ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(17)
***********************************
မနက္အိပ္ယာနိုးေသာ တိုင္းရဲ႕ ရင္ခြင္ေသးေသးေလးထဲမွာ အိပ္ေပ်ာ္ေနေသာ မ ကို တိုင္း တစိမ့္စိမ့္ၾကည့္ေနမိသည္။ဆံနြယ္ ေလးမ်ားက စိမ္းဖန္႔ဖန္႔ေသြးေၾကာမ်ား ယွက္ေနေသာ ပါးႏုႏုေပၚ ဖ်ာက်ေနပံုက အသည္းယားစရာေကာင္းလွသည္။ ၿပီးေတာ့ ထိုနႈတ္ခမ္းပါးပါးေလးေတြ ရဲေနပံုက တိုင္း တံေတြးကို ၿမိဳခ်မိလိုက္သည္။ အသည္းယားလြန္းလို႔ နွာေခါင္းထိပ္ေလးျဖင့္ မရဲ႕ ပါးျပင္ကို မထိတထိ က်ယ္စယ္ေနေတာ့သည္။ၿပီးေတာ့ တိုင္းရဲ႕ လက္ေလးေတြက သုရဲ႕ ခါးကို တင္းၾကပ္စြာ ဖက္ထားလ်က္။
"ဘာလုပ္ေနတာလဲ တိုင္းရဲ႕ .."
အိပ္ခ်င္မူးတူးအသံေလးက တိုင္းကို ပို၍ ပင္ အသည္းယားေစျပန္သည္။ ဘာပဲေျပာေျပာ အခုေဘးက မဆိုေသာ လူသားက တိုင္းရဲ႕ အပိုင္ျဖစ္ေနၿပီေလ။ ဘာေၾကာင့္နဲ႔မွ မရဲ႕ လက္မလႊတ္ေတာ့ဘူး တိုင္း ဆံုးျဖတ္လိုက္ၿပီ၊ သို႔ေပမယ့္ မရဲ႕ စိတ္ကို အခုထိတိုင္း မခန္႔မွန္းနိုင္ပါဘူး။
"အသည္းယားလို႔ ..."
တိုင္း ေမွးေထာက္လ်င္ပင္ မကို တဝႀကီးစိုက္ၾကည့္ေနမိျပန္သည္။
မက မ်က္လံုးေလး မပြင့္တပြင့္နဲ႔ တိုင္းကို ျပန္ၾကည့္ကာ တိုင္းရဲ႕ ကိုယ္ေလးကို ဆြဲယူကာ သူ႔ရဲ႕ရင္ခြင္ထဲ ဖက္ထားျပန္သည္။မရဲ႕ ကိုယ္သင္းရနံ႔ သင္းသင္းေလးကို တိုင္း ဘယ္ေတာ့မွာ ေမ့လို႔မရေသာ အမွတ္တရတစ္ခုပင္။
"နာေနေသးလား ေနာက္ေက်ာက ကုတ္ရာေတြေလ.."
တိုင္း မရဲ႕ ရင္ခြင္ထဲကေန မ်က္နွာေလးကို ၾကည့္ကာေမးလိုက္ေတာ့ သူမက မ်က္လံုးပင္မဖြင့္နိုင္ေသးပဲ ေခါင္းယမ္းျပသည္။ မ တစ္ေယာက္ အခုမွ ရွက္ေနသည့္ပံုပါပဲ။
"မ.."
တိုင္း သူမရင္ခြင္ထဲက ရုန္းထြက္လိုက္ကာ ေခၚလိုက္ေပမယ့္ မထူးေသးပင္။ ျပန္မ်ား အိပ္သြား ျပန္တာလား။
"မ ..."
"အြန္း...."
"ထေတာ့ပါဆို...ဘုရားသြားဖူးမယ္ေလ....ေနာ္.."
မက အိပ္ခ်င္မူးတူးျဖင့္ ထကာ တိုင္းကို ၾကည့္ေနျပန္သည္။
"အြန္းပါ ..အဝတ္အစားေတြလည္း မပါဘူး ေကာင္းေရာ.."
မေန႔ညက Hotelက ေပးတဲ့ အက်ီ ၤသာ ဝတ္ထားသည္က နွစ္ေယာက္လံုး အက်ီ ၤမ်ား ပါမလာပါ။ ၿပီးေတာ့ သုရဲ႕ ဖုန္းကလည္း တိုင္းလက္ထဲမွာ၊ ထိုကေလးက အိမ္နွင့္အဆက္အသြယ္လုပ္မည္စိုး၍ သု ဖုန္းကို အပိုင္စီးထားျပန္တယ္။
"receptionကို ဖုန္းဆက္ၿပီး ဝယ္ခိုင္းရင္ေရာ..."
"ဘာ...."
သု တကယ္ တိုင္းကို ၾကည့္ကာ ရီမိလိုက္သည္။
"ဘာရီတာလဲ..."
