" သခင္ေလးႀကိဳက္တဲ့ ေရညႇိထမင္းလိပ္လုပ္ထားလို႔
ေန႔လည္စာစားရေအာင္ ဗူးေလးနဲ႔ထည့္ေပးလိုက္
မယ္ေနာ္ "
" မထည့္နဲ႔ေတာ့ စားဖိုမႈးႀကီး
ကြၽန္ေတာ္ဒီေန႔ ရံုးမွာခဏပဲေနမွာ "
ေရွာင္းက်န္႔က ထမင္းစားခန္းထဲမွာ မနက္စာစားရင္း
လွည့္ၾကည့္တယ္။
ၾကာပြတ္ဒဏ္ရာေတြ မေပ်ာက္မခ်င္း ဝမ္ရိေပၚက
မနက္ေစာေစာ သူအလုပ္မသြားခင္
ကိုယ္တိုင္ ေရခ်ိဳးေပး ေဆးလိမ္းေပး လုပ္ေပးခဲ့တာမို႔
ခုဆို အက်င့္ျဖစ္ၿပီး မနက္ေစာေစာဆို
ေရွာင္းက်န္႔က နိုးေနၿပီ။
အိမ္ထဲကေန ဝမ္ရိေပၚထြက္လာေတာ့
ကားနားမွာရပ္ေနတဲ့ ဥယ်ာဥ္မႈးနဲ႔
ကေလးေလး ၁ ေယာက္။
" သခင္ေလး ဒါကြၽန္ေတာ့္တူေလးပါ
သူ႔အေဖက အေရးႀကီးကိစၥရွိလို႔ ခဏအပ္ခဲ့တာ
အဲ့ဒါ ၿခံထဲမွာေခၚထားလို႔ရမလား
ဒီေန႔တစ္ရက္ပါပဲ "
" ေၾသာ္....ရပါတယ္ "
သခင္ေလးက ကေလးေခါင္းေလးကို
ခပ္ဖြဖြပုတ္ၿပီး ကားေပၚတက္သြားတယ္။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" သားအေဖက အိမ္ေဆာက္တတ္တယ္
ေဆးလည္းသုတ္တတ္တယ္
ကိုႀကီးက်န္႔က လုပ္တတ္လို႔လား "
" ငါမတတ္ေပမယ့္
ဝမ္ရိေပၚက အကုန္လုပ္တတ္တယ္
ဝမ္ရိေပၚမတတ္တာ ဘာမွမရွိဘူး "
ေစာေစာကမွ တူတူကစားေနၿပီး
ခု စကားနိုင္လုေနတဲ့ ေရွာင္းက်န္႔နဲ႔ကေလးကို
ၾကည့္ၿပီး အိမ္ေတာ္ထိန္းက ေခါင္းခါသည္။
ထိုအခ်ိန္မွာပဲ ဥယ်ာဥ္မႈးက ေရာက္လာၿပီး
" အစ္ကိုေလး သူ႔အေဖလာေခၚၿပီမို႔လို႔
တူေလးကိုျပန္ထည့္ေပးလိုက္ေတာ့မယ္ "
" ေဝး.........ေဖေဖလာေခၚၿပီကြ
ေဖေဖက ကစားကြင္းလိုက္ပို႔မွာသလား..ၿဗဲ..."
" ငါ့ကိုလည္း ဝမ္ရိေပၚက လိုက္ပို႔မွာ "
တကယ္လည္း ေစာေစာျပန္လာတဲ့ေန႔ေတြဆို
ဝမ္ရိေပၚက တစ္ခါတစ္ေလအျပင္လိုက္ပို႔ေပးတတ္တယ္။ ဒီေန႔ေစာေစာျပန္လာမယ္ထင္တယ္။
ခုေနာက္ပိုင္း ေရွာင္းက်န္႔က ဝမ္ရိေပၚ ျပန္အလာကို မသိမသာနဲ႔ ေမ်ွာ္ေနတတ္ၿပီ။ ျပန္လာခ်ိန္နီးၿပီဆို
ဧည့္ခန္းထဲမွာ TV ၾကည့္သလိုနဲ႔
လည္ပင္းရွည္ေနတတ္တာ။
ရိပ္မိတဲ့ အိမ္ေတာ္ထိန္းႀကီးကေတာ့ ခပ္ၿပံဳးၿပံဳး။
တီ...တီ....
