ရင်ခုန်သံမညာကြေး Or Peraya's...
By Samantha_DoubleM
105K 7.3K 631
Krist နဲ့ Singto တို့ရဲ့ real life နဲ့ နီးစပ်တဲ့ fics လေးတစ်ပုဒ်ကို စိတ်ကူးယဉ်ဖန်တီးထားပါတယ်။ Peraya လေးတွေအတ... More
Part 1 (z + u)
Part - 2 (Z+U)
Part - 3 (Z+ U)
Part - 4 (Z+U)
Part - 5 (z+u)
Part - 6 (z+u)
အပိုင်း - ၇ (z+u)
အပိုင်း - ၈ (z+u)
အပိုင်း - ၉ (Z+U)
အပိုင်း - ၁၀ (z+u)
အပိုင်း - ၁၁ (z+u)
အပိုင်း - ၁၂ (z+u)
အပိုင်း - ၁၃ (z+u)
အပိုင်း - ၁၄ (z+u)
အပိုင်း - ၁၅ (z+u)
အပိုင်း - ၁၆ (z+u)
အပိုင်း - ၁၇(A) (z+u)
အပိုင်း - ၁၇ (B)(z+u)
အပိုင်း - ၁၈(A) (z+u)
အပိုင်း - ၁၈(B) (z+u)
အပိုင်း - ၁၉ (z+u)
အပိုင်း - ၂၀ (z+u)
အပိုင်း - ၂၁ (z+u)
Peraya's Dream (not a chapter)
Bonus Chapter - 1
Bonus chap - 2 (Unicode)
Peraya As One (U+Z)
A Perfect Match (Unicode)
A Perfect Match (Zawgyi)
Bonus chap - 2 (Zawgyi)
956 39 0
By Samantha_DoubleM
ရင်ခုန်သံမညာကြေး
Bonus chapter - 2
စိတ်ကောက်တယ်တဲ့။ မဟုတ်ကဟုတ်ကတွေ။ ဒီက စိတ်မကောင်းဖြစ်နေတာ။ အင်တာဗျူးတဲ့ကောင်လေးကို ပြီးပြီးရော ဖြေလိုက်တဲ့အဖြေဖြစ်နေမှာကို Krist စိုးရိမ်မိသည်။ သံယောဇဉ်ကြီးတတ်သူမို့ မျှော်လင့်ချက်ကလည်း မိုးထိအောင် မြင့်မားသူ။ တကယ်ဆို လက်ဆောင်ပေးမယ်ဆိုတဲ့ အင်တာဗျူးကြီးမကြားရင်တောင် အဲ့လောက် မျှော်လင့်ထားမိမှာမဟုတ်ဘူး။ အခုက GMM ကို ရောက်တာနဲ့ အပေါင်းအသင်းတွေက သို့လော သို့လော မေးလာချိန်မှာ သူ့မှာ အဖြေမရှိ။ သူ တကယ်လည်းမသိ။ တကယ် သက်ဆိုင်သူကရော ဘယ်လိုဘယ်ပုံရှိလဲ။ ဖြေတုန်းက ဖြေထားပြီး သူက အခုကျ TayNew အတွဲနှင့် တပူးပူးတတွဲတွဲလုပ်ကာရှောင်နေသည်။
တစ်ယောက်တည်း မျက်နှာကြီးမှုန်ကာထိုင်နေသော Krist ကို ကြည့်ပြီး OffGun စုံတွဲလိုက် သက်ပြင်းတူတူချမိသည်။ ဒီလိုမှုန်တေနေလို့လည်း သူတို့နှစ်ဦးက Krist နဲ့ ခပ်လှမ်းလှမ်းမှာသာ ထိုင်နေသည်မဟုတ်လား။ သူတို့မပြောနဲ့၊ Mae Godji တို့ P'Jane တို့တောင် ထိုနားကို ဖြတ်မလျှောက်ကြ။ ရာသီဥတုက GMM အဆောက်အအုံအတွင်းမှာ အုံ့မှိုင်းလျက်ရှိသည်။
