ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(19)
************************************
'ဆင္းစမ္း ကားေပၚက..."
တိုင္းလည္း ေဆာင့္ေအာင့္ကာ ကားေပၚက အျမန္ဆင္းလိုက္ၿပီး မိမိရဲ႕ အခန္းရွိရာ သြားမယ္ ျပင္လိုက္ေတာ့ ..
"ထိုင္အံုး..ဘယ္မွ မသြားနဲ႔ ..ဘာအခ်ိဳးခ်္ိုးတာလဲ နင္က.."
တိုင္းကို အေတာ္စိတ္ဆ္ိုးေနသည့္ပံုပါပဲ။ ေမေမက တခါမွ မသံုးခဲ့ဖူးေသာ အသံုးနႈန္းေတြပါ သံုးနႈန္းေနၿပီ။
"ျမင္တဲ့ အတိုင္းပဲေလ.."
တိုင္း မက္တပ္ရပ္ကာပဲ ေျဖလိုက္ေတာ့ ေမေမက ေဒါသထြက္လာသည့္ပံု။တိုင္းကို ခပ္စူးစူးၾကည့္ကာ ေမေမက ေျပာျပန္သည္။
"မွန္တယ္ထင္လို႔လား..နင္လုပ္ေနတာေတြက..."
"မွန္မွန္မွားမွား သမီးဂရုမစိုက္ဘူးေမေမ..."
"တိုင္း..!နင္.."
ေမေမက ထရပ္လိုက္ကာ တိုင္းကို ထံုးစံ အတ္ိုင္း ရိုက္ရန္ ျပင္ျပန္သည္။
"မလုပ္ပါနဲ႔ အန္တီ ..တာတာကို မရိုက္ပါနဲ႔..."
အခ်ိန္ကိုက္ေရာက္ရွိလာေသာ ကိုဇြဲက ေမေမ့ရဲ႕ လက္ေတြကို ဖမ္းဆုပ္ကာ တိုင္းကို အေပၚထပ္သြားရန္ေျပာသည္။ တိုင္း မသြားပါပဲ ေမေမ့ကို ေသခ်ာၾကည့္ကာ မ်က္ရည္မ်ား က်လာခဲ့သည္။
"ဂရုစိုက္ခဲ့ဖူးလား...ဘာျဖစ္ျဖစ္..ဘယ္တုန္းက သမီးကို ဂရုစိုက္ခဲ့ဖူးလဲ...အခ်စ္က အခ်စ္ပါပဲ ေမေမ..ဘာလို႔ အခ်စ္ကို မျမင္ႏိုင္ရတာလဲ...! အိမ္ေထာင္တစ္ခု ဆိုေတာ့လည္း တည္ၿမဲမယ္လို႔ ေမေမ အာမခံနိုင္လို႔လား..ေမေမေတာင္ ကြဲေသးတာပဲ သမီးကို လာမခ်ဳပ္ခ်ယ္ပါနဲ႔.. ကိုယ့္ကိုကိုယ္ သတ္ေသမိေတာ့မယ္...ေမေမ့ကို မုန္းတယ္.."
တိုင္း စိတ္ရွိလက္ရွိေအာ္ကာ အိမ္အေပၚထပ္ရွိ မိမိရဲ႕ အခန္းထဲသို႔ ေျပးဝင္လာမိသည္။ မြန္းၾကပ္လြန္းလွသည္၊ တိုင္း မနည္းရယူထားတဲ့ မကို ဆံုးရႈံးသြားၿပီ၊ မက တိုင္းဆီက ထြက္ေျအးသြားၿပီ ၊ ...သြားၿပီ...တိုင္းမွာ ဘာမွ မရွိေတာ့ဘူး။
မိုးေတြ႐ြာေနၿပီ မရယ္၊ တိုင္းေလ မက္ုိ သိပ္လြမ္းတာပဲ။
ေမေမကေျပာတယ္၊ မကို ေမ့ပစ္တဲ့၊ ဘယ္လိုအင္အားမ်ိဳးနဲ႔ တိုင္းေမ့နိုင္မွာလဲ။ တိုင္းဘက္က မကို အရင္ခ်စ္ခဲ့ရတာ။
ကုတင္တဖက္စြန္းက အေရာင္လတ္ေနေသာ ဓားေလးက တိုင္းကို က်ီစယ္ေနၿပီ၊ မင္း မလုပ္ရဲဘူးလားတဲ့။လုပ္ရဲတာေပါ့
မနဲ႔ ေဝးမယ့္ အစား ဆယ္ခါျပန္ေတာင္ တိုင္း ေသရဲတယ္၊
အားလံုးရဲ႕ ဘဝ ထဲက ထြက္သြားနိုင္တယ္၊ မဆိုေသာ လူသားတစ္ဦးက လြဲလို႔ေပါ့။ တခါတေလ အခ်စ္က ခါးတယ္
ခ်ိဳၿမိန္မႈေတြပဲ တိုင္း ေမ်ွာ္လင့္ထားခဲ့ေပမယ့္ အဆံုးသတ္ကခါးသက္ျခင္းေတြ၊ မရဲ႕ ဘဝ ထဲက တိုင္းထြက္သြားရင္ မ မငိုပါနဲ႔။ မရဲ႕ ေမေမ သေဘာတူတဲ့ သဘာဝ က်တဲ့ အိမ္ေထာင္ကိုပဲ မ တည္ေဆာက္ပါ။ စြန္႔လႊတ္လိုက္ပါၿပီ၊
"တိုင္း စိတ္ထိခိုက္တယ္မရယ္..တိုင္း မေနခ်င္ေတာ့ဘူး..."
