ မင္းယြီမ်က္ဝန္းေတြျပဴးက်ယ္သြားတယ္ …
ဒါကဘာျဖစ္ေနလဲဆိုတာ မသိပဲေနမလား … သူသခင္ေလးေဘးမွာ ၁၀ ႏွစ္အ႐ြယ္ကစၿပီး ေနလာခဲ့တာ ခုဆို သခင္ေလး အသက္ ၂၈ ႏွစ္အ႐ြယ္ေရာက္ေနၿပီ … ဒီ ၁၈ ႏွစ္ဆိုတဲ့အေတာအတြင္ သူသခင္ေလး ခုလိုေဟာ္မုန္းေတြေၾကာင့္ စိတ္ရႈတ္ေထြးၿပီး ကိုယ့္ကိုယ္ကို အားတင္းေနတဲ့ပုံမ်ိဳး တစ္ခါမွ မျမင္ဖူးဘူး …
သူ႕အေတြးပင္မဆုံးေသး ဖန္းဂူက အသက္ကိုျပင္းျပင္းရႉထုပ္ၿပီး သူ႕ရင္ခြင္ထဲက မင္းယြီကို ခ်ဴးရွန႔္ထံလွန္းေပးလိုက္ၿပီး ေအးဆက္ဆက္မ်က္ဝန္းတစ္စုံနဲ႕ ၾကည့္ကာ မိန႔္လိုက္တယ္ …
" သူ႕ကို ခုခ်က္ခ်င္း ေဆး႐ုံပို႔လိုက္ "
ခ်ဴးရွန႔္က စိတ္ေတြပူထူေနသလို သခင္ေလးအဆင္မေျပဘူးဆိုတာ သိေနသည္မို႔ မင္းယြီကိုအျမန္ေပြ႕ခ်ီလိုက္ၿပီး စိုးရိမ္ေနတဲ့ မ်က္ဝန္းတစ္စုံနဲ႕ၾကည့္ကာ ေမးလိုက္တယ္ …
" သခင္ေလး … အဆင္ေျပရဲ႕လား "
ဖန္းဂူက သူ႕ရဲ႕အာ႐ုံေတြကိုစုစည္းၿပီး ေစာေစာက ႐ုတ္တရပ္ေဖာက္ျပန္သြားတဲ့ေဟာ္မုန္းေတြကိုျပန္စုစည္းလိုက္တယ္ … အခ်ိန္ခနေလးအတြင္းမွာပဲ ဖန္းဂူဟာ အင္အားျပည့္ဝေနတဲ့ ျခေသၤ့တစ္ေကာင္ပုံစံမ်ိဳး ျပန္ျဖစ္သြားတယ္ …
သူက ခ်ဴးရွန႔္အေရွ႕ကေနထသြားၿပီး ေစာေစာက လဲၾကသြားတဲ့သားအမိနားကိုေလွ်ာက္သြားတယ္ … အဲ့ဒိအခ်ိန္မွာ ခ်ဴးရွန႔္ကို ထပ္ၿပီး အံ့ဩတုန္လႈပ္သြားေစတာက တစ္ႀကိမ္တစ္ခါမွ လက္မလြဲဘူးတဲ့သခင္က …
ဥပမာ ဒီလူတစ္ေယာက္ရဲ႕ ႏွဖူးကိုျပစ္မယ္လို႔ခ်ိန္႐ြယ္ၿပီးရင္ သူ႕ရဲ႕က်ဥ္ဆံက ႏွဖူးအလယ္တည့္တည့္ကိုေဖာက္ထြက္သြားလိမ့္မယ္ … ႏွလုံးသားကိုျပစ္မယ္လို႔ခ်ိန္႐ြယ္ထားရင္ အဲ့ဒိက်ဥ္က ႏွလုံးသားရဲ႕အလယ္ ေနရာမလြဲေစပဲ ေဖာက္ထြက္သြားလိမ့္မယ္ …
မယုံရင္အဲ့ဒိလူရဲ႕ ႏွလုံးကိုခြဲစိတ္ၾကည့္ အလယ္မတည့္ရင္ ခ်ဴးရွန႔္သူ႕လည္ပင္းကိုဖ်က္ခြင့္ေပးမယ္လို႔ေတာင္ က်ိန္ဆိုရဲတယ္ … သူရဲ႕သခင္က ဘယ္ေတာ့မွ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ အမွားမလုပ္တတ္ဘူးဆိုတာ ယုံၾကည့္လို႔ပဲ …
ဒါေပမဲ့ ေစာေစာက သူေသခ်ာေပါက္ျမင္လိုက္တာက သခင္က အမ်ိဳးသမီးရဲ႕ ႏွဖူးကို ခ်ိန္႐ြယ္ထားတာ … ဒါေၾကာင့္မို႔က်ဥ္ထြက္သြားတဲ့အသံၾကားရေတာ့ ခ်ဴးရွန႔္မ်က္လုံးေတြပိတ္ထားမိတယ္ …
သူလဲ မင္းယြီလိုပဲအျပစ္မဲ့တဲ့သားအမိကို မသတ္ေစခ်င္ဘူး … ဒါေပမဲ့ သခင္က သူဝင္ရႈတ္လို႔မသင့္တဲ့သူမို႔ မင္းယြီကိုပဲ အႏၲရာယ္ကေန လြန္ေျမာက္ေစဖို႔ စိတ္အားထက္သန္ေနမိတယ္ …
ခုေတာ့ အဲ့ဒိအေရွ႕ကလဲၾကေနတဲ့လူေတြမွာ ဘာေသြးအစအနမွမရွိပဲ က်ဥ္မွန္သြားတဲ့ေနရာက သူတို႔ကို ခ်ည္ေႏွာင္ထားတဲ့ႀကိဳးထုံးကိုျဖစ္ၿပီး အကုန္ေျပၾကကုန္တယ္ …
ကေလးေလးကေတာ့ လန႔္ၿပီး သတိလစ္သြားတယ္ … အမ်ိဳးသမီးကေတာ့ သူ႕ကိုယ္သူေသၿပီလို႔မွတ္ယူထားပုံပဲ … ဘာနာက်င္မႈမွမရွိတာေတာင္မွ အသိျပန္ဝင္မလာေသပဲ ၾကမ္းျပင္ေပၚမွာလဲေနတယ္ …
" မင္းတို႔ … ေသခ်င္လို႔မထေသးတာလား "
ဖန္းဂူရဲ႕ေအးဆက္ဆက္အသံၾကားေတာ့မွ ထိုအမ်ိဳးသမီးက အသိျပန္ဝင္လာၿပီး သူ႕အေရွ႕ကသားေလး ဘာမွမျဖစ္သြားတာကိုလဲျမင္ေရာ အျမန္ထကာ ရင္ခြင္ထဲေပြ႕ခ်ီၿပီး ရွိုက္ႀကီးတငင္ငိုေနရွာတယ္ …
ေသမင္းလက္တစ္ကမ္းကေန ႐ုတ္တရက္လြတ္ေျမာက္လာရေတာ့ သူမမေပ်ာ္႐ႊင္ဘူးလို႔ေျပာရင္ လိမ္ရာက်လိမ့္မယ္ … ဘယ္လိုပဲျဖစ္ျဖစ္ သူမသားေလး အသက္အႏၲရာယ္ကေန လြတ္ေျမာက္သြားတာကိုပဲ ေက်းဇူးတင္ေနမိတယ္ …
