" သခင္ေလး...ဘိုးဘြားခန္းထဲကို
သန္႔ရွင္းေရးလုပ္ခ်င္လို႔ "
" အင္း လာမယ္ "
အိမ္အကူအေဒၚႀကီး လာေျပာ၍ လိုက္သြားေပး
လိုက္သည္။ အိမ္ေတာ္ထိန္းက ခြင့္ယူၿပီး႐ြာျပန္
သြားတာမို႔ ေသာ့ေတြအကုန္ သခင္ေလးကိုပဲ အပ္ထားခဲ့တာ။ ဘိုးဘြားခန္းက ေတာ္ရံုဘယ္သူမွမဝင္ရအၿမဲေသာ့ပိတ္ထားသည္။
ေရွာင္းက်န္႔ကိုေတာင္ ဘိုးဘြားခန္းထဲ
တစ္ခါမွမေခၚျဖစ္။ ဘိုးဘြားေတြနဲ႔အသိအမွတ္ျပဳ ၿပီးသြားမွ အျပစ္လုပ္ရင္ စည္းကမ္းအတိုင္း
အျပစ္ေပးစီရင္ရတာေတြ ျဖစ္လာမွာစိုးလို႔။
ကိုယ္တိုင္ေတာင္
ေရွာင္းက်န္႔နဲ႔ပတ္သက္ၿပီး မ်က္ႏွာပူလို႔
ဒီအခန္းထဲကို အရင္လို မၾကာခဏမေရာက္ျဖစ္။
သန္႔ရွင္းေရးလုပ္ေနစဥ္ အခန္းထဲပတ္ၾကည့္ရင္း
" ဟင္! အေဒၚႀကီး ဒီအေပၚကပစၥည္းေတြ ေ႐ႊ႕ေသးလား "
" ဟင့္အင္း ကြၽန္မ ဒီဘက္မွာပဲ သန္႔ရွင္းေရးလုပ္ရ
ေသးတာ "
ဘိုးဘြားကဗ်ည္းတိုင္ေတြေရွ႕ စင္ေပၚက
ကလပ္ေပၚမွာတင္ထားတဲ့ နဝရတ္ကိုးပါးလက္စြပ္က သူ႔ေနရာမွာမရွိ။
" လက္စြပ္ ဒီေပၚကလက္စြပ္ မေတြ႕လို႔ "
" ဘုရားေရ သခင္ေလး အဲ့ဒါမ်ိဳးႏြယ္အေမြခံ
ရတနာ မဟုတ္လား "
သူတို႔ ၂ ေယာက္ ရွာလို႔မေတြ႕လို႔
စားဖိုမႈးေရာ လံုၿခံဳေရးေခါင္းေဆာင္ ၂ ေယာက္ပါ
ဝိုင္းရွာၾကတာ မေတြ႕။
" ဘယ္သူဝင္ေသးလဲ ဒီအခန္းထဲ "
ေမးသာေမးရတာ။ အခန္းက အၿမဲေသာ့ပိတ္ထားၿပီး
ေသာ့ကလည္း အိမ္ေတာ္ထိန္းတစ္ေယာက္ပဲ ကိုင္ထားတာ။ အိမ္ေတာ္ထိန္းက ဒီညေနမွ ျပန္ေရာက္မည္။ ဖုန္းဆက္ေတာ့လည္း လိုင္းက မမိ။
" CCTV စစ္ၾကည့္မယ္ "
စာၾကည့္ခန္းကလြဲၿပီး အခန္းထဲေတြမွာ CCTV
မတပ္ထားေပမယ့္ အိမ္ေထာင့္တိုင္းမွာတပ္ထားတာမို႔။
စစ္ၾကည့္လိုက္ေတာ့
လြန္ခဲ့တဲ့ ၃ ရက္က Record မွာ
ဘိုးဘြားခန္းထဲ လူတစ္ေယာက္ဝင္တာကို
ေတြ႕လိုက္ၾကရသည္။
ေရွာင္းက်န္႔.......။
အခန္းထဲက ျပန္ထြက္သြားေတာ့ အေျပးတပိုင္းနဲ႔။
တူ....တူ.....