လက္ေပၚက ေသြးေၾကာေတြက စိမ္းညိွလို႔၊ ဓားသြားေလးက ခြၽန္ထက္လို႔၊ အသံူးတဲ့လိုက္တာ ၊ ဘယ္အခ်ိန္က တိုင္းရဲ႕ အခန္းထဲ ေရာက္ေနတာလဲ။
"အား..!"
နာက်င္လိုက္တာ ၊ သိူ႔ေသာ္ မ ရဲ႕ စကားေတြေလာက္မနာက်င္ဘူး၊ မ ရဲ႕ ဘဝ ထဲက ထြက္သြားခ်ိန္တုန္းကေလာက္ မနာက်င္ဘူး၊ ရဲေနတဲ့ ေသြးေတြက ၾကမ္းျပင္ေပၚမွာ စြန္းေပေနၿပီ။
မေရ..တိုင္းရဲ႕ မ်က္လံုးေတြ မႈန္ဝါးလာၿပီ၊ အသက္ရႈေတြ ၾကပ္လာၿပီ၊ ၿပီးေတာ့ ရင္ဘက္ထဲမွာ ဆို႔နစ္ေနတယ္၊ နာက်င္လိုက္တာ...ဒါေပမယ့္ တိုင္း ေပ်ာ္တယ္။
ေသြးမ်ားေပေနေသာ လက္တစ္စံုက ၾကမ္းျပင္ေပၚ ျဖည္းညင္းစြာ ျပဳတ္က်သည္။ အေရာင္လတ္ေနေသာ ဓားေလးမွာလည္း ေသြးအိုင္ထဲတြင္ နစ္မြန္းေနရွာၿပီ။ အရမ္းအက်ည္းတန္ေသာ ထိုျမင္ကြင္းက ရင္ကြဲစရာ အတိ။
_________________________
"စိတ္ေလ်ာ့ပါ အန္တီေမ...."
ေဒၚေမသီ ဆိုဖာေပၚသို႔ ခပ္ေျဖးေျဖးထိုင္လိုက္ကာ မ်က္ဝန္းအိမ္မွာလည္း သူမ မ်က္ရည္ေတြ ေဝ့ေနခဲ့သည္။ ေအာ္ ဘယ္တုန္းက မွ မထင္ခဲ့တာႀကီးက ျဖစ္လာေလၿပီ၊ တခ်ိန္က ေဒါေမသီရဲ႕ အျဖစ္ေတြနဲ႔ ဆင္တူလွစြာေပါ့။ 'တို႔ ေမြးလာတဲ့ ကေလးေတြကို ေပးစားၾကမယ္.'ဆိုေသာ သီတာရဲ႕ စကားသံ သဲ့သဲ့နွင့္ တခ်ိန္က ေဒၚေမသီရဲ႕ အခ်စ္ဇာတ္လမ္းမ်ား။ အို .တို႔ ေမြးလာတဲ့ကေလးေတြက မိန္းကေလးနွစ္ေယာက္ ျဖစ္ေသာ္ျငားလည္း ကံတရားက တိုက္ဆိုင္လွပါ၏
အခုေတာ့ ေနာင္တရယံုက လြဲ၍ မတတ္နိုင္ပါ၊ ဇြတ္တ႐ြတ္ တိုင္းေလးရဲ႕ အေဖ့ကို လက္ထက္ခဲ့သူက ေဒၚေမသီ။ က်န္ရစ္ေနသူက ေဒၚသီတာ မလား။ တခ်ိန္က ကိစၥေတြကို ျပန္မေတြးခ်င္ေပမယ့္ အေနာက္ေန အရိပ္ေတြလို လိုက္ေနဆဲ။
"အန္တီ ဘာဆက္လုပ္ရမယ္ မသိေတာ့ပါဘူး ဇြဲေလးရယ္.."
"တကယ္ေတာ့ အန္တီေမ ..တိုင္းမွာ စိတ္က်ေရာဂါ ခံစားေနရတာပါ.."
"ဟင္...မင္းဘာေျပာလိုက္တယ္ ...."
