"Park Jimin!"
စာကြည့်ခန်းထဲမှအော်သံကြောင့် Hueningတစ်ယောက် အလန့်တကြားပင် အခန်းထဲအပြေးဝင်ခဲ့လိုက်မိသည်။
"ဒယ်ဒီ! ဟျောင်း!"
"မင်း အခုဘာပြောလိုက်တယ်?"
"တောင်းပန်ပါတယ် ဒယ်ဒီ ကျွန်တော် Mr.Chaminကို လက်မထပ်နိုင်ဘူး ပြီးတော့"
ညီဖြစ်သူကိုလှမ်းကြည့်လိုက်တော့ မပြောဖို့ ခေါင်းယမ်းပြနေတာကို Jiminတွေ့လိုက်ရသည်။ ဒီတစ်ကြိမ်မှ ဟျောင်းသတ္တိမရှိရင် သားနဲ့ တသက်လုံးဝေးသွားရလိမ့်မယ်။
"ကျွန်တော့်ရင်နဲ့လွယ်ပြီးမွေးခဲ့တဲ့ သားလေးလည်းရှိပြီးသားမို့ပါ"
"ဒီကောင်!"
"ဒယ်ဒီ မလုပ်ပါနဲ့"
အစ်ကိုဖြစ်သူကိုရိုက်ဖို့ရွယ်လိုက်တဲ့လက်ကြောင့် ညီဖြစ်သူမှာ မနေနိုင်တော့ဘဲ ထိုလူနှစ်ယောက်ကြား အပြေးဝင်ကာ တားဆီးလိုက်ရသည်။
"ရိုက်နှက်နေလို့ ဘာမှထူးမှာမဟုတ်ဘူး ဒယ်ဒီ အကောင်းဆုံးဖြေရှင်းဖို့ ရွေးရအောင်ပါနော်"
"မင်း ငါ့ကိုသေချာရှင်းပြ နောက်ပြီး သူ့ကိုထွက်သွားခိုင်းလိုက် ငါ သူ့မျက်နှာမမြင်ချင်ဘူး"
"ဟျောင်း"
Jiminက အလိုက်သိစွာ တစ်ခွန်းတစ်ပါဒပင် စကားမဆိုတော့ဘဲ စာကြည့်ခန်းလေးနှင့်အတူ လူနှစ်ဦးကိုကျောခိုင်းကာ ထွက်ခဲ့လိုက်သည်။
အခန်းထဲရောက်တော့မှ အသက်ဝအောင်ရှူလိုက်ပြီး ကုတင်ပေါ်ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ တုန်ရီနေတဲ့ သူ့ခြေထောက်တွေအကြောင်း သူအသိဆုံး။
အေးစက်နေသည့် လက်ဖျားတွေက သူမည်မျှကြောက်ရွံ့နေခဲ့လဲဆိုတာကို သက်သေပြလို့နေသည်။ အဆင်ပြေသွားမှာပါ ဟုတ်တယ် အကုန်အဆင်ပြေသွားမှာ။
စားပွဲပေါ်တင်ထားသည့် ဖုန်းဆီကအသံကြောင့် Jimin လန့်ဖျတ်သွားရသည်။ တော်ပါသေးရဲ့ Jungkookဆီကပဲ။ Jimin အလိုလို ပြုံးလိုက်မိသည်။
"ဟယ်လို"
"နေကောင်းလား"
"ရုတ်တရက်ကြီး? အင်း ကောင်းပါတယ်"
"ဟို သားက ငိုနေလို့"
"သား ဘာဖြစ်လို့လဲ"
"မသိဘူး စောနကအထိ ငိုနေတာ ခု တိတ်သွားပြီ"
သူ့ဘာသူ မုန့်ပိစိလေးကို ပါးစပ်ထဲသွပ်နေသည့်Jungminကလေးသာ စကားပြောတတ်မယ်ဆိုရင် သူ့အဖေကို ဘာတွေလျှောက်ပြောနေတာလဲလို့ မေးမှာအမှန်ပင်။
တကယ်တမ်း Jungminလေး မငိုခဲ့ပါ။ Jiminဆီ ဖုန်းဆက်ချင်တာနဲ့ပဲ Daddyရဲ့အကြောင်းပြချက်က Jungminကလေး ဖြစ်သွားရခြင်းပင်။
နှုတ်ခမ်းထော်ထော်လေးနဲ့ မုန့်ကိုအားရပါးရလက်နှစ်ဖက်ဖြင့် ကိုက်ဆွဲကာ ဘာမှနားမလည်သေးသည့် Jungminလေးက သူ့Daddyကိုသာ စိုက်ကြည့်လို့နေသည်။
Jungkookလည်း ကလေးကိုဗန်းပြကာ ဖုန်းဆက်မိသည်ကို မလုံမလဲဖြစ်သွားကာ ထိုင်ခုံလေးထဲထိုင်နေသည့် သားရဲ့နှာခေါင်းလေးကို အသာဆွဲလိမ်လိုက်သည်။
ဆောရီး Daddy သားလေး။
"အခု ထမင်းရောစားပြီးပြီလား"
"မစားရသေးပါဘူး Jungkookရော?"
"စောနကပဲ သားကိုခွံ့ရင်းစားလိုက်တာ"
"ကောင်းသားပဲ"
နှစ်ယောက်ကြား တိတ်ဆိတ်မှုက ခေတ္တမျှကြီးစိုးသွားသည်။ ဘာဆက်ပြောရမလဲဆိုတာလည်း မသိကြ။
"အမှန်တိုင်းပြောပါ Jungkook သား မငိုဘူးမလား"
"အဲ့ဒါက"
"ငါ သိပါတယ် ဘာလို့လဲ ငါ့ကိုသတိရတယ်ပြောရမှာ အဲ့လောက် ခက်ခဲလို့လား"
"မဟုတ်ဘူး အဲ့လိုမဟုတ်ပါဘူး Jiminအနှောင့်အယှက်ဖြစ်မှာစိုးလို့"
Jungkookဆီက ပြာပြာသလဲထွက်လာတဲ့ ဖြေရှင်းချက်ကြောင့် Jimin သက်ပြင်းခိုးချလိုက်သည်။
"မဖြစ်ပါဘူး ငါ့မှာ သားနဲ့မင်းပဲရှိတာလေ"
Jiminစကားကြောင့် Jungkook ရင်တွေတဒိတ်ဒိတ်ခုန်လာသည်။ ထို့အတူ Jiminက သူ့အားထပ်ပြီး တမျိုးအထင်လွဲသွားမှာကိုလည်း စိုးလှသည်။
"တောင်းပန်ပါတယ် ပွင့်ပွင့်လင်းလင်း မပြောလိုက်မိတာ"
Jimin မထင်မရှားပြုံးလိုက်မိသည်။ မင်းက ငါ့အတွက် သိပ်တွေးပေးနေတာပဲ Jungkook။ တခါတလေ မင်းကိုယ်မင်းလည်း အရေးပေးရင် သိပ်ကောင်းမှာပဲ။
"တကယ်လို့လေ..."
"အင်း ပြောလေ"
"ငါက-ငါက.... တခြားလူတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုရင် Jungkook ဘာလုပ်မှာလဲ"
Jiminရဲ့အမေးကြောင့် Jungkook ငြိမ်သက်သွားသည်။ ဦးနှောက်ထဲပြေးလွှားနေသည့် အရာတွေက ဘာများလဲ။ ဒီမေးခွန်းအတွက် အဖြေတွေများလား။
"Jiminက ငါတို့ကိုထားခဲ့မှာမဟုတ်ပါဘူး"
ဘာကိုမှမသိနားမလည်သေးသည့် သားရဲ့ခေါင်းလုံးလုံးလေးကို ငုံ့နမ်းလိုက်ရင်းက Jungkookဖြေလိုက်မိသည်။ သူ Jimin ကို ယုံနေမိတာပဲ။ ဒါက ဖြစ်နိုင်ရဲ့လား?။
"ငါ့ကို ယုံတယ်လား"
Jiminဆီက ရယ်သံခပ်လွင်လွင်လေးက ဖုန်းထဲကတစ်ဆင့် သူ့နားထဲစီးဝင်လာသည်။ Jimin မင်းကို တစ်ခုခုက နာကျင်စေနေလား?။
"အင်း ယုံတယ် ငါ့မှာလည်း သားနဲ့Jiminပဲရှိတာမို့"
ရုတ်တရက်ကြီး ရယ်နေသည့်Jiminအသံလေးက တိတ်ကျသွားသည်။ ထို့နောက် ရှိုက်သံတစ်ခုက မလှမ်းမကမ်းပင် ထွက်ကျလာသည်။
"အရူး! ငါကဘာတွေများကောင်းနေလို့လဲ သားကိုလည်းပစ်ထားခဲ့တယ် မင်းကိုလည်းဒုက္ခတွေပဲပေးခဲ့တာ ဘာမှကောင်းမနေဘူး သိရဲ့လား Jeon Jungkookရဲ့!"