"အမေလး တိုင္းရယ္...receptionက အဲ့လိုလုပ္ေပးပါ့မလား
စဥ္းစားေလ ..သူတို႔က Hotel နဲ႔ ပတ္သတ္တာေတြပဲ လုပ္ေပးတာ ...ဟားဟား ..IQကလည္း နိမ့္လိုက္တာ.."
"မေနာ္....တိုင္းမွ မသိတာ...ဘာလို႔ ရီတာလည္း ရီအံုး.."
တိုင္း တစ္ေယာက္ သုရဲ႕ လက္ေမာင္းေတြကို လိုက္ကိုက္ေနျပန္သည္။ သုတို႔ ထံုးစံအတ္ုိင္း တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းနွီးသြားရင္ စစ္ပြဲေတြ ျဖစ္ေတာ့မွာ ျမင္ေယာင္မိသည္။
"ဖုန္းေပး ...မမွာ မႏၲေလးက သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ သူ႔ကို ဖုန္းဆက္လိုက္ၿပီး အကူအညီေတာင္းၾကည့္ၾကတာေပါ့ .."
ဖုန္းေတာင္းေတာ့ တိုင္းက သု႔ကို မယံုသကၤာၾကည့္ေနျပန္သည္။ သူကေလး စိတ္ထဲမွာ သု အိမ္ကို အဆက္အသြယ္လုပ္မွာ အေတာ္ေၾကာက္ေနသည့္ပံုပါပဲ။ ထိုပံုစံေၾကာင့္ သု ရင္ေတြနာရျပန္တယ္၊ သုသာ သူ႔ကို ထားခဲ့ၿပီး ထြက္သြားရန္ သူ ေသမ်ားေသသြားမလားပဲ။
"ေရာ႕..."
အက်ီၤ ၤဝတ္စရာပင္ မရွိေသာ အေျခအေနမို႔ တိုင္းေပးမွန္း သု သိသည္။ သု ဖုန္းကို သူမဆီက ယူလိုက္ၿပီး Contactထဲ ဝင္တာအ အစ သုရဲ႕ ေဘးမွာ မက္တပ္ရပ္ၾကည့္ေနျပန္တယ္။ သု လည္း ထိုင္လ်က္ပင္ သူမကို ေမာ့ၾကည့္ကာ သူမရဲ႕ ပါးေဖာင္းေဖာင္းေလးကို အျမန္နမ္းလိုက္သည္။သူမ ရုပ္တရက္ ေၾကာင္သြားကာ သု႔ကို ၿပံဳးျပၿပီး ၾကည့္ေနျပန္တယ္။
"ဟဲလို ..သံသာလား....
ေအး သံသာာအခု မႏၲေလးေရာက္ေနတာ
ဟုတ္တယ္ အခု ×××Hotelမွာ ..အျမန္လာခဲ့ပါေနာ္.."
ဖုန္းခ်လိုက္ေတာ့ ေဘးကေန သူမကေလးက သုရဲ႕ ဖုန္းကို ေစာင့္ဆြဲကာ လုသြားျပန္သည္။ၿပီးေတာ့ တိုင္းက ဖုန္းကို စားပြဲေပၚတင္၍ သု ဆီ လွမ္းလာကာ သုရဲ႕ ေပါင္ေပၚမွာ သူမက ထိုင္ၿပီး သုရဲ႕ ပါးခံုးေတြကို သိုင္းဖက္ျပန္သည္။ျပီးေတာ့ သု႔ ဝတ္ထားတဲ့ shower dressက ႀကိဳးေလးကို အသာေလး ျဖည္ကာ သု႔ကို ရီေဝေဝစိုက္ၾကည့္ျပန္သည္။
"ဘာေတြလုပ္ေနတာလဲ တိုင္း..."
"မကို ...အရသာခံခ်င္လို႔..."
သု ရဲ႕ မ်က္နွာမ်ာ ခရမ္းခ်ဥ္သီးလား ေအာက္ေမ့ေလာက္ေအာင္ ရဲသြားျပန္သည္။ တတ္ထိုင္ထားေသာ အျမန္ဖယ္ဖို႔ သူမရဲ႕ ဗိုက္သားေတြကို ဆြဲလိမ္လိုက္ေတာ့မွ....
"အား ...ဘာလုပ္တာလဲ မ..နာတယ္ လႊတ္.."
ထိုသို႔ လိမ္ဆြဲလိုက္ေတာ့မွ သူမက တိုင္းအေပၚက ဖယ္ေတာ့သည္။သုလည္း မ်က္ေစာင္းထိုးကာ 'ေသေသ'လို႔ေျပာလိုက္ေတာ့
သု ကို လ်ွာထုတ္ျပကာ ေျပာင္ေနေသးသည္။ မေန႔ညက သူမ မဟုတ္သည့္အတိုင္းပင္၊ တခါတေလ အျမင္ကပ္ဖို႔ ေကာင္းလြန္းသည္။ ထို႔ေၾကာင့္ နီးရာ ေခါင္းအံုးျဖင့္ သူမ ရွိရာကို ပစ္ေပါက္လိုက္ေတာ့ပါသည္။
_________________
"မေျပာမဆိုေနာ္...ဟဲ့ ပံုစံက ဘယ္လိုျဖစ္ရတာလဲ.."
