"ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အ...

By ayechanmimi

113K 8.3K 764

Myanmar lesbian fiction💜🙆 More

အပိုင္း(1)
အပိုင္း(2)
အပိုင္း(3)
အပိုင္း(4)
အပိုင္း(5)
အပိုင္း(6)
အပိုင္း(7)
အပိုင္း(8)
အပိုင္း(9)
အပိုင္း(10)
အပိုင္း(11)
အပိုင္း(12)
အပိုင္း(13)
အပိုင္း(14)
အပိုင္း(15)
အပိုင္း(16)
အပိုင္း(17)
အပိုင္း(19)
အပိုင္း(20)
အပိုင္း(21)
အပိုင္း(22)final

အပိုင္း(18)

4.3K 369 61
By ayechanmimi

ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာအတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(18)

***********************************
"အတုမရွိေက်ာင္းဆိုတာ ဒါကိုး..."

"ဟုတ္တယ္ ..သုရဲ႕ ဒီေက်ာင္းႀကီးက နယ္ခ်ဲ့အစိုးရလက္ထက္က ဗုံးဒဏ္ေတြ ငလ်င္ဒဏ္ေတြေၾကာင့္ ပ်က္စီးသြားေသးတယ္ ဒါက ျပန္လည္တည္ေဆာက္ထားတာေပါ့ကြာ.."

ေဘးကေန သုရဲ႕ လက္ကို ကိုင္ကာ လိုက္ပါလာသူေလးက ေမာေနေလၿပီ။ ၿပီးေတာ့ သူမရဲ႕ အိတ္ေတြ၊ သူမရဲ႕ အေပၚထည္က အစ သုက ကိုင္ထားေပးရေသးတယ္၊ သူ ဗိုက္ဆာရင္ စားဖို႔ ဆိုၿပီး လမ္းက ေျပာင္းဖူးျပဳတ္ေတြ၊ ပ်ားလိေမၼာ္ေတြ ဝယ္လာျပန္ေတာ့လည္း အားလံုး သုလက္ထဲမွာပင္၊ သူ႔ရဲ႕ လက္ထဲမွာ ရွိတာဆိုလို႔ Mini cameraေလး တစ္လံုးနဲ႔ ေရသန္႔ဘူး တင္သာ။ နည္းနည္းေလး ကူသယ္ေပးဖို႔ရာေတာင္ စိတ္ကူးရွိေပၚမေပၚတဲ့ ေစာက္ကေလးေလးပင္။

"ေက်ာင္းႀကီးက က်ယ္လိုက္တာေနာ္ သံသာ ၿပီးေတာ့ ေအးလည္း ေအးတယ္ ခဏ ထိုင္ၾကရေအာငိ.."

သုနဲ႔ သံသာက ေက်ာင္းေဆာင္အတြင္းမွာ ေအးလို႔ ထိုင္ေနေပမယ့္ ထိုကေလးက ေတာင္သြား ေျမာက္သြားနဲ႔ ဓာတ္ပံုေတြ ရိုက္ေနေလျပန္သည္။ ၿပီးေတာ့ ေဘးနားက ဘုန္းႀကီးေက်ာင္းက လာတဲ့ ကိုရင္ေပါက္စေတြနဲ႔ စကားေတြ ေျပာေနတာလည္း သု လွမ္းျမင္ေနရေသးသည္။ အမယ္ သူက ကိုရင္ေလးေတြကို မုန္႔ဖိုးေတြ ေပးေနတာမ်ား မသိရင္ သူေတာ္ေကာင္းႀကီးလိုလိုပင္။ ၿပီးေတာ့ မွ ၿပံဳးစိစိနဲ႔ သုတို႔ေဘး လာထိုင္ကာ သုေပါင္ေပၚ ေခါင္းအံုးၿပီး ေကြးေကြးေလး လွဲအိပ္ကာ ေနျပန္သည္။

"မ အေစာက ကိုရင္ေတြက ေ႐ႊေက်ာင္းကတဲ့ ..အလည္ေခၚေနတယ္ သြားၾကမလား.."

"အယ္ ရွင္ေလးက ေက်ာက္ေတာ္ႀကီး ဘုရားလည္း သြားခ်င္ေသးတာဆို..."

"ဟီး ဟုတ္တယ္ အဲ့ဆို မသြားေတာ့ဘူးေနာ္.."

သံသာကေတာ့ သုတို႔နွစ္ေယာက္ကို ၾကည့္ကာ သူမ သက္ျပင္းခ်ေနျပန္တယ္။

"မ ေရာ႕ ဒါစားၾကည့္ ေကာင္းတယ္ အထဲမွာလည္း ငံုးဥ နဲ႔.."

သုရဲ႕ လက္ကို အတင္းဆြဲေခၚကာ ေက်ာက္ေတာ္ႀကီးဘုရားပြဲရွိ မုန္႔ေစ်းတန္းေတြကို ေခၚလာျပန္တယ္။ ထိုကေလးက တကယ့္မနိုင္စိန္ေလးပါ၊ သူမ စားခ်င္တာျမင္ရင္ တည့္သည္မတည့္သည္လည္း မစဥ္းစား၊ ဇြတ္တ႐ြတ္လုပ္လိုက္ရမွ ေက်နပ္ျပန္တယ္။ သုလည္း မျငင္းပါပဲ သု မႀကိဳက္ေသာ အအီအစိမ့္ေတြ ပါစားေပးရသည္။

" မ ဒီမယ္ ေကာက္ညႇင္းက်ည္ေထာက္တဲ့ .."

"တိုင္း..ေတာ္သင့္ၿပီေလ ကေလးကလည္း...ရင္ခံမယ္ မစားရဘူး.."

"မရဘူးကြာ စားမယ္ ..မစားရရင္ ဒီနားက မျပန္ေတာ့ဘူး."

