မွေ့ကေသာ / ေမြ႔ေကသာ [ Uni/Zaw...

De JuneRose15

7.4K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... Mais

😁
အခန်း ၁ ( က )
အခန္း ၁ ( က ) Zawgyi
about my writing 😊
အခန်း ၁ ( ခ )
အခန္း ၁ ( ခ ) Zawgyi
Characters
Characters [Zawgyi]
Announcement!
အခန်း ( ၂ )
အခန္း ( ၂ ) Zawgyi
June's Note
အခန်း ( ၃ )
အခန္း ( ၃ ) Zawgyi
အခန်း ( ၄ )
အခန်း ( ၄ ) Zawgyi
အခန်း ( ၅ ) Zawgyi
အခနျး ( ၆ )
အခန်း ( ၆ ) Zawgyi
အခနျး ( ၇ )
အခန်း ( ၇ ) Zawgyi
HELLO!!!!
အခနျး ( ၈ )
အခန်း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခနျး ( ၉ )
အခန်း ( ၉ ) Zawgyi
အခနျး ( ၁၀ )
အခန်း ( ၁၀ ) Zawgyi

အခန်း ( ၅ )

156 12 2
De JuneRose15

~~ စောသံမုံ ပြောပြတတ်သည့် ဟံသာဝတီနန်းတွင်းရေးရာ အရှုပ်အထွေးများ ~~

ဗညားနွဲ့ အရှင့်သား၏ တာဝန်ကို ထမ်ဆောင်နေရင်း မမျှော်လင့်ဘဲ ဒဏ်ရာ ရလာကာ မိန်းမပျိုလေး တစ်ဦး၏ နေအိမ်မှာ သောင်တင်နေရသဖြင့် စောသံမုံကာ အားတုံ့အားနာ ဖြစ်နေပေသည်။ ကျေးဇူးလည်း အထပ်ထပ် တင်ရသလို၊ မိမိမှာလည်း ဆွေမျိုးသားချင်း မရှိခဲ့သည့် တစ်ကောင်ကြွက် ဘဝမို့....  ယခု သူနှင့် ဘဝတူ "မွေ့ကေသာ" ဆိုသော အနှီ မိန်းမပျိုကို သနားကရုဏာ သက်မိနေပြန်သည်......။

နာဖျားနေသည့် သူ့ကို ပြုစုစောင့်ရှောက်ပေးရတာမို့ ပင်ပန်းတာကော၊ သမားတော်ပင့်၊  လူမမာစာ ချက်ပြုတ် ကျွေးမွေးနေရတာကြောင့် ငွေကြေးတွေ အကုန်အကျ များပေမည်။ သို့သော် မွေ့ကေသာကား တစ်ချက် မညည်း။ ငြူ စူစောင့်အောင့်ခြင်း၊ မကြည်ဖြူ ခြင်းတွေလည်း မပြပေ...။ ဒက္ခရောက်နေသူကို ကယ်ဆယ်ရတာ ကုသိုလ်ရသည်ဟုပင် တွေးဟန်တူသည်........။

စောသံမုံမှာ တဖြည်းဖြည်းနှင့် သက်သာလာပေပြီ။ ဒဏ်ရာတို့လည်း ကျက်စပြု ပြီ၊ လူလည်း အဖျားမဝင်တော့..။ ထို့ကြောင့် ကေသာ့ ခြံဝန်းလေးထဲမှာပင် ဟိုဟိုသည်သည် လမ်းလျှောက်ကြည့်သည်။ သစ်ပင် ခြေရင်းက ရွက်ကြွေတို့ကို လှည်းကျင်းကာ မီးရှို့မည်။

ထို့နောက် ပေါင်းမြက်တို့ကို ရှင်းကာ၊ ခပ်နဲ့နဲ့ ဖြစ်နေသော  ခြံစည်းရိုးတိုင်တို့ကို ပြင်ပေးသည်......။ ကေသာက "အေးဆေးလေး နေပါ၊ ဒဏ်ရာတွေ အရှင်း ပျောက်အောင် အငြိမ်နေပါအုံး" ပြောလည်း မရပေ။ ခြံအလုပ်တွေ တစ်ခု မဟုတ် တစ်ခု လုပ်ပေးနေသည်သာ....။

