The Love from Windward (Compl...

By Po_wayy

622K 47.1K 1K

More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
Final.

(26)

15.9K 1.2K 25
By Po_wayy


Wang group ရဲ႕ ရံုးခြဲသစ္​ဖြင္​့လွစ္​ျခင္​းအခမ္​းအနား
ဆို​ေတာ့ ဧည္​့သည္​​ေတြက မ်ားလြန္​းသည္​။
အရင္​ကတည္​းက တြဲဖက္​ company ​ေတြ​ေရာ
အခုမွစၿပီးလက္​တြဲလုပ္​ကိုင္​မယ္​့company ​ေတြ​ေရာ

ဝမ္​ရိ​ေပၚက ကိုယ္​့ဧည္​့သည္​​ေတြနဲ႔
စကား​ေျပာ​ေနရ​ေပမယ္​့ 
ခပ္​လွမ္​းလွမ္​းမွာ တျခားလူ​ေတြနဲ႔
စကား​ေျပာ​​ေနတဲ့ ​ေရွာင္​းက်န္​႔ဘက္​ကို 
လွည္​့ၾကည္​့​ေနရ​ေသးသည္​။

ခု​ေနာက္​ပိုင္​းမွာ ​ေရွာင္​းက်န္​႔က အရင္​လိုမဟုတ္​ဘဲ
ရံုးကို​ေခၚလာတာမ်ိဳး
ပြဲတစ္​ခ်ိဳ႕ကို ​ေခၚသြားတာ​ေတြမ်ိဳးမွာ
အဆင္​​ေျပ​ေအာင္​ ​ေနတတ္​လာ​ေပမယ္​့
အဆင္​မ​ေျပတာက ကိုယ္​ကိုယ္​တိုင္​ျဖစ္​​ေနသည္​။

အတၱႀကီးတယ္​ပဲ​ေျပာ​ေျပာ
​ေရွာင္​းက်န္​႔ တျခားလူ​ေတြနဲ႔ ၿပံဳးရယ္​ၿပီး ​ေျပာဆိုဆက္​ဆံ​ေနတာကို သိပ္​သ​ေဘာမက် ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" အစ္​ကိ​ု​ေလး​ေရွာင္​းက်န္​႔  ​ေသခ်ာ႐ႊိဳင္​းလာခဲ့ဗ်​ေနာ္​
တျခားရံုးခြဲ​​ေတြက staff ​ေတြက အစ္​ကို​ေလးကို
​ေတြ႕ဖူး​ေသးတာမဟုတ္​ဘူး ဆရာမ်က္​နွာပန္​းပြင္​့
ရ​ေအာင္​ ​ေသခ်ာျပင္​ဆင္​လာ​ေနာ္​
အကုန္​ အတဲြ​ေခၚလာခိုင္​းထားတာ "

" ဟီး......ဟုတ္​ကဲ့ "

ဝမ္​ရိ​ေပၚရဲ႕ အတြင္​း​ေရးမႈးက
ဒီတစ္​ပါတ္​စ​ေန​ေန႔မွာလုပ္​မယ္​့
staff party အတြက္​သတိ​ေပး​ေနျခင္​းပင္​။

ဝမ္​ရိ​ေပၚက​ေတာ့ ဘာမွမ​ေျပာ​ေသး​ေပမယ္​့
ဒီလိုပြဲ​ေတြဆို ​ေခၚသြား​ေနက်မို႔
လိုက္​ရမွာက အ​ေသအခ်ာ။

အျပန္​ ကား​ေပၚမွာမွ ​ေသခ်ာစဥ္​းစားမိသည္​။
အ​ေရးႀကီးတဲ့ပြဲဆို​ေတာ့ ရွိတဲ့အဝတ္​အစားနဲ႔က
အဆင္​​ေျပပါ့မလားမသိ။

" ဟို ကြၽန္​​ေတာ္​အီက်ႌဝယ္​ခ်င္​လို႔ ​ေရွ႕နားမွာခဏ
ရပ္​​ေပးလို႔ ရမလား "

