ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(21)
************************************
"ျပန္ေတာ့ေလ မိုးခ်ဳပ္ေနၿပီ.."
သု ၿပံဳးကာပဲ သူမရဲ႕ လက္ေလးကို ဆြဲယူကာ ေဆးထည့္ေပးလိုက္တယ္။ ေဆးရံုက ဆင္းတာ တပတ္ၾကာတဲ့ အခ်ိန္မွာ တိုင္းရဲ႕ ဒဏ္ရာက သက္သာလာေပမယ့္ အၿမဲ ငိုင္ေနသည့္ ပံုစံက သု႔ကို စိတ္မေကာင္းျဖစ္ေစသည္။။တခါတခါ ဘာမွ မေျပာဘဲ နံရံေတြကို ေငးေနတတ္ျပန္သည္။
"တိုင္း...."
ခပ္ဖြဖြ ေခၚလိုက္ေတာ့ ငံု႔ထားတဲ့ သူမရဲ႕ေခါင္းေလးေမာ့ကာ သု႔ကို ၾကည့္သည္။ မ်က္ဝန္းေတြ သူမ မ်က္ဝန္းေတြမွာ စိုးရမ္စိတ္အရိပ္အေယာင္ေတြ ပါေနသည္။
"လာပါအံုးကေလးရယ္..."
သု လက္နွစ္ဖက္ကို ဆန္႔တန္းကာ ေနေတာ့ သူမက အလိုက္ထိုက္ သု႔ရဲ႕ ရင္ခြင္ေလးထဲ ဝင္လာသည္။ သူမရဲ႕ ကိုယ္ေလးက သု႔ကို ေနြးေထြးေစသလို သူမ ခံစားေနရတာေတြကိုလည္း သု သက္သာေစခ်င္တယ္။ Shampooရနံသင္းေနေသာ ေခါင္းလံုးလံုးေလးကို သု အသာေလး ဖိကပ္နမ္းလိုက္သည္။
"ဘာေတြျဖစ္ေနတာလဲဟင္...မကို ဘာလို႔ စကားသိပ္မေျပာရတာလား ျပန္ေတာ့ေလ လို႔မနွင္ပါနဲ႔လား မက ကေလးနဲ႔ ေန႔ရက္တိုင္း အတူရွိခ်င္တာ ..."
သုရဲ႕ ရင္ခြင္ထဲကေန ထရပ္ကာ ျပတင္းေပါက္ဘက္ကို သူမက ေငးေနျပန္တယ္။ ၿပီးေတာ့ သူမရဲ႕ ေဘာင္းဘီ အိတ္ကပ္ထဲက စီးကရက္ကို ထုတ္ကာ သူမက ၿပံဳးေနျပန္တယ္။
"မ သိလား....တိုင္းေလ အစက ေဆးလိပ္မေသာက္ေတာ့ဘူးဆိုၿပီးေတာ့..."
"အခုေရာ...အခုလည္း မေသာက္ပါနဲ႔လားဟင္.."
"တိုင္း ခံစားေနရတာေတြကို ဒီစီးကရက္ပဲ ေျဖေဖ်ာက္နိုင္မွာ.."
"ဟင္...ဘာေတြ ခံစားေနရလို႔လဲ တိုင္းရယ္..အခု မင္းမွာ မ လည္း ရွိေနၿပီေလ..."
သူမက ခပ္ဖြဖြ ရီရင္း ေဆးလိပ္ကို မီးညိွ႔ကာ ရႈရွိုက္လိုက္သည္။ ၿပီးေတာ့ မီးခိုးေတြကို မႈတ္ထုတ္လိုက္ေသာ အခန္းထဲက ေလထုကို အက်ည္းတန္ေစ လိုက္တာ။ သု ဘယ္လိုမွ နားမလည္နိုင္ေသာ လူသားထဲတြင္ တိုင္း လည္း ဝင္ေရာက္လာခဲ့ၿပီ။
"တိုင္းေတြးမိတယ္...
ခင္ဗ်ားက ဘယ္အခ်ိန္ တိုင္းဘဝ ထဲက ထြက္သြားမွာမွန္းႀကိဳမသိနိုင္ဘူးေလ တိုင္းေလ ခင္ဗ်ားကို အရမ္းမကပ္တြယ္သင့္ဘူးမလား."
ေျပာရင္းဆိုရင္း သူမရဲ႕ လက္ထဲက စီးကရက္ကို ေျမႇာက္ၾကည့္ကာ သူမက ေျပာသည္။
"ေဟာ့ဒီ ေဆးလိပ္ေလးေတြက တိုင္းေဘးမွာ အၿမဲ ရွိမွာ.."
သု ဘာမွ မျဖစ္ေလာက္ပါဘူးဟု ေပါ့ေပါ့ဆဆ ေတြးလိုက္တဲ့ ကိစၥေလးက သူမကို အရမ္းထိ္ိခိုက္သြားခဲ့တာလား။နာက်င္ရတယ္၊ မေလ ကေလးကို အရမ္းခ်စ္မိလို႔ အရမ္းနာက်င္ေနရၿပီ။
"ျပန္ခ်င္ရင္ ျပန္ေတာ့ေလ....ၿပီးေတာ့ တိုင္းေဘးမွာ အၿမဲရွိေနစရာမလိုဘူး..ခင္ဗ်ားရဲ႕ အလုပ္ေတြကို ပစ္ထားၿပီးေတာ့ေလ.."
"တို႔အတြက္ ကေလးေလာက္ အလုပ္က ဘယ္အေရးႀကီးမလဲ တိုင္းရယ္..မကို အဲ့လို မဆက္ဆံပါနဲ႔..."
တိတ္ဆိတ္မႈက သုတို႔နွစ္ေယာက္ၾကား အေတာ္တန္စြာ ႀကီးစိုးသြားျပန္တယ္။ ထို တိတ္ဆိတ္ေနေသာ နံရံေလးကို ၿဖိဳခြဲရန္ သု ဘက္က ပဲ စကာ လဲအိပ္ေနေသာ သူမရဲ႕ေဘးကေန ခါးေလးကို ခပ္ဖြဖြ ဖက္လိုက္ေတာ့ သူမကိုယ္ေလး တစ္ခ်က္တြန္႔သြားသည္။
"တိုင္းရယ္ မေလ မင္းကို သိပ္ခ်စ္တယ္..."