ဒါေပမဲ့ သူမရဲရဲမေပ်ာ္ရဲဘူး … ဖန္းဂူဆိုတာက သူလက္ေအာက္ကလူေတြကို လြယ္လြယ္နဲ႕အလႊတ္ေပးတဲ့လူမ်ိဳးမဟုတ္ဘူး … အမွန္အတိုင္ေျပာရရင္ သူ႕မွာလိုအင္ဆႏၵတစ္ခုခုရွိပုံရတယ္ …
သူမက မရဲတရဲနဲ႕ေမာ့ၾကည့္လာေတာ့ ဖန္ဂူက သူမကိုစိုက္ၾကည့္ေနတယ္ … သူ႕ရဲ႕မ်က္ဝန္းေတြက ေအးဆက္ၿပီး အသက္မဲ့ေနသလိုမ်ိဳး … သူမဆက္မၾကည့္နိုင္ေတာ့ပဲ ေခါင္းငုံ႕လိုက္ၿပီး ရင္ခြင္ထဲကသားေလးကိုၾကည့္ေနမိတယ္ …
" မင္း အသက္ရွင္ခ်င္လား "
႐ုတ္တရက္ဖန္းဂူအေမးကိုၾကားလိုက္ရေတာ့ သူမခႏၶာကိုယ္တစ္ခုလုံးခဲေတာင့္သြားတယ္ … ၿပီးလဲၿပီးေရာ သူမေခါင္းကို ဆက္ကာၿငိမ့္ေနမိတယ္ …
ဒီေလာကမွာ ဖန္းဂူဆိုတဲ့လူက သူသတ္မယ္လို႔ဆုံးျဖတ္ထားတဲ့သူကို အသက္ရွင္ခ်င္လားလို႔ ေမးတာက အဆိတ္ပါတဲ့ေဆးကို မ်ိဳခ်ခါနည္း ေထြးထုတ္မွာလား မ်ိဳခ်မွာလား အဲ့လိုမ်ိဳး ေ႐ြးခ်ယ္ခြင့္ေပးလိုက္သလိုမ်ိဳးပဲ …
သူသာေခါင္းခါလိုက္ရင္ အဲ့ဒိအဆိတ္က ဗိုက္ထဲေရာက္ၿပီးေသမွာဆိုတာသိတယ္ … အကယ္၍ ေထြးထုတ္မယ္လို႔ေ႐ြးရင္ … သိပ္ၿပီးေမွ်ာ္လင့္ခ်က္မရွိေပမဲ့ သူမေခါင္းကိုသာ အခါခါၿငိမ့္ေနမိတယ္ …
ခုခ်ိန္မွာ သူမစိတ္ထဲ လက္စားေခ်ဖိဳ႕ေတြ ဘာေတြဆိုတာ မရွိေတာ့ဘူး … သူမက သူမသားေလးအတြက္ကိုပဲ စိတ္ပူေနခဲ့တယ္ …
ဖန္းဂူထိုျမင္ကြင္းကိုျမင္ရေတာ့ ရင္ထဲမွာပူေလာင္လာတယ္ … သူ႕လက္က ဘာေၾကာင့္ ဒီသားအမိကို မသတ္ရက္တာလဲဆိုတာ မသိေတာ့ဘူး …
' အကယ္၍ အဲ့ဒိသားအမိေနရာမွာ ခမ်ားမိသားစု ျဖစ္ေနရင္ေရာ ' ဒီစကားတစ္ခြန္းက သူ႕ကိုယ္ကို မီးနဲ႕အျမႇိုက္ခံလိုက္ရသလိုပဲ ပူေလာင္ေစတယ္ …
သူ႕ဘဝတစ္ေလွ်ာက္လုံးမွာ လူေတြအမ်ားႀကီးသတ္ခဲ့ဘူးတယ္ … သူသတ္တိုင္းလဲ ဘယ္တုန္းကမွ သူတို႔မိသားစုေတြဘယ္လိုခံစားရမလဲ မေတြးခဲ့ဘူး … ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒိေနရာမွာ သူ႕မိသားစုျဖစ္ေနရင္ဆိုတဲ့ အေတြးတစ္ႀကိမ္တစ္ခါမွ မစဥ္းစားဖူးခဲ့တာမို႔ သူမေတြးခဲ့ဘူး …
ဟုတ္တယ္ အျပစ္မဲ့တဲ့လူေတြကိုသတ္ရတာ သူ႕လုပ္ရက္ကလြန္တယ္လို႔ေျပာလို႔ရတယ္ … ခုသူ႕အေရွ႕ကသားအမိဆိုရင္ သူ႕ေယာက္်ား ဘာအလုပ္လုပ္ေနလဲဆိုတာေတာင္မသိဘူး … ကေလးငယ္ဆို ပိုလို႔ေတာင္မသိဦးမယ္ …
ဒါေပမဲ့ တစ္ခ်ိန္ၾကရင္ ဒီသူထားခဲ့တဲ့ ဆူးေျငာင့္ေသးေသးေလးက သူေျခေထာက္ကို လာဆူးမွာဆိုးလို႔ ရွင္းျပစ္လိုက္တဲ့သေဘာပဲ …
ဒါေပမဲ့ အဲဒိေကာင္ေလးေျပာသလို အျပစ္မရွိတဲ့ဒီသားအမိေနရာမွာ သူ႕မိသားစုျဖစ္ေနရင္ … အဲ့ဒိအေတြးကပဲ သူ႕ရဲ႕လက္ေတြကို ေခ်ာ္သြားေစခဲ့တယ္ …
" သခင္ေလး "
ခ်ဴးရွန႔္က တိုးတိုးေလးေခၚလိုက္ေတာ့မွ ဖန္းဂူအသိျပန္ဝင္လာတယ္ … သူကခ်ဴးရွန႔္ရင္ခြင္ထဲကေကာင္ေလးကို မ်က္ဝန္းနက္ႀကီးေတြနဲ႕ စိုက္ၾကည့္ေနလိုက္တယ္ …
သူနဲ႕ထိေတြ႕ၿပီးကတည္းက သူ႕ခႏၶာကိုယ္က ထူးျခားေနတယ္ … ၿပီးေတာ့ သူ႕စကားတစ္ခြန္းေၾကာင့္လဲ သူ႕ရဲ႕လက္ေတြ လြဲေခ်ာ္သြားတယ္ … ဒါကလုံးဝကိုမျဖစ္သင့္ဘူး …
ေရွ႕ကသားအမိကိုၾကည့္ျပန္ေတာ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႕ျပည့္ေနတဲ့ မ်က္ဝန္းေလးနဲ႕စိုက္ၾကည့္ေနတယ္ … ဒီအခ်ိန္မွ သတ္မယ္ဆိုၿပီး လုပ္လိုက္လို႔လဲမျဖစ္ေတာ့ဘူး …
ဖန္ဂူက စိတ္အမ်ိဳးမ်ိဳးေျပာင္းၿပီး အ႐ူးေဖာက္ေနတဲ့သူမွမဟုတ္ပဲ … ဒါေၾကာင့္မို႔ သူက ဒီသားအမိကိုအတြက္ တစ္စုံတစ္ခုကို စဥ္းစားမိသြားတယ္ …