အဲ့မွာ အရမ္းေကာက္ေနလို႔ သုမွာ မနည္းေခ်ာ့ခဲ့ရေသးသည္။
ေနရာတကာ လိုက္ေျပာျပန္ေတာ့ အဘြားႀကီး ရွည္တယ္တဲ့ေလ။ဘုရားရွိခိုးေနျပန္ေတာ့လည္း ေဘးကေန စေနလိုက္ေသးတယ္။ သု မ်က္နွာကို ၾကည့္ေနလိုက္တာမ်ား ထိုကေလးက မျမင္ဖူးသည့္ အတိုင္း။

"သုေရ မႏၲေလးေတာင္ အခုတခါတည္း တတ္ၾကမလား.."

ေက်ာက္ေတာ္ႀကီးဘုရားကေန မႏၲေလးေတာင္မွာ အနီးေလးျဖစ္ေသာ္လည္း သု ပင္ပန္းလွၿပီ။ လူမပင္ပန္းေပမယ့္ သု ရဲ႕ စိတ္ေတြ အေတာ္ပင္ပန္းသည္၊ သု ဘယ္လိုပဲ စိတ္ပင္ပန္းပါေစ သူမကိုေတာ့ ေပ်ာ္ေစခ်င္သည္၊ သု ခ်စ္တဲ့ သူတစ္ေယာက္ကို ဒီထက္ပိုၿပီး မနာက်င္ေစေတာ့ဘူး။ သု အသက္ရွင္စဥ္ကာလမွာ သူမကို ေပ်ာ္ေအာင္ထားခ်င္သည္။ သုေၾကာင့္ ဘာစိတ္ဒဏ္ရာမွ မရပါပဲ၊ သုေၾကာင့္ မငိုရပါပဲ၊ မေလ တိုင္းကို ခ်စ္လိုက္တာ။ သုနဲ႔ မတိမ္းမယိုင္းျဖစ္ေနေသာေၾကာင့္ သူမက ၾကည့္ေကာင္းသည္၊ အထူးသျဖင့္ သူမရဲ႕ မ်က္ဝန္းနင္နက္ေတြက အရမ္းစြဲေဆာင္မႈရွိသည္။

သံသာက ေဘးကေနလာေျပာေတာ့ သု လည္း တိုင္းကို ၾကည့္ကာ 'သြားခ်င္ေသးလား'ဟု ေျပာေတာ့ ကေလးက ပင္ပန္းေနပါၿပီ၊ သူ နားခ်င္ပါၿပီ ေျပာလို႔ သံသာအိမ္မွာ ျပန္ခဲ့ၾကသည္။ သြားကတည္းက သံသာရဲ႕ ကားနဲ႔ သြားသည္မို႔ သုကေတာ့ သိပ္မပင္ပန္းပါ။ သို႔ေပမယ့္ စိတ္ပင္ပန္းစြာပဲ သု အေစာအိပ္ရန္ျပင္လိုက္သည္။

"မေရ ...ေရမခ်ိဳးရဲဘူး ေစာင့္ေပးပါအံုး.."

တပတ္ေလး ပါးခံုးေပၚတင္ကာ သုေဘးနားလာကာ ဂ်ီက်ျပန္သည္။သူေလးက သံသာရဲ႕ အိမ္မွာ အိပ္တာကို ေၾကာက္တယ္တဲ့ေလ။ ဘယ္လိုကေလးလည္း မသိေတာ့ပါဘူး၊ သူ႔ဘဝ မွာ သုမွ မရွိရင္ ျဖစ္ပါေတာ့မလားဟင္။ သုလည္း အသာအယာ အိပ္ယာေပၚက ထကာ ေရခ်ိဳးခန္း တံခါးဝ မွာ ငုတ္တုတ္ထိုင္ကာ ေစာင့္ေပးရျပန္တယ္။

တိုင္း ေရခိ်ဳးလ်ွင္ အနည္းဆံုး 1နာရီနီးပါးၾကာတတ္သည္။ ထို႔ေၾကာင့္ သု အခန္းထဲ အျမန္ဝင္ကာ တိုင္းရဲ႕ ေလာေလာလတ္လတ္မွ ဝယ္ထားေသာ ရွမ္းလြယ္အိတ္ေသးေသးေလးထဲက သုရဲ႕ ဖုန္းကို ထုတ္ကာ စက္ဖြင့္လိုက္သည္။

သု ဖုန္းကို ကိုင္ထားရင္ပင္ လက္ေတြ တုန္လာကာ အသားမ်ားလည္း ေအးစက္သြားေတာ့သည္။ေမေမေခၚထားေသာ အဝင္ေကာမ်ားနွင့္ အန္တီ ေမ ေခၚထားသည့္ Miss callေတြကလည္း မနည္းမေနာပင္။ သု ေၾကာက္႐ြံစြာ လက္သည္းေတြကို ကိုက္ထားမိသည္။ေရာက္ေနတာ 2ရက္ရွိေနျဖစ္ေသာ SMSေတြက လည္း အေစာင္ 200ေလာက္ရွိသည္။ သု စိတ္ရႈပ္စြာဘဲ ေမေမ့ဆီကို အရင္ဖုန္းေခၚလိုက္ေတာ့သည္။

ဖုန္းေလးက ဝင္တာ စကၠန္႔မ်ွသာ ရွိေသာ အခ်ိန္တြင္ တဖက္က ေမေမ့ရဲ႕ အသံခပ္စြာစြာကို သုၾကားလိုက္ရသည္။

"သု ...သမီးရူးေနတာလား ဘာေတြ ေလ်ွာက္လုပ္ေနတာလည္း..."

ေမေမရဲ႕ အသံေတြက ရွက္႐ြံစိတ္နဲ႔ ဂရုနာေဒါထ ျဖစ္ေနသည္လို႔ သု ထင္မိျပန္ေတာ့ ေၾကာက္စိတ္က နည္းနည္း ေျပာသေယာင္ေယာင္။သို႔ေပမယ့္ သု ဘာေၾကာင့္ရယ္မသိ မ်က္ဖည္မ်ားဝဲမိသည္၊ ကေလးကို ဆံုးရႈံူးရေတာ့မည္ေသာ အသိေၾကာင့္ ထင္ပါရဲ႕။

"သမီး ..သမီး ေတာင္းပန္ပါတယ္ ေမေမ..သမီးေလ တိုင္းကို တကယ္ခ်စ္တာပါ ...သမီးေလ.."