"အဲ့တာပဲ...အဝတ္တထည္ ကိုယ္တစ္ခု အယ္ မဟုတ္ပါဘူး
ကိုယ္နွစ္ခုနဲ႔ ခရီးထြက္လာရတာ ပဲ သံသာေရ.."
သံသာက သုနဲ႔ ေက်ာင္းတတ္တုန္းက ခင္ခဲ့ေသာ Bffပင္။ သံသာက အခုဆို အိမ္ေထာင္က်တာ တစ္နွစ္ပင္ရွိေလၿပီ။ သုတို႔ေတြ မေတြ႕ျဖစ္ေပမယ့္ တခါတေလ အဆက္အသြယ္ေတာ့ ရွိသည္။ သံသာက သု႔ရဲ႕ ေဘးမွာ က်ံဳက်ံဳေလးထိုင္ေနတဲ့ တိုင္းကို ၾကည့္ကာ ဘယ္သူလဲေမးသည္။
"ဟီး ..ငါ့ညီမေလးေလ....လုပ္ပါဟ အျမန္ အဝတ္အစားဝယ္ေပးပါအံုး ...ၿပီးေတာ့ ဒီေန႔ ငါတို႔ကို နင့္အိမ္အလည္ေခၚပါ.."
"ေအးပါဟယ္..ဝယ္ေပးပါ့မယ္ အိမ္လည္း အလည္ေခၚမယ္ ဘုရားေတြလည္း လိုက္ပို႔မယ္ ..ေအးေဆးေနမွ ျပန္ေပါ့..မႏၲေလး က ရွိသမ်ွေနရာေတြ အကုန္လိုက္ပို႔မယ္ ငါ့တာဝန္ထား.."
သံသာ ရဲ႕ အက်င့္က စပ္စုတတ္တဲ့ သူလည္း မဟုတ္ေတာ့ ရွည္ရွည္ေဝးေဝး မေမးေတာ့ပဲ သုနဲ႔ တိုင္း အတြက္ အဝတ္အစားေတြ သြားဝယ္ေပးသည္။ သံသာ ဝယ္လာသည့္ အထဲမွ သုအတြက္ ခ်ည္ေဘာင္းဘီ ခပ္ပြပြနွင့္ ခပ္ပါးပါး အပြင့္ပါ အက်ီ ၤ တထည္ ေ႐ြးဝတ္လိုက္ကာ တိုင္းကေတာ့ သူ႔ရိုးရာမပ်က္ ဂ်င္းေဘာင္းဘီ အရွည္နွင့္ အေပၚကလည္း ဂ်င္းလက္ရွည္ ပြပြကို ထပ္ဝတ္ထားျပန္သည္။
ထို႔ေနာက္ Hotel မွာပဲ သံုးေယာက္သား မနက္စာ စားကာ
သံသာရဲ႕ အိမ္သို႔ လိုက္သြားခဲ့သည္။
____________________________
ပထမဆံုး သံသာ လိုက္ပို႔ေသာ ေနရာက မဟာျမတ္မုနိ ဘုရားႀကီးပင္။သုတို႔ေတြ ဘုရားဖူးၾက၊ စကားတေျပာေျပာနွင့္
တိုင္း တစ္ေယာက္က ေ႐ႊသကၤန္းကပ္ခ်င္သည္ ဟု ေျပာ၍
ဝယ္ကာ ဦးေလးႀကီး တစ္ေယာက္ကို အကူအညီေတာင္းၿပီး ကပ္ခိုင္းရသည္။
ဘုရား ရွိခိုးေနေသာ မကို တိုင္း တစ္ေယာက္ေဘးကေန အၾကာႀကီး ထိုင္ၾကည့္ေနျပန္သည္။ မက တစိမ့္စိမ့္ၾကည့္ေလ ပို၍ လွေသာ ဟူေသာ ပါရမီနွင့္ ျပည့္စံုေလသလား။
သု ဘုရားရွိခိုးၿပီး ေဘးက တစ္ေယာက္ကို ၾကည့္လိုက္ေတာ့ မသိမသာ သုနဲ႔ ဆန္႔က်င္ဘက္ လွည့္သြားတာ ေတြ႕ရသည္။
သု လည္း ၿပံဳးကာ တိုင္းရဲ႕ အနား နားကပ္ကာ ေလသံတိုးတိုးေလးျဖင့္ေျပာလိုက္သည္။
"ဘာလို႔ ခိုးၾကည့္ေနတာလဲ ေပၚတင္ၾကည့္ေလ..."
"ဟာ ..မကလည္း မၾကည့္ပါဘူး.."