" မင္းအသက္ရွင္ဖို႔ ေ႐ြးခ်ယ္မယ္ဆိုရင္ မင္းနဲ႕မင္းသားရဲ႕ဘဝကို ငါကိုယ္တိုင္ဆုံးျဖတ္မယ္ "
ခုခ်ိန္မွာ သူမက ဖန္းဂူရဲ႕အက်ဥ္းသားျဖစ္သြားၿပီ … သူမျပန္လြတ္ေျမာက္လာရင္ေတာင္ သူမေယာက္်ားရဲ႕အဆက္အသြယ္ျဖစ္တဲ့ တျခားဂိုဏ္က သူတို႔သားအမိကို ႏႈတ္ပိတ္မွာအေသအခ်ာပဲ …
သူတို႔က ဖန္းဂူထက္ကို လူမဆန္စြာရက္ဆက္ၾကတယ္ … ဒါေၾကာင့္ သူမ ဖန္းဂူရဲ႕အမိန႔္ကို လက္ခံမယ္လို႔ ေျဖၾကားလာတယ္ …
" ေကာင္းၿပီ … မင္းတို႔သားအမိ ခုခ်ိန္ကစၿပီး ရွန္ဟြာအိမ္ေတာ္မွာပဲေနရမယ္ …
မင္းက အိုမီဂါဆိုေတာ့ အိမ္ေတာ္ထဲက တာဝန္ေတြကို ထန္းေဆာင္စရာမလိုဘူး …
ဧည့္ေဆာင္မွာရွိတဲ့ ေဝရာဝတ္စေတြကို လုပ္ကူရမယ္ … မင္းသားကိုေတာ့ … "
သူက ကေလးငယ္ကို ခနမွ် စိုက္ၾကည့္လိုက္ၿပီး ကေလးက အရမ္းငယ္ေသးသလို အိမ္ေတာ္မွာလဲ အလုပ္ေပးစရာေနရာမရွိတာမို႔ သူမကို လက္ၫႊိုးၫႊန္ျပၿပီး …
" မင္းေဘးမွာပဲထားၿပီး ေလွ်ာက္မသြားေစနဲ႕ …
ခုသြားေတာ့ "
သူကအမိန႔္ေပးလိုက္တယ္ …
ရွန္ဟႊာအိမ္ေတာ္က ရပ္ကြက္ငယ္တစ္ခုစာပမာဏရွိၿပီး ဧည့္သည္ေတြသည္းခိုဖို႔အတြက္လဲ အိမ္ေဆာင္ေတြ တည္ေဆာက္ထားေသးတယ္ …
ဒါေၾကာင့္မို႔ ရွန္ဟႊာအိမ္ေတာ္မွာ အေစခံေပါင္း ရာခ်ီၿပီးရွိေနတယ္ … သူမအဖို႔ ထိုအမိန႔္က အက်ယ္ခ်ဳပ္ခ်ခံရတာနဲ႕တူေပမဲ့ မိတ္အယ္ဖာမရွိေတာ့တဲ့ အိုမီဂါတစ္ေယာက္ျဖစ္ေနတဲ့သူမ ဒီကေနလြတ္ေျမာက္သြားရင္လဲ သားေလးတစ္ေယာက္နဲ႕ အျပင္ေလာကမွာ မလုံၿခဳံနိုင္ေတာ့ဘူး …
ဒါေၾကာင့္မို႔ သူ႕အသက္ကို မယူပဲ အိမ္ေတာ္မွာ အလုပ္ေပးၿပီး ေနခြင့္ေပးတဲ့ ဖန္းဂူကိုေက်းဇူးတင္စကားေျပာၿပီး သူတို႔ကို ကူညီေပးတဲ့ မင္းယြီကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ သူမ သားေလးကိုေပြ႕ခ်ီကာ အေစခံတစ္ေယာက္ လာေခၚရာအေနာက္သို႔ လိုက္သြားေလတယ္ …
ဒီအျဖစ္အပ်က္က ခ်ဴးရွန႔္ကို မယုံၾကည္နိုင္ေလာက္ေအာင္ အံ့အားသင့္ေစခဲ့တယ္ … သူဘာမွမေတြးခင္မွာပဲ ဖန္ဂူရဲ႕ မ်က္လုံးရဲႀကီးေတြကို ျမင္လိုက္ရၿပီး ဘာမွဆက္မေတြးရဲေတာ့ပဲ အဲ့ဒိအခန္းထဲကေန မင္းယြီကိုတယ္ေဆာင္ၿပီး အျပင္သို႔ထြက္လာကာ တခါတည္းေဆး႐ုံကို ပို႔လိုက္ရတယ္ …
*
*
*
ေဆး႐ုံကဆင္းသည့္ေန႕ …
ခ်ဴးရွန႔္ သခင္ရဲ႕အမိန႔္အတိုင္း မင္းယြီကို ေျမေအာက္ခန္းထဲက အခန္းတစ္ခုထဲမွာ ထည့္ထားလိုက္တယ္ … သခင္က ဟိုသားအမိကိုက် လႊတ္ေပးၿပီး မင္းယြီကိုဘာေၾကာင့္အျပစ္ေပးလဲဆိုတာ ခ်ဴးရွန႔္မေတြးတတ္ေတာ့ဘူး …
ပထမတစ္ရက္ ႏွစ္ရက္အထိ မင္းယြီဘာအစားမွမစားပဲ ဆႏၵျပေနခဲ့ေပမဲ့ သူ႕အတြက္ အားအင္ေလ်ာ့နည္းသြားတာကလြဲၿပီး ဘာမွေျပာင္းလဲမသြားဘူး …
ေျမေအာက္ခန္းရဲ႕ ေမွာင္မဲေနတဲ့အခန္းက်ဥ္းေလးက မင္းယြီအတြက္ ငရဲတစ္ခုလိုပဲ … ခုခ်ိန္သူ႕အေတြးထဲမွာ အျပစ္မဲ့တဲ့သားအမိကို ရက္ရက္စက္စက္သတ္ေနတဲ့ အဲ့ဒိလူရဲ႕ ေၾကာက္စရာေကာင္းတဲ့မ်က္ႏွာကိုပဲ ျမင္ေရာင္ေနၿပီး သူ႕စိတ္ထဲမွာ လုံးဝခြင့္မလႊတ္နိုင္ဘူး …
" မင္းယြီ "
သူ႕ရဲ႕နာမည္ကို လွန္းေခၚတဲ့အသံတိုးတိုးေလးကို ၾကားလိုက္ေတာ့မွ မင္းယြီအသိျပန္ဝင္လာခဲ့ၿပီး တံခါးဖြင့္လိုက္တာေၾကာင့္ မီးအလင္းေရာင္ ဆူးကနဲဝင္လာတဲ့ သံတံခါးမႀကီးဘက္ကို လွည့္ၾကည့္လိုက္တယ္ …