စောသံမုံ သက်သာလာသဖြင့် ကေသာလည်း ပန်းရောင်း ပြန်ထွက်ဖြစ်သည်။ မော်ဓော စေတီ ရင်ပြင်ထက်က ပန်းသည်မလေး မွေ့ကေသာကို မျှော်နေကြသူတွေလည်း မနည်းလှ။ ပတ်ဝန်းကျင်ကရော၊ ပန်းဝယ်နေကျ ဘုရားဖူးတွေ ကရော.. ကေသာ စေတီ ရင်ပြင်ပေါ် ပြန်ရောက်သည်နှင့် ဝိုင်းအုံကာ 'ပန်းရောင်းမထွက်ဖြစ်သည့် နေ့တွေအကြောင်း' မေးကြသဖြင့် ကေသာ့မှာ စောသံမုံ အကြောင်း ပြောပြရပြန်သည်ပင်.....။

မွေ့ကေသာကား မနက်ခင်းတွင် ပန်းရောင်းထွက်မည်။ နေ့လယ်ဖက်ဆိုလျှင် အိမ်ပြန်လာပြီး အခါတိုင်းလိုပင် နောက်ရက်အတွက် ရောင်းစရာ ပန်းတွေ ခူးတန် ခူး၊ သီတန် သီမည်။ အိမ်နီးနားဝန်းကျင်မှ ကလေးငယ်တွေနှင့် ပျော်မွေ့စရာ ကေသာ့ အိမ်ကလေးတွင် ထပ်တိုးလာသူကား စောသံမုံ ဆိုသည့် အနှီ ယောကျ်ားပျို ပင်...။

စောသံမုံကား ကေသာ့အပေါ် နှမလေးလိုလည်း စောင့်ရှောက်ပေးသည်။ သို့သော် ဆွေမျိုး မတော်စပ်ပါသည့်  သူစိမ်းနှစ်ယောက် တစ်အိမ်ထဲ အတူတူ နေတာ ကြာလာတာ့ သံယောဇဉ် နွယ်တို့က တဖြည်းဖြည်းနဲ့ ရစ်ပတ်လာတော့သည်....။

ညချမ်း အခါတွေမှာတော့ မွေ့ကေသာ့ အိမ်မှာ ရွာဦးကျောင်း ဆရာတော်၊ ရပ်ရွာလူကြီး နှင့်တကွ တခြားသော လူကြီးသူမတို့ စုဝေးနေတော့သည်။ သူတို့ကား စောသံမုံဆီသို့ လာကြခြင်းဖြစ်သည်။ သူပြောပြသည့် ဟံသာဝတီ နန်းတွင်းရေးတွေကို နားထောင်ရင်း၊ နန်းတော်ထဲမှ ပုလ္လင်လုပွဲတွေအကြောင်း ဆွေးနွေးကြရင်း နိုင်ငံ့အရေးတွေ တိုင်ပင်ကြ၊ သိချင်တာ ဆွေးနွေးကြသည်ပင်.....။

ကေသာတို့ အရပ်ဒေသမှာ ဗညားနွဲ့ အရှင့်သားကို ကြည်ညိုလေးစားကြသူတွေ များလှသည်။ အရှင့်သားသည် ခမည်းတော်၏ အမျက် သိုမှုကြောင့် နန်းတွင်မှာသာ မျက်နှာငယ်ချင် ငယ်နေရမည်၊ တိုင်းသူပြည်သား လူအများကတော့ ချစ်ကြ၊ လေးစားကြသည်ပင်.......။

ဟံသာဝတီ နန်းတွင်းကား သပွတ်အူပမာ လိမ်ယှက် ရှုပ်ထွေးလျက်..။ ဆင်ဖြူရှင် ဗညားဦးသည် သမီးတော် "တလမေသီရိ" မင်းသမီးကို ချစ်ကြည်ရေး ပဏ္ဏာတော်အဖြစ် ဇင်းမယ်မင်းကို ဆက်သ ထားရသည်။ ဇင်းမယ်မင်းကား မင်းသမီးကို မျက်နှာသာ မပေး။

တိုင်းတစ်ပါးတွင် မင်းသမီးခမျာ မျက်နှာငယ်နေရရှာ၍ ဟံသာဝတီကို ပြန်လာချင်ကြောင်း ခမည်းတော်ကို စာလွှာပို့ဆက်သည်။ ဇင်းမယ်နှင့် ဟံသာဝတီ ချစ်ကြည်ရေး တင်းမာနေချိန်တွင် ဆင်ဖြူရှင် ဗညားဦးက  အမတ်တို့ကို "ရွှေ ဆယ်ခွက် နှင့် ဆင်ပေါက် ငါးစီး" ဇင်းမယ်မင်းထံ ပဏ္ဏာတော် ဆက်စေပြီး မင်းသမီးကို ပြန်ရွေးယူစေခဲ့သည်...။