Jiminသာ အနားမှာရှိရင် သူ့အားတဖုန်းဖုန်းရိုက်ကာ နှာခေါင်းလေးနီအောင် ရန်တွေ့ပြီးငိုနေလိုက်မည့်ဖြစ်ချင်း။
"ကလေးတစ်ယောက်ပဲရနေပြီ ငိုတုန်းလား"
"ဘာဖြစ်လဲ ငိုမှာပဲ!"
"ဟုတ်ပါပြီ ငိုပါ ငိုပါ သားကငိုလိုက် Mommyကငိုလိုက်နဲ့"
"အဲ့ဒါဆိုလည်း ဘာလို့ဖုန်းဆက်နေသေးလဲ ချလိုက်လေ"
ဆက်တိုက်ရန်တွေ့နေတာမို့ Jungkook သဘောကျစွာ ရယ်မောလိုက်မိသည်။ လိုက်လည်းလိုက်တဲ့ ဒီသားနဲ့ဒီMommy။
"တကယ်ချလိုက်ရမှာလား"
"ချပေါ့ အရူးရဲ့!"
"ဟားဟားဟား"
အော်ရယ်လိုက်တဲ့သူ့အသံကြောင့် မုန့်စားနေသည့်သားက ဘာမှနားမလည်သည့်ကြားကပင် စားလက်စမုန့်ကိုပစ်ချပြီး မျက်လုံးလေးတွေမှိတ်သွားသည်အထိ သူ့အတိုင်းလိုက်ရယ်လေသည်။
"ဟော ကြားလား Jungminတောင် ရယ်နေပြီ"
"သားရယ်တာချစ်စရာကောင်းတယ်"
Jiminစကားကြောင့် Jungkook အသည်းယားစွာပင် မချင့်မရဲနှင့် နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ စိတ်ရှိလက်ရှိသာဆို ငိုနေတဲ့Mommyအသေးလေးကို ရင်ခွင်ထဲထည့်ထားလို့ရရင်ကောင်းမယ် Jiminရယ်။
"ဟုတ်ကဲ့ပါဗျ မှားသွားပါတယ် မရယ်တော့ပါဘူး"
"တော်ပြီ သားနဲ့ပဲပြောတော့မယ်"
တဖက်ကအဆိုးလေးသဘောကျ ဖုန်းကိုစပီကာဖွင့်ကာ သားဘေး ချပေးလိုက်သည်။ အတန်ကြာ နှစ်ယောက်သား ပြောချင်ရာပြောနေကြတာကို ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။
သားလည်း ပြောချင်ရာပြော သူလည်း ပြောချင်ရာပြော။ ကြားထဲမှာ သူ့ကိုသားဆီ လှမ်းတိုင်ပြောနေသေးတာမို့ Jungkook အသံမထွက်အောင် ကြိတ်ရယ်လိုက်ရသည်။
သူအလုပ်ရှုပ်စေရန် သားကို ရှူးအများကြီးပေါက်ခိုင်းပြီး အီအီးတွေ,ပါခိုင်းနေသေးတဲ့ Park Jimin။ ဘယ်လောက် ဆိုးလိုက်လဲ။ ကလေးတစ်ယောက်ရပြီးလည်း သူ့အပေါ်ဆက်ပြီးဆိုးနေဦးမဲ့ ညဥ်ဆိုးကလေးနှင့်ပင်။
"ဒါဆို ဒါပဲနော် Jungkook"
"အင်း စိတ်ညစ်မခံနဲ့နော်"
"အင်းပါ Jungkookရောပဲ"
နောက်ဆုံးတွင်တော့ စိတ်ဆိုးပြေသွားကာ နှုတ်ဆက်ပြီးဖုန်းချသွားလေသည်။ ကျန်ခဲ့သည့် သားအဖနှစ်ဦးကတော့ လွမ်းနေရဦးမယ်။
တင်းတောင်။
"ငြိမ်ငြိမ်လေးနေခဲ့နော် Daddy သွားကြည့်လိုက်ဦးမယ်"
သားကိုသေချာမှာခဲ့လိုက်ပြီး Jungkookတစ်ယောက် ခပ်သွက်သွက်လေး တံခါးဆီပြေးလိုက်သည်။ ချာမင်ဟျောင်းက ဒီကိုဘာလို့?။
"မတွေ့တာကြာပြီနော် စားသောက်ဆိုင်မှာက နောက်ဆုံးထင်တယ်"
"ဝင်လေ Hyung"
"အင်း"
တံခါးသေချာပြန်ပိတ်ပြီးဝင်လာတော့ သားက ထိုချာမင်ဟျောင်းလက်တွေထဲ ရောက်လို့နေလေသည်။ သား မငိုဖို့ ဆုတောင်းရမှာပဲ။
"Jungminလေး ကောင်းကောင်းစားနေတာပဲ"
"ဟျောင်း ဘာကိစ္စများရှိလို့လဲ"
"ကိစ္စရှိမှလာရတဲ့အထိ ဖြစ်သွားပြီလား"
"အဲ့လိုမဟုတ်ပါဘူး"
"Jungmin က ငါ့ကိုစိမ်းကားနေပြီပဲ ကြည့်ရတာ သူ့Mommyနဲ့လက်ထပ်မှာကို သိသွားတာဖြစ်မယ်"
"ဟျောင်း!"
ချာမင်ဟျောင်းရဲ့လက်တွေပေါ်က ရုန်းထွက်ချင်တာမို့ တွန်းကန်နေတဲ့သားကို Jungkook ချက်ချင်းပင် ဆွဲယူလိုက်သည်။
"ဟျောင်း စကားပြောဆင်ခြင်ပေးပါ ကလေးပဲဆိုပြီး ဘာမှမသိဘူးမထင်ပါနဲ့ သူတို့လည်းနာကျင်တတ်တယ်"
ငိုမဲ့မဲ့ဖြစ်နေတဲ့သားကို ရင်ခွင်ထဲထည့်လိုက်ရင်း Jungkook ဒေါသထွက်စွာ ပြောလိုက်မိသည်။
"ဆောရီးကွာ ငါက မင်းနဲ့အဲ့နေ့ကတွေ့ခဲ့တာတောင် မင်းဆီကဘာမှမေးသံမကြားရလို့"
"မေးစရာအကြောင်းမရှိဘူး ဟျောင်း ကျွန်တော်ပိုင်တယ်ထင်ရင် လုယူတတ်တာ ဟျောင်းအကျင့်မှန်း ကျွန်တော်ငယ်ငယ်ကတည်းက သိနှင့်ပြီးသား"
"ဘာ?"
"အမှန်ပဲ ဟျောင်း ငြင်းနိုင်လား?"