"ေတာ္ေတာ့ သု ငါဘာမွ မၾကားခ်င္ဘူး ..ေမေမ့ရဲ႕ သမီးမွ ဟုတ္ရဲ႕လား သုရယ္ ဘာလို႔ အဓိပၸါယ္မရွိတာေတြ ေလ်ွာက္လုပ္ရတာလဲ ..တိုင္းက သမီးညီမေလးပါ သုရယ္.."

"တိုင္းကို ညီမေလးထက္ ပိုတယ္ေမေမ..."

"သမီးစိတ္က ထင္လို႔ပါ သုရယ္ေနာ္...သမီးစိတ္က ထင္ေနလုိ႔ပါ...ေရရွည္မွာ သမီးတို႔ ၿမဲမွာ မဟုတ္ဘူး သု..ေမေမေျပာစကားနားေထာင္ပါသမီး...တိုင္းေလးကို ရန္ကုန္ ျပန္ေခၚခဲ့ပါ..ေမသီလည္း ေတာ္ေတာ္ စိတ္ပူရွာေနၿပီ သမီးရဲ႕ ေမေမတို႔ေတြကို မ်က္နွာပ်က္ေအာင္ မလုပ္ပါနဲ႔ကြယ္..."

သု ဘာဆက္ေျပာရေတာ့မည္နည္း၊ သု လက္မလႊတ္ေတာ့ဘူးလို႔ ဆံုးျဖတ္ထားတာ ၊ ရင္ေတြနာလိုက္တာ ေမေမရယ္။ သု ဖုန္းကို အျမန္ခ်လိုက္ကာ ရပ္နိုင္စြမ္းမရွိ သု ေခြလဲၿပီး ငိုမိေနျပန္တယ္။

"မ ဘာျဖစ္တာလဲဟင္။။မ..."

သုရဲ႕နေဘး ေျပးလာေသာ ေကာင္မေလးက အျပစ္ကင္းစင္လွသည္၊ မင္းဘာလို႔ အခ်စ္ကို အရမ္းကိုးကြယ္ရတာလဲ တိုင္းရယ္။ မေလ မင္းအခ်စ္ေတြမွာ ရုန္းမထြက္နိုင္ေလာက္ေအာင္ မာနေတြေပ်ာက္ကြယ္ေနၿပီ။သု မ်က္ရည္ေတြကို အၾကမ္းပတမ္း သုတ္လိုက္ကာ ဖုန္းကို တိုင္း မျမင္ေအာင္ အျမန္ဝွင္ထားလိုက္သည္။

"ဘာမွ မျဖစ္ပါဘူး တိုင္းရယ္...မေလ အေမ့ကို လြမ္းလို႔ပါ..လာပါအံုး ဒီကို....."

သု ရဲ႕ အနားလာေသာ အခါ သု သူမရဲ႕ ရင္ခြင္ထဲ ဝငိၿပီး သူမရဲ႕ ခါးေလးကို တင္းေနေအာင္ ဖက္ထားလိုက္သည္။ ေရခ်ိဳးၿပီးစမို႔ထင္ပါရဲ႕ ၊ သူမရဲ႕ ကိုယ္သင္းရနံေလးက ၾကည္ႏူးဖို႔ ေကာင္းလွသည္။

"မ ...မရဲ႕ ေမေမ့ကို အရမ္းလြမ္းေနတာလားဟင္
တိုင္း ေတာင္းပန္ပါတယ္ မရယ္.."

"မင္းက ဘာလို႔ ေတာင္းပန္ရတာလဲ..."

သူက ေခါင္းေလး ငံု႔ကာ သုကို ၾကည့္သည္။ ၿပီးေတာ့ ၿပံဳးသည္၊ ထိုအၿပံဳးေတြက မကို ရုန္းမထြက္နိုင္ေအာင္ ျပဳစားထားတဲ့ ေလွာက္အိမ္ေနမယ္ တိုင္းရယ္။

"မ ..အခုထိ တိုင္းကို ခ်စ္တယ္လို႔ မေျပာေသးဘူးေနာ္.."

"ေျပာဖို႔လိုေနေသးလို႔လားဟင္ ..တိုင္းကို မရဲ႕ဘဝ တစ္ခုလံုးေတာင္ ေပးထားၿပီးၿပီေလ..."

သု တိုင္းရဲ႕ လည္ပင္းက အက်ီ ၤစေလးကို ဆြဲကိုင္လိုက္ကာ
နီရဲေနေသာ နႈတ္ခမ္းပါးေလးကို ဖြဖြေလး ဖိကပ္နမ္းထားလိုက္သည္။ တိုင္းရဲ႕ တံု႔ျပန္အနမ္းေတြက ၾကာရွည္ၿပီး ပိုမို ျပင္းထန္လာသည္။ တိုင္းက သုရဲ႕ ကိုယ္ေလးကို အိပ္ယာေပၚ ေျဖးေျဖးခ်င္း ခ်ကာ သုကို အုပ္မိုးၿပီး ေက်ာ့ရွင္းေနေသာ လည္တိုင္မွာ သူ႔ရဲ႕ နႈတ္ခမ္းေတြက ေနရာယူျပန္သည္။

"မ သိလား...မရဲ အရသာက အရမ္းခ်ိဳတယ္ဆိုတာ
တိုင္းေလ ...မကို ..."

သူ႔ရဲ႕ စကားေတြ ေရွ႕မဆက္နိုင္ေအာင္ သု အနမ္းမ်ားေပးမိသည္။ တိုင္းရဲ႕ နႈတ္ခမ္းမ်ားက သုရဲ႕ လည္တိုင္က တဆင့္ ရင္ၫႊန္႔အထိ နယ္ကြၽံလာျပန္ေတာ့ သု ေဘးက အိပ္ယာခင္းေလးကို လက္ျဖင့္ ခပ္ဖြဖြ ဆြဲဆုပ္ထားမိေတာ့သည္။ေရွ႕ဆက္ ဘာျဖစ္မယ္ဆိုတာ ဘာမွ မေတြးခ်င္ေတာ့ဘူး၊ သုေလ ပစၥပၸ ုန္တည့္တည့္မွာ သာ ရွင္သန္ရွင္တယ္ အနာဂဏ္မွာ သုတို႔ေတြ ေဝးနိုင္ေလာက္တယ္ မဟုတ္လား။

______________

'မေရ ...ၾကည့္ပါအံုး တိုင္း လွလားဟင္.."