သုရဲ႕ သူမရဲ ေနာက္ေက်ာကေနပဲ သူမရဲ႕ေက်ာျပင္ေလးမွာ ပါးေလး အပ္ၿပီး အိပ္ေပ်ာ္သြားခဲ့သည္။ အရာအားလံုး အဆင္ေျပၿပီဆိုၿပီးေတာ့ေလ။
_________________
"ခတ္ေရ .အခုတေလာ ရံုးတတ္ရက္ေတြ အရမ္းပ်က္ေနလို႔
ဘုတ္အဖြဲ႕ကဘာေျပာေသးလဲ ညီမေလး.."
"ညေန အစည္းအေဝးလုပ္ရမယ္ထင္တယ္ မမ..သူတို႔ေတြ နည္းနည္း မေက်နပ္ျဖစ္ေနၾကတယ္.."
သုလည္း နွစ္ပတ္ေလာက္ companyက ေပ်ာက္သြားတာ အလုပ္မွာ အေျပာခံရမွာ က်ိန္းေသသည္။ သို႔ေသာ္လည္း အမွားလုပ္ထားတာက မိမိကိုယ္တိုင္မို႔ ေတာင္းပန္ဖို႔သာ ျပင္ဆင္ရေတာ့မည္။
"မမ ...ဒါက အေရာင္းစာရင္းပါ.ညီမတို႔ Companyရဲ႕ ပစၥည္းသစ္ကို ႀကိဳက္တဲ့သူ မ်ားတယ္မမ .."
ေခတ္ ျပေသာ ဖိုင္တြဲကို ယူၾကည့္ၿပီး သု ယူၾကည့္ၿပီး ကုိယ္ကိုတိုင္ပါ စိတ္ေက်နပ္ရသည္။
"လက္မွတ္ထိုးေပးပါအံုး မမ.."
"အြန္း ...ေအာ္ ဒါနဲ႔ အေရာင္စင္တာမွာ ဝန္ထမ္းအသစ္မိန္းကေလးနွစ္ေယာက္ေလာက္ အလိုရွိသည္လို႔ ခတ္က ေၾကျငာေပးလိုက္ပါအံုး"
"ဟုတ္ မမ.."
ဖိုင္တြဲကို ေခတ္အား လွမ္းေပးလိုက္ၿပီး သု တစ္ေယာက္ အျပင္ကိုပဲ ေငးေနမိသည္။ အခုအခ်ိန္ဆို တိုင္းဘာေတြမ်ား လုပ္ေနမွာလဲ ဟု ေတြးမိေတာ့ ရင္ဘက္ထဲက ေနြးသြားရသည္။
"ဟိုေလ ...မမသု.."
ေတြးေန ေငးေနတာမ်ားက ေခတ္ရဲ႕ စကားေၾကာင့္ ရပ္သြားခဲ့သည္။
"ေအာ္ ေျပာေလ ခတ္.."
"ခတ္ ေလ ညေန ရံုးအေစာဆင္းလို႔ရလား မမ..
ခတ္ရဲ႕ ေက်ာင္းတုန္းက သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုပြဲ ရွိလို႔."
"ရပါတယ္ ခတ္ရယ္....companyအတြက္ မမ မရွိတဲ့ရက္ေတြမွာ ခတ္လည္း ပင္ပန္းထားတာပဲေလ."
"ဟီး ေက်းဇူးပါ မမ.."
ခတ္အျပင္ထြက္သြားေသာ သု တစ္ေယာက္ မျပန္ေသးပဲ ဖိုင္တြဲေတြသာ စစ္ေနမိသည္။ အႀကီးအကဲတစ္ေယာက္က တာဝန္လစ္ဟင္းလို႔ ျပန္ေပးဆပ္ရမည္ဟု ေတြးကာ ဖိုင္တြဲ တစ္ထပ္ကိုသာ စာရင္းကိုက္ညီဖို႔ သု ျပင္ဆင္ရေတာ့သည္။ ဒီညေတာ့ အိမ္ျပန္ေနာက္က်ေတာ့မွာပဲလား၊ တိုင္းရဲ႕ လက္က ဒဏ္ရာက အေတာ္ေလး သက္သာေနသလို သုလည္း သူမရဲ႕ အိမ္ မသြားျဖစ္တာ နွစ္ရက္ရွိေလၿပီ။ အလုပ္ေတြ မ်ားေနလို႔ မလာနိုင္တာ စိတ္ဆိူးေနမလားဟုေတြးမိၿပီး ဖုန္းကို ကိူင္လိုက္ကာ SMS ပိူ႔လိုက္မိသည္။
📲ကေလးဘာလုပ္ေနလဲ 🤨🤨ေဆးေရာ ေသာက္ရဲ႕လား
လြမ္းေနၿပီကြာ သိရဲ႕လား ခ်စ္တယ္ မရဲ႕ကေလးေလး
SMSေလးကို အႀကိမ္ႀကိမ္ျပန္ဖတ္ရင္း သု ၿပံဳးလိုက္မိသည္။ ဖုန္းေလးကို အသာအယာပိတ္ကာ ဖိုင္ကို ကိုင္လိုက္ေတာ့ Reply ဝင္လာခဲ့သည္။
📱ဘာမွ မလုပ္ဘူး ၊ ေဆးလည္း မေသာက္ဘူး။ လြမ္းေနတာလား မသိခ်င္ဘူး ခ်စ္လည္း မခ်စ္ဘူး၊ တိုင္း ဆီ မလာေနေတာ့နဲ႔ တသက္လံုး
သု smsကို ဖတ္ၾကည့္ရင္း ၿပံဳးလိုက္မိသည္။ ေသခ်ာပါၿပီ ဒီကေလးေလး စိတ္ေကာက္ေနၿပီ ဆိုတာကို။ သု သူမရဲ႕ အသံနြဲ႕နြဲ႕ေလးကို ၾကားခ်င္၍ ဖုန္းသာေခၚမိလိုက္သည္။
"ဟဲလို..."
ဖုန္းထဲက အသံ ပိစိေလးက အသည္းယားစရာေကာင္းလွသည္။
"ကေလး ..ထမင္းေရာ စားၿပီးၿပီလား ေဆးေရာ ေသာက္ၿပီၿပီလား
အခုေရာ ဘာလုပ္ေနလဲ..."
တဖက္ကျပန္ေျဖသံကို ေတာ္ေတာ္နဲ႔ မၾကားလိုက္ရပါ။ ေလသံ တိုးတိုးေလးက ခဏတာ အၾကာမွေတာ့ ထြက္ေပၚလာသည္။
"ေမးခြန္းေတြ မ်ားလိုက္တာ ဘယ္က စ ေျဖရမွာလဲ.."
