HE=MY FIRST LOVE [ကိုယ့်အချစ်...

By Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း (၃၈) - သူမ၏သူ

4.3K 335 10
By Futawa

အခန်း (၃၈) - သူမ၏သူ

Unicode

[မင်းခန့်ထည်ရဲ့ခွင့်လွှတ်ခြင်း ]


မင်းခန့်ထည်တစ်ယောက်ဆေးရုံမှပြန်လာတဲ့လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေကာ
တွေဝေငေးမောနေခဲ့သည်။
ရှိုင်းဇေယံရဲ့လက်ဖျားကလေးတွေဟာလည်းမင်းခန့်ထည်ရဲ့နွေးထွေးသောတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမှုကြောင့်ချွေးသီးလေးများပင်လျှင်ရွှဲနစ်လို့နေရှာသည်။

သူ့ချစ်သူက ဆေးရုံကနေစထွက်လာကတည်းက သူ့လက်တွေကိုဆုပ်ကိုင်ထားသည်မှာယခုချိန်ထိတိုင်မလွှတ်ပေးသေးပေ။အလွန်ထူးဆန်းနေတာကြောင့်သူသူ့ချစ်သူကိုတိတ်တခိုးတစ်ချက်ရှုကြည့်လိုက်ပြီးနောက်ထပ်လျက်ရှိသောလက်ဖဝါးနှစ်ဖက်ကိုမကွဲမကွာထပ်ထားစေလျက် တစ်ယောက်သောသူဘေးနား၌ငြမ်ငြိမ်ကလေးထိုင်နေလိုက်တော့သည်။

နံပါတ်၇၀ကားလေးကကျောင်းရှေ့ကားဂိတ်ကိုဆိုက်လာတော့ နှစ်ဦးသားကျောင်းရှေ့၌ဆင်းလိုက်ကြတဲ့အခါ မင်းခန့်ထည်ကရှိုင်းဇေယံလေးအားကျောင်းရှေ့ကွန်ကရစ်လမ်းလေး၌အတူတူလမ်းလျှောက်ရန်ခေါ်လေသည်။

ထို့နောက်အနှီလူသားကသူ့ရဲ့လက်တစ်ဖက်ကိုတဖန်ဆွဲကိုင်လိုက်ပြန်ကာ ကွန်ကရစ်လမ်းလေးအတိုင်းဆက်လျှောက်လှမ်းနေလိုက်သည်။လေညှင်းလေးတွေတိုးဝှေ့သွားတဲ့အခိုက် မလေးရှားပိတောက်ပင်ယံထက်ကသစ်ရွက်လေးတွေအချင်းချင်းပွတ်တိုက်သွားတဲ့အသံတွေဟာမရပ်မစဲတသဲသဲထွက်ပေါ်နေလျက်ရှိပြီး သစ်ရွက်ခြောက်ကလေးတွေကြွေကျသံကိုလည်းတစ်စွန်းတစ်စကြားနေရသည်။မလေးရှားပိတောက်ပန်းရဲ့အပွင့်အစေ့လေးတွေကသူတို့ခြေဖဝါးအောက်ကကွန်ကရစ်လမ်းထက်မှာခြေချစရာနေရာမရှိအောင်ပျံ့ကျဲလို့နေလျက်။

ညနေစောင်းမို့နေရောင်ခြည်ကျိုးတိုးကျဲတဲလေးကသစ်ပင်တွေကြားကနေတိိုးဝှေ့ဖြာကျနေကာ ကွန်ကရစ်လမ်းလေးပေါ်မှာကျရောက်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်လေးဟာ မခွဲမခွာစတမ်းအတူတူရှိနေခဲ့ကြသည်။ရှိုင်းကပူးကပ်နေတဲ့ထိုအရိပ်လေး၂ခုကိုတိတ်တဆိတ်ဓာတ်ပုံရိုက်လိုက်ရင်းအမှတ်တရအဖြစ် သူ့ရဲ့ဖုန်းမမ်မိုရီထဲမှာမပျောက်မပျက်သိမ်းဆည်းထားလိုက်ပေ၏။

ဖုန်းထဲကဓာတ်ပုံလေးကိုကြည့်နေရင်းနဲ့သူ့လက်ကလေးကဆစ်ခနဲဖျစ်ညစ်ခံလိုက်ရတာကြောင့် ရှိုင်းကသူ့ချစ်သူအားမော့ကြည့်လိုက်တဲ့အခါမင်းခန့်ထည်ရဲ့နက်မှောင်နက်ရှိုင်းသောမျက်ဝန်းတစ်စုံနဲ့တည့်တည့်ဆုံတွေ့သွားရလေသည်။ထို့ကြောင့်သူ့ဖုန်းလေးကိုအမြန်ဖွက်ထားလိုက်ပေတော့သည်။

ဒီအရိပ်လေးတွေကိုဓာတ်ပုံခိုးရိုက်ဖို့သူဘယ်လိုလုပ်ပြီးအတွေးပေါက်လာသလဲဆိုသူတို့ မေဂျာရဲ့ K- dramaရူးကြီးဖြစ်တဲ့
အမထားသရဖီဦးကညညဆိုရင် သူ့ Cbထဲမှာ Linkပို့ပေးထားတတ်တဲ့ဇာတ်ကားတွေထဲကမှ While you're sleepingဆိုတဲ့ dramaလေးထဲကနေအတုခိုးထားခြင်းပေ။

'အချစ်ဆိုတာတကယ်ကိုရူးသွပ်စေတဲ့ဆေးတစ်မျိုးပဲ ... သူတောင်K dramaထဲကအကွက်တွေနဲ့ရူးတတ်လာတာကိုပဲကြည့်လေ

သူ့ချစ်သူကြီးသာဒီအကြောင်းတွေကိုသိကြည့် တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ကိုစနောက်နေတော့မှာပဲ.... '

မင်းခန့်ထည်ကသူ့လက်ထဲကလက်ကလေးကိုမလုံလောက်သည့်နှယ်ထပ်မံတင်းကြပ်လိုက်တဲ့အခါရှိုင်းဇေယံလည်းအနှီလူသားကိုဒီအတိုင်းကြည့်မနေနိုင်တော့ပဲ အကြောင်းစုံမေးမြန်းရန်နှုတ်ဟလိုက်ပေတော့သည်။

"ကိုခန့် ဘာဖြစ်နေတာလဲ ။
ကိုခန့်ကိုကြည့်ရတာတစ်မျိုးကြီးပဲ"

"ကိုယ် ဘာမှမဖြစ်ပါဘူး"

"သေချာလို့လား။ကျနော့်ကိုအမှန်အတိုင်းပြောပြစမ်းပါ။ဘာဖြစ်နေတာလဲ။
အကိုမင်းစက်ကိစ္စကြောင့်လား"

သူဟာအနှီမင်းခန့်ထည်ဆိုတဲ့လူသားကိုအရိပ်တကြည့်ကြည့်နဲ့အမြဲစောင့်ကြည့်နေတတ်သူမို့ သူချစ်သူမျက်နှာမကောင်းတာကိုမြင်ရရုံနဲ့တင်သူ၏နှလုံးသားလေးမှာမသက်မသာခံစားလာရစမြဲပင်။

"ရှိုင်းလေး......"

မင်းခန့်ထည်ကနူးညံ့စွာခပ်ဖွဖွလေးခေါ်လိုက်၍ရှိုင်းလက်ကလေးအားသူ၏နှလုံးသားထက်ဆီသို့ပင့်တင်အုပ်ကိုင်ထားစေကာ ကောင်လေးရဲ့မျက်ဝန်းတွေထဲသို့နွေးထွေးမြတ်နိုးစွာစိုက်ကြည့်လိုက်ရင်း ဆိုသည်။

"ကိုယ်တောင်းပန်ပါတယ်။မင်းလေး ကိုယ့်ကြောင့် ထိခိုက်မိတော့မလို့။အဲ့အကြောင်းတွေစဥ်းစားလိုက်ရင်ကိုယ့်နှလုံးသားကဆစ်ခနဲကိုက်တတ်လာတယ်"

"ကိုခန့်ဘာကိုပြောချင်တာလဲ...ကျနော်ထိခိုက်မှာဟုတ်လား"

"အင်း။ကိုယ် စဥ်းစားတိုင်းခွင့်မလွှတ်နိုင်ဘူး။"

"ဘယ်သူ့ကိုလဲ?"

ရှိုင်းမေးတော့မင်းခန့်ထည်ကနှုတ်ဆိတ်သွားကာပြန်မဖြေလာဘဲမျက်နှာကိုတစ်ဖက်သို့လှည့်သွားတာကြောင့် သူ့ကြည့်ရတာမေးတဲ့လူကသာဒီတစ်သက်လုံးအာပေါက်သွားမယ် ပြန်ဖြေမယ့်ပုံကိုမပေါ်။

"ညနေစောင်းမို့လို့လားမသိ အေးချမ်းတယ်နော် ညီ။"

"စကားလမ်းကြောင်းမလွှဲနဲ့!!!"

ရှိုင်းကစိတ်ပေါက်ပေါက်နဲ့အော်ပြောလိုက်တော့ ဘဲနှုတ်သီးကဲ့သို့ချွန်ချွန်လေးဖြစ်နေရှာတဲ့ကောင်လေးရဲ့နှုတ်ခမ်းလေးတွေကတမျိုးတမည်ချစ်စရာကောင်းနေတာကြောင့် အချိန်တော်တော်ကြာတဲ့အထိတည်တင်းအေးစက်နေတဲ့မင်းခန့်ထည်အားရယ်မောသွားစေလေသည်။

"ဟားဟား.....ကိုယ့်ကလေးလေးကသိပ်ချစ်ဖို့ကောင်းတာပဲ"

"ပြောပြလို့ပြောနေတယ်"

ရှိုင်းဇေယံကမင်းခန့်ထည်ရဲ့အင်္ကျီလက်ကိုဆွဲဆောင့်လိုက်ရင်း ကျောင်းရဲ့အကျော်အမောဒေါသအိုးကြီးအားငေါက်ငမ်းလိုက်လေသော်တခြားလူသာဆိုမြေပေါ်အမှောက်သိပ်မယ့်စီနီယာကြီးက သူ့ချစ်သူလေးရဲ့အအော်ငေါက်ခံရတဲ့အခါမှာတော့ပန်းလေးတွေနဲ့ပစ်ပေါက်ခံနေရတဲ့အလားတပြုံးပြုံးဖြင့်။

"ဒီအကြောင်းတွေက ညီသိဖို့မထိုက်တန်ပါဘူး"

ထိုသို့ဝေ့လည်ကြောင်ပတ်ဆိုကာသူ့ကလေးလေးရဲ့လက်ကလေးအားဆွဲကိုင်လိုက်ရင်း ရှေ့သို့ဆက်လျှောက်မည်အပြု ရှိုင်းကသူ့လက်ကလေးအား အနှီလူသားရဲ့လက်ခုပ်ထဲကနေဆွဲထုတ်လိုက်ပြီး နောက်သို့ပြန်ရုတ်လိုက်သည်။

"အမဖြူစင်သော်မှန်း သေချာနေလို့မှတ်လားအမှန်တရားကဘာတဲ့လဲ ?
အမဖြူစင်သော်ကကျနော့်ကိုထိခိုက်ဖို့ကြံစည်ခဲ့တာတဲ့လား?"

ဟု သူဆက်မေးလိုက်တော့ တစ်ယောက်သောသူကတောင့်တောင့်ကြီးနဲ့ရပ်တန့်သွားရပြီးတိတ်ဆိတ်လို့နေသည်။

သူက ကျနော့်အမေးကိုပြန်မဖြေလာဘူးဆိုကတည်းကသေချာနေပါပြီ။
ထိုနေ့ကတကယ်ထိခိုက်ရမည့်လူကသေချာပေါက်သူကိုယ်တိုင်ပင်ဖြစ်ကာအကိုမင်းစက်ကကံမကောင်းအကြောင်းမလှ၍သူ့အစားထိခိုက်သွားရခြင်းပင်။

အမဖြူစင်သော်ကသူ့အပေါ်အဲ့လောက်ထိမုန်းတီးနေတယ်တဲ့လား ?

"ဒါဆို ကိုခန့် ဘာဆက်လုပ်မလဲ?"

ရှိုင်းဇေယံလေးကထိုအကြောင်းတွေကိုသိသွားတာတောင်စိတ်ဆိုးဒေါသထွက်သွားခြင်းမရှိသလိုရွံရှာမုန်းတီးသွားခြင်းမျိုးလည်းမရှိခဲ့ပေ။ဒီအတိုင်းသာမန်အကြောင်းအရာလေးတစ်ခုကိုနားထောင်မိလိုက်သကဲ့သို့တည်ငြိမ်လို့နေပြီး သူ့ထက်၃နှစ်ကြီးတဲ့မင်းခန့်ထည်ထက်တောင်စဥ်းစားဆင်ခြင်နိုင်စွမ်းမြင့်မားလေသည်။

နူးညံ့ညံ့မျက်နှာလေးထက်မှာအနည်းငယ်တုန်လှုပ်သွားရတဲ့အငွေ့အသက်တို့ကိုသာဖော်ပြလာပြီးနောက် ထိုမျှနှင့်သာပြီးဆုံးသွားခဲ့တာကြောင့်မင်းခန့်ထည်ကအားမလိုအားမရဖြစ်စွာကောင်လေးရဲ့ပခုံးနှစ်ဖက်ကိုဆွဲကိုင်လိုက်ပြီးတင်းမာနေတဲ့လေသံတစ်သံနဲ့မေးလာခဲ့သည်။

"ညီ...ကိုယ့်ကိုဘာဆက်လုပ်စေချင်လဲ?
ကိုယ့်ကိုပြောလိုက်...."

သူ့ချစ်သူကအတည်ပေါက်မျက်ဝန်းတွေနဲ့ပြောလာတာမို့ သူသာအမဖြူစင်သော်ကိုအခုသွားသတ်ပေးလို့ပြောရင်တောင်အခုချက်ချင်းလုပ်ချလာမယ့်ပုံဖြစ်နေတာကြောင့်သူ့ခမျာအနှီလူသားရှေ့မှာ စကားမှားသွားမှာစိုး၍လက်လွယ်စမယ်မပြောချရဲပေ။

ကိုခန့်ကသူ့ကိုအဲ့လောက်တောင်ချစ်တာတဲ့လား
သူစေရာအတိုင်းတကယ် လုပ်ပေးမယ်ပေါ့လေ ...ဒါဟာတကယ်တော့ကျေနပ်စရာကောင်းနေပေမယ့်လို့ သူ့ကြောင့်တစ်စုံတစ်ယောက်ထိခိုက်သွားမှာမျိုးကိုရှိုင်းဇေယံလေးဟာမလိုလားခဲ့ပေ။

ပြီးတော့သူ့ချစ်သူကအပြစ်သားတစ်ယောက်လိုမျိုးဆက်ရှင်သန်သွားရမှာကိုလည်းသူအဖြစ်မခံနိုင်ဘူး။

သူကတစ်ယောက်သောသူကို ရှေ့လျှောက်မထိခိုက်မနာကျင်ရအောင်အစွမ်းကုန်ကာကွယ်ပေးချင်တာလေးတစ်ခုပဲသိတာမို့
ဒီလိုမျိုးတွေလုပ်ဖို့အတွက်တော့သူခွင့်ပြုမပေးနိုင်ဘူး.....

ဒါဟာမှန်ကန်မနေဘူးပေ...

နောက်ဆုံးမှာတော့ကောင်လေးရဲ့ဖူးအိအိနှုတ်လမ်းလွှာလေးတွေကဖွင့်ဟလာခဲ့သည်။

"ခွင့်လွှတ်လိုက်ပါ" ဆိုတဲ့စကားလုံးလေးလုံးနဲ့အတူ။

ထိုစကားသံလေးကိုကြားတော့ ရှိုင်းဇေယံပခုံးပေါ်က မင်းခန့်ထည်ရဲ့လက်တွေကပြေလျော့သွားရကာ ကောင်လေးအားနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်လာခဲ့သည်။

"ရွေးချယ်စရာတွေအများကြီးထဲမှာမှခွင့်လွှတ်ခြင်းတဲ့လား ညီရယ်"

"ကိုခန့် အမဖြူစင်သော်ကိုခွင့်လွှတ်လိုက်ပါနော်။
သူမကို ကိုခန့်ခွင့်လွှတ်လိုက်လည်းအပြစ်ပေးမယ့်လူတွေကသက်သက်ရှိနေသေးတာပဲလေ။"

"ကိုခန့်တစ်ယောက်တည်းကသူမကိုခွင့်လွှတ်လိုက်တဲ့အတွက် တစ်ကိုယ်ကောင်းဆန်ရာမကျပါဘူးဗျာ။
ကိုခန့်ကပါအဲ့လူတွေထဲမှာပါနေခဲ့မယ်ဆိုရင်သူမစိတ်မကောင်းပိုဖြစ်သွားလိမ့်မယ် ..."

