ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာအတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(16)
************************************
ဘယ္လိုုလုပ္ရမလဲ ၊ တိုင္း ထြက္ေျပးလာခဲ့ၿပီ မ၊ ေနာက္ဆံုးအႀကိမ္အျဖစ္ မ သာ လာမေခၚရင္ တိုင္း ကိုယ့္ကိုကိုယ္ အဆံုးစီရင္မယ္၊ တိုင္း ေသပစ္ေတာ့မယ္။ မခ်စ္မနွစ္သက္တဲ့ လူနဲ႔ တစ္ဘဝ လံုး အတူေနသြားရမယ့္ ဒုကၡက ဘယ္ေလာက္ႀကီးတယ္ ဆိုတာ တိုင္းသိတယ္၊ ၿပီးေတာ့ တိုင္းရဲ႕ ေဖေဖလို ေနာက္အိမ္ေထာင္ေဖာက္ျပန္ၿပီး တိုင္းကို ထားသြားရင္ ေမေမ့လို တစ္လုလပ္အျဖစ္တိုင္း မက်န္ေနခ်င္ဘူး။ေက်းဇူးျပဳၿပီး ဖုန္းကိုင္ပါေနာ္။
ကားကို လမ္းေဘး ဝဲယာသို႔ တိုင္း ရပ္လိုက္သည္။
"ဟဲလို ...တိုင္း..မဂၤလာအခ်ိန္နီးေနၿပီမဟုတ္လား..."
"မ ...တိုင္းကို လာေခၚပါ...မ လာမေခၚရင္ တိုင္း ကိုယ္ကိုကိုယ္ သတ္ေသေတာ့မယ္.."
"မင္း ဘာေတြ လုပ္ေနတာလဲ . အခု မင္းဘယ္မွာလဲ..
ဘာမွ မလုပ္ရဘူးေနာ္ မ အခုပဲ လာခဲ့မယ္.."
တိုင္း ဖုန္းခ်လိုက္ကာ အံ့က်ိတ္ၿပီး ငိုမိလိုက္သည္။ တိုင္းကို တကယ္ခ်စ္တယ္ဆိုရင္ မ ရွာနိုင္မွာပါ။ အိမ္က လူေတြ လာမေခၚခင္ မ အျမန္ဆံုး ေရာက္မယ္လို႔ တိုင္း ေမ်ွာ္လင့္ပါတယ္။
___________
ဖုန္းခ်သြားေပမယ့္ တည္ေနရာ ေျပာမသြားေသာေၾကာင့္ သု လက္ဖ်ားေတြ ေအးစက္ကာ ေခါင္းတစ္ခုလံုး ကိုက္သြားရသည္။ ကေလးရယ္ ဘာေတြ ေလ်ွာက္လုပ္ေနရတာလဲ၊ မ တကယ္စိတ္ပူလာၿပီ။ ဖုန္းရဲ႕ တည္ေနရာကို Google map အတိုင္းၾကည့္လိုက္ေတာ့ အေဝးေျပးလမ္းဘက္မွာ ျဖစ္သည္။
သုလည္း ပိုက္ဆံအိတ္နွင့္ကားေသာ့ကို အျမန္ယူကာ အိမ္ေပၚက ေျပးဆင္းလာခဲ့သည္။
"တိုင္း ဘာေတြ လုပ္ေနတာလဲ တိုင္းရယ္ .."
အခုခ်ိန္ဆို သတိုးသမီးေပ်ာက္သြားလို႔ မဂၤလာပြဲကေတာ့ ပ်က္သြားမွာ က်ိန္းေသသည္။ တိုင္း တစ္ေယာက္ကို ေသခ်ာ ေဖ်ာင္းဖ်ၿပီး သု ျပန္ပို႔ေပးရင္ ေရာ ျဖစ္နိုင္မလား၊ ဟင့္အင္း သူက အရမ္းေခါင္းမာတာ၊ မ ရဲ႕ စကားကို လက္ခံရင္ ေကာင္းမွာပဲ။
____
ကားလမ္းနေဘး ရပ္ထားတဲ့ မီးခိုးေရာင္ကားေလး နေဘးကို သုရဲ႕ ကားအား အျမန္ရပ္လိုက္ကာ ကားေပၚက သု ေျပးဆင္းလာခဲ့သည္။ သု ဘယ္ေလာက္ေတာင္ စိတ္ပူလိုက္လဲဆိုရင္
ဖိနပ္ေတာင္ ပါမလာေသာ အေျခအေနမွာ ၊ ကေလးရယ္ မင္းကို သိပ္စိုးရမ္တာ၊
ကားေဘးမွာ သု ရပ္လိုက္ေတာ့ ကားမွန္ေလးက ပြင့္က်လာကာ သု႔ ကို ကားတံခါးဖြင့္ေပးသည္။ လွလိုက္တာ ကေလးရယ္၊ အျဖဴေရာင္ ၿခံဳလြမ္းထားတဲ့ သတိုးသမီး ဝတ္စံုနဲ႔ ကေလးရဲ႕ မ်က္နွာကေတာ့ ငိုထားသည္မွာ သိသာလြန္းလွသည္။
"တတ္ေလ ...."
သု ကားေပၚတတ္ကာ သူမရဲ႕ နေဘး ဝင္ထိုင္လိုက္ေတာ့ သူမကေလးက သုရဲ႕ ရင္ခြင္ထဲ တိုးဝင္လာကာ သုကို လြတ္ထြက္မသြားေအာင္ တင္းၾကပ္စြာ ဖက္ထားေလရဲ႕။ သု ေလ ထိုမိန္းကေလးကို လက္မလႊတ္ခ်င္ေတာ့ တဲ့ အတၲေလး ခဏတာေတာ့ ျဖစ္မိသား၊ သို႔ေပမယ့္ သု ေဖ်ာင္းဖ်ေပးရအံုးမယ္မဟုတ္လား။
"လႊတ္ပါအံုး တိုင္းရယ္..."
"ဟင့္အင္း..ဘယ္ေတာ့မွ မလႊတ္ဘူး တိုင္းေသမွ လႊတ္မွာ.."