ေပၚတီကိုေရွ႕မွာ ကားရပ္လိုက္တဲ့အသံၾကားတာနဲ႔
အိမ္ေရွ႕ထြက္လာတဲ့ ေရွာင္းက်န္႔က
ကားေပၚကဆင္းလာတဲ့လူကိုေတြ႕ေတာ့ ေျခလွမ္း
ရပ္သြားသည္။
ဝမ္ရိေပၚမဟုတ္ဘဲ က်န္းခ်န္....။
" အစ္ကိုက်န္းခ်န္ သခင္ေလးဆီလာတာလား
မေရာက္ေသးဘူး "
" အင္း ရံုးခန္းသြားတာ ျပန္သြားၿပီဆိုလို႔လာတာ
ဖုန္းဆက္ၾကည့္လိုက္မယ္ "
က်န္းခ်န္က အိမ္အကူရဲ႕အေမးကိုျပန္ေျဖကာ
ဧည့္ခန္းမွာဝင္ထုိင္ရင္း ဖုန္းဆက္သည္။
ေရွာင္းက်န္႔ကိုေတြ႕ေတာ့ မ်က္နွာက
မႈန္ကုပ္သြားျပန္သည္။
ဝမ္ရိေပၚဆီဆက္ေနတာကို နားစြင့္ထားရင္း
သူ႔ကိုလည္း ဖုန္းေလးတစ္လံုးေလာက္ေပးကိုင္ရင္
ေကာင္းမယ္လို႔ ေရွာင္းက်န္႔ကေတြးတယ္။ ဒါေပမယ့္
မထူးပါဘူး။ ဖုန္းရွိလည္း ဘယ္မွဆက္စရာလည္းမရွိဘူး။ မရွိတာပဲေကာင္းတယ္။
" ေအး...မင္းအိမ္မွာရွိတယ္မွတ္လို႔....%@*#;......
မလာေတာ့ဘူး မင္းတို႔ေဆြမ်ိဳးေတြ ေတြ႕ဆံုပြဲကို ငါကဘာလာလုပ္ရမွာလဲ "
က်န္းခ်န္ ဖုန္းခ်လိုက္ၿပီး ေရွ႕ကိုၾကည့္လိုက္ေတာ့
ေရွာင္းက်န္႔ဆိုတဲ့အေကာင္က အခန္းေထာင့္မွာ
ေပေစာင္းေစာင္းနဲ႔ ရပ္ေနသည္။
ရိေပၚက သာ
'ေရွာင္းက်န္႔က လံုးဝေျပာင္းလဲသြားၿပီကြ' လို႔
တၿပံဳးၿပံဳးနဲ႔ ေျပာေနတတ္ေပမယ့္
ကိုယ္ျမင္တာေတာ့ တစ္စက္မွအခ်ိဳးမေျပာင္း။
" ဟိုေကာင္...ငါ့သူငယ္ခ်င္းေယာက်ာၤး...
မင္း လာအံုး.."