"အစက ေျဖေလ.."
"မေျဖခ်င္ဘူး မအားဘူးမလား ဒါပဲ တိုင္းဖုန္းခ်လိုက္ေတာ့မယ္.."
ေျပာေျပာဆိုဆို ဖုန္းခ်သြားေသာ ထိုကေလးစုတ္ကို မေက်နပ္လွပါ။
လူက အလုပ္ေတြမ်ားေနလို႔ ပင္ပန္းတာ သူ႔အသံေလးၾကားခ်င္ပါတယ္ဆ္ုိ လူကို ကလန္ကဆန္ေျပာၿပီး ဖုန္းခ်သြားတာ။ မနက္မွပဲ အတိုးခ်ကာ ေခ်ာ့ရေတာ့မည္။ဒီေန႔ေတာ့ ည အလင္းေပါက္ပဲ သြားမည္ထင္ပါရဲ႕။
______________
လူကလည္း သိပ္မလန္းခ်င္၊ အစထဲက ေနမေကာင္းလို႔ ညိဳးနြမ္းနြမ္းျဖစ္ေနေပမယ့္ အခုလို Club သြားရေတာ့လည္း ေပ်ာ္စရာေကာင္းသား၊ သို႔ေသာ္လည္း တိုင္းစိတ္က အလုပ္မ်ားသူ မ ဆီမွာသာ။
ေနနိုင္လိုက္တာ တိုင္းကိူ ခ်စ္တယ္ တဖြဖြေျပာၿပီး ပစ္ထားတာလဲသူ ။ မုန္းလိုက္တာ ။
"ေဟ့ တိုင္း....ဘယ္လိုလဲ ေနေကာင္းသြားၿပီလား.."
"အြန္း ..."
ေမနဲ႔ သူမ ရဲ႕ ေကာင္ေလး တစ္သိုက္က ေရာက္ခ်လာသည္။
ေယာက်ာၤေလး တရံုးရံုးနဲ႔ ေမ့ကို လည္း အရင္လို သိပ္မခင္ခ်င္ေတာ့ပါ။ ၿပီးေတာ့ ထိုအထဲက ခပ္ေျဖာင့္ေျဖာင့္ လူတစ္ေယာက္က တိုင္းအနားကပ္လာကာ စတင္ ဖြန္ေၾကာင္ပါေတာ့သည္။
"ခင္လို႔ရမလား...ေဘဘီ.."
"ရပါတယ္..."
တိုင္း ထိုအခ်ိန္မွာ ဖုန္းထဲက မရဲ႕ SMSေလးကို ေမ်ွာ္ေနမိတာ မလိမ္ခ်င္ပါ။ ေမ်ွာ္ရက်္ိုးနပ္သည္ပဲ ေျပာရမလား မဆီက စာတစ္ေစာင္ ဝင္လာခဲ့သည္။ တိုင္း ၿပံဳးလိုက္ေပမယ့္ မကိုစိတ္ဆိုး မေျပခ်င္ေသးပါ။ ထို႔ေၾကာင့္ ေမးလာသမ်ွကို ခပ္႐ြဲ႕႐ြဲ႕သာ ေျဖလိုက္မိေတာ့ မဆီက ဖုန္းဝင္လာခဲ့သည္။
"ခဏေနာ္..."
ေဘးက ေမ့ကို ေျပာကာ ဖုန္းေျပာရန္ Toiletသို႔ အျမန္သြားလိုက္မိသည္။
"ေမးခြန္းေတြက မ်ားလိုက္တာ ဘယ္က စေျဖရမွာလဲ...
မေျဖခ်င္ဘူး မအားဖူးမလား ဒါပဲ ဖုန္းခ်လိုက္ေတာ့မယ္.."
ဖုန္းကိူ ခ်လ္ိုက္ေပမယ့္ တိုင္း မရဲ႕ စကားသံေလးကို ၾကားခ်င္ေသးသည္။ ဒီအတိုင္းပဲ အျပင္ထြက္လာခဲ့ကာ ဝီစကီတစ္ခြက္ကို ကုန္ေအာင္ တိုင္း ေမာ့ေသာက္မိလိုက္သည္။ တိုင္းသာ ဒီအခ်ိန္ Clubမွာ ဆ္ုိတာ မ သိရင္ အရမ္းစိတ္ပူေနမွာ ေသခ်ာတယ္
စိတ္ပူလည္း သူက တိုင္းကို အစထဲက ဂရုမွ မစိုက္တာ၊ ျပစ္ထားတာလဲ နွစ္ရက္ႀကီး ၊ မကို အ႐ြဲ႕တ္ုိက္ကာ မေကာင္းတာ မွန္သမ်ွ အကုန္လုပ္ပစ္ခ်င္ေတာ့သည္။
"ေဟး ...ေမ ...ေဘဘီေလးကေတာ့ ေမွာက္ေနၿပီ.."
ေမ မ်က္နွာကိ ႐ြဲ႕ကာ ၿပံဳးမိလိုက္သည္။ ၿပီးေတာ့ တိုင္းကို ၾကည့္ကာ စိတ္ထဲက ေျပာမိလိုက္တယ္၊ 'တိုင္းရယ္ ..ယူက တို႔ကိုမွ မခ်စ္တာ ...မစားရတဲ့ အမဲ သဲနဲ႔ ပက္တယ္ပဲေျပာေျပာ၊ ယူ အရမ္းခ်စ္တဲ့ မသုနႈိင္းသ်ွင္ကို ေမ အရမ္းမုန္းတာပဲ ၊ မသုနႈိင္းသ်ွင္ခံစားရတာကို ေမ ျမင္ခ်င္တယ္..'တို႔ကို ခြင့္လႊတ္ပါ တိုင္းရယ္.."
"အြန္း ေဒးဗစ္....တို႔ကေလးေလး ကို ဒီည အေဖာ္လုပ္ေပးလိုက္ပါေနာ္ ..သူေလးက အခ်စ္ေတြလိုေနတာ.."
"ဟုတ္ပါၿပီ ..ေမရဲ႕ သူငယ္ခ်င္း ေပ်ာ္ေစရမယ္ တို႔အာမခံပါတယ္"
"ေနခဲ့ေတာ့ေနာ္ "
ေမ တစ္ေယာက္ တိုင္းရဲ႕ ပါးကိူ ခပ္ဖြဖြ ညစ္ကာေျပာလိုက္ၿပီး ေကာင္ေလးတစ္ေယာက္ရဲ႕ လက္ကို တြဲကာ ထြက္သြားခဲ့သည္။
"Hotel သြားၾကရေအာင္ေနာ္ ေဘဘီ.."