အဆိုပါ သမီးတော်ကို ဗညားဦးက အမတ်တစ်ဦး၏ သားဖြစ်သူ " သမိန် မရူး" နှင့် ပြန်လည် မြန်းပေးရန် စီစဉ်ထားပြန်သည်။ မင်းကြီးကိုးကွယ်သော ဆရာတော်ကို 'သမိန် မရူး' က တလမေသီရိ မင်းသမီးကို လိုချင်ကြောင်း လျှောက်တင်ပူဆာသဖြင့် 'မရူး'ကား မင်းဆရာကျေးဇူးကြောင့် ဘုရင့်သမက် ဖြစ်လာသည်သာ......။

ဆင်ဖြူရှင်ဗညားဦးရဲ့ ညီမတော် "မဟာဒေဝီ" မှာ လျှာစောင်း ထက်သည့်အပြင် ရာဇမာန် တက်ပြီး အလွန်ပင် မာနကြီးကြောင်း နန်းတွင်းမှာသာမက၊ ပြည်သူများကြားထဲမှာပါ သတင်းကြီးလှသည်။ ဗညားဦးကလည်း ညီမတော်ကို အလွန် မျက်နှာသာ ပေးသည်။

နန်းတွင်းထဲမှာ ဆင်ဖြူရှင် ဗညားဦး ကြည်ဖြူသည့် သားတော်၊ သမီးတော် တွေက တစ်ဂိုဏ်း၊ ညီမတော် မဟာဒေဝီက တစ်ဂိုဏ်း၊ ဗညားနွဲ့ မင်းသားဖက်က တစ်ဂိုဏ်း.....စသည်ဖြင့်  ဆွေတော်မျိုးတော်တွေ ကြားထဲမှာပင် ဂိုဏ်းသုံးခု ကွဲနေလေပြီ။

ကေသာတို့ အရပ်သူ၊ အရပ်သားတွေခမျာ နန်းတွင်းမြို့စောင့်တပ်သား စောသံမုံ၏ ပြောပြချက်များကြောင့် လက်ရှိ နန်းတွင်းအရေးတွေကို ပိုသိလာကြရသည်။ ဗညားနွဲ့ အရှင့်သားကိုလည်း ပိုပြီး ကြည်ညို၊ လေးစား လာကြသည်....။

============================

June's Note:: "ရွှေ ဆယ်ခွက်" ဆိုတာ ရေဖလား မဟုတ်ဘဲ 'ရွှေသား အချိန် ၁၀' ကို ပြောတာပါ လို့။ သမိုင်းကြောင်းကို နောက်ခံထားရေးတာမို့ ကိုယ့် ficက ပျင်းစရာကြီး ဖြစ်နေရင်လည်း အားနာပါတယ်နော်။ ပြီးတော့ နောက် ၂ရက်နေရင် ပြန်တွေ့မယ်ဆိုပြီး ၆ရက်တောင် ပျောက်သွားမိလို့ မျှော်နေတဲ့သူများရှိရင် June အရမ်း အားနာပါတယ်ရှင့်😅။ အလုပ်တွေ ရှုပ်နေတာရယ်၊ စာရေးဖို့ ဘယ်လိုမှ မုဒ် မဝင်တာရယ် ကြောင့်ပါ 😁😁။

ရက်ကြာနေလို့ Update လာတောင်းတဲ့ ဟို မမလေး ရေ၊ ကေသာ ပြန်လာပြီရှင့်! ဒီက ငပျင်းမကို အခုလိုလေးတွေ စာရေးဖြစ်အောင် တွန်းအား လာပေးတာလည်း ကျေးဇူးတင်ပါတယ်နော်💙💙💙။ နောက်အပိုင်းတွေလည်း လာမည်၊ ကြာမည် ပါရှင့် 😸🙊။

#မွေ့ကေသာ_ပြန်လာပါပြီရှင့်!

See u again after 2 days 😉!

Thank u for reading my fic 💙!

If u enjoy reading this chapter..., plz vote!😇

Stay @ home & take care of ur health pr naw readers.... 🌼!!!!

By #JuneRose 🥀

‌23/4/20.         Thur.            9:50 p.m

Continue lendo

Você também vai gostar

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...