"ဘာလို႔ အဲ့လိုစကားေတြ ေျပာေနရတာလဲ ကေလးရယ္
ကေလးက ဘာလို႔ ေသရမွာလဲ....တဇြတ္ထိုးေတြ ေရွာက္မလုပ္ပါနဲ႔ ..ကေလး တစ္ခုခုျဖစ္သြားရင္ မ ပဲ ...ရင္ကြဲရမွာ သိလားဟင္ .."
"ဟင့္အင္း မသိခ်င္ဘူး ..."
တိုင္းက သုရဲ႕ မ်က္ဝန္းေတြကို စိုက္ၾကည့္သည္။ ထို႔ေနာက္ ကားေပၚက သူမ အရင္ဆင္းသြားသည္။ သု ဘက္လာကာ ကားတံခါးဖြင့္ၿပီး သု ကိုပါ ဆင္းခိုင္းသည္။
"တိုင္းကို ေခၚသြားပါ မ...."
"ဟင္.."
"အခုထိ သူေတာ္ေကာင္းၿကီး လုပ္ေနအံုးမွာလား မ သုနႈိင္းသ်ွင္....မေခၚသြားရင္ တိုင္း ကိုယ္ကိုကိုယ္ အဆံုးစီရင္မွာေနာ္ .."
သုလည္း ကားေပၚက ကပ်ာကယာဆင္းကာ တိုင္းရဲ႕ လက္ကို ဆြဲၿပီး သု ကားထဲ ထည့္လိုက္သည္။ ထို႔ေနာက္ သူမအား ခါးပတ္ပက္ေပးလိုက္တယ္။
"ဘယ္ကိုေခၚသြားရမွာလဲ . မ ရဲ႕ အိမ္ကိုလား.."
"ဟင့္အင္း....ဒီၿမိဳ႕နဲ႔ အေဝးဆံုးကို....."
"ဘယ္လို..."
"မ...မေခၚသြားေပးဘူးလား ရတယ္ေလ။။။.."
ကားေပၚက ဇြတ္ဆင္းမည္ လုပ္၍ သု ပဲ မနည္း ဆြဲကာ ေန႔တြင္းခ်င္း မႏၲေလး ဘက္ထြက္ခဲ့ရေတာ့သည္။ ပိုက္ဆံအိတ္ထဲမွာ ဘဏ္ကဒ္ရယ္၊ မွတ္ပံုတင္ရယ္သာ ပါေပလို႔ေပါ့၊
သု က္ုိယ့္ကိုကိုယိလည္း အံ့ၾသမိသည္၊ အဝတ္တထည္ ကိုယ္တစ္ခု နွင့္ ခရီး ပထမဆံုး ထြက္ဖူးခဲ့ၿပီ၊ ၿပီးေတာ့ ေဘးက ဆူပုတ္ေနတဲ့ အျဖဴေရာင္ မင္းသမီးေလးနွင့္အတူ။
"မ ..တိုင္း ကို ခ်စ္လား..."
ကားစီယာတိုင္ေပၚက မရဲ႕ လက္ေလးေတြက အေၾကာမ်ွင္ေလးေတြ စိမ္းညိွ႔ေနသည္။ မ်က္နွာကေတာ့ တည္ထားဆဲ၊ သူ ဘယ္ေတာ့မွ တိုင္းကို ခ်စ္သည္ဟု ေျပာမွာလဲ၊ ကားေမာင္းေနတဲ့ မရဲ႕ ပါးခံုးေပၚ တိုင္း လွမ္းမွီလိုက္သည္။ တိုင္း ေတာင္းပန္ပါတယ္၊ သတၲိမရွိတဲ့ မကို တိုင္းပဲ တဇြတ္ထိုး ခိုးေျပးရတာေပါ့။ ဒီလိုမွ မလုပ္ရင္ တိုင္းတို႔ေတြ တဘဝလံုး ေဝးၾကရမွာ ။
________
"အန္တီေမ ...ကားကေတာ့ အေဝးေျပးလမ္း မိုင္တိုင္xxမွာေတြ႕တယ္တဲ့ တိုင္းကိုေတာ့ မေတြ႕ဘူး.."
ေဒၚေမသီ စိတ္ညစ္စြာပဲ ငိုမိေတာ့သည္။ မိဘကို အရွက္ခြဲရံုသာမက အခုလူကလည္း ဘယ္ကမ္းတင္လို႔ ဘယ္ဆီေရာက္မွန္းမသိပါ။
"ရဲစခန္းကိုေတာ့ လူေပ်ာက္တိုင္ထားပါတယ္....ၿပီးေတာ့ တိုင္း သြားတတ္တဲ့ သူငယ္ခ်င္းအိမ္ေတြ၊ အမ အိမ္ေတြ တခ်က္စံုစမ္းၾကည့္ပါမယ္ အရမ္းႀကီး မစိုးရိမ္ပါနဲ႔..."
"ေအးပါ သားရယ္...သမီးေလး ဘယ္ဆီမ်ားေရာက္ေနၿပီလဲကြယ္ အန္တီ သမီးေလး အသက္ရွင္လ်က္ေရာ ရွိေနပါ့မလား"
ဘာလို႔မ်ား၊ အခုလို ထြက္ေျပးရတာလဲ တိုင္းရယ္၊ ကိုဇြဲက တိုင္း မွ လက္မထက္ခ်င္ရင္ ေနာက္ဆုတ္ေပးမယ့္ သူပါ။ အခုလို ထြက္သြားၿပီး ဘယ္ေရာက္ေနမွန္း မသိတာကေတာ့ တိုင္း လြန္တယ္၊ မပိုင္ဆ္ုိင္ရလဲ ဘာမွ မျဖစ္ေတာ့ပါဘူး၊ တိုင္း တစ္ေယာက္ ေဘးကင္းကင္းမွ ရွိေနပါ့မလား။
"ဟဲလို ..သမီးေမလား..."
"ဟုတ္ အန္တီေမသီ..."
"တိုင္းေလး မလာဘူးလားကြယ္..."
"သူ သမီးဆီမလာဘူး ...ဟို...မသုနႈိင္းသ်ွင္ဆီေမးၾကည့္ပါလား သူ႔ဆီေတာ့ သြားတတ္တယ္ထင္တယ္.."
"ေအးေအးပါကြယ္.."
