"ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အ...

By ayechanmimi

113K 8.3K 764

Myanmar lesbian fiction💜🙆 More

အပိုင္း(1)
အပိုင္း(2)
အပိုင္း(3)
အပိုင္း(4)
အပိုင္း(5)
အပိုင္း(6)
အပိုင္း(7)
အပိုင္း(8)
အပိုင္း(9)
အပိုင္း(10)
အပိုင္း(11)
အပိုင္း(12)
အပိုင္း(13)
အပိုင္း(14)
အပိုင္း(16)
အပိုင္း(17)
အပိုင္း(18)
အပိုင္း(19)
အပိုင္း(20)
အပိုင္း(21)
အပိုင္း(22)final

အပိုင္း(15)

4.2K 351 31
By ayechanmimi

ေကာင္းကင္ျပာ၏ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(15)

***********************************
အခန္းျပတင္းေပါက္ဖြင့္ထားပံုေပၚ၏။ ခ်မ္းစိမ့္စိမ့္နဲ႔ ေလေျပေအးေအးေတြက သု ရဲ႕ မ်က္နွာ တစ္ေလ်ွာက္ တိုးဝင္ေနသလို စူးရွေသာ ေနေရာင္ျခည္ေၾကာင့္ သု ျဖည္းညင္းစြာ ထလိုက္ေပမယ့္၊ ေခါင္းထဲက ေနာက္က်ိေနေလၿပီ။

"အား ....ကြၽတ္ ကြၽတ္ ..ေခါင္းကိုက္လိုက္တာ..."

မေန႔ညက ဘာေတြျဖစ္ခဲ့တာလဲ။ ဘုရားေရ။ သု မွတ္မိတာက ကားေပၚမွာ ကိုဘုန္းရွိန္ဝါကို ေျပာခဲ့ေသာ စကားေတြက အိမ္မက္မဟုတ္ပဲ တကယ္မ်ား ျဖစ္ခဲ့ရင္ ၊

"ဟိုက္ ဒုကၡပါပဲ  .  "

ဖုန္းကို အျမန္ရွာ ကာ ကိုဘုန္းဆီ သု အျမန္ဖုန္းေခၚလိုက္သည္။ ထရပ္ကာ ပ်ာယာခတ္ေနေပမယ့္ ေခါင္းက တရိပ္ရိပ္မူးေနျပန္သည္။

"ဟဲလို  . သု ေျပာေလ  ..."

"ဟို ကိုဘုန္း  . သု မေန႔ညက ေျပာတဲ့ စကားေတြေလ .."

"ကို နားလည္ပါတယ္ သု .. ကိုေလ တကယ္မထင္မွတ္ခဲ့တာ အဟက္..."

"ဟို... သု.....ေတာင္းပန္ပါတယ္..."

သုအရမ္းအားနာသလို၊ အရမ္းအေနရခက္သြားသည္က အမွန္။ ဒီအခ်ိန္မွာ ကိုဘုန္းနဲ႔ လမ္းခြဲဖို႔ ဆံုးျဖတ္ခ်က္ကို သု ခ်ခဲ့တာ သု႔အတြက္၊ သု ရဲ႕ နွလံုးသားအတြက္။ ၿပီးေတာ့ ကိုဘုန္းကို သုက လိုသံုးတစ္ေယာက္လို အသံုးျပဳခဲ့သည္မွာ သု မွားသြားၿပီ။

"ရပါတယ္ သု ရယ္.....အဟင္း ..နည္းနည္းေတာ့ ခံစားရတာေပါ့.."

"သုရဲ႕ ခံစားခ်က္ေတြအတြက္ ကိုဘုန္းကို အသံုးခ်မိသလို ျဖစ္သြားခဲ့တယ္၊ သု အႏူးအၫႊတ္ေတာင္းပန္ပါတယ္ ၿပီးေတာ့ သု တို႔ေတြ သူငယ္ခ်င္းအျဖစ္ ထာဝ ရ တည္ရွိေနၾကမယ္ေလ.."

"ဒါေပါ့  ..."

သု နားလည္ပါတယ္၊ ကိုဘုန္းလည္း ဆို႔နစ္စြာ ခံစားေနရမည္ကို။ သု လုပ္သင့္လုပ္ထိုက္တာကို လုပ္တာ၊ သု မခ်စ္တဲ့သုရဲ႕ ရင္ခြင္ထဲမွာ သု ဘယ္လိုမွ အသက္ရွင္နိုင္မွာ မဟုတ္ပါ။ ေနာက္ၿပီး သု ေလ သူမကိုလည္း တစ္ပါးသူရဲ႕ လက္ထဲကို ထည့္မေပးေတာ့ဘူးဟု ဆံုးျဖတ္လိုက္ၿပီ။

"ကိုယ္တို႔ေတြ ခ်စ္သူရည္းစားဘဝ ေနာက္ဆံုးအေနနဲ႔ သုကို Dinnerလိုက္ေကြၽးပါရေစ  ..ေနာက္ဆို သုက ျငင္းေတာ့မွာေလ.."

"ေအာ္ မဟုတ္တာ...သြားစားၾကမယ္ေနာ္ ညေနက်ရင္ သု႔ကို လာေခၚပါ..."