"ဟင့္အင္း မသြားဘူး ငါ့ကို အိမ္ျပန္လိုက္ပို႔ေပး
ေမေရ ...ေမေရာဟင္....နင္က ဘယ္သူလဲ.."
မူးၿပီး မပီကလာပီကလာေျပာေနေသာ စကားေတြက ေဒးဗစ္ကို ပိုၿပီး စြဲေဆာင္ေနသေယာင္ေယာင္ပင္။ တိုင္းရဲ႕ လြင့္ေနေသာ ဆံနြယ္ေတြကို သူက နား႐ြက္အေနာက္ ညႇပ္ေပးသည္။ ၿပီးေတာ့ တိုင္းကိူ စ္တ္ပ်က္စရာေကာင္းတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ျပန္သည္။
"အဟက္🤨🤨🤨🤨...."
တိုင္း ရီလိုက္ကာ သူရဲ႕ လက္ေတြကို ခပ္ျပင္းျပင္း ခါခ်လိုက္သည္။
"နင္က ဘာေကာင္လဲ . ငါ့ဆံနြယ္ေတြက မ တစ္ေယာက္ထဲကိုင္ဖို႔.
မထိနဲ႔ သြား......."
"ဟားဗ်ာ....ဒီမွာ မဆိုတာေတာ့ မရွိဘူး ကိုႀကီးပဲ ရွိတယ္ ေဘဘီ
ေဘဘီကို ေပ်ာ္ေစရမယ္ဆိုတာ အာမခံတယ္ ကိုၿကီးနဲ႔ လိုက္ခဲ့ပါကြာ..."
တိုင္း ရီလိုက္ၿပီး စားပြဲေပၚေမွာက္အိ္ပ္ေနမိသည္။ ေခါင္းထဲက ရီေဝေဝနဲ႔ အိပ္ခ်င္တာပဲ သိေနေတာ့သည္။ တိူင္း အိပ္ေနတာကို လာေနွာက္ယွက္တဲ့ သူက ရန္သူပဲဟု သတ္မွက္ကာ ေမွာက္အိပ္လိုက္သည္။
"ေဘဘီ ထပါကြာ..."
ထို႔လူရဲ႕ လက္ေတြက တ္ုိင္းရဲ႕ ခါးကို လာဖက္ေတာ့ တိုင္း ထရပ္လိုက္ကာ သူ႔ရဲ႕ပါးကို ခပ္ျပင္းျပင္းရိုက္လိုက္မိသည္။
"ျဖန္း...!"
"မင္း ဘာလုပ္တာလဲ..ေတာက္ ..ငါ့အသားက္ုိ မထိနဲ႔ကြ..."
တိုင္းရဲ႕ ပါးစပ္ကို လက္ကိုင္ပဝါနဲ႔ အုပ္လိုက္ေတာ့ တိုင္း မူးေဝစြာ
သတိေမ့သြားေတာ့သည္။
"ဟာ ေစာက္ေကာင္မ တကယ္မန္ုိင္တာပဲ..."
______________________
နာရီ လက္တံကို ၾကည့္လိုက္ေတာ့ ည 11နာရီ၊
"ဟူး စာရင္းေတြက အလြဲေတြပဲ...ေအး မနက္မွ ဆူလိုက္အံုးမယ္..."
Companyမွာ အေစာင့္ဦးေလးႀကီးနွစ္ေယာက္နွင့္ အေရာင္းcounterမွာ ေကာင္မေလး သံုးေယာက္ ရံုးမဆင္းေသးပါ။ ထို႔ေၾကာင့္ သုလည္း တိုင္းဆီကို SMS ပို႔လိုက္ျပန္ေသးသည္။
ဒီအခ်ိန္ ကေလး အိပ္ေလာက္ၿပီလား၊ ဒါမွ မဟုတ္ သူ႔ေမေမနဲ႔
TV ၾကည့္ေနတုန္းပဲလား၊ လြမ္းလိုက္တာ မရဲ႕ကေလးေလးရယ္
📲ကေလးေရ မေလ အလုပ္ေတြ အရမ္းပင္ပန္းတာပဲ
အခုအခ်ိန္ ကေလးေလးကိူ ေတြ႕လိုက္ရရင္ မေလ အေမာေျပသြားမွာ သိလား ..ကေလးရဲ႕ အိမ္ကို လာခဲ့ရမလား အခ်ိန္က ေနာက္က်ေနေပမယ့္ ကေလးရဲ႕ ရင္ခြင္ထဲမွာ အိပ္ခ်င္လို႔
messageေလးကို ၾကည့္ကာ ပီတိေဝေနေပမယ့္ replyက အေတာ္ၾကာတဲ့ အထိေပၚမလာပါ။ အခ်ိန္ၾကည့္လိုက္ေတာ့ ည 11:25။ေအာ္ အိပ္သြားၿပီ လား ဟုေတြးကာ သု ဖုန္းကို ျပန္ခ်ထားကာ စာရင္းကို ျပန္စစ္ေနမိသည္။
📲🎼အိ္မ္မွာ နင္ရွိလို႔ ရွိမွန္းမသိ ဘယ္ဆီေရာက္လို႔ ေရာက္မွန္းလဲ မသိ"
သုရဲ႕ ဖုန္း ဝင္လာသည္မို႔ အျမန္ဖြင့္ကာ ၾကည့္လိုက္ေတာ့"အန္တီေမ" လို႔ ေတြ႕ရသည္။ သုလည္း အျမန္ကိုင္လိုက္ေတာ့ အန္တီေမ့ရဲ႕ တုန္ရီေနတဲ့ အသံကို ၾကားရသည္။
"ဟုတ္ အန္တီေမ ဘာျဖစ္လို႔လဲဟင္..."
"တိုင္းေလ သမီး...ညေန 6နာရီထဲက သူ႔သူငယ္ခ်င္း ေကာင္မေလး လာေခၚသြားတာ ဖုန္းဆက္လို႔ မရလို႔...ဆက္ၾကည့္ပါအံုး သုရယ္ အန္တီ ျဖစ္ေလ စိတ္ေတြပူလိုက္တာ..."