ဝမ္​ရိ​ေပၚက ​ေခါင္​းကိုက္​​ေနလို႔ ကား​ေပၚမွာပဲ​ေစာင့္ကာ ကဒ္​​ေပးလိုက္​ၿပီး bodyguard ​ေတြကို​ေတာ့
​ေသခ်ာမွာလိုက္​သည္​။

" သိပ္​မၾကာ​ေစနဲ႔ ​ေသ​ေသခ်ာခ်ာ​ေစာင္​့ၾကည္​့​ေနာ္ "

သိပ္​မၾကာဘဲ ျပန္လာလို႔​ေတာ္​​ေသးတယ္​။
ဒါ​ေပမယ္​့

​ေရွာင္​းက်န္​႔ျပန္​ထြက္​လာၿပီး ဘယ္​​ေလာက္​မွမၾကာ
ထိုဆိုင္​ထဲက ထြက္​လာတဲ့လူတစ္​​ေယာက္​​ေၾကာင္​့
​ေခါင္​းထဲမွာ အခ်က္​​ေပး​ေခါင္​း​ေလာင္​း​မ်ားစြာ ျမည္​သြားသလို။

​ေရွာင္​ထန္​းဆိုတဲ့လူ။
ဒီတိုင္​း​ေတာင္​မဟုတ္​။
သုတ္​သီးသုတ္​ျပာနဲ႔ ခိုး​ေၾကာင္​ခိုးဝွက္​
ထြက္​သြားတာ။

​ေရွာင္​းက်န္​႔ကိုၾကည္​့လိုက္​​ေတာ့
မသိခ်င္​​ေယာင္​​ေဆာင္​​ေနတာလား
တကယ္​မ​ေတြ႕တာလား ခန္​႔မွန္​းလို႔မတတ္​။

ဒီ​ေန႔မွ ပို​ေပ်ာ္​​ေနတဲ့ပံုနဲ႔ ကား​ေပၚမွာလည္​း
တစ္​ခုခုကို​ေတြးၿပီး​ေပ်ာ္​​ေနပံုရတဲ့ ​ေရွာင္​းက်န္​႔​ေၾကာင္​့
စိတ္​ထဲမွာ ပိုရႈပ္​​ေထြးရသည္​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" ကြၽန္​​ေတာ္​တို႔ ​ေသခ်ာ​ေစာင္​့ၾကည္​့တာပါ
အီက်ႌဝတ္​ၾကည္​့တဲ့အခ်ိန္​​ေလးပဲ လြတ္​တာ "

သံသယက ရင္​ထဲမွာပဲသိမ္​းထားလို႔​ေတာ့မျဖစ္​။
​ေရွာင္​းက်န္​႔ကို ​ေမးၾကည္​့ရမည္​။

" ဒီ​ေန႔ အရင္​ကသိခဲ့တဲ့ လူတစ္​​ေယာက္​​ေယာက္​နဲ႔မ်ား ​ေတြ႕မိ​ေသးလား "

​ေရွာင္​းက်န္​႔ပံုစံက လန္​႔သြားတဲ့ပံုမ်ိဳးမို႔ သံသယစိတ္​က
ပိုတိုးလာရသည္​။

" မ​ေတြ႕ မ​ေတြ႕ပါဘူး "

" အမွန္​အတိုင္​း​ေျပာရင္​ ခြင္​့လႊတ္​​ေပးမွာမို႔
အမွန္​အတိုင္​း​ေျဖ ​ေတြ႕မိတာမ်ိဳးရွိလား "

" ဟို...ဟို...."

​အမွန္​အတိုင္​း​ေျပာမယ္​လုပ္​ၿပီးမွ
ဒီ​ေန႔ပြဲမွာ ဝမ္​ရိ​ေပၚလစ္​တုန္​း
ထိုင္​ရွိခိုးမတတ္​လာ​ေတာင္​းပန္​ထားတဲ့
ဦး​ေလးႀကီးမ်က္​နွာကို ျပန္​ျမင္​​ေယာင္​သြားသည္​။