အိမ္ေတာ္ထိန္းက ဖုန္းျပန္ေခၚသည္။
"ကြၽန္ေတာ္လိုသြားပါတယ္
အစ္ကိုေလးက ဝင္ၾကည့္ခ်င္တယ္ဆိုေတာ့
သူလည္းဝမ္အိမ္သားပဲ ဆိုၿပီး
သခင္ေလးကိုခြင့္မေတာင္းဘဲ ဖြင့္ေပးလိုက္မိတယ္ "
ခုတေလာ အလုပ္အရမ္းရႈပ္ေနလို႔
အစစအရာရာ ေရွာင္းက်န္႔ကို လွည့္မၾကည့္ႏိုင္။
အျပင္ထြက္တာကလြဲၿပီး ႀကိဳက္တာလုပ္ပေစ
ေျပာထားလို႔ အိမ္ေတာ္ထိန္းကလည္း
အေၾကာင္းမၾကားေတာ့ဘဲ ဖြင့္ေပးလိုက္တာေနမည္။
ေရွာင္းက်န္႔ ျပန္ထြက္သြားၿပီးတာနဲ႔
အိမ္ေတာ္ထိန္းက ခ်က္ခ်င္းတံခါးေသာ့ျပန္ပိတ္လိုက္
တာလည္း CCTV မွာ ရွင္းရွင္းႀကီး။
တျခားဘယ္သူမွ ဝင္စရာ အေၾကာင္းမရွိ။
ကိုယ့္အိမ္ကဝန္ထမ္းအားလံုးကိုေတာ့ ယံုၿပီးသား။
ျပဴ တင္းေပါက္ကေနၾကည့္လိုက္ေတာ့
ေရွာင္းက်န္႔က ျမက္ခင္းထဲမွာ ေခြးတစ္ေကာင္
ယုန္၂ ေကာင္နဲ႔ ေျပးလႊားရယ္ေမာၿပီး ေပ်ာ္ေနသည္။
" ေခၚလာခဲ့လိုက္ "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ဟိုေန႔က မင္းဒီအခန္းထဲကို ဝင္တုန္းက
ဒီထဲကပစၥည္းတစ္ခုခု ယူသြားမိေသးလား "
ေရွာင္းက်န္႔က အခန္းထဲကို ေဝ့ၾကည့္လိုက္ၿပီး
" ဟင့္အင္း ဘာမွ မယူဘူး "
" ေရွာင္းက်န္႔.... ဘိုးဘြားေတြေရွ႕မွာ မဆိုးနဲ႔
အမွန္အတိုင္းေျပာ "
" အမွန္အတိုင္းေျပာတာပဲေလ "
" ဘိုးဘြားပိုင္ပစၥည္းကို မထိရဘူး
မင္း မေတာ္တဆ ယူမိရင္လည္း
ျပန္ယူလာခဲ့ေပး ခြင့္လႊတ္ေပးမယ္ "
" မယူပါဘူးဆို ဘာလို႔ယူရမွာလဲ
လက္စြပ္ေလးတစ္ကြင္းပဲဟာကို "
ဝမ္ရိေပၚက ေဒါသကို မနည္းထိန္းထားေနရၿပီး
" မင္းကိုဘယ္သူက လက္စြပ္လို႔ေျပာေသးလို႔လဲ
လက္စြပ္ေပ်ာက္တာမွန္း မင္းဘယ္လိုသိတာလဲ "
" ဟို....အဲ့ဒါက...."
" ဒူးေထာက္စမ္း ေရွာင္းက်န္႔
ဘိုးဘြားေတြကို ေတာင္းပန္စမ္း
ၿပီးရင္ ပစၥည္းကို ျပန္ယူခဲ့ "
" ကြၽန္ေတာ္ တကယ္မယူဘူး "
" ေတာက္!...ငါလုပ္ရင္ ေသေတာ့မယ္
ေျပာ..ဒီအခန္းထဲဝင္ၿပီး ဘာလို႔ေျပးထြက္သြားတာလဲ ေျပာစမ္း.."
" မယူဘူးလို႔ေျပာေနတယ္ေလ "
ေရွာင္းက်န္႔က ျပန္ေအာ္လိုက္ရင္း
လက္ကိုရမ္းလိုက္တာ အနားကပန္းအိုးကိုတိုက္မိသြားၿပီး
ခြမ္း............