တြန္႔ဆုတ္ဆုတ္နဲ႔ ေရွ႕မွာလာထိုင္တဲ့ ေရွာင္းက်န္႔ကို
" မင္း အခ်ိဳးေျပေျပေနေနာ္ ေဟ့ေကာင္
ရိေပၚကို စိတ္ဆင္းရဲေအာင္ထပ္လုပ္လို႔ကေတာ့
ငါဒီတိုင္းၿငိမ္မေနဘူး "
က်န္းခ်န္ဆိုတဲ့လူႀကီးကို အျမင္လည္းကတ္
ေၾကာက္လည္းေၾကာက္ေပမယ့္ ဝမ္ရိေပၚက
' ဘာမွမေၾကာက္နဲ႔ အဲ့က်န္းခ်န္က အလကား ' လို႔
ေျပာထားတယ္။
" သူမ်ား...သူမ်ားေတြၾကားထဲ ဝင္မပါ ပါနဲ႔ "
" ဘာ! "
က်န္းခ်န္ ေဒါသေတြထြက္ၿပီး ရႈးရႈးရွဲရွဲျဖစ္လာသည္။
" အေၾကာက တင္းေနေသးတယ္
မင္းကိုယ္မင္း ဘာမွတ္ေနလဲ
ေရာင္းစားခံရမယ့္ မင္းကို
ငါ့သူငယ္ခ်င္းသာ မကယ္တင္ထားရင္
ခုေလာက္ဆိုဂ်ပန္မွာ မင္းဘဝ ဘယ္လိုျဖစ္ေနၿပီလဲဆိုတာ စဥ္းစားၾကည့္ "
ေရွာင္က်န္႔..နည္းနည္းစဥ္းစားလိုက္ၿပီး
" ခုလည္းဘာထူးလို႔လဲ..ဂ်ပန္ေရာက္ေနသလိုပဲကို "
က်န္းခ်န္ မ်က္နွာႀကီး..မည္းကနၿဲဖစ္သြားကာ
မေနနိုင္မထိုင္နိုင္တဲ့..ဝမ္ရိေပၚဆိုတဲ့ေကာင္ကို
စိတ္ထဲက..ပ်စ္ပ်စ္နွစ္နွစ္ဆဲပစ္လိုက္သည္။
" တကယ္ဆို မင္းတို႔ပဲ ငါ့သူငယ္ခ်င္းကို ငတံုးမွတ္ၿပီး
အပိုင္ဖမ္းခဲ့တာမဟုတ္လား ဒီေလာက္ေတာ့ခံေပါ့
နည္းေတာင္နည္းေသးတယ္
မင္းလိုေကာင္မ်ိဳးမေျပာနဲ႔
ဂုဏ္သေရရွိ အသိုင္းအဝိုင္းထဲမွာေတာင္
ရိေပၚ သာ..လိုခ်င္ရင္..ခ်က္ခ်င္းေျခကားေပးမယ့္
မိန္းမေတြ ေယာက်ာၤးေတြ တပံုႀကီးပဲ "
" ခင္ဗ်ားသူငယ္ခ်င္းက..ကြၽန္ေတာ့္ကိုပဲ
လက္မလႊတ္နိုင္ျဖစ္ေနတာေတာ့ မတတ္နိုင္ဘူး "
က်န္းခ်န္က ေဒါသထြက္လာရင္ ထိန္းမရ။
ဘယ္မ်က္နွာမွမေထာက္ အကုန္ေျပာသည္။
" ဒါမ်ိဳးကမင္းလုပ္ေနက် မလား
ခႏၶာကိုယ္ကိုရင္းၿပီး လုပ္စားေနတာမ်ိဳး ေအးေပါ့
မင္းဆီမွာ ဒါကလြဲပီး သံုးစားလို႔ရတာဘာမွမွ မရွိတာ
ဦးေလးအရင္းကေတာင္ ေရာင္းစားထားတဲ့
ေကာင္ဆိုေတာ့....."
" ခ.......ခင္ဗ်ား.."
" ရိေပၚက သံုးေနတာ မင္းကိုအရမ္းခ်စ္လို႔ထင္ၿပီး
ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးမေနနဲ႔
ေယာက်ၤားပဲကြ ဒါမ်ိဳးမကင္းနိုင္တဲ့တူတူ
အိမ္ထဲမွာပဲ မင္းနဲ႔တင္ၿပီးေတာ့
အျပင္မွာ ဒါအတြက္ေငြမကုန္ေတာ့ဘူးေပါ့
ငါတို႔က စီးပြားေရးသမားေတြကြ
မင္းေၾကာင့္ ရိေပၚဆံုးရႈံးသြားတဲ့ေငြေတြ
ဘယ္ေလာက္ေတာင္မွတ္လို႔လဲ
တစ္သက္လံုး မင္းရဲ႕တန္ဖိုးမရွိတဲ့ကိုယ္နဲ႔ရင္းၿပီး
ဆပ္တာေတာင္ေက်မွာမဟုတ္ဘူး "
" .........."