'Gun ပြောပြချင်လာပြီ Papi ရာ'
Off လည်ဂုတ်နားကို Gun တိုးတိုးကပ်ပြောတော့ ရင်ခုန်ရသည့်ကြားမှ စိတ်ရှုပ်မိနေသည်။
'Sing က တကူးတကတောင်းပန်ထားတာလေ။ ပြောလို့ဘယ်ဖြစ်မလဲ။'
သူ ခပ်တိုးတိုးနဲ့ပဲ Gun ကို ပြန်ထိန်းနေရသည်။ မဟုတ်ရင် သွားပြောနေမှ သူငယ်ချင်းအချင်းချင်း မျက်နှာပျက်မည့်ကိန်း။
'ပြီးတာပဲ... နောက်အကျယ် အကျယ်ဖြစ်မှ Gun ကို အပြစ်မတင်နဲ့'
ပြောပြောဆိုဆိုနဲ့ Gun က ထထွက်သွားတော့ သူ့မှာ အပြေးလိုက်ရသည်။
တိုးတိုး တိုးတိုးနဲ့ တွတ်ထိုးပြီး ထထွက်သွားသော OffGun တို့ကို ကြည့်ပြီး တစ်ဖက်ကို ကြည့်တော့ မှုန်တေတေထိုင်နေသော Krist ကို P'Jane တွေ့သည်။ သူ့ကို Singto အကူအညီတောင်းထားတာက မထင်မှတ်ဘဲ ကြန့်ကြာနေလို့ Singto ကိုတောင် သူ စကားသေချာမပြောဖြစ်တာ ၃ ရက်လောက်ရှိပြီ။ ဒီလို တကူးတကစီစဉ်တာလေး အထမြောက်စေချင်သည်။ ဒီကလေးနှစ်ယောက်စလုံးကို သူ ချစ်သည်။ ကြည့်နေရင်း Krist အနားကို Fiat ရောက်လာကာ နှုတ်ဆက်နေတာတွေ့သည်။
"Mama Kit... နေမကောင်းဘူးလား။ Papa ရော..."
ဒီလိုနှုတ်ဆက်သံက တိုက်ပွဲခေါ်သံလားပင်။ ထိုစဉ်မှာပင် P'Jane ဖုန်းထံ သူ စောင့်နေခဲ့ရသော ဖုန်းတစ်ကောလ် ဝင်လာသည်။ ဒါ မိုးနတ်မင်းကြီးဆက်တာပင်။ မဆိုင်းမတွ ဖုန်းကို ဖြေလိုက်သည်။
"Hello P'Trai "
Singto ရဲ့ လျှို့ဝှက်ပရောဂျက်ကြောင့် သူတောင် စိတ်တွေလှုပ်ရှားနေမိသည်။
*-*-*-* Peraya's Dream *-*-*-*
"Kit... King Power ပွဲအတွက် သီချင်းရွေးရအောင်လေ..."
တစ်ပတ်လုံးအနားမကပ်ခဲ့သူကြီး Khun Singto က အခုကျမှ Kit ကို သီချင်းရွေးရအောင်ဆိုကာ အတင်းအနားနားကပ်ထိုင်လာသည်။ အမြင်ကပ်လို့ တခြားဘက်ကို ခပ်ခွာခွာထိုင်ကာ ဘာမှမဖြစ်သလို ပြုံးပြလိုက်သည်။
"သီချင်းရွေးထားပြီးသား ရှိလား"
အံမယ်... သူ တအားကို အလုပ်မှာစိတ်နှစ်မယ်ပေါ့။ ကောင်းပြီ Khun Singto...။
"ထုံးစံအတိုင်း ဆိုဖူးတာတွေထဲကပဲ ဆိုကြမယ်လေ။ Khun Singto က သီချင်းအသစ်ကျက်ရတာ မကြိုက်ဘူးမလား။ ပြီးတော့ အားလည်းမအားဘူးဖြစ်နေတာလေ အဟင်း..."