" ဘုရားေရ "
" ဟဲ့ ဟဲ့ ဒုကၡပါပဲ "
အကုန္လံုး လန္႔ကုန္ၾကေလၿပီ။
ဝမ္ရိေပၚက
ဘ္ိုးဘြား ကဗ်ည္းတိုင္မ်ားေရွ႕ ဒူးေထာက္လိုက္ၿပီး
" ကြၽန္ေတာ္ဝမ္ရိေပၚ အိမ္ေထာင္ဖက္ကို
ေသခ်ာမဆံုးမထားမိလို႔ စိုးရံြ႕ပါတယ္
ဒါေၾကာင့္ ဘိုးဘြားေတြေရွ႕မွာ သူ႔ကို
ကြၽန္ေတာ္ကိုယ္တိုင္ အျပစ္ေပးပါ့မယ္ "
ေဆြစဥ္မ်ိဳးဆက္
အိမ္သားအားလံုး အိမ္ဝန္ထမ္းအားလံုး
ဒီ ဘိုးဘြားခန္းထဲက ပစၥည္းေတြကို ထိခိုက္ေအာင္
မလုပ္ရဲၾက။
မေတာ္တဆပင္ျဖစ္ပါေစ ခြင့္မလႊတ္ဘဲ
အစဥ္အလာအတိုင္း အျပစ္ေပးရသည္။
" အျပစ္ေပးဖို႔ ျပင္လိုက္ "
ေရွာင္းက်န္႔ကို ကဗ်ည္းတိုင္ေတြေရွ႕
အလယ္တည့္တည့္မွာ ဒူးေထာက္ခိုင္းထားၿပီး
လက္၂ ဘက္ကို အေပၚတန္းကေန
ႀကိဳးနဲ႔ဆြဲကာ ပူးခ်ည္ထားလိုက္သည္။
ျပစ္ဒဏ္က အခ်က္ ၅၀ ေတာင္ဆိုေတာ့
ဒီလိုမွ မလုပ္ထားရင္ ဘယ္လိုလူမ်ိဳးမွ
ဒူးေထာက္ၿပီးေတာင့္မခံနိုင္။
ၾကာပြတ္ကို တင္းတင္းဆုပ္ကိုင္ထားတဲ့
ဝမ္ရိေပၚရဲ႕လက္ေတြကလည္း တုန္ယင္ေနသည္။
ကိုယ့္လက္နဲ႔ကိုယ္တိုင္
ေရွာင္းက်န္႔ကိုအျပစ္မေပးခ်င္ေပမယ့္
ဒီလိုမွမလုပ္ရင္ ပိုႀကီးတဲ့ျပစ္ဒဏ္ကို စီရင္ရလိမ့္မယ္။
" အသင့္ျဖစ္ပါၿပီ သခင္ေလး "
႐ႊမ္း.......
ေရွာင္းက်န္႔ကိုယ္ေလးက ဆတ္ကနဲတြန္႔သြားေပမယ့္
အသံမထြက္ေအာင္ က်ိတ္ခံသည္။
႐ႊမ္း.......
ေနာက္တစ္ခ်က္
႐ႊမ္း.......
ေနာက္ထပ္ ၁ ခ်က္မွာေတာ့
ေရွာင္းက်န္႔ ကိုယ္ေပၚက အက်ႌျဖဴ ျဖဴ မွာ
အရိုက္ခံထားရတဲ့ ေနရာေတြကေန ေသြးစေတြ
စြန္းထင္းလာသည္။
ရိုက္ေနတဲ့လူ ရင္ထဲမွာလည္း ေျဗာင္းဆန္ေနသည္။
႐ႊမ္း.......
အဲ့ေလာက္ေတာင္ ဆိုးရလား
႐ႊမ္း....................
ဘိုးဘြားေတြသိသြားေလာက္ေအာင္ ဆိုးရလား
ရိုက္ခ်က္ေတြက ဆက္တိုက္ျဖစ္လာတဲ့အခါ
ေရွာင္းက်န္႔..မေအာ္ဘဲ က်ိတ္မခံနိုင္ေတာ့။
႐ႊမ္း.......႐ႊမ္း.......႐ႊမ္း.......႐ႊမ္း.......
" အား......အား....ေမေမေရ.....အား......."