_________
တစ္လမ္းလံုး အိပ္လ်က္လိုက္ပါလာေသာ မင္းသမီးေခ်ာေလးက အခုထိမနိုးပါ၊ ၿမိဳ႕အဝင္ေရာက္ေတာ့ ည 9နာရီပင္ထိုးေတာ့မည္။ သုလည္း ေဘးက တဇြတ္ထိုးေလးကို နိုးရေတာ့သည္။ ကားေမာင္းတာၾကာေတာ့ တကိုယ္လံုးလည္း ေညာင္းကိုက္ေနေပမယ့္ သူမ အား မေမာင္းရက္ခိုင္းပါ။
"ေရာက္ၿပီလား ...ဟူး ျမန္လိုက္တာ..."
"ဘာျမန္တာလဲ ..တစ္လမ္းလံုးအိပ္လာၿပီး
ေဘးက လူကို နည္းနည္းေလးမွ မသနားဘူးလားဟင္.."
"မသနားပါဘူး ..အဲ့တာ အျပစ္ေပးတာ တိုင္းကို တစ္ခ်ိန္လံုး ဒဏ္ရာေတြပဲ ေပးခဲ့လို႔..."
တခ်ိန္လံုး ဒဏ္ရာေတြတဲ့လား ကေလးရယ္၊ မ ရဲ႕ ရင္ထဲက ဒဏ္ရာေတြက အဲ့ထက္မ်ားပါတယ္။ ရုပ္တရက္ ဖုန္းလာေတာ့ သု ကားကို ရပ္ကာ ဖုန္းကိုင္လိုက္သည္။
"ဟဲလို..."
"သမီးသု ...အန္တီေမပါ..."
Speaker ဖြင့္ထားေသာေၾကာင့္ တိုင္းက အတိုင္းသား ၾကားေနရၿပီး ဆက္မေျပရန္ သုလက္ထဲက ဖုန္းကို လုေလသည္။ သုလည္း လုေနေသာ တိုင္းရဲ႕ လက္ေတြကို ဆုပ္ကိုင္ထလိုက္ေတာ့ သူမက ရုန္းေနေလျပန္သည္။
"ဟုတ္ အန္တီေမ .."
"တိုင္းေလး သမီးဆီမ်ား မလာဘူးလားဟင္.."
သု ဆုပ္ကိုင္ထားတဲ့ လက္ေတြကို အတင္းရုန္းထြက္ကာ သုလက္ထဲက ဖုန္းကို လုၿပီး တိုင္းက ဖုန္းခ်ကာ စက္ပိတ္ပစ္လိုက္ေတာ့သည္။ သု တားခ်ိန္ေတာင္ မရွိတဲ့ အခ်ိန္တစ္ခုမွာ သူမ လုပ္ရက္က လ်င္ျမန္လြန္းသည္။
"Hotel ကိုေမာင္း..."
"ဟင္...."
"ဟင္မေနနဲ႔ ဘာလဲ ပိုက္ဆံ မပါလို႔လား..."
သူမေျပာစကားေတြကို အတြန္႔မတတ္ပဲ Hotelသာ ေမာင္းလာခဲ့သည္။ ကားေပၚက သူမကို မဆင္းခိုင္းေသးပဲ သု တစ္ေယာက္ထဲသြားကာ receptionမွာ အခန္းယူသည္။အေနာက္ ဂါဝန္ျဖဴႀကီး တစ္ကားကားနဲ႔ဆို ဟိုတယ္က ဝန္ထမ္းေတြ အတင္းၾကည့္ၿပီး ေဝဖန္ၾကမွာ မလြဲပါ၊ လူေတြက သူမ်ားေတြ အေၾကာင္းဆို သိပ္စပ္စုတာ သု သိသည္။ အခန္းရမွ ကားထဲက တိုင္းကို သြားေခၚကာ အျမန္ပဲ အခန္းရွိရာ သြားလိုက္ေတာ့သည္။
"ဟား ပင္ပန္းလိုက္တာ..."
သု ပဲ အရင္ အိပ္ယာေပၚ ပစ္လဲခ်လိုက္ေတာ့၊ သူမ က လက္ပိုက္ကာ သု႔ကို ရပ္ၾကည့္ေနျပန္တယ္။ အၿမဲ ဆူပုတ္ေနတဲ့ ရုပ္ေၾကာင့္ ဘာကို မလိုမက်ျဖစ္ေနျပန္လဲ သု လံုးဝ မခန္႔မွန္းတတ္ေတာ့ပါ။ ထိုကေလးက ရုပ္အမ်ိဳးမ်ိဳးလည္း လုပ္တတ္နိုင္လြန္းပါေပတယ္။
"ေရခ်ိဳးေလ .....ၿပီးမွ အိပ္..လာပါအံုး အေနာက္က ခ်ိတ္နဲ႔ ႀကိဳးေတြ ျဖဳတ္ေပးအံုး .."
သုအနား လာထိုင္ကာ သု႔ကို ေက်ာေပးကာ ခ်ိတ္မ်ား ျဖဳတ္ခိုင္းျပန္သည္။ သုလည္း ထ ထိုင္ကာ သူမရဲ႕ ခါးေလးမွ တစ္ေင့္ ခ်ိတ္ေတြကို အသာအယာ ျဖဳတ္ေပးရသည္။လည္ပင္းနားေရာက္ေတာ့ သူမက သုဘက္လွည့္လာကာ သု႔ရဲ႕ မ်က္ဝန္းေတြကို ရီေဝေဝၾကည့္သည္။ အခန္းထဲမွာ နွစ္ေယာက္တည္းရွိသည္ဟူေသာ အသိက သုကို ပိုၿပီး စိတ္လႈပ္ရွားေစျပန္သည္။
သုရဲ႕ ေမွးရိုးေလးေတြဆီ သူမလက္လွမ္းလိုက္ခ်ိန္မွာ သု အသက္ရွဴရပ္မတတ္ရင္ေတြ ခုန္ေနရသည္။
"မ .....တိုင္း ဘာကိုလိုခ်င္တယ္ဆိုတာ မ သိလားဟင္.."
"အဟြတ္ .. .!တိုင္း ..ေရခ်္ိုးေတာ့ေလ..."
"တိုင္း မ ကို အရမ္းခ်စ္တယ္..."