" က်န္​႔က်န္​႔ အဲ ဆရာ ​ေရွာင္​းက်န္​႔
​ေျပာမွားဆိုမွားရွိခဲ့တာ​ေတြ
အမွားလုပ္​မိခဲ့တာ​ေတြကို ​ေတာင္​းပန္​ပါတယ္​
ဥကၠဌဝမ္​ရဲ႕ လူမွန္​း မသိလို႔ပါ
​ေနာက္​ဘယ္​​ေတာ့မွမျဖစ္​​ေစရပါဘူး
ခြင္​့လႊတ္​​ေပးပါ​ေနာ္​
အရင္​တုန္​းက ပတ္​သက္​ဖူးတာသိသြားရင္​
ဥကၠဌဝမ္​က ဆက္​ၿပီးလက္​တြဲမလုပ္​​ေတာ့မွာ
​ေၾကာက္​လို႔ မ​ေျပာလိုက္​ပါနဲ႔​ေနာ္​
အလုပ္​ရပ္​ဆိုင္​းသြားလု႔ိမျဖစ္​လို႔ပါ
ကြၽန္​​ေတာ္​့မိသားစုကို ရွာ​ေကြၽးရဦးမွာမို႔လို႔ပါ "

ကိုယ္​တိုင္​လည္​း မွားခဲ့တဲ့အတိတ္​​ေတြကို
ျပည္​ဖံုးကားခ်လိုက္​ခ်င္​ၿပီမို႔....။

" မရွိပါဘူး "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" သခင္​​ေလး သတင္​းပ္ို႔စရာရွိပါတယ္​
ကြၽန္​​ေတာ္​တို႔အခ်င္​းခ်င္​းတိုင္​ပင္​ၿပီး
ခုမွ​ေသခ်ာသြားလို႔ပါ "

" ​ေျပာ "

" မနက္​က ပြဲမွာ သခင္​​ေလးမရွိတုန္​း အစ္​ကို​ေလး
​ေရွာင္​းက်န္​႔ကို လူတစ္​​ေယာက္​က စကားလာ​ေျပာတာ အဲ့လူက ဟိုတစ္​ခါ အစ္​ကို​ေလးကို
hotel ခန္​းမွာ သြား​ေခၚလာရတုန္​းက............"

ဆက္​​ေျပာ​ေနတဲ့စကား​ေတြကို ၾကားတစ္​ခ်က္​ မၾကားတစ္​ခ်က္​နဲ႔ က်န္​းခ်န္​တဖြဖြ​ေျပာ​ေနတဲ့ဟာ​ေတြသာ
နားထဲ ၾကား​ေယာင္​​ေနသည္​။

" အခ်ိဳး​ေျပာင္​းလာတယ္​ဆိုၿပီး ​ေပ်ာ္​မ​ေနနဲ႔
ဒီလို​ေကာင္​​ေတြက ဘယ္​​ေလာက္​မာယာမ်ားလဲ
မင္​းသိလို႔လား
မင္​း​ေရွ႕မွာ ဟန္​​ေဆာင္​​ေနတာ
မင္​းနဲ႔မွ မဟုတ္​ဘူး 
တျခားလူနဲ႔ဆိုလည္​း ဒီလိုပဲ​ေနမွာ
လႊတ္​ထားၾကည္​့လိုက္​ပါလား
ဘယ္​လို​ေခြးဇာတ္​ခင္​းဦးမလဲဆိုတာ "

​ေရွာင္​းက်န္​႔ကို အရမ္​းခ်စ္​ပါတယ္​။
ဒါ​ေပမယ္​့...
အႀကိမ္​ႀကိမ္​အခါခါ မထင္​ထားတာ​ေတြ
ထထလုပ္​​ျပထားတဲ့အတြက္​
ယံုၾကည္​​ေပးနိုင္​ဖို႔က​ေတာ့ မျဖစ္​နိုင္​​ေတာ့ဘူး။

အမွန္​အတိုင္​းဝန္​ခံဖို႔ အခြင္​့အ​ေရး​ေပးခဲ့​ေပမယ္​့
ကိုယ္​့တရားကိုယ္​စီရင္​တာပါပဲ။
​ေရွာင္​းက်န္​႔ကို ​ေနာက္​ဘယ္​​ေတာ့မွ
အိမ္​အျပင္​​ကို​ေခၚမသြားဖို႔ ဆံုးျဖတ္​လိုက္​တယ္​။
bodyguard အင္​အားကိုလည္​း ၂ ဆ တိုးလိုက္​တယ္​။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