ေအာ္ရင္းငိုရင္းနဲ႔ သတိလစ္သြားသည္။
ဒူးေထာက္လ်က္သား ကိုယ္ေလးက
လက္ေတြကို ခ်ဳပ္ထား၍ မလဲသြားေပမယ့္
ေခါင္းငိုက္စိုက္က်လ်က္။
အက်ႌျဖဴ ေလးကလည္း..အနီေရာင္ပင္ ျဖစ္ေနၿပီ။
" ဒီတိုင္းထားလိုက္..မျဖဳတ္ေပးနဲ႔
သတိရလာရင္ ျပစ္ဒဏ္ ျပည့္ေအာင္ဆက္ခံရမယ္ "
က်န္တဲ့ ျပစ္ဒဏ္ေတြကို ေရွာင္းက်န္႔
သတိရလာလိုက္..သတိလစ္သြားလိုက္ျဖင့္
ျပည့္တဲ့အထိ ခံယူရသည္။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ဘယ္လို ေခတ္ေနာက္ျပန္ဆြဲတဲ့ အယူအဆလဲကြာ
မရွိေတာ့တဲ့လူေတြကို ေစာ္ကားလို႔ဆိုၿပီး
အသက္ရွိတဲ့ လူတစ္ေယာက္ကို
တိရစာၦန္တစ္ေကာင္လို ရိုက္နွက္ထားရသလား
နွိပ္စက္ေနမယ့္အစား သတ္ပစ္လိုက္ေတာ့ကြာ"
ဘာသာမဲ့တစ္ေယာက္ျဖစ္တဲ့ က်င္းရီကေတာ့
ရိုးရာေတြ အစဥ္အလာေတြ လက္မခံ။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
အျပင္းဖ်ားေနတဲ့ေရွာင္းက်န္႔က ကေယာင္ကတမ္းနွင့္
" ဟင့္...ေမေမ....အင့္....ဝမ္ရိေပၚ....အင့္...ဟင့္..."
ရိေပၚမ်က္ရည္ေတြဝဲၿပီး ေရွာင္းက်န္႔ လက္ေလးကို ကိုင္ကာ
" လိမၼာပါေတာ့ ေရွာင္းက်န္႔ရယ္
ကိုယ္မင္းကို မစြန္႔ပစ္နိုင္လို႔ပါ "
" သခင္ေလး....ဟို..."
အခန္းထဲကို စားဖိုမႈးရယ္ အေဒၚႀကီးရယ္ ဝင္လာၾကသည္။
" ဘယ္သူမွ မဝင္လာနဲ႔လို႔ ကြၽန္ေတာ္မွာထားတယ္ေလ ေဒၚႀကီး "
အေဒၚႀကီးက ေရွာင္းက်န္႔ကို တစ္ခ်က္ၾကည့္လိုက္ၿပီး
မ်က္နွာခပ္ပ်က္ပ်က္နဲ႔
" သခင္ေလး..ဒါေလး ကဗ်ည္းတိုင္ေတြတင္ထားတဲ့စင္၂ ခုရဲ႕ ၾကားမွာ ညပ္ေနတာေတြ႕လို႔ "
နဝရတ္ကိုးပါးလက္စြပ္.......။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ေရွာင္းက်န္႔ သတိရလာေတာ့ သူ႔ေဘးမွာ
အေဒၚႀကီးပဲ ရွိတယ္။
" ဝမ္ရိေပၚေရာဟင္
ကြၽန္ေတာ္တကယ္မယူပါဘူး
ကြၽန္ေတာ့္ကို စိတ္မဆိုးပါနဲ႔ေတာ့ လို႔ "
အေဒၚႀကီးက အေၾကာင္းစံုရွင္းျပလိုက္ၿပီး
" သခင္ေလးက တစ္ေန႔လံုး အဲ့အခန္းထဲမွာ
ဘာမွလည္းမစားမေသာက္နဲ႔ "
ဘိုးဘြားခန္းထဲမွာ ငိုင္ေတြၿပီးထိုင္ေနတဲ့
ဝမ္ရိေပၚေနာက္က ေျခသံတိုးဖြဖြေလးက
ေလ်ွာက္ၿပီးဝင္လာသည္။ ၿပီးေတာ့
သူ႔ပုခံုးကို လာကိုင္တဲ့ လက္ကေလး။
" ကြၽန္ေတာ္လည္း ခင္ဗ်ားကို ခဏခဏ အထင္လြဲ
ဖူးတာပဲ စိတ္မေကာင္းမျဖစ္ပါနဲ႔
ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး တကယ္ "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
လြန္ခဲ့ေသာ ၃ ရက္က............။
" အာ....ဘိုးဘြားခန္းပဲ...ကန္ေတာ့ ကန္ေတာ့
ဝါး......လက္စြပ္ႀကီးက လွလိုက္တာ "
ဘိုးဘြားခန္းမွန္းမသိဘဲ ဒီအခန္းဝင္ၾကည့္ခ်င္တယ္
ဆိုလို႔ အိမ္ေတာ္ထိန္းႀကီးက ေသာ့ဖြင့္ေပးခဲ့တာ။
လွည့္ထြက္မယ္ လုပ္ၿပီးမွ
" ဟို...ဟိုေလ....
ဝမ္ရိေပၚကို....အဲ..ကြၽန္ေတာ့္ေယာက်ၤားကို..