"အဟက်"
ရှေ့တည့်တည့်မှာထိုင်နေသည့်လူက ချေပစကားမဲ့စွာပင် ရယ်လိုက်သည်။ လွန်ခဲ့သည့်နှစ်တွေက လူတစ်ဦးကို ပြန်မြင်နေရသလိုပါပဲ။ ဘယ်လိုပဲဖုံးကွယ်ထားထား အငုံ့စိတ်ဆိုတာ သိသာနေတုန်းပါပဲ။
"ကလေးတစ်ယောက်ရလိုက်တာနဲ့ပဲ မင်းကသူ့ကိုပိုင်ပြီထင်နေတာလား"
"ကျွန်တော်ဘယ်တုန်းကမှ သားMommyကို ပိုင်ပါတယ်မပြောခဲ့ဖူးဘူး ဒါ ဟျောင်းဘက်ကအထင်သက်သက်ပဲ Jiminကိုကျွန်တော်လည်းမပိုင်ဘူး ဟျောင်းလည်းမပိုင်ဘူး"
Alphaနှစ်ဦးရဲ့ ဒေါသအငွေ့အသက်တွေက အခန်းလေးထဲ ပြည့်နှက်လို့နေသည်။ သားလန့်သွားမည်ဆိုးတာကြောင့် Jungkook ဒေါသကိုချုပ်တည်းထားတာ အလျှော့ပေးတာမဟုတ်ပေ။
"ထပ်ပြီးပြောစရာမရှိရင် ပြန်လိုက်ပါ"
"ပြောစရာလား? ရှိတာပေါ့ ရှိလို့ပဲ လာတာ"
Jungkook မျက်မှောင်ကြုတ်သွားရပြီး ပြောလာမည့်စကားကို စောင့်ဆိုင်းနေလိုက်သည်။ ဘယ်လိုအရာတွေဖြစ်ဖြစ် Jiminနဲ့သားကို မထိခိုက်ဘူးဆိုရင် သူ့အတွက် အရေးမကြီးလှပါ။
တဖက်တွင်လည်း Park Jiminတစ်ယောက် စိတ်ဒုန်းဒုန်းပိုင်းဖြတ်ပြီးသည်နှင့် အခန်းထဲကထွက်ခဲ့လိုက်သည်။ နှုတ်ဆက်ပါတယ် အခန်းလေး။
"ဟျောင်း! ဒါက ဘယ်ကိုလဲ!"
"ဟျောင်း စိတ်ချမယ်နော် ဒယ်ဒီ့ကိုလည်း ဟျောင်းအစား ပိုပြီးစောင့်ရှောက်ပေးလိုက်ပါ"
အဝတ်သေတ္တာကိုဆွဲကာ အိမ်ကြီးထဲကထွက်ဖို့ Jimin ဆုံးဖြတ်ပြီးသားဖြစ်သည်။ ဒယ်ဒီလက်မခံလည်း ကိစ္စမရှိပါဘူး စိတ်လည်းမဆိုးသလို ဒေါသလည်းမထွက်ပါ။ သားမွေးထားတဲ့ မိဘတစ်ဦးဖြစ်နေပြီမို့ ဒယ်ဒီ့ကို သူကောင်းကောင်းကြီး ကိုယ်ချင်းစာတာမို့ပင်။
"Park Jimin! အခု ဘယ်ကိုသွားမလို့လဲ!"
"ဒယ်ဒီ ကျွန်တော့်ကို သားအဖြစ်ကစွန့်လွှတ်လိုက်ပါ ကျွန်တော် ဒယ်ဒီ့ကိုလိမ်မိတယ် အပြစ်ရှိတာကိုသိပါတယ် ဒါကြောင့် ခွင့်လွှတ်ပါလို့လဲမတောင်းဆိုပါဘူး"
"မွေးထားတဲ့အဖေကို ဒီနည်းနဲ့ကျေးဇူးဆပ်တာပေါ့"
"မဟုတ်ပါဘူး ဒယ်ဒီ"
"ဒါဆို ငါမေးမယ်"
"ဟုတ်ကဲ့"
Jimin အလိုလို ခေါင်းငုံ့လိုက်မိသည်။ ဘာလိုလိုနဲ့ ဒီအခြေအနေတွေထိအောင် ရောက်သွားခဲ့ပါလား။ တသက်နဲ့တကိုယ် ဒယ်ဒီ့ကိုဆန်ကျင့်ရလိမ့်မယ်လို့ သူမထင်ခဲ့ဖူးပါ။
"Jeon Jungkookကို ချစ်လား"
"ဒယ်ဒီ..."
"ဖြေလိုက်လေ ဟျောင်း"
"ဟုတ်ကဲ့ ကျွန်တော် သူ့ကိုချစ်ပါတယ် ဒယ်ဒီ"
"ဒါဆို သူကရော မင်းကိုချစ်လား"
"ဒယ်ဒီ..."
"မဖြေနိုင်တော့ဘူးလား? ဒါနဲ့များ မင်းကသူ့ဆီကိုသွားဦးမယ်ပေါ့"
Jimin နှုတ်ခမ်းကိုက်ကာ ခေါင်းငုံ့လိုက်သည်။ သူ ကျွန်တော့်ကိုချစ်ပါတယ် ဒယ်ဒီ ဖွင့်မပြောတာကလွဲရင် သူလည်းကျွန်တော့်ကို ချစ်မှာပါ အင်း ချစ်မှာပါ ကျွန်တော်ယုံတယ်။
"Park Jimin ငါမင်းကို ပညာတွေသင်ပေးခဲ့တာ Alphaတစ်ယောက်ဆီမှာ ကလေးသွားမွေးပေးဖို့မဟုတ်ဘူး!"
"ဒယ်ဒီ! Jungkookကို ဒယ်ဒီဘယ်လိုမြင်လဲမသိပေမဲ့ သူက မကောင်းတဲ့လူမဟုတ်ဘူး"
"...."
"ဒယ်ဒီပြောသလိုပဲ ကလေးမွေးခဲ့တယ် ဟုတ်တယ် ဒါပေမဲ့ အဲ့ကလေးကို မျက်နှာလွှဲခဲပစ်လုပ်နေတဲ့သူမဟုတ်ဘူး အခုချိန်ထိ သားမျက်နှာကို ကျွန်တော်တွေ့နေရတာ သူ့ကျေးဇူးတွေကြောင့်ပဲ"
"Jimin သူ မင်းကိုမချစ်ဘူးလေ"
"ချစ်တယ်ဆိုတာ ဖွင့်ပြောမှဖြစ်မှာလား ဒယ်ဒီ! တချို့ချစ်ခြင်းတွေက ဖွင့်ပြောနေစရာမလိုဘူး ဒယ်ဒီထင်တာ လုံးဝမှားနေပြီ"
Jiminပုံစံက လုံးဝကိုပြောင်းလဲသွားခဲ့သည်။ နူးညံ့ပြီး ပြောသမျှစကားကို တသွေမတိမ်းနားထောင်တတ်တဲ့ Omegaလေးမဟုတ်တော့ဘူး။
"လိုတယ် Park Jimin! မလိုဘူးလို့ထင်နေတာကိုက မှားနေတာ မချစ်မနှစ်သက်တဲ့လူတစ်ယောက်လက်ထဲ ဒယ်ဒီက သားကို ဘယ်လိုနည်းနဲ့စိတ်ချပေးရမှာလဲ"
"ဒယ်ဒီ! သူက ဒယ်ဒီယုံပါတယ်ဆိုတဲ့ လူထက်တောင် ကျွန်တော့်အပေါ် အရမ်းကောင်းပေးတဲ့သူ ဒါတွေကို ဒယ်ဒီသိအောင် ကျွန်တော် အစအဆုံးပြောပြနေရမှာလား"
"အခု အပေါ်ပြန်တက်လိုက် ဘယ်မှမသွားရဘူး"
"ဒယ်ဒီ!"
"သားငယ် မင်းအစ်ကိုကို အပေါ်ပြန်ခေါ်သွားလိုက်!"
"ဒယ်ဒီ ကျွန်တော်ပြန်မသွားနိုင်ဘူး ကျွန်တော်ဆုံးဖြတ်ပြီးပြီ"
"သားငယ်! ခေါ်သွား!"