ေဘးက သံသာ ပါ ပါလာသည္မို႔ သု အသည္းယားေသာ္လည္း ထိန္းကာ တိုင္းရဲ႕ လက္ေမာင္းေလးမ်ားကို တြဲခ်ိတ္ကာေစာင္းတန္းတိုင္း ေလ်ွာက္ခဲ့ေတာ့သည္။ ေစာင္းတန္းထဲမွာ ရွိတဲ့အမွတ္တရ အေရာင္းဆိုင္ေတြကို ၾကည့္ကာ သုတို႔ေတြ ေပ်ာ္ခဲ့ၾကသည္။ သုရဲ႕ လက္ကို ဆြဲဆြဲေခၚၿပီး ရိုက္ခိုင္းလိုက္သည့္ ဓာတ္ပံုေတြကလည္း တစ္လမ္းလံုးပင္။ ထိုအခိ်န္မွာ သု ေရွးဆက္ျဖစ္မယ့္ အရာကို ခဏ တာ ေမ့ထားေသာ္လည္း ျပန္သတိရမိတဲ့ အခ်ိန္တိုင္း သု ေၾကာက္ေနမိသည္။
"မ ...ဒီပဝါေလး လွတယ္မလား ..မဖို႔ ဝယ္ေပးမယ္.."
သု အႀကိဳက္ကို သိတတ္လြန္းေသာ သူမက ခရမ္းေရာင္ပဝါေလးကို သု႔အား ျပကာ ရီေမာေနသည္။ သူမကေလး အရမ္းေပ်ာ္ေနသည့္ပံုပါပဲ၊ ကေလးရဲ႕ မ်က္နွာေပၚက အႁပံဳးေတြ မေပ်ာက္ကြယ္သြားေအာင္ မ ကာကြယ္ေပးခ်င္တယ္၊ ဒါေပမယ့္ ကေလးရယ္၊
"သု...နင္ဘာေတြ လုပ္ေနတာလဲ ..."
သံသာက ေဘးခ်င္းကပ္ရပ္ေလ်ွာက္လာကာ သု႔ကို ခပ္ေအးေအးေျပာသည္။ တိုင္း တစ္ေယာက္ကေတာ့ ဟိုဆိုင္ၾကည့္ ဒီဆိုင္ၾကည့္နဲ႔ အလုပ္ရႈပ္ေနသည့္ပံုပါပဲ။
"ငါက ဘာလုပ္လို႔လည္း .."
"ငါ့ကို မလိမ္နဲ႔ သု..အန္တီသီတာ ဖုန္းဆက္တယ္သု.."
သုရဲ႕ ေျခလွမ္းေတြ တိခနဲ ရပ္တန္႔သြားခဲ့သည္။ ၿပီးေတာ့ သု စိုးရမ္တႀကီး မ်က္ဝန္းေတြနဲ႔ သံသာကို ၾကည့္မိေတာ့ သံသာက သု ႔ပါးခံုးေတြကို လာဆုပ္ကိုင္ေပးထားသည္။
"နင့္အေၾကာင္းကို ငါအသိဆံုးပါ သူငယ္ခ်င္း
နင္အဲ့လို သဘာဝ မက်တဲ့ အလုပ္ေတြကို မနွစ္သက္ဘူးေလ စဥ္းစားပါအံုးသုရယ္..နင့္အတြက္ နင္မစဥ္းစားရင္ေတာင္ ကေလးမေလးအတြက္ စဥ္းစားေလ ..ၿပီးေတာ့ နင့္အေမ၊ အဲ့ကေလးမေလး အေမ ၊ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈေတြ ကို နင့္အေမ ခံနိုင္မယ္ ထင္လား ကုန္ကုန္ေျပာမယ္ဟာ နင့္တို႔နွစ္ေယာက္ကို သေဘာတူမယ္ထင္လား သု..."
သု ရင္ထဲ ဆို႔နစ္ၿပီး နာက်င္လာရသည္။ အေရွ႕ကဆိုင္တန္းေလးမွာ ပစ္တိုင္းေထာင္ အရုပ္ေလးကို ၾကည့္ကာ ရီေမာေနတဲ့ ကေလးရဲ႕ အၿပံဳးေတြက အျပစ္ကင္းစင္လိုက္တာ၊ မဘာလို႔ အခုလို ဘဝ ထဲ ကေလးကို ဆြဲသြင္းမိပါလိမ့္။
"ငါ ....မသိေတာ့ဘူး သံသာရယ္
ငါေလ သူေပ်ာ္တာကို ျမင္ခ်င္တာပါ ..ငါဘာလုပ္ရမယ္ ငါမသ္ေတာ့ဘူး သံသာရယ္..."
"ျပန္ပို႔ေပးလိုက္ပါ သုရယ္ မိဘေတြ စိတ္ပူေနၾကၿပီေလ."
သု ပါးခံုးေလးကို အသာအယာ ပြတ္သတ္ၿပီး သံသာက ေျပာကာ ဆိုင္းတန္းေတြ ၾကည့္ေနသည္။ သု ကေတာ့ ေယာင္သြားကာ ေျခလက္ေတြေအးစက္ေနေလၿပီ။ သုရင္ထဲမွာ အဆံုးရႈံးမခံနိုင္ ျခင္းဆိုေသာ အတၱက စိုးမိုးေနေသာ္လည္း သုရဲ႕ တာဝန္သိတတ္မႈ ဆိုေသာ စိတ္က အနိုင္ယူေနျပန္သည္။
"မ လာေလ ...ဘာလုပ္ေနတာလဲ...ေက်ာက္ေတာ္ႀကီးဘုရားပြဲက စည္တယ္ေျပာတယ္ ..သြားရေအာင္ေနာ္.."