ကြၽန္ေတာ္ ေစာင့္ေရွာက္ပါ့မယ္...စိတ္ခ်ပါ..လို႔
အဲ...ကြၽန္ေတာ္တို႔ ၂ ေယာက္ကိုလည္း
ေစာင့္ေရွာက္ေပးပါ...အဟီး...
ေျမးသားမက္ ေရွာင္းက်န္႔ ဂါရဝျပဳပါတယ္.."
သူ႔ဘာသူေျပာ သူ႔ဘာသူရွက္ၿပီး
ျပန္လွည့္ထြက္ေတာ့ ခလုတ္ေတြတိုက္ကာ
အခန္းထဲက ေျပးထြက္သြားမိတာ
အိမ္ေတာ္ထိန္းကို အခန္းျပန္ပိတ္ဖို႔ေတာင္
ေျပာဖို႔ေမ့သြားသည္။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
Unicode
" သခင်လေး...ဘိုးဘွားခန်းထဲကို
သန့်ရှင်းရေးလုပ်ချင်လို့ "
" အင်း လာမယ် "
အိမ်အကူအဒေါ်ကြီး လာပြော၍ လိုက်သွားပေး
လိုက်သည်။ အိမ်တော်ထိန်းက ခွင့်ယူပြီးရွာပြန်
သွားတာမို့ သော့တွေအကုန် သခင်လေးကိုပဲ အပ်ထားခဲ့တာ။ ဘိုးဘွားခန်းက တော်ရုံဘယ်သူမှမဝင်ရအမြဲသော့ပိတ်ထားသည်။
ရှောင်းကျန့်ကိုတောင် ဘိုးဘွားခန်းထဲ
တစ်ခါမှမခေါ်ဖြစ်။ ဘိုးဘွားတွေနဲ့အသိအမှတ်ပြု ပြီးသွားမှ အပြစ်လုပ်ရင် စည်းကမ်းအတိုင်း
အပြစ်ပေးစီရင်ရတာတွေ ဖြစ်လာမှာစိုးလို့။
ကိုယ်တိုင်တောင်
ရှောင်းကျန့်နဲ့ပတ်သက်ပြီး မျက်နှာပူလို့
ဒီအခန်းထဲကို အရင်လို မကြာခဏမရောက်ဖြစ်။
သန့်ရှင်းရေးလုပ်နေစဉ် အခန်းထဲပတ်ကြည့်ရင်း
" ဟင်! အဒေါ်ကြီး ဒီအပေါ်ကပစ္စည်းတွေ ရွှေ့သေးလား "
" ဟင့်အင်း ကျွန်မ ဒီဘက်မှာပဲ သန့်ရှင်းရေးလုပ်ရ
သေးတာ "
ဘိုးဘွားကဗျည်းတိုင်တွေရှေ့ စင်ပေါ်က
ကလပ်ပေါ်မှာတင်ထားတဲ့ နဝရတ်ကိုးပါးလက်စွပ်က သူ့နေရာမှာမရှိ။
" လက်စွပ် ဒီပေါ်ကလက်စွပ် မတွေ့လို့ "
" ဘုရားရေ သခင်လေး အဲ့ဒါမျိုးနွယ်အမွေခံ
ရတနာ မဟုတ်လား "
သူတို့ ၂ ယောက် ရှာလို့မတွေ့လို့
စားဖိုမှုးရော လုံခြုံရေးခေါင်းဆောင် ၂ ယောက်ပါ
ဝိုင်းရှာကြတာ မတွေ့။
" ဘယ်သူဝင်သေးလဲ ဒီအခန်းထဲ "
မေးသာမေးရတာ။ အခန်းက အမြဲသော့ပိတ်ထားပြီး
သော့ကလည်း အိမ်တော်ထိန်းတစ်ယောက်ပဲ ကိုင်ထားတာ။ အိမ်တော်ထိန်းက ဒီညနေမှ ပြန်ရောက်မည်။ ဖုန်းဆက်တော့လည်း လိုင်းက မမိ။
" CCTV စစ်ကြည့်မယ် "
စာကြည့်ခန်းကလွဲပြီး အခန်းထဲတွေမှာ CCTV
မတပ်ထားပေမယ့် အိမ်ထောင့်တိုင်းမှာတပ်ထားတာမို့။
စစ်ကြည့်လိုက်တော့
လွန်ခဲ့တဲ့ ၃ ရက်က Record မှာ
ဘိုးဘွားခန်းထဲ လူတစ်ယောက်ဝင်တာကို
တွေ့လိုက်ကြရသည်။
ရှောင်းကျန့်.......။
အခန်းထဲက ပြန်ထွက်သွားတော့ အပြေးတပိုင်းနဲ့။
တူ....တူ.....