"ဟျောင်း"
"ဟင့်အင်း ဟျောင်း မသွားဘူး"
အဝတ်သေတ္တာကိုဆွဲကာ Jimin ရုန်းရင်းဆန်ခတ်ကြားထဲမှပင် အိမ်ထဲကအတင်းထွက်ဖို့ကြိုးစားသည်။ ဒီတစ်ခါထပ်ပြီးဝေးရရင် သူသေဖို့ပဲကျန်တော့တယ်။ ထပ်ပြီး Jungkookအပေါ်လည်း မတရားရာကျသွားလိမ့်မယ်။
"Jimin"
ခေါ်သံကြောင့် Jiminတစ်ယောက် မဖြစ်နိုင်ပါဘူးလို့ တွေးလိုက်မိသည်။ Jungkookက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်မှာလဲ မဖြစ်နိုင်တာ။
"Jimin"
ဒုတိယအကြိမ်မြောက်ခေါ်သံနှင့်အတူ ခံစားလိုက်မိတဲ့ သားရဲ့အငွေ့အသက်လေးကြောင့် နောက်ကိုလှည့်ကြည့်မိချိန် အမှန်တကယ်ပင် Jungkookဖြစ်လို့နေခဲ့သည်။
"Jungkook"
"ဘာလို့အခုလိုဖြစ်နေရတာလဲ"
အနားရောက်လာသည့် Jungkookဘေး တိုးကပ်လိုက်ရင်း Jiminအင်အားဖြစ်သွားရသည်။ သုံးယောက်အတူရှိနေရင် အကုန်လုံးကိုရင်ဆိုင်ရဲတယ်။
"မင်းက Jungkookလား"
"ဟုတ်ပါတယ်"
"ဒါက?"
"သားပါ ဒယ်ဒီ ကျွန်တော့်ရဲ့သား"
"Jeon Jungminတဲ့လေ ချစ်စရာမကောင်းဘူးလား ဒယ်ဒီ"
ဒီတခါ ဝင်ပြောလိုက်သူက Huening Kai။ ပြောလည်းပြော Jiminတို့ဘေးလည်း ရောက်လာပြီး Jungminလေးကို အူယားသလို တို့တိတို့တိလုပ်လို့နေလေသည်။
"ရောက်လာတာနဲ့အတော်ပဲ ပြောစရာရှိတာပြောရတာပေါ့ Jiminကို တခြားAlphaနဲ့လက်ထပ်ပေးမှာမို့"
"ကျွန်တော် လက်မခံဘူးနော် ဒယ်ဒီ"
"Park Jimin! စကားစကိုဝင်မဖြတ်နဲ့!"
အော်သံကျယ်သွားတာမို့ထင် Jungkookရင်ဘတ်မှာ ထည့်ချီထားသည့် Jungminကလေးရဲ့အာရုံက Jiminဆီကနေ ၎င်းဒယ်ဒီထံရောက်သွားသည်။
အယ်~
သားဆီကထွက်လာတဲ့အသံလေးကြောင့် အကုန်လုံးကအသံတိတ်သွားကာ သားကိုငုံ့ကြည့်လိုက်မိသည်။ ဘုရားရေ သားက မကြောက်မလန့် သူ့ဖိုးဖိုးကို ရယ်ပြနေပါလား။
"ဟုတ်တယ် အဲ့ဒါ ဖိုးဖိုး ဒေါသကြီးတဲ့ဖိုးဖိုး"
"Huening Kai!"
စနောက်နေနိုင်တဲ့ ညီဖြစ်သူကြောင့် Jiminပါ ရယ်လိုက်မိသည်။ ညီဖြစ်သူကတော့ သူ့ကိုမျက်စိမှိတ်ပြကာ အဆင်ပြေသွားမှာဟု အချက်ပြလာသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါလက်မခံဘူး"
"တောင်းပန်ပါတယ် ကျွန်တော်တို့က Knotလုပ်ပြီးသားပါ အန်ကယ် ဒါကြောင့် Jiminကို ကျွန်တော်လာခေါ်တာပါ"
"ဘာပြောတယ်!"
"ဟုတ်ပါတယ် ဒီလောက်ဆို ကျွန်တော်သူ့ကိုချစ်လားမချစ်လား အန်ကယ်သိလောက်ပါပြီ"
"Jungkook~"
"အဆင်ပြေတယ် ကိုယ်တို့အခု မင်းကိုလာခေါ်တာ"
"မဖြစ်နိုင်ဘူး အမေရိကမှာရှိနေခဲ့တာအချိန်အကြာကြီးပဲ ဒါပေမဲ့ Jimin ဘာမှမဖြစ်ဘူးလေ"
"ဟုတ်ပါတယ် အဲ့တုန်းက Jiminထွက်သွားတော့မှ ကျွန်တော်သိလိုက်တာ... ကျွန်တော်သူ့ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုတာကိုသိလိုက်တာမို့... မကြာသေးခင်ကပဲ ကျွန်တော်တို့ knotလုပ်ခဲ့တာပါ"
"အမလေး ငါ့ခေါင်း"
"ဒယ်ဒီ"
ထိုနေ့က Jungminလေးရဲ့ ဖိုးဖိုးကြီးခမျာ စပရိုက်ပေါင်းမြောက်များစွာဖြင့် မူးမေ့လဲကျသွားလေတော့သည်။ အိပ်မက်ထဲမှာတော့ ဖိုးဖိုးကြီးဟာ သူ့မြေးလေးကိုချီကာ ပျော်နေလေရဲ့။
တခါတလေ
မင်းအတွက် အရမ်းခက်ခဲတယ်လို့
ထင်ရတဲ့အရာတွေက
ရှေ့ထွက်ရင်ဆိုင်ကြည့်တဲ့အခါမှ
အဲ့လောက်လည်းမခက်ပါလားဆိုတာ
သိလာလိမ့်မယ်။
ဘာပဲဖြစ်ဖြစ်
ရှောင်ပုန်းနေမဲ့အစား
အကောင်းဆုံးရင်ဆိုင်လိုက်ပါ။
OGCC
Knotလုပ်တယ်ဆိုတာ Alphaနဲ့Omegaတစ်ယောက်ကိုတစ်ယောက်ချစ်ပြီး အဆုံးရှုံးမခံနိုင်လို့ ရာသက်ပန် ချည်နှောင်တာမျိုးပါ။ အဲ့လိုknotလုပ်ခဲ့ပြီး မတော်တဆ ဝေးကွာခဲ့ရင် နှစ်ဦးလုံးသေသွားနိုင်တာမျိုးပါ။
Alphaတွေက knotကို သူတို့ရဲ့mateအဖြစ်သတ်မှတ်ထားတဲ့သူကိုပဲ ပေးတာပါ။ ဘယ်နေရာမှာပေးလဲဆို Sexလုပ်ရင်းပေးတာပေါ့ အဟိဟိ။
အမှန်က fic မdateတာ ဇာတ်မသိမ်းချင်သေးလို့ ပတ်ပြေးနေတဲ့သဘောပါ။ တဖြည်းဖြည်းနီးကပ်လာပြီပဲ။
ကျေးဇူးတင်လျက်
မာမိတ်။
Zawgyi Version
"Park Jimin!"
စာၾကည့္ခန္းထဲမွေအာ္သံေၾကာင့္ Hueningတစ္ေယာက္ အလန္႔တၾကားပင္ အခန္းထဲအေျပးဝင္ခဲ့လိုက္မိသည္။
"ဒယ္ဒီ! ေဟ်ာင္း!"
"မင္း အခုဘာေျပာလိုက္တယ္?"
"ေတာင္းပန္ပါတယ္ ဒယ္ဒီ ကြၽန္ေတာ္ Mr.Chaminကို လက္မထပ္ႏိုင္ဘူး ၿပီးေတာ့"
ညီျဖစ္သူကိုလွမ္းၾကည့္လိုက္ေတာ့ မေျပာဖို႔ ေခါင္းယမ္းျပေနတာကို Jiminေတြ့လိုက္ရသည္။ ဒီတစ္ႀကိမ္မွ ေဟ်ာင္းသတၲိမရိွရင္ သားနဲ႔ တသက္လံုးေဝးသြားရလိမ့္မယ္။
"ကြၽန္ေတာ့္ရင္နဲ႔လြယ္ၿပီးေမြးခဲ့တဲ့ သားေလးလည္းရိွၿပီးသားမို႔ပါ"
"ဒီေကာင္!"