မနက္​စာစားဖို႔ အခန္​းတံခါးဖြင္​့လိုက္​တာနဲ႔
bodyguard ၂ ​ေယာက္​က တားထားသည္​။

" အစ္​ကို​ေလး ဒီအခန္​းထဲက မထြက္​ရဘူးတဲ့ "

" ဟီး...မ​ေနာက္​နဲ႔ဗ်ာ ဗိုက္​ဆာ​ေနၿပီ  ဖယ္​ "

" ​​ေျပာလို႔မရရင္​ တံခါးကိုအျပင္​က ​ေသာ့ခတ္​လိုက္​ပါတဲ့ ထမင္​းကို ပို႔​ေပးပါမယ္​ခင္​ဗ်ာ "

အခန္​းထဲျပန္​ဝင္​ၿပီး ၿခံထဲကိုၾကည္​့လိုက္​​ေတာ့
ျပဴ တင္​း​ေပါက္​က​ေန ​ေအာက္​တည္​့တည့္​မွာလည္​း
လူ၂ ​ေယာက္​က အသင္​့​ေစာင္​့ၾကည္​့​ေနျပန္​သည္​။

တ​ေနကုန္​ အခန္​းထဲ လာပို႔​ေပးတာ​ေတြကိုပဲ စားၿပီး
ဝမ္​ရိ​ေပၚျပန္​လာရင္​ ဘာလုပ္​တာလဲ​ေမးဖို႔
​ေစာင္​့​ေန​ေပမယ္​့ ညနက္​တဲ့အထိျပန္​မလာ။

တံခါးဖြင္​့ၾကည္​့​ၿပီး

" ဟို...ဝမ္​ရိ​ေပၚက ျပန္​မလာ​ေသးဘူးလား "

" ဟင္​! သခင္​​ေလးက ခရီးသြားတယ္​​ေလ
မသိဘူးလား သူမရွိတဲ့ ဒီ ၂ ရက္​လံုး
အစ္​ကို​ေလးကို အခန္​းထဲမွာပဲ​ေနခိုင္​းထားၿပီး ​
​ေသခ်ာ​ေစာင္​့ၾကည္​့ဖို႔ မွာထားခဲ့တာ​ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ျပန္​​ေရာက္​လာရင္​ ​ေမးမယ္​လို႔အားခဲထား​ေပမယ္​့
တကယ္​တမ္​းဝမ္​ရိ​ေပၚျပန္​​ေရာက္​လာတာနဲ႔
​ေရွာင္​းက်န္​႔ခမ်ာ ​ေမးခ်ိန္​​ေတာင္​မရ။

ျပင္​းျပင္​းျပျပအနမ္​း​ေတြ​ေအာက္​မွာ
အသက္​ရွဴ ဖို႔​​ေတာင္​ မနည္​းႀကိဳးစား​ေနရတာမို႔။

" လြမ္​းတယ္​ ဒီ၂ ရက္​လံုး မင္​းကိုကိုယ္​
ဘယ္​​ေလာက္​​ေတာင္​လြမ္​း​ေနလဲ သိရဲ႕လား "

အက်ိဳးဆက္​အ​ေနနဲ႔ ​​ေနာက္​​ေန႔မနက္​က်​ေတာ့
​ေရွာင္​းက်န္​႔မွာ အိပ္​ရာ​ေပၚက​ေန ​ေရခ်ိဳးခန္​းသြားတာ​
​ေတာင္​ ​ေခြၿပီးလဲက်​ေနတာ အခါခါ။

ဝမ္​ရိ​ေပၚက ထလာၿပီး ​ေရခ်ိဳးခန္​းထဲက
ကမုတ္​​ေပၚအထိ ​ေပြ႕ခ်ီၿပီးပို႔​ေပးရသည္​။

" အျပင္​ထြက္​​ေပးပါ "