အိမ်တော်ထိန်းက ဖုန်းပြန်ခေါ်သည်။
"ကျွန်တော်လိုသွားပါတယ်
အစ်ကိုလေးက ဝင်ကြည့်ချင်တယ်ဆိုတော့
သူလည်းဝမ်အိမ်သားပဲ ဆိုပြီး
သခင်လေးကိုခွင့်မတောင်းဘဲ ဖွင့်ပေးလိုက်မိတယ် "
ခုတလော အလုပ်အရမ်းရှုပ်နေလို့
အစစအရာရာ ရှောင်းကျန့်ကို လှည့်မကြည့်နိုင်။
အပြင်ထွက်တာကလွဲပြီး ကြိုက်တာလုပ်ပစေ
ပြောထားလို့ အိမ်တော်ထိန်းကလည်း
အကြောင်းမကြားတော့ဘဲ ဖွင့်ပေးလိုက်တာနေမည်။
ရှောင်းကျန့် ပြန်ထွက်သွားပြီးတာနဲ့
အိမ်တော်ထိန်းက ချက်ချင်းတံခါးသော့ပြန်ပိတ်လိုက်
တာလည်း CCTV မှာ ရှင်းရှင်းကြီး။
တခြားဘယ်သူမှ ဝင်စရာ အကြောင်းမရှိ။
ကိုယ့်အိမ်ကဝန်ထမ်းအားလုံးကိုတော့ ယုံပြီးသား။
ပြူ တင်းပေါက်ကနေကြည့်လိုက်တော့
ရှောင်းကျန့်က မြက်ခင်းထဲမှာ ခွေးတစ်ကောင်
ယုန်၂ ကောင်နဲ့ ပြေးလွှားရယ်မောပြီး ပျော်နေသည်။
" ခေါ်လာခဲ့လိုက် "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ဟိုနေ့က မင်းဒီအခန်းထဲကို ဝင်တုန်းက
ဒီထဲကပစ္စည်းတစ်ခုခု ယူသွားမိသေးလား "
ရှောင်းကျန့်က အခန်းထဲကို ဝေ့ကြည့်လိုက်ပြီး
" ဟင့်အင်း ဘာမှ မယူဘူး "
" ရှောင်းကျန့်.... ဘိုးဘွားတွေရှေ့မှာ မဆိုးနဲ့
အမှန်အတိုင်းပြော "
" အမှန်အတိုင်းပြောတာပဲလေ "
" ဘိုးဘွားပိုင်ပစ္စည်းကို မထိရဘူး
မင်း မတော်တဆ ယူမိရင်လည်း
ပြန်ယူလာခဲ့ပေး ခွင့်လွှတ်ပေးမယ် "
" မယူပါဘူးဆို ဘာလို့ယူရမှာလဲ
လက်စွပ်လေးတစ်ကွင်းပဲဟာကို "
ဝမ်ရိပေါ်က ဒေါသကို မနည်းထိန်းထားနေရပြီး
" မင်းကိုဘယ်သူက လက်စွပ်လို့ပြောသေးလို့လဲ
လက်စွပ်ပျောက်တာမှန်း မင်းဘယ်လိုသိတာလဲ "
" ဟို....အဲ့ဒါက...."
" ဒူးထောက်စမ်း ရှောင်းကျန့်
ဘိုးဘွားတွေကို တောင်းပန်စမ်း
ပြီးရင် ပစ္စည်းကို ပြန်ယူခဲ့ "
" ကျွန်တော် တကယ်မယူဘူး "
" တောက်!...ငါလုပ်ရင် သေတော့မယ်
ပြော..ဒီအခန်းထဲဝင်ပြီး ဘာလို့ပြေးထွက်သွားတာလဲ ပြောစမ်း.."
" မယူဘူးလို့ပြောနေတယ်လေ "
ရှောင်းကျန့်က ပြန်အော်လိုက်ရင်း
လက်ကိုရမ်းလိုက်တာ အနားကပန်းအိုးကိုတိုက်မိသွားပြီး
ခွမ်း............