အဲ့ဒိလူက ရွန္ေဝ … သူ႕ရဲ႕လက္ထဲမွာ ေဆးနဲ႕ စားစရာတခ်ိဳ႕ ကိုင္ေဆာင္ထားတယ္ … ဒါက သူဒီေျမေအာက္ခန္းမွာ အပိတ္ခံထားရတဲ့ တတိယေန႕ ျဖစ္ၿပီး ရွန္ေဝလက္ထဲက သူစားရမဲ့အစားအစာနဲ႕ေဆးေတြပဲ …
ဒါေပမဲ့ထူးျခားတာက လာပို႔တဲ့သူက အရင္ေန႕ေတြကလို ၾကမ္းတမ္းတဲ့ အခိုင္းအေစေတြမဟုတ္ပဲ ရွန္ေဝျဖစ္ေနတယ္ … ဘယ္သူပဲျဖစ္ေနေန မင္းယြီကေတာ့ ထိုအစားအစာနဲ႕ေဆးေတြကို လက္ခံဖို႔ ဆႏၵမရွိဘူး …
ရွန္ေဝအနားေရာက္လာေတာ့ သူကေဆးနဲ႕စားစရာေတြကို ေဘးမွာရွိတဲ့စားပြဲေပၚခ်ၿပီး မင္းယြီေဘးမွာဝင္ထိုင္လိုက္တယ္ …
ခုခ်ိန္က မင္းယီြႏုအိတဲ့ဆိုဖာတစ္ခုခင္းထားတဲ့ သံကုတင္ေပၚမွာလွဲေနၿပီး သူ႕ရဲ႕ေျခေထာက္နဲ႕လက္ေတြမွာ သံႀကိဳးနဲ႕ခ်ည္ေႏွာင္ထားတယ္ …
ဒီေနရာက သူ႕အတြက္လြတ္ေျမာက္ဖို႔လမ္းမရွိေပမဲ့ တစ္စုံတစ္ေယာက္ လာကယ္ထုတ္သြားလို႔မရေအာင္စီစဥ္ထားပုံပဲ …
ရွန္ေဝကို ဘာေၾကာင့္တစ္ေယာက္ထည္း လႊတ္လဲဆိုတာ မဆန္းေတာ့ပါဘူး … ခုခ်ိန္ ရွန္ေဝသူ႕ကို ကယ္ထုတ္မယ္ဆိုရင္ေတာင္ သူ႕ကိုယ္ေပၚကသံေတြကို အရင္ျဖဳတ္နိုင္မွရလိမ့္မယ္ …
မင္းယြီက တံခါးဘက္ကိုေက်ာေပးၿပီးလွဲေနတာမို႔ ရွန္ေဝထိုင္လိုက္ေတာ့ သူမင္းယြင္ေနာက္ေက်ာကိုပဲျမင္ေနရတယ္ …
" မင္းယြီ … ထၿပီးအစာစားပါအုံး …
မင္းကိုယ္က အရမ္းအားနည္းေနၿပီ "
ရွန္ေဝအသံကႏုညံ့ၿပီး ဝမ္းနည္းပုံေပၚေသာ္လဲ ေၾကာက္႐ြံ႕အားငယ္တဲ့စိတ္နည္းနည္းေလးမွမရွိဘူး … မင္းယြီထင္တာက သူ႕ေၾကာင့္ အျပစ္မရွိတဲ့ရွန္ေဝပါ ဒီအိမ္ႀကီးထဲ အေခၚခံထားရၿပီး ခုဆို သူ႕ကိုမုန္းေနေလာက္ၿပီလို႔ထင္ထားတာ …
တကယ္ေတာ့ သူတို႔က ငယ္သူငယ္ခ်င္းႀကီးေတြလဲမဟုတ္ခဲ့ဘူး … အလုပ္ကို လအနည္းငယ္ေလာက္ပဲ အတူလက္တြဲၿပီးလုပ္ခဲ့ဘူးတာ …
ရွန္ေဝက သူ႕အေပၚအရမ္းေကာင္းတဲ့လူေကာင္းတစ္ေယာက္ဆိုတာ ေတြးမိေတာ့ မင္းယြီ ဥေပကၡာမျပဳနိုင္ေတာ့ပဲ ကုတင္ေပၚကေန ကုန္း႐ုန္းထလာၿပီး ညွိုးငယ္ေနတဲ့မ်က္ဝန္းေလးတစ္စုံနဲ႕ၾကည့္လိုက္တယ္ …
" ငါေတာင္းပန္ပါတယ္ ရွန္ေဝ "
မင္းယြီရဲ႕ေတာင္းပန္စကားေၾကာင့္ ရွန္ေဝခနမွ်တုန႔္သြားေပမဲ့ ခ်က္ခ်င္းပဲၿပဳံးသြားတယ္ … သူက ေဘးက စားစရာေတြထည့္ထားတဲ့ လင္ပန္းကိုယူလိုက္ၿပီး အထဲက အဟာရရွိမဲ့စားဖြယ္တခ်ိဳ႕ကို မင္းယြီထံကမ္းေပးလာတယ္ …
" ငါ့ကိုေတာင္ပန္ရင္ ငါေက်နပ္ေအာင္ ဒါကိုကုန္ေအာင္စားရမယ္ …
ၿပီးေတာ့ မင္းေဆးေသာက္ဖို႔လဲလိုတယ္ …
ေဆးမေသာက္ရင္ မင္းရဲ႕ေဟာ္မုန္းေတြကို ထိန္းခ်ဳပ္နိုင္မွာမဟုတ္ဘူး "
ခုခ်ိန္မွာ မင္းယြီဘာကိုမွမစားခ်င္ဘူး … ဒါေပမဲ့ သူ႕ကိုယ္က အိုမီဂါတစ္ေယာက္ရဲ႕ လကၡဏာေတြျပလာတယ္ … အရင္ကေတာင့္တင္းၿပီးႀကံ့ခိုင္တဲ့ သူ႕ရဲ႕ကိုယ္က တေျဖးေျဖးအားေလ်ာ့လာၿပီးေသးသြယ္လာတယ္ …
Heat တက္ၿပီး အယ္ဖာတစ္ေယာက္နဲ႕ဆက္ဆံၿပီးကတည္းက သူ႕ရဲ႕အသားအေရက ၾကည္လင္ၿပီး အရင္ကထက္ပိုေဖြးလာတယ္ …
အရင္က ေယာက္်ားဆန္တယ္လို႔ထင္ရတဲ့သူ႕မ်က္ႏွာက ပိုပိုၿပီးႏုအိအိနဲ႕ မိန္းကေလးတစ္ေယာက္လိုမ်ိဳး ပါးေလးေတြဆို ေဖာင္းမို႔မို႔ ႏႈတ္ခမ္းသားေလးက ရဲရဲေလးနဲ႕ အယ္ဖာေတြကို ပိုၿပီးဆြဲေဆာင္အားျပင္းေစမဲ့႐ုပ္မ်ိဳးျဖစ္လာတယ္ …
မင္းယြီဒီပုံစံႀကီးကိုတကယ္မႀကိဳက္ဘူး … ၿပီးေတာ့ အယ္ဖာတစ္ေယာက္ရဲ႕ေဟာ္မုန္းကို အားကိုးၿပီးေနရတဲ့ပုံစံမ်ိဳး သူ႕ရဲ႕႐ုပ္ရည္က သနားစဖြယ္ေကာင္းၿပီး အယ္ဖာရဲ႕အနိုင္က်င့္မႈကိုခံရမဲ့ဘဝမ်ိဳးကို သူတကယ္မလိုခ်င္ဘူး …