"ဒယ္ဒီ မလုပ္ပါနဲ႔"
အစ္ကိုျဖစ္သူကိုရိုက္ဖို႔ရြယ္လိုက္တဲ့လက္ေၾကာင့္ ညီျဖစ္သူမွာ မေနႏိုင္ေတာ့ဘဲ ထိုလူႏွစ္ေယာက္ၾကား အေျပးဝင္ကာ တားဆီးလိုက္ရသည္။
"ရိုက္ႏွက္ေနလို႔ ဘာမွထူးမွာမဟုတ္ဘူး ဒယ္ဒီ အေကာင္းဆံုးေျဖရွင္းဖို႔ ေရြးရေအာင္ပါေနာ္"
"မင္း ငါ့ကိုေသခ်ာရွင္းျပ ေနာက္ၿပီး သူ႔ကိုထြက္သြားခိုင္းလိုက္ ငါ သူ႔မ်က္ႏွာမျမင္ခ်င္ဘူး"
"ေဟ်ာင္း"
Jiminက အလိုက္သိစြာ တစ္ခြန္းတစ္ပါဒပင္ စကားမဆိုေတာ့ဘဲ စာၾကည့္ခန္းေလးႏွင့္အတူ လူႏွစ္ဦးကိုေက်ာခိုင္းကာ ထြက္ခဲ့လိုက္သည္။
အခန္းထဲေရာက္ေတာ့မွ အသက္ဝေအာင္ရႉလိုက္ၿပီး ကုတင္ေပၚေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။ တုန္ရီေနတဲ့ သူ႔ေျခေထာက္ေတြအေၾကာင္း သူအသိဆံုး။
ေအးစက္ေနသည့္ လက္ဖ်ားေတြက သူမည္မ်ွေၾကာက္ရြံ႔ေနခဲ့လဲဆိုတာကို သက္ေသျပလို႔ေနသည္။ အဆင္ေျပသြားမွာပါ ဟုတ္တယ္ အကုန္အဆင္ေျပသြားမွာ။
စားပြဲေပၚတင္ထားသည့္ ဖုန္းဆီကအသံေၾကာင့္ Jimin လန္႔ဖ်တ္သြားရသည္။ ေတာ္ပါေသးရဲ့ Jungkookဆီကပဲ။ Jimin အလိုလို ၿပံဳးလိုက္မိသည္။
"ဟယ္လို"
"ေနေကာင္းလား"
"ရုတ္တရက္ႀကီး? အင္း ေကာင္းပါတယ္"
"ဟို သားက ငိုေနလို႔"
"သား ဘာျဖစ္လို႔လဲ"
"မသိဘူး ေစာနကအထိ ငိုေနတာ ခု တိတ္သြားၿပီ"
သူ႔ဘာသူ မုန္႔ပိစိေလးကို ပါးစပ္ထဲသြပ္ေနသည့္Jungminကေလးသာ စကားေျပာတတ္မယ္ဆိုရင္ သူ႔အေဖကို ဘာေတြေလ်ွာက္ေျပာေနတာလဲလို႔ ေမးမွာအမွန္ပင္။
တကယ္တမ္း Jungminေလး မငိုခဲ့ပါ။ Jiminဆီ ဖုန္းဆက္ခ်င္တာနဲ႔ပဲ Daddyရဲ့အေၾကာင္းျပခ်က္က Jungminကေလး ျဖစ္သြားရျခင္းပင္။
ႏႈတ္ခမ္းေထာ္ေထာ္ေလးနဲ႔ မုန္႔ကိုအားရပါးရလက္ႏွစ္ဖက္ျဖင့္ ကိုက္ဆြဲကာ ဘာမွနားမလည္ေသးသည့္ Jungminေလးက သူ႔Daddyကိုသာ စိုက္ၾကည့္လို႔ေနသည္။
Jungkookလည္း ကေလးကိုဗန္းျပကာ ဖုန္းဆက္မိသည္ကို မလံုမလဲျဖစ္သြားကာ ထိုင္ခံုေလးထဲထိုင္ေနသည့္ သားရဲ့ႏွာေခါင္းေလးကို အသာဆြဲလိမ္လိုက္သည္။
ေဆာရီး Daddy သားေလး။
"အခု ထမင္းေရာစားၿပီးၿပီလား"
"မစားရေသးပါဘူး Jungkookေရာ?"
"ေစာနကပဲ သားကိုခြံ႔ရင္းစားလိုက္တာ"
"ေကာင္းသားပဲ"
ႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈက ေခတၲမ်ွႀကီးစိုးသြားသည္။ ဘာဆက္ေျပာရမလဲဆိုတာလည္း မသိၾက။
"အမွန္တိုင္းေျပာပါ Jungkook သား မငိုဘူးမလား"
"အဲ့ဒါက"
"ငါ သိပါတယ္ ဘာလို႔လဲ ငါ့ကိုသတိရတယ္ေျပာရမွာ အဲ့ေလာက္ ခက္ခဲလို႔လား"
"မဟုတ္ဘူး အဲ့လိုမဟုတ္ပါဘူး Jiminအေနွာင့္အယွက္ျဖစ္မွာစိုးလို႔"
Jungkookဆီက ျပာျပာသလဲထြက္လာတဲ့ ေျဖရွင္းခ်က္ေၾကာင့္ Jimin သက္ျပင္းခိုးခ်လိုက္သည္။
"မျဖစ္ပါဘူး ငါ့မွာ သားနဲ႔မင္းပဲရိွတာေလ"
Jiminစကားေၾကာင့္ Jungkook ရင္ေတြတဒိတ္ဒိတ္ခုန္လာသည္။ ထို႔အတူ Jiminက သူ႔အားထပ္ၿပီး တမ်ိဳးအထင္လြဲသြားမွာကိုလည္း စိုးလွသည္။
"ေတာင္းပန္ပါတယ္ ပြင့္ပြင့္လင္းလင္း မေျပာလိုက္မိတာ"
Jimin မထင္မရွားၿပံဳးလိုက္မိသည္။ မင္းက ငါ့အတြက္ သိပ္ေတြးေပးေနတာပဲ Jungkook။ တခါတေလ မင္းကိုယ္မင္းလည္း အေရးေပးရင္ သိပ္ေကာင္းမွာပဲ။
"တကယ္လို႔ေလ..."
"အင္း ေျပာေလ"
"ငါက-ငါက.... တျခားလူတစ္ေယာက္နဲ႔ လက္ထပ္ရမယ္ဆိုရင္ Jungkook ဘာလုပ္မွာလဲ"
Jiminရဲ့အေမးေၾကာင့္ Jungkook ၿငိမ္သက္သြားသည္။ ဦးေနွာက္ထဲေျပးလႊားေနသည့္ အရာေတြက ဘာမ်ားလဲ။ ဒီေမးခြန္းအတြက္ အေျဖေတြမ်ားလား။
"Jiminက ငါတို႔ကိုထားခဲ့မွာမဟုတ္ပါဘူး"
ဘာကိုမွမသိနားမလည္ေသးသည့္ သားရဲ့ေခါင္းလံုးလံုးေလးကို ငံု႔နမ္းလိုက္ရင္းက Jungkookေျဖလိုက္မိသည္။ သူ Jimin ကို ယံုေနမိတာပဲ။ ဒါက ျဖစ္ႏိုင္ရဲ့လား?။
"ငါ့ကို ယံုတယ္လား"
Jiminဆီက ရယ္သံခပ္လြင္လြင္ေလးက ဖုန္းထဲကတစ္ဆင့္ သူ႔နားထဲစီးဝင္လာသည္။ Jimin မင္းကို တစ္ခုခုက နာက်င္ေစေနလား?။
"အင္း ယံုတယ္ ငါ့မွာလည္း သားနဲ႔Jiminပဲရိွတာမို႔"
ရုတ္တရက္ႀကီး ရယ္ေနသည့္Jiminအသံေလးက တိတ္က်သြားသည္။ ထို႔ေနာက္ ရိႈက္သံတစ္ခုက မလွမ္းမကမ္းပင္ ထြက္က်လာသည္။
"အရူး! ငါကဘာေတြမ်ားေကာင္းေနလို႔လဲ သားကိုလည္းပစ္ထားခဲ့တယ္ မင္းကိုလည္းဒုကၡေတြပဲေပးခဲ့တာ ဘာမွေကာင္းမေနဘူး သိရဲ့လား Jeon Jungkookရဲ့!"
Jiminသာ အနားမွာရိွရင္ သူ႔အားတဖုန္းဖုန္းရိုက္ကာ ႏွာေခါင္းေလးနီေအာင္ ရန္ေတြ့ၿပီးငိုေနလိုက္မည့္ျဖစ္ခ်င္း။
"ကေလးတစ္ေယာက္ပဲရေနၿပီ ငိုတုန္းလား"
"ဘာျဖစ္လဲ ငိုမွာပဲ!"
"ဟုတ္ပါၿပီ ငိုပါ ငိုပါ သားကငိုလိုက္ Mommyကငိုလိုက္နဲ႔"
"အဲ့ဒါဆိုလည္း ဘာလို႔ဖုန္းဆက္ေနေသးလဲ ခ်လိုက္ေလ"
ဆက္တိုက္ရန္ေတြ့ေနတာမို႔ Jungkook သေဘာက်စြာ ရယ္ေမာလိုက္မိသည္။ လိုက္လည္းလိုက္တဲ့ ဒီသားနဲ႔ဒီMommy။
"တကယ္ခ်လိုက္ရမွာလား"
"ခ်ေပါ့ အရူးရဲ့!"
"ဟားဟားဟား"
ေအာ္ရယ္လိုက္တဲ့သူ႔အသံေၾကာင့္ မုန္႔စားေနသည့္သားက ဘာမွနားမလည္သည့္ၾကားကပင္ စားလက္စမုန္႔ကိုပစ္ခ်ၿပီး မ်က္လံုးေလးေတြမိွတ္သြားသည္အထိ သူ႔အတိုင္းလိုက္ရယ္ေလသည္။
"ေဟာ ၾကားလား Jungminေတာင္ ရယ္ေနၿပီ"
"သားရယ္တာခ်စ္စရာေကာင္းတယ္"
Jiminစကားေၾကာင့္ Jungkook အသည္းယားစြာပင္ မခ်င့္မရဲႏွင့္ ႏႈတ္ခမ္းကိုကိုက္လိုက္မိသည္။ စိတ္ရိွလက္ရိွသာဆို ငိုေနတဲ့Mommyအေသးေလးကို ရင္ခြင္ထဲထည့္ထားလို႔ရရင္ေကာင္းမယ္ Jiminရယ္။
"ဟုတ္ကဲ့ပါဗ် မွားသြားပါတယ္ မရယ္ေတာ့ပါဘူး"
"ေတာ္ၿပီ သားနဲ႔ပဲေျပာေတာ့မယ္"
တဖက္ကအဆိုးေလးသေဘာက် ဖုန္းကိုစပီကာဖြင့္ကာ သားေဘး ခ်ေပးလိုက္သည္။ အတန္ၾကာ ႏွစ္ေယာက္သား ေျပာခ်င္ရာေျပာေနၾကတာကို ၿငိမ္ၿငိမ္ေလး နားေထာင္ေနလိုက္သည္။
သားလည္း ေျပာခ်င္ရာေျပာ သူလည္း ေျပာခ်င္ရာေျပာ။ ၾကားထဲမွာ သူ႔ကိုသားဆီ လွမ္းတိုင္ေျပာေနေသးတာမို႔ Jungkook အသံမထြက္ေအာင္ ႀကိတ္ရယ္လိုက္ရသည္။
သူအလုပ္ရႈပ္ေစရန္ သားကို ရႉးအမ်ားႀကီးေပါက္ခိုင္းၿပီး အီအီးေတြ,ပါခိုင္းေနေသးတဲ့ Park Jimin။ ဘယ္ေလာက္ ဆိုးလိုက္လဲ။ ကေလးတစ္ေယာက္ရၿပီးလည္း သူ႔အေပၚဆက္ၿပီးဆိုးေနဦးမဲ့ ညဥ္ဆိုးကေလးႏွင့္ပင္။
"ဒါဆို ဒါပဲေနာ္ Jungkook"
"အင္း စိတ္ညစ္မခံနဲ႔ေနာ္"
"အင္းပါ Jungkookေရာပဲ"
ေနာက္ဆံုးတြင္ေတာ့ စိတ္ဆိုးေျပသြားကာ ႏႈတ္ဆက္ၿပီးဖုန္းခ်သြားေလသည္။ က်န္ခဲ့သည့္ သားအဖႏွစ္ဦးကေတာ့ လြမ္းေနရဦးမယ္။
တင္းေတာင္။
"ၿငိမ္ၿငိမ္ေလးေနခဲ့ေနာ္ Daddy သြားၾကည့္လိုက္ဦးမယ္"
သားကိုေသခ်ာမွာခဲ့လိုက္ၿပီး Jungkookတစ္ေယာက္ ခပ္သြက္သြက္ေလး တံခါးဆီေျပးလိုက္သည္။ ခ်ာမင္ေဟ်ာင္းက ဒီကိုဘာလို႔?။
"မေတြ့တာၾကာၿပီေနာ္ စားေသာက္ဆိုင္မွာက ေနာက္ဆံုးထင္တယ္"
"ဝင္ေလ Hyung"
"အင္း"
တံခါးေသခ်ာျပန္ပိတ္ၿပီးဝင္လာေတာ့ သားက ထိုခ်ာမင္ေဟ်ာင္းလက္ေတြထဲ ေရာက္လို႔ေနေလသည္။ သား မငိုဖို႔ ဆုေတာင္းရမွာပဲ။
"Jungminေလး ေကာင္းေကာင္းစားေနတာပဲ"
"ေဟ်ာင္း ဘာကိစၥမ်ားရိွလို႔လဲ"
"ကိစၥရိွမွလာရတဲ့အထိ ျဖစ္သြားၿပီလား"
"အဲ့လိုမဟုတ္ပါဘူး"
"Jungmin က ငါ့ကိုစိမ္းကားေနၿပီပဲ ၾကည့္ရတာ သူ႔Mommyနဲ႔လက္ထပ္မွာကို သိသြားတာျဖစ္မယ္"
"ေဟ်ာင္း!"
ခ်ာမင္ေဟ်ာင္းရဲ့လက္ေတြေပၚက ရုန္းထြက္ခ်င္တာမို႔ တြန္းကန္ေနတဲ့သားကို Jungkook ခ်က္ခ်င္းပင္ ဆြဲယူလိုက္သည္။
"ေဟ်ာင္း စကားေျပာဆင္ျခင္ေပးပါ ကေလးပဲဆိုၿပီး ဘာမွမသိဘူးမထင္ပါနဲ႔ သူတို႔လည္းနာက်င္တတ္တယ္"
ငိုမဲ့မဲ့ျဖစ္ေနတဲ့သားကို ရင္ခြင္ထဲထည့္လိုက္ရင္း Jungkook ေဒါသထြက္စြာ ေျပာလိုက္မိသည္။
"ေဆာရီးကြာ ငါက မင္းနဲ႔အဲ့ေန့ကေတြ့ခဲ့တာေတာင္ မင္းဆီကဘာမွေမးသံမၾကားရလို႔"
"ေမးစရာအေၾကာင္းမရိွဘူး ေဟ်ာင္း ကြၽန္ေတာ္ပိုင္တယ္ထင္ရင္ လုယူတတ္တာ ေဟ်ာင္းအက်င့္မွန္း ကြၽန္ေတာ္ငယ္ငယ္ကတည္းက သိႏွင့္ၿပီးသား"
"ဘာ?"
"အမွန္ပဲ ေဟ်ာင္း ျငင္းႏိုင္လား?"
"အဟက္"
ေရ႔ွတည့္တည့္မွာထိုင္ေနသည့္လူက ေခ်ပစကားမဲ့စြာပင္ ရယ္လိုက္သည္။ လြန္ခဲ့သည့္ႏွစ္ေတြက လူတစ္ဦးကို ျပန္ျမင္ေနရသလိုပါပဲ။ ဘယ္လိုပဲဖံုးကြယ္ထားထား အငံု႔စိတ္ဆိုတာ သိသာေနတုန္းပါပဲ။
"ကေလးတစ္ေယာက္ရလိုက္တာနဲ႔ပဲ မင္းကသူ႔ကိုပိုင္ၿပီထင္ေနတာလား"
"ကြၽန္ေတာ္ဘယ္တုန္းကမွ သားMommyကို ပိုင္ပါတယ္မေျပာခဲ့ဖူးဘူး ဒါ ေဟ်ာင္းဘက္ကအထင္သက္သက္ပဲ Jiminကိုကြၽန္ေတာ္လည္းမပိုင္ဘူး ေဟ်ာင္းလည္းမပိုင္ဘူး"
Alphaႏွစ္ဦးရဲ့ ေဒါသအေငြ့အသက္ေတြက အခန္းေလးထဲ ျပည့္ႏွက္လို႔ေနသည္။ သားလန္႔သြားမည္ဆိုးတာေၾကာင့္ Jungkook ေဒါသကိုခ်ဳပ္တည္းထားတာ အေလ်ွာ့ေပးတာမဟုတ္ေပ။
"ထပ္ၿပီးေျပာစရာမရိွရင္ ျပန္လိုက္ပါ"
"ေျပာစရာလား? ရိွတာေပါ့ ရိွလို႔ပဲ လာတာ"
Jungkook မ်က္ေမွာင္ၾကဳတ္သြားရၿပီး ေျပာလာမည့္စကားကို ေစာင့္ဆိုင္းေနလိုက္သည္။ ဘယ္လိုအရာေတျြဖစ္ျဖစ္ Jiminနဲ႔သားကို မထိခိုက္ဘူးဆိုရင္ သူ႔အတြက္ အေရးမႀကီးလွပါ။
တဖက္တြင္လည္း Park Jiminတစ္ေယာက္ စိတ္ဒုန္းဒုန္းပိုင္းျဖတ္ၿပီးသည္ႏွင့္ အခန္းထဲကထြက္ခဲ့လိုက္သည္။ ႏႈတ္ဆက္ပါတယ္ အခန္းေလး။
"ေဟ်ာင္း! ဒါက ဘယ္ကိုလဲ!"
"ေဟ်ာင္း စိတ္ခ်မယ္ေနာ္ ဒယ္ဒီ့ကိုလည္း ေဟ်ာင္းအစား ပိုၿပီးေစာင့္ေရွာက္ေပးလိုက္ပါ"
အဝတ္ေသတၲာကိုဆြဲကာ အိမ္ႀကီးထဲကထြက္ဖို႔ Jimin ဆံုးျဖတ္ၿပီးသားျဖစ္သည္။ ဒယ္ဒီလက္မခံလည္း ကိစၥမရိွပါဘူး စိတ္လည္းမဆိုးသလို ေဒါသလည္းမထြက္ပါ။ သားေမြးထားတဲ့ မိဘတစ္ဦးျဖစ္ေနၿပီမို႔ ဒယ္ဒီ့ကို သူေကာင္းေကာင္းႀကီး ကိုယ္ခ်င္းစာတာမို႔ပင္။
"Park Jimin! အခု ဘယ္ကိုသြားမလို႔လဲ!"
"ဒယ္ဒီ ကြၽန္ေတာ့္ကို သားအျဖစ္ကစြန္႔လႊတ္လိုက္ပါ ကြၽန္ေတာ္ ဒယ္ဒီ့ကိုလိမ္မိတယ္ အျပစ္ရိွတာကိုသိပါတယ္ ဒါေၾကာင့္ ခြင့္လႊတ္ပါလို႔လဲမေတာင္းဆိုပါဘူး"
"ေမြးထားတဲ့အေဖကို ဒီနည္းနဲ႔ေက်းဇူးဆပ္တာေပါ့"
"မဟုတ္ပါဘူး ဒယ္ဒီ"
"ဒါဆို ငါေမးမယ္"
"ဟုတ္ကဲ့"
Jimin အလိုလို ေခါင္းငံု႔လိုက္မိသည္။ ဘာလိုလိုနဲ႔ ဒီအေျခအေနေတြထိေအာင္ ေရာက္သြားခဲ့ပါလား။ တသက္နဲ႔တကိုယ္ ဒယ္ဒီ့ကိုဆန္က်င့္ရလိမ့္မယ္လို႔ သူမထင္ခဲ့ဖူးပါ။
"Jeon Jungkookကို ခ်စ္လား"
"ဒယ္ဒီ..."
"ေျဖလိုက္ေလ ေဟ်ာင္း"
"ဟုတ္ကဲ့ ကြၽန္ေတာ္ သူ႔ကိုခ်စ္ပါတယ္ ဒယ္ဒီ"
"ဒါဆို သူကေရာ မင္းကိုခ်စ္လား"
"ဒယ္ဒီ..."
"မေျဖႏိုင္ေတာ့ဘူးလား? ဒါနဲ႔မ်ား မင္းကသူ႔ဆီကိုသြားဦးမယ္ေပါ့"
Jimin ႏႈတ္ခမ္းကိုက္ကာ ေခါင္းငံု႔လိုက္သည္။ သူ ကြၽန္ေတာ့္ကိုခ်စ္ပါတယ္ ဒယ္ဒီ ဖြင့္မေျပာတာကလြဲရင္ သူလည္းကြၽန္ေတာ့္ကို ခ်စ္မွာပါ အင္း ခ်စ္မွာပါ ကြၽန္ေတာ္ယံုတယ္။
"Park Jimin ငါမင္းကို ပညာေတြသင္ေပးခဲ့တာ Alphaတစ္ေယာက္ဆီမွာ ကေလးသြားေမြးေပးဖို႔မဟုတ္ဘူး!"
"ဒယ္ဒီ! Jungkookကို ဒယ္ဒီဘယ္လိုျမင္လဲမသိေပမဲ့ သူက မေကာင္းတဲ့လူမဟုတ္ဘူး"
"...."
"ဒယ္ဒီေျပာသလိုပဲ ကေလးေမြးခဲ့တယ္ ဟုတ္တယ္ ဒါေပမဲ့ အဲ့ကေလးကို မ်က္ႏွာလႊဲခဲပစ္လုပ္ေနတဲ့သူမဟုတ္ဘူး အခုခ်ိန္ထိ သားမ်က္ႏွာကို ကြၽန္ေတာ္ေတြ့ေနရတာ သူ႔ေက်းဇူးေတြေၾကာင့္ပဲ"
"Jimin သူ မင္းကိုမခ်စ္ဘူးေလ"
"ခ်စ္တယ္ဆိုတာ ဖြင့္ေျပာမျွဖစ္မွာလား ဒယ္ဒီ! တခ်ိဳ႕ခ်စ္ျခင္းေတြက ဖြင့္ေျပာေနစရာမလိုဘူး ဒယ္ဒီထင္တာ လံုးဝမွားေနၿပီ"
Jiminပံုစံက လံုးဝကိုေျပာင္းလဲသြားခဲ့သည္။ ႏူးညံ့ၿပီး ေျပာသမ်ွစကားကို တေသြမတိမ္းနားေထာင္တတ္တဲ့ Omegaေလးမဟုတ္ေတာ့ဘူး။
"လိုတယ္ Park Jimin! မလိုဘူးလို႔ထင္ေနတာကိုက မွားေနတာ မခ်စ္မႏွစ္သက္တဲ့လူတစ္ေယာက္လက္ထဲ ဒယ္ဒီက သားကို ဘယ္လိုနည္းနဲ႔စိတ္ခ်ေပးရမွာလဲ"
"ဒယ္ဒီ! သူက ဒယ္ဒီယံုပါတယ္ဆိုတဲ့ လူထက္ေတာင္ ကြၽန္ေတာ့္အေပၚ အရမ္းေကာင္းေပးတဲ့သူ ဒါေတြကို ဒယ္ဒီသိေအာင္ ကြၽန္ေတာ္ အစအဆံုးေျပာျပေနရမွာလား"
"အခု အေပၚျပန္တက္လိုက္ ဘယ္မွမသြားရဘူး"
"ဒယ္ဒီ!"
"သားငယ္ မင္းအစ္ကိုကို အေပၚျပန္ေခၚသြားလိုက္!"
"ဒယ္ဒီ ကြၽန္ေတာ္ျပန္မသြားႏိုင္ဘူး ကြၽန္ေတာ္ဆံုးျဖတ္ၿပီးၿပီ"
"သားငယ္! ေခၚသြား!"
"ေဟ်ာင္း"
"ဟင့္အင္း ေဟ်ာင္း မသြားဘူး"
အဝတ္ေသတၲာကိုဆြဲကာ Jimin ရုန္းရင္းဆန္ခတ္ၾကားထဲမွပင္ အိမ္ထဲကအတင္းထြက္ဖို႔ႀကိဳးစားသည္။ ဒီတစ္ခါထပ္ၿပီးေဝးရရင္ သူေသဖို႔ပဲက်န္ေတာ့တယ္။ ထပ္ၿပီး Jungkookအေပၚလည္း မတရားရာက်သြားလိမ့္မယ္။
"Jimin"
ေခၚသံေၾကာင့္ Jiminတစ္ေယာက္ မျဖစ္ႏိုင္ပါဘူးလို႔ ေတြးလိုက္မိသည္။ Jungkookက ဘယ္လိုျဖစ္ၿပီး ဒီကိုေရာက္မွာလဲ မျဖစ္ႏိုင္တာ။
"Jimin"
ဒုတိယအႀကိမ္ေျမာက္ေခၚသံႏွင့္အတူ ခံစားလိုက္မိတဲ့ သားရဲ့အေငြ့အသက္ေလးေၾကာင့္ ေနာက္ကိုလွည့္ၾကည့္မိခ်ိန္ အမွန္တကယ္ပင္ Jungkookျဖစ္လို႔ေနခဲ့သည္။
"Jungkook"
"ဘာလို႔အခုလိုျဖစ္ေနရတာလဲ"
အနားေရာက္လာသည့္ Jungkookေဘး တိုးကပ္လိုက္ရင္း Jiminအင္အားျဖစ္သြားရသည္။ သံုးေယာက္အတူရိွေနရင္ အကုန္လံုးကိုရင္ဆိုင္ရဲတယ္။
"မင္းက Jungkookလား"
"ဟုတ္ပါတယ္"
"ဒါက?"
"သားပါ ဒယ္ဒီ ကြၽန္ေတာ့္ရဲ့သား"
"Jeon Jungminတဲ့ေလ ခ်စ္စရာမေကာင္းဘူးလား ဒယ္ဒီ"
ဒီတခါ ဝင္ေျပာလိုက္သူက Huening Kai။ ေျပာလည္းေျပာ Jiminတို႔ေဘးလည္း ေရာက္လာၿပီး Jungminေလးကို အူယားသလို တို႔တိတို႔တိလုပ္လို႔ေနေလသည္။
"ေရာက္လာတာနဲ႔အေတာ္ပဲ ေျပာစရာရိွတာေျပာရတာေပါ့ Jiminကို တျခားAlphaနဲ႔လက္ထပ္ေပးမွာမို႔"
"ကြၽန္ေတာ္ လက္မခံဘူးေနာ္ ဒယ္ဒီ"
"Park Jimin! စကားစကိုဝင္မျဖတ္နဲ႔!"
ေအာ္သံက်ယ္သြားတာမို႔ထင္ Jungkookရင္ဘတ္မွာ ထည့္ခ်ီထားသည့္ Jungminကေလးရဲ့အာရံုက Jiminဆီကေန ၄ဒယ္ဒီထံေရာက္သြားသည္။
အယ္~
သားဆီကထြက္လာတဲ့အသံေလးေၾကာင့္ အကုန္လံုးကအသံတိတ္သြားကာ သားကိုငံု႔ၾကည့္လိုက္မိသည္။ ဘုရားေရ သားက မေၾကာက္မလန္႔ သူ႔ဖိုးဖိုးကို ရယ္ျပေနပါလား။
"ဟုတ္တယ္ အဲ့ဒါ ဖိုးဖိုး ေဒါသႀကီးတဲ့ဖိုးဖိုး"
"Huening Kai!"
စေနာက္ေနႏိုင္တဲ့ ညီျဖစ္သူေၾကာင့္ Jiminပါ ရယ္လိုက္မိသည္။ ညီျဖစ္သူကေတာ့ သူ႔ကိုမ်က္စိမိွတ္ျပကာ အဆင္ေျပသြားမွာဟု အခ်က္ျပလာသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ ငါလက္မခံဘူး"
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တို႔က Knotလုပ္ၿပီးသားပါ အန္ကယ္ ဒါေၾကာင့္ Jiminကို ကြၽန္ေတာ္လာေခၚတာပါ"
"ဘာေျပာတယ္!"
"ဟုတ္ပါတယ္ ဒီေလာက္ဆို ကြၽန္ေတာ္သူ႔ကိုခ်စ္လားမခ်စ္လား အန္ကယ္သိေလာက္ပါၿပီ"
"Jungkook~"
"အဆင္ေျပတယ္ ကိုယ္တို႔အခု မင္းကိုလာေခၚတာ"
"မျဖစ္ႏိုင္ဘူး အေမရိကမွာရိွေနခဲ့တာအခ်ိန္အၾကာႀကီးပဲ ဒါေပမဲ့ Jimin ဘာမွမျဖစ္ဘူးေလ"
"ဟုတ္ပါတယ္ အဲ့တုန္းက Jiminထြက္သြားေတာ့မွ ကြၽန္ေတာ္သိလိုက္တာ... ကြၽန္ေတာ္သူ႔ကိုအဆံုးရႈံးမခံႏိုင္ဘူးဆိုတာကိုသိလိုက္တာမို႔... မၾကာေသးခင္ကပဲ ကြၽန္ေတာ္တို႔ knotလုပ္ခဲ့တာပါ"
"အမေလး ငါ့ေခါင္း"
"ဒယ္ဒီ"
ထိုေန့က Jungminေလးရဲ့ ဖိုးဖိုးႀကီးခမ်ာ စပရိုက္ေပါင္းေျမာက္မ်ားစြာျဖင့္ မူးေမ့လဲက်သြားေလေတာ့သည္။ အိပ္မက္ထဲမွာေတာ့ ဖိုးဖိုးႀကီးဟာ သူ႔ေျမးေလးကိုခ်ီကာ ေပ်ာ္ေနေလရဲ့။
တခါတေလ
မင္းအတြက္ အရမ္းခက္ခဲတယ္လို႔
ထင္ရတဲ့အရာေတြက
ေရ႔ွထြက္ရင္ဆိုင္ၾကည့္တဲ့အခါမွ
အဲ့ေလာက္လည္းမခက္ပါလားဆိုတာ
သိလာလိမ့္မယ္။
ဘာပဲျဖစ္ျဖစ္
ေရွာင္ပုန္းေနမဲ့အစား
အေကာင္းဆံုးရင္ဆိုင္လိုက္ပါ။
OGCC
Knotလုပ္တယ္ဆိုတာ Alphaနဲ႔Omegaတစ္ေယာက္ကိုတစ္ေယာက္ခ်စ္ၿပီး အဆံုးရႈံးမခံႏိုင္လို႔ ရာသက္ပန္ ခ်ည္ေနွာင္တာမ်ိဳးပါ။ အဲ့လိုknotလုပ္ခဲ့ၿပီး မေတာ္တဆ ေဝးကြာခဲ့ရင္ ႏွစ္ဦးလံုးေသသြားႏိုင္တာမ်ိဳးပါ။
Alphaေတြက knotကို သူတို႔ရဲ့mateအျဖစ္သတ္မွတ္ထားတဲ့သူကိုပဲ ေပးတာပါ။ ဘယ္ေနရာမွာေပးလဲဆို Sexလုပ္ရင္းေပးတာေပါ့ အဟိဟိ။
အမွန္က fic မdateတာ ဇာတ္မသိမ္းခ်င္ေသးလို႔ ပတ္ေျပးေနတဲ့သေဘာပါ။ တျဖည္းျဖည္းနီးကပ္လာၿပီပဲ။
ေက်းဇူးတင္လ်က္
မာမိတ္။