"ဟုတ္ပါတယ္ အန္တီေမ...တိုင္းက ကြၽန္ေတာ္ဆီ သူ႔စိတ္က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး ေဆြးေနြးတာ 1နွစ္ေလာက္ရွိပါၿပီ အန္တီ စိတ္ဆင္းရဲမွာ စိုးလို႔ သူမေျပာခိုင္းတာပါ...သူရဲ႕ ေပ်ာ္႐ႊင္မႈက မသုနႈိင္းသ်ွင္လို႔ေျပာပါတယ္. အစက မသုက တိုင္းကို အႀကိမ္ႀကိမ္ျငင္းခဲ့ပါတယ္...ကြၽန္ေတာ္ တိုင္းကို အရမ္းသနာတာေၾကာင့္ အေဖ့ကို ေျပာၿပီး လက္ထက္ပြဲ အတြက္စီစဥ္ခဲ့ေပမယ့္. မသုက တိုင္းကို ေ႐ြးခ်ယ္လိုက္တယ္ အန္တီေမ...မသု႔ကို ကြၽန္ေတာ္ ေက်းဇူးတင္မိသလို
အန္တီလည္း ေက်းဇူးတင္သင့္ပါတယ္ သူမေၾကာင့္သာ မဟုတ္ရင္ အန္တီရဲ႕ သမီးမွာ မေကာင္းတာေတြ ျဖစ္နိုင္ပါတယ္ အထူးသျဖင့္ suicideကိစၥေတြလိုေပါ့.. သူ႔ရဲ႕ စိတ္ထဲမွာ အန္တီတို႔ လင္မယား အိမ္ေထာင္ေရးနဲ႔ ပတ္သတ္ၿပီး သူ႔ကိုယ္သူ အျပစ္တင္ေနတာေတြ ရွိေနတယ္"
"သမီးရယ္ ...ေမေမ မွားပါၿပီကြယ္.."
"ကဲပါဗ်ာ...တိုင္းေလးကို ေပ်ာ္ေအာင္ထားေပးလိုက္ပါ အန္တီရယ္
သူအရမ္းခ်စ္တဲ့ မမနဲ႔ အတူ ဘဝ ကို ျဖတ္သန္းခြင့္ျပဳလိူက္ပါေနာ္.."
"အန္တီ သေဘာတူပါၿပီကြယ္...သေဘာတူပါတယ္.."
"ဒါဆို ကြၽန္ေတာ္ရဲ႕ ညီမေလးကို သြားေခ်ာ့ေတာ့မယ္ေနာ္ အန္တီ.."
ေဒၚေမသီ ၾကည္ႏူးမႈမ်ားျဖင့္ ေခါင္းညိမ့္ကာ အေပၚထပ္ကို အတူ တက္ခဲ့ေပမယ့္ အရာအားလံုးက ေနာက္က်သြားခဲ့ၿပီလား။ ဇြဲရန္နႈိင္ရဲ႕ လက္ထဲမွာ ေသြးအလူးလူးနဲ႔ သတိကင္းမဲ့ေနေသာ သူမ ရဲ႕ သမီးေလး။
"တိုင္း....သမီး...."
____________________________
"အေျခအေနေတြကို က်ပ္တည္းေအာင္ မလုပ္စမ္းပါနဲ႔ သု
ေမေမက ဘာမွ ဝင္မေျပာခ်င္ဘူး သမီးတို႔ရဲ႕ အခ်စ္ေရးမွာ ဒါေပမယ့္ ေမသီကို ေမေမ မလြန္ဆန္နိုင္ခဲ့ဘူး သမီး...
တကယ္ေတာ့ သမီးအ႐ြယ္တုန္းကလည္း ေမေမ အမႀကီးတစ္ေယာက္ကို ႀကိဳက္ခဲ့ဖူးတယ္...ဒါေပမယ့္ သမီးရယ္ ဘယ္ေလာက္ ေမေမ ႀကိဳက္ခဲ့ပါေစ ေနာက္ဆံုးေတာ့ သမီးေဖေဖနဲ႔ပဲ ညားတာပဲေလ..သဘာဝ က်တဲ့အရာကို ေမေမ လက္ခံခဲ့ရတာေပါ့.."
"သု..တိုင္းေလးကို တကယ္ခ်စ္တာ ေမေမ...."
"သမီးရယ္..ေမေမလည္း တိုင္းေလးကို ခ်စ္တာေပါ့
အငယ္ေလးထဲက ေမေမ့ရဲ႕ လက္ထဲမွာပါ ႀကီးျပင္းခဲ့ရတဲ့ ကေလးမို႔ ေမေမ ဘာမွ သေဘာမတူစရာ အေၾကာင္းမရွိဘူး.."
"တကယ္ေနာ္...ေမေမ မကန္႔ကြက္ရင္ ၿပီးတာပဲ..တျခား သူေတြကို သမီးဂရုမစိုက္ဘူး .."
