ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(14)
************************************
"ပင္ပန္းေနလားသု......"
ထိုစကားရဲ႕ အေနာက္မွ အဓိပၸါယ္ေတြ အမ်ားႀကီးပါပံုပါပဲ။
အလုပ္ေတြ မလုပ္ပါနဲ႔ေတာ့၊ ကိုယ့္ကို လက္ထက္မလား စသျဖင့္ ေျပာေတာ့မည္ကို သု သိသည္။အေရွ႕က သံပုရာသီးရည္ကို ပဲ တက်ိတ္ေမာ့ေသာက္လိုက္မိတယ္။
"အြန္း ....အခုတေလာ သု အရမ္းပင္ပန္းေနတယ္ထင္တယ္
ကိုဘုန္း..."
သုရဲ႕ လက္ဖမိုးႏုႏုကို သူရဲ႕ လက္ျဖင့္ ခပ္ေထြးေထြးလာကိုင္တယ္။
"ကိုယ္တို႔ ဘယ္ေတာ့ လက္ထက္ၾကမွာလဲ သု..."
"ကိုဘုန္းရယ္....."
သု စိတ္ထဲမွာ ထိုကိစၥကို လံုးဝ မစဥ္းစားထားပါ။ ၿပီးေတာ့ အခုတေလာ ေမေမ့ရဲ႕ တိုက္တြန္းခ်က္ေတြ၊ ၿပီးေတာ့ တိုင္းတစ္ေယာက္ ျပဳမႈေနေသာ အျပဳအမႈေတြေၾကာင့္ သု အရမ္းဆင္ျခင္ေနရၿပီ။
"သု႔ကို အခ်ိန္နည္းနည္းေလး ေပးပါလား...."
ကိုဘုန္းက သု႔ကို စိတ္မရွည္သလို ၾကည့္သည္။ သူေစာင့္ခဲ့ရေသာ နွစ္ေတြ မနည္းေတာ့ဘူး ဟုေျပာခ်င္ပံုပါပဲ။
"ကိုေလ ...သု႔ကို အရမ္းခ်စ္တယ္ သု ...ဟိုကြာ သု ပင္ပန္းေနတာက္ို ကို မၾကည့္ရက္ေတာ့ဘူး ..ကို႔ရဲ႕ ဇနီးမယားတစ္ေယာက္အေနနဲ႔ အိမ္ေထာင္ရွင္မ ေနရာက္ုိ မယူခ်င္ဘူးလားဟင္..."
အေရာင္ေတာက္ေနတဲ့ မ်က္ဝန္းေတြနဲ႔ ေျပာေနတဲ့ က္ိုဘုန္းစကားေတြမွာ ေမ်ွာ္လင့္ခ်က္ေတြပါတယ္။ သု လက္ထက္ရန္ဆိုေသာ ကိစၥကို မစဥ္းစားထားသည္မွာ အမွန္။ 5နွစ္ေလာက္တြဲခဲ့တယ္ပဲ ထားအံုး ၊ အခ်စ္ဆိုတာ ကိုဘုန္းအတြက္ ျဖစ္ေဖာ္မလာတာ သု ဝန္ခံခ်င္သည္။
"သု႔ကို အခ်ိန္နည္းနည္းေလာက္ေပးပါအံုး..ကိုဘုန္း.."
ပံုမွန္ဆို သံပုရည္မႀကိဳက္တတ္ေသာ သုက စိတ္ရႈပ္စြာပဲ ခ်ဥ္ရွရွ အရသာေတြကို ေသာက္တတ္ေနခဲ့ၿပီ။ ဘယ္လို အခက္အခဲမ်ားက သု႔ကို ေဝခြဲမရေအာင္ ျပဳစားေနပါလဲ။
🌷🌷🌷🌷🌷🌷🌷🌷🌷
"ကေလးေတြက အ႐ြယ္လည္း ေရာက္လာၾကၿပီမဟုတ္လား....ဒီကိစၥက ဘယ္ေတာ့မွ ေျပာင္းလဲလို႔မရတဲ့ ကိစၥပါ.."
"ဟုတ္တာေပါ့ရွင္..."
သားေရးသမီးေရး ေဆြးေနြးေနေသာ ဂုဏ္သေရရွိလူႀကီးမင္းမ်ားနွင့္ တိုင္းရဲ႕ သတိုးသားေလာင္း ကိုဇြဲရန္နႈိင္တို႔ ေျပာဆိုေနၾကေသာ စကားေတြက တိုင္း စိတ္ကို ပူေလာင္ေစသည္။ ဘယ္လိုမွ လြန္ဆန္၍ မရေသာ အေမတစ္ေယာက္ရဲ႕ စကားနွင့္ တိုင္း ရဲ႕ နွလံုးသားကို အေလာင္းအစား လုပ္ရေတာ့မည္လား။တခါမွ မဝတ္ဖူးခဲ့ေသာ ပိုးသားထဘီ နွင့္ အက်ီ ၤရင္ဖံုးဆိုတာ စိတ္မကူးခဲ့ေသာ ပံုစံပင္။ ေစ့စပ္ပြဲဆိုကာ နယ္က အေဒၚေတြေရာ၊ ဟိုဖက္က အမ်ိဳးေတြေရာ စံုလင္ေနတာကိုက တိုင္းကို စိတ္က်ဥ္းက်ပ္ေစသည္။
"သမီးေလးကို ေခၚပါအံုး ေဒၚေမသီ ..."