သု မေန႔ညက ကိုဘုန္းနဲ႔ လမ္းခြဲရန္ေျပာခဲ့သည္။ သု ရင္ထဲမွာ သု နွလံုးသားထဲက စိုးမိုးထားသူကို သု လက္လႊတ္ေတာ့မည္ မဟုတ္။

                         🍉🍉🍉

"ဘယ္လိုလဲ တာတာ ႀကိဳက္ရဲ႕လား..."

"အြန္း ..."

အျဖဴေရာင္လြမ္းၿခံဳထားတဲ့ သတိုးသမီးဝတ္စံုကို တိုင္း တခ်က္ၾကည့္မိလိုက္တယ္။ဘာေၾကာင့္ရယ္ မသိ တိုင္းရီမိသည္။
အခု တိုင္းက လက္ထက္ရေတာ့မွာ တဲ့လား။ က်လုဆဲ မ်က္ရည္ကို အသာပဲ ကိုဇြဲ မျမင္ေအာင္ သုတ္လိုက္တယ္။ေနာက္ဆံုးေတာ့လည္း တိုင္း လက္ထက္ရတဲ့လူက တိုင္း လံုးဝ မခ်စ္မနွစ္သက္ေသာ ေယာက်ၤားတစ္ေယာက္ ၊ ဘယ္ဘဝ က ဝဋၤေႂကြးေတြမ်ားပါလိမ့္။

"တာတာ ...ဖိနပ္ကေရာ ကိုဇြဲပဲလိုက္ဝယ္ေပးရမလား.."

"သေဘာေလ..."

ဖိနပ္၊ ညေနဆည္းဆာလုပ္ရင္ ဝတ္ဖို႔ အက်ီ ၤ၊ ယုတ္စြအဆံုး တိုင္းအတြက္ Underwearက အစ ဝယ္ေပးေသာ ေယာက်ၤားတစ္ေယာက္ကို တိုင္း ဘာလို႔ မခ်စ္နိုင္ရတာလဲ။ စိတ္ညစ္ညစ္နဲ႔ အက်ီ ၤအိတ္ကပ္ထဲမ စီးကရက္ကို ထုတ္ကာ ေသာက္ရန္ျပင္လိုက္ေတာ့ အေတြးတစ္ခ်ိဳ႕က ေပၚလာျပန္တယ္။။
မက ဘယ္တုန္းကမွ တိုင္းကို မေသာက္ဖို႔မတားခဲ့ဘူး၊ ဘယ္တုန္းကမွ တိုင္းကို ဂရုတစိုက္မရွိခဲ့ဘုူး၊ တိုင္း အတြက္ ဘယ္တုန္းကမွ အေလးအနက္မထားဘူး ၊ ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူး၊

"အား ....!! ဘာလို႔လဲ..."

တိုင္း ရူးေနၿပီထင္သည္။ ဆိုင္ခန္းေတြ အလယ္မွာပဲ တိုင္း ထိုင္ခ်လိုက္ကာ ေအာ္ငိုမိေတာ့ ကိုဇြဲက တိုင္းရွိရာ အေမာတေကာေျပးလာသည္။

"တာတာ ...ဘာျဖစ္တာလဲ ...တာတာ ကိုကို႔ကို ၾကည့္
ဘာျဖစ္တာလဲ အဆင္ေျပရဲ႕လား.."

ဒီေန႔က မအတြက္ တိုင္း ငိုတာ ေနာက္ဆံုးေန႔ပဲ ။ ဘယ္ေတာ့မွ မအတြက္ မငိုေတာ့ဘူး၊ မ တစ္ေယာက္ တိုင္းကို ခ်စ္ေနတာ တိုင္း သိတယ္၊ သတၱိမရွိတဲ့ မ ကို မုန္းတယ္။ တိုင္း ထိုင္ေနရာက ထရပ္လိုက္ကာ မ်က္ရည္မ်ားကို သုတ္ပစ္လိုက္သည္။ တိုင္းက ခံစားလြယ္တယ္၊  ထိခိုက္လြယ္တယ္၊ မာနမရွိဘုးလို႔ မ ထင္ေနတာလား။ တိုင္း က ဆံုးျဖတ္ခ်က္ခ်လိုက္ရင္ ဘယ္ေတာ့မွ လွည့္မၾကည့္ဘုးဆိုတာ မသိရင္ ေကာင္းမည္။

"မိတၲဴဆိုင္သြားၾကမယ္ ကိုကို ..ဖိတ္စာကို အလွဆံုးျဖစ္ေအာင္ လုပ္ရမယ္ေလ.."

ကိုဇြဲက တိုင္းကို နားလည္မည္ မထင္၊ ရပ္တရက္ တိုင္း သူ႔လက္ေတြကို တြဲခ်ိတ္လိုက္တာေၾကာင့္ သူေပ်ာ္သြားမည္ကို တိုင္း သိသည္။ လူတိုင္းက ကိုယ္ခ်စ္တဲ့ သူ ဆီက တုံျပန္မႈကို လိုခ်င္ၾကမွာပဲေလ၊ တိုင္း ကဲ့သို႔ေပါ့ ကိုယ္ခ်င္းစာပါ၏။

မိတၲဴဆိုင္ကို supermarketရဲ႕ လမ္းခ်ိဳးတိုင္းက ဝင္လိုက္ေတာ့ ေဘးခ်င္းကပ္ရပ္မွာ စားေသာက္ဆိုင္ရွိေလသည္။

"ကိုက္ုိ ၿပီးက် Dinnerစားၿပီး ျပန္ၾကရေအာင္.."