" ဘုရားရေ "
" ဟဲ့ ဟဲ့ ဒုက္ခပါပဲ "
အကုန်လုံး လန့်ကုန်ကြလေပြီ။
ဝမ်ရိပေါ်က
ဘိုးဘွား ကဗျည်းတိုင်များရှေ့ ဒူးထောက်လိုက်ပြီး
" ကျွန်တော်ဝမ်ရိပေါ် အိမ်ထောင်ဖက်ကို
သေချာမဆုံးမထားမိလို့ စိုးရွံ့ပါတယ်
ဒါကြောင့် ဘိုးဘွားတွေရှေ့မှာ သူ့ကို
ကျွန်တော်ကိုယ်တိုင် အပြစ်ပေးပါ့မယ် "
ဆွေစဉ်မျိုးဆက်
အိမ်သားအားလုံး အိမ်ဝန်ထမ်းအားလုံး
ဒီ ဘိုးဘွားခန်းထဲက ပစ္စည်းတွေကို ထိခိုက်အောင်
မလုပ်ရဲကြ။
မတော်တဆပင်ဖြစ်ပါစေ ခွင့်မလွှတ်ဘဲ
အစဉ်အလာအတိုင်း အပြစ်ပေးရသည်။
" အပြစ်ပေးဖို့ ပြင်လိုက် "
ရှောင်းကျန့်ကို ကဗျည်းတိုင်တွေရှေ့
အလယ်တည့်တည့်မှာ ဒူးထောက်ခိုင်းထားပြီး
လက်၂ ဘက်ကို အပေါ်တန်းကနေ
ကြိုးနဲ့ဆွဲကာ ပူးချည်ထားလိုက်သည်။
ပြစ်ဒဏ်က အချက် ၅၀ တောင်ဆိုတော့
ဒီလိုမှ မလုပ်ထားရင် ဘယ်လိုလူမျိုးမှ
ဒူးထောက်ပြီးတောင့်မခံနိုင်။
ကြာပွတ်ကို တင်းတင်းဆုပ်ကိုင်ထားတဲ့
ဝမ်ရိပေါ်ရဲ့လက်တွေကလည်း တုန်ယင်နေသည်။
ကိုယ့်လက်နဲ့ကိုယ်တိုင်
ရှောင်းကျန့်ကိုအပြစ်မပေးချင်ပေမယ့်
ဒီလိုမှမလုပ်ရင် ပိုကြီးတဲ့ပြစ်ဒဏ်ကို စီရင်ရလိမ့်မယ်။
" အသင့်ဖြစ်ပါပြီ သခင်လေး "
ရွှမ်း.......
ရှောင်းကျန့်ကိုယ်လေးက ဆတ်ကနဲတွန့်သွားပေမယ့်
အသံမထွက်အောင် ကျိတ်ခံသည်။
ရွှမ်း.......
နောက်တစ်ချက်
ရွှမ်း.......
နောက်ထပ် ၁ ချက်မှာတော့
ရှောင်းကျန့် ကိုယ်ပေါ်က အကျႌဖြူ ဖြူ မှာ
အရိုက်ခံထားရတဲ့ နေရာတွေကနေ သွေးစတွေ
စွန်းထင်းလာသည်။
ရိုက်နေတဲ့လူ ရင်ထဲမှာလည်း ဗြောင်းဆန်နေသည်။
ရွှမ်း.......
အဲ့လောက်တောင် ဆိုးရလား
ရွှမ်း....................
ဘိုးဘွားတွေသိသွားလောက်အောင် ဆိုးရလား
ရိုက်ချက်တွေက ဆက်တိုက်ဖြစ်လာတဲ့အခါ
ရှောင်းကျန့်..မအော်ဘဲ ကျိတ်မခံနိုင်တော့။
ရွှမ်း.......ရွှမ်း.......ရွှမ်း.......ရွှမ်း.......
" အား......အား....မေမေရေ.....အား......."
အော်ရင်းငိုရင်းနဲ့ သတိလစ်သွားသည်။
ဒူးထောက်လျက်သား ကိုယ်လေးက
လက်တွေကို ချုပ်ထား၍ မလဲသွားပေမယ့်
ခေါင်းငိုက်စိုက်ကျလျက်။
အကျႌဖြူ လေးကလည်း..အနီရောင်ပင် ဖြစ်နေပြီ။
" ဒီတိုင်းထားလိုက်..မဖြုတ်ပေးနဲ့
သတိရလာရင် ပြစ်ဒဏ် ပြည့်အောင်ဆက်ခံရမယ် "
ကျန်တဲ့ ပြစ်ဒဏ်တွေကို ရှောင်းကျန့်
သတိရလာလိုက်..သတိလစ်သွားလိုက်ဖြင့်
ပြည့်တဲ့အထိ ခံယူရသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ဘယ်လို ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆလဲကွာ
မရှိတော့တဲ့လူတွေကို စော်ကားလို့ဆိုပြီး
အသက်ရှိတဲ့ လူတစ်ယောက်ကို
တိရစ္ဆာန်တစ်ကောင်လို ရိုက်နှက်ထားရသလား
နှိပ်စက်နေမယ့်အစား သတ်ပစ်လိုက်တော့ကွာ"
ဘာသာမဲ့တစ်ယောက်ဖြစ်တဲ့ ကျင်းရီကတော့
ရိုးရာတွေ အစဉ်အလာတွေ လက်မခံ။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
အပြင်းဖျားနေတဲ့ရှောင်းကျန့်က ကယောင်ကတမ်းနှင့်
" ဟင့်...မေမေ....အင့်....ဝမ်ရိပေါ်....အင့်...ဟင့်..."