တိုင္း အလ်င္အျမန္ပဲ မိမိရဲ႕ အခန္းထဲသို႔ ေျပးတတ္ကာ အခန္းတံခါးကို အျမန္ပိတ္ထားလိုက္သည္။
အစထဲက မစီစဥ္သင့္တာ ေမေမ သိသင့္တယ္။ ဒီအခ်ိန္မွာ တိုင္း ရင္ထဲ ဘာမွ မရွိေတာ့တာ ေသခ်ာၿပီ။ မကသာ တိုင္းအတြက္ ပိုင္ဆိုင္ျခင္း မဟုတ္ခဲ့လ်ွင္ တိုင္း အရာအားလံုလက္ခံ လိုက္ရန္မွာ မမသု အေပၚမူတည္ေနၿပီ။ အသာပဲ ကုတင္စြန္းမွာ ထိုင္ကာ တိုင္းေၾကာက္ေနမိၿပီ။
"သမီး တိုင္း.....လူႀကီးေတြ ေရာက္ေနၿပီ ...ဆင္းခဲ့ေတာ့.."
တိုင္း စိတ္က မမာပါဘူး။ အမွန္တကယ္ စိတ္ဓာတ္ႀကံ့ခိုင္ခ်င္ေယာင္ ဟန္ေဆာင္ထား သူက တိုင္း။ မ ကို လက္လႊတ္လိုက္ရေတာ့မွာလား ဟူေသာ အေတြးက တိုင္းကို အေၾကာက္တရားပိုေစပါတယ္။
တိုင္းရဲ႕ အခန္းက ေမွာင္ကာ တိတ္ဆိတ္ေနေလၿပီ။ တိုင္း ဘာလုပ္ရမည္နည္း။ အလ်င္အျမန္ပဲ အိပ္ယာနေဘးက ဖုန္းကို ေကာက္ကိုင္လိုက္ကာ တစ္ဦးတည္းေသာ မဆီသို႔ ဖုန္းေခၚလ္ုိက္မိတယ္၊ တိုင္း အတြက္ ကံေကာင္းပါေစ ဆုေတာင္းရင္း၊ ကိုက္ထားေသာ လက္သည္းေလးေတြမွာ က်္ိုးပဲ့လ်က္။
🌷🌷🌷🌷
"မမသု ...ဒါက ဒီေန႔စာရင္းေတြပါ..ပန္းေတြထဲက သစ္ခြေတြနဲ႔ က်ဳးလစ္ေတြေတာ့ေရာက္ေနၿပီ .."
"ဟုတ္ၿပီ ခတ္..."
ခတ္ဆီက ဖိုင္တြဲကို လွမ္းယူလိုက္ရင္း ရုပ္တရက္ ဖုန္းလာသည္မို႔ သု contact nameအား ၾကည့္လိုက္ေသာ မေမ်ွာ္လင့္ထားေသာ သူမဆီက အဝင္ဖုန္းေလး။ လ်စ္လွဴရႈကာ သု ေနေနေပမယ့္ 3 miss callsမွာ သု ကိုင္လိုက္မိေတာ့ တဖက္က ရႈိက္သံ သဲ့သဲ့နွင့္ အသံေလးထြက္ေပၚလာခဲ့သည္။
"မ .....တိုင္းပါ..."
"အြန္း .သိတယ္ ဘာကိစၥလဲ.."
"တိုင္း ေနာက္ဆံုး အေနနဲ႔ ေမးပါ့မယ္..
တိုင္း အေပၚ ဘယ္လိုသေဘာထားလဲ ေျဖေပးပါ...
မ ရဲ႕ နွလံုးသားကို မညာပါနဲ႔လား ..တိုင္းရဲ႕ အေရးႀကီးဆံုးအခ်ိန္မို႔ အမွန္အတိုင္းပဲ ...ေျဖ ေပးပါ လား.."
သူမရဲ႕ အသံေတြမွာ ေမ်ွာ္လင့္ခ်က္၊ နာက်င္မႈ၊ ဆံုးျဖတ္မႈ တခ်ိဳ႕ပါေနသည္ကို သု သတိထားမိ၏ ။ သူမ ဘာေတြမ်ားျဖစ္ေနတာပါလိ္မ့္။
"တို႔ .....တိုင္းကို ညီမေလးတစ္ေယာက္လိုပဲ ..."
