《Zawgyi》
အခန္း - ၁၃၄
[သူက ငါနဲ႔အတူတူ ေနခ်င္တာလား? - ၁]
ခ်င္းစုယြဲ႕ကေတာ့ ခ်န္းစီႏ်န္ရဲ႕ အမူအရာေတြ၏ ေနာက္ကြယ္၌ တစ္စံုတစ္ခု ရွိရမည္ဟု ခံစားေနရသည္။ ထိုအေၾကာင္းကို အမ်ားႀကီး မေတြးလိုက္ႏိုင္ခင္မွာပဲ ခ်င္းစုယြဲ႕မွာ ေတြေဝစြာျဖင့္ သူ႔ေနာက္မွလိုက္၍ ေလွကားသို႔ တက္လာမိ၏။
သူ တံခါးေသာ့ဖြင့္လိုက္ခ်ိန္မွာ ခ်င္းစုယြဲ႕က ဤသို႔မၽွ သေဘာေပါက္မိသြားသည္။ သူက ငါ့နဲ႔ မေတြ႕ရတာလဲ အေတာ္ၾကာပီဆိုေတာ့ ငါေလးကို ျပန္မလႊတ္ႏိုင္ေတာ့တာမ်ားလား?
ထိုအေတြးက ခ်င္းစုယြဲ႕ေခါင္းထဲ ဖ်တ္ခနဲ ဝင္လာတဲ့ တစ္ခဏမွာပင္ တံခါးကလဲ ပြင့္သြားေလသည္။ ခ်န္းစီႏ်န္က အတြင္းသို႔ ေျခလွမ္း အနည္းငယ္ေလာက္ လွမ္းလိုက္ၿပီးမွ ခ်င္းစုယြဲ႕အား ႏွစ္စကၠန္႔ သံုးစကၠန္႔မၽွ အၾကာႀကီး စိုက္ၾကည့္ေနေလ၏။ ခ်င္းစုယြဲ႕က စကားလွမ္း ေျပာမလို႔ ျပင္ေနစဥ္မွာပဲ ခ်န္းစီႏ်န္က သူမကို အတြင္းသို႔ ဆြဲေခၚလိုက္သည္။
ခ်င္းစုယြဲ႕ဟာ သူမကိုယ္သူမ နံရံမွာ ဖိခံထားရသည္ကို သတိျပဳမိသြားခ်ိန္မွာေတာ့ ေယာင္ပီး အသံပင္ထြက္မိသြားသည္။ ခ်န္းစီႏ်န္ကေတာ့ ခ်င္းစုယြဲ႕၏ခါးကို လက္တစ္ဖက္ျဖင့္ ကိုင္ထားလ်က္ သူ႔ရဲ႕ က်န္လက္တစ္ဖက္ဟာေတာ့ သူမ၏ေပါင္သြယ္သြယ္ကို ကိုင္လ်က္ သူ႔ခါးတြင္ ခ်ိတ္တြယ္ထားေစ၏။ ထို႔ေနာက္ ခ်န္းစီႏ်န္က တစ္ေလာကလံုးအား တစ္ခ်က္ေလးေတာင္ ဂရုမထားေတာ့ပဲႏွင့္ ေခါင္းကို ငံု႔ကိုင္းလ်က္ ခ်င္းစုယြဲ႕အား နမ္းလိုက္ေလသည္။
သူ႔ၾကည့္ရတာ ခ်င္းစုယြဲ႕ တစ္ကိုယ္လံုးအား ၿမိဳခ်ခ်င္ေနသကဲ့သို႔ တပိုင္းစီ ဆြဲျဖဲခ်င္သကဲ့သို႔ပင္ အရိုင္းဆန္ေန၏။
ခ်င္းစုယြဲ႕ကလည္း ေခါင္းကိုေမာ့လ်က္ သူ၏ တရွိုက္မက္မက္ အနမ္းအား လက္ခံယူလိုက္သည္။ ခ်င္းစုယြဲ႕ အသက္ရွဴရခက္လာၿပီး ေျခေထာက္ေတြ ေပ်ာ့ေခြလာသည္ဟု ခံစားရသည္အထိကို နမ္းေနၾကၿပီး ခ်င္းစုယြဲ႕က သူ႔ရင္ဘတ္အား လက္သီးဆုပ္ႏွင့္ ခပ္ဖြဖြ ထုလိုက္ၿပီး ပလံုးပေထြး တားလိုက္၏။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕၏ နီရဲေနေသာ မ်က္ႏွာေလးအား စိုက္ၾကည့္ေနရင္းမွ မရပ္ခ်င္ရပ္ခ်င္ျဖင့္ ရပ္လိုက္သည္။