တခါမွ မဝတ္ဖူးေသာ စပန္႔ဂါဝန္ အဝါေရာင္ေလးမွာ ဒူးဖံုးရံုမ်ွသာ။ လူေလးက ေသးေသးေကြးေကြးဆိုေတာ့လည္း တိုင္းက ဘာဝတ္ဝတ္လွေနျပန္တယ္၊ ဒါ့အျပင္ ဦးထုပ္အဝိုင္းေလးကို လည္း ေခါင္းေပၚမွ ေဆာင္းထားေသးသည္။ မေန႔က မိုးခ်ဳပ္က အက်ီ ၤလိုက္ဝယ္ေပးပါဟု ဂ်ီက်လို႔ supermarket    မွာလိုက္ဝယ္ေပးရသည္။ ၿပီးေတာ့ သူမ ကိုယ္တိုင္ပဲ ဒီည ခ်က္ေကြၽးမည္ဟု ေျပာေသာေၾကာင့္ city martမွာ လိုက္ပို႔ခဲ့ရေသးသည္။ သုက ငယ္ငယ္ေလးထဲက ဘာမွ မခ်က္တတ္ေပမယ့္ တိုင္းက ကြၽမ္းကြၽမ္းက်င္က်င္ ခ်က္တတ္တာ ေတြ႕ရေတာ့ အံ့ၾသခ်ီးက်ဴးရျပန္သည္။ ဒီေန႔က မတို႔ရဲ႕ ေနာက္ဆံုးရက္ေလး ျဖစ္ခဲ့ရင္ေရာ တိုင္း ေပ်ာ္နိုင္ပါ့မလား။

"ရန္ကုန္ျပန္ၾကရေအာင္တိုင္း..."

တိုင္းရဲ႕ လက္ထဲက Cameraေလး ေအာက္သို႔ ျပဳတ္က်ကာ သု႔ကို ေဝခြဲမရသလိုၾကည့္ေနျပန္သည္။

"မေနာက္ပါနဲ႔ မရယ္..ဘာလို႔ ျပန္ရမွာလဲ .."

"အခုမျပန္လည္း ေနာက္က် ျပန္ရမွာပဲေလ.."

ေအးစက္ေနေလၿပီ၊ မရဲ႕ အၿပံဳးေတြက တိုင္း မေန႔ညက ေတြ႕ခဲ့တဲ့ မ မွ ဟုတ္ရဲ႕လား။ စကားေတြကလည္း ေအးစက္ကာ။

"မျပန္ဘူး ..တိုင္း လံုးဝ မျပန္ဘူး .."

"ခဏေန မင္းေမေမတို႔ လာလိမ့္မယ္...တိုင္း
အဆံုးထိ မ မကာကြယ္ေပးနိုင္ေတာ့ဘူး...မင္းရဲ႕ အုပ္ထိန္းသူ လာၿပီ.."

တိုင္းက စိတ္ပ်က္သြားသလို သု႔ကို ၾကည့္ေနေလၿပီ။ ထင္ထားတဲ့ အတိုင္းပါပဲ သူမ ငိုေလၿပီ။ မ်က္ရည္အရမ္းလြယ္တာပဲလား။

"မ ဖုန္းဆက္ၿပီး ေခၚလိုက္မလား ..မ လုပ္ရက္တယ္ေနာ္.."

တိတ္ဆိတ္သြားခဲ့သည္။ မက တိုင္းကို ဘာစကားမွ မေျပာေတာ့ပါ၊ တိုင္းရဲ႕ မ်က္နွာကိုေတာင္ လံုးဝ မၾကည့္ေတာ့ပဲ ေမေမ့တို႔ လာေခၚသည့္ ေနာက္ကို တိုင္းကို ထည့္ေပးလိုက္တယ္။ ၿပီးေတာ့ မက ေမေမနဲ႔ စကား အၾကာႀကီးေျပာတယ္၊ ဘာေတြ ေျပာလည္း တိုင္း လံုးဝ မသိခဲ့ပါ၊ တိုင္း သိတာက တိုင္းေၾကာင့္ ေပ်ာ့ေပ်ာင္းေနတဲ့ မရဲ႕ စိတ္ထားကို ေမေမ အေၾကာတင္းေအာင္ လုပ္လိုက္ၿပီ ဆိုတာပင္။ အျပန္ခရီးက မ မပါပဲ ဆို႔နစ္စြာ လမ္းေဘးဝဲယာ ေငးၿပီး တိုင္း ျပန္လာခဲ့ရတယ္၊ တိုင္းရဲ႕ နွလံုး ခုန္သံ၊ ေပ်ာ္႐ႊင္မႈ အားလံုး ရပ္တန္႔သြားခဲ့ပါၿပီ။

_______________

ေဘးနားက အိပ္ယာေလးကို စမ္းၾကည့္တယ္၊ မင္း မရွိေတာ့ မေနြးေထြးေတာ့ဘူး။ ဘာပဲ ျဖစ္ျဖစ္ တိုင္းအတြက္ ခဏတာ ေပ်ာ္႐ႊင္မႈကို ေပးနိုင္ခဲ့တာပဲ၊ ဘာနဲ႔မွ လဲလို႔ မရေတာ့တဲ့ အမွတ္တရေတြကို မလက္ေဆာင္ ေပးခဲ့တယ္၊ ျပန္ေတြးမိတဲ့ အခ်ိန္တိုင္း မင္း ၿပံဳးေပ်ာ္နိုင္ပါေစေတာ့၊ အရင္လို ကေလး မဆန္ပဲ ရင့္က်က္ပါေတာ့ တိုင္း။

"နင္မွန္တယ္...သု ...အားလံုးေကာင္းဖို႔ နင္ဆံုးျဖတ္ခဲ့တာပဲ
ငါေလ နင့္ရဲ႕ ဆံုးျဖတ္ခ်က္ကို ေလးစားတယ္သု.."