"အြန္း တာတာ သေဘာပါဗ် ."

ဖိတ္စာကို အမွန္တကယ္ေတာ့ တိုင္း လံုးဝ စိတ္မဝင္စားခဲ့ပါ။ နာမည္ထည့္တာ ဘယ္Hotel မွာ ေဆာင္မွာက အစ ေန႔ရက္အဆံုး ကိုဇြဲပဲ ေျပာျပကာ ကိုဇြဲစိတ္ႀကိဳက္ပဲ စီစဥ္ခိုင္းလိုက္သည္။ တကယ္ကို လွတပတေလး ထြက္လာပါတယ္ ၊ အျဖဴေရာင္ ဖဲျပားေလးနွင့္ ခ်ည္ေနွာင္ထားေသာ "ကိုဇြဲရန္နိုင္+မအတိုင္းတာ" ။

"ဒီတစ္ေစာင္ နမူနာ ယူခဲ့လိုက္မယ္ေလ တာတာ.."

"သေဘာေလ.."

ဘာဆိုဘာမွ အတြန္႔မတတ္သူက တိုင္း၊ အမွန္ေတာ့ စိတ္မပါတာ သိသာလြန္းသည္။ သို႔ေပမယ့္ တိုင္းရဲ႕ပံုစံအတိုင္း စိတ္ဓာတ္က်ေနေတာင္ လန္းဆန္းတတ္ႂကြေနသူ မဟုတ္လား။
ဖိတ္စာ တစ္ေစာင္ထဲကို နမူနာ ယူကာ တိုင္း ကိုဇြဲလက္ကိုတြဲခ်ိတ္ကာ စားေသာက္ဆိုင္ထဲ ဝင္လိုက္ေတာ့ တဖက္ဝိုင္းမွာ ဦးဘုန္းရွိန္ဝါနဲ႔ မ ကို အတူ ေတြ႕ျမင္လိုက္ရေတာ့ တိုင္း ေခါင္းေတြကိုက္သြားရသလို၊ ရင္ေတြပါ နာက်င္လာျပန္သည္။

"တာတာ ....ဘာစားမွာလဲ..."

"ေတာ္ၿပီ စားခ်င္စိတ္မရွိေတာ့ဘူး.."

တိုင္း လွည့္ျပန္ရန္ လုပ္လိုက္ေတာ့ ကိုဇြဲက မတို႔ ဝိုင္းကို တိုင္း လက္ကိုဆြဲၿပီး ေခၚသြားသည္။

"မမသု တို႔ပါလား  ..Dinner dateလုပ္ၾကတာလား.."

"ေအာ္ဟုတ္တယ္ ...ဒါနဲ႔ ဘယ္ကျပန္လာၾကတာလဲ နွစ္ေယာက္သား..."

ႏွစ္ေယာက္သားဆိုေသာေၾကာင့္ ထိုေမးခြန္းတြင္ တိုင္း ပါ ပါဝင္ေၾကာင္း သိလိုက္ရသည္။ ႐ြဲ႕ခ်င္စိတ္လည္း ေပၚလာေသာေၾကာင့္ တိုင္း ကိုဇြဲရဲ႕ လက္ေမာင္းကို တြဲခ်ိတ္လိုက္သည္။

"မမသု ...တိုင္းနဲ႔ကိုကို ဖိတ္စာရိုက္ၿပီး ျပန္လာၾကတာေလ ဟုတ္တယ္မလား ကိုကို..မမသု သိလား ကိုကိုကေလ တိုင္းကို သိပ္ခ်စ္ၿပီး၊ ဂရုစိုက္တာ တိုင္း ေ႐ြးတဲ့ လမ္းမွန္သြားၿပီထင္တယ္..."

"ေအာ္ ဟုတ္လား ေကာင္းတာေပါ့ တည့္ေအာင္ေနၾကေနာ္.."

တိုင္း ခန္႔မွန္းထားေလာက္ေအာင္ မမသုရဲ႕ မာနက ႀကီးလြန္းသည္။ ဘယ္ေတာ့မွ သူမဘက္က ေအာက္မက်ိဳ႕ တတ္ေသာ မိန္းမမ်ိဳး၊  ထိုမာန တစ္ခြဲသားနဲ႔ မိန္းမကို တိုင္းက နွလံုးသားတစ္ခု ဆုပ္ပ်က္တတ္ေအာင္ ခ်စ္မိတာ က မတန္လိုက္တာ။

"အဲ့တာဆို ကြၽန္ေတာ္တို႔ သြားေတာ့မယ္ေနာ္ မမသု.ဒါက ဖိတ္စာပါ လာျဖစ္ေအာင္ လာခဲ့ပါေနာ္ မမသု.."

"အြန္း..."

ဇြဲရန္ႏုိင္ရဲ႕ လက္ေမာင္းေလးေတြက မင္းရဲ႕ မွီခိုအားထားရာ၊ မင္းရဲ႕ ကာကြယ္မႈရွိရာ ျဖစ္ရင္ မ ေက်နပ္ပါၿပီ ကေလး။ ထပ္ၿပီး ေပ်ာ္ရတာက မင္း ေပ်ာ္႐ႊင္ေနတယ္ဆ္ုိတာ သိရလို႔ မသု လည္း ထပ္တူေပ်ာ္ရတယ္၊ မရဲ႕ ဘဝ က အခု မင္းရဲ႕ အၿပံဳးေလးေတြပဲ တိုင္း။

"အဆင္ေျပရဲ႕လား သု ....."