ခ်င္းစုယြဲ႕ အေမာေျဖေနစဥ္မွာ သူ႔လက္က သူမေပါင္ထက္၌ ရွိေနတုန္းျဖစ္သည္ကို ခံစားလိုက္ရၿပီး သူမက ရုန္းလိုက္ေပမယ့္ ခ်န္းစီႏ်န္က လႊတ္မေပးေခ်။ ခ်င္းစုယြဲ႕က ႏူးညံ့တိုးတိတ္စြာဆို၏။ "ကၽြန္မေျခေထာက္က နာေနၿပီ"
ခ်န္းစီႏ်န္က ထိုသို႔ ၾကားလိုက္ရေတာ့ ခ်င္းစုယြဲ႕အား ဆိုဖာထက္သို႔ ခ်ီေပြ႕သြားလိုက္သည္။
သူ႔အိမ္ရွိ အနက္ေရာင္ဆိုဖာက အေတာ္ေလးကို ႀကီးမားၿပီး ေနရာကလည္း အမ်ားႀကီး က်ယ္ေလ၏။ ခ်င္းစုယြဲ႕အား ထိုင္ခ်ေစလိုက္ၿပီးသည့္ေနာက္ ႏွစ္ပတ္သံုးပတ္ေလာက္ အရွိန္မထိန္းႏိုင္ပဲ လိမ့္သြားေသး၏။ ခ်င္းစုယြဲ႕မွာ ကိုယ့္ဂုဏ္ကိုယ္ ျပန္ထိန္းဖို႔ရန္အတြက္ ႀကိဳးစားထိန္းလိုက္ရသည္။
သူမ၏ ေျခေထာက္ေတြမွာ မလႈပ္ရွားႏိုင္ေတာ့ပဲ တုန္ရင္ေနသည္။ ထို႔ေနာက္ ခ်င္းစုယြဲ႕က သူမကို စိုက္ၾကည့္ေနသည့္ ခ်န္းစီႏ်န္အား ျပန္ၾကည့္လိုက္သည္။ ခ်င္းစုယြဲ႕က ျပန္ေရြ႕လ်ားလိုက္ရင္း မလံုမလဲျဖင့္ ေမးလိုက္၏။ "ရွင္ ဘာလို႔ ကၽြန္မကို ဒီေခၚလာတာလဲဟင္?"
"အဝတ္လဲဖို႔ေလ" ခ်န္းစီႏ်န္က သူမ၏ အျဖဴေရာင္ ကုတ္အက်ႌအား ခၽြတ္ေပးေနရင္း ေျပာလိုက္သည္။
ခ်င္းစုယြဲ႕မွာ သူ႔ကို တားလိုက္ခ်င္ေပမယ့္ သူက အေတာ္ေလး လ်င္ျမန္လြန္းလွ၏။
ခ်င္းစုယြဲ႕က ကမန္းကတန္း ေျပာလိုက္ရသည္။ "ကၽြန္မ ဘာအဝတ္အစားမွ မယူလာမိဘူး"
ခ်င္းစုယြဲ႕၏ အိမ္မွာ ဘာမွ လိုေလေသးမရွိသျဖင့္ သူမက အသြားအျပန္ကို ဘာအဝတ္အစားမွ မယူတတ္တာ နဂိုထဲကပင္။
ခ်န္းစီႏ်န္က မတ္တပ္ရပ္လိုက္ရင္း သူ႔အေပၚထပ္အက်ႌအား ခၽြတ္လိုက္သည္။ သူက အိပ္ခန္းအား ညႊန္ျပလိုက္ရင္း ေျပာ၏။ "အိပ္ခန္းအႀကီးထဲမွာ အဝတ္ေတြရွိတာမို႔ အဲ့ဒီထဲက ယူဝတ္လို႔ရတယ္ ... ေရခ်ိဳးလိုက္တာက အေကာင္းဆံုးပဲ"
"ဟမ္ .. ေရခ်ိဳး ... ကၽြန္မကေတာ့ ေရခ်ိဳးစရာ မလိုေလာက္ဘူးလို႔ ထင္တာပဲ"
ခ်န္းစီႏ်န္က သူလုပ္ေနတာကို ရပ္လိုက္ရင္းမွ ခ်င္းစုယြဲ႕အား အၾကာႀကီး စိုက္ၾကည့္ေန၏။ "မင္း အေအးေၾကာက္တယ္ မဟုတ္ဘူးလား? ကိုယ္က မင္းကို ေရခ်ိဳးေပးေစခ်င္တာလား?"
ခ်င္းစုယြဲ႕က လက္ေျမႇာက္လ်က္ အရွံုးေပးရေတာ့၏။ "ကၽြန္မဟာကၽြန္မပဲ ခ်ိဳးလိုက္ပါမယ္ ... ကၽြန္မဟာကၽြန္မပဲ ခ်ိဳးလိုက္ပါမယ္ .. ဟုတ္ၿပီလား?"
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ကို ၾကည့္လိုက္၏။ "ဒါမွမဟုတ္ မင္း တစ္ခုခုမ်ား လုပ္ခ်င္လို႔လား?"