သု ခပ္ၿပံဳးၿပံဳးေလးပဲ ေခါင္းညိမ့္လိုက္ေပမယ့္ သု႔စိတ္ထဲမွာ သုရဲ႕ ရင္ထဲမွာ ပူေလာင္ေနေလၿပီ။ မ မင္းကို မစြန္႔လႊတ္နိုင္ဘူး တိုင္းရယ္ ၊ မ ဘာဆက္လုပ္ရမလဲ ၊ အတၲႀကီးၿပီး မင္းကို ဆြဲထားခ်င္ေသးတယ္။
____________
Unicode_
ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(17)
***********************************
မနက်အိပ်ယာနိုးသော တိုင်းရဲ့ ရင်ခွင်သေးသေးလေးထဲမှာ အိပ်ပျော်နေသော မ ကို တိုင်း တစိမ့်စိမ့်ကြည့်နေမိသည်။ဆံနွယ် လေးများက စိမ်းဖန့်ဖန့်သွေးကြောများ ယှက်နေသော ပါးနုနုပေါ် ဖျာကျနေပုံက အသည်းယားစရာကောင်းလှသည်။ ပြီးတော့ ထိုနှုတ်ခမ်းပါးပါးလေးတွေ ရဲနေပုံက တိုင်း တံတွေးကို မြိုချမိလိုက်သည်။ အသည်းယားလွန်းလို့ နှာခေါင်းထိပ်လေးဖြင့် မရဲ့ ပါးပြင်ကို မထိတထိ ကျယ်စယ်နေတော့သည်။ပြီးတော့ တိုင်းရဲ့ လက်လေးတွေက သုရဲ့ ခါးကို တင်းကြပ်စွာ ဖက်ထားလျက်။
"ဘာလုပ်နေတာလဲ တိုင်းရဲ့ .."
အိပ်ချင်မူးတူးအသံလေးက တိုင်းကို ပို၍ ပင် အသည်းယားစေပြန်သည်။ ဘာပဲပြောပြော အခုဘေးက မဆိုသော လူသားက တိုင်းရဲ့ အပိုင်ဖြစ်နေပြီလေ။ ဘာကြောင့်နဲ့မှ မရဲ့ လက်မလွှတ်တော့ဘူး တိုင်း ဆုံးဖြတ်လိုက်ပြီ၊ သို့ပေမယ့် မရဲ့ စိတ်ကို အခုထိတိုင်း မခန့်မှန်းနိုင်ပါဘူး။
"အသည်းယားလို့ ..."
တိုင်း မှေးထောက်လျင်ပင် မကို တဝကြီးစိုက်ကြည့်နေမိပြန်သည်။
မက မျက်လုံးလေး မပွင့်တပွင့်နဲ့ တိုင်းကို ပြန်ကြည့်ကာ တိုင်းရဲ့ ကိုယ်လေးကို ဆွဲယူကာ သူ့ရဲ့ရင်ခွင်ထဲ ဖက်ထားပြန်သည်။မရဲ့ ကိုယ်သင်းရနံ့ သင်းသင်းလေးကို တိုင်း ဘယ်တော့မှာ မေ့လို့မရသော အမှတ်တရတစ်ခုပင်။
"နာနေသေးလား နောက်ကျောက ကုတ်ရာတွေလေ.."
တိုင်း မရဲ့ ရင်ခွင်ထဲကနေ မျက်နှာလေးကို ကြည့်ကာမေးလိုက်တော့ သူမက မျက်လုံးပင်မဖွင့်နိုင်သေးပဲ ခေါင်းယမ်းပြသည်။ မ တစ်ယောက် အခုမှ ရှက်နေသည့်ပုံပါပဲ။
"မ.."
တိုင်း သူမရင်ခွင်ထဲက ရုန်းထွက်လိုက်ကာ ခေါ်လိုက်ပေမယ့် မထူးသေးပင်။ ပြန်များ အိပ်သွားသည် ပြန်တာလား။
"မ ..."
"အွန်း...."
"ထတော့ပါဆို...ဘုရားသွားဖူးမယ်လေ....နော်.."
မက အိပ်ချင်မူးတူးဖြင့် ထကာ တိုင်းကို ကြည့်နေပြန်သည်။
"အွန်းပါ ..အဝတ်အစားတွေလည်း မပါဘူး ကောင်းရော.."
မနေ့ညက Hotelက ပေးတဲ့ အကျီ င်္သာ ဝတ်ထားသည်က နှစ်ယောက်လုံး အကျီ င်္များ ပါမလာပါ။ ပြီးတော့ သုရဲ့ ဖုန်းကလည်း တိုင်းလက်ထဲမှာ၊ ထိုကလေးက အိမ်နှင့်အဆက်အသွယ်လုပ်မည်စိုး၍ သု ဖုန်းကို အပိုင်စီးထားပြန်တယ်။
"receptionကို ဖုန်းဆက်ပြီး ဝယ်ခိုင်းရင်ရော..."