ရွန္ေဝက စားစရာေတြကို မစားပဲငိုင္ၾကည့္ေနတဲ့ မင္းယြီႏွဖူးကိုတစ္ခ်က္ေတာက္လိုက္ၿပီး …
" စားစရာေတြကို ကုန္ေအာင္မစားရင္ မင္းငါ့ကိုေတာင္းပန္တာေတြကို လက္မခံပဲေနလိုက္မွာေနာ္ "
သူ႕စကားအဆုံးမွာပဲ မင္းယြီမ်က္ႏွာေလးက မ်က္ရည္ေတြဝဲတက္လာၿပီး ႐ုတ္တရက္ငိုခ်ေတာ့မဲ့ပုံစံမ်ိဳး ျဖစ္သြားတာေၾကာင့္ သူႏွဖူးေတာက္လိုက္တာမ်ား လြန္သြားလို႔လားဆိုၿပီး ရွန္ေဝအေတာ္ေလး စိတ္ပူသြားရတယ္ …
အဲ့ဒိအခ်ိန္မွာ မင္းယြီက ငိုမဲ့မဲ့မ်က္ႏွာေလးနဲ႕ ရွန္ေဝထံလွည့္ၾကည့္လာၿပီး ဆိုလိုက္တယ္ …
" ငါ … ငါအရမ္းကို ေပ်ာ့ညံ့ေနသလိုမ်ိဳးခံစားရတယ္ …
ငါဒီခႏၶာကိုယ္ကိုအရမ္းမုန္းတယ္ …
အဲ့ဒါနဲ႕ပက္သက္ၿပီး ငါပင္ပန္းေနၿပီ …
ငါဘာလုပ်ရမလဲ …? "
ရွန္ေဝက ပုံမွန္ဆို ၿပဳံးၿပီးေတာ့ သူ႕ခံစားခ်က္ေတြကို နားေထာင္ေပးေလ့ရွိေပမဲ့ ဒီတစ္ႀကိမ္ သူလဲအရမ္းလန႔္သြားတယ္ …
မင္းယြီနဲ႕စခင္ကတည္းက သူမင္းယြီကိုၾကည့္တိုင္း သြက္လက္ၿပီး အရမ္းကိုခံနိုင္ရည္ရွိတဲ့ပုံစံမ်ိဳး … သူလိုဘီတာတစ္ေယာက္ထက္ကိုသန္မာတယ္ …
သူကခုလိုမ်ိဳး ႐ုတ္တရပ္ႀကီး ငိုၿပီး ရင္ဘက္ထဲကခံစားခ်က္ေတြကို ဖြင့္ဟလာေတာ့ ရွန္ေဝ မရယ္နိုင္ေတာ့ဘူး … မင္းယြီပါးျပင္ေပၚမွာ မ်က္ရည္ၾကည္ေလးေတြစီးစဥ္းလာၿပီး သူကဆက္ေျပာတယ္ …
" ဘာလို႔ငါက ဒီလိုပုံစံနဲ႕ ျဖတ္သန္းေနရတာလဲ …
အခန္းထဲမွာပဲပိတ္ေနၿပီး ေဝတနာကိုခံစားေနရတယ္ …
တစ္စုံတစ္ေယာကိုလိုအပ္ေနတဲ့ ဒီအေခ်အေနကို ငါအရမ္းမုန္းတယ္ …
ဘယ္အခ်ိန္မွအဆုံးသတ္မွာလဲ "
သူကသံႀကိဳးေတြနဲ႕ခ်ည္ထားတဲ့ သူ႕ရဲ႕ဒူး ၂ ဖက္ကိုေထာင္လိုက္ၿပီး ရင္ခြင္ထဲမ်က္ႏွာကိုအပ္ၿပီး လက္ႏွစ္ဖက္နဲ႕အုပ္ထားလိုက္တယ္ … သူ႕ရဲ႕ပခုံးေလးေတြ တုန္ေနပုံကိုၾကည့္ရင္ မင္းယြီငိုရွိုက္ေနတယ္ဆိုတာကို သိနိုင္တယ္ …
ရွန္ေဝက ႏွစ္သိမ့္ေပးတဲ့သေဘာနဲ႕ မင္းယြီပခုံးေလးေပၚ လက္တင္မယ္လုပ္ေတာ့ မင္းယြီထံက စကားသံထြက္လာတာေၾကာင့္ သူ႕ရဲ႕လက္ေတြကို ရပ္တန႔္လိုက္တယ္ …
သူက ငိုရွိုက္ရင္း …
" အဲ့အခ်ိန္က်ရင္ ငါမဟုတ္ေတာ့ဘူး …
ငါ့ကိုယ္ငါလဲမထိန္းခ်ဳပ္နိုင္ဘူး …
ငါအဲ့ဒိအခ်ိန္ေတြကို အရမ္းမုန္းတယ္ "
သူကေနာက္ဆုံးစကားကို ရင့္တီးစြာေျပာလိုက္ၿပီး ပုခုံးေလးေတြက ပိုၿပီးတုန္ခါလာတယ္ … ခုခ်ိန္သူ႕မ်က္ႏွာတစ္ခုလုံး မ်က္ရည္ေတြျပည့္ေနမယ္ဆိုတာ ရွန္ေဝခံစားမိေနတယ္ … သူကသက္ျပင္းဖြဖြခ်လိဳက္ၿပီး မင္းယြီပုခုံးေလးေတြကို အသာအယာပုတ္ေပးလိုက္ရင္း …
" မင္းယြီ … မင္းကသာမာန္အိုမီဂါေတြထက္ ႀကံခိုင္တဲ့သူဆိုတာ ငါသိတယ္ …
မင္းက ဘယ္ေတာ့မွမေပ်ာ့ညံ့ဘူး …
ဒါေၾကာင့္ ေတာင့္ခံထားပါ …
ငါမင္းကို ဒီအိမ္ေတာ္ကေန ကယ္ထုတ္ေပးမယ္ "
ရွန္ေဝေလသံက ယုံၾကည္ခ်က္အျပည့္နဲ႕ ေလနက္စြာေျပာလာေပမဲ့ မင္းယြီမယုံၾကည္ရဲဘူး … ဘာေၾကာင့္လဲဆိုေတာ့ သူကိုကယ္ထုတ္နိုင္ရင္ေတာင္ ရွန္ေဝက ဘီတာျဖစ္တာမို႔ သူ႕ဘဝတစ္ခုလုံးကိုမကယ္တင္နိုင္ဘူး …
သူေျပာခ်င္တာက ဖန္းဂူလို အဆင့္ျမင့္အယ္ဖာအနားကေန သူ႕လိုအိုမီဂါတစ္ေယာက္ကို ဘီတာတစ္ေယာက္က ဘယ္လိုကယ္တင္နိုင္မွာတဲ့လဲ …
သူ႕စိတ္မပါပဲနဲ႕ေတာင္မွ အိုမီဂါဆိုတဲ့ျဖစ္တည္မႈေၾကာင့္ သူအယ္ဖာတစ္ေယာက္ျဖစ္တဲ့ ဖန္ဂူကိုလိုအပ္ေနတဲ့ အဲ့ဒိခံစားခ်က္ႀကီးကေန ဘယ္သူက ကယ္တင္ေပးနိုင္မွာလဲ … ?