"သိပ္ေျပတာေပါ့ ကိုဘုန္း    ကိုယ္ခ်စ္ရတဲ့သူ ေပ်ာ္႐ႊင္ေနတာကို ျမင္ရတဲ့ လူသားတိုင္း သိပ္ကို အဆင္ေျပတာေပါ့.."

မင္းရဲ႕ စီးကရက္သင္းေနတဲ့ နႈတ္ခမ္းေတြကို ထပ္နမ္းရွိုက္ခြင့္မရွိေတာ့ဘူး တိုင္း။ မ ေၾကာင့္ အခ်ိန္တိုင္း နာက်င္ေနရတဲ့ မင္းရဲ႕ နွလံုးသားေလး အနားယူပါေပါ့၊ မ မင္းဘဝ ထဲက ထြက္သြားေပးမွာပါ။

                🎸🎸🎸🎸🎸🎸🎸

ဒီေန႔က မင္းရဲ႕ မဂၤလာပြဲေန႔တဲ့၊ ေနာက္ဆို ဗုဒၶဟူးေန႔တိုင္းက မအတြက္ က်က္သေရ မရွိဘူး ျဖစ္ေတာ့မွာ။ ေၾကကြဲမယ္ စိတ္ရွိလက္ရွိ၊ မင္း ေပ်ာ္ေနပါတယ္ဆို မ ေက်နပ္နိုင္ေပမယ့္
မ လုပ္ခဲ့တဲ့ လုပ္ရက္အတြက္ မ ဘယ္ေတာ့မွ ေနာင္တမရဘူး၊။ အနည္းဆံုးေတာ့ မင္းကေလးက မထိခိုက္ပဲ ေပ်ာ္႐ႊင္ေနနနိုင္တယ္ေလ ၊ ထိခိုက္တဲ့ သူက မျဖစ္ေနေပမယ့္လို႔ေပါ့။ အစထဲက မ က သဘာဝ တရားကိုကြဲလြဲေစတဲ့ သူ မျဖစ္ခ်င္ခဲ့ဘူး၊ မ နဲ႔ဆိုရင္ေရာ တိုင္းရဲ႕ ေမေမ သေဘာတူမည္ဟု ထင္သလား။ အရမ္း တဇြတ္ထိုးဆန္တဲ့ တိုင္း အက်င့္ေၾကာင့္ ၾကားထဲမွာ နာက်င္သူေတြက မိဘေတြ ျဖစ္မွာ၊ အခုေတာ့ မ တစ္ေယာက္ပဲ နာက်င္ရတယ္ ၊ ေဟာ ဘယ္ေလာက္ေတာင္ ရသင့္တဲ့ ေနာင္တလဲ။ မင္းလည္း မင္းဘဝ နဲ႔ မင္း သာယာပါေစ တိုင္းရယ္။

______

မွန္ထဲမွာေပၚေနတဲ့ တိုင္းပံုရိပ္က အျဖဴေရာင္ သတိုးသမီး ဝတ္ဆံုနဲ႔ လက္ထက္ရေတာ့မယ္ အမ်ိဳးသမီးတစ္ဦး။ ဒီမဂၤလာပြဲ ဟာ လူႀကီးလူေကာင္းေတြ အမ်ားႀကီးလာၾကမယ္တဲ့၊ မကေရာ လာမယ္လား။ မလာပါနဲ႔ တိုင္း ဆုေတာင္းတယ္။ ဂုဏ္ျပဳစကား ေျပာမယ့္ မရဲ႕ အသံေတြကို နားမေထာင္နိုင္ပါဘူး၊

"သမီးေလးက လွလိုက္တာေနာ္..."

မိတ္ကပ္ျပင္ေပးတဲ့ အန္တီႀကီးက တိုင္း ကို တစ္စိမ့္စိမ့္ၾကည့္ကာေျပာသည္။ ဝတ္ဆံုအျဖဴေရာင္မွာ လည္ပင္းတစ္ေလွ်ာက္ ေဖာ္ထားေသာေၾကာင့္ ေက်ာ့ရွင္းေနေသာ လည္တိုင္ေလးမွာ စိန္ေလာ့ကတ္သီးေလးနွင့္ တင့္တယ္လ်က္။ ထံုးဖြဲ႕ေနွာင္ထားေသာ ဆံနြယ္ေလးေတြက လွေသြးႂကြယ္ေနေသာ မိန္းမပ်္ိ ုတစ္ဦးအလား၊

"အခမ္းအနားက ေနာက္ နာရီ ဝက္ေနရင္ စပါ့မယ္ေနာ္.."