" လုပ္​စရာရွိတာလုပ္​ ​အပို​ေတြရွက္​မ​ေနနဲ႔
မင္​းတစ္​ကိုယ္​လံုး ဘယ္​​ေနရာမွမက်န္​
ကိုယ္​ပိုင္​တယ္​ အဲ့ဒါကို ​ေခါင္​းထဲစြဲ​ေန​ေအာင္​
မွတ္​ထား "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဘာလိုလိုနဲ႔ စ​ေန​ေန႔က ​ေရာက္​လာၿပီ။
ပါတီပြဲအခ်ိန္​က နီး​ေနၿပီကို
​ေရွာင္​းက်န္​႔ဘာဝတ္​ရမွန္​းမသိ။
ဝယ္​လာတဲ့အိက်ႌက နည္​းနည္​းက​ေလးဆန္​​ေနသလားလို႔။ ​ေတာ္​ၾကာ ကိုယ္​့​ေၾကာင္​့
ဝမ္​ရိ​ေပၚမ်က္​နွာပ်က္​ရမွာမ်ိဳး​ေတာ့မျဖစ္​​ေစခ်င္​။

ရႈပ္​တယ္​ ဝမ္​ရိ​ေပၚကိုပဲ
ဒါဝတ္​ရမလား​သြား​ေမးလိုက္​​ေတာ့မယ္​ ဆိုၿပီး
အက်ႌဗူး​ေလးကိုကုိင္​ရင္​း ဝမ္​ရိ​ေပၚဖုန္​း​ေျပာ​ေနတဲ့
ဝရံတာနားကို ​ေရာက္​သြား​ေတာ့

" Hello, Rose ည​ေနက်ရင္​
staff party တက္​ဖို႔ အစ္​ကိုနဲ႔လိုက္​တက္​​ေပး
တစ္​​ေယာက္​တည္​းျဖစ္​​ေနလို႔
အင္​း...လာဝင္​​ေခၚလိုက္​မယ္​ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

Unicode

Wang group ရဲ့ ရုံးခွဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနား
ဆိုတော့ ဧည့်သည်တွေက များလွန်းသည်။
အရင်ကတည်းက တွဲဖက် company တွေရော
အခုမှစပြီးလက်တွဲလုပ်ကိုင်မယ့်company တွေရော

ဝမ်ရိပေါ်က ကိုယ့်ဧည့်သည်တွေနဲ့
စကားပြောနေရပေမယ့် 
ခပ်လှမ်းလှမ်းမှာ တခြားလူတွေနဲ့
စကားပြောနေတဲ့ ရှောင်းကျန့်ဘက်ကို 
လှည့်ကြည့်နေရသေးသည်။

ခုနောက်ပိုင်းမှာ ရှောင်းကျန့်က အရင်လိုမဟုတ်ဘဲ
ရုံးကိုခေါ်လာတာမျိုး
ပွဲတစ်ချို့ကို ခေါ်သွားတာတွေမျိုးမှာ
အဆင်ပြေအောင် နေတတ်လာပေမယ့်
အဆင်မပြေတာက ကိုယ်ကိုယ်တိုင်ဖြစ်နေသည်။

အတ္တကြီးတယ်ပဲပြောပြော
ရှောင်းကျန့် တခြားလူတွေနဲ့ ပြုံးရယ်ပြီး ပြောဆိုဆက်ဆံနေတာကို သိပ်သဘောမကျ ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" အစ်ကိုလေးရှောင်းကျန့်  သေချာရွှိုင်းလာခဲ့ဗျနော်
တခြားရုံးခွဲတွေက staff တွေက အစ်ကိုလေးကို
တွေ့ဖူးသေးတာမဟုတ်ဘူး ဆရာမျက်နှာပန်းပွင့်
ရအောင် သေချာပြင်ဆင်လာနော်
အကုန် အတွဲခေါ်လာခိုင်းထားတာ "

" ဟီး......ဟုတ်ကဲ့ "

ဝမ်ရိပေါ်ရဲ့ အတွင်းရေးမှုးက
ဒီတစ်ပါတ်စနေနေ့မှာလုပ်မယ့်
staff party အတွက်သတိပေးနေခြင်းပင်။

ဝမ်ရိပေါ်ကတော့ ဘာမှမပြောသေးပေမယ့်
ဒီလိုပွဲတွေဆို ခေါ်သွားနေကျမို့
လိုက်ရမှာက အသေအချာ။