ခ်င္းစုယြဲ႕၏ မ်က္ႏွာမွာ နီရဲလို႔လာလ်က္ သူမဟာသူမပဲ ကမန္းကတန္းပဲ ရွင္းျပရွာသည္။ "ဘာမွ မေတြးပါဘူး!"
"ဒါေပမယ့္ မင္းရဲ႕အၾကည့္က မင္းအမ်ားႀကီး ေတြးေနတယ္လို႔ ကိုယ့္ကို ေျပာေနသလိုပဲေနာ္"
"မေတြးပါဘူးဆိုေန! ကၽြန္မကို တစ္ေယာက္ထဲ ထားခဲ့ေတာ့ ... အဝတ္လဲေတာ့မလို႔!" ခ်င္းစုယြဲ႕က ေျပာေျပာဆိုဆိုႏွင့္ မတ္တပ္ထရပ္လိုက္ရင္း ခ်န္းစီႏ်န္အား အျပင္သို႔ တြန္းထုတ္လိုက္သည္။ သူကလဲ ခ်င္းစုယြဲ႕အား ခက္ခဲေအာင္ စ မေနေတာ့ပဲ အသာတၾကည္ အျပင္သို႔ ထြက္ေပးေလ၏။
ခ်င္းစုယြဲ႕က အိပ္ခန္းႀကီးထဲသို႔ ျပန္ၿပီး ေလၽွာက္ဝင္လာရင္းမွ သူ႔အခန္းက ေတာ္ေတာ္ေလး သပ္ရပ္သန္႔ရွင္းသည္ကို ေတြ႕ျမင္ရေလ၏။ မီးခိုးေရာင္ အိပ္ရာတစ္ခုႏွင့္ မွန္တင္ခံုတစ္ခု ရွိသည္။
အီလက္ထေရာနစ္ ဖန္သားျပင္ တီဗြီတစ္ခုလည္း ရွိၿပီး အခန္းေထာင့္တြင္ေတာ့ အနက္ေရာင္ အလုပ္စားပြဲတစ္ခံု ရွိ၏။ စားပြဲထက္ရွိ စာရြက္စာတမ္းမ်ားကိုလည္း သပ္သပ္ရပ္ရပ္ပင္ စီရီထားေလသည္။
ခ်င္းစုယြဲ႕က အခန္းပတ္လည္အား ၾကည့္ရႈလိုက္ၿပီးေနာက္ အိပ္ခန္းႏွင့္ ဆက္ထားသည့္ ေရခ်ိဳးခန္းတြင္ ေနာက္ထပ္ အခန္းတစ္ခု ရွိေသးသည္ကို ေတြ႕လိုက္ရသည္။ သူမက တံခါးကို ဖြင့္ၾကည့္လိုက္ေတာ့ ေနာက္ထပ္ နိဗၺာန္ဘံုတစ္ခုအား ျမင္ေတြ႕လိုက္ရသလိုပင္။ ဗီရိုထဲတြင္ အဝတ္မ်ားအား သပ္ရပ္စနစ္က်စြာျဖင့္ ခ်ိတ္ဆြဲထားေလ၏။ အဝတ္အစားေတြ .. ဖိနပ္ေတြ .. နာရီေတြႏွင့္ ထိုကဲ့သို႔ေသာ အျခားအရာဝတၳဳမ်ားအား အစီအစဥ္တက်ႏွင့္ စနစ္က်စြာ စီစဥ္ထားေလသည္။
သူ႔ရွပ္အက်ႌေတြႏွင့္ အေနာက္တိုင္း ဝတ္စံုေတြအျပင္ ခ်င္းစုယြဲ႕က မိန္းကေလး အဝတ္အစား အသံုးအေဆာင္တို႔ႏွင့္ ျပည့္ေနသည့္ ဗီရိုတစ္ခုကိုပါ သတိျပဳမိသြားသည္။ ထိုအဝတ္အားလံုးကိုေတာ့ ရာသီဥတု အားလံုးအလိုက္ စီရီထားေလသည္။
ခ်င္းစုယြဲ႕မွာ မယံုႏိုင္စရာ ေကာင္းေလာက္ေအာင္ကို အံ့အားသင့္သြားေလေတာ့သည္။ အဝတ္အစားေတြ၏ အရြယ္အစားကလည္း အားလံုးက သူမ၏ ဆိုဒ္အရြယ္အစားေတြ ခ်ည္းပင္။ ထိုအဝတ္အစားမ်ားတြင္ ညအိပ္ဝတ္စံုေတြႏွင့္ အတြင္းခံေတြပင္ ပါရွိေသးေလ၏။
ခ်င္းစုယြဲ႕မွာ နဖူးေပၚလက္တင္ရင္း ေတြးမိေလသည္။ သူ ဘယ္အခ်ိန္ကထဲက ဒါေတြ အကုန္လံုးကို ျပင္ဆင္ခဲ့တာပါလိမ့္? ဘာလို႔ ဒါေတြကို ငါမသိခဲ့ရတာလဲဟင္? ေနာက္ၿပီးေတာ့ သူက ငါေလးနဲ႔ ေနဖို႔အတြက္ စီစဥ္ေနတာနဲ႔ တူေနသလားလို႔?