ရိပေါ်မျက်ရည်တွေဝဲပြီး ရှောင်းကျန့် လက်လေးကို ကိုင်ကာ
" လိမ္မာပါတော့ ရှောင်းကျန့်ရယ်
ကိုယ်မင်းကို မစွန့်ပစ်နိုင်လို့ပါ "
" သခင်လေး....ဟို..."
အခန်းထဲကို စားဖိုမှုးရယ် အဒေါ်ကြီးရယ် ဝင်လာကြသည်။
" ဘယ်သူမှ မဝင်လာနဲ့လို့ ကျွန်တော်မှာထားတယ်လေ ဒေါ်ကြီး "
အဒေါ်ကြီးက ရှောင်းကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး
မျက်နှာခပ်ပျက်ပျက်နဲ့
" သခင်လေး..ဒါလေး ကဗျည်းတိုင်တွေတင်ထားတဲ့စင်၂ ခုရဲ့ ကြားမှာ ညပ်နေတာတွေ့လို့ "
နဝရတ်ကိုးပါးလက်စွပ်.......။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ရှောင်းကျန့် သတိရလာတော့ သူ့ဘေးမှာ
အဒေါ်ကြီးပဲ ရှိတယ်။
" ဝမ်ရိပေါ်ရောဟင်
ကျွန်တော်တကယ်မယူပါဘူး
ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့ လို့ "
အဒေါ်ကြီးက အကြောင်းစုံရှင်းပြလိုက်ပြီး
" သခင်လေးက တစ်နေ့လုံး အဲ့အခန်းထဲမှာ
ဘာမှလည်းမစားမသောက်နဲ့ "
ဘိုးဘွားခန်းထဲမှာ ငိုင်တွေပြီးထိုင်နေတဲ့
ဝမ်ရိပေါ်နောက်က ခြေသံတိုးဖွဖွလေးက
လျှောက်ပြီးဝင်လာသည်။ ပြီးတော့
သူ့ပုခုံးကို လာကိုင်တဲ့ လက်ကလေး။
" ကျွန်တော်လည်း ခင်ဗျားကို ခဏခဏ အထင်လွဲ
ဖူးတာပဲ စိတ်မကောင်းမဖြစ်ပါနဲ့
ကျွန်တော်ဘာမှမဖြစ်ပါဘူး တကယ် "
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
လွန်ခဲ့သော ၃ ရက်က............။
" အာ....ဘိုးဘွားခန်းပဲ...ကန်တော့ ကန်တော့
ဝါး......လက်စွပ်ကြီးက လှလိုက်တာ "
ဘိုးဘွားခန်းမှန်းမသိဘဲ ဒီအခန်းဝင်ကြည့်ချင်တယ်
ဆိုလို့ အိမ်တော်ထိန်းကြီးက သော့ဖွင့်ပေးခဲ့တာ။
လှည့်ထွက်မယ် လုပ်ပြီးမှ
" ဟို...ဟိုလေ....
ဝမ်ရိပေါ်ကို....အဲ..ကျွန်တော့်ယောကျၤားကို..
ကျွန်တော် စောင့်ရှောက်ပါ့မယ်...စိတ်ချပါ..လို့
အဲ...ကျွန်တော်တို့ ၂ ယောက်ကိုလည်း
စောင့်ရှောက်ပေးပါ...အဟီး...
မြေးသားမက် ရှောင်းကျန့် ဂါရဝပြုပါတယ်.."
သူ့ဘာသူပြော သူ့ဘာသူရှက်ပြီး
ပြန်လှည့်ထွက်တော့ ခလုတ်တွေတိုက်ကာ
အခန်းထဲက ပြေးထွက်သွားမိတာ
အိမ်တော်ထိန်းကို အခန်းပြန်ပိတ်ဖို့တောင်
ပြောဖို့မေ့သွားသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----