"ဟုတ္ အန္တီေမ သမီး ဆက္ၾကည့္ပါ့မယ္ ..ဘာမွ စိတ္မပူပါနဲ"
ကေလးရယ္၊ မက အိမ္မွာ ထင္ေနတာ။ သူငယ္ခ်င္းေတြနဲ႔ Night out ထြက္သြားတာလား၊ ဟူး အခုအခ်ိန္ထိ ဘာေတြ လုပ္ေနရတာလဲ ၊ မဆီကို လည္း reply မျပန္ဘူးလား။ ဒါမွ မဟုတ္ တစ္ခုခုမ်ား ျဖစ္ေနတာလား၊
သုလည္း Laptopကို အျမန္ပိတ္ကာ ဖုန္းနွင့္ လက္ဆြဲအိတ္ယူၿပီး အခန္းထဲက အျမန္ထြက္ကာ ကားပါကင္ကို အျမန္သြားလိုက္သည္။
ညေန အခ်ိန္ 11:45။ သု အရမ္းစိတ္ပူစြာပဲ ကားကို အရွိန္တင္ကာ
Club ကို ေမာင္းလာခဲ့သည္။ သု ေခၚေနခဲ့ေသာ တိုင္းဆီသို႔ အဝင္call ေလးက 'ဆက္သြယ္မႈ ဧရိယာျပင္ပ" တဲ့။
#tbc🍁
ေနာက္တစ္ပိုင္းဆို ဇာတ္သိမ္းပါၿပီေနာ္
Unicode_
ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(21)
************************************
"ပြန်တော့လေ မိုးချုပ်နေပြီ.."
သု ပြုံးကာပဲ သူမရဲ့ လက်လေးကို ဆွဲယူကာ ဆေးထည့်ပေးလိုက်တယ်။ ဆေးရုံက ဆင်းတာ တပတ်ကြာတဲ့ အချိန်မှာ တိုင်းရဲ့ ဒဏ်ရာက သက်သာလာပေမယ့် အမြဲ ငိုင်နေသည့် ပုံစံက သု့ကို စိတ်မကောင်းဖြစ်စေသည်။။တခါတခါ ဘာမှ မပြောဘဲ နံရံတွေကို ငေးနေတတ်ပြန်သည်။
"တိုင်း...."
ခပ်ဖွဖွ ခေါ်လိုက်တော့ ငုံ့ထားတဲ့ သူမရဲ့ခေါင်းလေးမော့ကာ သု့ကို ကြည့်သည်။ မျက်ဝန်းတွေ သူမ မျက်ဝန်းတွေမှာ စိုးရမ်စိတ်အရိပ်အယောင်တွေ ပါနေသည်။
"လာပါအုံးကလေးရယ်..."
သု လက်နှစ်ဖက်ကို ဆန့်တန်းကာ နေတော့ သူမက အလိုက်ထိုက် သု့ရဲ့ ရင်ခွင်လေးထဲ ဝင်လာသည်။ သူမရဲ့ ကိုယ်လေးက သု့ကို နွေးထွေးစေသလို သူမ ခံစားနေရတာတွေကိုလည်း သု သက်သာစေချင်တယ်။ Shampooရနံသင်းနေသော ခေါင်းလုံးလုံးလေးကို သု အသာလေး ဖိကပ်နမ်းလိုက်သည်။
"ဘာတွေဖြစ်နေတာလဲဟင်...မကို ဘာလို့ စကားသိပ်မပြောရတာလား ပြန်တော့လေ လို့မနှင်ပါနဲ့လား မက ကလေးနဲ့ နေ့ရက်တိုင်း အတူရှိချင်တာ ..."
သုရဲ့ ရင်ခွင်ထဲကနေ ထရပ်ကာ ပြတင်းပေါက်ဘက်ကို သူမက ငေးနေပြန်တယ်။ ပြီးတော့ သူမရဲ့ ဘောင်းဘီ အိတ်ကပ်ထဲက စီးကရက်ကို ထုတ်ကာ သူမက ပြုံးနေပြန်တယ်။
"မ သိလား....တိုင်းလေ အစက ဆေးလိပ်မသောက်တော့ဘူးဆိုပြီးတော့..."
"အခုရော...အခုလည်း မသောက်ပါနဲ့လားဟင်.."
"တိုင်း ခံစားနေရတာတွေကို ဒီစီးကရက်ပဲ ဖြေဖျောက်နိုင်မှာ.."
"ဟင်...ဘာတွေ ခံစားနေရလို့လဲ တိုင်းရယ်..အခု မင်းမှာ မ လည်း ရှိနေပြီလေ..."
သူမက ခပ်ဖွဖွ ရီရင်း ဆေးလိပ်ကို မီးညှိ့ကာ ရှုရှိုက်လိုက်သည်။ ပြီးတော့ မီးခိုးတွေကို မှုတ်ထုတ်လိုက်သော အခန်းထဲက လေထုကို အကျည်းတန်စေ လိုက်တာ။ သု ဘယ်လိုမှ နားမလည်နိုင်သော လူသားထဲတွင် တိုင်း လည်း ဝင်ရောက်လာခဲ့ပြီ။
"တိုင်းတွေးမိတယ်...
ခင်ဗျားက ဘယ်အချိန် တိုင်းဘဝ ထဲက ထွက်သွားမှာမှန်းကြိုမသိနိုင်ဘူးလေ တိုင်းလေ ခင်ဗျားကို အရမ်းမကပ်တွယ်သင့်ဘူးမလား."
ပြောရင်းဆိုရင်း သူမရဲ့ လက်ထဲက စီးကရက်ကို မြှောက်ကြည့်ကာ သူမက ပြောသည်။
"ဟော့ဒီ ဆေးလိပ်လေးတွေက တိုင်းဘေးမှာ အမြဲ ရှိမှာ.."
သု ဘာမှ မဖြစ်လောက်ပါဘူးဟု ပေါ့ပေါ့ဆဆ တွေးလိုက်တဲ့ ကိစ္စလေးက သူမကို အရမ်းထိ်ိခိုက်သွားခဲ့တာလား။နာကျင်ရတယ်၊ မလေ ကလေးကို အရမ်းချစ်မိလို့ အရမ်းနာကျင်နေရပြီ။
"ပြန်ချင်ရင် ပြန်တော့လေ....ပြီးတော့ တိုင်းဘေးမှာ အမြဲရှိနေစရာမလိုဘူး..ခင်ဗျားရဲ့ အလုပ်တွေကို ပစ်ထားပြီးတော့လေ.."
"တို့အတွက် ကလေးလောက် အလုပ်က ဘယ်အရေးကြီးမလဲ တိုင်းရယ်..မကို အဲ့လို မဆက်ဆံပါနဲ့..."