အပြန် ကားပေါ်မှာမှ သေချာစဉ်းစားမိသည်။
အရေးကြီးတဲ့ပွဲဆိုတော့ ရှိတဲ့အဝတ်အစားနဲ့က
အဆင်ပြေပါ့မလားမသိ။

" ဟို ကျွန်တော်အီကျႌဝယ်ချင်လို့ ရှေ့နားမှာခဏ
ရပ်ပေးလို့ ရမလား "

ဝမ်ရိပေါ်က ခေါင်းကိုက်နေလို့ ကားပေါ်မှာပဲစောင့်ကာ ကဒ်ပေးလိုက်ပြီး bodyguard တွေကိုတော့
သေချာမှာလိုက်သည်။

" သိပ်မကြာစေနဲ့ သေသေချာချာစောင့်ကြည့်နော် "

သိပ်မကြာဘဲ ပြန်လာလို့တော်သေးတယ်။
ဒါပေမယ့်

ရှောင်းကျန့်ပြန်ထွက်လာပြီး ဘယ်လောက်မှမကြာ
ထိုဆိုင်ထဲက ထွက်လာတဲ့လူတစ်ယောက်ကြောင့်
ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းများစွာ မြည်သွားသလို။

ရှောင်ထန်းဆိုတဲ့လူ။
ဒီတိုင်းတောင်မဟုတ်။
သုတ်သီးသုတ်ပြာနဲ့ ခိုးကြောင်ခိုးဝှက်
ထွက်သွားတာ။

ရှောင်းကျန့်ကိုကြည့်လိုက်တော့
မသိချင်ယောင်ဆောင်နေတာလား
တကယ်မတွေ့တာလား ခန့်မှန်းလို့မတတ်။

ဒီနေ့မှ ပိုပျော်နေတဲ့ပုံနဲ့ ကားပေါ်မှာလည်း
တစ်ခုခုကိုတွေးပြီးပျော်နေပုံရတဲ့ ရှောင်းကျန့်ကြောင့်
စိတ်ထဲမှာ ပိုရှုပ်ထွေးရသည်။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" ကျွန်တော်တို့ သေချာစောင့်ကြည့်တာပါ
အီကျႌဝတ်ကြည့်တဲ့အချိန်လေးပဲ လွတ်တာ "

သံသယက ရင်ထဲမှာပဲသိမ်းထားလို့တော့မဖြစ်။
ရှောင်းကျန့်ကို မေးကြည့်ရမည်။

" ဒီနေ့ အရင်ကသိခဲ့တဲ့ လူတစ်ယောက်ယောက်နဲ့များ တွေ့မိသေးလား "

ရှောင်းကျန့်ပုံစံက လန့်သွားတဲ့ပုံမျိုးမို့ သံသယစိတ်က
ပိုတိုးလာရသည်။

" မတွေ့ မတွေ့ပါဘူး "

" အမှန်အတိုင်းပြောရင် ခွင့်လွှတ်ပေးမှာမို့
အမှန်အတိုင်းဖြေ တွေ့မိတာမျိုးရှိလား "

" ဟို...ဟို...."

အမှန်အတိုင်းပြောမယ်လုပ်ပြီးမှ
ဒီနေ့ပွဲမှာ ဝမ်ရိပေါ်လစ်တုန်း
ထိုင်ရှိခိုးမတတ်လာတောင်းပန်ထားတဲ့
ဦးလေးကြီးမျက်နှာကို ပြန်မြင်ယောင်သွားသည်။

" ကျန့်ကျန့် အဲ ဆရာ ရှောင်းကျန့်
ပြောမှားဆိုမှားရှိခဲ့တာတွေ
အမှားလုပ်မိခဲ့တာတွေကို တောင်းပန်ပါတယ်
ဥက္ကဌဝမ်ရဲ့ လူမှန်း မသိလို့ပါ
နောက်ဘယ်တော့မှမဖြစ်စေရပါဘူး
ခွင့်လွှတ်ပေးပါနော်
အရင်တုန်းက ပတ်သက်ဖူးတာသိသွားရင်
ဥက္ကဌဝမ်က ဆက်ပြီးလက်တွဲမလုပ်တော့မှာ
ကြောက်လို့ မပြောလိုက်ပါနဲ့နော်
အလုပ်ရပ်ဆိုင်းသွားလု့ိမဖြစ်လို့ပါ
ကျွန်တော့်မိသားစုကို ရှာကျွေးရဦးမှာမို့လို့ပါ "