ဒါေပမယ့္ .. သူ ငါ့ကို တစ္ခါမွ ဒီလိုမ်ိဳး မေတာင္းဆိုခဲ့ဖူးဘူးေလ!
သူမတို႔ႏွစ္ေယာက္မွာ တစ္ေယာက္တစ္ေနရာစီ ေနေနရၿပီး ႏွစ္ဦးစလံုးမွာလည္း အလုပ္ကိုယ္စီႏွင့္ပင္။ အတူတူေနၾကဖို႔ကေတာ့ ခက္ေလာက္သည္။
ခ်င္းစုယြဲ႕က ေရေႏြးႏွင့္ ေရခ်ိဳးလိုက္ရင္း စိတ္ထဲတြင္ေတာ့ အေတြးေတြႏွင့္ ရႈပ္ေထြးေနမိ၏။ သူမက ေပါ့ေပါ့ပါးပါး အဝတ္အစားေတြကို လဲလွယ္လိုက္ၿပီးေနာက္ တံခါးဖြင့္လိုက္သည့္ တစ္ခဏမွာပဲ ေျပာင္းလဲမႈကို ေတြ႕လိုက္ရသည္။
ခ်င္းစုယြဲ႕က သူ႔ကို စိုက္ၾကည့္ေနမိေပမယ့္ ဘာမွလဲမလုပ္ ဘာမွလဲ မေျပာႏိုင္ေသးေခ်။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕ နားသို႔ တိုးလာရင္း သူမရဲ႕လက္ေတြကို ကိုင္ၾကည့္လိုက္ေတာ့ ေရေႏြးႏွင့္ ခ်ိဳးၿပီးမွပဲ ေနာက္ဆံုးမွာ သူမရဲ႕လက္ေတြ ေႏြးေထြးသြားသည္ကို သတိျပဳမိသည္။ အိမ္ထဲကို ပထမဆံုး ေရာက္လာတုန္းကလို ေရခဲတမၽွ ေအးစက္မေနေတာ့ေခ်။ "မိုးတိတ္တဲ့ထိ ေစာင့္ၿပီးမွ ျပန္ခ်င္လား ဒါမွမဟုတ္ အခု ျပန္ခ်င္လား?"
ခ်င္းစုယြဲ႕ဟာ သူမမိသားစုက သူမသာ ျပန္မလာေသးလၽွင္ စိတ္ပူေနၾကမည္ဆိုတာ သိေလ၏။ ဒါေပမယ့္ သူႏွင့္လည္း အခ်ိန္နည္းနည္းေလာက္ အတူ ထပ္ေနခ်င္ေသးသည္။ အဲဒါေၾကာင့္မို႔ ခ်င္းစုယြဲ႕က ခဏေလာက္ ေတြးၾကည့္လိုက္ၿပီးမွ ျပန္ေျဖလိုက္သည္။ "မာမားကို ဖုန္းဆက္ၿပီး ေျပာလိုက္မယ္ေလ ..." သူ နားလည္ေအာင္ ခ်င္းစုယြဲ႕က ဘာမွ ထပ္ေျပာေနဖို႔ မလိုေတာ့ပါေခ်။
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕၏ မ်က္ႏွာေလးအား ဖ်စ္ညႇစ္လိုက္ရင္းမွ ေခါင္းညိတ္လိုက္၏။ "အိုေခ"
ခ်င္းစုယြဲ႕က ေပ်ာ္ရႊင္စြာျဖင့္ ဧည့္ခန္းထဲက သူမဖုန္းကို သြားယူလိုက္သည္။ ဒါေပမယ့္ ခ်င္းစုယြဲ႕က ေျခလွမ္းအနည္းငယ္ပဲ ေလၽွာက္ရေသးရံုရွိေသး ခ်န္းစီႏ်န္၏ လက္တစ္ဖက္က သူမရဲ႕ေျခေထာက္ေတြေအာက္ .. က်န္တဲ့ လက္တစ္ဖက္က သူမရဲ႕ေက်ာေနာက္ဖက္မွာ ထားလ်က္ မင္းသမီးေလးလိုမ်ိဳး ...
သတို႔သမီးအား သတို႔သားက ခ်ီလိုက္သလိုမ်ိဳး ေပြ႕ခ်ီလိုက္ေလ၏။ ခ်င္းစုယြဲ႕မွာ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားရၿပီး သူ႔လည္တိုင္၌ သူမရဲ႕ လက္ေတြကို ကမန္းကတန္း ခိုတြဲလိုက္ရသည္။ "ရွင္ ဘာလုပ္ေနတာလဲ?"