"ဘာ...."
သု တကယ် တိုင်းကို ကြည့်ကာ ရီမိလိုက်သည်။
"ဘာရီတာလဲ..."
"အမလေး တိုင်းရယ်...receptionက အဲ့လိုလုပ်ပေးပါ့မလား
စဉ်းစားလေ ..သူတို့က Hotel နဲ့ ပတ်သတ်တာတွေပဲ လုပ်ပေးတာ ...ဟားဟား ..IQကလည်း နိမ့်လိုက်တာ.."
"မနော်....တိုင်းမှ မသိတာ...ဘာလို့ ရီတာလည်း ရီအုံး.."
တိုင်း တစ်ယောက် သုရဲ့ လက်မောင်းတွေကို လိုက်ကိုက်နေပြန်သည်။ သုတို့ ထုံးစံအတ်ိုင်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးသွားရင် စစ်ပွဲတွေ ဖြစ်တော့မှာ မြင်ယောင်မိသည်။
"ဖုန်းပေး ...မမှာ မန္တလေးက သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့ကို ဖုန်းဆက်လိုက်ပြီး အကူအညီတောင်းကြည့်ကြတာပေါ့ .."
ဖုန်းတောင်းတော့ တိုင်းက သု့ကို မယုံသင်္ကာကြည့်နေပြန်သည်။ သူကလေး စိတ်ထဲမှာ သု အိမ်ကို အဆက်အသွယ်လုပ်မှာ အတော်ကြောက်နေသည့်ပုံပါပဲ။ ထိုပုံစံကြောင့် သု ရင်တွေနာရပြန်တယ်၊ သုသာ သူ့ကို ထားခဲ့ပြီး ထွက်သွားရန် သူ သေများသေသွားမလားပဲ။
"ရော့..."
အကျီင်္ င်္ဝတ်စရာပင် မရှိသော အခြေအနေမို့ တိုင်းပေးမှန်း သု သိသည်။ သု ဖုန်းကို သူမဆီက ယူလိုက်ပြီး Contactထဲ ဝင်တာအ အစ သုရဲ့ ဘေးမှာ မက်တပ်ရပ်ကြည့်နေပြန်တယ်။ သု လည်း ထိုင်လျက်ပင် သူမကို မော့ကြည့်ကာ သူမရဲ့ ပါးဖောင်းဖောင်းလေးကို အမြန်နမ်းလိုက်သည်။သူမ ရုပ်တရက် ကြောင်သွားကာ သု့ကို ပြုံးပြပြီး ကြည့်နေပြန်တယ်။
"ဟဲလို ..သံသာလား....
အေး သံသာာအခု မန္တလေးရောက်နေတာ
ဟုတ်တယ် အခု ×××Hotelမှာ ..အမြန်လာခဲ့ပါနော်.."
ဖုန်းချလိုက်တော့ ဘေးကနေ သူမကလေးက သုရဲ့ ဖုန်းကို စောင့်ဆွဲကာ လုသွားပြန်သည်။ပြီးတော့ တိုင်းက ဖုန်းကို စားပွဲပေါ်တင်၍ သု ဆီ လှမ်းလာကာ သုရဲ့ ပေါင်ပေါ်မှာ သူမက ထိုင်ပြီး သုရဲ့ ပါးခုံးတွေကို သိုင်းဖက်ပြန်သည်။ပြီးတော့ သု့ ဝတ်ထားတဲ့ shower dressက ကြိုးလေးကို အသာလေး ဖြည်ကာ သု့ကို ရီဝေဝေစိုက်ကြည့်ပြန်သည်။
"ဘာတွေလုပ်နေတာလဲ တိုင်း..."
"မကို ...အရသာခံချင်လို့..."
သု ရဲ့ မျက်နှာမျာ ခရမ်းချဉ်သီးလား အောက်မေ့လောက်အောင် ရဲသွားပြန်သည်။ တတ်ထိုင်ထားသော အမြန်ဖယ်ဖို့ သူမရဲ့ ဗိုက်သားတွေကို ဆွဲလိမ်လိုက်တော့မှ....
"အား ...ဘာလုပ်တာလဲ မ..နာတယ် လွှတ်.."
ထိုသို့ လိမ်ဆွဲလိုက်တော့မှ သူမက တိုင်းအပေါ်က ဖယ်တော့သည်။သုလည်း မျက်စောင်းထိုးကာ 'သေသေ'လို့ပြောလိုက်တော့
သု ကို လျှာထုတ်ပြကာ ပြောင်နေသေးသည်။ မနေ့ညက သူမ မဟုတ်သည့်အတိုင်းပင်၊ တခါတလေ အမြင်ကပ်ဖို့ ကောင်းလွန်းသည်။ ထို့ကြောင့် နီးရာ ခေါင်းအုံးဖြင့် သူမ ရှိရာကို ပစ်ပေါက်လိုက်တော့ပါသည်။
_________________
"မပြောမဆိုနော်...ဟဲ့ ပုံစံက ဘယ်လိုဖြစ်ရတာလဲ.."