အခမ္းအနားစီစဥ္သူေတြ လာေျပာေနၾကၿပီ။ အခမ္းအနား စေတာ့မယ္တဲ့၊ တိုင္း မ ကို လြမ္းတယ္၊ မရယ္ တိုင္းေလး ဘယ္လိုမွ မကို မမုန္းရက္ဘူး၊ ေမ့လို႔လည္း မရဘူး၊ တိုင္း သိတယ္ အခုအခမ္းအနားကို မ မလာဘူးဆိုတာ တိုင္း သိပါတယ္၊။ တိုင္း နဲ႔ အတူ သြားစားျဖစ္တဲ့ ဝက္သားဒုတ္ထိုးဆိုင္ကို အၿမဲသြားတာလည္း တိုင္းသိတယ္၊ တိုင္းေပးထားတဲ့ Snow ballေလးကိုလည္း ဖက္ငိုတာ တိုင္း သိတယ္။
တိုင္း မ ကို ခ်စ္တယ္။

ခမ္းမထဲအတိုင္း ဂါဝန္ႀကီး အား မကာ ေျပးထြက္သြားေသာ တိုင္းေၾကာင့္ အားလံုး ေၾကာင္ၿပီး ထိတ္လန္႔သြားမွာကို သိေပမယ့္ ဘယ္သူ႔မွ တိုင္း ဂရုမစိုက္ဘူး၊ တိုင္း ျမင္ခ်င္တာ မ ရဲ႕ မ်က္နွာပဲ။အနားမွာ ရွိတဲ့ မာမီရဲ႕ ကားေပၚတတ္လိုက္ကာ ကားေသာ့ကို ဖြင့္ၿပီး  ထိုေနရာက တိုင္း အျမန္ဆံုး ေမာင္းနွင္ခဲ့သည္။ တိုင္းရဲ႕ ေမာင္းနွင္နႈန္းက တစ္နာရီ 100မိုင္တဲ့ မရယ္။

___________

Unicode__

ကောင်းကင်ပြာ၏တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(15)

***********************************
အခန်းပြတင်းပေါက်ဖွင့်ထားပုံပေါ်၏။ ချမ်းစိမ့်စိမ့်နဲ့ လေပြေအေးအေးတွေက သု ရဲ့ မျက်နှာ တစ်လျှောက် တိုးဝင်နေသလို စူးရှသော နေရောင်ခြည်ကြောင့် သု ဖြည်းညင်းစွာ ထလိုက်ပေမယ့်၊ ခေါင်းထဲက နောက်ကျိနေလေပြီ။

"အား ....ကျွတ် ကျွတ် ..ခေါင်းကိုက်လိုက်တာ..."

မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။ ဘုရားရေ။ သု မှတ်မိတာက ကားပေါ်မှာ ကိုဘုန်းရှိန်ဝါကို ပြောခဲ့သော စကားတွေက အိမ်မက်မဟုတ်ပဲ တကယ်များ ဖြစ်ခဲ့ရင် ၊

"ဟိုက် ဒုက္ခပါပဲ  .  "

ဖုန်းကို အမြန်ရှာ ကာ ကိုဘုန်းဆီ သု အမြန်ဖုန်းခေါ်လိုက်သည်။ ထရပ်ကာ ပျာယာခတ်နေပေမယ့် ခေါင်းက တရိပ်ရိပ်မူးနေပြန်သည်။

"ဟဲလို  . သု ပြောလေ  ..."

"ဟို ကိုဘုန်း  . သု မနေ့ညက ပြောတဲ့ စကားတွေလေ .."

"ကို နားလည်ပါတယ် သု .. ကိုလေ တကယ်မထင်မှတ်ခဲ့တာ အဟက်..."

"ဟို... သု.....တောင်းပန်ပါတယ်..."

သုအရမ်းအားနာသလို၊ အရမ်းအနေရခက်သွားသည်က အမှန်။ ဒီအချိန်မှာ ကိုဘုန်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သု ချခဲ့တာ သု့အတွက်၊ သု ရဲ့ နှလုံးသားအတွက်။ ပြီးတော့ ကိုဘုန်းကို သုက လိုသုံးတစ်ယောက်လို အသုံးပြုခဲ့သည်မှာ သု မှားသွားပြီ။

"ရပါတယ် သု ရယ်.....အဟင်း ..နည်းနည်းတော့ ခံစားရတာပေါ့.."

"သုရဲ့ ခံစားချက်တွေအတွက် ကိုဘုန်းကို အသုံးချမိသလို ဖြစ်သွားခဲ့တယ်၊ သု အနူးအညွှတ်တောင်းပန်ပါတယ် ပြီးတော့ သု တို့တွေ သူငယ်ချင်းအဖြစ် ထာဝ ရ တည်ရှိနေကြမယ်လေ.."

"ဒါပေါ့  ..."

သု နားလည်ပါတယ်၊ ကိုဘုန်းလည်း ဆို့နစ်စွာ ခံစားနေရမည်ကို။ သု လုပ်သင့်လုပ်ထိုက်တာကို လုပ်တာ၊ သု မချစ်တဲ့သုရဲ့ ရင်ခွင်ထဲမှာ သု ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ပါ။ နောက်ပြီး သု လေ သူမကိုလည်း တစ်ပါးသူရဲ့ လက်ထဲကို ထည့်မပေးတော့ဘူးဟု ဆုံးဖြတ်လိုက်ပြီ။

"ကိုယ်တို့တွေ ချစ်သူရည်းစားဘဝ နောက်ဆုံးအနေနဲ့ သုကို Dinnerလိုက်ကျွေးပါရစေ  ..နောက်ဆို သုက ငြင်းတော့မှာလေ.."

"အော် မဟုတ်တာ...သွားစားကြမယ်နော် ညနေကျရင် သု့ကို လာခေါ်ပါ..."