သုရဲ႕ ခနၶာကိုယ္ကို အုပ္မိုးကာ သုရဲ႕ နႈတ္ခမ္းေလးေတြကို ဖြဖြေလး ဖိကပ္နမ္းသည္။ သုလည္း သူမရဲ႕ ကိုယ္ေလးကို ေပြ႕ဖက္ကာ သူမရဲ႕ အေပၚက ျပန္အုပ္မိုးလိုက္သည္။ျဖဴေဖြးေနေသာ လည္တိုင္ေလးေတြက သု ရဲ႕ စိတ္ကို ပိုမို ထိန္းခ်ဳပ္မရေအာင္ ျပဳစားေနေလၿပီ။ သုရဲ႕ နႈတ္ခမ္းပါးေလးေတြက သူမရဲ႕ လည္တိုင္တစ္ေလ်ွာက္ ခပ္ဖြဖြ အနမ္းေတြေပးေလေတာ့ သူမရဲ႕ လက္သည္းရွည္ရွည္ေလးေတြက သုရဲ႕ ဆံပင္မ်ားအား ထိုးဖြေနေလၿပီ။ ထို႔ေနာက္ သူမက သုရဲ႕ ရွပ္အက်ီၤမွ ၾကယ္သီးမ်ားကို တစ္လံုးျခင္းျဖဳတ္သည္။ သူမရဲ႕ ရီေဝေဝအၾကည့္ေတြေအာက္မွာ သုကို ဘယ္လိုမွ ထိန္းခ်ဳပ္မရေအာင္ျပဳစားေနေလသည္။ ထို႔ေနာက္ တိုင္းရဲ႕ အျဖဴေရာင္ ဝတ္ဆံုေလးက ကုတင္ေျခရင္းမွာ ေျမခလ်က္။ သုတစ္ေယာက္ တိုင္းရဲ႕ ကိုယ္ေလးကို တင္းၾကပ္စြာ ဖက္ထားမိလိုက္သည္။
နီရဲေနေသာ နႈတ္ခမ္းသားေလးေတြကို သု နမ္းလိုက္သည္။ ထို႔ေနာက္ သူမရဲ႕ မ်က္နွာ တစ္ခုလံုးေနရာလပ္မရွိေအာင္ အနမ္းမ်ားေပးေနမိသည္။ ထို႔ေနာက္ လည္တိုင္ ေက်ာ့ေက်ာ့ေလးမွ တစ္ဆင့္ သု ရဲ႕ အနမ္းေတြ နယ္ကြၽံလာမိေတာ့ ၿပီး တိုင္းရဲ႕ မ်က္နွာကို ၾကည့္လိုက္ေတာ့ နီရဲေနေလၿပီ။ သူမက သုအား ရွက္ၿပံဳးေလးၿပံဳးျပေတာ့ သု အသည္းယားစြာ တိုင္းရဲ႕ ကိုုယ္ထဲသို႔ အနမ္းေတြ ပိုမိုကာ ျပင္းထန္လာမိေတာ့သည္။ သုရဲ႕ လည္ပင္းေတြကို ဖက္တြယ္ထားေသာ သူမရဲ႕ လက္ေတြက အသက္ရွဴၾကပ္မတတ္။တိုင္းရဲ႕ လက္သည္း ခြၽန္ခြၽန္ေလးေတြက သုရဲ႕ ေက်ာျပင္နွင့္ လက္ေမာင္းမွာ ေသြးေလးမ်ား စို႔ေနေအာင္ ကုတ္ျခစ္ေနသည္ကို ပင္ ေမ့ေလ်ာ့ပစ္လိုက္သည္။
အျပင္မွာ ေမွာင္ေနသလား၊ လင္းေနသလား သု မသိခဲ့။ သုရဲ႕ ရင္ခြင္ထဲ ၌ အိပ္ေပ်ာ္ေနေသာ ကေလးငယ္မွာ အျပစ္ကင္းစင္လွပါသည္။ ေစာင္ခပ္ပါးပါး အေပၚက လြမ္းၿခံဳးထားၿပီး ျဖဴေဖြးေနေသာ ကေလးရဲ႕ လည္တိုင္တစ္ေလ်ာက္မွာလည္း နီျမန္းေနေသာ အမွတ္အသားေလးမ်ားနွင့္ သုရဲ႕ ေက်ာျပင္ တစ္ေလ်ွာက္မွာလည္း နာက်င္လ်က္။ ေဘးက တိုင္း မနိုးေအာင္ အသာေလး ထကာ ကုတင္ေျခရင္းမွာ ပ်ံႀကဲေနေသာ တီရွပ္ေလးကို ေကာက္ၿပီး အိပ္ယာေဘးက တပက္ကို ယူကာ ေရခ်ိဳးခန္းထဲ ဝင္ခဲ့သည္။
ဖြင့္ခ်လိုက္ေသာ ေရပန္းေတြေအာက္မွာ သု ရပ္ေနမိေတာ့
အေနာက္ကေန ခါးကို လာဖက္ေသာ လက္ေသးေသးေၾကာင့္ ရင္ခုန္သြားမိသည္။ ၿပီးေတာ့ သူမရဲ႕ လက္ေလးေတြက သုေက်ာေပၚက ေၾကာင္ကုတ္ရာေလးမ်ားကို ခပ္ဖြဖြ လာထိေနျပန္သည္။
"မ ...နာလားဟင္ တိုင္း ေတာင္းပန္ပါတယ္..."
သု အသည္းယားစြာ သူမရဲ႕ နႈတ္ခမ္းေတြကို မြန္သိပ္စြာ နမ္းလိုက္မိသည္။သူမရဲ႕ လက္ေတြက သု ရဲ႕ လည္ပင္းမွာ ဖက္တြယ္လာျပန္တယ္။အခ်ိန္အေတာ္ၾကာမွ သူမရဲ႕ နႈတ္ခမ္းကို အလြတ္ေပးလိုက္ေတာ့ သူမကေလး အသက္ရွဴသံေတြ ျမန္ေနခဲ့သည္။
"ေတာ္ေတာ္ဆိုးတယ္ .. မ ...နွာဘူးႀကီး..."