ေမေမက သုရဲ႕ ေခါင္းေလးကို ခပ္ဖြဖြေလး ပြတ္သက္ကာ ေမေမၿပံဳးသည္။ ထိုအၿပံဳးကာ မိခင္တစ္ေယာက္ရဲ႕ သားသမီးအေပၚထားတဲ့ ေမတၱာေတြ အမ်ားႀကီးပါေသာ အၿပံဳးေပါ့၊ ေမေမရဲ႕ အဓိက က သမီးပါပဲတဲ့၊ သမီးေပ်ာ္ဖို႔ အေရးႀကီးတယ္ဆိုေသာ သုရဲ႕ ေမေမ။
"ေက်းဇူးပါ ေမေမ.."
သု ေမေမ့ရဲ႕ ရင္ခြင္ထဲ တိုးဝင္ကာ ေမေမ့ရဲ႕ ခါးေလးကို ဖက္ထားလိုက္သည္။ ၿပီးေတာ့ ကေလးမေလးဆီ သြားေတြ႕မည္။ အန္တီ ေမသီ ေျပာခဲ့ေသာ.'ငါ့သမီးနဲ႔ မပတ္သတ္နဲ႔ "ဟူ ေသာ စကားကို လံုးဝ လ်စ္လွဴ ရွဴၿပီး တိုင္းကို မ လာၿပီး ခိုးေတာ့မွာ၊ အခ်ိန္ခဏ တာပဲ ေစာင့္ပါ ကေလးရယ္။
______
ကေလးဆီသြားမယ္၊ မ အေနနဲ႔ အတတ္နိုင္ဆံုး မင္းရဲ႕ ေရွ႕မွာ လွေနဖို႔လိုတယ္မဟုတ္လား။ အထူးသျဖင့္ မင္းရဲ႕ အဘြားႀကီးလို႔ ေခၚမယ့္ အသံေလးေတြကို မၾကားခ်င္မိလို႔။
တိုင္းေရ ..မနဲ႔အတူ ေနၾကရရင္ ကေလးရဲ႕ မနက္ခင္း အိပ္ရာဝင္တာ အစ ၊ ည အိပ္ရာ ဝင္တာ အဆံုး အၿပံဳးေတြနဲ႔ပဲ ကေလး ရဲ႕ တစ္ေန႔တာ ကို ျဖတ္သန္းေစရမယ္။ မက အလုပ္သြားမယ္၊ ကေလးေလး ပင္ပန္းမွာ စိုးလို႔ အိမ္မွာ ေနကာ မအတြက္ ခ်ဳက္ျပဳတ္ေပးရမယ္။
ညအိပ္ရာဝင္တာနဲ႔ ကေလးကို မ ရင္ခြင္ထဲမွာ သိပ္ၿပီး အနမ္းေတြေပးမယ္။ တို႔ေတြ ခရီးေတြ အတူတူ ထြက္ၾကမယ္၊
ကေလး ဝမ္းနည္းေနရင္ မကို တဇြတ္ထိုး ဆန္တဲ့ အလုပ္ေတြ၊ ျပသာနာေတြ ရွာမယ္၊ ျပသာနာဆိုတာႀကီးကို ကေလး ရွာခ်င္သေလာက္ ရွာစမ္းဘာ ..မက အေနာက္က ေျဖရွင္းေပးမယ္၊
ကေလးက တခါတေလေလး ဘားသြားခ်င္ရင္ မ ပါလိုက္ခဲ့မယ္။ တျခားေကာင္မေလးေတြနဲလ အီစီကလီ လုပ္ရင္ ဗိုက္ေၾကာေလးကို လိမ္ဆြဲမယ္၊ အခုထိ ကေလးဆန္တဲ့ မကို ရင့္က်က္ေအာင္ ကေလးေလးျဖစ္တဲ့ တိုင္းေလးက သင္ေပးရယ္။
"ဟဲလို ..."
"သမီး သုလားဟင္...."
"ဟုတ္ ..အန္တီေမလား...သု႔ကို ဘာကိစၥရွိလို႔မ်ား.."
"သမီး....သမီးေလး...တိုင္းေလးကို ကယ္ပါအံုး.."