သု မနေ့ညက ကိုဘုန်းနဲ့ လမ်းခွဲရန်ပြောခဲ့သည်။ သု ရင်ထဲမှာ သု နှလုံးသားထဲက စိုးမိုးထားသူကို သု လက်လွှတ်တော့မည် မဟုတ်။

                         🍉🍉🍉

"ဘယ်လိုလဲ တာတာ ကြိုက်ရဲ့လား..."

"အွန်း ..."

အဖြူရောင်လွမ်းခြုံထားတဲ့ သတိုးသမီးဝတ်စုံကို တိုင်း တချက်ကြည့်မိလိုက်တယ်။ဘာကြောင့်ရယ် မသိ တိုင်းရီမိသည်။
အခု တိုင်းက လက်ထက်ရတော့မှာ တဲ့လား။ ကျလုဆဲ မျက်ရည်ကို အသာပဲ ကိုဇွဲ မမြင်အောင် သုတ်လိုက်တယ်။နောက်ဆုံးတော့လည်း တိုင်း လက်ထက်ရတဲ့လူက တိုင်း လုံးဝ မချစ်မနှစ်သက်သော ယောင်္ကျားတစ်ယောက် ၊ ဘယ်ဘဝ က ဝင်္ဋကြွေးတွေများပါလိမ့်။

"တာတာ ...ဖိနပ်ကရော ကိုဇွဲပဲလိုက်ဝယ်ပေးရမလား.."

"သဘောလေ..."

ဖိနပ်၊ ညနေဆည်းဆာလုပ်ရင် ဝတ်ဖို့ အကျီ င်္၊ ယုတ်စွအဆုံး တိုင်းအတွက် Underwearက အစ ဝယ်ပေးသော ယောင်္ကျားတစ်ယောက်ကို တိုင်း ဘာလို့ မချစ်နိုင်ရတာလဲ။ စိတ်ညစ်ညစ်နဲ့ အကျီ င်္အိတ်ကပ်ထဲမ စီးကရက်ကို ထုတ်ကာ သောက်ရန်ပြင်လိုက်တော့ အတွေးတစ်ချို့က ပေါ်လာပြန်တယ်။။
မက ဘယ်တုန်းကမှ တိုင်းကို မသောက်ဖို့မတားခဲ့ဘူး၊ ဘယ်တုန်းကမှ တိုင်းကို ဂရုတစိုက်မရှိခဲ့ဘုး၊ တိုင်း အတွက် ဘယ်တုန်းကမှ အလေးအနက်မထားဘူး ၊ ဘယ်တုန်းကမှ မချစ်ခဲ့ဘူး၊

"အား ....!! ဘာလို့လဲ..."

တိုင်း ရူးနေပြီထင်သည်။ ဆိုင်ခန်းတွေ အလယ်မှာပဲ တိုင်း ထိုင်ချလိုက်ကာ အော်ငိုမိတော့ ကိုဇွဲက တိုင်းရှိရာ အမောတကောပြေးလာသည်။

"တာတာ ...ဘာဖြစ်တာလဲ ...တာတာ ကိုကို့ကို ကြည့်
ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား.."

ဒီနေ့က မအတွက် တိုင်း ငိုတာ နောက်ဆုံးနေ့ပဲ ။ ဘယ်တော့မှ မအတွက် မငိုတော့ဘူး၊ မ တစ်ယောက် တိုင်းကို ချစ်နေတာ တိုင်း သိတယ်၊ သတ္တိမရှိတဲ့ မ ကို မုန်းတယ်။ တိုင်း ထိုင်နေရာက ထရပ်လိုက်ကာ မျက်ရည်များကို သုတ်ပစ်လိုက်သည်။ တိုင်းက ခံစားလွယ်တယ်၊  ထိခိုက်လွယ်တယ်၊ မာနမရှိဘုးလို့ မ ထင်နေတာလား။ တိုင်း က ဆုံးဖြတ်ချက်ချလိုက်ရင် ဘယ်တော့မှ လှည့်မကြည့်ဘုးဆိုတာ မသိရင် ကောင်းမည်။

"မိတ္တူဆိုင်သွားကြမယ် ကိုကို ..ဖိတ်စာကို အလှဆုံးဖြစ်အောင် လုပ်ရမယ်လေ.."

ကိုဇွဲက တိုင်းကို နားလည်မည် မထင်၊ ရပ်တရက် တိုင်း သူ့လက်တွေကို တွဲချိတ်လိုက်တာကြောင့် သူပျော်သွားမည်ကို တိုင်း သိသည်။ လူတိုင်းက ကိုယ်ချစ်တဲ့ သူ ဆီက တုံပြန်မှုကို လိုချင်ကြမှာပဲလေ၊ တိုင်း ကဲ့သို့ပေါ့ ကိုယ်ချင်းစာပါ၏။

မိတ္တူဆိုင်ကို supermarketရဲ့ လမ်းချိုးတိုင်းက ဝင်လိုက်တော့ ဘေးချင်းကပ်ရပ်မှာ စားသောက်ဆိုင်ရှိလေသည်။

"ကိုက်ို ပြီးကျ Dinnerစားပြီး ပြန်ကြရအောင်.."

"အွန်း တာတာ သဘောပါဗျ ."