ခပ္ဖြဖြ လာထုရိုက္ေသာ လက္သီးဆုပ္ေလးကို သု ျမတ္နိုးစြာကိုင္လိုက္မိသည္။
"တိုင္း ..သြားေတာ့မယ္ ၿပီးက် ..ေဆးထည့္ေပးမယ္ ျမန္ျမန္ခ်ိဳးခဲ့ေနာ္ အေအးပတ္မယ္..."
သုရဲ႕ ပါးတစ္ဖက္ကို နမ္းကာ ေရခိ်ဳးခန္းထဲက ထြက္သြားေသာသူမေၾကာင့္ သု ရင္ခုန္ျမန္ေနမိျပန္သည္။ တိုင္းရဲ႕ အနမ္းေတြက မကို အရမ္းျပဳစားလြန္းပါတယ္၊မ ဘယ္လိုလုပ္ရေတာ့မလဲ မင္းကို မစြန္႔လႊတ္နိုင္ေတာ့ဘူး ထင္ပါရဲ႕။
___________
အားရွက္လိုက္တာ ဘာေတြေရးမိပါ့လိမ့္🙈
Unicode_
ကောင်းကင်ပြာ၏ တောက်ပခဲ့သောအတိတ်ရဲ့နေ့ရက်များ
အပိုင်း(16)
************************************
ဘယ်လိုလုပ်ရမလဲ ၊ တိုင်း ထွက်ပြေးလာခဲ့ပြီ မ၊ နောက်ဆုံးအကြိမ်အဖြစ် မ သာ လာမခေါ်ရင် တိုင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်မယ်၊ တိုင်း သေပစ်တော့မယ်။ မချစ်မနှစ်သက်တဲ့ လူနဲ့ တစ်ဘဝ လုံး အတူနေသွားရမယ့် ဒုက္ခက ဘယ်လောက်ကြီးတယ် ဆိုတာ တိုင်းသိတယ်၊ ပြီးတော့ တိုင်းရဲ့ ဖေဖေလို နောက်အိမ်ထောင်ဖောက်ပြန်ပြီး တိုင်းကို ထားသွားရင် မေမေ့လို တစ်လုလပ်အဖြစ်တိုင်း မကျန်နေချင်ဘူး။ကျေးဇူးပြုပြီး ဖုန်းကိုင်ပါနော်။
ကားကို လမ်းဘေး ဝဲယာသို့ တိုင်း ရပ်လိုက်သည်။
"ဟဲလို ...တိုင်း..မင်္ဂလာအချိန်နီးနေပြီမဟုတ်လား..."
"မ ...တိုင်းကို လာခေါ်ပါ...မ လာမခေါ်ရင် တိုင်း ကိုယ်ကိုကိုယ် သတ်သေတော့မယ်.."
"မင်း ဘာတွေ လုပ်နေတာလဲ . အခု မင်းဘယ်မှာလဲ..
ဘာမှ မလုပ်ရဘူးနော် မ အခုပဲ လာခဲ့မယ်.."
တိုင်း ဖုန်းချလိုက်ကာ အံ့ကျိတ်ပြီး ငိုမိလိုက်သည်။ တိုင်းကို တကယ်ချစ်တယ်ဆိုရင် မ ရှာနိုင်မှာပါ။ အိမ်က လူတွေ လာမခေါ်ခင် မ အမြန်ဆုံး ရောက်မယ်လို့ တိုင်း မျှော်လင့်ပါတယ်။
___________
ဖုန်းချသွားပေမယ့် တည်နေရာ ပြောမသွားသောကြောင့် သု လက်ဖျားတွေ အေးစက်ကာ ခေါင်းတစ်ခုလုံး ကိုက်သွားရသည်။ ကလေးရယ် ဘာတွေ လျှောက်လုပ်နေရတာလဲ၊ မ တကယ်စိတ်ပူလာပြီ။ ဖုန်းရဲ့ တည်နေရာကို Google map အတိုင်းကြည့်လိုက်တော့ အဝေးပြေးလမ်းဘက်မှာ ဖြစ်သည်။
သုလည်း ပိုက်ဆံအိတ်နှင့်ကားသော့ကို အမြန်ယူကာ အိမ်ပေါ်က ပြေးဆင်းလာခဲ့သည်။
"တိုင်း ဘာတွေ လုပ်နေတာလဲ တိုင်းရယ် .."
အခုချိန်ဆို သတိုးသမီးပျော်သွားလို့ မင်္ဂလာပွဲကတော့ ပျက်သွားမှာ ကျိန်းသေသည်။ တိုင်း တစ်ယောက်ကို သေချာ ဖျောင်းဖျပြီး သု ပြန်ပို့ပေးရင် ရော ဖြစ်နိုင်မလား၊ ဟင့်အင်း သူက အရမ်းခေါင်းမာတာ၊ မ ရဲ့ စကားကို လက်ခံရင် ကောင်းမှာပဲ။
____
ကားလမ်းနဘေး ရပ်ထားတဲ့ မီးခိုးရောင်ကားလေး နဘေးကို သုရဲ့ ကားအား အမြန်ရပ်လိုက်ကာ ကားပေါ်က သု ပြေးဆင်းလာခဲ့သည်။ သု ဘယ်လောက်တောင် စိတ်ပူလိုက်လဲဆိုရင်
ဖိနပ်တောင် ပါမလာသော အခြေအနေမှာ ၊ ကလေးရယ် မင်းကို သိပ်စိုးရမ်တာ၊
ကားဘေးမှာ သု ရပ်လိုက်တော့ ကားမှန်လေးက ပွင့်ကျလာကာ သု့ ကို ကားတံခါးဖွင့်ပေးသည်။ လှလိုက်တာ ကလေးရယ်၊ အဖြူရောင် ခြုံလွမ်းထားတဲ့ သတိုးသမီး ဝတ်ဆုံနဲ့ ကလေးရဲ့ မျက်နှာကတော့ ငိုထားသည်မှာ သိသာလွန်းလှသည်။
"တတ်လေ ...."