ခ်န္းစီႏ်န္က ခ်င္းစုယြဲ႕၏ ပုလဲကဲ့သို႔ သန္႔စင္ ျဖဴႏုေနေသာ ေျခဖဝါးေလးအား စိုက္ၾကည့္လိုက္ေလ၏။ "ေအာက္မွာ ေကာေဇာခင္းထားေပမယ့္ ေျခဗလာနဲ႔ေတာ့ ေလၽွာက္ႏိုင္မွာ မဟုတ္ေလာက္ဘူး"
ခ်င္းစုယြဲ႕မွာ ခ်န္းစီႏ်န္က သူမအေပၚ အေလးထား ပူပန္ေပးတယ္ဆိုတာ သိေပမယ့္ တမင္တကာပင္ သူ႔ဆႏၵအတိုင္း မလုပ္ေစခ်င္လွေပ။ "အို႔ .. ရွင့္အိမ္ထဲမွာ ဒီေလာက္ စည္းကမ္းေတြ မ်ားမယ္မွန္း မသိခဲ့မိပါလားရွင္?"
12.4.2020
**********************
《Unicode》
အခန်း - ၁၃၄
[သူက ငါနဲ့အတူတူ နေချင်တာလား? - ၁]
ချင်းစုယွဲ့ကတော့ ချန်းစီနျန်ရဲ့ အမူအရာတွေ၏ နောက်ကွယ်၌ တစ်စုံတစ်ခု ရှိရမည်ဟု ခံစားနေရသည်။ ထိုအကြောင်းကို အများကြီး မတွေးလိုက်နိုင်ခင်မှာပဲ ချင်းစုယွဲ့မှာ တွေဝေစွာဖြင့် သူ့နောက်မှလိုက်၍ လှေကားသို့ တက်လာမိ၏။
သူ တံခါးသော့ဖွင့်လိုက်ချိန်မှာ ချင်းစုယွဲ့က ဤသို့မျှ သဘောပေါက်မိသွားသည်။ သူက ငါ့နဲ့ မတွေ့ရတာလဲ အတော်ကြာပီဆိုတော့ ငါလေးကို ပြန်မလွှတ်နိုင်တော့တာများလား?
ထိုအတွေးက ချင်းစုယွဲ့ခေါင်းထဲ ဖျတ်ခနဲ ဝင်လာတဲ့ တစ်ခဏမှာပင် တံခါးကလဲ ပွင့်သွားလေသည်။ ချန်းစီနျန်က အတွင်းသို့ ခြေလှမ်း အနည်းငယ်လောက် လှမ်းလိုက်ပြီးမှ ချင်းစုယွဲ့အား နှစ်စက္ကန့် သုံးစက္ကန့်မျှ အကြာကြီး စိုက်ကြည့်နေလေ၏။ ချင်းစုယွဲ့က စကားလှမ်း ပြောမလို့ ပြင်နေစဉ်မှာပဲ ချန်းစီနျန်က သူမကို အတွင်းသို့ ဆွဲခေါ်လိုက်သည်။
ချင်းစုယွဲ့ဟာ သူမကိုယ်သူမ နံရံမှာ ဖိခံထားရသည်ကို သတိပြုမိသွားချိန်မှာတော့ ယောင်ပီး အသံပင်ထွက်မိသွားသည်။ ချန်းစီနျန်ကတော့ ချင်းစုယွဲ့၏ခါးကို လက်တစ်ဖက်ဖြင့် ကိုင်ထားလျက် သူ့ရဲ့ ကျန်လက်တစ်ဖက်ဟာတော့ သူမ၏ပေါင်သွယ်သွယ်ကို ကိုင်လျက် သူ့ခါးတွင် ချိတ်တွယ်ထားစေ၏။ ထို့နောက် ချန်းစီနျန်က တစ်လောကလုံးအား တစ်ချက်လေးတောင် ဂရုမထားတော့ပဲနှင့် ခေါင်းကို ငုံ့ကိုင်းလျက် ချင်းစုယွဲ့အား နမ်းလိုက်လေသည်။
သူ့ကြည့်ရတာ ချင်းစုယွဲ့ တစ်ကိုယ်လုံးအား မြိုချချင်နေသကဲ့သို့ တပိုင်းစီ ဆွဲဖြဲချင်သကဲ့သို့ပင် အရိုင်းဆန်နေ၏။
ချင်းစုယွဲ့ကလည်း ခေါင်းကိုမော့လျက် သူ၏ တရှိုက်မက်မက် အနမ်းအား လက်ခံယူလိုက်သည်။ ချင်းစုယွဲ့ အသက်ရှူရခက်လာပြီး ခြေထောက်တွေ ပျော့ခွေလာသည်ဟု ခံစားရသည်အထိကို နမ်းနေကြပြီး ချင်းစုယွဲ့က သူ့ရင်ဘတ်အား လက်သီးဆုပ်နှင့် ခပ်ဖွဖွ ထုလိုက်ပြီး ပလုံးပထွေး တားလိုက်၏။