ဖိတ်စာကို အမှန်တကယ်တော့ တိုင်း လုံးဝ စိတ်မဝင်စားခဲ့ပါ။ နာမည်ထည့်တာ ဘယ်Hotel မှာ ဆောင်မှာက အစ နေ့ရက်အဆုံး ကိုဇွဲပဲ ပြောပြကာ ကိုဇွဲစိတ်ကြိုက်ပဲ စီစဉ်ခိုင်းလိုက်သည်။ တကယ်ကို လှတပတလေး ထွက်လာပါတယ် ၊ အဖြူရောင် ဖဲပြားလေးနှင့် ချည်နှောင်ထားသော "ကိုဇွဲရန်နိုင်+မအတိုင်းတာ" ။

"ဒီတစ်စောင် နမူနာ ယူခဲ့လိုက်မယ်လေ တာတာ.."

"သဘောလေ.."

ဘာဆိုဘာမှ အတွန့်မတတ်သူက တိုင်း၊ အမှန်တော့ စိတ်မပါတာ သိသာလွန်းသည်။ သို့ပေမယ့် တိုင်းရဲ့ပုံစံအတိုင်း စိတ်ဓာတ်ကျနေတောင် လန်းဆန်းတတ်ကြွနေသူ မဟုတ်လား။
ဖိတ်စာ တစ်စောင်ထဲကို နမူနာ ယူကာ တိုင်း ကိုဇွဲလက်ကိုတွဲချိတ်ကာ စားသောက်ဆိုင်ထဲ ဝင်လိုက်တော့ တဖက်ဝိုင်းမှာ ဦးဘုန်းရှိန်ဝါနဲ့ မ ကို အတူ တွေ့မြင်လိုက်ရတော့ တိုင်း ခေါင်းတွေကိုက်သွားရသလို၊ ရင်တွေပါ နာကျင်လာပြန်သည်။

"တာတာ ....ဘာစားမှာလဲ..."

"တော်ပြီ စားချင်စိတ်မရှိတော့ဘူး.."

တိုင်း လှည့်ပြန်ရန် လုပ်လိုက်တော့ ကိုဇွဲက မတို့ ဝိုင်းကို တိုင်း လက်ကိုဆွဲပြီး ခေါ်သွားသည်။

"မမသု တို့ပါလား  ..Dinner dateလုပ်ကြတာလား.."

"အော်ဟုတ်တယ် ...ဒါနဲ့ ဘယ်ကပြန်လာကြတာလဲ နှစ်ယောက်သား..."

နှစ်ယောက်သားဆိုသောကြောင့် ထိုမေးခွန်းတွင် တိုင်း ပါ ပါဝင်ကြောင်း သိလိုက်ရသည်။ ရွဲ့ချင်စိတ်လည်း ပေါ်လာသောကြောင့် တိုင်း ကိုဇွဲရဲ့ လက်မောင်းကို တွဲချိတ်လိုက်သည်။

"မမသု ...တိုင်းနဲ့ကိုကို ဖိတ်စာရိုက်ပြီး ပြန်လာကြတာလေ ဟုတ်တယ်မလား ကိုကို..မမသု သိလား ကိုကိုကလေ တိုင်းကို သိပ်ချစ်ပြီး၊ ဂရုစိုက်တာ တိုင်း ရွေးတဲ့ လမ်းမှန်သွားပြီထင်တယ်..."

"အော် ဟုတ်လား ကောင်းတာပေါ့ တည့်အောင်နေကြနော်.."

တိုင်း ခန့်မှန်းထားလောက်အောင် မမသုရဲ့ မာနက ကြီးလွန်းသည်။ ဘယ်တော့မှ သူမဘက်က အောက်မကျို့ တတ်သော မိန်းမမျိုး၊  ထိုမာန တစ်ခွဲသားနဲ့ မိန်းမကို တိုင်းက နှလုံးသားတစ်ခု ဆုပ်ပျက်တတ်အောင် ချစ်မိတာ က မတန်လိုက်တာ။

"အဲ့တာဆို ကျွန်တော်တို့ သွားတော့မယ်နော် မမသု.ဒါက ဖိတ်စာပါ လာဖြစ်အောင် လာခဲ့ပါနော် မမသု.."

"အွန်း..."

ဇွဲရန်နိုင်ရဲ့ လက်မောင်းလေးတွေက မင်းရဲ့ မှီခိုအားထားရာ၊ မင်းရဲ့ ကာကွယ်မှုရှိရာ ဖြစ်ရင် မ ကျေနပ်ပါပြီ ကလေး။ ထပ်ပြီး ပျော်ရတာက မင်း ပျော်ရွှင်နေတယ်ဆ်ိုတာ သိရလို့ မသု လည်း ထပ်တူပျော်ရတယ်၊ မရဲ့ ဘဝ က အခု မင်းရဲ့ အပြုံးလေးတွေပဲ တိုင်း။

"အဆင်ပြေရဲ့လား သု ....."

"သိပ်ပြေတာပေါ့ ကိုဘုန်း    ကိုယ်ချစ်ရတဲ့သူ ပျော်ရွှင်နေတာကို မြင်ရတဲ့ လူသားတိုင်း သိပ်ကို အဆင်ပြေတာပေါ့.."