သူ့ရှေ့မှာ သူ့လက်ကိုဆုပ်ကိုင်ထားရင်းလူကြီးလေးတစ်ယောက်ပမာ ဒီလိုစကားတွေပြောပြနေတဲ့ သူ့ချစ်သူလေးက သူ့ထက်တောင်ပိုရင့်ကျက်လို့နေသည်။

သူချစ်သူလေးကပြောတယ် ခွင့်လွှတ်လိုက်ပါတဲ့။ သူကဒီလိုစကားမျိုးတွေကိုမကြားချင်ဘူး။

ကိုယ့်ကိုထိခိုက်အောင်ကြံစည်ခဲ့တဲ့လူတွေကိုဘာလို့လွယ်လွယ်နဲ့ခွင့်လွှတ်နိုင်ရတာလဲ ကောင်လေးရယ်။

မင်းလေးကနှင်းပွင့်လေးတွေလိုဖြူစင်လွန်းနေတော့ ကိုယ်ဘယ်လိုလုပ်သည်းခံနိုင်ပါ့မလဲ...

မင်းခန့်ထည်ရဲ့မျက်နှာထက်မှာသူ့စကားတွေနဲ့ပက်သတ်ပြီးငြင်းဆန်နေတဲ့အမူအရာတွေကိုအထင်အရှားပြသနေခဲ့တာကြောင့်ရှိုင်းဇေယံလေးကမလျှော့သောဇွဲဖြင့်နားချလာခဲ့သည်။

"ကျနော်ကသူမချစ်သူကိုလုယူခဲ့တဲ့လူလေ ကိုခန့်ရဲ့။
သူမ ကျနော့်ကိုမုန်းတာဖြစ်သင့်ပါတယ်။ သူမမှာအပြစ်မရှိပါဘူး။
တကယ်အပြစ်ရှိတာ ကျနော်ပါ .......... "

ထိိုစကားတို့ပင်မဆုံးလိုက်ခင် မင်းခန့်ထည်ကကောင်လေးရဲ့ကိုယ်လေးကိုသူ၏ရင်ခွင်ထဲ၌ပွေ့ပိုက်သိမ်းဆည်းထားလိုက်ပေတော့သည်။

"ညီကအပြစ်ရှိတဲ့လူမဟုတ်ပါဘူးကွာ။နောက်တစ်ခါအဲ့လိုမပြောပါနဲ့။
ညီ ခွင့်လွှတ်စေချင်ရင် ကိုယ်ခွင့်လွှတ်လိုက်ပါ့မယ်။ ဒါ့ကြောင့်အပြစ်သားတစ်ယောက်လို ထပ်မပြောနဲ့တော့ နော်......."

သူကထိုသို့ဆိုလိုက်ရင်းကောင်လေးရဲ့ဆံပင်အိအိလေးကိုနမ်းရှိုက်လိုက်ပေသည်။ရင်ခွင်ထဲမှာနစ်မြုပ်သွားရတဲ့ကောင်လေးက မျက်ဝန်းလေးတွေကိုလခြမ်းကွေးလေးတွေသဖွယ်လှပစွာကွေးညွှတ်သွားတဲ့အထိပြုံးရယ်လာခဲ့ပြီး သူ့ချစ်သူရဲ့နောက်ကျောဘက်ဆီသို့လက်၂ဖက်နဲ့ပြန်သိုင်းဖက်လိုက်ရင်း တိုးညင်းစွာရေရွတ်လာသည်။

"ကိုခန့်ဟိုစကားလေးကိုမကြားဖူးဘူးလား။ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းကတချို့သောအမှားတွေကိုမေ့ဖျောက်ပြီးနေနေတာမဟုတ်ဘူး။ခွင့်လွှတ်ပြီးတော့နေနေကြတာဆိုတာကိုလေ"

"ဟုတ်ပါပြီ ...ကိုယ့်ရဲ့လူကြီးမင်းလေးရယ် ... ကိုယ်သိပါပြီကွာ .... "

လူသားလေးနှစ်ယောက်ရဲ့ချိုမြိန်သောခပ်လွင်လွင်ရယ်မောသံတို့ဟာညနေခင်းလေပြေညှင်းလေးတွေထဲမှာကြည်နူးစရာကောင်းစွာပျော်ဝင်ပျံ့နှံ့နေခဲ့လေ၏။

••••••••••••••••••••••••••••••••••••••••••••••••••

နောက်တစ်နေ့မနက်တွင်
ဒေါ်စန္ဒာသော်တစ်ယောက် ပန်းဥယျာဥ်လေးထဲမှာပျိုးပင်တချို့စိုက်ပျိုးဖို့အတွက်အလုပ်ရှုပ်နေစဥ်မှာပင် ခြံရှေ့သို့အနက်ရောင်SUVကားတစ်စီးကအရှိန်ပြင်းပြင်းနှင့်ထိုးစိုက်လာခဲ့ပေသည်။

ကားသံကြားတာကြောင့်ဒေါ်စန္ဒာသော်ကခြံရှေ့သို့အပြေးသွားကြည့်လေသော် ထိုအနက်ရောင်ကားပေါ်မှဟိတ်ဟန်ရှိရှိနှင့်ခန့်ညားတင့်တယ်သော ယောကျာ်းသားတစ်ယောက်ကဆင်းသက်လာခဲ့သည်။ဒေါ်စန္ဒာသော်ကခြံတံခါးမဖွင့်ပေးသေးဘဲကားပေါ်ကနေဆင်းလာတဲ့ထိုလူအား အရင်မေးမြန်းလိုက်လေ၏။

"ဘယ်သူလဲမသိဘူး ဘာကိစ္စရှိလို့လဲရှင့်"

ထိုအခါ ထိုလူကတည်ငြိမ်သြရှသောလေသံဖြင့်ဆိုလာသည်။

"တွေ့ရတာဝမ်းသာပါတယ်။ဒေါ်စန္ဒာသော်ဟုတ်တယ်မှတ်လား။"

"ဟုတ်ပါတယ်။"

"ကျုပ်တို့ဆွေးနွေးစရာကိစ္စတချို့ရှိလို့ရောက်လာရတာပါ။
ဒေါ်စန္ဒာသော်ရဲ့သမီးဖြစ်သူနဲ့ပက်သတ်နေတဲ့ကိစ္စပါ"

ထို့နောက် ဒေါ်စန္ဒာသော်က ထိုယောကျာ်းသားနဲ့အပေါင်းအပါ နှစ်ဦးတို့ကိုအိမ်ထဲဝင်ဖို့ဖိတ်ခေါ်လိုက်သည်။ဒေါ်စန္ဒာသော်တစ်ယောက်အကဲခတ်ကြည့်မိရသလောက် ထိုလူနဲ့အတူပါလာသောလူနှစ်ယောက်မှာ ရှေ့နေနှစ်ယောက်ဖြစ်ဟန်တူသည်။

ဟိတ်ဟန်အပြည့်နဲ့လူတစ်ယောက်ကလွဲလို့ကျန်တဲ့လူနှစ်ယောက်က တိုက်ပုံအင်္ကျီအနက်ကိုလည်စေ့ပိတ်နေအောင်ဝတ်ဆင်ထားပြီးလက်ထဲတွင်လည်းနှစ်ဦးစလုံး leatherအိတ်တွေကိုကိုင်ထားကြသည်။
ထိုအိတ်တွေထဲတွင်တော့စာရွက်စာတမ်းများပါလာသည့်ပုံပင်။အနက်ရောင်အနောက်တိုင်းဝတ်စုံကိုအပြည့်ဝတ်ဆင်ထားတဲ့ တတိယမြောက်လူကတော့သူ၏မျက်နှာထက်မှာမော်ကြွားတဲ့မာန်တစ်ခုကိုဝံ့ချီထားတာကြောင့် အရှိန်အဝါကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးမှန်းသိသာပေါ်လွင်နေသည်။

"ထိုင်ပါဦးရှင်"

ဒေါ်စန္ဒာသော်က ဆိုဖာကူရှင်တွင်ဝင်ထိုင်လိုက်ရင်းဆိုလိိုက်သည်။

ထိုလူသုံးယောက်လည်းအသီးသီးဝင်ထိုင်လိုက်ကြပြီးနောက် အိမ်ဖော်ကောင်မလေးကလီမွန်အအေးသုံးခွက်ကိုထိုလူသုံးယောက်ရှေ့သို့ပြိုင်တူချပေးလာလေသည်။ပြီးနောက် ထိုလူသုံးယောက်ထဲမှာမှ ပထမဆုံးကားပေါ်မှဆင်းလာတဲ့ အနောက်တိုင်းဝတ်စုံနဲ့လူကြီးမင်းကခြေထောက်၂ဖက်ကိုအားမနာစွာချိတ်လိုက်ရင်း စကားစလိုက်သည်။

"ကျုပ်က ဦးနေမင်းထက်ပါ။
အခုလာရင်းကိစ္စကတော့ အမသမီးဖြူစင်သော်ကျူးလွန်ခဲ့တဲ့အမှုကိစ္စအကြောင်းလာဆွေးနွေးတာပါ"

"ရှင်! ကျူးလွန်ခဲ့တဲ့အမှု?"

ဒေါ်စန္ဒာသော်ကအထိတ်တလန့်နဲ့မေးလာတဲ့အခါဦးနေမင်းထက်ဘေးက ပထမရှေ့နေတစ်ယောက်ကဆိုသည်။

"ဟုတ်ပါတယ်။ဒေါ်စန္ဒာသော်ရဲ့သမီးဖြစ်သူက လွန်ခဲ့တဲ့နှစ်ရက် ရက်အတိအကျပြောရရင် February 14ရက်နေ့ နေ့လည် ၁၂နာရီ၅၅မိနစ်မှာ တရားလိုဦးနေမင်းထက်ရဲ့မွေးစားသားဖြစ်သူ မောင်မြတ်မင်းစက်ကို သုံးထပ်ဆောင်လှေကားပေါ်ကတွန်းချခဲ့ပါတယ်။"

"သူမကျူးလွန်ခဲ့တဲ့အမှုအတွက် ဦးနေမင်းထက်တို့ဘက်ကကိုယ်ထိလက်ရောက်ကျူးလွန်မှု၊မောင်မြတ်မင်းစက်အားထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်ဖြင့်ကြိုတင်ကြံစည်မှု၊ သက်သေဖျောက်ဖျက်ရန်ကြိုးစားမှု၊ အခုမောင်မြတ်မင်းစက်ဟာဆေးရုံမှာသတိမရသေးသောအခြေအနေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတာမို့
လူသေရန်ကြိုးပမ်းမှုတို့နဲ့ တရားရုံးမှာဒေါ်စန္ဒာသော်ရဲ့သမီးဖြစ်သူမဖြူစင်သော်ကိုစွဲချက်တင်ထားပါတယ်။"

"ကျနော်တို့မှာ သက်သေအပြည့်အစုံလည်းရထားပြီးပါပြီ။ မျက်မြင်သက်သေအနေနဲ့ မဖြူစင်သော်ရဲ့သူငယ်ချင်းဖြစ်သူ မမေသဒ္ဒါကအကြောင်းစုံကိုအတိအလင်းထွက်ဆိုထားပါတယ်။ ယမန်နေ့က ခများသမီးပျောက်တဲ့အတွက်နေရာအနှံ့လိုက်ရှာခဲ့တယ်လို့ကြားသိခဲ့ရတာက မှန်ပါသလား "

"မှန်ပါတယ်။ကျမသမီးအဲ့နေ့ကရုတ်တရက်ကြီးပျောက်သွားခဲ့ပေမယ့်ညနေမှာတော့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။သူသာဒီကိစ္စတွေကိုတကယ်ကျူးလွန်ခဲ့ရိုးမှန်ရင် ကျမသမီးကဒီလိုပြန်လာခဲ့မှာမဟုတ်ပါဘူး"

"ခများမယုံနိုင်တာကိုကျနော်တို့နားလည်ပါတယ်။ဒါပေမယ့်ကျနော်တို့ဆီမှာသက်သေအပြည့်အဝရထားပြီးပြီမို့ ခများတို့အနေနဲ့ဒီစွဲချက်တွေကိုတရားရင်ဆိုင်ရပါလိမ့်မယ်။"

ပထမရှေ့နေဆိုပြီးပြီးချင်းပင် ဒုတိယရှေ့နေ့ကအနက်ရောင် Leatherအိတ်ထဲကနေစာရွက်စာတမ်းတချို့ကိုထုတ်ကာဒေါ်စန္ဒာသော်အားကမ်းပေးလာခဲ့သည်။

"ခများတို့ဘက်ကနေလဲရှေ့နေငှားရမ်းပြီးတရားရင်ဆိုင်ခွင့်ရှိပါတယ်။ဒါပေမယ့်် ခများသမီးကိုအမှုဖွင့်ထားတဲ့အချိန်ကစ သူမကိုအကျယ်ချုပ်ထားရပါလိမ့်မယ်။
တရားရင်ဆိုင်စဥ်အတောအတွင်းသူမ ပျောက်ရှသွားသည်ရှိသော် အမှုကပိုကြီးသွားမယ်ဆိုတာကိုတော့ခများတို့ကိုနားလည်ထားစေချင်ပါတယ်"

"ကောင်းပါပြီ ကျမတို့ တရားရင်ဆိုင်ပါမယ်။"

"ဘာမှရင်ဆိုင်စရာမလိုဘူး!!!!!!!!!"

ထိုစဥ်အောက်ဆုံးထပ်ကဧည့်ခန်းအတွင်းရှိစကားဝိုင်းအတွင်းသို့မိန်းကလေးတစ်ယောက်ရဲ့မုန်တိုင်းထန်တဲ့အသံတစ်ခုကချင်းနင်းဝင်ရောက်လာတာကြောင့် ဦးနေမင်းထက်ရဲ့မျက်ခုံးတစ်ဖက်ကပင့်တက်သွားရသည်။

"ကျမကိုဘာကိစ္စတရားခံလို့လာစွပ်စွဲနေတာလဲ!!!!။
ရှင်တို့ပြောတဲ့သက်သေကဘောင်မဝင်ဘူး။မြတ်မင်းစက်ကအခုမေ့မြောနေတယ်ဆို။
သူ့ဘာသာသူချော်ကျသွားတာလဲဖြစ်နိုင်တာပဲလေ။"

"မေသဒ္ဒါဘက်ကထွက်ဆိုထားတယ်ဆိုတာကလဲရှင်တို့မတရားစစ်မေးထားလို့နေမှာပေါ့။ဒီမှာ ကျမသာတကယ့်တရားခံသာဆိုထွက်ပြေးသွားတာကြာလှပြီ။
ရှင်တို့လာတဲ့အထိတောင်ထိုင်စောင့်နေစရာမလိုဘူး"

"မဖြူစင်သော်ကို ကျောင်းက CCTVကရိုက်မိထားတယ်ဆိုတာကိုကောမင်းသိရဲ့လား?
အဲ့နေ့အဲ့အချိန်အဲ့နေရာကိုရောက်ခဲ့တာ မင်းတစ်ယောက်ထဲပဲရှိတယ် မိန်းကလေး။ဒါတောင်မင်းကငြင်းချင်နေတုန်းလား ?"