ချန်းစီနျန်က ချင်းစုယွဲ့၏ နီရဲနေသော မျက်နှာလေးအား စိုက်ကြည့်နေရင်းမှ မရပ်ချင်ရပ်ချင်ဖြင့် ရပ်လိုက်သည်။
ချင်းစုယွဲ့ အမောဖြေနေစဉ်မှာ သူ့လက်က သူမပေါင်ထက်၌ ရှိနေတုန်းဖြစ်သည်ကို ခံစားလိုက်ရပြီး သူမက ရုန်းလိုက်ပေမယ့် ချန်းစီနျန်က လွှတ်မပေးချေ။ ချင်းစုယွဲ့က နူးညံ့တိုးတိတ်စွာဆို၏။ "ကျွန်မခြေထောက်က နာနေပြီ"
ချန်းစီနျန်က ထိုသို့ ကြားလိုက်ရတော့ ချင်းစုယွဲ့အား ဆိုဖာထက်သို့ ချီပွေ့သွားလိုက်သည်။
သူ့အိမ်ရှိ အနက်ရောင်ဆိုဖာက အတော်လေးကို ကြီးမားပြီး နေရာကလည်း အများကြီး ကျယ်လေ၏။ ချင်းစုယွဲ့အား ထိုင်ချစေလိုက်ပြီးသည့်နောက် နှစ်ပတ်သုံးပတ်လောက် အရှိန်မထိန်းနိုင်ပဲ လိမ့်သွားသေး၏။ ချင်းစုယွဲ့မှာ ကိုယ့်ဂုဏ်ကိုယ် ပြန်ထိန်းဖို့ရန်အတွက် ကြိုးစားထိန်းလိုက်ရသည်။
သူမ၏ ခြေထောက်တွေမှာ မလှုပ်ရှားနိုင်တော့ပဲ တုန်ရင်နေသည်။ ထို့နောက် ချင်းစုယွဲ့က သူမကို စိုက်ကြည့်နေသည့် ချန်းစီနျန်အား ပြန်ကြည့်လိုက်သည်။ ချင်းစုယွဲ့က ပြန်ရွေ့လျားလိုက်ရင်း မလုံမလဲဖြင့် မေးလိုက်၏။ "ရှင် ဘာလို့ ကျွန်မကို ဒီခေါ်လာတာလဲဟင်?"
"အဝတ်လဲဖို့လေ" ချန်းစီနျန်က သူမ၏ အဖြူရောင် ကုတ်အကျႌအား ချွတ်ပေးနေရင်း ပြောလိုက်သည်။
ချင်းစုယွဲ့မှာ သူ့ကို တားလိုက်ချင်ပေမယ့် သူက အတော်လေး လျင်မြန်လွန်းလှ၏။
ချင်းစုယွဲ့က ကမန်းကတန်း ပြောလိုက်ရသည်။ "ကျွန်မ ဘာအဝတ်အစားမှ မယူလာမိဘူး"
ချင်းစုယွဲ့၏ အိမ်မှာ ဘာမှ လိုလေသေးမရှိသဖြင့် သူမက အသွားအပြန်ကို ဘာအဝတ်အစားမှ မယူတတ်တာ နဂိုထဲကပင်။
ချန်းစီနျန်က မတ်တပ်ရပ်လိုက်ရင်း သူ့အပေါ်ထပ်အကျႌအား ချွတ်လိုက်သည်။ သူက အိပ်ခန်းအား ညွှန်ပြလိုက်ရင်း ပြော၏။ "အိပ်ခန်းအကြီးထဲမှာ အဝတ်တွေရှိတာမို့ အဲ့ဒီထဲက ယူဝတ်လို့ရတယ် ... ရေချိုးလိုက်တာက အကောင်းဆုံးပဲ"
"ဟမ် .. ရေချိုး ... ကျွန်မကတော့ ရေချိုးစရာ မလိုလောက်ဘူးလို့ ထင်တာပဲ"
ချန်းစီနျန်က သူလုပ်နေတာကို ရပ်လိုက်ရင်းမှ ချင်းစုယွဲ့အား အကြာကြီး စိုက်ကြည့်နေ၏။ "မင်း အအေးကြောက်တယ် မဟုတ်ဘူးလား? ကိုယ်က မင်းကို ရေချိုးပေးစေချင်တာလား?"
ချင်းစုယွဲ့က လက်မြှောက်လျက် အရှုံးပေးရတော့၏။ "ကျွန်မဟာကျွန်မပဲ ချိုးလိုက်ပါမယ် ... ကျွန်မဟာကျွန်မပဲ ချိုးလိုက်ပါမယ် .. ဟုတ်ပြီလား?"
ချန်းစီနျန်က ချင်းစုယွဲ့ကို ကြည့်လိုက်၏။ "ဒါမှမဟုတ် မင်း တစ်ခုခုများ လုပ်ချင်လို့လား?"