သု ကားပေါ်တတ်ကာ သူမရဲ့ နဘေး ဝင်ထိုင်လိုက်တော့ သူမကလေးက သုရဲ့ ရင်ခွင်ထဲ တိုးဝင်လာကာ သုကို လွတ်ထွက်မသွားအောင် တင်းကြပ်စွာ ဖက်ထားလေရဲ့။ သု လေ ထိုမိန်းကလေးကို လက်မလွှတ်ချင်တော့ တဲ့ အတ္တလေး ခဏတာတော့ ဖြစ်မိသား၊ သို့ပေမယ့် သု ဖျောင်းဖျပေးရအုံးမယ်မဟုတ်လား။
"လွှတ်ပါအုံး တိုင်းရယ်..."
"ဟင့်အင်း..ဘယ်တော့မှ မလွှတ်ဘူး တိုင်းသေမှ လွှတ်မှာ.."
"ဘာလို့ အဲ့လိုစကားတွေ ပြောနေရတာလဲ ကလေးရယ်
ကလေးက ဘာလို့ သေရမှာလဲ....တဇွတ်ထိုးတွေ ရှောက်မလုပ်ပါနဲ့ ..ကလေး တစ်ခုခုဖြစ်သွားရင် မ ပဲ ...ရင်ကွဲရမှာ သိလားဟင် .."
"ဟင့်အင်း မသိချင်ဘူး ..."
တိုင်းက သုရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်သည်။ ထို့နောက် ကားပေါ်က သူမ အရင်ဆင်းသွားသည်။ သု ဘက်လာကာ ကားတံခါးဖွင့်ပြီး သု ကိုပါ ဆင်းခိုင်းသည်။
"တိုင်းကို ခေါ်သွားပါ မ...."
"ဟင်.."
"အခုထိ သူတော်ကောင်းကြီး လုပ်နေအုံးမှာလား မ သုနှိုင်းသျှင်....မခေါ်သွားရင် တိုင်း ကိုယ်ကိုကိုယ် အဆုံးစီရင်မှာနော် .."
သုလည်း ကားပေါ်က ကပျာကယာဆင်းကာ တိုင်းရဲ့ လက်ကို ဆွဲပြီး သု ကားထဲ ထည့်လိုက်သည်။ ထို့နောက် သူမအား ခါးပတ်ပက်ပေးလိုက်တယ်။
"ဘယ်ကိုခေါ်သွားရမှာလဲ . မ ရဲ့ အိမ်ကိုလား.."
"ဟင့်အင်း....ဒီမြို့နဲ့ အဝေးဆုံးကို....."
"ဘယ်လို..."
"မ...မခေါ်သွားပေးဘူးလား ရတယ်လေ။။။.."
ကားပေါ်က ဇွတ်ဆင်းမည် လုပ်၍ သု ပဲ မနည်း ဆွဲကာ နေ့တွင်းချင်း မန္တလေး ဘက်ထွက်ခဲ့ရတော့သည်။ ပိုက်ဆံအိတ်ထဲမှာ ဘဏ်ကဒ်ရယ်၊ မှတ်ပုံတင်ရယ်သာ ပါပေလို့ပေါ့၊
သု က်ိုယ့်ကိုကိုယိလည်း အံ့သြမိသည်၊ အဝတ်တထည် ကိုယ်တစ်ခု နှင့် ခရီး ပထမဆုံး ထွက်ဖူးခဲ့ပြီ၊ ပြီးတော့ ဘေးက ဆူပုတ်နေတဲ့ အဖြူရောင် မင်းသမီးလေးနှင့်အတူ။
"မ ..တိုင်း ကို ချစ်လား..."
ကားစီယာတိုင်ပေါ်က မရဲ့ လက်လေးတွေက အကြောမျှင်လေးတွေ စိမ်းညှိ့နေသည်။ မျက်နှာကတော့ တည်ထားဆဲ၊ သူ ဘယ်တော့မှ တိုင်းကို ချစ်သည်ဟု ပြောမှာလဲ၊ ကားမောင်းနေတဲ့ မရဲ့ ပါးခုံးပေါ် တိုင်း လှမ်းမှီလိုက်သည်။ တိုင်း တောင်းပန်ပါတယ်၊ သတ္တိမရှိတဲ့ မကို တိုင်းပဲ တဇွတ်ထိုး ခိုးပြေးရတာပေါ့။ ဒီလိုမှ မလုပ်ရင် တိုင်းတို့တွေ တဘဝလုံး ဝေးကြရမှာ ။
________
"အန်တီမေ ...ကားကတော့ အဝေးပြေးလမ်း မိုင်တိုင်xxမှာတွေ့တယ်တဲ့ တိုင်းကိုတော့ မတွေ့ဘူး.."
ဒေါ်မေသီ စိတ်ညစ်စွာပဲ ငိုမိတော့သည်။ မိဘကို အရှက်ခွဲရုံသာမက အခုလူကလည်း ဘယ်ကမ်းတင်လို့ ဘယ်ဆီရောက်မှန်းမသိပါ။
"ရဲစခန်းကိုတော့ လူပျောက်တိုင်ထားပါတယ်....ပြီးတော့ တိုင်း သွားတတ်တဲ့ သူငယ်ချင်းအိမ်တွေ၊ အမ အိမ်တွေ တချက်စုံစမ်းကြည့်ပါမယ် အရမ်းကြီး မစိုးရိမ်ပါနဲ့..."
"အေးပါ သားရယ်...သမီးလေး ဘယ်ဆီများရောက်နေပြီလဲကွယ် အန်တီ သမီးလေး အသက်ရှင်လျက်ရော ရှိနေပါ့မလား"
ဘာလို့များ၊ အခုလို ထွက်ပြေးရတာလဲ တိုင်းရယ်၊ ကိုဇွဲက တိုင်း မှ လက်မထက်ချင်ရင် နောက်ဆုတ်ပေးမယ့် သူပါ။ အခုလို ထွက်သွားပြီး ဘယ်ရောက်နေမှန်း မသိတာကတော့ တိုင်း လွန်တယ်၊ မပိုင်ဆ်ိုင်ရလဲ ဘာမှ မဖြစ်တော့ပါဘူး၊ တိုင်း တစ်ယောက် ဘေးကင်းကင်းမှ ရှိနေပါ့မလား။
"ဟဲလို ..သမီးမေလား..."
"ဟုတ် အန်တီမေသီ..."
"တိုင်းလေး မလာဘူးလားကွယ်..."
"သူ သမီးဆီမလာဘူး ...ဟို...မသုနှိုင်းသျှင်ဆီမေးကြည့်ပါလား သူ့ဆီတော့ သွားတတ်တယ်ထင်တယ်.."