ဖြူစင်သော်စကားကိုပထမရှေ့နေကခုခံပြောဆိုလာခဲ့သည်။

"အဲ့တာနဲ့ပဲ ကျမကတရားခံဖြစ်ကောလား"

"မဖြူစင်သော် ဒီအမှုကိုငြင်းလဲ မင်းမလွတ်နိုင်ပါဘူး"

ဒုတိယရှေ့နေကပါစကားဆက်ဆိုလာသည်။

"မင်းဒီအမှုကိုငြင်းလို့လွတ်မယ်ဆိုရင်တောင် လွန်ခဲ့တဲ့နှစ်နှစ်ကမင်းကျူးလွန်ထားခဲ့တဲ့အမှုကနေတော့မင်းဘယ်လိုမှမလွတ်နိုင်ပါဘူး"

"ဘာအမှုလဲ။လွန်ခဲ့တဲ့နှစ်နှစ်ကကျမဘာမှမလုပ်ခဲ့ဘူး"

ဖြူစင်သော်ကလုံးဝတဇွတ်ထိုးငြင်းဆန်လာတဲ့အခါ ဒုတိယရှေ့နေကခပ်သာသာပြုံးလျက်လိုရင်းကိုဆက်ပြောလာခဲ့သည်။

"ဒီက ဦးနေမင်းထက်ရဲ့သားကြီးဖြစ်သူမောင်မာန်လင်းထက်ကိုအသရေဖျက်မှုနဲ့
မင်းကိုတိုင်ချက်ဖွင့်ထားသေးတယ်ဆိုတာကိုလည်းမင်းသိအောင်ပြောပြပါရစေ"

"မာန်....... သူကဘယ်သူလဲ။ကျမဖြင့်သူ့နာမည်ကြားတောင်မကြားဖူးဘူး"

ဖြူစင်သော်ကတော့ဘူးခံငြင်းနေကာလုံးဝဝန်ခံလာမည့်ပုံမပေါ်ပေ။

"မင်းဝန်မခံချင်နေပါ။ဒါပေမယ့် မင်းသူငယ်ချင်းကတော့ အားလုံးဝန်ခံခဲ့ပြီးပြီ။အဲ့နေ့ကကျောင်းက websiteတစ်ခုကိုဝင် hackပြီး မင်းတို့နှစ်ယောက်ခိုးရိုက်ထားတဲ့ Videoကို ကျောင်း websiteပေါ်မှာဖြန့်ခဲ့တဲ့ကိစ္စကြောင့် မောင်မာန်လင်းထက်ဟာ လူအများကဲ့ရဲ့ရှုံ့ချခံရပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်။

အဲ့အမှုကိုပါ ဦးနေမင်းထက်တို့ဘက်ကတိုင်ချက်ဖွင့်ထားပြီးပြီ။သက်သေတွေကလဲအားလုံးရှိပြီးပြီမို့ကျောင်းကမင်းကို တာဝန်ဝတ္တရားနှောင့်ယှက်မှုနဲ့တရားမစွဲတာကိုပဲမင်းကံကောင်းတယ်မှတ်ပါ မဖြူစင်သော်"

နောက်ဆုံးတော့ဖြူစင်သော်တစ်ယောက်နှုတ်ဆိတ်သွားခဲ့လေပြီ။သူမ၏နှုတ်ခမ်းတို့ကအဆမတန်တုန်ယင်နေခဲ့တာကြောင့်အောက်နှုတ်ခမ်းကိုအတင်းဖိကိုက်ထားလေ၏။

'မာန်ကငါ့ကိုကမ္ဘာမကျေသေးဘူးပဲ။
မဖြစ်ဘူးငါ့ဘဝကိုလုံးဝနစ်မြုပ်ခံလိုက်လို့မရသေးဘူး။ငါမဖြစ်ဖြစ်တဲ့နည်းနဲ့ လွတ်အောင်ရုံးရမှာပဲ။'

"ဒါရှင်တို့ဘက်ကစွပ်စွဲချက်တွေ။ကျမကိုမုန်းတီးနေတဲ့လူတစ်ချို့ကမဟုတ်တမ်းတရားတွေဖန်တီးထားတာလဲဖြစ်နိုင်တာပဲ။
ဒါကြောင့် ဒီကလူကြီးမင်းတို့ တရားခွင်မှာပဲတွေ့ကြတာပေါ့"

ဟု သူမကခပ်တင်းတင်းမျက်နှာထားဖြင့်မောက်မာမှုအပြည့်နဲ့ဆိုကာ ထိုနေရာကနေချက်ချင်းလှည့်ထွက်သွားတော့လေသည်။

"ဒါဆို ကျနော်တို့ကိုခွင့်ပြုပါဦး။တရားရုံးရောက်မှတွေ့ပါမယ်"

ဦးနေမင်းထက်နဲ့ကျန်ရှေ့နေနှစ်ယောက်တို့လဲဆွေးနွေးစရာရှိတာဆွေးနွေးပြီးပြီဖြစ်တာကြောင့်ထိုအိမ်ကနေ ခေတ္တမဆိုင်း ထွက်သွားကြလေသည်။

သမီးဖြစ်သူမွှေထားခဲ့တဲ့ကိစ္စရပ်တွေကိုဒေါ်စန္ဒာသော်တစ်ယောက်ကြားသိခဲ့ပြီးနောက်မူးမေ့လဲလုမတတ်စိတ်ထိခိုက်သွားရတာကြောင့်မိသားစုဆရာဝန်ကိုပါအမြန်ပင့်လိုက်ရသည်။
ဖြူစင်သော်ကတော့သူမအခန်းတံခါးကိုဘန်းခနဲမြည်အောင်ဆောင့်ပိတ်လိုက်ပြီးနောက်
ဒီအမှုတွေကနေမရရအောင်ကိုယ်လွတ်ရုန်းဖို့အကြံထုတ်နေလေတော့သည်။

အိမ်ရှေ့ဥယျာဥ်ငယ်လေးထဲမှာလက်ပိုက်လျက်မတ်တပ်ရပ်နေတဲ့မင်းခန့်ထည်ဟာအိမ်ထဲမှဆူညံနေတဲ့အသံဗလံတွေကိုနားစိုက်ထောင်နေပြီးနောက် သူ့ရဲ့နှုတ်ခမ်းသားတွေကိုတင်းတင်းစေ့ထားလျက်ပြန်လှည့်ထွက်လာခဲ့လိုက်သည်။

သူ ထိုနေရာသို့ရောက်နေသည်မှာအတော်ကြာပြီဖြစ်သည်။ အမှုနဲ့ပက်သတ်ပြီးရှေ့နေ၂ယောက်စကားစပြောကတည်းက
သူရောက်နေပြီဖြစ်ရာ ဖြူစင်သော်ငြင်းဆန်နေတဲ့စကားသံတွေကိုပါသူအကုန်ကြားခဲ့သည်။

နောက်ဆုံးအချိန်အထိဝန်မခံဘူးဆိုတာသူခန့်မှန်းပြီးသားကိစ္စတစ်ရပ်ဖြစ်ပေမယ့် သူ့ချစ်သူလေးရိုက်သွင်းထားပါတဲ့ခွင့်လွှတ်သည်းခံခြင်းဆိုတဲ့အမူအကျင့်တွေအရထူးဆန်းစွာဖြင့်မျှော်လင့်ခဲ့သေးသည်။

သို့သော်ဒုန်ရင်းကဒုန်ရင်းပါပဲ။

ဟန်လင်းထက်ရဲ့လက်ထဲမှာမာန်ကိစ္စနဲ့ပက်သတ်ပြီးသက်သေတွေရှိနေခဲ့တာကတော့သူ လုံးဝမမျှော်လင့်ထားတဲ့ကိစ္စတစ်ရပ်ပင်။

လွန်ခဲ့တဲ့နှစ်နှစ်က မာန်ကိစ္စနဲ့ပက်သတ်ပြီးသူကိုယ်တိုင်လိုက်လံစုံစမ်းခဲ့ဖူးပေမယ့် အမြဲတစ်စုံတစ်ယောက်ကသူ့ထက်လက်ဦးသွားတာကြောင့် သူသက်သေတွေစုလို့မရခဲ့ပေ။ထိုတစ်စုံတစ်ယောက်ကကောင်စုတ်လေးဟန်လင်းထက်ဖြစ်နေသည်မှာတကယ်သြချစရာကောင်းလှ၏။

မာနကြီးလွန်းတဲ့ သူမဟာအခုချိန်ထိဝန်မခံခဲ့လေဘူး...

သူ့ချစ်သူပြောတဲ့အတိုင်းသူမကိုခွင့်လွှတ်ပေးသင့်ရဲ့လား ....

မင်းခန့်ထည်ထွက်သွားပြီးမကြာခင်တွင်မိသားစုဆရာဝန်နဲ့အတူမိသားစုရှေ့နေပါရောက်လာတာကြောင့်အဖြူရောင်စံအိမ်လေးမှာလူအဝင်အထွက်မပြတ်ဘဲစည်ကားလျက်ရှိနေသည်။

ဒေါ်စန္ဒာသော်မှာတစ်ဖက်ကနေဆေးချိတ်ထားရင်းကျန်တစ်ဖက်ကနေလည်းမိသားစုရှေ့နေအားအကြောင်းစုံကိုရှင်းပြလေတော့သည်။
ရှေ့နေ့ကဦးနေမင်းထက်တို့ပေးသွားတဲ့စာရွက်စာတမ်းတွေကိုဖတ်ရှုလိုက်ကာ ဒေါ်စန္ဒာသော်ပြောပြလာတဲ့အကြောင်းစုံကိုနားထောင်လိုက်ပြီးနောက် ခေါင်းတခါခါနှင့်ကောက်ချက်ချလာခဲ့သည်။

"ကျနော့်အထင် ဒီအမှုကနိုင်ဖို့မလွယ်ဘူး။တရားလိုဘက်ကလဲသက်သေအပြည့်အစုံနဲ့တင်ပြလာမှာဆိုတော့ ကျနော်တို့အခန့်မသင့်ရင်အမှုပါရှုံးနိုင်တယ်။"

ထိုစကားကြားတော့ဒေါ်စန္ဒာသော်မှာမျက်ရည်စက်လက်နဲ့ သေရေးရှင်ရေးတမျှတောင်းပန်လာခဲ့သည်။

"ရှေ့နေကြီးရယ် အမှုမနိုင်ရင်နေပါ ပြစ်ဒဏ်လျှော့ပေါ့ရင်ပဲ  ကျမကျေနပ်ပါပြီ။ဒီကလေးကတကယ်တော့နေမကောင်းပါဘူးရှင်။သူမကစိတ်ရောဂါသည်လေးပါ။
ကျမသမီးကိုကျမနဲ့ဝေးရာမှာအကြာကြီးမထားနိုင်ပါဘူး။..."

"ခန...ဒေါ်စန္ဒာ ခုနကပြောလိုက်တာ မဖြူစင်သော်က စိတ်ရောဂါဝေဒနာခံစားနေရတဲ့သူဆိုလား။?"

"ဟုတ်ပါတယ်ရှင်။အဲ့တာကြောင့် ကျမ သမီးလေးကိုထောင်အကျမခံနိုင်တာပါ ကူညီပါဦးရှေ့နေကြီးရယ်"

ထိုအခါရှေ့နေကြီးကသူ့ရဲ့မျက်မှန်ကိုပင့်တင်လိုက်ရင်းခေါင်းတငြိမ့်ငြိမ့်နဲ့ခပ်ဖွဖွပြုံးလာခဲ့သည်။

"ဒါဆို စိတ်မပူပါနဲ့တော့။ဒီအမှုကနေလွတ်နိုင်မယ့်နည်းလမ်း ကျနော်စဥ်းစားမိပြီ"

••••••••••••••••••••••••••••••••••••••••••••••••••

ဖြူစင်သော်တရားရင်ဆိုင်နေသည်မှာ ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီဖြစ်သည်။ယခုအချိန်ထိလုံးဝဝန်မခံလာတာကြောင့် ဟန်လင်းထက်နဲ့အတူမင်းခန့်ထည်လည်းတဖြည်းဖြည်းစိတ်ပျက်လာခဲ့လေသည်။

နောက်ဆုံးအမှုရင်ဆိုင်တဲ့နေ့ရောက်သော် ကံကောင်းထောက်မစွာပင်မေ့မြောနေရာမှနိုးထလာခဲ့တဲ့မင်းစက်ကြောင့်ဖြူစင်သော်တစ်ယောက်ငြင်းဆန်လို့မရတော့ပေ။
သူ့အားမိန်းကလေးတစ်ယောက်ကလှေကားပေါ်ကနေတွန်းချလိုက်တာပါဆိုတဲ့ခိုင်မာတဲ့ထွက်ဆိုချက်တွေအရမတော်တဆမှုဆိုပြီးကန့်ကွက်တင်ပြထားတဲ့တင်ပြချက်တွေကတရားခွင်၌လုံးဝဥဿုန်ပယ်ချခံလိုက်ရလေသည်။

တရားခွင်က တရားလိုဘက်သို့နိုင်ဖို့အလေးသာနေပြီးနောက်
တရားခံရှေ့နေဘက်မှအဆိုတင်သွင်းမှုတစ်ခုကိုအစပြုလေသည်။ထိုအဆိုတင်သွင်းမှုမှာ ဖြူစင်သော်ဟာစိတ်ရောဂါသည်ဝေဒနာရှင်ဖြစ်တာကြောင့် ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အဆိုတင်သွင်းခြင်းဖြစ်သည်။

"တောက်! ဒီမိန်းမကတော့ဥာဏ်များပြန်ပြီ"

ဟန်လင်းထက်ကထိုအဆိုတင်သွင်းမှုကိုကြားသော်အမျက်ချောင်းချောင်းထလာရတော့သည်။
ထို့နောက်သူ၏နောက်၌ထိုင်နေသောမင်းခန့်ထည်နှင့်ရှိုင်းဇေယံတို့ဘက်သို့လှည့်ကြည့်လာကာ မင်းခန့်ထည်အားစူးရှရှမျက်ဝန်းတွေနဲ့စိုက်ကြည့်လျက် ဒေါသတကြီးမေးလိုက်လေသည်။

"ခများ ဒီကိစ္စကိုသိနေခဲ့တာလား?"

မင်းခန့်ထည်ကနှုတ်မှမဖြေအေးဆေးစွာသာခေါင်းငြိမ့်ပြခဲ့သည်။

WTF!!! ကြိုးစားထားသမျှရေစုန်မျောတော့မှာကိုခများကဒီလိုမျက်နှာထားမျိုးနဲ့ထိုင်နေနိုင်သေးတယ်လား .....

မင်းခန့်ထည်ကိုလှည့်ကြည့်ရင်းရှုးရှူးရှားရှားဖြစ်နေတဲ့သားဖြစ်သူအားဦးနေမင်းထက်ကအရပြန်ထိန်းထားခဲ့သည်။

မင်းလူရိုက်ချင်ရင်တောင်တရားခွင်မှာတော့မရိုက်နဲ့ .....

တရားခံရှေ့နေဘက်ကအဆိုတင်သွင်းမှုအပေါ်  တရားသူကြီးမင်းကလက်ခံကြောင်းပြောကာသက်သေတင်သွင်းဖို့ဆိုလာခဲ့သည်။

"ရောဂါဝေဒနာခံစားနေရကြောင်းသက်သေအထောက်အထားအစုံတင်ပြပါ"

တရားခွင်၌ တရားခံဘက်ကထပ်၍အလေးပြန်သာလာတာကြောင့်အုန်းအုန်းကျွက်ကျွက်ဖြစ်လာရကာဖြူစင်သော်ကိုကြည့်နေရင်းနဲ့ဟန်လင်းထက်ရဲ့မျက်နှာဟာ တဖြည်းဖြည်းနဲ့မဲမှောင်ပျက်ယွင်းလာရသည်။

သို့သော်အချိန်တစ်ခုကြာတဲ့အထိစောင့်ဆိုင်းနေပြီးတဲ့နောက် ဆေးစစ်ချက်စာရွက်စာတမ်းတွေကဆေးရုံကနေတရားခွင်ဆီသို့အချိန်မှီရောက်မလာခဲ့ပေ။

တရားခွင်ကထိုကိစ္စနဲ့ပက်သတ်ပြီးတစ်ဖန်ဆူညံပွက်လောရိုက်လာပြန်သည်။

"ကျေးဇူးပြုပြီး ငြိမ်ပေးကြပါ"

တရားသူကြီးမင်းက လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့တရားခွင်ကိုပြန်ထိန်းလိုက်ပြီး ဖြူစင်သော်တို့ဘက်ကရှေ့နေ့အားမေးခွန်းထုတ်လာခဲ့သည်။

"တရားခံရှေ့နေ သက်သေအထောက်အထားတွေမတင်ပြနိုင်ဘူးလား"

"ဆေးရုံကပို့လာမယ့်စာရွက်စာတမ်းတွေက ကျနော်တို့ဆီမရောက်လာသေးဘူး။
ဆေးရုံကတော့ပို့လိုက်ပြီပြောတာပဲ။အခုကလမ်းတစ်ဝက်မှာပျောက်နေတာ......"