" ေၾသာ္...ဆရာက်န္းခ်န္ေရာက္ေနတာပဲ
သခင္ေလးက ဒီေန႔ေနာက္က်မယ္တဲ့
Rose တို႔အိမ္မွာ
အေရးႀကီးရင္ လိုက္သြားေလ
အိမ္သိေနတာပဲ "
အေပၚထပ္ကေန အခုမွဆင္းလာတဲ့
အိမ္ေတာ္ထိန္းက လွမ္းေျပာလိုက္ေတာ့
က်န္းခ်န္က ေရွာင္က်န္႔ဘက္ကို တစ္ခ်က္လွည့္ၾကည့္
လိုက္ၿပီး
" မလိုက္သြားေတာ့ပါဘူး
မိသားစုေတြ႕ဆံုပြဲဆိုေတာ့ အျပင္လူေတြ
ဘယ္ေခၚခ်င္ပါ့မလဲ "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" အဟင့္....အင့္....ဟီး....အီး.......ဟင့္....အင့္...."
အိပ္ခန္းထဲက ၾကမ္းျပင္ေပၚမွာ က်ံဳ႕က်ံဳ႕ေလးထိုင္ၿပီး
သည္းသည္းထန္ထန္ငိုေနတဲ့ ေရွာင္းက်န္႔ကို
အခန္းေရွ႕ကျဖတ္သြားတဲ့ အိမ္အကူေလးက
နားမလည္သလိုၾကည့္ၿပီး သူ႔အလုပ္သူဆက္လုပ္ေန
လိုက္သည္။
ေရွာင္းက်န္႔က ေန႔လည္စာေရာ ညစာေရာ တစ္ေနကုန္ ဆင္းမစား။
သခင္ေလးကေတာ့ ညေတာ္ေတာ္ေနာက္က်မွ ျပန္လာသည္။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ညဘက္.......
ဝမ္ရိေပၚ တေရးနိုးလို႔ ေဘးကိုစမ္းလိုက္ေတာ့
ေရွာင္းက်န္႔ကမရွိ။ ၾကည့္လိုက္ေတာ့
ခုတင္ေဘးမွာေအာင္ဆင္းထိုင္ၿပီး ငိုေနသည္။
" လာေလ မအိပ္ဘူးလား ဘာလုပ္ေနတာလဲ
နာလို႔လား "
ေမးသာေမးရတယ္။ မအိပ္ခင္ကတည္းက
ေရွာင္းက်န္႔က ခါတိုင္းလို
ရသေလာက္ရုန္းကန္ထုရိုက္ေနတာမ်ိဳးေတြ
လံုးဝမရွိဘဲ လုပ္သမ်ွၿငိမ္ခံကာ
အသံတိတ္မ်က္ရည္ပဲက်ေနတာမို႔
ခဏနဲ႔ အလြတ္ေပးလိုက္တာကို။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
Unicode
" သခင်လေးကြိုက်တဲ့ ရေညှိထမင်းလိပ်လုပ်ထားလို့
နေ့လည်စာစားရအောင် ဗူးလေးနဲ့ထည့်ပေးလိုက်
မယ်နော် "
" မထည့်နဲ့တော့ စားဖိုမှုးကြီး
ကျွန်တော်ဒီနေ့ ရုံးမှာခဏပဲနေမှာ "
ရှောင်းကျန့်က ထမင်းစားခန်းထဲမှာ မနက်စာစားရင်း
လှည့်ကြည့်တယ်။
ကြာပွတ်ဒဏ်ရာတွေ မပျောက်မချင်း ဝမ်ရိပေါ်က
မနက်စောစော သူအလုပ်မသွားခင်
ကိုယ်တိုင် ရေချိုးပေး ဆေးလိမ်းပေး လုပ်ပေးခဲ့တာမို့
ခုဆို အကျင့်ဖြစ်ပြီး မနက်စောစောဆို
ရှောင်းကျန့်က နိုးနေပြီ။
အိမ်ထဲကနေ ဝမ်ရိပေါ်ထွက်လာတော့
ကားနားမှာရပ်နေတဲ့ ဥယျာဉ်မှုးနဲ့
ကလေးလေး ၁ ယောက်။
" သခင်လေး ဒါကျွန်တော့်တူလေးပါ