"အြန္း ...ငါက ေနာက္လဆိုရင္ 30ျပည့္ေတာ့မွာဟ.."

သု စိတ္ထဲမပါပဲ ရီမိလိုက္တယ္၊ ငယ္ငယ္ေလးထဲက သုတို႔ေတြရဲ႕ သံေယာဇဥ္က နက္ရႈိင္းပါတယ္။ သု ကိုဆို အၿမဲ စေနာက္ေနတဲ့ ကေလးဆန္တဲ့ အျပဳအမႈေလးေတြ ၊ သုက အနိုင္က်င့္တဲ့ အမွတ္တရေလးေတြ၊ အို သုနဲ႔ တိုင္းၾကားမွာ အမွတ္တရေတြ အမ်ားႀကီးေလ။ ၿပီးေတာ့ တစ္ေယာက္ကို တစ္ေယာက္ ပိုင္ဆိုင္ခဲ့ဖူးတယ္၊ တစ္ဘဝ လံုးစာ မဟုတ္ေပမယ့္လို႔ေပါ့။ သုေဘးက ေနြးေထြးတဲ့ လက္တစ္စံုကို ဘယ္ေတာ့မွ မလႊတ္ဖို႔ သု ႀကိဳးစားခဲ့ဖူးတယ္၊ ဒါေပမယ့္ ေနာက္ဆံုးက် လက္လႊတ္လိုက္ရတာပါပဲ။

#tbc
ငါ့သုကို ဘာမွ ေျပာစရာမလိုဘူးေနာ္
တိုင္း .အေမႀကီးကို ေျပာ🙂..

____________________

unicode__

ကောင်းကင်ပြာ၏ တောက်ပခဲ့သောအတိတ်ရဲ့နေ့ရက်များ
အပိုင်း(18)

***********************************
"အတုမရှိကျောင်းဆိုတာ ဒါကိုး..."

"ဟုတ်တယ် ..သုရဲ့ ဒီကျောင်းကြီးက နယ်ချဲ့အစိုးရလက်ထက်က ဗုံးဒဏ်တွေ ငလျင်ဒဏ်တွေကြောင့် ပျက်စီးသွားသေးတယ် ဒါက ပြန်လည်တည်ဆောက်ထားတာပေါ့ကွာ.."

ဘေးကနေ သုရဲ့ လက်ကို ကိုင်ကာ လိုက်ပါလာသူလေးက မောနေလေပြီ။ ပြီးတော့ သူမရဲ့ အိတ်တွေ၊ သူမရဲ့ အပေါ်ထည်က အစ သုက ကိုင်ထားပေးရသေးတယ်၊ သူ ဗိုက်ဆာရင် စားဖို့ ဆိုပြီး လမ်းက ပြောင်းဖူးပြုတ်တွေ၊ ပျားလိမ္မော်တွေ ဝယ်လာပြန်တော့လည်း အားလုံး သုလက်ထဲမှာပင်၊ သူ့ရဲ့ လက်ထဲမှာ ရှိတာဆိုလို့ Mini cameraလေး တစ်လုံးနဲ့ ရေသန့်ဘူး တင်သာ။ နည်းနည်းလေး ကူသယ်ပေးဖို့ရာတောင် စိတ်ကူးရှိပေါ်မပေါ်တဲ့ စောက်ကလေးလေးပင်။

"ကျောင်းကြီးက ကျယ်လိုက်တာနော် သံသာ ပြီးတော့ အေးလည်း အေးတယ် ခဏ ထိုင်ကြရအောငိ.."

သုနဲ့ သံသာက ကျောင်းဆောင်အတွင်းမှာ အေးလို့ ထိုင်နေပေမယ့် ထိုကလေးက တောင်သွား မြောက်သွားနဲ့ ဓာတ်ပုံတွေ ရိုက်နေလေပြန်သည်။ ပြီးတော့ ဘေးနားက ဘုန်းကြီးကျောင်းက လာတဲ့ ကိုရင်ပေါက်စတွေနဲ့ စကားတွေ ပြောနေတာလည်း သု လှမ်းမြင်နေရသေးသည်။ အမယ် သူက ကိုရင်လေးတွေကို မုန့်ဖိုးတွေ ပေးနေတာများ မသိရင် သူတော်ကောင်းကြီးလိုလိုပင်။ ပြီးတော့ မှ ပြုံးစိစိနဲ့ သုတို့ဘေး လာထိုင်ကာ သုပေါင်ပေါ် ခေါင်းအုံးပြီး ကွေးကွေးလေး လှဲအိပ်ကာ နေပြန်သည်။

"မ အစောက ကိုရင်တွေက ရွှေကျောင်းကတဲ့ ..အလည်ခေါ်နေတယ် သွားကြမလား.."

"အယ် ရှင်လေးက ကျောက်တော်ကြီး ဘုရားလည်း သွားချင်သေးတာဆို..."

"ဟီး ဟုတ်တယ် အဲ့ဆို မသွားတော့ဘူးနော်.."

သံသာကတော့ သုတို့နှစ်ယောက်ကို ကြည့်ကာ သူမ သက်ပြင်းချနေပြန်တယ်။

"မ ရော့ ဒါစားကြည့် ကောင်းတယ် အထဲမှာလည်း ငုံးဥ နဲ့.."

သုရဲ့ လက်ကို အတင်းဆွဲခေါ်ကာ ကျောက်တော်ကြီးဘုရားပွဲရှိ မုန့်ဈေးတန်းတွေကို ခေါ်လာပြန်တယ်။ ထိုကလေးက တကယ့်မနိုင်စိန်လေးပါ၊ သူမ စားချင်တာမြင်ရင် တည့်သည်မတည့်သည်လည်း မစဉ်းစား၊ ဇွတ်တရွတ်လုပ်လိုက်ရမှ ကျေနပ်ပြန်တယ်။ သုလည်း မငြင်းပါပဲ သု မကြိုက်သော အအီအစိမ့်တွေ ပါစားပေးရသည်။

" မ ဒီမယ် ကောက်ညှင်းကျည်ထောက်တဲ့ .."