"ဒါဆို တရားခံရှေ့နေဘက်က မဖြူစင်သော်ဟာစိတ်ရောဂါသည်ဖြစ်ကြောင်းသက်သေမပြနိုင်တဲ့အတွက်မမှန်ကန်ပါဘူး တရားသူကြီးမင်း"

တရားလိုရှေ့နေကထိုအချက်ကိုအခွင့်ကောင်းယူကာခုခံပြောဆိုလာခဲ့သည်။

"ခနနေပါဦး ကျနော်တို့မဖြူစင်သော်ရဲ့ဆရာဝန်နဲ့ဆက်သွယ်လို့ရနိုင်ပါသေးတယ်။
ခနစောင့်ပေးပါ"

တရားသူကြီးမင်းကထိုတောင်းဆိုချက်ကိုခွင့်ပြုပေးလိုက်တာကြောင့် တရားခံရှေ့နေက ဖြူစင်သော်ကုသမြဲဖြစ်သောစိတ်ရောဂါဆရာဝန်အားဆက်သွယ်ခဲ့ပေမယ့် ထိုဆရာဝန်ဟာအစအနမကျန်တော့အောင်ပျောက်ကွယ်သွားကာလုံးဝဆက်သွယ်လို့မရခဲ့ပေ။ဆေးရုံကိုဆက်သွယ်ကြည့်လိုက်တော့လည်း ထိုနာမည်နဲ့ထိုဆရာဝန်က သူတို့ဆေးရုံတွင်မရှိပါကြောင်းပြန်လည်ပြောဆိုလာတာကြောင့် ဒေါ်စန္ဒာသော်ပါပါးစပ်အဟောင်းသားနဲ့ဆောက်တည်ရာမရစွာအံ့အားသင့်သွားရလေသည်။

ဒါကဘယ်လိုဖြစ်ပြီး ......

သူတို့တွေကလိမ်ဆင်တစ်ခုကိုဖန်တီးလိုက်ရာကျသွားတာကြောင့် တရားသူကြီးမင်းကတရားခံရှေ့နေဘက်မှအဆိုတင်သွင်းမှုကိုပယ်ချပစ်လိုက်ပြီး နောက်တစ်နေ့နံနက် ၁၀နာရီတွင်တရားခံအားအမိန့်ချမှတ်မည်ဟုကြေညာလိုက်တော့သည်။

ဒီလိုနဲ့ ဖြူစင်သော်အတွက် လွတ်မြောက်ဖို့မျှော်လင့်ချက်တို့ဟာ ပင်လယ်ရေအောက်ကြမ်းပြင်ထဲသို့ပျောက်ဆုံးနစ်မြုပ်သွားလေပြီပင်။

အမှုရင်ဆိုင်နေတဲ့တစ်လျှောက်လုံး၌မင်းခန့်ထည်ကရှိုင်းရဲ့လက်ကလေးအားမလွှတ်တမ်းဆုပ်ကိုင်ထားကာ သူ၏မျက်နှာအမူအရာတို့ကတော့အေးစက်ခဲသေနေခဲ့သည်။

နောက်ဆုံးမှာတော့တရားခွင်၌ ဟန်လင်းထက်တို့ဘက်ကအနိုင်နဲ့အဆုံးသတ်သွားခဲ့ရလေပြီ။

'ကိုကြီး ကျနော်ကိုကြီးအတွက် လက်တုံ့ပြန်နိုင်ခဲ့ပြီနော်။
ကိုကြီး အေးအေးချမ်းချမ်းအနားယူပါတော့'

အခုအချိန်၌ ဖြူစင်သော်မှာအရုပ်ကြိုးပျက်ဖြစ်နေခဲ့ပြီး ဒေါ်စန္ဒာသော်တစ်ယောက်ကတော့သမီးဖြစ်သူရဲ့အဖြစ်ကိုကြည့်ရင်းငိုကြီးချက်မနဲ့အော်ဟစ်ငိုကြွေးလာကာ
မူးလဲသွားတော့သည်။

ထိုမြင်ကွင်းကိုမင်းခန့်ထည်ကရှိုင်းဘေးနား၌နေ၍မမှိတ်မသုန်ဖြင့်ရပ်ကြည့်နေရှာသည်။သူ့ရဲ့မျက်ဝန်းတွေထဲမှာစိတ်မကောင်းခြင်းများစွာတို့ကအလွှာတစ်ခုသဖွယ်ရစ်ပတ်လွှမ်းခြုံလို့ထားခဲ့ပေမယ့််အေးစက်ခဲနက်သောရေခဲစိုင်တစ်လွှာကလည်းထိုအလွှာတွေထက်မှာ ထက်ထက်သန်သန်ဖုံးအုပ်လို့ထားပေသည်။

ဦးနေမင်းထက်ကတော့သူ၏ရှေ့နေအားချီးကျူးစကားဆိုနေလေသည်။

"မင်းပင်ပန်းသွားပြီ တာဝန်ကျေပါတယ်။"

"မဟုတ်တာဗျာ။တကယ်ဆိုကျနော်တောင်ရုတ်တရက်လန့်သွားသေးတယ််။တရားခံရှေ့နေဘက်ကလွဲချော်သွားမှုကြောင့်ကံကောင်းသွားတာပါဗျာ။တကယ်လို့အဲ့ဆေးစစ်ချက်တွေသာမပျောက်ခဲ့ရင် ကျနော်တို့ဘက်ကအခြေအနေမကောင်းဘူးဗျ။ ဒါဘယ်လိုပြောရမလဲ သူတော်ကောင်းကိုနတ်ကောင်းမတယ်လို့ပဲပြောရမလားဗျာ"

"တရားခံဘက်ကလိုက်တဲ့ရှေ့နေကလဲ မခေဘူးဆိုတဲ့အကြောင်းအများကြီးကြားထားပါတယ်။ဒါပေမယ့် ဒီလိုလွဲချော်မှုကတော့တကယ်ဆိုးရွားတာပဲ"

သူ၏ဖခင်ဖြစ်သူနှင့်ရှေ့နေနှစ်ဦးတို့ရဲ့လေဖြောင့်နေပါသည့်ပြောဆိုသံတွေကိုကြားတဲ့အခါဟန်လင်းထက်ကမင်းခန့်ထည်ဘက်ဆီသို့မျက်လုံးထောင့်ကနေလှမ်းကြည့်လိုက်လေသည်။

နှလုံးသားမရှိတဲ့ထိုလူသားက အရုပ်ကြိုးပျက်ဖြစ်နေရှာသောဖြူစင်သော်နှင့်ဆေးအကူအဖွဲ့တို့ဖြင့်လုံးပန်းနေရပါသောဒေါ်စန္ဒာသော်အား ခံစားချက်မဲ့စွာစူးစိုက်ကြည့်နေခဲ့ကာ သူ့အားစောင့်ကြည့်နေတဲ့ဟန်လင်းထက်ရဲ့အကြည့်တွေကို သတိမထားမိလိုက်ပေ။

'တောင်းပန်ပါတယ် အန်တီ' ဆိုတဲ့
ထိုစကားတစ်ခွန်းကိုစိတ်ထဲကနေနက်နက်ရှိုင်းရှိုင်းရေရွတ်လိုက်ပြီးနောက်ရှိုင်းဇေယံလက်ကိုဆွဲကာထွက်သွားတော့လေသည်။ထွက်ခွာသွားပြီဖြစ်တဲ့ကျောပြင်တစ်နေရာကိုရှုကြည့်နေရင်းဟန်လင်းထက်ရဲ့နှုတ်ခမ်းတို့ကကော့တက်သွားတော့သည်။

ထို့နောက် ဖြူစင်သော်ကိုလက်ထိပ်ခတ်ကာခေါ်ဆောင်သွားသောရဲမေတွေနောက်သို့ဟန်လင်းထက်ကပြေးလိုက်သွားကာအော်ပြောလိုက်သည်။

"ခနလေးနေပါဦး ဗျ"

ဟန်လင်းထက်အော်ပြောလိုက်တဲ့အသံကိုကြားတော့ရှေ့ကနေသွားနေတဲ့လူတစ်စုကရပ်သွားကြကာ ဟန်လင်းထက်ကနောက်ကျောဘက်ကနေလျှောက်လှမ်းလာပြီးနောက်ဖြူစင်သော်နဲ့မျက်နှာချင်းဆိုင်နေရာ၌သူ၏ခြေလှမ်းများကိုရပ်တန့််လိုက်သည်။

ဖြူစင်သော်ကတော့သူနဲ့မျက်နှာချင်းမဆိုင်ဘဲခေါင်းငုံ့လျက်အနေအထားနှင့်သာမျက်နှာလွှဲထားသည်။

"ခများကိုယ်ခများပြန်သုံးသပ်ပြီးအသစ်ကနေပြန်စပါ။ ခများရသင့်ရထိုက်တဲ့နောင်တတရားတွေအတွက်ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားလိုက်!"

"ငါ့ဘာသာဘာနေနေ  မင်းကိစ္စမဟုတ်ဘူး"

ထိုစကားကြားတော့ဟန်လင်းထက်ကဟမ့်ခနဲရယ်သံပြုကာ အပြုံးမမည်သောမပြုံးတစ်ပွင့်နဲ့ပြောပြလာခဲ့သည်။

"ခများ ရှိုင်းဇေယံကိုထိခိုက်ဖို့ကြိုးစားသေးတယ်ဆို။
ခများ မင်းခန့်ထည်ဆိုတဲ့လူကိုမကြောက်ဘူးလား။ကျနော့်အထင်ပြောရရင်
ခများသူ့ကိုကြောက်သင့်တယ်"

ထိုစကားကြားတော့မှဖြူစင်သော်ကဟန်လင်းထက်ရဲ့မျက်ဝန်းများဆီသို့တစိုက်မတ်မတ်စိုက်ကြည့်လာတော့သည်။

နောက်တစ်နေ့မနက် စီရင်ချက်ချဖို့ တရားခွင်စတင်ချိန်မှာပင် အုတ်ကျော်သောင်းနင်းဖြစ်သွားခဲ့လေသည်။

တရားခံဟာသူ့မကိုယ်သူမသတ်သေဖို့ကြိုးစားခဲ့တယ်တဲ့...........

သူမရဲ့မျက်ဝန်းတွေရှေ့ကကောင်းကင်ကြီးမှာအရောင်တောက်ပစွာပြာလဲ့နေပြီး သစ်ရွက်ရိပ်တို့ကသူမလေးရဲ့မျက်နှာပေါ်သို့တဖြောက်ဖြောက်ကျဆင်းနေသည်။
သူမရဲ့မျက်ဝန်းတို့က တစ်စထက်တစ်စဝေဝါးလာကာ ကြည့်ရတာ သူမထွက်သွားဖို့အချိန်တန်ပြီဖြစ်မည်။

အရေးပေါ်ကားသံတွေနဲ့ရဲကားတွေရဲ့ဥသြဆွဲသံတို့ကကသောင်းကနင်းနိုင်စွာပွက်လောရိုက်သွားခဲ့ကာ လူနာခုတင်ပေါ်ကသွေးတွေရွှဲနစ်နေတဲ့ဖြူစင်သော်အားဆေးရုံထဲသို့အပြေးခေါ်သွားကြလေသည်။

ဆေးရုံအတွင်းသို့ရောက်တော့ ဆေးရုံအနံ့ကနှာဖျားဝထံသို့ အရှိန်အဟုန်နှင့်ရိုက်ခတ်လို့လာခဲ့စဥ် သူမအနီးနားသို့ချဥ်းကပ်လာသော အရေးပေါ်တွန်းလှည်းသံတစ်သံကိုလည်းသူမရဲ့နားနဲ့ဆက်ဆက်ကြားနေရသည်။

လူနာခုတင်၂ခုကဘေးချင်းယှဥ်လျက်ဖြတ်သန်းသွားခဲ့ကြပြီးလူနာ၂ဦးရဲ့လက်၂သွယ်တို့ဟာလည်း တိုတောင်းလွန်းတဲ့အချိန်တိုလေးအတွင်းမှာအချင်းချင်းပွတ်တိုက်မိသွားကြသည်။

ဒုတ်......ဒုတ်.......ဒုတ်

ပြင်းစွာသောနှလုံးခုန်သံတစ်စုံကကြည်လင်ပြတ်သားစွာထွက်ပေါ်လာခဲ့သည်။

ရပ်တန့်နေတာကြာပြီဖြစ်တဲ့တစ်စုံတစ်ယောက်ရဲ့နှလုံးသားလေး ကရုတ်တရက်ခုန်ပေါက်လို့လာသည်။

ပွတ်ဆွဲနေတဲ့ဘီးလုံးသံတို့ကဆန့်ကျင်ဘက်အရပ်တွေဆီခွဲထွက်သွားတဲ့အခါ
ပြေးလွှားနေတဲ့ခုတင်တစ်ခုထက်မှာလဲလျောင်းနေရတဲ့လူငယ်လေးတစ်ယောက်ဟာ တွန်းလှည်းသံတွေဝေးသထက်ဝေးသွားသည်နှင့််အမျှမှောင်မိုက်ခြင်းအတိသို့ကျရောက်သွားခဲ့လေ၏။

'ဒါဟာ ကျနော့်အတွက်နောက်ဆုံးအချိန်များလား။
နောက်ဆုံးအချိန်မို့ ကျနော့်နှလုံးသားလေးကအဆုံးသတ်ခုန်ပေါက်နေခဲ့တာလား????'

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading.🙏💕

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း (၃၈) - သူမ၏သူ

Zawgyi

[မင္းခန္႔ထည္ရဲ႕ခြင့္လႊတ္ျခင္း ]

မင္းခန္႔ထည္တစ္ေယာက္ေဆး႐ုံမွျပန္လာတဲ့လမ္းတစ္ေလွ်ာက္လုံးတိတ္ဆိတ္ေနကာ
ေတြေဝေငးေမာေနခဲ့သည္။
႐ိႈင္းေဇယံရဲ႕လက္ဖ်ားကေလးေတြဟာလည္းမင္းခန္႔ထည္ရဲ႕ေႏြးေထြးေသာတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားမႈေၾကာင့္ေခြၽးသီးေလးမ်ားပင္လွ်င္႐ႊဲနစ္လို႔ေန႐ွာသည္။

သူ႕ခ်စ္သူက ေဆး႐ုံကေနစထြက္လာကတည္းက သူ႕လက္ေတြကိုဆုပ္ကိုင္ထားသည္မွာယခုခ်ိန္ထိတိုင္မလႊတ္ေပးေသးေပ။အလြန္ထူးဆန္းေနတာေၾကာင့္သူသူ႕ခ်စ္သူကိုတိတ္တခိုးတစ္ခ်က္႐ႈၾကည့္လိုက္ၿပီးေနာက္ထပ္လ်က္႐ွိေသာလက္ဖဝါးႏွစ္ဖက္ကိုမကြဲမကြာထပ္ထားေစလ်က္ တစ္ေယာက္ေသာသူေဘးနား၌ျငမ္ၿငိမ္ကေလးထိုင္ေနလိုက္ေတာ့သည္။

နံပါတ္၇၀ကားေလးကေက်ာင္းေ႐ွ႕ကားဂိတ္ကိုဆိုက္လာေတာ့ ႏွစ္ဦးသားေက်ာင္းေ႐ွ႕၌ဆင္းလိုက္ၾကတဲ့အခါ မင္းခန္႔ထည္က႐ိႈင္းေဇယံေလးအားေက်ာင္းေ႐ွ႕ကြန္ကရစ္လမ္းေလး၌အတူတူလမ္းေလွ်ာက္ရန္ေခၚေလသည္။

ထို႔ေနာက္အႏွီလူသားကသူ႕ရဲ႕လက္တစ္ဖက္ကိုတဖန္ဆြဲကိုင္လိုက္ျပန္ကာ ကြန္ကရစ္လမ္းေလးအတိုင္းဆက္ေလွ်ာက္လွမ္းေနလိုက္သည္။ေလညႇင္းေလးေတြတိုးေဝွ႔သြားတဲ့အခိုက္ မေလး႐ွားပိေတာက္ပင္ယံထက္ကသစ္႐ြက္ေလးေတြအခ်င္းခ်င္းပြတ္တိုက္သြားတဲ့အသံေတြဟာမရပ္မစဲတသဲသဲထြက္ေပၚေနလ်က္႐ွိၿပီး သစ္႐ြက္ေျခာက္ကေလးေတြေႂကြက်သံကိုလည္းတစ္စြန္းတစ္စၾကားေနရသည္။မေလး႐ွားပိေတာက္ပန္းရဲ႕အပြင့္အေစ့ေလးေတြကသူတို႔ေျခဖဝါးေအာက္ကကြန္ကရစ္လမ္းထက္မွာေျခခ်စရာေနရာမ႐ွိေအာင္ပ်ံ႕က်ဲလို႔ေနလ်က္။

ညေနေစာင္းမို႔ေနေရာင္ျခည္က်ိဳးတိုးက်ဲတဲေလးကသစ္ပင္ေတြၾကားကေနတိိဳးေဝွ႔ျဖာက်ေနကာ ကြန္ကရစ္လမ္းေလးေပၚမွာက်ေရာက္ေနတဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕ပုံရိပ္ေလးဟာ မခြဲမခြာစတမ္းအတူတူ႐ွိေနခဲ့ၾကသည္။႐ိႈင္းကပူးကပ္ေနတဲ့ထိုအရိပ္ေလး၂ခုကိုတိတ္တဆိတ္ဓာတ္ပုံ႐ိုက္လိုက္ရင္းအမွတ္တရအျဖစ္ သူ႕ရဲ႕ဖုန္းမမ္မိုရီထဲမွာမေပ်ာက္မပ်က္သိမ္းဆည္းထားလိုက္ေပ၏။