သူ့အဖေက အရေးကြီးကိစ္စရှိလို့ ခဏအပ်ခဲ့တာ
အဲ့ဒါ ခြံထဲမှာခေါ်ထားလို့ရမလား
ဒီနေ့တစ်ရက်ပါပဲ "
" သြော်....ရပါတယ် "
သခင်လေးက ကလေးခေါင်းလေးကို
ခပ်ဖွဖွပုတ်ပြီး ကားပေါ်တက်သွားတယ်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" သားအဖေက အိမ်ဆောက်တတ်တယ်
ဆေးလည်းသုတ်တတ်တယ်
ကိုကြီးကျန့်က လုပ်တတ်လို့လား "
" ငါမတတ်ပေမယ့်
ဝမ်ရိပေါ်က အကုန်လုပ်တတ်တယ်
ဝမ်ရိပေါ်မတတ်တာ ဘာမှမရှိဘူး "
စောစောကမှ တူတူကစားနေပြီး
ခု စကားနိုင်လုနေတဲ့ ရှောင်းကျန့်နဲ့ကလေးကို
ကြည့်ပြီး အိမ်တော်ထိန်းက ခေါင်းခါသည်။
ထိုအချိန်မှာပဲ ဥယျာဉ်မှုးက ရောက်လာပြီး
" အစ်ကိုလေး သူ့အဖေလာခေါ်ပြီမို့လို့
တူလေးကိုပြန်ထည့်ပေးလိုက်တော့မယ် "
" ဝေး.........ဖေဖေလာခေါ်ပြီကွ
ဖေဖေက ကစားကွင်းလိုက်ပို့မှာသလား..ဗြဲ..."
" ငါ့ကိုလည်း ဝမ်ရိပေါ်က လိုက်ပို့မှာ "
တကယ်လည်း စောစောပြန်လာတဲ့နေ့တွေဆို
ဝမ်ရိပေါ်က တစ်ခါတစ်လေအပြင်လိုက်ပို့ပေးတတ်တယ်။ ဒီနေ့စောစောပြန်လာမယ်ထင်တယ်။
ခုနောက်ပိုင်း ရှောင်းကျန့်က ဝမ်ရိပေါ် ပြန်အလာကို မသိမသာနဲ့ မျှော်နေတတ်ပြီ။ ပြန်လာချိန်နီးပြီဆို
ဧည့်ခန်းထဲမှာ TV ကြည့်သလိုနဲ့
လည်ပင်းရှည်နေတတ်တာ။
ရိပ်မိတဲ့ အိမ်တော်ထိန်းကြီးကတော့ ခပ်ပြုံးပြုံး။
တီ...တီ....
ပေါ်တီကိုရှေ့မှာ ကားရပ်လိုက်တဲ့အသံကြားတာနဲ့
အိမ်ရှေ့ထွက်လာတဲ့ ရှောင်းကျန့်က
ကားပေါ်ကဆင်းလာတဲ့လူကိုတွေ့တော့ ခြေလှမ်း
ရပ်သွားသည်။
ဝမ်ရိပေါ်မဟုတ်ဘဲ ကျန်းချန်....။
" အစ်ကိုကျန်းချန် သခင်လေးဆီလာတာလား
မရောက်သေးဘူး "
" အင်း ရုံးခန်းသွားတာ ပြန်သွားပြီဆိုလို့လာတာ
ဖုန်းဆက်ကြည့်လိုက်မယ် "
ကျန်းချန်က အိမ်အကူရဲ့အမေးကိုပြန်ဖြေကာ
ဧည့်ခန်းမှာဝင်ထိုင်ရင်း ဖုန်းဆက်သည်။
ရှောင်းကျန့်ကိုတွေ့တော့ မျက်နှာက
မှုန်ကုပ်သွားပြန်သည်။
ဝမ်ရိပေါ်ဆီဆက်နေတာကို နားစွင့်ထားရင်း
သူ့ကိုလည်း ဖုန်းလေးတစ်လုံးလောက်ပေးကိုင်ရင်
ကောင်းမယ်လို့ ရှောင်းကျန့်ကတွေးတယ်။ ဒါပေမယ့်
မထူးပါဘူး။ ဖုန်းရှိလည်း ဘယ်မှဆက်စရာလည်းမရှိဘူး။ မရှိတာပဲကောင်းတယ်။
" အေး...မင်းအိမ်မှာရှိတယ်မှတ်လို့....%@*#;......