"အေးအေးပါကွယ်.."
_________
တစ်လမ်းလုံး အိပ်လျက်လိုက်ပါလာသော မင်းသမီးချောလေးက အခုထိမနိုးပါ၊ မြို့အဝင်ရောက်တော့ ည 9နာရီပင်ထိုးတော့မည်။ သုလည်း ဘေးက တဇွတ်ထိုးလေးကို နိုးရတော့သည်။ ကားမောင်းတာကြာတော့ တကိုယ်လုံးလည်း ညောင်းကိုက်နေပေမယ့် သူမ အား မမောင်းရက်ခိုင်းပါ။
"ရောက်ပြီလား ...ဟူး မြန်လိုက်တာ..."
"ဘာမြန်တာလဲ ..တစ်လမ်းလုံးအိပ်လာပြီး
ဘေးက လူကို နည်းနည်းလေးမှ မသနားဘူးလားဟင်.."
"မသနားပါဘူး ..အဲ့တာ အပြစ်ပေးတာ တိုင်းကို တစ်ချိန်လုံး ဒဏ်ရာတွေပဲ ပေးခဲ့လို့..."
တချိန်လုံး ဒဏ်ရာတွေတဲ့လား ကလေးရယ်၊ မ ရဲ့ ရင်ထဲက ဒဏ်ရာတွေက အဲ့ထက်များပါတယ်။ ရုပ်တရက် ဖုန်းလာတော့ သု ကားကို ရပ်ကာ ဖုန်းကိုင်လိုက်သည်။
"ဟဲလို..."
"သမီးသု ...အန်တီမေပါ..."
Speaker ဖွင့်ထားသောကြောင့် တိုင်းက အတိုင်းသား ကြားနေရပြီး ဆက်မပြေရန် သုလက်ထဲက ဖုန်းကို လုလေသည်။ သုလည်း လုနေသော တိုင်းရဲ့ လက်တွေကို ဆုပ်ကိုင်ထလိုက်တော့ သူမက ရုန်းနေလေပြန်သည်။
"ဟုတ် အန်တီမေ .."
"တိုင်းလေး သမီးဆီများ မလာဘူးလားဟင်.."
သု ဆုပ်ကိုင်ထားတဲ့ လက်တွေကို အတင်းရုန်းထွက်ကာ သုလက်ထဲက ဖုန်းကို လုပြီး တိုင်းက ဖုန်းချကာ စက်ပိတ်ပစ်လိုက်တော့သည်။ သု တားချိန်တောင် မရှိတဲ့ အချိန်တစ်ခုမှာ သူမ လုပ်ရက်က လျင်မြန်လွန်းသည်။
"Hotel ကိုမောင်း..."
"ဟင်...."
"ဟင်မနေနဲ့ ဘာလဲ ပိုက်ဆံ မပါလို့လား..."
သူမပြောစကားတွေကို အတွန့်မတတ်ပဲ Hotelသာ မောင်းလာခဲ့သည်။ ကားပေါ်က သူမကို မဆင်းခိုင်းသေးပဲ သု တစ်ယောက်ထဲသွားကာ receptionမှာ အခန်းယူသည်။အနောက် ဂါဝန်ဖြူကြီး တစ်ကားကားနဲ့ဆို ဟိုတယ်က ဝန်ထမ်းတွေ အတင်းကြည့်ပြီး ဝေဖန်ကြမှာ မလွဲပါ၊ လူတွေက သူများတွေ အကြောင်းဆို သိပ်စပ်စုတာ သု သိသည်။ အခန်းရမှ ကားထဲက တိုင်းကို သွားခေါ်ကာ အမြန်ပဲ အခန်းရှိရာ သွားလိုက်တော့သည်။
"ဟား ပင်ပန်းလိုက်တာ..."
သု ပဲ အရင် အိပ်ယာပေါ် ပစ်လဲချလိုက်တော့၊ သူမ က လက်ပိုက်ကာ သု့ကို ရပ်ကြည့်နေပြန်တယ်။ အမြဲ ဆူပုတ်နေတဲ့ ရုပ်ကြောင့် ဘာကို မလိုမကျဖြစ်နေပြန်လဲ သု လုံးဝ မခန့်မှန်းတတ်တော့ပါ။ ထိုကလေးက ရုပ်အမျိုးမျိုးလည်း လုပ်တတ်နိုင်လွန်းပါပေတယ်။
"ရေချိုးလေ .....ပြီးမှ အိပ်..လာပါအုံး အနောက်က ချိတ်နဲ့ ကြိုးတွေ ဖြုတ်ပေးအုံး .."
သုအနား လာထိုင်ကာ သု့ကို ကျောပေးကာ ချိတ်များ ဖြုတ်ခိုင်းပြန်သည်။ သုလည်း ထ ထိုင်ကာ သူမရဲ့ ခါးလေးမှ တစ်ငေ့် ချိတ်တွေကို အသာအယာ ဖြုတ်ပေးရသည်။လည်ပင်းနားရောက်တော့ သူမက သုဘက်လှည့်လာကာ သု့ရဲ့ မျက်ဝန်းတွေကို ရီဝေဝေကြည့်သည်။ အခန်းထဲမှာ နှစ်ယောက်တည်းရှိသည်ဟူသော အသိက သုကို ပိုပြီး စိတ်လှုပ်ရှားစေပြန်သည်။
သုရဲ့ မှေးရိုးလေးတွေဆီ သူမလက်လှမ်းလိုက်ချိန်မှာ သု အသက်ရှူရပ်မတတ်ရင်တွေ ခုန်နေရသည်။
"မ .....တိုင်း ဘာကိုလိုချင်တယ်ဆိုတာ မ သိလားဟင်.."
"အဟွတ် .. .!တိုင်းရယ် ..ရေခ်ျိုးတော့လေ..."
"တိုင်း မ ကို အရမ်းချစ်တယ်..."