ဖုန္းထဲကဓာတ္ပုံေလးကိုၾကည့္ေနရင္းနဲ႔သူ႕လက္ကေလးကဆစ္ခနဲဖ်စ္ညစ္ခံလိုက္ရတာေၾကာင့္ ႐ိႈင္းကသူ႕ခ်စ္သူအားေမာ့ၾကည့္လိုက္တဲ့အခါမင္းခန္႔ထည္ရဲ႕နက္ေမွာင္နက္႐ိႈင္းေသာမ်က္ဝန္းတစ္စုံနဲ႔တည့္တည့္ဆုံေတြ႕သြားရေလသည္။ထို႔ေၾကာင့္သူ႕ဖုန္းေလးကိုအျမန္ဖြက္ထားလိုက္ေပေတာ့သည္။

ဒီအရိပ္ေလးေတြကိုဓာတ္ပုံခိုး႐ိုက္ဖို႔သူဘယ္လိုလုပ္ၿပီးအေတြးေပါက္လာသလဲဆိုသူတို႔ ေမဂ်ာရဲ႕ K- drama႐ူးႀကီးျဖစ္တဲ့
အမထားသရဖီဦးကညညဆိုရင္ သူ႕ Cbထဲမွာ Linkပို႔ေပးထားတတ္တဲ့ဇာတ္ကားေတြထဲကမွ While you're sleepingဆိုတဲ့ dramaေလးထဲကေနအတုခိုးထားျခင္းေပ။

'အခ်စ္ဆိုတာတကယ္ကို႐ူးသြပ္ေစတဲ့ေဆးတစ္မ်ိဳးပဲ ... သူေတာင္K dramaထဲကအကြက္ေတြနဲ႔႐ူးတတ္လာတာကိုပဲၾကည့္ေလ

သူ႕ခ်စ္သူႀကီးသာဒီအေၾကာင္းေတြကိုသိၾကည့္ တစ္ေန႔တစ္မ်ိဳးမ႐ိုးႏိုင္ေအာင္ကိုစေနာက္ေနေတာ့မွာပဲ.... '

မင္းခန္႔ထည္ကသူ႕လက္ထဲကလက္ကေလးကိုမလုံေလာက္သည့္ႏွယ္ထပ္မံတင္းၾကပ္လိုက္တဲ့အခါ႐ိႈင္းေဇယံလည္းအႏွီလူသားကိုဒီအတိုင္းၾကည့္မေနႏိုင္ေတာ့ပဲ အေၾကာင္းစုံေမးျမန္းရန္ႏႈတ္ဟလိုက္ေပေတာ့သည္။

"ကိုခန္႔ ဘာျဖစ္ေနတာလဲ ။
ကိုခန္႔ကိုၾကည့္ရတာတစ္မ်ိဳးႀကီးပဲ"

"ကိုယ္ ဘာမွမျဖစ္ပါဘူး"

"ေသခ်ာလို႔လား။က်ေနာ္႕ကိုအမွန္အတိုင္းေျပာျပစမ္းပါ။ဘာျဖစ္ေနတာလဲ။
အကိုမင္းစက္ကိစၥေၾကာင့္လား"

သူဟာအႏွီမင္းခန္႔ထည္ဆိုတဲ့လူသားကိုအရိပ္တၾကည့္ၾကည့္နဲ႔အၿမဲေစာင့္ၾကည့္ေနတတ္သူမို႔ သူခ်စ္သူမ်က္ႏွာမေကာင္းတာကိုျမင္ရ႐ုံနဲ႔တင္သူ၏ႏွလုံးသားေလးမွာမသက္မသာခံစားလာရစၿမဲပင္။

"႐ိႈင္းေလး......"

မင္းခန္႔ထည္ကႏူးညံ့စြာခပ္ဖြဖြေလးေခၚလိုက္၍႐ိႈင္းလက္ကေလးအားသူ၏ႏွလုံးသားထက္ဆီသို႔ပင့္တင္အုပ္ကိုင္ထားေစကာ ေကာင္ေလးရဲ႕မ်က္ဝန္းေတြထဲသို႔ေႏြးေထြးျမတ္ႏိုးစြာစိုက္ၾကည့္လိုက္ရင္း ဆိုသည္။

"ကိုယ္ေတာင္းပန္ပါတယ္။မင္းေလး ကိုယ့္ေၾကာင့္ ထိခိုက္မိေတာ့မလို႔။အဲ့အေၾကာင္းေတြစဥ္းစားလိုက္ရင္ကိုယ့္ႏွလုံးသားကဆစ္ခနဲကိုက္တတ္လာတယ္"

"ကိုခန္႔ဘာကိုေျပာခ်င္တာလဲ...က်ေနာ္ထိခိုက္မွာဟုတ္လား"

"အင္း။ကိုယ္ စဥ္းစားတိုင္းခြင့္မလႊတ္ႏိုင္ဘူး။"

"ဘယ္သူ႕ကိုလဲ?"

႐ိႈင္းေမးေတာ့မင္းခန္႔ထည္ကႏႈတ္ဆိတ္သြားကာျပန္မေျဖလာဘဲမ်က္ႏွာကိုတစ္ဖက္သို႔လွည့္သြားတာေၾကာင့္ သူ႕ၾကည့္ရတာေမးတဲ့လူကသာဒီတစ္သက္လုံးအာေပါက္သြားမယ္ ျပန္ေျဖမယ့္ပုံကိုမေပၚ။

"ညေနေစာင္းမို႔လို႔လားမသိ ေအးခ်မ္းတယ္ေနာ္ ညီ။"

"စကားလမ္းေၾကာင္းမလႊဲနဲ႔!!!"

႐ိႈင္းကစိတ္ေပါက္ေပါက္နဲ႔ေအာ္ေျပာလိုက္ေတာ့ ဘဲႏႈတ္သီးကဲ့သို႔ခြၽန္ခြၽန္ေလးျဖစ္ေန႐ွာတဲ့ေကာင္ေလးရဲ႕ႏႈတ္ခမ္းေလးေတြကတမ်ိဳးတမည္ခ်စ္စရာေကာင္းေနတာေၾကာင့္ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိတည္တင္းေအးစက္ေနတဲ့မင္းခန္႔ထည္အားရယ္ေမာသြားေစေလသည္။

"ဟားဟား.....ကိုယ့္ကေလးေလးကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ"

"ေျပာျပလို႔ေျပာေနတယ္"

႐ိႈင္းေဇယံကမင္းခန္႔ထည္ရဲ႕အက်ႌလက္ကိုဆြဲေဆာင့္လိုက္ရင္း ေက်ာင္းရဲ႕အေက်ာ္အေမာေဒါသအိုးႀကီးအားေငါက္ငမ္းလိုက္ေလေသာ္တျခားလူသာဆိုေျမေပၚအေမွာက္သိပ္မယ့္စီနီယာႀကီးက သူ႕ခ်စ္သူေလးရဲ႕အေအာ္ေငါက္ခံရတဲ့အခါမွာေတာ့ပန္းေလးေတြနဲ႔ပစ္ေပါက္ခံေနရတဲ့အလားတျပဳံးျပဳံးျဖင့္။

"ဒီအေၾကာင္းေတြက ညီသိဖို႔မထိုက္တန္ပါဘူး"

ထိုသို႔ေဝ့လည္ေၾကာင္ပတ္ဆိုကာသူ႕ကေလးေလးရဲ႕လက္ကေလးအားဆြဲကိုင္လိုက္ရင္း ေ႐ွ႕သို႔ဆက္ေလွ်ာက္မည္အျပဳ ႐ိႈင္းကသူ႕လက္ကေလးအား အႏွီလူသားရဲ႕လက္ခုပ္ထဲကေနဆြဲထုတ္လိုက္ၿပီး ေနာက္သို႔ျပန္႐ုတ္လိုက္သည္။

"အမျဖဴစင္ေသာ္မွန္း ေသခ်ာေနလို႔မွတ္လားအမွန္တရားကဘာတဲ့လဲ ?
အမျဖဴစင္ေသာ္ကက်ေနာ္႕ကိုထိခိုက္ဖို႔ၾကံစည္ခဲ့တာတဲ့လား?"

ဟု သူဆက္ေမးလိုက္ေတာ့ တစ္ေယာက္ေသာသူကေတာင့္ေတာင့္ႀကီးနဲ႔ရပ္တန္႔သြားရၿပီးတိတ္ဆိတ္လို႔ေနသည္။

သူက က်ေနာ္႕အေမးကိုျပန္မေျဖလာဘူးဆိုကတည္းကေသခ်ာေနပါၿပီ။
ထိုေန႔ကတကယ္ထိခိုက္ရမည့္လူကေသခ်ာေပါက္သူကိုယ္တိုင္ပင္ျဖစ္ကာအကိုမင္းစက္ကကံမေကာင္းအေၾကာင္းမလွ၍သူ႕အစားထိခိုက္သြားရျခင္းပင္။

အမျဖဴစင္ေသာ္ကသူ႕အေပၚအဲ့ေလာက္ထိမုန္းတီးေနတယ္တဲ့လား ?

"ဒါဆို ကိုခန္႔ ဘာဆက္လုပ္မလဲ?"

႐ိႈင္းေဇယံေလးကထိုအေၾကာင္းေတြကိုသိသြားတာေတာင္စိတ္ဆိုးေဒါသထြက္သြားျခင္းမ႐ွိသလို႐ြံ႐ွာမုန္းတီးသြားျခင္းမ်ိဳးလည္းမ႐ွိခဲ့ေပ။ဒီအတိုင္းသာမန္အေၾကာင္းအရာေလးတစ္ခုကိုနားေထာင္မိလိုက္သကဲ့သို႔တည္ၿငိမ္လို႔ေနၿပီး သူ႕ထက္၃ႏွစ္ႀကီးတဲ့မင္းခန္႔ထည္ထက္ေတာင္စဥ္းစားဆင္ျခင္ႏိုင္စြမ္းျမင့္မားေလသည္။

ႏူးညံ့ညံ့မ်က္ႏွာေလးထက္မွာအနည္းငယ္တုန္လႈပ္သြားရတဲ့အေငြ႕အသက္တို႔ကိုသာေဖာ္ျပလာၿပီးေနာက္ ထိုမွ်ႏွင့္သာၿပီးဆုံးသြားခဲ့တာေၾကာင့္မင္းခန္႔ထည္ကအားမလိုအားမရျဖစ္စြာေကာင္ေလးရဲ႕ပခုံးႏွစ္ဖက္ကိုဆြဲကိုင္လိုက္ၿပီးတင္းမာေနတဲ့ေလသံတစ္သံနဲ႔ေမးလာခဲ့သည္။

"ညီ...ကိုယ့္ကိုဘာဆက္လုပ္ေစခ်င္လဲ?
ကိုယ့္ကိုေျပာလိုက္...."

သူ႕ခ်စ္သူကအတည္ေပါက္မ်က္ဝန္းေတြနဲ႔ေျပာလာတာမို႔ သူသာအမျဖဴစင္ေသာ္ကိုအခုသြားသတ္ေပးလို႔ေျပာရင္ေတာင္အခုခ်က္ခ်င္းလုပ္ခ်လာမယ့္ပုံျဖစ္ေနတာေၾကာင့္သူ႕ခမ်ာအႏွီလူသားေ႐ွ႕မွာ စကားမွားသြားမွာစိုး၍လက္လြယ္စမယ္မေျပာခ်ရဲေပ။

ကိုခန္႔ကသူ႕ကိုအဲ့ေလာက္ေတာင္ခ်စ္တာတဲ့လား
သူေစရာအတိုင္းတကယ္ လုပ္ေပးမယ္ေပါ့ေလ ...ဒါဟာတကယ္ေတာ့ေက်နပ္စရာေကာင္းေနေပမယ့္လို႔ သူ႕ေၾကာင့္တစ္စုံတစ္ေယာက္ထိခိုက္သြားမွာမ်ိဳးကို႐ိႈင္းေဇယံေလးဟာမလိုလားခဲ့ေပ။

ၿပီးေတာ့သူ႕ခ်စ္သူကအျပစ္သားတစ္ေယာက္လိုမ်ိဳးဆက္႐ွင္သန္သြားရမွာကိုလည္းသူအျဖစ္မခံႏိုင္ဘူး။

သူကတစ္ေယာက္ေသာသူကို ေ႐ွ႕ေလွ်ာက္မထိခိုက္မနာက်င္ရေအာင္အစြမ္းကုန္ကာကြယ္ေပးခ်င္တာေလးတစ္ခုပဲသိတာမို႔
ဒီလိုမ်ိဳးေတြလုပ္ဖို႔အတြက္ေတာ့သူခြင့္ျပဳမေပးႏိုင္ဘူး.....

ဒါဟာမွန္ကန္မေနဘူးေပ...

ေနာက္ဆုံးမွာေတာ့ေကာင္ေလးရဲ႕ဖူးအိအိႏႈတ္လမ္းလႊာေလးေတြကဖြင့္ဟလာခဲ့သည္။

"ခြင့္လႊတ္လိုက္ပါ" ဆိုတဲ့စကားလုံးေလးလုံးနဲ႔အတူ။

ထိုစကားသံေလးကိုၾကားေတာ့ ႐ိႈင္းေဇယံပခုံးေပၚက မင္းခန္႔ထည္ရဲ႕လက္ေတြကေျပေလ်ာ့သြားရကာ ေကာင္ေလးအားနားမလည္ႏိုင္တဲ့မ်က္ဝန္းေတြနဲ႔ၾကည့္လာခဲ့သည္။

"ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးထဲမွာမွခြင့္လႊတ္ျခင္းတဲ့လား ညီရယ္"

"ကိုခန္႔ အမျဖဴစင္ေသာ္ကိုခြင့္လႊတ္လိုက္ပါေနာ္။
သူမကို ကိုခန္႔ခြင့္လႊတ္လိုက္လည္းအျပစ္ေပးမယ့္လူေတြကသက္သက္႐ွိေနေသးတာပဲေလ။"

"ကိုခန္႔တစ္ေယာက္တည္းကသူမကိုခြင့္လႊတ္လိုက္တဲ့အတြက္ တစ္ကိုယ္ေကာင္းဆန္ရာမက်ပါဘူးဗ်ာ။
ကိုခန္႔ကပါအဲ့လူေတြထဲမွာပါေနခဲ့မယ္ဆိုရင္သူမစိတ္မေကာင္းပိုျဖစ္သြားလိမ့္မယ္ ..."

သူ႕ေ႐ွ႕မွာ သူ႕လက္ကိုဆုပ္ကိုင္ထားရင္းလူႀကီးေလးတစ္ေယာက္ပမာ ဒီလိုစကားေတြေျပာျပေနတဲ့ သူ႕ခ်စ္သူေလးက သူ႕ထက္ေတာင္ပိုရင့္က်က္လို႔ေနသည္။

သူခ်စ္သူေလးကေျပာတယ္ ခြင့္လႊတ္လိုက္ပါတဲ့။ သူကဒီလိုစကားမ်ိဳးေတြကိုမၾကားခ်င္ဘူး။

ကိုယ့္ကိုထိခိုက္ေအာင္ၾကံစည္ခဲ့တဲ့လူေတြကိုဘာလို႔လြယ္လြယ္နဲ႔ခြင့္လႊတ္ႏိုင္ရတာလဲ ေကာင္ေလးရယ္။

မင္းေလးကႏွင္းပြင့္ေလးေတြလိုျဖဴစင္လြန္းေနေတာ့ ကိုယ္ဘယ္လိုလုပ္သည္းခံႏိုင္ပါ့မလဲ...

မင္းခန္႔ထည္ရဲ႕မ်က္ႏွာထက္မွာသူ႕စကားေတြနဲ႔ပက္သတ္ၿပီးျငင္းဆန္ေနတဲ့အမူအရာေတြကိုအထင္အ႐ွားျပသေနခဲ့တာေၾကာင့္႐ိႈင္းေဇယံေလးကမေလွ်ာ့ေသာဇြဲျဖင့္နားခ်လာခဲ့သည္။

"က်ေနာ္ကသူမခ်စ္သူကိုလုယူခဲ့တဲ့လူေလ ကိုခန္႔ရဲ႕။
သူမ က်ေနာ္႕ကိုမုန္းတာျဖစ္သင့္ပါတယ္။ သူမမွာအျပစ္မ႐ွိပါဘူး။
တကယ္အျပစ္႐ွိတာ က်ေနာ္ပါ .......... "

ထိိဳစကားတို႔ပင္မဆုံးလိုက္ခင္ မင္းခန္႔ထည္ကေကာင္ေလးရဲ႕ကိုယ္ေလးကိုသူ၏ရင္ခြင္ထဲ၌ေပြ႕ပိုက္သိမ္းဆည္းထားလိုက္ေပေတာ့သည္။

"ညီကအျပစ္႐ွိတဲ့လူမဟုတ္ပါဘူးကြာ။ေနာက္တစ္ခါအဲ့လိုမေျပာပါနဲ႔။
ညီ ခြင့္လႊတ္ေစခ်င္ရင္ ကိုယ္ခြင့္လႊတ္လိုက္ပါ့မယ္။ ဒါ့ေၾကာင့္အျပစ္သားတစ္ေယာက္လို ထပ္မေျပာနဲ႔ေတာ့ ေနာ္......."