ကိုယ်တိုင်လည်း မှားခဲ့တဲ့အတိတ်တွေကို
ပြည်ဖုံးကားချလိုက်ချင်ပြီမို့....။

" မရှိပါဘူး "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" သခင်လေး သတင်းပို့စရာရှိပါတယ်
ကျွန်တော်တို့အချင်းချင်းတိုင်ပင်ပြီး
ခုမှသေချာသွားလို့ပါ "

" ပြော "

" မနက်က ပွဲမှာ သခင်လေးမရှိတုန်း အစ်ကိုလေး
ရှောင်းကျန့်ကို လူတစ်ယောက်က စကားလာပြောတာ အဲ့လူက ဟိုတစ်ခါ အစ်ကိုလေးကို
hotel ခန်းမှာ သွားခေါ်လာရတုန်းက............"

ဆက်ပြောနေတဲ့စကားတွေကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ ကျန်းချန်တဖွဖွပြောနေတဲ့ဟာတွေသာ
နားထဲ ကြားယောင်နေသည်။

" အချိုးပြောင်းလာတယ်ဆိုပြီး ပျော်မနေနဲ့
ဒီလိုကောင်တွေက ဘယ်လောက်မာယာများလဲ
မင်းသိလို့လား
မင်းရှေ့မှာ ဟန်ဆောင်နေတာ
မင်းနဲ့မှ မဟုတ်ဘူး 
တခြားလူနဲ့ဆိုလည်း ဒီလိုပဲနေမှာ
လွှတ်ထားကြည့်လိုက်ပါလား
ဘယ်လိုခွေးဇာတ်ခင်းဦးမလဲဆိုတာ "

ရှောင်းကျန့်ကို အရမ်းချစ်ပါတယ်။
ဒါပေမယ့်...
အကြိမ်ကြိမ်အခါခါ မထင်ထားတာတွေ
ထထလုပ်ပြထားတဲ့အတွက်
ယုံကြည်ပေးနိုင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။

အမှန်အတိုင်းဝန်ခံဖို့ အခွင့်အရေးပေးခဲ့ပေမယ့်
ကိုယ့်တရားကိုယ်စီရင်တာပါပဲ။
ရှောင်းကျန့်ကို နောက်ဘယ်တော့မှ
အိမ်အပြင်ကိုခေါ်မသွားဖို့ ဆုံးဖြတ်လိုက်တယ်။
bodyguard အင်အားကိုလည်း ၂ ဆ တိုးလိုက်တယ်။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

မနက်စာစားဖို့ အခန်းတံခါးဖွင့်လိုက်တာနဲ့
bodyguard ၂ ယောက်က တားထားသည်။

" အစ်ကိုလေး ဒီအခန်းထဲက မထွက်ရဘူးတဲ့ "

" ဟီး...မနောက်နဲ့ဗျာ ဗိုက်ဆာနေပြီ  ဖယ် "

" ပြောလို့မရရင် တံခါးကိုအပြင်က သော့ခတ်လိုက်ပါတဲ့ ထမင်းကို ပို့ပေးပါမယ်ခင်ဗျာ "

အခန်းထဲပြန်ဝင်ပြီး ခြံထဲကိုကြည့်လိုက်တော့
ပြူ တင်းပေါက်ကနေ အောက်တည့်တည့်မှာလည်း
လူ၂ ယောက်က အသင့်စောင့်ကြည့်နေပြန်သည်။

တနေကုန် အခန်းထဲ လာပို့ပေးတာတွေကိုပဲ စားပြီး
ဝမ်ရိပေါ်ပြန်လာရင် ဘာလုပ်တာလဲမေးဖို့
စောင့်နေပေမယ့် ညနက်တဲ့အထိပြန်မလာ။

တံခါးဖွင့်ကြည့်ပြီး

" ဟို...ဝမ်ရိပေါ်က ပြန်မလာသေးဘူးလား "