"တိုင်း..တော်သင့်ပြီလေ ကလေးကလည်း...ရင်ခံမယ် မစားရဘူး.."

"မရဘူးကွာ စားမယ် ..မစားရရင် ဒီနားက မပြန်တော့ဘူး."

အဲ့မှာ အရမ်းကောက်နေလို့ သုမှာ မနည်းချော့ခဲ့ရသေးသည်။
နေရာတကာ လိုက်ပြောပြန်တော့ အဘွားကြီး ရှည်တယ်တဲ့လေ။ဘုရားရှိခိုးနေပြန်တော့လည်း ဘေးကနေ စနေလိုက်သေးတယ်။ သု မျက်နှာကို ကြည့်နေလိုက်တာများ ထိုကလေးက မမြင်ဖူးသည့် အတိုင်း။

"သုရေ မန္တလေးတောင် အခုတခါတည်း တတ်ကြမလား.."

ကျောက်တော်ကြီးဘုရားကနေ မန္တလေးတောင်မှာ အနီးလေးဖြစ်သော်လည်း သု ပင်ပန်းလှပြီ။ လူမပင်ပန်းပေမယ့် သု ရဲ့ စိတ်တွေ အတော်ပင်ပန်းသည်၊ သု ဘယ်လိုပဲ စိတ်ပင်ပန်းပါစေ သူမကိုတော့ ပျော်စေချင်သည်၊ သု ချစ်တဲ့ သူတစ်ယောက်ကို ဒီထက်ပိုပြီး မနာကျင်စေတော့ဘူး။ သု အသက်ရှင်စဉ်ကာလမှာ သူမကို ပျော်အောင်ထားချင်သည်။ သုကြောင့် ဘာစိတ်ဒဏ်ရာမှ မရပါပဲ၊ သုကြောင့် မငိုရပါပဲ၊ မလေ တိုင်းကို ချစ်လိုက်တာ။ သုနဲ့ မတိမ်းမယိုင်းဖြစ်နေသောကြောင့် သူမက ကြည့်ကောင်းသည်၊ အထူးသဖြင့် သူမရဲ့ မျက်ဝန်းနင်နက်တွေက အရမ်းစွဲဆောင်မှုရှိသည်။

သံသာက ဘေးကနေလာပြောတော့ သု လည်း တိုင်းကို ကြည့်ကာ 'သွားချင်သေးလား'ဟု ပြောတော့ ကလေးက ပင်ပန်းနေပါပြီ၊ သူ နားချင်ပါပြီ ပြောလို့ သံသာအိမ်မှာ ပြန်ခဲ့ကြသည်။ သွားကတည်းက သံသာရဲ့ ကားနဲ့ သွားသည်မို့ သုကတော့ သိပ်မပင်ပန်းပါ။ သို့ပေမယ့် စိတ်ပင်ပန်းစွာပဲ သု အစောအိပ်ရန်ပြင်လိုက်သည်။

"မရေ ...ရေမချိုးရဲဘူး စောင့်ပေးပါအုံး.."

တပတ်လေး ပါးခုံးပေါ်တင်ကာ သုဘေးနားလာကာ ဂျီကျပြန်သည်။သူလေးက သံသာရဲ့ အိမ်မှာ အိပ်တာကို ကြောက်တယ်တဲ့လေ။ ဘယ်လိုကလေးလည်း မသိတော့ပါဘူး၊ သူ့ဘဝ မှာ သုမှ မရှိရင် ဖြစ်ပါတော့မလားဟင်။ သုလည်း အသာအယာ အိပ်ယာပေါ်က ထကာ ရေချိုးခန်း တံခါးဝ မှာ ငုတ်တုတ်ထိုင်ကာ စောင့်ပေးရပြန်တယ်။

တိုင်း ရေချိုးလျှင် အနည်းဆုံး 1နာရီနီးပါးကြာတတ်သည်။ ထို့ကြောင့် သု အခန်းထဲ အမြန်ဝင်ကာ တိုင်းရဲ့ လောလောလတ်လတ်မှ ဝယ်ထားသော ရှမ်းလွယ်အိတ်သေးသေးလေးထဲက သုရဲ့ ဖုန်းကို ထုတ်ကာ စက်ဖွင့်လိုက်သည်။

သု ဖုန်းကို ကိုင်ထားရင်ပင် လက်တွေ တုန်လာကာ အသားများလည်း အေးစက်သွားတော့သည်။မေမေခေါ်ထားသော အဝင်ကောများနှင့် အန်တီ မေ ခေါ်ထားသည့် Miss callတွေကလည်း မနည်းမနောပင်။ သု ကြောက်ရွံစွာ လက်သည်းတွေကို ကိုက်ထားမိသည်။ရောက်နေတာ 2ရက်ရှိနေဖြစ်သော SMSတွေက လည်း အစောင် 200လောက်ရှိသည်။ သု စိတ်ရှုပ်စွာဘဲ မေမေ့ဆီကို အရင်ဖုန်းခေါ်လိုက်တော့သည်။

ဖုန်းလေးက ဝင်တာ စက္ကန့်မျှသာ ရှိသော အချိန်တွင် တဖက်က မေမေ့ရဲ့ အသံခပ်စွာစွာကို သုကြားလိုက်ရသည်။

"သု ...သမီးရူးနေတာလား ဘာတွေ လျှောက်လုပ်နေတာလည်း..."

မေမေရဲ့ အသံတွေက ရှက်ရွံစိတ်နဲ့ ဂရုနာဒေါထ ဖြစ်နေသည်လို့ သု ထင်မိပြန်တော့ ကြောက်စိတ်က နည်းနည်း ပြောသယောင်ယောင်။သို့ပေမယ့် သု ဘာကြောင့်ရယ်မသိ မျက်ဖည်များဝဲမိသည်၊ ကလေးကို ဆုံးရှုံးရတော့မည်သော အသိကြောင့် ထင်ပါရဲ့။

"သမီး ..သမီး တောင်းပန်ပါတယ် မေမေ..သမီးလေ တိုင်းကို တကယ်ချစ်တာပါ ...သမီးလေ.."