သူကထိုသို႔ဆိုလိုက္ရင္းေကာင္ေလးရဲ႕ဆံပင္အိအိေလးကိုနမ္း႐ိႈက္လိုက္ေပသည္။ရင္ခြင္ထဲမွာနစ္ျမဳပ္သြားရတဲ့ေကာင္ေလးက မ်က္ဝန္းေလးေတြကိုလျခမ္းေကြးေလးေတြသဖြယ္လွပစြာေကြးၫႊတ္သြားတဲ့အထိျပဳံးရယ္လာခဲ့ၿပီး သူ႕ခ်စ္သူရဲ႕ေနာက္ေက်ာဘက္ဆီသို႔လက္၂ဖက္နဲ႔ျပန္သိုင္းဖက္လိုက္ရင္း တိုးညင္းစြာေရ႐ြတ္လာသည္။

"ကိုခန္႔ဟိုစကားေလးကိုမၾကားဖူးဘူးလား။ကမ႓ာေပၚမွာ႐ွိတဲ့လူတိုင္းကတခ်ိဳ႕ေသာအမွားေတြကိုေမ့ေဖ်ာက္ၿပီးေနေနတာမဟုတ္ဘူး။ခြင့္လႊတ္ၿပီးေတာ့ေနေနၾကတာဆိုတာကိုေလ"

"ဟုတ္ပါၿပီ ...ကိုယ့္ရဲ႕လူႀကီးမင္းေလးရယ္ ... ကိုယ္သိပါၿပီကြာ .... "

လူသားေလးႏွစ္ေယာက္ရဲ႕ခ်ိဳၿမိန္ေသာခပ္လြင္လြင္ရယ္ေမာသံတို႔ဟာညေနခင္းေလေျပညႇင္းေလးေတြထဲမွာၾကည္ႏူးစရာေကာင္းစြာေပ်ာ္ဝင္ပ်ံ႕ႏွံ႔ေနခဲ့ေလ၏။

••••••••••••••••••••••••••••••••••••••••••••••••••

ေနာက္တစ္ေန႔မနက္တြင္
ေဒၚစႏၵာေသာ္တစ္ေယာက္ ပန္းဥယ်ာဥ္ေလးထဲမွာပ်ိဳးပင္တခ်ိဳ႕စိုက္ပ်ိဳးဖို႔အတြက္အလုပ္႐ႈပ္ေနစဥ္မွာပင္ ျခံေ႐ွ႕သို႔အနက္ေရာင္SUVကားတစ္စီးကအ႐ွိန္ျပင္းျပင္းႏွင့္ထိုးစိုက္လာခဲ့ေပသည္။

ကားသံၾကားတာေၾကာင့္ေဒၚစႏၵာေသာ္ကျခံေ႐ွ႕သို႔အေျပးသြားၾကည့္ေလေသာ္ ထိုအနက္ေရာင္ကားေပၚမွဟိတ္ဟန္႐ွိ႐ွိႏွင့္ခန္႔ညားတင့္တယ္ေသာ ေယာက်ာ္းသားတစ္ေယာက္ကဆင္းသက္လာခဲ့သည္။ေဒၚစႏၵာေသာ္ကျခံတံခါးမဖြင့္ေပးေသးဘဲကားေပၚကေနဆင္းလာတဲ့ထိုလူအား အရင္ေမးျမန္းလိုက္ေလ၏။

"ဘယ္သူလဲမသိဘူး ဘာကိစၥ႐ွိလို႔လဲ႐ွင့္"

ထိုအခါ ထိုလူကတည္ၿငိမ္ၾသ႐ွေသာေလသံျဖင့္ဆိုလာသည္။

"ေတြ႕ရတာဝမ္းသာပါတယ္။ေဒၚစႏၵာေသာ္ဟုတ္တယ္မွတ္လား။"

"ဟုတ္ပါတယ္။"

"က်ဳပ္တို႔ေဆြးေႏြးစရာကိစၥတခ်ိဳ႕႐ွိလို႔ေရာက္လာရတာပါ။
ေဒၚစႏၵာေသာ္ရဲ႕သမီးျဖစ္သူနဲ႔ပက္သတ္ေနတဲ့ကိစၥပါ"

ထို႔ေနာက္ ေဒၚစႏၵာေသာ္က ထိုေယာက်ာ္းသားနဲ႔အေပါင္းအပါ ႏွစ္ဦးတို႔ကိုအိမ္ထဲဝင္ဖို႔ဖိတ္ေခၚလိုက္သည္။ေဒၚစႏၵာေသာ္တစ္ေယာက္အကဲခတ္ၾကည့္မိရသေလာက္ ထိုလူနဲ႔အတူပါလာေသာလူႏွစ္ေယာက္မွာ ေ႐ွ႕ေနႏွစ္ေယာက္ျဖစ္ဟန္တူသည္။

ဟိတ္ဟန္အျပည့္နဲ႔လူတစ္ေယာက္ကလြဲလို႔က်န္တဲ့လူႏွစ္ေယာက္က တိုက္ပုံအက်ႌအနက္ကိုလည္ေစ့ပိတ္ေနေအာင္ဝတ္ဆင္ထားၿပီးလက္ထဲတြင္လည္းႏွစ္ဦးစလုံး leatherအိတ္ေတြကိုကိုင္ထားၾကသည္။
ထိုအိတ္ေတြထဲတြင္ေတာ့စာ႐ြက္စာတမ္းမ်ားပါလာသည့္ပုံပင္။အနက္ေရာင္အေနာက္တိုင္းဝတ္စုံကိုအျပည့္ဝတ္ဆင္ထားတဲ့ တတိယေျမာက္လူကေတာ့သူ၏မ်က္ႏွာထက္မွာေမာ္ႂကြားတဲ့မာန္တစ္ခုကိုဝံ့ခ်ီထားတာေၾကာင့္ အ႐ွိန္အဝါႀကီးတဲ့ပုဂၢိဳလ္တစ္ဦးမွန္းသိသာေပၚလြင္ေနသည္။

"ထိုင္ပါဦး႐ွင္"

ေဒၚစႏၵာေသာ္က ဆိုဖာကူ႐ွင္တြင္ဝင္ထိုင္လိုက္ရင္းဆိုလိိဳက္သည္။

ထိုလူသုံးေယာက္လည္းအသီးသီးဝင္ထိုင္လိုက္ၾကၿပီးေနာက္ အိမ္ေဖာ္ေကာင္မေလးကလီမြန္အေအးသုံးခြက္ကိုထိုလူသုံးေယာက္ေ႐ွ႕သို႔ၿပိဳင္တူခ်ေပးလာေလသည္။ၿပီးေနာက္ ထိုလူသုံးေယာက္ထဲမွာမွ ပထမဆုံးကားေပၚမွဆင္းလာတဲ့ အေနာက္တိုင္းဝတ္စုံနဲ႔လူႀကီးမင္းကေျခေထာက္၂ဖက္ကိုအားမနာစြာခ်ိတ္လိုက္ရင္း စကားစလိုက္သည္။

"က်ဳပ္က ဦးေနမင္းထက္ပါ။
အခုလာရင္းကိစၥကေတာ့ အမသမီးျဖဴစင္ေသာ္က်ဴးလြန္ခဲ့တဲ့အမႈကိစၥအေၾကာင္းလာေဆြးေႏြးတာပါ"

"႐ွင္! က်ဴးလြန္ခဲ့တဲ့အမႈ?"

ေဒၚစႏၵာေသာ္ကအထိတ္တလန္႔နဲ႔ေမးလာတဲ့အခါဦးေနမင္းထက္ေဘးက ပထမေ႐ွ႕ေနတစ္ေယာက္ကဆိုသည္။

"ဟုတ္ပါတယ္။ေဒၚစႏၵာေသာ္ရဲ႕သမီးျဖစ္သူက လြန္ခဲ့တဲ့ႏွစ္ရက္ ရက္အတိအက်ေျပာရရင္ February 14ရက္ေန႔ ေန႔လည္ ၁၂နာရီ၅၅မိနစ္မွာ တရားလိုဦးေနမင္းထက္ရဲ႕ေမြးစားသားျဖစ္သူ ေမာင္ျမတ္မင္းစက္ကို သုံးထပ္ေဆာင္ေလွကားေပၚကတြန္းခ်ခဲ့ပါတယ္။"

"သူမက်ဴးလြန္ခဲ့တဲ့အမႈအတြက္ ဦးေနမင္းထက္တို႔ဘက္ကကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ၊ေမာင္ျမတ္မင္းစက္အားထိခိုက္နစ္နာေစလိုေသာရည္႐ြယ္ခ်က္ျဖင့္ႀကိဳတင္ၾကံစည္မႈ၊ သက္ေသေဖ်ာက္ဖ်က္ရန္ႀကိဳးစားမႈ၊ အခုေမာင္ျမတ္မင္းစက္ဟာေဆး႐ုံမွာသတိမရေသးေသာအေျခအေနေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရတာမို႔
လူေသရန္ႀကိဳးပမ္းမႈတို႔နဲ႔ တရား႐ုံးမွာေဒၚစႏၵာေသာ္ရဲ႕သမီးျဖစ္သူမျဖဴစင္ေသာ္ကိုစြဲခ်က္တင္ထားပါတယ္။"

"က်ေနာ္တို႔မွာ သက္ေသအျပည့္အစုံလည္းရထားၿပီးပါၿပီ။ မ်က္ျမင္သက္ေသအေနနဲ႔ မျဖဴစင္ေသာ္ရဲ႕သူငယ္ခ်င္းျဖစ္သူ မေမသဒၵါကအေၾကာင္းစုံကိုအတိအလင္းထြက္ဆိုထားပါတယ္။ ယမန္ေန႔က ခမ်ားသမီးေပ်ာက္တဲ့အတြက္ေနရာအႏွံ႔လိုက္႐ွာခဲ့တယ္လို႔ၾကားသိခဲ့ရတာက မွန္ပါသလား "

"မွန္ပါတယ္။က်မသမီးအဲ့ေန႔က႐ုတ္တရက္ႀကီးေပ်ာက္သြားခဲ့ေပမယ့္ညေနမွာေတာ့အိမ္ကိုျပန္ေရာက္လာခဲ့ပါတယ္။သူသာဒီကိစၥေတြကိုတကယ္က်ဴးလြန္ခဲ့႐ိုးမွန္ရင္ က်မသမီးကဒီလိုျပန္လာခဲ့မွာမဟုတ္ပါဘူး"

"ခမ်ားမယုံႏိုင္တာကိုက်ေနာ္တို႔နားလည္ပါတယ္။ဒါေပမယ့္က်ေနာ္တို႔ဆီမွာသက္ေသအျပည့္အဝရထားၿပီးၿပီမို႔ ခမ်ားတို႔အေနနဲ႔ဒီစြဲခ်က္ေတြကိုတရားရင္ဆိုင္ရပါလိမ့္မယ္။"

ပထမေ႐ွ႕ေနဆိုၿပီးၿပီးခ်င္းပင္ ဒုတိယေ႐ွ႕ေန႔ကအနက္ေရာင္ Leatherအိတ္ထဲကေနစာ႐ြက္စာတမ္းတခ်ိဳ႕ကိုထုတ္ကာေဒၚစႏၵာေသာ္အားကမ္းေပးလာခဲ့သည္။

"ခမ်ားတို႔ဘက္ကေနလဲေ႐ွ႕ေနငွားရမ္းၿပီးတရားရင္ဆိုင္ခြင့္႐ွိပါတယ္။ဒါေပမယ္္႕ ခမ်ားသမီးကိုအမႈဖြင့္ထားတဲ့အခ်ိန္ကစ သူမကိုအက်ယ္ခ်ဳပ္ထားရပါလိမ့္မယ္။
တရားရင္ဆိုင္စဥ္အေတာအတြင္းသူမ ေပ်ာက္႐ွသြားသည္႐ွိေသာ္ အမႈကပိုႀကီးသြားမယ္ဆိုတာကိုေတာ့ခမ်ားတို႔ကိုနားလည္ထားေစခ်င္ပါတယ္"

"ေကာင္းပါၿပီ က်မတို႔ တရားရင္ဆိုင္ပါမယ္။"

"ဘာမွရင္ဆိုင္စရာမလိုဘူး!!!!!!!!!"

ထိုစဥ္ေအာက္ဆုံးထပ္ကဧည့္ခန္းအတြင္း႐ွိစကားဝိုင္းအတြင္းသို႔မိန္းကေလးတစ္ေယာက္ရဲ႕မုန္တိုင္းထန္တဲ့အသံတစ္ခုကခ်င္းနင္းဝင္ေရာက္လာတာေၾကာင့္ ဦးေနမင္းထက္ရဲ႕မ်က္ခုံးတစ္ဖက္ကပင့္တက္သြားရသည္။

"က်မကိုဘာကိစၥတရားခံလို႔လာစြပ္စြဲေနတာလဲ!!!!။
႐ွင္တို႔ေျပာတဲ့သက္ေသကေဘာင္မဝင္ဘူး။ျမတ္မင္းစက္ကအခုေမ့ေျမာေနတယ္ဆို။
သူ႕ဘာသာသူေခ်ာ္က်သြားတာလဲျဖစ္ႏိုင္တာပဲေလ။"

"ေမသဒၵါဘက္ကထြက္ဆိုထားတယ္ဆိုတာကလဲ႐ွင္တို႔မတရားစစ္ေမးထားလို႔ေနမွာေပါ့။ဒီမွာ က်မသာတကယ့္တရားခံသာဆိုထြက္ေျပးသြားတာၾကာလွၿပီ။
႐ွင္တို႔လာတဲ့အထိေတာင္ထိုင္ေစာင့္ေနစရာမလိုဘူး"

"မျဖဴစင္ေသာ္ကို ေက်ာင္းက CCTVက႐ိုက္မိထားတယ္ဆိုတာကိုေကာမင္းသိရဲ႕လား?
အဲ့ေန႔အဲ့အခ်ိန္အဲ့ေနရာကိုေရာက္ခဲ့တာ မင္းတစ္ေယာက္ထဲပဲ႐ွိတယ္ မိန္းကေလး။ဒါေတာင္မင္းကျငင္းခ်င္ေနတုန္းလား ?"