ချင်းစုယွဲ့၏ မျက်နှာမှာ နီရဲလို့လာလျက် သူမဟာသူမပဲ ကမန်းကတန်းပဲ ရှင်းပြရှာသည်။ "ဘာမှ မတွေးပါဘူး!"
"ဒါပေမယ့် မင်းရဲ့အကြည့်က မင်းအများကြီး တွေးနေတယ်လို့ ကိုယ့်ကို ပြောနေသလိုပဲနော်"
"မတွေးပါဘူးဆိုနေ! ကျွန်မကို တစ်ယောက်ထဲ ထားခဲ့တော့ ... အဝတ်လဲတော့မလို့!" ချင်းစုယွဲ့က ပြောပြောဆိုဆိုနှင့် မတ်တပ်ထရပ်လိုက်ရင်း ချန်းစီနျန်အား အပြင်သို့ တွန်းထုတ်လိုက်သည်။ သူကလဲ ချင်းစုယွဲ့အား ခက်ခဲအောင် စ မနေတော့ပဲ အသာတကြည် အပြင်သို့ ထွက်ပေးလေ၏။
ချင်းစုယွဲ့က အိပ်ခန်းကြီးထဲသို့ ပြန်ပြီး လျှောက်ဝင်လာရင်းမှ သူ့အခန်းက တော်တော်လေး သပ်ရပ်သန့်ရှင်းသည်ကို တွေ့မြင်ရလေ၏။ မီးခိုးရောင် အိပ်ရာတစ်ခုနှင့် မှန်တင်ခုံတစ်ခု ရှိသည်။
အီလက်ထရောနစ် ဖန်သားပြင် တီဗွီတစ်ခုလည်း ရှိပြီး အခန်းထောင့်တွင်တော့ အနက်ရောင် အလုပ်စားပွဲတစ်ခုံ ရှိ၏။ စားပွဲထက်ရှိ စာရွက်စာတမ်းများကိုလည်း သပ်သပ်ရပ်ရပ်ပင် စီရီထားလေသည်။
ချင်းစုယွဲ့က အခန်းပတ်လည်အား ကြည့်ရှုလိုက်ပြီးနောက် အိပ်ခန်းနှင့် ဆက်ထားသည့် ရေချိုးခန်းတွင် နောက်ထပ် အခန်းတစ်ခု ရှိသေးသည်ကို တွေ့လိုက်ရသည်။ သူမက တံခါးကို ဖွင့်ကြည့်လိုက်တော့ နောက်ထပ် နိဗ္ဗာန်ဘုံတစ်ခုအား မြင်တွေ့လိုက်ရသလိုပင်။ ဗီရိုထဲတွင် အဝတ်များအား သပ်ရပ်စနစ်ကျစွာဖြင့် ချိတ်ဆွဲထားလေ၏။ အဝတ်အစားတွေ .. ဖိနပ်တွေ .. နာရီတွေနှင့် ထိုကဲ့သို့သော အခြားအရာဝတ္ထုများအား အစီအစဉ်တကျနှင့် စနစ်ကျစွာ စီစဉ်ထားလေသည်။
သူ့ရှပ်အကျႌတွေနှင့် အနောက်တိုင်း ဝတ်စုံတွေအပြင် ချင်းစုယွဲ့က မိန်းကလေး အဝတ်အစား အသုံးအဆောင်တို့နှင့် ပြည့်နေသည့် ဗီရိုတစ်ခုကိုပါ သတိပြုမိသွားသည်။ ထိုအဝတ်အားလုံးကိုတော့ ရာသီဥတု အားလုံးအလိုက် စီရီထားလေသည်။
ချင်းစုယွဲ့မှာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို အံ့အားသင့်သွားလေတော့သည်။ အဝတ်အစားတွေ၏ အရွယ်အစားကလည်း အားလုံးက သူမ၏ ဆိုဒ်အရွယ်အစားတွေ ချည်းပင်။ ထိုအဝတ်အစားများတွင် ညအိပ်ဝတ်စုံတွေနှင့် အတွင်းခံတွေပင် ပါရှိသေးလေ၏။
ချင်းစုယွဲ့မှာ နဖူးပေါ်လက်တင်ရင်း တွေးမိလေသည်။ သူ ဘယ်အချိန်ကထဲက ဒါတွေ အကုန်လုံးကို ပြင်ဆင်ခဲ့တာပါလိမ့်? ဘာလို့ ဒါတွေကို ငါမသိခဲ့ရတာလဲဟင်? နောက်ပြီးတော့ သူက ငါလေးနဲ့ နေဖို့အတွက် စီစဉ်နေတာနဲ့ တူနေသလားလို့?
ဒါပေမယ့် .. သူ ငါ့ကို တစ်ခါမှ ဒီလိုမျိုး မတောင်းဆိုခဲ့ဖူးဘူးလေ!