တုန္လႈပ္ေျခာက္ျခားေနေသာ အသံေတြက ေအးစက္စက္နဲ႔ ပ်ာယာခတ္လို႔။ ဘုရားေရ ...ေက်းဇူးျပဳၿပီး ကြၽန္မဘဝထဲက ခ်စိရသူကို ေခၚသြားေတာ့မွာလား။ေမ်ွာ္လင့္ခ်က္ေရာင္ျခည္သန္းေနတဲ့ အေတြးအမ်ွင္ တခ်ိဳ႕က ဆုတ္ပ်က္လို႔၊ ဘယ္ဘဝ က ဝဋ္ေႂကြးေတြ ေၾကာင့္မ်ားလဲ ..ကေလးရယ္။ ဘာမွ မျဖစ္ပါေစ နဲ႔လို႔ ဆုေတာင္းရံုက လြဲၿပီး မ ဘာမွ မတတ္နိုင္ခဲ့။တကယ္ပဲ မနဲ႔ ေဝးတဲ့ ကာလမွာ တိုင္း အသကိမရွင္နိုင္ဘူးပဲ၊ တိုင္း မကို ရက္စက္သြားခဲ့ၿပီ။ ေအးစက္ေနေသာ လက္ေတြက တုန္ရီစြာ ကားစီယာတိုင္ကို ကိုင္ထားေပမယ့္ ခံစားခ်က္ေတြက ေပ်ာက္ပ်က္လို႔၊ မ ခဏေန ေရာက္ေတာ့မွာပဲ အားတင္းထားပါအံုး ကေလးရယ္။
____________________
unicode__
ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(19)
************************************
'ဆင်းစမ်း ကားပေါ်က..."
တိုင်းလည်း ဆောင့်အောင့်ကာ ကားပေါ်က အမြန်ဆင်းလိုက်ပြီး မိမိရဲ့ အခန်းရှိရာ သွားမယ် ပြင်လိုက်တော့ ..
"ထိုင်အုံး..ဘယ်မှ မသွားနဲ့ ..ဘာအချိုးခ်ျိုးတာလဲ နင်က.."
တိုင်းကို အတော်စိတ်ဆ်ိုးနေသည့်ပုံပါပဲ။ မေမေက တခါမှ မသုံးခဲ့ဖူးသော အသုံးနှုန်းတွေပါ သုံးနှုန်းနေပြီ။
"မြင်တဲ့ အတိုင်းပဲလေ.."
တိုင်း မက်တပ်ရပ်ကာပဲ ဖြေလိုက်တော့ မေမေက ဒေါသထွက်လာသည့်ပုံ။တိုင်းကို ခပ်စူးစူးကြည့်ကာ မေမေက ပြောပြန်သည်။
"မှန်တယ်ထင်လို့လား..နင်လုပ်နေတာတွေက..."
"မှန်မှန်မှားမှား သမီးဂရုမစိုက်ဘူးမေမေ..."
"တိုင်း..!နင်.."
မေမေက ထရပ်လိုက်ကာ တိုင်းကို ထုံးစံ အတ်ိုင်း ရိုက်ရန် ပြင်ပြန်သည်။
"မလုပ်ပါနဲ့ အန်တီ ..တာတာကို မရိုက်ပါနဲ့..."
အချိန်ကိုက်ရောက်ရှိလာသော ကိုဇွဲက မေမေ့ရဲ့ လက်တွေကို ဖမ်းဆုပ်ကာ တိုင်းကို အပေါ်ထပ်သွားရန်ပြောသည်။ တိုင်း မသွားပါပဲ မေမေ့ကို သေချာကြည့်ကာ မျက်ရည်များ ကျလာခဲ့သည်။
"ဂရုစိုက်ခဲ့ဖူးလား...ဘာဖြစ်ဖြစ်..ဘယ်တုန်းက သမီးကို ဂရုစိုက်ခဲ့ဖူးလဲ...အချစ်က အချစ်ပါပဲ မေမေ..ဘာလို့ အချစ်ကို မမြင်နိုင်ရတာလဲ...! အိမ်ထောင်တစ်ခု ဆိုတော့လည်း တည်မြဲမယ်လို့ မေမေ အာမခံနိုင်လို့လား..မေမေတောင် ကွဲသေးတာပဲ သမီးကို လာမချုပ်ချယ်ပါနဲ့.. ကိုယ့်ကိုကိုယ် သတ်သေမိတော့မယ်...မေမေ့ကို မုန်းတယ်.."