အိုးအို... နောက်ဆုံးပိတ် ဟန်ဆောင်ရယ်သံက ခြောက်ကပ်ကပ်နဲ့ အရွဲ့တိုက်ချင်တာကို အရွဲ့တိုက်ဟန် အထမမြောက်လိုက်။ အိုကေ... fail တယ်ပဲထားတော့။
"ဟုတ်တယ်... သီချင်းအသစ်ကျက်ဖို့အချိန်မရှိဘူး"
အသံက တိုးပေမယ့် သေချာကြားရနိုင်သည့် လေသံလောက်ဖြစ်၍ သေချာကြားလိုက်ရပါသည်။ အမြင်ကပ်စရာကောင်းအောင် ပြုံးတုံ့တုံ့လုပ်ကာ ကျောပိုးအိတ်ထဲက ထုတ်လာသည့် A4 size စက္ကူအိတ်လှလှလေးကို Kit ထံ လှမ်းပေးလာသည်။
"အဲ့နေ့ Kit အပမ်းမကြီးရင် ဒါလေးဆိုကြမယ်"
သီချင်းစာရွက်ကိုများ တကူးတက အိတ်ထဲထည့်ယူလာသေးဆိုသော အကြည့်မျိုးဖြင့် မကြည်တစ်ဝက် ကြည်တစ်ဝက် ကြည့်ကာ စာအိတ်ကို လှမ်းယူလိုက်သည်။ စာအိတ်ထဲကို ဖွင့်ကြည့်တော့ A4 ဆိုဒ် ရေမွှေးကတ်နဲ့ ထုတ်ထားသည့် သီချင်းစာသားများ။
သီချင်းခေါင်းစဉ်ကို မြင်မြင်ချင်း Kit တစ်ယောက် ဘာမှမပြောနိုင်အောင် ဆွံ့အသွားမိသည်။ အံ့သြလွန်းလို့ P'Sing ကိုပါ ပြူးကြည့်မိသည်အထိ။ ရင်ခုန်သံများသည်ပင် ဆူညံကျယ်လောင်စွာ ကခုန်မြူးတူးနေသည်။ သီချင်းခေါင်းစဉ်က အချစ်တွေကို ရှင်သန်ခွင့်ပြုပါလို့ အဓိပ္ပါယ်ရတဲ့ "Let Love Appears" ၊ P'Sing ကိုယ်တိုင်လည်း cover ပြန်ဆိုထားတဲ့သီချင်းလေး။
"ဒါ Pre-birthday present ပဲရှိသေးတာ။ အရမ်းအံသြမနေနဲ့ဦး။"
သူ့နားနားကို တိုးကပ်ကာပြောသော P'Sing အသံက အသည်းယား အူတုန်ဖြစ်ဖွယ် ကောင်းလှပေသည်။
"ဒါကို ဘယ်တုန်းက..."
"နည်းနည်းတော့ကြာပြီ။ ဒီသီချင်းက Kit အရမ်းသိချင်နေတဲ့ Surprise တွေထဲက တစ်ခုပေါ့။"
"နောက်ထပ်ရှိသေးတာလား။"
"လာ... သီချင်းတိုက်ကြမယ်"
သေချာတယ်။ ဒီလူက သူ့ပျော်ရွှင်မှုတွေရဲ့ မြစ်ဖျားခံရာဆိုတာ သေချာတယ်။ သူ့စိတ်ရှင်သန်ရာဆိုတာလည်း သေချာတယ်။ ဒီရက်တွေထဲ သူ့စိတ်ညစ်နွမ်းခဲ့ရသမျှကို မေတ္တာတွေနဲ့ ဆေးကြောပစ်လိုက်တယ်။ သူ့လက်ဆောင်လေးက သာမန်ကြည့်ရက် သီချင်းတစ်ပုဒ်ပဲ။ တကယ်တော့ အဲ့သီချင်းလေးက သူတို့ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်ငယ်တစ်ခုကို သေချာစိုက်ထူထားတဲ့အရာ...