"အဲ့တာပဲ...အဝတ်တထည် ကိုယ်တစ်ခု အယ် မဟုတ်ပါဘူး
ကိုယ်နှစ်ခုနဲ့ ခရီးထွက်လာရတာ ပဲ သံသာရေ.."
သံသာက သုနဲ့ ကျောင်းတတ်တုန်းက ခင်ခဲ့သော Bffပင်။ သံသာက အခုဆို အိမ်ထောင်ကျတာ တစ်နှစ်ပင်ရှိလေပြီ။ သုတို့တွေ မတွေ့ဖြစ်ပေမယ့် တခါတလေ အဆက်အသွယ်တော့ ရှိသည်။ သံသာက သု့ရဲ့ ဘေးမှာ ကျုံကျုံလေးထိုင်နေတဲ့ တိုင်းကို ကြည့်ကာ ဘယ်သူလဲမေးသည်။
"ဟီး ..ငါ့ညီမလေးလေ....လုပ်ပါဟ အမြန် အဝတ်အစားဝယ်ပေးပါအုံး ...ပြီးတော့ ဒီနေ့ ငါတို့ကို နင့်အိမ်အလည်ခေါ်ပါ.."
"အေးပါဟယ်..ဝယ်ပေးပါ့မယ် အိမ်လည်း အလည်ခေါ်မယ် ဘုရားတွေလည်း လိုက်ပို့မယ် ..အေးဆေးနေမှ ပြန်ပေါ့..မန္တလေး က ရှိသမျှနေရာတွေ အကုန်လိုက်ပို့မယ် ငါ့တာဝန်ထား.."
သံသာ ရဲ့ အကျင့်က စပ်စုတတ်တဲ့ သူလည်း မဟုတ်တော့ ရှည်ရှည်ဝေးဝေး မမေးတော့ပဲ သုနဲ့ တိုင်း အတွက် အဝတ်အစားတွေ သွားဝယ်ပေးသည်။ သံသာ ဝယ်လာသည့် အထဲမှ သုအတွက် ချည်ဘောင်းဘီ ခပ်ပွပွနှင့် ခပ်ပါးပါး အပွင့်ပါ အကျီ င်္ တထည် ရွေးဝတ်လိုက်ကာ တိုင်းကတော့ သူ့ရိုးရာမပျက် ဂျင်းဘောင်းဘီ အရှည်နှင့် အပေါ်ကလည်း ဂျင်းလက်ရှည် ပွပွကို ထပ်ဝတ်ထားပြန်သည်။
ထို့နောက် Hotel မှာပဲ သုံးယောက်သား မနက်စာ စားကာ
သံသာရဲ့ အိမ်သို့ လိုက်သွားခဲ့သည်။
____________________________
ပထမဆုံး သံသာ လိုက်ပို့သော နေရာက မဟာမြတ်မုနိ ဘုရားကြီးပင်။သုတို့တွေ ဘုရားဖူးကြ၊ စကားတပြောပြောနှင့်
တိုင်း တစ်ယောက်က ရွှေသင်္ကန်းကပ်ချင်သည် ဟု ပြော၍
ဝယ်ကာ ဦးလေးကြီး တစ်ယောက်ကို အကူအညီတောင်းပြီး ကပ်ခိုင်းရသည်။
ဘုရား ရှိခိုးနေသော မကို တိုင်း တစ်ယောက်ဘေးကနေ အကြာကြီး ထိုင်ကြည့်နေပြန်သည်။ မက တစိမ့်စိမ့်ကြည့်လေ ပို၍ လှသော ဟူသော ပါရမီနှင့် ပြည့်စုံလေသလား။
သု ဘုရားရှိခိုးပြီး ဘေးက တစ်ယောက်ကို ကြည့်လိုက်တော့ မသိမသာ သုနဲ့ ဆန့်ကျင်ဘက် လှည့်သွားတာ တွေ့ရသည်။
သု လည်း ပြုံးကာ တိုင်းရဲ့ အနား နားကပ်ကာ လေသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။
"ဘာလို့ ခိုးကြည့်နေတာလဲ ပေါ်တင်ကြည့်လေ..."
"ဟာ ..မကလည်း မကြည့်ပါဘူး.."
ဘေးက သံသာ ပါ ပါလာသည်မို့ သု အသည်းယားသော်လည်း ထိန်းကာ တိုင်းရဲ့ လက်မောင်းလေးများကို တွဲချိတ်ကာစောင်းတန်းတိုင်း လျှောက်ခဲ့တော့သည်။ စောင်းတန်းထဲမှာ ရှိတဲ့အမှတ်တရ အရောင်းဆိုင်တွေကို ကြည့်ကာ သုတို့တွေ ပျော်ခဲ့ကြသည်။ သုရဲ့ လက်ကို ဆွဲဆွဲခေါ်ပြီး ရိုက်ခိုင်းလိုက်သည့် ဓာတ်ပုံတွေကလည်း တစ်လမ်းလုံးပင်။ ထိုအချိန်မှာ သု ရှေးဆက်ဖြစ်မယ့် အရာကို ခဏ တာ မေ့ထားသော်လည်း ပြန်သတိရမိတဲ့ အချိန်တိုင်း သု ကြောက်နေမိသည်။
"မ ...ဒီပဝါလေး လှတယ်မလား ..မဖို့ ဝယ်ပေးမယ်.."