မလာတော့ဘူး မင်းတို့ဆွေမျိုးတွေ တွေ့ဆုံပွဲကို ငါကဘာလာလုပ်ရမှာလဲ "
ကျန်းချန် ဖုန်းချလိုက်ပြီး ရှေ့ကိုကြည့်လိုက်တော့
ရှောင်းကျန့်ဆိုတဲ့အကောင်က အခန်းထောင့်မှာ
ပေစောင်းစောင်းနဲ့ ရပ်နေသည်။
ရိပေါ်က သာ
'ရှောင်းကျန့်က လုံးဝပြောင်းလဲသွားပြီကွ' လို့
တပြုံးပြုံးနဲ့ ပြောနေတတ်ပေမယ့်
ကိုယ်မြင်တာတော့ တစ်စက်မှအချိုးမပြောင်း။
" ဟိုကောင်...ငါ့သူငယ်ချင်းယောကျာၤး...
မင်း လာအုံး.."
တွန့်ဆုတ်ဆုတ်နဲ့ ရှေ့မှာလာထိုင်တဲ့ ရှောင်းကျန့်ကို
" မင်း အချိုးပြေပြေနေနော် ဟေ့ကောင်
ရိပေါ်ကို စိတ်ဆင်းရဲအောင်ထပ်လုပ်လို့ကတော့
ငါဒီတိုင်းငြိမ်မနေဘူး "
ကျန်းချန်ဆိုတဲ့လူကြီးကို အမြင်လည်းကတ်
ကြောက်လည်းကြောက်ပေမယ့် ဝမ်ရိပေါ်က
' ဘာမှမကြောက်နဲ့ အဲ့ကျန်းချန်က အလကား ' လို့
ပြောထားတယ်။
" သူများ...သူများတွေကြားထဲ ဝင်မပါ ပါနဲ့ "
" ဘာ! "
ကျန်းချန် ဒေါသတွေထွက်ပြီး ရှုးရှုးရှဲရှဲဖြစ်လာသည်။
" အကြောက တင်းနေသေးတယ်
မင်းကိုယ်မင်း ဘာမှတ်နေလဲ
ရောင်းစားခံရမယ့် မင်းကို
ငါ့သူငယ်ချင်းသာ မကယ်တင်ထားရင်
ခုလောက်ဆိုဂျပန်မှာ မင်းဘဝ ဘယ်လိုဖြစ်နေပြီလဲဆိုတာ စဉ်းစားကြည့် "
ရှောင်ကျန့်..နည်းနည်းစဉ်းစားလိုက်ပြီး
" ခုလည်းဘာထူးလို့လဲ..ဂျပန်ရောက်နေသလိုပဲကို "
ကျန်းချန် မျက်နှာကြီး..မည်းကနြဲဖစ်သွားကာ
မနေနိုင်မထိုင်နိုင်တဲ့..ဝမ်ရိပေါ်ဆိုတဲ့ကောင်ကို
စိတ်ထဲက..ပျစ်ပျစ်နှစ်နှစ်ဆဲပစ်လိုက်သည်။
" တကယ်ဆို မင်းတို့ပဲ ငါ့သူငယ်ချင်းကို ငတုံးမှတ်ပြီး
အပိုင်ဖမ်းခဲ့တာမဟုတ်လား ဒီလောက်တော့ခံပေါ့
နည်းတောင်နည်းသေးတယ်
မင်းလိုကောင်မျိုးမပြောနဲ့
ဂုဏ်သရေရှိ အသိုင်းအဝိုင်းထဲမှာတောင်
ရိပေါ် သာ..လိုချင်ရင်..ချက်ချင်းခြေကားပေးမယ့်
မိန်းမတွေ ယောကျာၤးတွေ တပုံကြီးပဲ "
" ခင်ဗျားသူငယ်ချင်းက..ကျွန်တော့်ကိုပဲ
လက်မလွှတ်နိုင်ဖြစ်နေတာတော့ မတတ်နိုင်ဘူး "
ကျန်းချန်က ဒေါသထွက်လာရင် ထိန်းမရ။
ဘယ်မျက်နှာမှမထောက် အကုန်ပြောသည်။
" ဒါမျိုးကမင်းလုပ်နေကျ မလား
ခန္ဓာကိုယ်ကိုရင်းပြီး လုပ်စားနေတာမျိုး အေးပေါ့
မင်းဆီမှာ ဒါကလွဲပီး သုံးစားလို့ရတာဘာမှမှ မရှိတာ
ဦးလေးအရင်းကတောင် ရောင်းစားထားတဲ့
ကောင်ဆိုတော့....."