*-*-*-* Peraya's Dream *-*-*-*
"Kit... ကိုယ်ပြောစရာရှိတယ်။"
တကယ်တော့ Singto ဒီစကားကို Kit ဆီ မပြောချင်ဆုံး။ ဒီကိစ္စတွေကို မဖြစ်စေချင်ဆုံး။ ဒီရက်ပိုင်း စိတ်ရှုပ်လို့ Line က ပရိုဖိုင်ပုံတောင် ပြောင်းထားခဲ့မိရလောက်အောင် စိတ်ညစ်စရာတွေပုံနေသည်။ အားတင်းပြီး ကျော်ဖြတ်မယ်စိတ်ကူးပေမယ့် အတူတွဲပေးထားမယ့်လက်တစ်စုံကရော အားရှိရဲ့လား စိုးရိမ်မိနေပြန်သည်။
'ကျွန်တော် Cheng Meng ကို မကြိုက်ဘူး'
ပရိသတ်တွေကြားမှာတောင် သူ့စိုးရိမ်စိတ်လေးကို လှစ်ပြခဲ့သည်အထိ Nong က စိတ်ဖိစီးခဲ့ပြီးသားမလား။
"P'Sing... ပြောစရာရှိရင် ပြောလေ။ ဘာတွေငိုင်နေတာလဲ။"
Nong က သူ့လက်တွေကို ကိုင်ကာ ခေါ်လိုက်မှ အတွေးထဲက ရုန်းထွက်လာတော့သည်။ ပြောမှ ဖြစ်မယ် Singto... အခုပြောလိုက်တော့...ဟု စိတ်အတွင်းမှ အခါခါ အားတင်းမိသည်။
"P... Cheng Meng အဖွဲ့နဲ့ Fan Meeting ရှိလာလိမ့်မယ် Kit"
သူ ထိုစကားတွေပြောတော့ Nong က ပြုံးပြလာသည်။ တကယ်က အပြုံးတုတွေ။ ဖြတ်ခနဲ ညှိုးသွားတဲ့ မျက်နှာကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသူက မြင်ရသည်လေ။ အရင်လို ဆူကောက်တာမျိုးမရှိဘဲ တိုက်စစ်ပြောင်းခဲ့သည်လား။ ဒါမှမဟုတ်... စိုးရိမ်တာတွေ့ဖစ်လာပြီဆိုကာ အားလျော့သွားခြင်းမျိုးလား။
"အလုပ်ကိစ္စပဲဟာ။ သွားပေါ့ ဘာများလဲလို့။"
အသံတုန်တုန်လေးကို ထိန်းပြီး ပြောကာ တစ်ဖက်လှည့်သွားသည်။ Nong က ကျောပေးပြီး မျက်ရည်ကျသူဆို Sing က နောက်ကျောငေးရင်း မျက်ရည်ကျသူပေါ့။ Nong က စိတ်တိုတာ၊ စိုးရိမ်တာမျိုးထက် သူ့ကိုစိတ်ပူလို့ ခံစားချက်တွေပါ မြိုသိပ်တတ်ကုန်ပြီလား။ ဒီကလေး ကြီးပြင်းတာမြန်လိုက်တာ။ ကိုယ်တို့အချစ်တွေလည်း တိုးပွားတာ မြန်လိုက်တာ။
"P တို့ကြားမှာ ဘာမှပြောင်းလဲမှာမဟုတ်ဘူး Kit"
သူပြောလိုက်တဲ့ ခိုင်မာတဲ့စကားသံဟာ Kit ရင်ထဲကအပူကို ငြိမ်းစေမယ့် အမှန်တရားသစ္စာ​ပါ။ ရင်ဘတ်ချင်းနှောင်တွယ်ထားတဲ့ သံယောဇဉ်က မနေ့တနေ့ကမှ စတင်ခဲ့ကြတာမဟုတ်လို့ ယုံကြည်ခြင်းတွေနဲ့သာ ပိုပြီးတိုးတိုးချစ်ချင်မိသည်။ နောက်ကျောကို သာသာထွေးဖက်တော့ ငြိမ်ငြိမ်ကလေးရပ်နေပေးသည်။ Nong ပခုံးသားအိထွေးထွေးပေါ်မှာ ခဏတာ ခေါင်းမှေးတင်ရင်း အမောပြေခဲ့သည့် ထိုညနေအချိန်ကလေးကို အမြဲမှတ်ထားမည်။
Cheng Meng ဟာ သူတို့ကြား အတင်းတိုးဝင်ခဲ့ဖူးတဲ့ လေပွေ...။
*-*-*-* Peraya's Dream *-*-*-*
"PSing... ကျွန်တော်တို့ ဒီသီချင်းကို ဘယ်လိုခွဲဆိုရင်ကောင်းမလဲဟင်... P က High note တွေပါ ရောက်အောင်ဆိုနိုင်နေပြီးသားဆိုတော့ P ကို ညှာပြီးရွေးစရာမလိုတော့ဘူးပေါ့။ ဟီး... ဘာပဲဖြစ်ဖြစ် Kit က သီချင်းရဲ့ Chorus ကို တအားကြိုက်တာ။ အင်း... အဲ့ဒါလေးတော့ တူတူဆိုမယ်နော်။"
ပြုံးချိုနေသော မျက်နှာလေးကို တမေ့တမောငေးနေမိသည်။ စကားတွေ တရစပ်ပြောပြီးရယ်နေသော နှုတ်ခမ်းလေးကိုလည်း အမြဲလို ပစ်မှားမိနေသည်။ ပါးချိုင့်ခွက်ခွက်လေးတွေကိုလည်း လွတ်မသွားရအောင် မှတ်ရသေးသည်။ 'သူ့ Nong နဲ့ဆို Singto မျက်နှာကို ဘယ်တော့မှ အတည့်မမြင်ရဘူး' ဆိုသော comment များ ပလူပျံလေ သူ ဂုဏ်ယူလေပင်။ ခင်ဗျားတို့ ဘယ်တော့မှ အတည့်မမြင်ရလောက်ဘူးလို့ Peraya တွေ၊  Samun တွေ၊ Yuyu တွေကို စနောက်ချင်သေးသည်။
စင်ပေါ်မှာ ဒီသီချင်းကို နှစ်ယောက်အတူဆိုတဲ့အခါ သူတို့ကျော်ဖြတ်နိုင်ခဲ့ကြတဲ့ အတိတ်တွေအတွက် သူတို့ရဲ့ SPY မိသားစုတွေ ဂုဏ်ယူဝမ်းမြောက်နေလေမလား။
🎼 I'm right here. Can you see me?
တိုင်ပင်မထားဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်မိမယ့် စာသားလေးတွေနဲ့ သီဖွဲ့ထားသော တေးသီချင်းတစ်ပုဒ်။
🎼 I am in all your stories embracing you with love.
သူ့ Nong ကိုဆို အမြဲအစိုးရိမ်လွန်တယ်ဆိုသော စာသားနဲ့အတူတွဲတွေ့ရတတ်တဲ့ Nong ကို ဆုပ်ကိုင်ထားသော Sing ရဲ့ လက်တွေအကြောင်းကို ဒီသီချင်းနားထောင်ပြီးရင် Peraya တွေ အဓိပ္ပါယ်အမှန်ကို ပိုရှာတွေ့သွားတော့မှာလား။
🎼 If I could, I wish you could feel my love.
🎼 I dream we would be in love, instead of you looking right through me.
အပေါ်ယံအလုပ်သဘောထက်ပိုတဲ့ ချစ်ခြင်းတရားရှိကြောင်းကို ဒီနှစ် Nong ရဲ့ ၂၅နှစ်ပြည့်မွေးနေ့လက်ဆောင်တွေကနေ ခံစားနိုင်ပါစေဆိုပြီး Sing ကြိတ်ဆုတောင်းနေမိတယ်။
🎼 For once I wish I could tell you that my heart is wholly yours.
ကိုယ်ရော စိတ်ပါ ချစ်ခြင်းတရားတို့နှင့် ထုံမွှမ်းသော နေ့ရက်များဖြစ်စေဖို့ P'Sing က မင်းအတွက် ပေးတဲ့ သီချင်းလက်ဆောင်ကို Nong တစ်ယောက် နှလုံးသားနဲ့ ခံစားစေ...။
Nong မွေးနေ့တိုင်းမှာ ပျော်စရာအမှတ်တရတွေ လုပ်ပေးနိုင်တဲ့ P'Singtuan ဖြစ်စေဖို့ ဆုတောင်းပြီး ဖယောင်းတိုင်ကို မှုတ်ပါ။
*-*-*-* End of bonus chap *-*-*-*
Continue Reading
You'll Also Like
428K 67.8K 70
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
703K 85.1K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint
2.1M 88.2K 75