ျဖဴစင္ေသာ္စကားကိုပထမေ႐ွ႕ေနကခုခံေျပာဆိုလာခဲ့သည္။

"အဲ့တာနဲ႔ပဲ က်မကတရားခံျဖစ္ေကာလား"

"မျဖဴစင္ေသာ္ ဒီအမႈကိုျငင္းလဲ မင္းမလြတ္ႏိုင္ပါဘူး"

ဒုတိယေ႐ွ႕ေနကပါစကားဆက္ဆိုလာသည္။

"မင္းဒီအမႈကိုျငင္းလို႔လြတ္မယ္ဆိုရင္ေတာင္ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကမင္းက်ဴးလြန္ထားခဲ့တဲ့အမႈကေနေတာ့မင္းဘယ္လိုမွမလြတ္ႏိုင္ပါဘူး"

"ဘာအမႈလဲ။လြန္ခဲ့တဲ့ႏွစ္ႏွစ္ကက်မဘာမွမလုပ္ခဲ့ဘူး"

ျဖဴစင္ေသာ္ကလုံးဝတဇြတ္ထိုးျငင္းဆန္လာတဲ့အခါ ဒုတိယေ႐ွ႕ေနကခပ္သာသာျပဳံးလ်က္လိုရင္းကိုဆက္ေျပာလာခဲ့သည္။

"ဒီက ဦးေနမင္းထက္ရဲ႕သားႀကီးျဖစ္သူေမာင္မာန္လင္းထက္ကိုအသေရဖ်က္မႈနဲ႔
မင္းကိုတိုင္ခ်က္ဖြင့္ထားေသးတယ္ဆိုတာကိုလည္းမင္းသိေအာင္ေျပာျပပါရေစ"

"မာန္....... သူကဘယ္သူလဲ။က်မျဖင့္သူ႕နာမည္ၾကားေတာင္မၾကားဖူးဘူး"

ျဖဴစင္ေသာ္ကေတာ့ဘူးခံျငင္းေနကာလုံးဝဝန္ခံလာမည့္ပုံမေပၚေပ။

"မင္းဝန္မခံခ်င္ေနပါ။ဒါေပမယ့္ မင္းသူငယ္ခ်င္းကေတာ့ အားလုံးဝန္ခံခဲ့ၿပီးၿပီ။အဲ့ေန႔ကေက်ာင္းက websiteတစ္ခုကိုဝင္ hackၿပီး မင္းတို႔ႏွစ္ေယာက္ခိုး႐ိုက္ထားတဲ့ Videoကို ေက်ာင္း websiteေပၚမွာျဖန္႔ခဲ့တဲ့ကိစၥေၾကာင့္ ေမာင္မာန္လင္းထက္ဟာ လူအမ်ားကဲ့ရဲ႕႐ႈံ႕ခ်ခံရၿပီး သူ႕ကိုယ္သူအဆုံးစီရင္သြားခဲ့တယ္။

အဲ့အမႈကိုပါ ဦးေနမင္းထက္တို႔ဘက္ကတိုင္ခ်က္ဖြင့္ထားၿပီးၿပီ။သက္ေသေတြကလဲအားလုံး႐ွိၿပီးၿပီမို႔ေက်ာင္းကမင္းကို တာဝန္ဝတၱရားေႏွာင့္ယွက္မႈနဲ႔တရားမစြဲတာကိုပဲမင္းကံေကာင္းတယ္မွတ္ပါ မျဖဴစင္ေသာ္"

ေနာက္ဆုံးေတာ့ျဖဴစင္ေသာ္တစ္ေယာက္ႏႈတ္ဆိတ္သြားခဲ့ေလၿပီ။သူမ၏ႏႈတ္ခမ္းတို႔ကအဆမတန္တုန္ယင္ေနခဲ့တာေၾကာင့္ေအာက္ႏႈတ္ခမ္းကိုအတင္းဖိကိုက္ထားေလ၏။

'မာန္ကငါ့ကိုကမ႓ာမေက်ေသးဘူးပဲ။
မျဖစ္ဘူးငါ့ဘဝကိုလုံးဝနစ္ျမဳပ္ခံလိုက္လို႔မရေသးဘူး။ငါမျဖစ္ျဖစ္တဲ့နည္းနဲ႔ လြတ္ေအာင္႐ုံးရမွာပဲ။'

"ဒါ႐ွင္တို႔ဘက္ကစြပ္စြဲခ်က္ေတြ။က်မကိုမုန္းတီးေနတဲ့လူတစ္ခ်ိဳ႕ကမဟုတ္တမ္းတရားေတြဖန္တီးထားတာလဲျဖစ္ႏိုင္တာပဲ။
ဒါေၾကာင့္ ဒီကလူႀကီးမင္းတို႔ တရားခြင္မွာပဲေတြ႕ၾကတာေပါ့"

ဟု သူမကခပ္တင္းတင္းမ်က္ႏွာထားျဖင့္ေမာက္မာမႈအျပည့္နဲ႔ဆိုကာ ထိုေနရာကေနခ်က္ခ်င္းလွည့္ထြက္သြားေတာ့ေလသည္။

"ဒါဆို က်ေနာ္တို႔ကိုခြင့္ျပဳပါဦး။တရား႐ုံးေရာက္မွေတြ႕ပါမယ္"

ဦးေနမင္းထက္နဲ႔က်န္ေ႐ွ႕ေနႏွစ္ေယာက္တို႔လဲေဆြးေႏြးစရာ႐ွိတာေဆြးေႏြးၿပီးၿပီျဖစ္တာေၾကာင့္ထိုအိမ္ကေန ေခတၱမဆိုင္း ထြက္သြားၾကေလသည္။

သမီးျဖစ္သူေမႊထားခဲ့တဲ့ကိစၥရပ္ေတြကိုေဒၚစႏၵာေသာ္တစ္ေယာက္ၾကားသိခဲ့ၿပီးေနာက္မူးေမ့လဲလုမတတ္စိတ္ထိခိုက္သြားရတာေၾကာင့္မိသားစုဆရာဝန္ကိုပါအျမန္ပင့္လိုက္ရသည္။
ျဖဴစင္ေသာ္ကေတာ့သူမအခန္းတံခါးကိုဘန္းခနဲျမည္ေအာင္ေဆာင့္ပိတ္လိုက္ၿပီးေနာက္
ဒီအမႈေတြကေနမရရေအာင္ကိုယ္လြတ္႐ုန္းဖို႔အၾကံထုတ္ေနေလေတာ့သည္။

အိမ္ေ႐ွ႕ဥယ်ာဥ္ငယ္ေလးထဲမွာလက္ပိုက္လ်က္မတ္တပ္ရပ္ေနတဲ့မင္းခန္႔ထည္ဟာအိမ္ထဲမွဆူညံေနတဲ့အသံဗလံေတြကိုနားစိုက္ေထာင္ေနၿပီးေနာက္ သူ႕ရဲ႕ႏႈတ္ခမ္းသားေတြကိုတင္းတင္းေစ့ထားလ်က္ျပန္လွည့္ထြက္လာခဲ့လိုက္သည္။

သူ ထိုေနရာသို႔ေရာက္ေနသည္မွာအေတာ္ၾကာၿပီျဖစ္သည္။ အမႈနဲ႔ပက္သတ္ၿပီးေ႐ွ႕ေန၂ေယာက္စကားစေျပာကတည္းက
သူေရာက္ေနၿပီျဖစ္ရာ ျဖဴစင္ေသာ္ျငင္းဆန္ေနတဲ့စကားသံေတြကိုပါသူအကုန္ၾကားခဲ့သည္။

ေနာက္ဆုံးအခ်ိန္အထိဝန္မခံဘူးဆိုတာသူခန္႔မွန္းၿပီးသားကိစၥတစ္ရပ္ျဖစ္ေပမယ့္ သူ႕ခ်စ္သူေလး႐ိုက္သြင္းထားပါတဲ့ခြင့္လႊတ္သည္းခံျခင္းဆိုတဲ့အမူအက်င့္ေတြအရထူးဆန္းစြာျဖင့္ေမွ်ာ္လင့္ခဲ့ေသးသည္။

သို႔ေသာ္ဒုန္ရင္းကဒုန္ရင္းပါပဲ။

ဟန္လင္းထက္ရဲ႕လက္ထဲမွာမာန္ကိစၥနဲ႔ပက္သတ္ၿပီးသက္ေသေတြ႐ွိေနခဲ့တာကေတာ့သူ လုံးဝမေမွ်ာ္လင့္ထားတဲ့ကိစၥတစ္ရပ္ပင္။

လြန္ခဲ့တဲ့ႏွစ္ႏွစ္က မာန္ကိစၥနဲ႔ပက္သတ္ၿပီးသူကိုယ္တိုင္လိုက္လံစုံစမ္းခဲ့ဖူးေပမယ့္ အၿမဲတစ္စုံတစ္ေယာက္ကသူ႕ထက္လက္ဦးသြားတာေၾကာင့္ သူသက္ေသေတြစုလို႔မရခဲ့ေပ။ထိုတစ္စုံတစ္ေယာက္ကေကာင္စုတ္ေလးဟန္လင္းထက္ျဖစ္ေနသည္မွာတကယ္ၾသခ်စရာေကာင္းလွ၏။

မာနႀကီးလြန္းတဲ့ သူမဟာအခုခ်ိန္ထိဝန္မခံခဲ့ေလဘူး...

သူ႕ခ်စ္သူေျပာတဲ့အတိုင္းသူမကိုခြင့္လႊတ္ေပးသင့္ရဲ႕လား ....

မင္းခန္႔ထည္ထြက္သြားၿပီးမၾကာခင္တြင္မိသားစုဆရာဝန္နဲ႔အတူမိသားစုေ႐ွ႕ေနပါေရာက္လာတာေၾကာင့္အျဖဴေရာင္စံအိမ္ေလးမွာလူအဝင္အထြက္မျပတ္ဘဲစည္ကားလ်က္႐ွိေနသည္။

ေဒၚစႏၵာေသာ္မွာတစ္ဖက္ကေနေဆးခ်ိတ္ထားရင္းက်န္တစ္ဖက္ကေနလည္းမိသားစုေ႐ွ႕ေနအားအေၾကာင္းစုံကို႐ွင္းျပေလေတာ့သည္။
ေ႐ွ႕ေန႔ကဦးေနမင္းထက္တို႔ေပးသြားတဲ့စာ႐ြက္စာတမ္းေတြကိုဖတ္႐ႈလိုက္ကာ ေဒၚစႏၵာေသာ္ေျပာျပလာတဲ့အေၾကာင္းစုံကိုနားေထာင္လိုက္ၿပီးေနာက္ ေခါင္းတခါခါႏွင့္ေကာက္ခ်က္ခ်လာခဲ့သည္။

"က်ေနာ္႕အထင္ ဒီအမႈကႏိုင္ဖို႔မလြယ္ဘူး။တရားလိုဘက္ကလဲသက္ေသအျပည့္အစုံနဲ႔တင္ျပလာမွာဆိုေတာ့ က်ေနာ္တို႔အခန္႔မသင့္ရင္အမႈပါ႐ႈံးႏိုင္တယ္။"

ထိုစကားၾကားေတာ့ေဒၚစႏၵာေသာ္မွာမ်က္ရည္စက္လက္နဲ႔ ေသေရး႐ွင္ေရးတမွ်ေတာင္းပန္လာခဲ့သည္။

"ေ႐ွ႕ေနႀကီးရယ္ အမႈမႏိုင္ရင္ေနပါ ျပစ္ဒဏ္ေလွ်ာ့ေပါ့ရင္ပဲ  က်မေက်နပ္ပါၿပီ။ဒီကေလးကတကယ္ေတာ့ေနမေကာင္းပါဘူး႐ွင္။သူမကစိတ္ေရာဂါသည္ေလးပါ။
က်မသမီးကိုက်မနဲ႔ေဝးရာမွာအၾကာႀကီးမထားႏိုင္ပါဘူး။..."

"ခန...ေဒၚစႏၵာ ခုနကေျပာလိုက္တာ မျဖဴစင္ေသာ္က စိတ္ေရာဂါေဝဒနာခံစားေနရတဲ့သူဆိုလား။?"

"ဟုတ္ပါတယ္႐ွင္။အဲ့တာေၾကာင့္ က်မ သမီးေလးကိုေထာင္အက်မခံႏိုင္တာပါ ကူညီပါဦးေ႐ွ႕ေနႀကီးရယ္"

ထိုအခါေ႐ွ႕ေနႀကီးကသူ႕ရဲ႕မ်က္မွန္ကိုပင့္တင္လိုက္ရင္းေခါင္းတၿငိမ့္ၿငိမ့္နဲ႔ခပ္ဖြဖြျပဳံးလာခဲ့သည္။

"ဒါဆို စိတ္မပူပါနဲ႔ေတာ့။ဒီအမႈကေနလြတ္ႏိုင္မယ့္နည္းလမ္း က်ေနာ္စဥ္းစားမိၿပီ"

••••••••••••••••••••••••••••••••••••••••••••••••••

ျဖဴစင္ေသာ္တရားရင္ဆိုင္ေနသည္မွာ ဒီေန႔နဲ႔ဆိုသုံးရက္႐ွိၿပီျဖစ္သည္။ယခုအခ်ိန္ထိလုံးဝဝန္မခံလာတာေၾကာင့္ ဟန္လင္းထက္နဲ႔အတူမင္းခန္႔ထည္လည္းတျဖည္းျဖည္းစိတ္ပ်က္လာခဲ့ေလသည္။

ေနာက္ဆုံးအမႈရင္ဆိုင္တဲ့ေန႔ေရာက္ေသာ္ ကံေကာင္းေထာက္မစြာပင္ေမ့ေျမာေနရာမွႏိုးထလာခဲ့တဲ့မင္းစက္ေၾကာင့္ျဖဴစင္ေသာ္တစ္ေယာက္ျငင္းဆန္လို႔မရေတာ့ေပ။
သူ႕အားမိန္းကေလးတစ္ေယာက္ကေလွကားေပၚကေနတြန္းခ်လိုက္တာပါဆိုတဲ့ခိုင္မာတဲ့ထြက္ဆိုခ်က္ေတြအရမေတာ္တဆမႈဆိုၿပီးကန္႔ကြက္တင္ျပထားတဲ့တင္ျပခ်က္ေတြကတရားခြင္၌လုံးဝဥႆုန္ပယ္ခ်ခံလိုက္ရေလသည္။

တရားခြင္က တရားလိုဘက္သို႔ႏိုင္ဖို႔အေလးသာေနၿပီးေနာက္
တရားခံေ႐ွ႕ေနဘက္မွအဆိုတင္သြင္းမႈတစ္ခုကိုအစျပဳေလသည္။ထိုအဆိုတင္သြင္းမႈမွာ ျဖဴစင္ေသာ္ဟာစိတ္ေရာဂါသည္ေဝဒနာ႐ွင္ျဖစ္တာေၾကာင့္ ဥပေဒအရ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္အဆိုတင္သြင္းျခင္းျဖစ္သည္။

"ေတာက္! ဒီမိန္းမကေတာ့ဥာဏ္မ်ားျပန္ၿပီ"

ဟန္လင္းထက္ကထိုအဆိုတင္သြင္းမႈကိုၾကားေသာ္အမ်က္ေခ်ာင္းေခ်ာင္းထလာရေတာ့သည္။
ထို႔ေနာက္သူ၏ေနာက္၌ထိုင္ေနေသာမင္းခန္႔ထည္ႏွင့္႐ိႈင္းေဇယံတို႔ဘက္သို႔လွည့္ၾကည့္လာကာ မင္းခန္႔ထည္အားစူး႐ွ႐ွမ်က္ဝန္းေတြနဲ႔စိုက္ၾကည့္လ်က္ ေဒါသတႀကီးေမးလိုက္ေလသည္။

"ခမ်ား ဒီကိစၥကိုသိေနခဲ့တာလား?"

မင္းခန္႔ထည္ကႏႈတ္မွမေျဖေအးေဆးစြာသာေခါင္းၿငိမ့္ျပခဲ့သည္။

WTF!!! ႀကိဳးစားထားသမွ်ေရစုန္ေမ်ာေတာ့မွာကိုခမ်ားကဒီလိုမ်က္ႏွာထားမ်ိဳးနဲ႔ထိုင္ေနႏိုင္ေသးတယ္လား .....

မင္းခန္႔ထည္ကိုလွည့္ၾကည့္ရင္း႐ႈး႐ွဴး႐ွား႐ွားျဖစ္ေနတဲ့သားျဖစ္သူအားဦးေနမင္းထက္ကအရျပန္ထိန္းထားခဲ့သည္။

မင္းလူ႐ိုက္ခ်င္ရင္ေတာင္တရားခြင္မွာေတာ့မ႐ိုက္နဲ႔ .....

တရားခံေ႐ွ႕ေနဘက္ကအဆိုတင္သြင္းမႈအေပၚ  တရားသူႀကီးမင္းကလက္ခံေၾကာင္းေျပာကာသက္ေသတင္သြင္းဖို႔ဆိုလာခဲ့သည္။

"ေရာဂါေဝဒနာခံစားေနရေၾကာင္းသက္ေသအေထာက္အထားအစုံတင္ျပပါ"

တရားခြင္၌ တရားခံဘက္ကထပ္၍အေလးျပန္သာလာတာေၾကာင့္အုန္းအုန္းကြၽက္ကြၽက္ျဖစ္လာရကာျဖဴစင္ေသာ္ကိုၾကည့္ေနရင္းနဲ႔ဟန္လင္းထက္ရဲ႕မ်က္ႏွာဟာ တျဖည္းျဖည္းနဲ႔မဲေမွာင္ပ်က္ယြင္းလာရသည္။

သို႔ေသာ္အခ်ိန္တစ္ခုၾကာတဲ့အထိေစာင့္ဆိုင္းေနၿပီးတဲ့ေနာက္ ေဆးစစ္ခ်က္စာ႐ြက္စာတမ္းေတြကေဆး႐ုံကေနတရားခြင္ဆီသို႔အခ်ိန္မွီေရာက္မလာခဲ့ေပ။

တရားခြင္ကထိုကိစၥနဲ႔ပက္သတ္ၿပီးတစ္ဖန္ဆူညံပြက္ေလာ႐ိုက္လာျပန္သည္။

"ေက်းဇူးျပဳၿပီး ၿငိမ္ေပးၾကပါ"

တရားသူႀကီးမင္းက လႈပ္လႈပ္႐ွား႐ွားျဖစ္လာတဲ့တရားခြင္ကိုျပန္ထိန္းလိုက္ၿပီး ျဖဴစင္ေသာ္တို႔ဘက္ကေ႐ွ႕ေန႔အားေမးခြန္းထုတ္လာခဲ့သည္။

"တရားခံေ႐ွ႕ေန သက္ေသအေထာက္အထားေတြမတင္ျပႏိုင္ဘူးလား"

"ေဆး႐ုံကပို႔လာမယ့္စာ႐ြက္စာတမ္းေတြက က်ေနာ္တို႔ဆီမေရာက္လာေသးဘူး။
ေဆး႐ုံကေတာ့ပို႔လိုက္ၿပီေျပာတာပဲ။အခုကလမ္းတစ္ဝက္မွာေပ်ာက္ေနတာ......"