သုရဲ့ ခန္ဓာကိုယ်ကို အုပ်မိုးကာ သုရဲ့ နှုတ်ခမ်းလေးတွေကို ဖွဖွလေး ဖိကပ်နမ်းသည်။ သုလည်း သူမရဲ့ ကိုယ်လေးကို ပွေ့ဖက်ကာ သူမရဲ့ အပေါ်က ပြန်အုပ်မိုးလိုက်သည်။ဖြူဖွေးနေသော လည်တိုင်လေးတွေက သု ရဲ့ စိတ်ကို ပိုမို ထိန်းချုပ်မရအောင် ပြုစားနေလေပြီ။ သုရဲ့ နှုတ်ခမ်းပါးလေးတွေက သူမရဲ့ လည်တိုင်တစ်လျှောက် ခပ်ဖွဖွ အနမ်းတွေပေးလေတော့ သူမရဲ့ လက်သည်းရှည်ရှည်လေးတွေက သုရဲ့ ဆံပင်များအား ထိုးဖွနေလေပြီ။ ထို့နောက် သူမက သုရဲ့ ရှပ်အကျီင်္မှ ကြယ်သီးများကို တစ်လုံးခြင်းဖြုတ်သည်။ သူမရဲ့ ရီဝေဝေအကြည့်တွေအောက်မှာ သုကို ဘယ်လိုမှ ထိန်းချုပ်မရအောင်ပြုစားနေလေသည်။ ထို့နောက် တိုင်းရဲ့ အဖြူရောင် ဝတ်ဆုံလေးက ကုတင်ခြေရင်းမှာ မြေခလျက်။ သုတစ်ယောက် တိုင်းရဲ့ ကိုယ်လေးကို တင်းကြပ်စွာ ဖက်ထားမိလိုက်သည်။
နီရဲနေသော နှုတ်ခမ်းသားလေးတွေကို သု နမ်းလိုက်သည်။ ထို့နောက် သူမရဲ့ မျက်နှာ တစ်ခုလုံးနေရာလပ်မရှိအောင် အနမ်းများပေးနေမိသည်။ ထို့နောက် လည်တိုင် ကျော့ကျော့လေးမှ တစ်ဆင့် သု ရဲ့ အနမ်းတွေ နယ်ကျွံလာမိတော့ ပြီး တိုင်းရဲ့ မျက်နှာကို ကြည့်လိုက်တော့ နီရဲနေလေပြီ။ သူမက သုအား ရှက်ပြုံးလေးပြုံးပြတော့ သု အသည်းယားစွာ တိုင်းရဲ့ ကိုယ်ထဲသို့ အနမ်းတွေ ပိုမိုကာ ပြင်းထန်လာမိတော့သည်။ သုရဲ့ လည်ပင်းတွေကို ဖက်တွယ်ထားသော သူမရဲ့ လက်တွေက အသက်ရှူကြပ်မတတ်။တိုင်းရဲ့ လက်သည်း ချွန်ချွန်လေးတွေက သုရဲ့ ကျောပြင်နှင့် လက်မောင်းမှာ သွေးလေးများ စို့နေအောင် ကုတ်ခြစ်နေသည်ကို ပင် မေ့လျော့ပစ်လိုက်သည်။
အပြင်မှာ မှောင်နေသလား၊ လင်းနေသလား သု မသိခဲ့။ သုရဲ့ ရင်ခွင်ထဲ ၌ အိပ်ပျော်နေသော ကလေးငယ်မှာ အပြစ်ကင်းစင်လှပါသည်။ စောင်ခပ်ပါးပါး အပေါ်က လွမ်းခြုံးထားပြီး ဖြူဖွေးနေသော ကလေးရဲ့ လည်တိုင်တစ်လျောက်မှာလည်း နီမြန်းနေသော အမှတ်အသားလေးများနှင့် သုရဲ့ ကျောပြင် တစ်လျှောက်မှာလည်း နာကျင်လျက်။ ဘေးက တိုင်း မနိုးအောင် အသာလေး ထကာ ကုတင်ခြေရင်းမှာ ပျံကြဲနေသော တီရှပ်လေးကို ကောက်ပြီး အိပ်ယာဘေးက တပက်ကို ယူကာ ရေချိုးခန်းထဲ ဝင်ခဲ့သည်။
ဖွင့်ချလိုက်သော ရေပန်းတွေအောက်မှာ သု ရပ်နေမိတော့
အနောက်ကနေ ခါးကို လာဖက်သော လက်သေးသေးကြောင့် ရင်ခုန်သွားမိသည်။ ပြီးတော့ သူမရဲ့ လက်လေးတွေက သုကျောပေါ်က ကြောင်ကုတ်ရာလေးများကို ခပ်ဖွဖွ လာထိနေပြန်သည်။
"မ ...နာလားဟင် တိုင်း တောင်းပန်ပါတယ်..."
သု အသည်းယားစွာ သူမရဲ့ နှုတ်ခမ်းတွေကို မွန်သိပ်စွာ နမ်းလိုက်မိသည်။သူမရဲ့ လက်တွေက သု ရဲ့ လည်ပင်းမှာ ဖက်တွယ်လာပြန်တယ်။အချိန်အတော်ကြာမှ သူမရဲ့ နှုတ်ခမ်းကို အလွတ်ပေးလိုက်တော့ သူမကလေး အသက်ရှူသံတွေ မြန်နေခဲ့သည်။
"တော်တော်ဆိုးတယ် .. မ ...နှာဘူးကြီး..."
ခပ်ဖွဖွ လာထုရိုက်သော လက်သီးဆုပ်လေးကို သု မြတ်နိုးစွာကိုင်လိုက်မိသည်။
"တိုင်း ..သွားတော့မယ် ပြီးကျ ..ဆေးထည့်ပေးမယ် မြန်မြန်ချိုးခဲ့နော် အအေးပတ်မယ်..."
သုရဲ့ ပါးတစ်ဖက်ကို နမ်းကာ ရေချိုးခန်းထဲက ထွက်သွားသောသူမကြောင့် သု ရင်ခုန်မြန်နေမိပြန်သည်။ တိုင်းရဲ့ အနမ်းတွေက မကို အရမ်းပြုစားလွန်းပါတယ်၊မ ဘယ်လိုလုပ်ရတော့မလဲ မင်းကို မစွန့်လွှတ်နိုင်တော့ဘူး ထင်ပါရဲ့။
___________
အားရှက်လိုက်တာ ဘာတွေရေးမိပါ့လိမ့်🙈