"တော်တော့ သု ငါဘာမှ မကြားချင်ဘူး ..မေမေ့ရဲ့ သမီးမှ ဟုတ်ရဲ့လား သုရယ် ဘာလို့ အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်ရတာလဲ ..တိုင်းက သမီးညီမလေးပါ သုရယ်.."

"တိုင်းကို ညီမလေးထက် ပိုတယ်မေမေ..."

"သမီးစိတ်က ထင်လို့ပါ သုရယ်နော်...သမီးစိတ်က ထင်နေလို့ပါ...ရေရှည်မှာ သမီးတို့ မြဲမှာ မဟုတ်ဘူး သု..မေမေပြောစကားနားထောင်ပါသမီး...တိုင်းလေးကို ရန်ကုန် ပြန်ခေါ်ခဲ့ပါ..မေသီလည်း တော်တော် စိတ်ပူရှာနေပြီ သမီးရဲ့ မေမေတို့တွေကို မျက်နှာပျက်အောင် မလုပ်ပါနဲ့ကွယ်..."

သု ဘာဆက်ပြောရတော့မည်နည်း၊ သု လက်မလွှတ်တော့ဘူးလို့ ဆုံးဖြတ်ထားတာ ၊ ရင်တွေနာလိုက်တာ မေမေရယ်။ သု ဖုန်းကို အမြန်ချလိုက်ကာ ရပ်နိုင်စွမ်းမရှိ သု ခွေလဲပြီး ငိုမိနေပြန်တယ်။

"မ ဘာဖြစ်တာလဲဟင်။။မ..."

သုရဲ့နဘေး ပြေးလာသော ကောင်မလေးက အပြစ်ကင်းစင်လှသည်၊ မင်းဘာလို့ အချစ်ကို အရမ်းကိုးကွယ်ရတာလဲ တိုင်းရယ်။ မလေ မင်းအချစ်တွေမှာ ရုန်းမထွက်နိုင်လောက်အောင် မာနတွေပျောက်ကွယ်နေပြီ။သု မျက်ရည်တွေကို အကြမ်းပတမ်း သုတ်လိုက်ကာ ဖုန်းကို တိုင်း မမြင်အောင် အမြန်ဝှင်ထားလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး တိုင်းရယ်...မလေ အမေ့ကို လွမ်းလို့ပါ..လာပါအုံး ဒီကို....."

သု ရဲ့ အနားလာသော အခါ သု သူမရဲ့ ရင်ခွင်ထဲ ဝငိပြီး သူမရဲ့ ခါးလေးကို တင်းနေအောင် ဖက်ထားလိုက်သည်။ ရေချိုးပြီးစမို့ထင်ပါရဲ့ ၊ သူမရဲ့ ကိုယ်သင်းရနံလေးက ကြည်နူးဖို့ ကောင်းလှသည်။

"မ ...မရဲ့ မေမေ့ကို အရမ်းလွမ်းနေတာလားဟင်
တိုင်း တောင်းပန်ပါတယ် မရယ်.."

"မင်းက ဘာလို့ တောင်းပန်ရတာလဲ..."

သူက ခေါင်းလေး ငုံ့ကာ သုကို ကြည့်သည်။ ပြီးတော့ ပြုံးသည်၊ ထိုအပြုံးတွေက မကို ရုန်းမထွက်နိုင်အောင် ပြုစားထားတဲ့ လှောက်အိမ်နေမယ် တိုင်းရယ်။

"မ ..အခုထိ တိုင်းကို ချစ်တယ်လို့ မပြောသေးဘူးနော်.."

"ပြောဖို့လိုနေသေးလို့လားဟင် ..တိုင်းကို မရဲ့ဘဝ တစ်ခုလုံးတောင် ပေးထားပြီးပြီလေ..."

သု တိုင်းရဲ့ လည်ပင်းက အကျီ င်္စလေးကို ဆွဲကိုင်လိုက်ကာ
နီရဲနေသော နှုတ်ခမ်းပါးလေးကို ဖွဖွလေး ဖိကပ်နမ်းထားလိုက်သည်။ တိုင်းရဲ့ တုံ့ပြန်အနမ်းတွေက ကြာရှည်ပြီး ပိုမို ပြင်းထန်လာသည်။ တိုင်းက သုရဲ့ ကိုယ်လေးကို အိပ်ယာပေါ် ဖြေးဖြေးချင်း ချကာ သုကို အုပ်မိုးပြီး ကျော့ရှင်းနေသော လည်တိုင်မှာ သူ့ရဲ့ နှုတ်ခမ်းတွေက နေရာယူပြန်သည်။

"မ သိလား...မရဲ အရသာက အရမ်းချိုတယ်ဆိုတာ
တိုင်းလေ ...မကို ..."

သူ့ရဲ့ စကားတွေ ရှေ့မဆက်နိုင်အောင် သု အနမ်းများပေးမိသည်။ တိုင်းရဲ့ နှုတ်ခမ်းများက သုရဲ့ လည်တိုင်က တဆင့် ရင်ညွှန့်အထိ နယ်ကျွံလာပြန်တော့ သု ဘေးက အိပ်ယာခင်းလေးကို လက်ဖြင့် ခပ်ဖွဖွ ဆွဲဆုပ်ထားမိတော့သည်။ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ ဘာမှ မတွေးချင်တော့ဘူး၊ သုလေ ပစ္စပ္ပုန်တည့်တည့်မှာ သာ ရှင်သန်ရှင်တယ် အနာဂဏ်မှာ သုတို့တွေ ဝေးနိုင်လောက်တယ် မဟုတ်လား။

______________

'မရေ ...ကြည့်ပါအုံး တိုင်း လှလားဟင်.."