မင္းယြီက ေခါင္းမာၿပီး စားစရာေတြနဲ႕ ေဆးေတြကိုျငင္းဆန္တယ္ … သူ႕ေသသြားရင္ေတာင္ ဒီေဆးေတြကို မစားနိုင္ဘူး … ရွန္ေဝလဲမတတ္နိုင္သည့္အဆုံး အားနည္းေနတဲ့မင္းယြီကို အနားယူေစၿပီး ေဆးနဲ႕စားစရာေတြကိုျပန္ယူလာခဲ့တယ္ …
သူ႕ရင္ထဲမွာ ေပါက္ကြဲလုမတတ္ ေဒါသထြက္ေနၿပီး ဖန္းဂူဆိုတဲ့လူကို အမႈန႔္က်ိတ္ခ်င္ေပမဲ့ ခံစားခ်က္ေတြကို မနည္းထိန္းခ်ဳပ္ထားၿပီး မင္းယြီကိုကယ္တင္ဖို႔ အေကာင္းဆုံးနည္လမ္းကို စဥ္းစားဖို႔ ဆုံးျဖတ္လိုက္တယ္ …
*
*
*
" မင္းယြီဒီေန႕လဲ ဘာမွမစားဘူးလား "
ခ်ဴးရွန႔္က စိတ္မေကာင္းစြာနဲ႕ေမးလာေတာ့ ရွန္ေဝက ေခါင္းခါရမ္းလိုက္တယ္ … ခု ရွန္ေဝဒီအိမ္ေတာ္ကိုေရာက္ေနတာတစ္ပတ္ေက်ာ္ၿပီ … သူေရာက္ကတည္းက ခ်ဴးရွန႔္ရဲ႕အိမ္ေတာ္မွာေနခဲ့ရတယ္ …
ဒိေန႕တစ္ရက္ေလး မင္းယြီနဲ႕ေတြ႕ခြင့္ရခဲ့တယ္ … ေနာက္ေန႕ေတြ သူ႕ကိုဝင္ထြက္ခြင့္ေပးမွာမဟုတ္ေတာ့ဘူး …
ခ်ဴးရွန႔္အိမ္ေတာ္က ရွန္ဟႊာနယ္ေျမထဲမွာပဲျဖစ္ၿပီး ၂ ထက္အိမ္ေလး … ခ်ဴးရွန႔္မွာ မိဘေတြမရွိေတာ့တာမို႔ အဖိုးခ်ဴးနဲ႕ ၂ ေယာက္သာေနေနရၿပီး ခုရွန္ေဝေရာက္လာေတာ့ သူတို႔အိမ္မွာ လူသုံးေယာက္ျဖစ္လာတယ္ …
အဖိုးခ်ဴးက ရွန္ဟႊာစံအိမ္ေတာ္မွာ အေနမ်ားတာေၾကာင့္ အိမ္ေတာ္မွာ ခ်ဴးရွန႔္နဲ႕ ရွန္ေဝ ၂ ေယာက္သာအတူေနေနရတယ္ …
ရွန္ေဝစေရာက္ကတည္းက ခ်ဴးရွန႔္အရင္ကလို သခင္ေဘးအေစာႀကီးမသြားရပဲ အိမ္မွာစားစရာေတြျပင္ေပးၿပီးမွ အိမ္ေတာ္ကိုသြားရတယ္ … အေၾကာင္းက ရွန္ဝဆိုတဲ့ ေကာင္ေလးက သူထင္တာထက္အင္အားႀကီးၿပီး အနိုင္က်င့္လြန္းတယ္ …
သူက စိန္ေတြကိုအေၾကာင္း့ျပၿပီး သိခ်င္ရင္ သူ႕ကိုဘာလုပ္ေပးရမယ္ အဲ့လိုမ်ိဳး ခ်ဴးရွန႔္ကိုအၿမဲေတာင္းဆိုတယ္ …
ခ်ဴးရွန႔္က မယုံဘူးဆိုေပမဲ့ ဒီရက္ေတြအတြင္းမွာ ဒီေကာင္ေလးကို စမ္းသပ္လာခဲ့သမွ် သူသိရတာက ရွန္ေဝဟာ တိုက္ရည္ခိုက္ရည္မွာလဲသြက္လက္ၿပီး ရွန္ဟႊာဂိုဏ္းသားေတြကိုအသာေလးအနိုင္ယူနိုင္တယ္ …
သူသာထြက္ေျပးမယ္ဆိုရင္ အသာေလးလြတ္နိုင္ေပမဲ့ သူက ခ်ဴးရွန႔္အိမ္မွာမရွိလဲ မေျပးဘူး … ၿပီးေတာ့ သူက မင္းယြီရဲ႕တစ္ဦးတည္းေသာသူငယ္ခ်င္ျဖစ္ေနလို႔လဲ ခ်ဴးရွန႔္က ႏွင္ထုတ္ဖို႔ဆႏၵမရွိဘူး …
အကယ္၍ သခင္နဲ႕သူအိမ္မွာမရွိရင္ မင္းယြီအနားမွာ တစ္စုံတစ္ေယာက္ရွိဖို႔လိုအပ္တယ္ … ဒါေၾကာင့္ ရွန္ေဝကို သူ႕အနားမွာ ေခၚထားျခင္းပဲ …
" အကိုခ်ဴး "
ရွန္ေဝက ေခၚလိုက္ေတာ့ ခ်ဴးရွန႔္ ဟင္းခ်က္ေနရင္ကေန ထူးလိုက္တယ္ … သူ႕အသံေလးက တိုးတိုးေလးေပမဲ့ ရွန္ေဝသဲကြဲစြာၾကားေနရတယ္ … ဘာေၾကာင့္လဲဆိုေတာ့ ရွန္ေဝက ခ်ဴးရွန႔္အေနာက္မွာ ကပ္လွ်က္ ရပ္ေနလို႔ပဲ …
သူ႕ရဲ႕ တံေတာင္ဆစ္နဲ႕ အေနာက္က ရွန္ေဝကို ႐ုတ္တရပ္ထိမိသြားေတာ့ ခ်ဴးရွန႔္ လန႔္သြားၿပီး လက္ထဲက ဒယ္အိုးကို လႊတ္ခ်မိမလိုျဖစ္သြားတယ္ …
" အ့ … မင္းဘာေၾကာင့္ ငါ့အေနာက္မွာ ကပ္ၿပီး ရပ္ေနတာလဲ "
ရွန္ေဝ အေသအခ်ာစဥ္းစားၿပီးေတာ့မွ သူက ေလးနက္စြာေျပာလိုက္တယ္ …
" ဒီရက္ေတြမွာ အကိုက်ေနာ့ကို စမ္းသပ္ေနတာသိတယ္ …
က်ေနာ္က အကိုလိုခ်င္တဲ့ အရည္အခ်င္းနဲ႕ျပည့္ဝရဲ႕လား "
ခ်ဴးရွန႔္က ႐ုတ္တရပ္ခဲေတာင့္သြားတယ္ … သူေသခ်ာေပါက္ကို တိတ္တိတ္ေလးမသိေအာင္ စမ္းသပ္ခဲ့တာ … ဒါကို ဒီေကာင္ေလး ဘယ္လိုသိတာလဲ …
ရွန္ေဝက ထက္ၿပီးေျပာလာတယ္ …
" အဲ့လိုဆိုရင္ က်ေနာ့ကို အလုပ္တစ္ခုေပးပါလား "