တိတ်ဆိတ်မှုက သုတို့နှစ်ယောက်ကြား အတော်တန်စွာ ကြီးစိုးသွားပြန်တယ်။ ထို တိတ်ဆိတ်နေသော နံရံလေးကို ဖြိုခွဲရန် သု ဘက်က ပဲ စကာ လဲအိပ်နေသော သူမရဲ့ဘေးကနေ ခါးလေးကို ခပ်ဖွဖွ ဖက်လိုက်တော့ သူမကိုယ်လေး တစ်ချက်တွန့်သွားသည်။
"တိုင်းရယ် မလေ မင်းကို သိပ်ချစ်တယ်..."
သုရဲ့ သူမရဲ နောက်ကျောကနေပဲ သူမရဲ့ကျောပြင်လေးမှာ ပါးလေး အပ်ပြီး အိပ်ပျော်သွားခဲ့သည်။ အရာအားလုံး အဆင်ပြေပြီဆိုပြီးတော့လေ။
_________________
"ခတ်ရေ .အခုတလော ရုံးတတ်ရက်တွေ အရမ်းပျက်နေလို့
ဘုတ်အဖွဲ့ကဘာပြောသေးလဲ ညီမလေး.."
"ညနေ အစည်းအဝေးလုပ်ရမယ်ထင်တယ် မမ..သူတို့တွေ နည်းနည်း မကျေနပ်ဖြစ်နေကြတယ်.."
သုလည်း နှစ်ပတ်လောက် companyက ပျောက်သွားတာ အလုပ်မှာ အပြောခံရမှာ ကျိန်းသေသည်။ သို့သော်လည်း အမှားလုပ်ထားတာက မိမိကိုယ်တိုင်မို့ တောင်းပန်ဖို့သာ ပြင်ဆင်ရတော့မည်။
"မမ ...ဒါက အရောင်းစာရင်းပါ.ညီမတို့ Companyရဲ့ ပစ္စည်းသစ်ကို ကြိုက်တဲ့သူ များတယ်မမ .."
ခေတ် ပြသော ဖိုင်တွဲကို ယူကြည့်ပြီး သု ယူကြည့်ပြီး ကိုယ်ကိုတိုင်ပါ စိတ်ကျေနပ်ရသည်။
"လက်မှတ်ထိုးပေးပါအုံး မမ.."
"အွန်း ...အော် ဒါနဲ့ အရောင်စင်တာမှာ ဝန်ထမ်းအသစ်မိန်းကလေးနှစ်ယောက်လောက် အလိုရှိသည်လို့ ခတ်က ကြေငြာပေးလိုက်ပါအုံး"
"ဟုတ် မမ.."
ဖိုင်တွဲကို ခေတ်အား လှမ်းပေးလိုက်ပြီး သု တစ်ယောက် အပြင်ကိုပဲ ငေးနေမိသည်။ အခုအချိန်ဆို တိုင်းဘာတွေများ လုပ်နေမှာလဲ ဟု တွေးမိတော့ ရင်ဘက်ထဲက နွေးသွားရသည်။
"ဟိုလေ ...မမသု.."
တွေးနေ ငေးနေတာများက ခေတ်ရဲ့ စကားကြောင့် ရပ်သွားခဲ့သည်။
"အော် ပြောလေ ခတ်.."
"ခတ် လေ ညနေ ရုံးအစောဆင်းလို့ရလား မမ..
ခတ်ရဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲ ရှိလို့."
"ရပါတယ် ခတ်ရယ်....companyအတွက် မမ မရှိတဲ့ရက်တွေမှာ ခတ်လည်း ပင်ပန်းထားတာပဲလေ."
"ဟီး ကျေးဇူးပါ မမ.."
ခတ်အပြင်ထွက်သွားသော သု တစ်ယောက် မပြန်သေးပဲ ဖိုင်တွဲတွေသာ စစ်နေမိသည်။ အကြီးအကဲတစ်ယောက်က တာဝန်လစ်ဟင်းလို့ ပြန်ပေးဆပ်ရမည်ဟု တွေးကာ ဖိုင်တွဲ တစ်ထပ်ကိုသာ စာရင်းကိုက်ညီဖို့ သု ပြင်ဆင်ရတော့သည်။ ဒီညတော့ အိမ်ပြန်နောက်ကျတော့မှာပဲလား၊ တိုင်းရဲ့ လက်က ဒဏ်ရာက အတော်လေး သက်သာနေသလို သုလည်း သူမရဲ့ အိမ် မသွားဖြစ်တာ နှစ်ရက်ရှိလေပြီ။ အလုပ်တွေ များနေလို့ မလာနိုင်တာ စိတ်ဆိူးနေမလားဟုတွေးမိပြီး ဖုန်းကို ကိူင်လိုက်ကာ SMS ပိူ့လိုက်မိသည်။
📲ကလေးဘာလုပ်နေလဲ 🤨🤨ဆေးရော သောက်ရဲ့လား
လွမ်းနေပြီကွာ သိရဲ့လား ချစ်တယ် မရဲ့ကလေးလေး
SMSလေးကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း သု ပြုံးလိုက်မိသည်။ ဖုန်းလေးကို အသာအယာပိတ်ကာ ဖိုင်ကို ကိုင်လိုက်တော့ Reply ဝင်လာခဲ့သည်။
📱ဘာမှ မလုပ်ဘူး ၊ ဆေးလည်း မသောက်ဘူး။ လွမ်းနေတာလား မသိချင်ဘူး ချစ်လည်း မချစ်ဘူး၊ တိုင်း ဆီ မလာနေတော့နဲ့ တသက်လုံး
သု smsကို ဖတ်ကြည့်ရင်း ပြုံးလိုက်မိသည်။ သေချာပါပြီ ဒီကလေးလေး စိတ်ကောက်နေပြီ ဆိုတာကို။ သု သူမရဲ့ အသံနွဲ့နွဲ့လေးကို ကြားချင်၍ ဖုန်းသာခေါ်မိလိုက်သည်။
"ဟဲလို..."
ဖုန်းထဲက အသံ ပိစိလေးက အသည်းယားစရာကောင်းလှသည်။
"ကလေး ..ထမင်းရော စားပြီးပြီလား ဆေးရော သောက်ပြီပြီလား
အခုရော ဘာလုပ်နေလဲ..."