တိုင်း စိတ်ရှိလက်ရှိအော်ကာ အိမ်အပေါ်ထပ်ရှိ မိမိရဲ့ အခန်းထဲသို့ ပြေးဝင်လာမိသည်။ မွန်းကြပ်လွန်းလှသည်၊ တိုင်း မနည်းရယူထားတဲ့ မကို ဆုံးရှုံးသွားပြီ၊ မက တိုင်းဆီက ထွက်အြေးသွားပြီ ၊ ...သွားပြီ...တိုင်းမှာ ဘာမှ မရှိတော့ဘူး။
မိုးတွေရွာနေပြီ မရယ်၊ တိုင်းလေ မက်ို သိပ်လွမ်းတာပဲ။
မေမေကပြောတယ်၊ မကို မေ့ပစ်တဲ့၊ ဘယ်လိုအင်အားမျိုးနဲ့ တိုင်းမေ့နိုင်မှာလဲ။ တိုင်းဘက်က မကို အရင်ချစ်ခဲ့ရတာ။
ကုတင်တဖက်စွန်းက အရောင်လတ်နေသော ဓားလေးက တိုင်းကို ကျီစယ်နေပြီ၊ မင်း မလုပ်ရဲဘူးလားတဲ့။လုပ်ရဲတာပေါ့
မနဲ့ ဝေးမယ့် အစား ဆယ်ခါပြန်တောင် တိုင်း သေရဲတယ်၊
အားလုံးရဲ့ ဘဝ ထဲက ထွက်သွားနိုင်တယ်၊ မဆိုသော လူသားတစ်ဦးက လွဲလို့ပေါ့။ တခါတလေ အချစ်က ခါးတယ်
ချိုမြိန်မှုတွေပဲ တိုင်း မျှော်လင့်ထားခဲ့ပေမယ့် အဆုံးသတ်ကခါးသက်ခြင်းတွေ၊ မရဲ့ ဘဝ ထဲက တိုင်းထွက်သွားရင် မ မငိုပါနဲ့။ မရဲ့ မေမေ သဘောတူတဲ့ သဘာဝ ကျတဲ့ အိမ်ထောင်ကိုပဲ မ တည်ဆောက်ပါ။ စွန့်လွှတ်လိုက်ပါပြီ၊
"တိုင်း စိတ်ထိခိုက်တယ်မရယ်..တိုင်း မနေချင်တော့ဘူး..."
လက်ပေါ်က သွေးကြောတွေက စိမ်းညှိလို့၊ ဓားသွားလေးက ချွန်ထက်လို့၊ အသူံးတဲ့လိုက်တာ ၊ ဘယ်အချိန်က တိုင်းရဲ့ အခန်းထဲ ရောက်နေတာလဲ။
"အား..!"
နာကျင်လိုက်တာ ၊ သိူ့သော် မ ရဲ့ စကားတွေလောက်မနာကျင်ဘူး၊ မ ရဲ့ ဘဝ ထဲက ထွက်သွားချိန်တုန်းကလောက် မနာကျင်ဘူး၊ ရဲနေတဲ့ သွေးတွေက ကြမ်းပြင်ပေါ်မှာ စွန်းပေနေပြီ။
မရေ..တိုင်းရဲ့ မျက်လုံးတွေ မှုန်ဝါးလာပြီ၊ အသက်ရှုတွေ ကြပ်လာပြီ၊ ပြီးတော့ ရင်ဘက်ထဲမှာ ဆို့နစ်နေတယ်၊ နာကျင်လိုက်တာ...ဒါပေမယ့် တိုင်း ပျော်တယ်။
သွေးများပေနေသော လက်တစ်စုံက ကြမ်းပြင်ပေါ် ဖြည်းညင်းစွာ ပြုတ်ကျသည်။ အရောင်လတ်နေသော ဓားလေးမှာလည်း သွေးအိုင်ထဲတွင် နစ်မွန်းနေရှာပြီ။ အရမ်းအကျည်းတန်သော ထိုမြင်ကွင်းက ရင်ကွဲစရာ အတိ။
_________________________
"စိတ်လျော့ပါ အန်တီမေ...."
ဒေါ်မေသီ ဆိုဖာပေါ်သို့ ခပ်ဖြေးဖြေးထိုင်လိုက်ကာ မျက်ဝန်းအိမ်မှာလည်း သူမ မျက်ရည်တွေ ဝေ့နေခဲ့သည်။ အော် ဘယ်တုန်းက မှ မထင်ခဲ့တာကြီးက ဖြစ်လာလေပြီ၊ တချိန်က ဒေါမေသီရဲ့ အဖြစ်တွေနဲ့ ဆင်တူလှစွာပေါ့။ 'တို့ မွေးလာတဲ့ ကလေးတွေကို ပေးစားကြမယ်.'ဆိုသော သီတာရဲ့ စကားသံ သဲ့သဲ့နှင့် တချိန်က ဒေါ်မေသီရဲ့ အချစ်ဇာတ်လမ်းများ။ အို .တို့ မွေးလာတဲ့ကလေးတွေက မိန်းကလေးနှစ်ယောက် ဖြစ်သော်ငြားလည်း ကံတရားက တိုက်ဆိုင်လှပါ၏
အခုတော့ နောင်တရယုံက လွဲ၍ မတတ်နိုင်ပါ၊ ဇွတ်တရွတ် တိုင်းလေးရဲ့ အဖေ့ကို လက်ထက်ခဲ့သူက ဒေါ်မေသီ။ ကျန်ရစ်နေသူက ဒေါ်သီတာ မလား။ တချိန်က ကိစ္စတွေကို ပြန်မတွေးချင်ပေမယ့် အနောက်နေ အရိပ်တွေလို လိုက်နေဆဲ။
"အန်တီ ဘာဆက်လုပ်ရမယ် မသိတော့ပါဘူး ဇွဲလေးရယ်.."