တခါမှ မဝတ်ဖူးသော စပန့်ဂါဝန် အဝါရောင်လေးမှာ ဒူးဖုံးရုံမျှသာ။ လူလေးက သေးသေးကွေးကွေးဆိုတော့လည်း တိုင်းက ဘာဝတ်ဝတ်လှနေပြန်တယ်၊ ဒါ့အပြင် ဦးထုပ်အဝိုင်းလေးကို လည်း ခေါင်းပေါ်မှ ဆောင်းထားသေးသည်။ မနေ့က မိုးချုပ်က အကျီ င်္လိုက်ဝယ်ပေးပါဟု ဂျီကျလို့ supermarket     မှာလိုက်ဝယ်ပေးရသည်။ ပြီးတော့ သူမ ကိုယ်တိုင်ပဲ ဒီည ချက်ကျွေးမည်ဟု ပြောသောကြောင့် city markမှာ လိုက်ပို့ခဲ့ရသေးသည်။ သုက ငယ်ငယ်လေးထဲက ဘာမှ မချက်တတ်ပေမယ့် တိုင်းက ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်တာ တွေ့ရတော့ အံ့သြချီးကျူးရပြန်သည်။ ဒီနေ့က မတို့ရဲ့ နောက်ဆုံးရက်လေး ဖြစ်ခဲ့ရင်ရော တိုင်း ပျော်နိုင်ပါ့မလား။

"ရန်ကုန်ပြန်ကြရအောင်တိုင်း..."

တိုင်းရဲ့ လက်ထဲက Cameraလေး အောက်သို့ ပြုတ်ကျကာ သု့ကို ဝေခွဲမရသလိုကြည့်နေပြန်သည်။

"မနောက်ပါနဲ့ မရယ်..ဘာလို့ ပြန်ရမှာလဲ .."

"အခုမပြန်လည်း နောက်ကျ ပြန်ရမှာပဲလေ.."

အေးစက်နေလေပြီ၊ မရဲ့ အပြုံးတွေက တိုင်း မနေ့ညက တွေ့ခဲ့တဲ့ မ မှ ဟုတ်ရဲ့လား။ စကားတွေကလည်း အေးစက်ကာ။

"မပြန်ဘူး ..တိုင်း လုံးဝ မပြန်ဘူး .."

"ခဏနေ မင်းမေမေတို့ လာလိမ့်မယ်...တိုင်း
အဆုံးထိ မ မကာကွယ်ပေးနိုင်တော့ဘူး...မင်းရဲ့ အုပ်ထိန်းသူ လာပြီ.."

တိုင်းက စိတ်ပျက်သွားသလို သု့ကို ကြည့်နေလေပြီ။ ထင်ထားတဲ့ အတိုင်းပါပဲ သူမ ငိုလေပြီ။ မျက်ရည်အရမ်းလွယ်တာပဲလား။

"မ ဖုန်းဆက်ပြီး ခေါ်လိုက်မလား ..မ လုပ်ရက်တယ်နော်.."

တိတ်ဆိတ်သွားခဲ့သည်။ မက တိုင်းကို ဘာစကားမှ မပြောတော့ပါ၊ တိုင်းရဲ့ မျက်နှာကိုတောင် လုံးဝ မကြည့်တော့ပဲ မေမေ့တို့ လာခေါ်သည့် နောက်ကို တိုင်းကို ထည့်ပေးလိုက်တယ်။ ပြီးတော့ မက မေမေနဲ့ စကား အကြာကြီးပြောတယ်၊ ဘာတွေ ပြောလည်း တိုင်း လုံးဝ မသိခဲ့ပါ၊ တိုင်း သိတာက တိုင်းကြောင့် ပျော့ပျောင်းနေတဲ့ မရဲ့ စိတ်ထားကို မေမေ အကြောတင်းအောင် လုပ်လိုက်ပြီ ဆိုတာပင်။ အပြန်ခရီးက မ မပါပဲ ဆို့နစ်စွာ လမ်းဘေးဝဲယာ ငေးပြီး တိုင်း ပြန်လာခဲ့ရတယ်၊ တိုင်းရဲ့ နှလုံး ခုန်သံ၊ ပျော်ရွှင်မှု အားလုံး ရပ်တန့်သွားခဲ့ပါပြီ။

_______________

ဘေးနားက အိပ်ယာလေးကို စမ်းကြည့်တယ်၊ မင်း မရှိတော့ မနွေးထွေးတော့ဘူး။ ဘာပဲ ဖြစ်ဖြစ် တိုင်းအတွက် ခဏတာ ပျော်ရွှင်မှုကို ပေးနိုင်ခဲ့တာပဲ၊ ဘာနဲ့မှ လဲလို့ မရတော့တဲ့ အမှတ်တရတွေကို မလက်ဆောင် ပေးခဲ့တယ်၊ ပြန်တွေးမိတဲ့ အချိန်တိုင်း မင်း ပြုံးပျော်နိုင်ပါစေတော့၊ အရင်လို ကလေး မဆန်ပဲ ရင့်ကျက်ပါတော့ တိုင်း။

"နင်မှန်တယ်...သု ...အားလုံးကောင်းဖို့ နင်ဆုံးဖြတ်ခဲ့တာပဲ
ငါလေ နင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်သု.."

"အွန်း ...ငါက နောက်လဆိုရင် 30ပြည့်တော့မှာဟ.."

သု စိတ်ထဲမပါပဲ ရီမိလိုက်တယ်၊ ငယ်ငယ်လေးထဲက သုတို့တွေရဲ့ သံယောဇဉ်က နက်ရှိုင်းပါတယ်။ သု ကိုဆို အမြဲ စနောက်နေတဲ့ ကလေးဆန်တဲ့ အပြုအမှုလေးတွေ ၊ သုက အနိုင်ကျင့်တဲ့ အမှတ်တရလေးတွေ၊ အို သုနဲ့ တိုင်းကြားမှာ အမှတ်တရတွေ အများကြီးလေ။ ပြီးတော့ တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ခဲ့ဖူးတယ်၊ တစ်ဘဝ လုံးစာ မဟုတ်ပေမယ့်လို့ပေါ့။ သုဘေးက နွေးထွေးတဲ့ လက်တစ်စုံကို ဘယ်တော့မှ မလွှတ်ဖို့ သု ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမယ့် နောက်ဆုံးကျ လက်လွှတ်လိုက်ရတာပါပဲ။

____________________

Continue Reading

You'll Also Like

885K 59.3K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
456K 39.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
841K 39.5K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
344K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်