မင်းရဲ့ စီးကရက်သင်းနေတဲ့ နှုတ်ခမ်းတွေကို ထပ်နမ်းရှိုက်ခွင့်မရှိတော့ဘူး တိုင်း။ မ ကြောင့် အချိန်တိုင်း နာကျင်နေရတဲ့ မင်းရဲ့ နှလုံးသားလေး အနားယူပါပေါ့၊ မ မင်းဘဝ ထဲက ထွက်သွားပေးမှာပါ။

                🎸🎸🎸🎸🎸🎸🎸

ဒီနေ့က မင်းရဲ့ မင်္ဂလာပွဲနေ့တဲ့၊ နောက်ဆို ဗုဒ္ဓဟူးနေ့တိုင်းက မအတွက် ကျက်သရေ မရှိဘူး ဖြစ်တော့မှာ။ ကြေကွဲမယ် စိတ်ရှိလက်ရှိ၊ မင်း ပျော်နေပါတယ်ဆို မ ကျေနပ်နိုင်ပေမယ့်
မ လုပ်ခဲ့တဲ့ လုပ်ရက်အတွက် မ ဘယ်တော့မှ နောင်တမရဘူး၊။ အနည်းဆုံးတော့ မင်းကလေးက မထိခိုက်ပဲ ပျော်ရွှင်နေနနိုင်တယ်လေ ၊ ထိခိုက်တဲ့ သူက မဖြစ်နေပေမယ့်လို့ပေါ့။ အစထဲက မ က သဘာဝ တရားကိုကွဲလွဲစေတဲ့ သူ မဖြစ်ချင်ခဲ့ဘူး၊ မ နဲ့ဆိုရင်ရော တိုင်းရဲ့ မေမေ သဘောတူမည်ဟု ထင်သလား။ အရမ်း တဇွတ်ထိုးဆန်တဲ့ တိုင်း အကျင့်ကြောင့် ကြားထဲမှာ နာကျင်သူတွေက မိဘတွေ ဖြစ်မှာ၊ အခုတော့ မ တစ်ယောက်ပဲ နာကျင်ရတယ် ၊ ဟော ဘယ်လောက်တောင် ရသင့်တဲ့ နောင်တလဲ။ မင်းလည်း မင်းဘဝ နဲ့ မင်း သာယာပါစေ တိုင်းရယ်။

______

မှန်ထဲမှာပေါ်နေတဲ့ တိုင်းပုံရိပ်က အဖြူရောင် သတိုးသမီး ဝတ်ဆုံနဲ့ လက်ထက်ရတော့မယ် အမျိုးသမီးတစ်ဦး။ ဒီမင်္ဂလာပွဲ ဟာ လူကြီးလူကောင်းတွေ အများကြီးလာကြမယ်တဲ့၊ မကရော လာမယ်လား။ မလာပါနဲ့ တိုင်း ဆုတောင်းတယ်။ ဂုဏ်ပြုစကား ပြောမယ့် မရဲ့ အသံတွေကို နားမထောင်နိုင်ပါဘူး၊

"သမီးလေးက လှလိုက်တာနော်..."

မိတ်ကပ်ပြင်ပေးတဲ့ အန်တီကြီးက တိုင်း ကို တစ်စိမ့်စိမ့်ကြည့်ကာပြောသည်။ ဝတ်ဆုံအဖြူရောင်မှာ လည်ပင်းတစ်လျှောက် ဖော်ထားသောကြောင့် ကျော့ရှင်းနေသော လည်တိုင်လေးမှာ စိန်လော့ကတ်သီးလေးနှင့် တင့်တယ်လျက်။ ထုံးဖွဲ့နှောင်ထားသော ဆံနွယ်လေးတွေက လှသွေးကြွယ်နေသော မိန်းမပ်ျိုတစ်ဦးအလား၊

"အခမ်းအနားက နောက် နာရီ ဝက်နေရင် စပါ့မယ်နော်.."

အခမ်းအနားစီစဉ်သူတွေ လာပြောနေကြပြီ။ အခမ်းအနား စတော့မယ်တဲ့၊ တိုင်း မ ကို လွမ်းတယ်၊ မရယ် တိုင်းလေး ဘယ်လိုမှ မကို မမုန်းရက်ဘူး၊ မေ့လို့လည်း မရဘူး၊ တိုင်း သိတယ် အခုအခမ်းအနားကို မ မလာဘူးဆိုတာ တိုင်း သိပါတယ်၊။ တိုင်း နဲ့ အတူ သွားစားဖြစ်တဲ့ ဝက်သားဒုတ်ထိုးဆိုင်ကို အမြဲသွားတာလည်း တိုင်းသိတယ်၊ တိုင်းပေးထားတဲ့ Snow ballလေးကိုလည်း ဖက်ငိုတာ တိုင်း သိတယ်။
တိုင်း မ ကို ချစ်တယ်။

ခမ်းမထဲအတိုင်း ဂါဝန်ကြီး အား မကာ ပြေးထွက်သွားသော တိုင်းကြောင့် အားလုံး ကြောင်ပြီး ထိတ်လန့်သွားမှာကို သိပေမယ့် ဘယ်သူ့မှ တိုင်း ဂရုမစိုက်ဘူး၊ တိုင်း မြင်ချင်တာ မ ရဲ့ မျက်နှာပဲ။အနားမှာ ရှိတဲ့ မာမီရဲ့ ကားပေါ်တတ်လိုက်ကာ ကားသော့ကို ဖွင့်ပြီး  ထိုနေရာက တိုင်း အမြန်ဆုံး မောင်းနှင်ခဲ့သည်။ တိုင်းရဲ့ မောင်းနှင်နှုန်းက တစ်နာရီ 100မိုင်တဲ့ မရယ်။

___________




Continue Reading

You'll Also Like

1.1M 26.1K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
255K 13.6K 34
ကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
324K 8K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်