" ခ.......ခင်ဗျား.."
" ရိပေါ်က သုံးနေတာ မင်းကိုအရမ်းချစ်လို့ထင်ပြီး
ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေနဲ့
ယောကျၤားပဲကွ ဒါမျိုးမကင်းနိုင်တဲ့တူတူ
အိမ်ထဲမှာပဲ မင်းနဲ့တင်ပြီးတော့
အပြင်မှာ ဒါအတွက်ငွေမကုန်တော့ဘူးပေါ့
ငါတို့က စီးပွားရေးသမားတွေကွ
မင်းကြောင့် ရိပေါ်ဆုံးရှုံးသွားတဲ့ငွေတွေ
ဘယ်လောက်တောင်မှတ်လို့လဲ
တစ်သက်လုံး မင်းရဲ့တန်ဖိုးမရှိတဲ့ကိုယ်နဲ့ရင်းပြီး
ဆပ်တာတောင်ကျေမှာမဟုတ်ဘူး "
" .........."
" သြော်...ဆရာကျန်းချန်ရောက်နေတာပဲ
သခင်လေးက ဒီနေ့နောက်ကျမယ်တဲ့
Rose တို့အိမ်မှာ
အရေးကြီးရင် လိုက်သွားလေ
အိမ်သိနေတာပဲ "
အပေါ်ထပ်ကနေ အခုမှဆင်းလာတဲ့
အိမ်တော်ထိန်းက လှမ်းပြောလိုက်တော့
ကျန်းချန်က ရှောင်ကျန့်ဘက်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး
" မလိုက်သွားတော့ပါဘူး
မိသားစုတွေ့ဆုံပွဲဆိုတော့ အပြင်လူတွေ
ဘယ်ခေါ်ချင်ပါ့မလဲ "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" အဟင့်....အင့်....ဟီး....အီး.......ဟင့်....အင့်...."
အိပ်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး
သည်းသည်းထန်ထန်ငိုနေတဲ့ ရှောင်းကျန့်ကို
အခန်းရှေ့ကဖြတ်သွားတဲ့ အိမ်အကူလေးက
နားမလည်သလိုကြည့်ပြီး သူ့အလုပ်သူဆက်လုပ်နေလိုက်သည်။
ရှောင်းကျန့်က နေ့လည်စာရော ညစာရော တစ်နေကုန် ဆင်းမစား။
သခင်လေးကတော့ ညတော်တော်နောက်ကျမှ ပြန်လာသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ညဘက်.......
ဝမ်ရိပေါ် တရေးနိုးလို့ ဘေးကိုစမ်းလိုက်တော့
ရှောင်းကျန့်ကမရှိ။ ကြည့်လိုက်တော့
ခုတင်ဘေးမှာအောင်ဆင်းထိုင်ပြီး ငိုနေသည်။
" လာလေ မအိပ်ဘူးလား ဘာလုပ်နေတာလဲ
နာလို့လား "
မေးသာမေးရတယ်။ မအိပ်ခင်ကတည်းက
ရှောင်းကျန့်က ခါတိုင်းလို
ရသလောက်ရုန်းကန်ထုရိုက်နေတာမျိုးတွေ
လုံးဝမရှိဘဲ လုပ်သမျှငြိမ်ခံကာ
အသံတိတ်မျက်ရည်ပဲကျနေတာမို့
ခဏနဲ့ အလွတ်ပေးလိုက်တာကို။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----