"ဒါဆို တရားခံေ႐ွ႕ေနဘက္က မျဖဴစင္ေသာ္ဟာစိတ္ေရာဂါသည္ျဖစ္ေၾကာင္းသက္ေသမျပႏိုင္တဲ့အတြက္မမွန္ကန္ပါဘူး တရားသူႀကီးမင္း"

တရားလိုေ႐ွ႕ေနကထိုအခ်က္ကိုအခြင့္ေကာင္းယူကာခုခံေျပာဆိုလာခဲ့သည္။

"ခနေနပါဦး က်ေနာ္တို႔မျဖဴစင္ေသာ္ရဲ႕ဆရာဝန္နဲ႔ဆက္သြယ္လို႔ရႏိုင္ပါေသးတယ္။
ခနေစာင့္ေပးပါ"

တရားသူႀကီးမင္းကထိုေတာင္းဆိုခ်က္ကိုခြင့္ျပဳေပးလိုက္တာေၾကာင့္ တရားခံေ႐ွ႕ေနက ျဖဴစင္ေသာ္ကုသၿမဲျဖစ္ေသာစိတ္ေရာဂါဆရာဝန္အားဆက္သြယ္ခဲ့ေပမယ့္ ထိုဆရာဝန္ဟာအစအနမက်န္ေတာ့ေအာင္ေပ်ာက္ကြယ္သြားကာလုံးဝဆက္သြယ္လို႔မရခဲ့ေပ။ေဆး႐ုံကိုဆက္သြယ္ၾကည့္လိုက္ေတာ့လည္း ထိုနာမည္နဲ႔ထိုဆရာဝန္က သူတို႔ေဆး႐ုံတြင္မ႐ွိပါေၾကာင္းျပန္လည္ေျပာဆိုလာတာေၾကာင့္ ေဒၚစႏၵာေသာ္ပါပါးစပ္အေဟာင္းသားနဲ႔ေဆာက္တည္ရာမရစြာအံ့အားသင့္သြားရေလသည္။

ဒါကဘယ္လိုျဖစ္ၿပီး ......

သူတို႔ေတြကလိမ္ဆင္တစ္ခုကိုဖန္တီးလိုက္ရာက်သြားတာေၾကာင့္ တရားသူႀကီးမင္းကတရားခံေ႐ွ႕ေနဘက္မွအဆိုတင္သြင္းမႈကိုပယ္ခ်ပစ္လိုက္ၿပီး ေနာက္တစ္ေန႔နံနက္ ၁၀နာရီတြင္တရားခံအားအမိန္႔ခ်မွတ္မည္ဟုေၾကညာလိုက္ေတာ့သည္။

ဒီလိုနဲ႔ ျဖဴစင္ေသာ္အတြက္ လြတ္ေျမာက္ဖို႔ေမွ်ာ္လင့္ခ်က္တို႔ဟာ ပင္လယ္ေရေအာက္ၾကမ္းျပင္ထဲသို႔ေပ်ာက္ဆုံးနစ္ျမဳပ္သြားေလၿပီပင္။

အမႈရင္ဆိုင္ေနတဲ့တစ္ေလွ်ာက္လုံး၌မင္းခန္႔ထည္က႐ိႈင္းရဲ႕လက္ကေလးအားမလႊတ္တမ္းဆုပ္ကိုင္ထားကာ သူ၏မ်က္ႏွာအမူအရာတို႔ကေတာ့ေအးစက္ခဲေသေနခဲ့သည္။

ေနာက္ဆုံးမွာေတာ့တရားခြင္၌ ဟန္လင္းထက္တို႔ဘက္ကအႏိုင္နဲ႔အဆုံးသတ္သြားခဲ့ရေလၿပီ။

'ကိုႀကီး က်ေနာ္ကိုႀကီးအတြက္ လက္တုံ႔ျပန္ႏိုင္ခဲ့ၿပီေနာ္။
ကိုႀကီး ေအးေအးခ်မ္းခ်မ္းအနားယူပါေတာ့'

အခုအခ်ိန္၌ ျဖဴစင္ေသာ္မွာအ႐ုပ္ႀကိဳးပ်က္ျဖစ္ေနခဲ့ၿပီး ေဒၚစႏၵာေသာ္တစ္ေယာက္ကေတာ့သမီးျဖစ္သူရဲ႕အျဖစ္ကိုၾကည့္ရင္းငိုႀကီးခ်က္မနဲ႔ေအာ္ဟစ္ငိုေႂကြးလာကာ
မူးလဲသြားေတာ့သည္။

ထိုျမင္ကြင္းကိုမင္းခန္႔ထည္က႐ိႈင္းေဘးနား၌ေန၍မမွိတ္မသုန္ျဖင့္ရပ္ၾကည့္ေန႐ွာသည္။သူ႕ရဲ႕မ်က္ဝန္းေတြထဲမွာစိတ္မေကာင္းျခင္းမ်ားစြာတို႔ကအလႊာတစ္ခုသဖြယ္ရစ္ပတ္လႊမ္းျခဳံလို႔ထားခဲ့ေပမယ္္႕ေအးစက္ခဲနက္ေသာေရခဲစိုင္တစ္လႊာကလည္းထိုအလႊာေတြထက္မွာ ထက္ထက္သန္သန္ဖုံးအုပ္လို႔ထားေပသည္။

ဦးေနမင္းထက္ကေတာ့သူ၏ေ႐ွ႕ေနအားခ်ီးက်ဴးစကားဆိုေနေလသည္။

"မင္းပင္ပန္းသြားၿပီ တာဝန္ေက်ပါတယ္။"

"မဟုတ္တာဗ်ာ။တကယ္ဆိုက်ေနာ္ေတာင္႐ုတ္တရက္လန္႔သြားေသးတယ္္။တရားခံေ႐ွ႕ေနဘက္ကလြဲေခ်ာ္သြားမႈေၾကာင့္ကံေကာင္းသြားတာပါဗ်ာ။တကယ္လို႔အဲ့ေဆးစစ္ခ်က္ေတြသာမေပ်ာက္ခဲ့ရင္ က်ေနာ္တို႔ဘက္ကအေျခအေနမေကာင္းဘူးဗ်။ ဒါဘယ္လိုေျပာရမလဲ သူေတာ္ေကာင္းကိုနတ္ေကာင္းမတယ္လို႔ပဲေျပာရမလားဗ်ာ"

"တရားခံဘက္ကလိုက္တဲ့ေ႐ွ႕ေနကလဲ မေခဘူးဆိုတဲ့အေၾကာင္းအမ်ားႀကီးၾကားထားပါတယ္။ဒါေပမယ့္ ဒီလိုလြဲေခ်ာ္မႈကေတာ့တကယ္ဆိုး႐ြားတာပဲ"

သူ၏ဖခင္ျဖစ္သူႏွင့္ေ႐ွ႕ေနႏွစ္ဦးတို႔ရဲ႕ေလေျဖာင့္ေနပါသည့္ေျပာဆိုသံေတြကိုၾကားတဲ့အခါဟန္လင္းထက္ကမင္းခန္႔ထည္ဘက္ဆီသို႔မ်က္လုံးေထာင့္ကေနလွမ္းၾကည့္လိုက္ေလသည္။

ႏွလုံးသားမ႐ွိတဲ့ထိုလူသားက အ႐ုပ္ႀကိဳးပ်က္ျဖစ္ေန႐ွာေသာျဖဴစင္ေသာ္ႏွင့္ေဆးအကူအဖြဲ႕တို႔ျဖင့္လုံးပန္းေနရပါေသာေဒၚစႏၵာေသာ္အား ခံစားခ်က္မဲ့စြာစူးစိုက္ၾကည့္ေနခဲ့ကာ သူ႕အားေစာင့္ၾကည့္ေနတဲ့ဟန္လင္းထက္ရဲ႕အၾကည့္ေတြကို သတိမထားမိလိုက္ေပ။

'ေတာင္းပန္ပါတယ္ အန္တီ' ဆိုတဲ့
ထိုစကားတစ္ခြန္းကိုစိတ္ထဲကေနနက္နက္႐ိႈင္း႐ိႈင္းေရ႐ြတ္လိုက္ၿပီးေနာက္႐ိႈင္းေဇယံလက္ကိုဆြဲကာထြက္သြားေတာ့ေလသည္။ထြက္ခြာသြားၿပီျဖစ္တဲ့ေက်ာျပင္တစ္ေနရာကို႐ႈၾကည့္ေနရင္းဟန္လင္းထက္ရဲ႕ႏႈတ္ခမ္းတို႔ကေကာ့တက္သြားေတာ့သည္။

ထို႔ေနာက္ ျဖဴစင္ေသာ္ကိုလက္ထိပ္ခတ္ကာေခၚေဆာင္သြားေသာရဲေမေတြေနာက္သို႔ဟန္လင္းထက္ကေျပးလိုက္သြားကာေအာ္ေျပာလိုက္သည္။

"ခနေလးေနပါဦး ဗ်"

ဟန္လင္းထက္ေအာ္ေျပာလိုက္တဲ့အသံကိုၾကားေတာ့ေ႐ွ႕ကေနသြားေနတဲ့လူတစ္စုကရပ္သြားၾကကာ ဟန္လင္းထက္ကေနာက္ေက်ာဘက္ကေနေလွ်ာက္လွမ္းလာၿပီးေနာက္ျဖဴစင္ေသာ္နဲ႔မ်က္ႏွာခ်င္းဆိုင္ေနရာ၌သူ၏ေျခလွမ္းမ်ားကိုရပ္တန္္႕လိုက္သည္။

ျဖဴစင္ေသာ္ကေတာ့သူနဲ႔မ်က္ႏွာခ်င္းမဆိုင္ဘဲေခါင္းငုံ႔လ်က္အေနအထားႏွင့္သာမ်က္ႏွာလႊဲထားသည္။

"ခမ်ားကိုယ္ခမ်ားျပန္သုံးသပ္ၿပီးအသစ္ကေနျပန္စပါ။ ခမ်ားရသင့္ရထိုက္တဲ့ေနာင္တတရားေတြအတြက္ခံႏိုင္ရည္႐ွိေအာင္ျပင္ဆင္ထားလိုက္!"

"ငါ့ဘာသာဘာေနေန  မင္းကိစၥမဟုတ္ဘူး"

ထိုစကားၾကားေတာ့ဟန္လင္းထက္ကဟမ့္ခနဲရယ္သံျပဳကာ အျပဳံးမမည္ေသာမျပဳံးတစ္ပြင့္နဲ႔ေျပာျပလာခဲ့သည္။

"ခမ်ား ႐ိႈင္းေဇယံကိုထိခိုက္ဖို႔ႀကိဳးစားေသးတယ္ဆို။
ခမ်ား မင္းခန္႔ထည္ဆိုတဲ့လူကိုမေၾကာက္ဘူးလား။က်ေနာ္႕အထင္ေျပာရရင္
ခမ်ားသူ႕ကိုေၾကာက္သင့္တယ္"

ထိုစကားၾကားေတာ့မွျဖဴစင္ေသာ္ကဟန္လင္းထက္ရဲ႕မ်က္ဝန္းမ်ားဆီသို႔တစိုက္မတ္မတ္စိုက္ၾကည့္လာေတာ့သည္။

ေနာက္တစ္ေန႔မနက္ စီရင္ခ်က္ခ်ဖို႔ တရားခြင္စတင္ခ်ိန္မွာပင္ အုတ္ေက်ာ္ေသာင္းနင္းျဖစ္သြားခဲ့ေလသည္။

တရားခံဟာသူ႕မကိုယ္သူမသတ္ေသဖို႔ႀကိဳးစားခဲ့တယ္တဲ့...........

သူမရဲ႕မ်က္ဝန္းေတြေ႐ွ႕ကေကာင္းကင္ႀကီးမွာအေရာင္ေတာက္ပစြာျပာလဲ့ေနၿပီး သစ္႐ြက္ရိပ္တို႔ကသူမေလးရဲ႕မ်က္ႏွာေပၚသို႔တေျဖာက္ေျဖာက္က်ဆင္းေနသည္။
သူမရဲ႕မ်က္ဝန္းတို႔က တစ္စထက္တစ္စေဝဝါးလာကာ ၾကည့္ရတာ သူမထြက္သြားဖို႔အခ်ိန္တန္ၿပီျဖစ္မည္။

အေရးေပၚကားသံေတြနဲ႔ရဲကားေတြရဲ႕ဥၾသဆြဲသံတို႔ကကေသာင္းကနင္းႏိုင္စြာပြက္ေလာ႐ိုက္သြားခဲ့ကာ လူနာခုတင္ေပၚကေသြးေတြ႐ႊဲနစ္ေနတဲ့ျဖဴစင္ေသာ္အားေဆး႐ုံထဲသို႔အေျပးေခၚသြားၾကေလသည္။

ေဆး႐ုံအတြင္းသို႔ေရာက္ေတာ့ ေဆး႐ုံအနံ႔ကႏွာဖ်ားဝထံသို႔ အ႐ွိန္အဟုန္ႏွင့္႐ိုက္ခတ္လို႔လာခဲ့စဥ္ သူမအနီးနားသို႔ခ်ဥ္းကပ္လာေသာ အေရးေပၚတြန္းလွည္းသံတစ္သံကိုလည္းသူမရဲ႕နားနဲ႔ဆက္ဆက္ၾကားေနရသည္။

လူနာခုတင္၂ခုကေဘးခ်င္းယွဥ္လ်က္ျဖတ္သန္းသြားခဲ့ၾကၿပီးလူနာ၂ဦးရဲ႕လက္၂သြယ္တို႔ဟာလည္း တိုေတာင္းလြန္းတဲ့အခ်ိန္တိုေလးအတြင္းမွာအခ်င္းခ်င္းပြတ္တိုက္မိသြားၾကသည္။

ဒုတ္......ဒုတ္.......ဒုတ္

ျပင္းစြာေသာႏွလုံးခုန္သံတစ္စုံကၾကည္လင္ျပတ္သားစြာထြက္ေပၚလာခဲ့သည္။

ရပ္တန္႔ေနတာၾကာၿပီျဖစ္တဲ့တစ္စုံတစ္ေယာက္ရဲ႕ႏွလုံးသားေလး က႐ုတ္တရက္ခုန္ေပါက္လို႔လာသည္။

ပြတ္ဆြဲေနတဲ့ဘီးလုံးသံတို႔ကဆန္႔က်င္ဘက္အရပ္ေတြဆီခြဲထြက္သြားတဲ့အခါ
ေျပးလႊားေနတဲ့ခုတင္တစ္ခုထက္မွာလဲေလ်ာင္းေနရတဲ့လူငယ္ေလးတစ္ေယာက္ဟာ တြန္းလွည္းသံေတြေဝးသထက္ေဝးသြားသည္ႏွင္္႕အမွ်ေမွာင္မိုက္ျခင္းအတိသို႔က်ေရာက္သြားခဲ့ေလ၏။

'ဒါဟာ က်ေနာ္႕အတြက္ေနာက္ဆုံးအခ်ိန္မ်ားလား။
ေနာက္ဆုံးအခ်ိန္မို႔ က်ေနာ္႕ႏွလုံးသားေလးကအဆုံးသတ္ခုန္ေပါက္ေနခဲ့တာလား????'

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading.🙏💕

••••••••••••••••••••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

84K 8.8K 44
"တကယ်သာ ချစ်ကြမယ်ဆို ထာဝရဆိုတဲ့ အချိန်က ဘယ်လုံလောက်ပါလိမ့်မလဲ။ " "တကယ္သာ ခ်စ္ၾကမယ္ဆို ထာဝရဆိုတဲ့ အခ်ိန္က ဘယ္လုံေလာက္ပါ လိမ့္မလဲ။" Just a simple love...
22.6K 1.7K 45
အလွဲတစ်ခုရဲ့အစကနေ ပေါက်ဖွားလာတဲ့အချစ် အလြဲတစ္ခုရဲ႕အစကေန ေပါက္ဖြားလာတဲ့အခ်စ္
339K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.2M 62.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...