တဖက်ကပြန်ဖြေသံကို တော်တော်နဲ့ မကြားလိုက်ရပါ။ လေသံ တိုးတိုးလေးက ခဏတာ အကြာမှတော့ ထွက်ပေါ်လာသည်။
"မေးခွန်းတွေ များလိုက်တာ ဘယ်က စ ဖြေရမှာလဲ.."
"အစက ဖြေလေ.."
"မဖြေချင်ဘူး မအားဘူးမလား ဒါပဲ တိုင်းဖုန်းချလိုက်တော့မယ်.."
ပြောပြောဆိုဆို ဖုန်းချသွားသော ထိုကလေးစုတ်ကို မကျေနပ်လှပါ။
လူက အလုပ်တွေများနေလို့ ပင်ပန်းတာ သူ့အသံလေးကြားချင်ပါတယ်ဆ်ို လူကို ကလန်ကဆန်ပြောပြီး ဖုန်းချသွားတာ။ မနက်မှပဲ အတိုးချကာ ချော့ရတော့မည်။ဒီနေ့တော့ ည အလင်းပေါက်ပဲ သွားမည်ထင်ပါရဲ့။
______________
လူကလည်း သိပ်မလန်းချင်၊ အစထဲက နေမကောင်းလို့ ညိုးနွမ်းနွမ်းဖြစ်နေပေမယ့် အခုလို Club သွားရတော့လည်း ပျော်စရာကောင်းသား၊ သို့သော်လည်း တိုင်းစိတ်က အလုပ်များသူ မ ဆီမှာသာ။
နေနိုင်လိုက်တာ တိုင်းကိူ ချစ်တယ် တဖွဖွပြောပြီး ပစ်ထားတာလဲသူ ။ မုန်းလိုက်တာ ။
"ဟေ့ တိုင်း....ဘယ်လိုလဲ နေကောင်းသွားပြီလား.."
"အွန်း ..."
မေနဲ့ သူမ ရဲ့ ကောင်လေး တစ်သိုက်က ရောက်ချလာသည်။
ယောကျာင်္လေး တရုံးရုံးနဲ့ မေ့ကို လည်း အရင်လို သိပ်မခင်ချင်တော့ပါ။ ပြီးတော့ ထိုအထဲက ခပ်ဖြောင့်ဖြောင့် လူတစ်ယောက်က တိုင်းအနားကပ်လာကာ စတင် ဖွန်ကြောင်ပါတော့သည်။
"ခင်လို့ရမလား...ဘေဘီ.."
"ရပါတယ်..."
တိုင်း ထိုအချိန်မှာ ဖုန်းထဲက မရဲ့ SMSလေးကို မျှော်နေမိတာ မလိမ်ချင်ပါ။ မျှော်ရက်ျိုးနပ်သည်ပဲ ပြောရမလား မဆီက စာတစ်စောင် ဝင်လာခဲ့သည်။ တိုင်း ပြုံးလိုက်ပေမယ့် မကိုစိတ်ဆိုး မပြေချင်သေးပါ။ ထို့ကြောင့် မေးလာသမျှကို ခပ်ရွဲ့ရွဲ့သာ ဖြေလိုက်မိတော့ မဆီက ဖုန်းဝင်လာခဲ့သည်။
"ခဏနော်..."
ဘေးက မေ့ကို ပြောကာ ဖုန်းပြောရန် Toiletသို့ အမြန်သွားလိုက်မိသည်။
"မေးခွန်းတွေက များလိုက်တာ ဘယ်က စဖြေရမှာလဲ...
မဖြေချင်ဘူး မအားဖူးမလား ဒါပဲ ဖုန်းချလိုက်တော့မယ်.."
ဖုန်းကိူ ချလ်ိုက်ပေမယ့် တိုင်း မရဲ့ စကားသံလေးကို ကြားချင်သေးသည်။ ဒီအတိုင်းပဲ အပြင်ထွက်လာခဲ့ကာ ဝီစကီတစ်ခွက်ကို ကုန်အောင် တိုင်း မော့သောက်မိလိုက်သည်။ တိုင်းသာ ဒီအချိန် Clubမှာ ဆ်ိုတာ မ သိရင် အရမ်းစိတ်ပူနေမှာ သေချာတယ်
စိတ်ပူလည်း သူက တိုင်းကို အစထဲက ဂရုမှ မစိုက်တာ၊ ပြစ်ထားတာလဲ နှစ်ရက်ကြီး ၊ မကို အရွဲ့တ်ိုက်ကာ မကောင်းတာ မှန်သမျှ အကုန်လုပ်ပစ်ချင်တော့သည်။
"ဟေး ...မေ ...ဘေဘီလေးကတော့ မှောက်နေပြီ.."
မေ မျက်နှာကိ ရွဲ့ကာ ပြုံးမိလိုက်သည်။ ပြီးတော့ တိုင်းကို ကြည့်ကာ စိတ်ထဲက ပြောမိလိုက်တယ်၊ 'တိုင်းရယ် ..ယူက တို့ကိုမှ မချစ်တာ ...မစားရတဲ့ အမဲ သဲနဲ့ ပက်တယ်ပဲပြောပြော၊ ယူ အရမ်းချစ်တဲ့ မသုနှိုင်းသျှင်ကို မေ အရမ်းမုန်းတာပဲ ၊ မသုနှိုင်းသျှင်ခံစားရတာကို မေ မြင်ချင်တယ်..'တို့ကို ခွင့်လွှတ်ပါ တိုင်းရယ်.."
"အွန်း ဒေးဗစ်....တို့ကလေးလေး ကို ဒီည အဖော်လုပ်ပေးလိုက်ပါနော် ..သူလေးက အချစ်တွေလိုနေတာ.."
"ဟုတ်ပါပြီ ..မေရဲ့ သူငယ်ချင်း ပျော်စေရမယ် တို့အာမခံပါတယ်"
"နေခဲ့တော့နော် "
မေ တစ်ယောက် တိုင်းရဲ့ ပါးကိူ ခပ်ဖွဖွ ညစ်ကာပြောလိုက်ပြီး ကောင်လေးတစ်ယောက်ရဲ့ လက်ကို တွဲကာ ထွက်သွားခဲ့သည်။
"Hotel သွားကြရအောင်နော် ဘေဘီ.."
"ဟင့်အင်း မသွားဘူး ငါ့ကို အိမ်ပြန်လိုက်ပို့ပေး
မေရေ ...မေရောဟင်....နင်က ဘယ်သူလဲ.."