"တကယ်တော့ အန်တီမေ ..တိုင်းမှာ စိတ်ကျရောဂါ ခံစားနေရတာပါ.."
"ဟင်...မင်းဘာပြောလိုက်တယ် ...."
"ဟုတ်ပါတယ် အန်တီမေ...တိုင်းက ကျွန်တော်ဆီ သူ့စိတ်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးတာ 1နှစ်လောက်ရှိပါပြီ အန်တီ စိတ်ဆင်းရဲမှာ စိုးလို့ သူမပြောခိုင်းတာပါ...သူရဲ့ ပျော်ရွှင်မှုက မသုနှိုင်းသျှင်လို့ပြောပါတယ်. အစက မသုက တိုင်းကို အကြိမ်ကြိမ်ငြင်းခဲ့ပါတယ်...ကျွန်တော် တိုင်းကို အရမ်းသနာတာကြောင့် အဖေ့ကို ပြောပြီး လက်ထက်ပွဲ အတွက်စီစဉ်ခဲ့ပေမယ့်. မသုက တိုင်းကို ရွေးချယ်လိုက်တယ် အန်တီမေ...မသု့ကို ကျွန်တော် ကျေးဇူးတင်မိသလို
အန်တီလည်း ကျေးဇူးတင်သင့်ပါတယ် သူမကြောင့်သာ မဟုတ်ရင် အန်တီရဲ့ သမီးမှာ မကောင်းတာတွေ ဖြစ်နိုင်ပါတယ် အထူးသဖြင့် suicideကိစ္စတွေလိုပေါ့.. သူ့ရဲ့ စိတ်ထဲမှာ အန်တီတို့ လင်မယား အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သူ့ကိုယ်သူ အပြစ်တင်နေတာတွေ ရှိလို့ပါ..."
"သမီးရယ် ...မေမေ မှားပါပြီကွယ်.."
"ကဲပါဗျာ...တိုင်းလေးကို ပျော်အောင်ထားပေးလိုက်ပါ အန်တီရယ်
သူအရမ်းချစ်တဲ့ မမနဲ့ အတူ ဘဝ ကို ဖြတ်သန်းခွင့်ပြုလိူက်ပါနော်.."
"အန်တီ သဘောတူပါပြီကွယ်...သဘောတူပါတယ်.."
"ဒါဆို ကျွန်တော်ရဲ့ ညီမလေးကို သွားချော့တော့မယ်နော် အန်တီ.."
ဒေါ်မေသီ ကြည်နူးမှုများဖြင့် ခေါင်းညိမ့်ကာ အပေါ်ထပ်ကို အတူ တက်ခဲ့ပေမယ့် အရာအားလုံးက နောက်ကျသွားခဲ့ပြီလား။ ဇွဲရန်နှိုင်ရဲ့ လက်ထဲမှာ သွေးအလူးလူးနဲ့ သတိကင်းမဲ့နေသော သူမ ရဲ့ သမီးလေး။
"တိုင်း....သမီး...."
____________________________
"အခြေအနေတွေကို ကျပ်တည်းအောင် မလုပ်စမ်းပါနဲ့ သု
မေမေက ဘာမှ ဝင်မပြောချင်ဘူး သမီးတို့ရဲ့ အချစ်ရေးမှာ ဒါပေမယ့် မေသီကို မေမေ မလွန်ဆန်နိုင်ခဲ့ဘူး သမီး...
တကယ်တော့ သမီးအရွယ်တုန်းကလည်း မေမေ အမကြီးတစ်ယောက်ကို ကြိုက်ခဲ့ဖူးတယ်...ဒါပေမယ့် သမီးရယ် ဘယ်လောက် မေမေ ကြိုက်ခဲ့ပါစေ နောက်ဆုံးတော့ သမီးဖေဖေနဲ့ပဲ ညားတာပဲလေ..သဘာဝ ကျတဲ့အရာကို မေမေ လက်ခံခဲ့ရတာပေါ့.."
"သု..တိုင်းလေးကို တကယ်ချစ်တာ မေမေ...."
"သမီးရယ်..မေမေလည်း တိုင်းလေးကို ချစ်တာပေါ့
အငယ်လေးထဲက မေမေ့ရဲ့ လက်ထဲမှာပါ ကြီးပြင်းခဲ့ရတဲ့ ကလေးမို့ မေမေ ဘာမှ သဘောမတူစရာ အကြောင်းမရှိဘူး.."
"တကယ်နော်...မေမေ မကန့်ကွက်ရင် ပြီးတာပဲ..တခြား သူတွေကို သမီးဂရုမစိုက်ဘူး .."
မေမေက သုရဲ့ ခေါင်းလေးကို ခပ်ဖွဖွလေး ပွတ်သက်ကာ မေမေပြုံးသည်။ ထိုအပြုံးကာ မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ အများကြီးပါသော အပြုံးပေါ့၊ မေမေရဲ့ အဓိက က သမီးပါပဲတဲ့၊ သမီးပျော်ဖို့ အရေးကြီးတယ်ဆိုသော သုရဲ့ မေမေ။
"ကျေးဇူးပါ မေမေ.."