" ဘာ … ဘာအလုပ္လဲ "
ခ်ဴးရွန႔္က စကားအထစ္ထစ္နဲ႕ျပန္ေျပာလိုက္တယ္ … ထိုအခါ ရွန္ေဝက တိုးတိုးေလးေျပာလာတယ္ …
" ကြၽန္ေတာ့ကို ခမ်ားဆရာရဲ႕ လူေတြထဲကတစ္ေယာက္ျဖစ္ေအာင္ ကူညီေပး "
ခ်ဴးရွန႔္မ်က္ဝန္းေတြျပဴးက်ယ္သြားတယ္ … ဒီေကာင္ေလးက ဘယ္အခ်ိန္ကတည္းက ရွန္ဖန္းဂူအေၾကာင္းသိေနတာလဲ … အဲ့ဒါသိတယ္ဆိုတာထက္ ဘာေၾကာင့္ဒီေလာကထဲ ဝင္ခ်င္တာလဲ … ဒီေလာကက ဝင္ၿပီးရင္ျပန္ထြက္ဖို႔လမ္းမရွိဘူး … သူတို႔ေသတဲ့ထိ သခင္အေပၚမွာ သစၥာရွိမွရမွာ …
သူရွန္ေဝကို ေလ့လာခဲ့သမွ် သူသိခဲ့တာက ရွန္ေဝဟာ ျပင္ျပင္ဆင္ဆင္ေနေလ့မရွိေပမဲ့ သူ႕ပုံစံက အင္အားႀကီးတဲ့လူတစ္ေယာက္လိုပဲ … သူသာ ဘီတာမဟုတ္ပဲ အယ္ဖာျဖစ္ခဲ့ရင္ သူကဖန္ဂူနဲ႕မျခားမနားေလာက္ေအာင္ အင္းအားႀကီးေလာက္တယ္ … ဒါေပမဲ့ ဘီတာဆိုတဲ့ အရာေၾကာင့္ သူဟာ သာမာန္လူထက္မပိုခဲ့ဘူး …
ဒီေနရာမွာ ခ်ဴးရွန႔္ တစ္စုံတစ္ခုကို စဥ္းစားမိသြားတယ္ … ဖန္းဂူက သူ႕ကိုတစ္ခါေျပာဖူးတယ္ … ခုခ်ိန္မွာ အရပ္ရပ္က ျပႆနာေပါက္းစုံျဖစ္ေနတာေၾကာင့္ ခ်ဴးရွန႔္မွာမနားရဘူး … ဒါေၾကာင့္ သူ႕လက္ေအာက္မွာ ယုံၾကည္ရတဲ့လူတစ္ေယာက္ ထားဖို႔အတြက္ ထက္ျမတ္တဲ့သူတစ္ေယာက္ကို ရွာခိုင္းထားတယ္ …
အဲ့လိုေတြးမိေတာ့ သူက ရွန္ေဝကိုစိုက္ၾကည့္လိုက္တယ္ … ဒီေကာင္ေလးက သူ႕လက္ေထာက္ျဖစ္နိုင္ပါ့မလား … သူကယုံၾကည္လို႔ေရာရပါ့မလား … ၿပီးေတာ့ သူ႕စကားကိုနားေထာင္ၿပီး လုပ္နိုင္ပါ့မလား …
ရွန္ေဝက ခ်ဴးရွန႔္သူ႕ကိုစိုက္ၾကည့္ေနမွန္းသိတယ္ … ခုခ်ိန္မွာ သူ အဲ့ဒိအိမ္ေတာ္ႀကီးထဲကို ခနခနဝင္ထြက္ခြင့္ရဖို႔ သူတို႔အနားမွာ ရွိေနခြင့္ရမွျဖစ္မယ္ … အဲ့လိုေတြးမိေတာ့ သူ႕မ်က္ႏွာက အနည္းငယ္ မႈန္ကုတ္သြားတယ္ … သူက လက္သီးကို က်စ္က်စ္ပါေအာင္ဆုတ္ထားၿပီး တစ္စုံတစ္ခုကို တင္းခံထားသလိုပဲ … အဲ့ဒိအမူအရာကိုေတာ့ အေတြးလြန္ေနတဲ့ ခ်ဴးရွန႔္ သတိမထားမိလိုက္ဘူ …
တစ္ခနၾကာေတာ့ ခ်ဴးရွန႔္က ေျပာလာတယ္ …
" မင္းတကယ္အလုပ္လုပ္ခ်င္ရင္ ငါေျပာေပးလို႔ရတယ္ …
ဒါေပမဲ့ ဒီလမ္းက ေလွ်ာက္မိၿပီဆိုရင္ ေနာက္ျပန္လွည့္ဖို႔မျဖစ္နိုင္ေတာ့ဘူး …
ၿပီးေတာ့ ႏႈတ္လုံဖို႔လဲလိုတယ္ "
သူေလ့လာမိသေလာက္ ရွန္ေဝက ပါးလွ်ပ္တဲ့လူမ်ိဳးမို႔ ရွည္ရွည္ေဝးေဝးရွင္းျပေနစရာမလိုဘူး … ထင္တဲ့အတိုင္းပဲ ရွန္ေဝက သေဘာေပါက္သြားၿပီး ၿပဳံးလွ်က္ ခ်က္ခ်င္းလက္ခံလိုက္တယ္ … အဲ့ဒိေန႕ကစၿပီး ရွန္ေဝဟာ ခ်ဴးရွန႔္ရဲ႕လက္ေထာက္ျဖစ္လာခဲ့တယ္ …
*
*
*
မင္းယြီဘာမွမစားတာ ေလးရက္ရွိၿပီဆိုေတာ့ ဖန္းဂူအေတာ္ေလး ေဒါသထြက္သြားတယ္ … သူကအလုပ္ကိစၥေတြနဲ႕ ဒီရက္အတြင္းမွာ အိမ္ေတာ္ကိုျပန္မလာျဖစ္ဘူး … ဒီေန႕ေတာ့ သူျပန္ကိုျပန္လာရေတာ့မယ္ … သူ႕အမိန႔္ကို မနားခံပဲ ေခါင္းမာေနတဲ့ အဲ့ဒိေကာင္ေလးကို အျပစ္ေပးဖို႔လိုအပ္ေနၿပီ …
ဖန္းဂူကားေပၚကဆင္းဆင္းခ်င္း ဒုံးဆိုၿပီး တံခါးမႀကီးကိုေစာင့္ကန္လိုက္ေတာ့ တံခါးဝမွာရပ္ေနတဲ့ အေစာင့္ ၂ ေယာက္ လဲၾကသြားတယ္ …
ဒီေန႕ သခင္ေဒါသထြက္ေနတာလဲျမင္ေရာ ဘယ္သူမွမလႈပ္ရဲၾကဘူး … အားလုံးက ရွန္ဖန္းဂူ ေဒါသထြက္ေနမွန္းသိေတာ့ လုပ္လက္စေတြကို ရပ္ထားၿပီး တိတ္တိတ္ေလးၿငိမ္ေနၾကတယ္ …
ဒီေလးရက္အတြင္းမွာ ရွန္ဖန္းဂူ နယ္စပ္ေတြမွာရွိတဲ့ လူဆိုးဂိုဏ္းအေသးစားေလးေတြကို ကိုယ္တိုင္သြားရွင္းေနရတာနဲ႕ အခ်ိန္ကုန္ေနခဲ့တယ္ …