မူးပြီး မပီကလာပီကလာပြောနေသော စကားတွေက ဒေးဗစ်ကို ပိုပြီး စွဲဆောင်နေသယောင်ယောင်ပင်။ တိုင်းရဲ့ လွင့်နေသော ဆံနွယ်တွေကို သူက နားရွက်အနောက် ညှပ်ပေးသည်။ ပြီးတော့ တိုင်းကိူ စ်တ်ပျက်စရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်ပြန်သည်။
"အဟက်🤨🤨🤨🤨...."
တိုင်း ရီလိုက်ကာ သူရဲ့ လက်တွေကို ခပ်ပြင်းပြင်း ခါချလိုက်သည်။
"နင်က ဘာကောင်လဲ . ငါ့ဆံနွယ်တွေက မ တစ်ယောက်ထဲကိုင်ဖို့.
မထိနဲ့ သွား......."
"ဟားဗျာ....ဒီမှာ မဆိုတာတော့ မရှိဘူး ကိုကြီးပဲ ရှိတယ် ဘေဘီ
ဘေဘီကို ပျော်စေရမယ်ဆိုတာ အာမခံတယ် ကိုကြီးနဲ့ လိုက်ခဲ့ပါကွာ..."
တိုင်း ရီလိုက်ပြီး စားပွဲပေါ်မှောက်အ်ိပ်နေမိသည်။ ခေါင်းထဲက ရီဝေဝေနဲ့ အိပ်ချင်တာပဲ သိနေတော့သည်။ တိူင်း အိပ်နေတာကို လာနှောက်ယှက်တဲ့ သူက ရန်သူပဲဟု သတ်မှက်ကာ မှောက်အိပ်လိုက်သည်။
"ဘေဘီ ထပါကွာ..."
ထို့လူရဲ့ လက်တွေက တ်ိုင်းရဲ့ ခါးကို လာဖက်တော့ တိုင်း ထရပ်လိုက်ကာ သူ့ရဲ့ပါးကို ခပ်ပြင်းပြင်းရိုက်လိုက်မိသည်။
"ဖြန်း...!"
"မင်း ဘာလုပ်တာလဲ..တောက် ..ငါ့အသားက်ို မထိနဲ့ကွ..."
တိုင်းရဲ့ ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်လိုက်တော့ တိုင်း မူးဝေစွာ
သတိမေ့သွားတော့သည်။
"ဟာ စောက်ကောင်မ တကယ်မန်ိုင်တာပဲ..."
______________________
နာရီ လက်တံကို ကြည့်လိုက်တော့ ည 11နာရီ၊
"ဟူး စာရင်းတွေက အလွဲတွေပဲ...အေး မနက်မှ ဆူလိုက်အုံးမယ်..."
Companyမှာ အစောင့်ဦးလေးကြီးနှစ်ယောက်နှင့် အရောင်းcounterမှာ ကောင်မလေး သုံးယောက် ရုံးမဆင်းသေးပါ။ ထို့ကြောင့် သုလည်း တိုင်းဆီကို SMS ပို့လိုက်ပြန်သေးသည်။
ဒီအချိန် ကလေး အိပ်လောက်ပြီလား၊ ဒါမှ မဟုတ် သူ့မေမေနဲ့
TV ကြည့်နေတုန်းပဲလား၊ လွမ်းလိုက်တာ မရဲ့ကလေးလေးရယ်
📲ကလေးရေ မလေ အလုပ်တွေ အရမ်းပင်ပန်းတာပဲ
အခုအချိန် ကလေးလေးကိူ တွေ့လိုက်ရရင် မလေ အမောပြေသွားမှာ သိလား ..ကလေးရဲ့ အိမ်ကို လာခဲ့ရမလား အချိန်က နောက်ကျနေပေမယ့် ကလေးရဲ့ ရင်ခွင်ထဲမှာ အိပ်ချင်လို့
messageလေးကို ကြည့်ကာ ပီတိဝေနေပေမယ့် replyက အတော်ကြာတဲ့ အထိပေါ်မလာပါ။ အချိန်ကြည့်လိုက်တော့ ည 11:25။အော် အိပ်သွားပြီ လား ဟုတွေးကာ သု ဖုန်းကို ပြန်ချထားကာ စာရင်းကို ပြန်စစ်နေမိသည်။
📲🎼အ်ိမ်မှာ နင်ရှိလို့ ရှိမှန်းမသိ ဘယ်ဆီရောက်လို့ ရောက်မှန်းလဲ မသိ"
သုရဲ့ ဖုန်း ဝင်လာသည်မို့ အမြန်ဖွင့်ကာ ကြည့်လိုက်တော့"အန်တီမေ" လို့ တွေ့ရသည်။ သုလည်း အမြန်ကိုင်လိုက်တော့ အန်တီမေ့ရဲ့ တုန်ရီနေတဲ့ အသံကို ကြားရသည်။
"ဟုတ် အန်တီမေ ဘာဖြစ်လို့လဲဟင်..."
"တိုင်းလေ သမီး...ညနေ 6နာရီထဲက သူ့သူငယ်ချင်း ကောင်မလေး လာခေါ်သွားတာ ဖုန်းဆက်လို့ မရလို့...ဆက်ကြည့်ပါအုံး သုရယ် အန်တီ ဖြစ်လေ စိတ်တွေပူလိုက်တာ..."
"ဟုတ် အန်တီမေ သမီး ဆက်ကြည့်ပါ့မယ် ..ဘာမှ စိတ်မပူပါနဲ"
ကလေးရယ်၊ မက အိမ်မှာ ထင်နေတာ။ သူငယ်ချင်းတွေနဲ့ Night out ထွက်သွားတာလား၊ ဟူး အခုအချိန်ထိ ဘာတွေ လုပ်နေရတာလဲ ၊ မဆီကို လည်း reply မပြန်ဘူးလား။ ဒါမှ မဟုတ် တစ်ခုခုများ ဖြစ်နေတာလား၊
သုလည်း Laptopကို အမြန်ပိတ်ကာ ဖုန်းနှင့် လက်ဆွဲအိတ်ယူပြီး အခန်းထဲက အမြန်ထွက်ကာ ကားပါကင်ကို အမြန်သွားလိုက်သည်။
ညနေ အချိန် 11:45။ သု အရမ်းစိတ်ပူစွာပဲ ကားကို အရှိန်တင်ကာ
Club ကို မောင်းလာခဲ့သည်။ သု ခေါ်နေခဲ့သော တိုင်းဆီသို့ အဝင်call လေးက 'ဆက်သွယ်မှု ဧရိယာပြင်ပ" တဲ့။
#tbc🍁
နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီနော်