"နေဦး သူရောပါလား"
ပြာပြာသလဲဖြစ်နေသော ရှင်းကို ပန်းရီမှ
"ရှင်းဘာကြည့်နေတာလဲ။ ကြည့်မနေနဲ့ နင့်မောင်လေးပါတယ်။"
"ဟုတ်လား...."
"အားးးးး"
"ဘယ်သူလဲ ဘယ်သူလဲဟ"
"နက်ရှိုင်း"
အကုန်လုံးက ထအော်သည်။
"သွားမပြောနဲ့"
"နင် စမပြောရဘူးနော်"
"ဟုတ် ပြောတော့ဘူး"
ရှင်း -"ဘာလုပ်စားကြမလဲ"
ရှင်း- "yes sir"
ရှင်း- "မခေါ်ပါနဲ့"
__________________________
"မ"
မြတ်စွာဘုရား
စာဘယ်လိုပြန်ရမလဲ
"အွန်း"
" အာ ရပါတယ် "
"OK"
" See you"
______________
မနက်ရောက်တော့
ရေမိုးချိုး
မမဧကရီလိုက်ဝယ်ပေးထားသော ဂျင်းအပွလေးကို တီရှပ်အနက်လေးနဲ့ ပေါ့ပေါ့ပါးပါးဝတ်ပြီး
" Ok ထွက်လာခဲ့မယ်"
"ဟာ အမ ဒီနေ့လှနေပါလား"
"ဆင်း"
"ဟင်"
" ရပါတယ်"
"အင်းအင်း"
"09*********"
"သွားနှင့်ပြီနော်"
"ဪ အင်းအင်း"
"ဟင် အင်း"
"လိမ္မာတယ်"
ငါကသူ့ထက်ကြီးတာကို
"ဘာအရင် သွားဝယ်မှာလဲ"
"ဟုတ်"
" စုံပြီလားမ "
"အွန်း စုံပြီ"
"ဪ အေးအေး"
"အွန်း"
" ဟုတ်နေတာပဲ"
"သူငယ်ချင်း"
"ဘာပြောတယ်"
"ဘာမှ မဟုတ်ဘူး"
ပန်းရီ- "စောင့်နေတာကြာလိုက်တာ လ်ာပင်းတောင်ရှည်ထွက်လာပြီ"
"ရှင်းဒီနေ့ လှနေတယ်"
"ဘာမှမဟုတ်ဘူး"
ရှင်း - ဟုတ်ပြီ
"ဝိုး ကောင်းတာပေါ့"
ဟမ် ဘာအထာလဲ ဒီကလေး
"ဘာလို့"
"ဪ နောက်တစ်ခါ ဒီလိုစုပြီး မုန့်လုပ်စားရင် ကျနော် ချက်ကကြွေးမယ်လို့"
"ဪ "
ဆက်ရန်
"နေဦး သူရောပါလား"
အာလိုင်းကလဲ မကောင်းဘူး
ပြာပြာသလဲဖြစ်ေနသော ရှင်းကို ပန်းရီမှ
"ရှင်းဘာကြည့်နေတာလဲ။ ကြည့်မေနနဲ့ နင့်မောင်လေးပါတယ်။"
"ဟုတ်လား...."
"ဘာမှတော့ ဝင်မပြောပါဘူး"
ထိုစဉ် Notiတခုဝင်လာသည်။
"အားးးးး"
"ဟဲ့ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"
"ငါ့ကို account addထားတယ်"
"ဘယ်သူလဲ ဘယ်သူလဲဟ"
"နက်ရှိုင်း"
"ငါတို့ကိုတောင်မ addပဲ နင့်ကို addတယ်ဆိုတော့ တစ်ခုတော့ တစ်ခုပါပဲနော်"
ပန်းရီပြောလိုက်သည့် စကားကြောင့် ရှင်းရင်ခုန်သွားသည်။
(သူ့လုပ်ရပ်တွေက ဘာလို့မရိုးသားသလိုဖြစ်နေရတာလဲ)
"ငါစကားသွားပြောရင်ကောင်းမလား"
အကုန်လုံးက ထအော်သည်။
"သွားမပြောနဲ့"
"နင် စမပြောရဘူးနော်"
"ဟုတ် ပြောတော့ဘူး"
"မနက်ကျောင်းပိတ်တယ်ဆိုတော့ နင်တို့ဘာလုပ်ကြမလဲ"
"လွတ်လပ်ရေးကွင်းကလဲ လူတွေနဲ့ပြည့်နေမှာ နောက်နေ့မှ သွားကြတာပေါ့ ရှင်းနင်တို့ ငါ့အိမ်လာကြပါလား"
"မုန့်လုပ်စားကြမလို့လား ပန်းရီ ငါလာတာက ရတယ်လေ ငါ စုလင်းကိုဝင်ခေါ်ခဲ့ပေးမယ် နှင်းသက်ကရော"
" နင့်အိမ်ကို လိုက်ပို့ခိုင်းလို့ရလား နှင်းသက်"
"အွန်း ရလောက်တယ် ပန်းရီ"
ရှင်း -"ဘာလုပ်စားကြမလဲ"
ပန်းရီ -"ရေညှိလိပ်နဲ့ ဖျော်ရည်ရော"
စုလင်း- "ဗိုက်ပြည့်ပါ့မလား'
ရှင်း- "ကိုးရီးယားကင်ပါကြော်စားကြမယ်"
ပန်းရီ- "အိုကေ လိုအပ်တာကို ရှင်းက မြို့ထဲက ဝယ်ခဲ့လိုက် ရောက်မှ ဝိုင်းရှင်းလိုက်မယ်"
ရှင်း- "yes sir"
ပန်းရီ- "ငါတို့ ဟိုကလေးတွေကိုပါခေါ်သင့်လား"
ရှင်း- "မခေါ်ပါနဲ့"
ပန်းရီ- "အဲ့တာဆို ခေါ်လိုက်မယ် ဝယ်ရမယ့် စာရင်းလုပ်ပေးမယ် နင်သူတို့နဲ့ တူတူဝယ်လာခဲ့လိုက်"
"အေ့ပါကွာ ငါ့စကားကို နားထောင်လိုက်တာ"
"ဟုတ်ပါပြီရှင် ဆရာမကြီးအလိုကျအတိုင်းပါ"
ဒီငပေါမတွေနဲ့တော့ နေပျော်ပါတယ်
__________________________
ညရောက်တော့ ရှင်း ဗျာများရပြီ
"ငါဘာဝတ်ရင်ကောင်းမလဲ ရိုးရိုးရှင်းရှင်းဝတ်သွားရင်ကောင်းမလား ဂါဝန်လား စကပ်လား အားမသိဘူး"
Messenger Noti noti noti
"မ"
မြတ်စွာဘုရား
စာဘယ်လိုပြန်ရမလဲ
"အွန်း"
"မနက်ဖြန် ဘယ်အချိန် လာခေါ်ရမလဲ"
ဟင် သူက ငါ့ကို လာခေါ်မယ်။ မဟုတ်ဘူးလေ တူတူမသွားရဲဘူးဟဲ့ ကလေးစုတ်လေးရဲ့
" လာမခေါ်နဲ့လေ မ ဘာသာ မ သွားလိုက်မယ်"
" အာ ကျွန်တော်တို့မှ နေရာမသိပဲ မ ရဲ့ 😂"
ဟုတ်သား ငါကလည်း ကြောင်တောင်တောင်နဲ့
"အွန်း မ ဈေးဝယ်ပြီးရင် တစ်နေရာမှာစုံမယ်လေ"
" ကျွန်တော်တို့ ဈေးတူတူဝယ်ပေးမယ်လေ"
" အာ ရပါတယ် "
"မရနဲ့ အဲ့တာဆို မနက်ဖြန် ကိုးနာရီလောက် မ တို့ လမ်းထိပ်ကိုလာခေါ်မယ်နော် အိမ်ရှေ့က မကောင်းဘူးထင်လို့"
"OK"
" See you"
ဒီညတော့ ငါရင်တွေခုန်ပြီး အိပ်လို့ရပါတော့မလား နက်ရှိုင်းရယ်
______________
မနက်ရောက်တော့
ရေမိုးချိုး
မမဧကရီလိုက်ဝယ်ပေးထားသော ဂျင်းအပွလေးကို တီရှပ်အနက်ေလးနဲ့ ပေါ့ပေါ့ပါးပါးဝတ်ပြီး
ဘေးလွယ်အိပ် ဂျင်းပါးသားလေးကို တွဲဖက်လိုက်သည်။
"ကျစ်စမြီးကျစ်သွားလိုက်မယ်"
မိတ်ကပ်ပါးပါးလေးလိမ်း နှုတ်ခမ်းနီအဆီပန်းရောင်လောက်ပဲဆိုးပြီးချိန်မှာ အဆင်သင့်ဖြစ်သွားပြီဖြစ်သည်။
နက်ရှိုင်းတို့ဆက်သွယ်လာရင်သိအောင် လိုင်းဖွင့်ထားလိုက်သည်။
"မ ကျွန်တော်တို့ လမ်းထိပ်ရောက်ပြီ"
" Ok ထွက်လာခဲ့မယ်"
ခုန်နေသော ရင်ကို ထိန်းကာ ဆိုင်ကယ်ထုတ်ပြီး လမ်းထိပ်ထွက်လာခဲ့သည်။
ကျော်ရှိန်းနဲ့ နက်ရှိုင်း ဆိုင်ကယ်ရပ်ပြီးစောင့်နေတာတွေ့သည်။
နှစ်ယောက်သား ရှော့ပင်ကို တီရှပ်နှင်တွဲဝတ်ထားသည်။ နက်ရှိုင်းကတော့အပေါ်မှာ အင်္ကျီဖြူလေးထပ်ဝတ်ထားသည်။
သူနဲ့ငါနဲ့ အကျီအရောင်တူနေပါလား
မတူတာက ရှင်းက အပေါ်က ဆွယ်တာအပါး ခရမ်းဖျော့ရောင်လေးကို ဝတ်ဆင်ထားခြင်းဖြစ်သည်။
သူတို့နားရောက်တော့ ဆိုင်ကယ်ကို ခနရပ်လိုက်သည်။
"ဟာ အမ ဒီနေ့လှနေပါလား"
ကျော်ကြီးက သူ့ကို အမလို့ပြောင်းခေါ်နေတာပဲ
"ဆင်း"
"ဟင်"
" ဆင်း ကျနော်မောင်းပေးမယ်"
" ရပါတယ်"
" မရနဲ့ ဈေးလမ်းက ရှုပ်တယ် အမမောင်းပုံနဲ့ဆို ဟိုအမဆီကို ဒီနေ့ရောက်မှာမဟုတ်ဘူး ကျနော်ပဲမောင်းမယ်"
"အင်းအင်း"
"ကျော်ကြီး မင်းက အမစုလင်းကို သွားကြိုနှင့်လိုက် ငါတို့ဈေးဝယ်ပြီးလိုက်လာခဲ့မယ် မ သူ့ကိုဖုန်းနံပါတ်ပေးလိုက်ဦး"
"09*********"
"သွားနှင့်ပြီနော်"
"တတ်တော့လေ သူတောင်သွားပြီ"
"ဪ အင်းအင်း"
ရှင်း နက်ရှိုင်းနောက်က ထိုင်လိုက်သည်။
"ဒီနေ့တော့ လက်ရှည်ဝတ်လာသားပဲ"
"ဟင် အင်း"
"လိမ္မာတယ်"
ဟမ်သူက ငါ့ကိုလိမ္မာတယ်ဆိုပဲ
ငါကသူ့ထက်ကြီးတာကို
"ဘာအရင် သွားဝယ်မှာလဲ"
" ရှမ်းဆန် ဒီရှေ့ကလမ်းလေးထောင့်နာူလေးမှာ နောက်ပြီးရင် တစ်လမ်းကိုကျော်က martမှာ လိုအပ်တာဝယ်ရမယ်"
"ဟုတ်"
ပစ္စည်းတွေဝယ်တော့လဲ အနောက်က နေလိုက်ကိုင်ပေးသည်။ ဒီကလေးဟာ လူတိုင်းအပေါ် ကောင်းပေးနေတာလား။
" စုံပြီလားမ "
"အွန်း စုံပြီ"
ပစ္စည်းများကို ဆိုင်ကယ်tool boxထဲထည့်လိုက်သော်လည်း မဆံ့ပဲကျန်သေးသော အကင်ထုတ်များကို လက်က ကိုင်ထားလိုက်သည်။
"ပေး ဒီရှေ့မှာချိတ်ထားလိုက်မယ်"
"ဪ အေးအေး"
ဈေးလမ်းက ကျဉ်းပြီး လူအရမ်းရှုပ်သည်။ တစ်ခါ ဘရိတ်အုပ်တိုင်း နက်ရှိုင်းကျောကို နဖူးနဲ့ ပြေးပြေးဆောင့်လေသည်။
"ဘေးတစောင်းထိုင်ရတာအဆင်မပြေရင် ခွထိုင်လိုက်လေ ရပါတယ်"
"အွန်း"
နောက်အနည်းငယ်ဆုတ်ပြီး ဆိုင်ကယ်ပေါ်က မဆင်းပဲ ဘေးတစောင်းကနေခွလိုက်သည်။ မတတ်နိုင် လမ်းပိတ်နေပင်မယ့် ဆင်းလို့တော့မရ။
"ရသွားပြီလား ဘယ်တုန်းက ဆင်းလိုက်တာလဲ"
"မဆင်းဘူး ဒီတိုင်းခွလိုက်တာ ဟီး"
" ဟုတ်နေတာပဲ"
"ကျော်ကြီးက ဘာလို့အရင်သွားနှင့်တာလဲ"
"အမှန်တိုင်းပြောရမှာလား"
ဘာတုန်း ဒီကလေး မထိတထိနဲ့
"ကျော်ကြီးက မစုလင်းကို စိတ်ဝင်စားလို့တဲ့ အဲ့တာကြောင့် လမ်းထွင်ပေးလိုက်တာ "
အကြောင်းမသိပဲ မိကျော့ရှင်းတစ်ယောက် သူငယ်ချင်းကို ထိုးကြွေးမိသလိုဖြစ်သွားသည်။
ငါ့ကို ခွင့်မလွှတ်ပါနဲ့ စုလင်းရေ
"စိတ်မပူနဲ့ ကျော်ကြီးက လူတိုင်းနဲ့ခင်တတ်ပင်မယ့် လူကောင်းပါ အဲ့တာတော့ အာမခံနိုင်တယ် ကျွန်တော်တို့က ငယ်ငယ်ကတည်းကခင်လာတာ သူမိန်းကလေးတစ်ယောက်ကို အပျော်ကြံတာမျိုးမရှိဘူး"
"ဟုတ်လား အင်းပေါ့ စုလင်းက အရမ်းစိတ်ထားနူးညံ့လို့ စိုးရိမ်မိတာပါ"
"မ က မ သူငယ်ချင်းတွေကို အရမ်းချစ်တာပဲလား"
"အင်းပေါ့ ချစ်တာပေါ့ မင်းလဲ ကျော်ကြီးကို အရမ်းခင်သလိုပေါ့"
"အဲ့တာဆို မ ရည်းစားရရင်ရော သူငယ်ချင်းနဲ့ ရည်းစားနဲ့ ဘယ်သူ့ကိုပိုချစ်မှာလဲ"
"သူငယ်ချင်း"
"အေ့ပါကွာ ကြောက်တောင်ကြောက်လာပြီ"
"ဘာပြောတယ်"
"ဘာမှ မဟုတ်ဘူး"
စကားတပြောပြောနဲ့ ပန်းရီအိမ်ကိုရောက်တော့ လူစုံနေပြီ။
ပန်းရီ- "စောင့်နေတာကြာလိုက်တာ လာ်ပင်းတောင်ရှည်ထွက်လာပြီ"
စုလင်းက အနားကပ်လာပြီး
"ရှင်းဒီနေ့ လှနေတယ်"
"စုလင်း နင့်ကို ကျော်ကြီးဘာလုပ်လိုက်သေးလဲ"
"ဘာမှ မလုပ်ပါဘူး ဘာလို့လဲ"
"ဘာမှမဟုတ်ဘူး"
ပန်းရီ- အမေကတော့ အခန်းထဲမှာ နားနေတယ်။ ငါတို့ခွဲတန်းချရအောင်။ စတော်ဘယ်ရီသီးတွေဝယ်ထားတာချွေရမယ် ဖျော်ရည်ဖျော်ရမယ်။အကင် ကြော်ရမယ်။ ရေညှိလိပ်အတွက် ထမင်းတည်ရမယ်။
နက်ရှိုင်း- ကျနော် အကင်ကြော်ပေးမယ်
ကျော်ကြီး -ကျနော်က ထိုင်စားပေးမယ်
မိန်းကလေးအကုန်လုံး၏ မျက်စောင်းများသည် ဒိုင်းခနဲ့ ကျော်ကြီးဆီကို ရောက်သွားသည်။
ကျော်ကြီး - စတာ စတော်ဘယ်ရီသီး ခြွေကူမယ်
ပန်းရီ - ရှင်း နင် ရှမ်းဆန်တည်ပေးပါလား ငါတည်ရင် ပျော့ချင်ပျော့ မာချင်မာနေတာ
ရှင်း - ဟုတ်ပြီ
ပန်းရီ- ငါနဲ့ရှင်းကရေညှိလိပ် ကျန်တဲ့ နှစ်ကောင်က ရေညှိလိပ်အတွက် အရွက်လှီးပေး နောက်ပြီးရင် ပန်းကန်ဆေး
တာဝန်များခွဲပြီးနောက် နက်ရှိုင်းနဲ့ ရှင်းက အနောက်မီးဖိုချောင်မှာ စတင် ကြော်ချက်ကြသည်။ကျန်တဲ့သူများက ဧည့်ခန်းမှာ
ရှင်းက ဆန်ရေဆေးနေရင်း
"မင်းက အဲ့လိုလဲ ကြော်တတ်တယ်ပေါ့"
"ဒီလောက်တော့ ရပါတယ် အိမ်မှာ အမေ့ကို ကူညီပေးရင်း ဟင်းချက်တတ်တယ်"
"ဝိုး ကောင်းတာပေါ့"
"ကျနော်ချက်ကြွေးရမလား"
ဟမ် ဘာအထာလဲ ဒီကလေး
"ဘာလို့"
"ဪ နောက်တစ်ခါ ဒီလိုစုပြီး မုန့်လုပ်စားရင် ကျနော် ချက်ကေကြွးမယ်လို့"
"ဪ "
ဒီကလေးက မထိတထိစတတ်နေရာတော့ တော်တော်တတ်သည်။
ထမင်းတည်ပြီးနောက် ရှင်းလဲ ဧည့်ခန်းထဲသွားကာ ကျော်ရှိန်းကို ကူညီပြီး စတော်ဘယ်ရီဖျော်ရန် လုပ်နေသည်။
မီးဖိုးချောင်ထဲမှ သဝန်တိုနေသောသူတစ်ယောက်ကိုကား ကျော်ကြီးနှင့်စကားများနေသော ရှင်းမသိချေ
စတော်ဘယ်ရီများ ရေဆေးပြီးဖျော်ရန် လာသောအခါ နက်ရှိုင်းသူ့ကို မသိချင်ယောင်ဆောင်နေသည်။
ဒီအမကြီးဟာ အူတိုအောင်အမြဲနေနေတာပဲ။
အကင်တွေကြော်ပြီးတော့ နက်ရှိုင်း ဧည့်ခန်းထဲသို့လိုက်ဝင်လာလိုက်သည်။
ကျော်ကြီး- "မင်းပုံစံက တစ်ခုခုဖြစ်နေသလိုပဲ "
နက်ရှိုင်း - "မဖြစ်ပါဘူး"
အရိပ်ကဲဖမ်းမိသော ပန်းရီနှင့် နှင်းသက်တို့က ကြိတ်ရီလေသည်။
ဆက်ရန်
(hello ခုတလော စာသိပ်မရေးနိုင်လို့ updateနောက်ကျနေတာကို သည်းခံပေးကြပါနော် 🥰🥰🥰🥰)