သူမတို့နှစ်ယောက်မှာ တစ်ယောက်တစ်နေရာစီ နေနေရပြီး နှစ်ဦးစလုံးမှာလည်း အလုပ်ကိုယ်စီနှင့်ပင်။ အတူတူနေကြဖို့ကတော့ ခက်လောက်သည်။
ချင်းစုယွဲ့က ရေနွေးနှင့် ရေချိုးလိုက်ရင်း စိတ်ထဲတွင်တော့ အတွေးတွေနှင့် ရှုပ်ထွေးနေမိ၏။ သူမက ပေါ့ပေါ့ပါးပါး အဝတ်အစားတွေကို လဲလှယ်လိုက်ပြီးနောက် တံခါးဖွင့်လိုက်သည့် တစ်ခဏမှာပဲ ပြောင်းလဲမှုကို တွေ့လိုက်ရသည်။
ချင်းစုယွဲ့က သူ့ကို စိုက်ကြည့်နေမိပေမယ့် ဘာမှလဲမလုပ် ဘာမှလဲ မပြောနိုင်သေးချေ။
ချန်းစီနျန်က ချင်းစုယွဲ့ နားသို့ တိုးလာရင်း သူမရဲ့လက်တွေကို ကိုင်ကြည့်လိုက်တော့ ရေနွေးနှင့် ချိုးပြီးမှပဲ နောက်ဆုံးမှာ သူမရဲ့လက်တွေ နွေးထွေးသွားသည်ကို သတိပြုမိသည်။ အိမ်ထဲကို ပထမဆုံး ရောက်လာတုန်းကလို ရေခဲတမျှ အေးစက်မနေတော့ချေ။ "မိုးတိတ်တဲ့ထိ စောင့်ပြီးမှ ပြန်ချင်လား ဒါမှမဟုတ် အခု ပြန်ချင်လား?"
ချင်းစုယွဲ့ဟာ သူမမိသားစုက သူမသာ ပြန်မလာသေးလျှင် စိတ်ပူနေကြမည်ဆိုတာ သိလေ၏။ ဒါပေမယ့် သူနှင့်လည်း အချိန်နည်းနည်းလောက် အတူ ထပ်နေချင်သေးသည်။ အဲဒါကြောင့်မို့ ချင်းစုယွဲ့က ခဏလောက် တွေးကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။ "မာမားကို ဖုန်းဆက်ပြီး ပြောလိုက်မယ်လေ ..." သူ နားလည်အောင် ချင်းစုယွဲ့က ဘာမှ ထပ်ပြောနေဖို့ မလိုတော့ပါချေ။
ချန်းစီနျန်က ချင်းစုယွဲ့၏ မျက်နှာလေးအား ဖျစ်ညှစ်လိုက်ရင်းမှ ခေါင်းညိတ်လိုက်၏။ "အိုခေ"
ချင်းစုယွဲ့က ပျော်ရွှင်စွာဖြင့် ဧည့်ခန်းထဲက သူမဖုန်းကို သွားယူလိုက်သည်။ ဒါပေမယ့် ချင်းစုယွဲ့က ခြေလှမ်းအနည်းငယ်ပဲ လျှောက်ရသေးရုံရှိသေး ချန်းစီနျန်၏ လက်တစ်ဖက်က သူမရဲ့ခြေထောက်တွေအောက် .. ကျန်တဲ့ လက်တစ်ဖက်က သူမရဲ့ကျောနောက်ဖက်မှာ ထားလျက် မင်းသမီးလေးလိုမျိုး ...
သတို့သမီးအား သတို့သားက ချီလိုက်သလိုမျိုး ပွေ့ချီလိုက်လေ၏။ ချင်းစုယွဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး သူ့လည်တိုင်၌ သူမရဲ့ လက်တွေကို ကမန်းကတန်း ခိုတွဲလိုက်ရသည်။ "ရှင် ဘာလုပ်နေတာလဲ?"
ချန်းစီနျန်က ချင်းစုယွဲ့၏ ပုလဲကဲ့သို့ သန့်စင် ဖြူနုနေသော ခြေဖဝါးလေးအား စိုက်ကြည့်လိုက်လေ၏။ "အောက်မှာ ကောဇောခင်းထားပေမယ့် ခြေဗလာနဲ့တော့ လျှောက်နိုင်မှာ မဟုတ်လောက်ဘူး"
ချင်းစုယွဲ့မှာ ချန်းစီနျန်က သူမအပေါ် အလေးထား ပူပန်ပေးတယ်ဆိုတာ သိပေမယ့် တမင်တကာပင် သူ့ဆန္ဒအတိုင်း မလုပ်စေချင်လှပေ။ "အို့ .. ရှင့်အိမ်ထဲမှာ ဒီလောက် စည်းကမ်းတွေ များမယ်မှန်း မသိခဲ့မိပါလားရှင်?"
12.4.2020
*********************