" ဟင်! သခင်လေးက ခရီးသွားတယ်လေ
မသိဘူးလား သူမရှိတဲ့ ဒီ ၂ ရက်လုံး
အစ်ကိုလေးကို အခန်းထဲမှာပဲနေခိုင်းထားပြီး
သေချာစောင့်ကြည့်ဖို့ မှာထားခဲ့တာ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ပြန်ရောက်လာရင် မေးမယ်လို့အားခဲထားပေမယ့်
တကယ်တမ်းဝမ်ရိပေါ်ပြန်ရောက်လာတာနဲ့
ရှောင်းကျန့်ခမျာ မေးချိန်တောင်မရ။

ပြင်းပြင်းပြပြအနမ်းတွေအောက်မှာ
အသက်ရှူ ဖို့တောင် မနည်းကြိုးစားနေရတာမို့။

" လွမ်းတယ် ဒီ၂ ရက်လုံး မင်းကိုကိုယ်
ဘယ်လောက်တောင်လွမ်းနေလဲ သိရဲ့လား "

အကျိုးဆက်အနေနဲ့ နောက်နေ့မနက်ကျတော့
ရှောင်းကျန့်မှာ အိပ်ရာပေါ်ကနေ ရေချိုးခန်းသွားတာ
တောင် ခွေပြီးလဲကျနေတာ အခါခါ။

ဝမ်ရိပေါ်က ထလာပြီး ရေချိုးခန်းထဲက
ကမုတ်ပေါ်အထိ ပွေ့ချီပြီးပို့ပေးရသည်။

" အပြင်ထွက်ပေးပါ "

" လုပ်စရာရှိတာလုပ် အပိုတွေရှက်မနေနဲ့
မင်းတစ်ကိုယ်လုံး ဘယ်နေရာမှမကျန်
ကိုယ်ပိုင်တယ် အဲ့ဒါကို ခေါင်းထဲစွဲနေအောင်
မှတ်ထား "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဘာလိုလိုနဲ့ စနေနေ့က ရောက်လာပြီ။
ပါတီပွဲအချိန်က နီးနေပြီကို
ရှောင်းကျန့်ဘာဝတ်ရမှန်းမသိ။
ဝယ်လာတဲ့အိကျႌက နည်းနည်းကလေးဆန်နေသလားလို့။ တော်ကြာ ကိုယ့်ကြောင့်
ဝမ်ရိပေါ်မျက်နှာပျက်ရမှာမျိုးတော့မဖြစ်စေချင်။

ရှုပ်တယ် ဝမ်ရိပေါ်ကိုပဲ
ဒါဝတ်ရမလားသွားမေးလိုက်တော့မယ် ဆိုပြီး
အကျႌဗူးလေးကိုကိုင်ရင်း ဝမ်ရိပေါ်ဖုန်းပြောနေတဲ့
ဝရံတာနားကို ရောက်သွားတော့

" Hello, Rose ညနေကျရင်
staff party တက်ဖို့ အစ်ကိုနဲ့လိုက်တက်ပေး
တစ်ယောက်တည်းဖြစ်နေလို့
အင်း...လာဝင်ခေါ်လိုက်မယ် "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

Continue Reading

You'll Also Like

13.4K 533 36
Savannah Mathew, a young lady in her early 20s. An adopted sister to both Tony And Alex Walker. After being adopted by The Walkers at a very young ag...
8.8K 631 4
Beijing Love story or You are my Destiny 🌻 Love is memory. Love is power. Our memorise are not ended. အထီးက်န္ဆန္ေနခဲ့ေသာ တစ္ေကာင္ႂကြက္ဆိုတဲ့ ေရွာင္...
18.5K 2.1K 11
Sung Hanbin x Zhang Hao cover photo crd to original artist
84.9K 8.7K 90
Dracoသည္​Harryကိုသူ​ေအာင္​ျမင္​မူ​ေတြ​ ​ေက်ာ္​ၾကားမူ​ေတြကိုခိုးယူသြားတယ္​လို႔ထင္​ၿပီး မုန္​းတီးခဲ့သည္​အမ်ိဳးမ်ိဳးဒုကၡ​ေရာက္​​ေအာင္​လုပ္​ခဲ့​သည္​​ေနာက...