သု မေမေ့ရဲ့ ရင်ခွင်ထဲ တိုးဝင်ကာ မေမေ့ရဲ့ ခါးလေးကို ဖက်ထားလိုက်သည်။ ပြီးတော့ ကလေးမလေးဆီ သွားတွေ့မည်။ အန်တီ မေသီ ပြောခဲ့သော.'ငါ့သမီးနဲ့ မပတ်သတ်နဲ့ "ဟူ သော စကားကို လုံးဝ လျစ်လှူ ရှူပြီး တိုင်းကို မ လာပြီး ခိုးတော့မှာ၊ အချိန်ခဏ တာပဲ စောင့်ပါ ကလေးရယ်။
______
ကလေးဆီသွားမယ်၊ မ အနေနဲ့ အတတ်နိုင်ဆုံး မင်းရဲ့ ရှေ့မှာ လှနေဖို့လိုတယ်မဟုတ်လား။ အထူးသဖြင့် မင်းရဲ့ အဘွားကြီးလို့ ခေါ်မယ့် အသံလေးတွေကို မကြားချင်မိလို့။
တိုင်းရေ ..မနဲ့အတူ နေကြရရင် ကလေးရဲ့ မနက်ခင်း အိပ်ရာဝင်တာ အစ ၊ ည အိပ်ရာ ဝင်တာ အဆုံး အပြုံးတွေနဲ့ပဲ ကလေး ရဲ့ တစ်နေ့တာ ကို ဖြတ်သန်းစေရမယ်။ မက အလုပ်သွားမယ်၊ ကလေးလေး ပင်ပန်းမှာ စိုးလို့ အိမ်မှာ နေကာ မအတွက် ချုက်ပြုတ်ပေးရမယ်။
ညအိပ်ရာဝင်တာနဲ့ ကလေးကို မ ရင်ခွင်ထဲမှာ သိပ်ပြီး အနမ်းတွေပေးမယ်။ တို့တွေ ခရီးတွေ အတူတူ ထွက်ကြမယ်၊
ကလေး ဝမ်းနည်းနေရင် မကို တဇွတ်ထိုး ဆန်တဲ့ အလုပ်တွေ၊ ပြသာနာတွေ ရှာမယ်၊ ပြသာနာဆိုတာကြီးကို ကလေး ရှာချင်သလောက် ရှာစမ်းဘာ ..မက အနောက်က ဖြေရှင်းပေးမယ်၊
ကလေးက တခါတလေလေး ဘားသွားချင်ရင် မ ပါလိုက်ခဲ့မယ်။ တခြားကောင်မလေးတွေနဲလ အီစီကလီ လုပ်ရင် ဗိုက်ကြောလေးကို လိမ်ဆွဲမယ်၊ အခုထိ ကလေးဆန်တဲ့ မကို ရင့်ကျက်အောင် ကလေးလေးဖြစ်တဲ့ တိုင်းလေးက သင်ပေးရယ်။
"ဟဲလို ..."
"သမီး သုလားဟင်...."
"ဟုတ် ..အန်တီမေလား...သု့ကို ဘာကိစ္စရှိလို့များ.."
"သမီး....သမီးလေး...တိုင်းလေးကို ကယ်ပါအုံး.."
တုန်လှုပ်ခြောက်ခြားနေသော အသံတွေက အေးစက်စက်နဲ့ ပျာယာခတ်လို့။ ဘုရားရေ ...ကျေးဇူးပြုပြီး ကျွန်မဘဝထဲက ချစိရသူကို ခေါ်သွားတော့မှာလား။မျှော်လင့်ချက်ရောင်ခြည်သန်းနေတဲ့ အတွေးအမျှင် တချို့က ဆုတ်ပျက်လို့၊ ဘယ်ဘဝ က ဝဋ်ကြွေးတွေ ကြောင့်များလဲ ..ကလေးရယ်။ ဘာမှ မဖြစ်ပါစေ နဲ့လို့ ဆုတောင်းရုံက လွဲပြီး မ ဘာမှ မတတ်နိုင်ခဲ့။တကယ်ပဲ မနဲ့ ဝေးတဲ့ ကာလမှာ တိုင်း အသကိမရှင်နိုင်ဘူးပဲ၊ တိုင်း မကို ရက်စက်သွားခဲ့ပြီ။ အေးစက်နေသော လက်တွေက တုန်ရီစွာ ကားစီယာတိုင်ကို ကိုင်ထားပေမယ့် ခံစားချက်တွေက ပျောက်ပျက်လို့၊ မ ခဏနေ ရောက်တော့မှာပဲ အားတင်းထားပါအုံး ကလေးရယ်။
____________________