ဖန္းဂူဆိုတဲ့လူက နာမည္ကိုအသုံးခ်ၿပီး သူ႕တပည့္ေတြကိုေစခိုင္းတတ္တဲ့သူမ်ိဳးမဟုတ္ဘူး … ဟိုမွာဖန္းဂူလာၿပီဆိုရင္ အဲ့ဒိလူက သူကိုယ္တိုင္ပဲ …
ဘယ္ေတာ့မွ သူကအစားထိုးလူတစ္ေယာက္ကို မလႊတ္ဘူး … သူကေၾကာက္တတ္တဲ့က်ားမဟုတ္ပဲ အင္းအားအျပည့္နဲ႕ျခေသၤ့တစ္ေကာင္ဆိုတာကို အားလုံးသိေအာင္ျပေလ့ရွိတယ္ …
ဒါေၾကာင့္လဲ ဖန္းဂူဆိုတာနဲ႕ တုန္ေနေအာင္ေၾကာက္ၾကသလို ေနာက္ကြယ္ကေန သူ႕ကိုဖ်က္စီးဖို႔ေခ်ာင္းေနတဲ့ အဆြယ္တေဖြးေဖြးနဲ႕ ေျမေခြးေတြလဲရွိတယ္ …
ဘယ္လိုပဲျဖစ္ေနပါေစ ေတာဘုရင္ ျခေသၤ့ကိုေတာ့ သူတို႔ ခုခ်ိန္ထိ မယွဥ္နိုင္ေသးဘူး … ဒီရက္အတြင္း အဲ့ဒိေျမေခြးေတြကိုရွင္းေနရတာနဲ႕ ဖန္ဂူအခ်ိန္ကုန္ခံၿပီး အိမ္ျပန္လာေတာ့လဲ ၾကားရတဲ့သတင္းေၾကာင့္ အေတာ္ေလး ဒါသထြက္ေနခဲ့တယ္ …
သူရဲ႕ေျခလွမ္းေတြက ေျမေအာက္ခန္းဘက္ဦးတည္ေနၿပီး သူမသြားခင္အေစခံေတြကို အစားေတြနဲ႕ေဆးလာပို႔ဖို႔ မွာခဲ့တယ္ … သူအခန္းထဲကိုေရာက္ေတာ့ မင္းယြီကအိပ္ေပ်ာ္ေနတယ္ … ခုပုံစံက အရင္သူေတြ႕ခဲတဲ့ေကာင္ေလးထက္ ပိန္ခ်ဳံးေနၿပီး အေတာ္ေလးအားနည္းေနတဲ့ပုံပဲ … စားစရာေတြနဲ႕ေဆးေတြ လာပို႔တဲ့ထိ မင္းယြီမနိုးလာေသးဘူး …
ဖန္းဂူက စိတ္ရွည္တတ္တဲ့အမ်ိဳးအစားထဲမွာ မပါဝင္တာမို႔ သူက ကုတင္ေပၚကေကာင္ေလး နိုးသြားေအာင္ သူ႕လည္ပင္းက နက္ကတိုင္ကိုဆြဲခြၽတ္ၿပီး ေကာင္ေလးေနာက္ေက်ာကို နာနာေလးရိုက္ျပစ္လိုက္တယ္ …
" အ့ "
အဲ့ဒိအခ်ိန္မွ ေကာင္ေလးေက်ာေလးေကာ့သြားၿပီး နိုးလာတယ္ … သူနိုးလာေတာ့ သူ႕ရဲ႕လက္နဲ႕ေျခေထာက္ေတြမွာ သံႀကိဳးေတြမရွိေတာ့ဘူး …
ဒီေလးရက္အတြင္း ေရကလြဲၿပီး ဘာမွမစားခဲ့တာေၾကာင့္ သူ႕မ်က္ႏွာေလးကျဖဴေလ်ာ့ေနတယ္ … ၿပီးေတာ့ စားပြဲေပၚက ဟင္းရနံ႕ေတြက သူ႕ကိုဆြဲေဆာင္ေနေပမဲ့ သူ႕အေရွ႕က မေကာင္းဆိုးဝါးတစ္ေကာင္လို ၾကမ္းၾကဳတ္တဲ့လူကိုျမင္လိုက္ရေတာ့ သူ႕ရဲ႕စားခ်င္စိတ္ေတြကေပ်ာက္ဆုံးသြားတယ္ …
ဖန္းဂူက မင္းယြီသူ႕ကို မုန္းတီးတဲ့အၾကည့္ေတြနဲ႕ ျပည့္ေနတာလဲျမင္ေရာ ေဒါသကေထာင္းကနဲထလာတယ္ … ၿပီးေတာ့ သူက ေအးဆက္စြာနဲ႕ဆိုလိုက္တယ္ …
" မင္းကငါ့ခြင့္ျပဳမရပဲ ေသဖို႔စဥ္းစားေနတာလား "
မင္းယြီရဲ႕အၾကည့္ေတြကို ပိုၿပီးေတာ့ခါးသက္သြားတယ္ … သူကဘာေၾကာင့္ေသတာေတာင္ အဲ့ဒိလူရဲ႕ခြင့္ျပဳခ်က္ယူရမွာလဲ …
ဖန္းဂူက သူ႕ရဲ႕ကိုယ္ကိုငုံ႕ၾကည့္လိုက္တယ္ သူ႕ကိုယ္မွာ ေခြးတိရစာၦန္ေကာင္ေတြနဲ႕ ခ်လာတဲ့အတြက္ ေသြးေတြေပေနတာကိုေတြ႕လိုက္ရတယ္ …
မင္းယြီလဲထိုအရာေတြကိုျမင္ၿပီး ပိုၿပီးမုန္းတီးစြာၾကည့္လိုက္တယ္ … ဒီလို လူေသြးေတြေပေနတဲ့ လူတစ္ေယာက္ကို သူ႐ြံမုန္းမိတယ္ …
ထပ္ၿပီးေတာ့ အဲ့ဒိလူရဲ႕သားေကာင္အျဖစ္မခံနိုင္ေတာ့ဘူး … သူလြတ္ေျမာက္ဖို႔အတြက္ ႐ုန္ကန္ရမယ္လို႔ ဆုံးျဖတ္ခ်က္ခ်လိဳက္တယ္ …
…………………………………………………………………
( ေနာက္အခန္းမွာ မီးနီ 🚨 ေလးေတြလာမယ္ … 🧛♀️
ဒီေနရာမွာ ကိုေျပာခ်င္တာက အယ္ဖာနဲ႕အိုမီဂါ မိတ္မျဖစ္ေသးရင္ ကိုယ္ဝန္မရပါဘူး … အယ္ဖာက အိုမီဂါရဲ႕ လည္ပင္းေလးကို ကိုက္ၿပီး အမွတ္အသားေပးလိုက္ရင္ အဲ့ဒိအယ္ဖာနဲ႕ ကိုယ္ဝန္တန္းရွိနိုင္ပါတယ္ … ခုဖန္းဂူက ယြီေလးကို အမွတ္အသားမေပးရေသးဘူး … အဲ့ဒါေလးကို သိထားေစခ်င္ပါတယ္ …
ဆက္ၿပီးေစာင့္ေမွ်ာ္ေပးပါေနာ္ … ဒါဒါေလးေတြ အမ်ားႀကီးအားေပးရင္ ျမန္ျမန္ျပန္လာခဲ့မယ္ … 🤗 )