သု အကြိုက်ကို သိတတ်လွန်းသော သူမက ခရမ်းရောင်ပဝါလေးကို သု့အား ပြကာ ရီမောနေသည်။ သူမကလေး အရမ်းပျော်နေသည့်ပုံပါပဲ၊ ကလေးရဲ့ မျက်နှာပေါ်က အပြုံးတွေ မပျောက်ကွယ်သွားအောင် မ ကာကွယ်ပေးချင်တယ်၊ ဒါပေမယ့် ကလေးရယ်၊
"သု...နင်ဘာတွေ လုပ်နေတာလဲ ..."
သံသာက ဘေးချင်းကပ်ရပ်လျှောက်လာကာ သု့ကို ခပ်အေးအေးပြောသည်။ တိုင်း တစ်ယောက်ကတော့ ဟိုဆိုင်ကြည့် ဒီဆိုင်ကြည့်နဲ့ အလုပ်ရှုပ်နေသည့်ပုံပါပဲ။
"ငါက ဘာလုပ်လို့လည်း .."
"ငါ့ကို မလိမ်နဲ့ သု..အန်တီသီတာ ဖုန်းဆက်တယ်သု.."
သုရဲ့ ခြေလှမ်းတွေ တိခနဲ ရပ်တန့်သွားခဲ့သည်။ ပြီးတော့ သု စိုးရမ်တကြီး မျက်ဝန်းတွေနဲ့ သံသာကို ကြည့်မိတော့ သံသာက သု့ ပါးခုံးတွေကို လာဆုပ်ကိုင်ပေးထားသည်။
"နင့်အကြောင်းကို ငါအသိဆုံးပါ သူငယ်ချင်း
နင်အဲ့လို သဘာဝ မကျတဲ့ အလုပ်တွေကို မနှစ်သက်ဘူးလေ စဉ်းစားပါအုံးသုရယ်..နင့်အတွက် နင်မစဉ်းစားရင်တောင် ကလေးမလေးအတွက် စဉ်းစားလေ ..ပြီးတော့ နင့်အမေ၊ အဲ့ကလေးမလေး အမေ ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ ကို နင့်အမေ ခံနိုင်မယ် ထင်လား ကုန်ကုန်ပြောမယ်ဟာ နင့်တို့နှစ်ယောက်ကို သဘောတူမယ်ထင်လား သု..."
သု ရင်ထဲ ဆို့နစ်ပြီး နာကျင်လာရသည်။ အရှေ့ကဆိုင်တန်းလေးမှာ ပစ်တိုင်းထောင် အရုပ်လေးကို ကြည့်ကာ ရီမောနေတဲ့ ကလေးရဲ့ အပြုံးတွေက အပြစ်ကင်းစင်လိုက်တာ၊ မဘာလို့ အခုလို ဘဝ ထဲ ကလေးကို ဆွဲသွင်းမိပါလိမ့်။
"ငါ ....မသိတော့ဘူး သံသာရယ်
ငါလေ သူပျော်တာကို မြင်ချင်တာပါ ..ငါဘာလုပ်ရမယ် ငါမသ်တော့ဘူး သံသာရယ်..."
"ပြန်ပို့ပေးလိုက်ပါ သုရယ် မိဘတွေ စိတ်ပူနေကြပြီလေ."
သု ပါးခုံးလေးကို အသာအယာ ပွတ်သတ်ပြီး သံသာက ပြောကာ ဆိုင်းတန်းတွေ ကြည့်နေသည်။ သု ကတော့ ယောင်သွားကာ ခြေလက်တွေအေးစက်နေလေပြီ။ သုရင်ထဲမှာ အဆုံးရှုံးမခံနိုင် ခြင်းဆိုသော အတ္တက စိုးမိုးနေသော်လည်း သုရဲ့ တာဝန်သိတတ်မှု ဆိုသော စိတ်က အနိုင်ယူနေပြန်သည်။
"မ လာလေ ...ဘာလုပ်နေတာလဲ...ကျောက်တော်ကြီးဘုရားပွဲက စည်တယ်ပြောတယ် ..သွားရအောင်နော်.."
သု ခပ်ပြုံးပြုံးလေးပဲ ခေါင်းညိမ့်လိုက်ပေမယ့် သု့စိတ်ထဲမှာ သုရဲ့ ရင်ထဲမှာ ပူလောင်နေလေပြီ။ မ မင်းကို မစွန့်လွှတ်နိုင်ဘူး တိုင်းရယ် ၊ မ ဘာဆက်လုပ်ရမလဲ ၊ အတ္တကြီးပြီး မင်းကို ဆွဲထားချင်သေးတယ်။
____________