"ဘာ...အဟက္ ......ဒါကအေျဖလား ...."
ဖုန္းထဲက သု ျမတ္နိုးရတဲ့ အသံပိုင္ရွင္ရဲ႕ ဆို႔နစ္စြာ ခဏ တာ တိတ္ဆိတ္သြားသည္ကို သု သိသည္။ မ လည္း နာက်င္ေနပါတယ္ ကေလးငယ္ရယ္။မရင္ထဲမွာလည္း မင္းအတြက္ စကားေတြ အမ်ားရွိေနၿပီ၊ဒါေပမယ့္ ဒီတသက္ဘယ္ေတာ့မွ မေျပာေတာ့ဘူး ဟု မဆံုးျဖတ္ထားတာ တို႔နွစ္ေယာက္လံုး အတြက္ပါ ကေလး။
"တိုင္း ေစ့စပ္ေတာ့မယ္ ......."
သု ခဏတာမ်ွ စြံအသြားမိတယ္၊ သု တကယ္ စြန္႔လႊတ္ၿပီး တပါးသူရဲ႕ ရင္ခြင္ထဲကို အၿပီးတိုင္ေပးလိုက္ရေတာ့မွာလား။
"ဟုတ္လား .....congrats ပါ ...ညီမေလး ."
"ေတာ္ပါေတာ့ ...ေတာ္ပါ....မ အရမ္းလုပ္ရက္တာပဲ ....
တိုင္းေလ မကို အရမ္းခ်စ္သလို အရမ္းမုန္းတယ္ သိလား
တိုင္းရဲ႕ ဘဝ ကို မ ပဲ ဘာလို႔ အပိုင္ယူထားရတာလဲ တိုင္းရဲ႕ နွလံုးသား .....တိုင္းရဲ႕ နွလံုးသားေလး အရမ္းပင္ပန္းေနၿပီ ..."
ေတာင္းပန္ပါတယ္လို႔ ေတာင္ေျပာဖို႔ မထိုက္တန္သူ က မပါ ။
ေတာင္းပန္ပါတယ္၊ မင္းရဲ႕ က်ေနတဲ့ မ်က္ရည္ေတြကို သုတ္ေပးဖို႔ မမွာ သတၲိမရွိဘူး တိုင္းရယ္၊ တို႔လည္း မင္းနဲ႔ ထပ္တူ ခံစားေနရတာ မင္းသိေစခ်င္တယ္။
"ဒါပဲ ..တိုင္း တို႔မွာ အလုပ္ေတြ ရွိေသးတယ္..."
ဖုန္းကို ကပ်ာကယာခ်လိုက္ကာ ဖိုင္တြဲကိုယူ အလုပ္ကို အာရံုစိူက္ရန္ laptopကို ဖြင့္လိုက္ေပမယ့္ သု စိတ္ေတြ အလုပ္ထဲ အာရံုစိုက္မရခဲ့ပါ။ ရင္ဘက္ထဲမွာ အရမ္းဆို႔နစ္ေနေလၿပီ။
"မမသု ရရဲ႕လား ..မမ...."
"တို႔ အဆင္ေျပပါတယ္ ခတ္ .."
သုကသာ အဆင္ေျပသည္ေျပာသာ သုရဲ႕ ပါးျပင္ေပၚက မ်က္ရည္ေတြက အဆင္မေျပေၾကာင္း ေဖာ္ျပေနျပန္တယ္။ သု အရႈံုးသမား မျဖစ္ခ်င္ပါ။ သုက စိတ္ဓာတ္မာသည္၊ အသည္းမာသည္၊ အေဖမရွိေတာ့တဲ့ ေနာက္ပိုင္း သု ရင္ဆိုင္ခဲ့ရတာေတြက ဘဝ နဲ႔ ပတ္သတ္တာေတြ မို႔ အရမ္းခက္ခဲၾကမ္းတမ္းခဲ့ပါတယ္၊
"မမ....ခဏေန ေၾကာ္ျငာရိုက္ဖို႔ . ေမာ္ဒယ္ေရာက္ေနၿပီမမ ..ဟို ဒါရိုက္တာကေတာ့ မေရာက္ေသးဘူး..ဒီဇိုင္နာလည္း ေရာက္ေနၿပီ .."
"ေကာင္းၿပီ ခတ္ ျပင္ဆင္ထားလိုက္ပါ ...မ ခဏေနလာခဲ့မယ္.."
"ဟုတ္ မမ..."
တို႔ အလုပ္လုပ္ရမယ္တိုင္း၊ တို႔ လည္း ရင္ကြဲမတတ္နာက်င္ေနရပါတယ္။ စိတ္ရႈပ္စြာပဲ Laptopကို သု ပိတ္လိုက္ကာ ေဝခြဲမရျဖစ္ေနခဲ့ၿပီ။
"မမသု ...ဟိုတစ္ေယာက္က ေမာ္ဒယ္ပါ ဘယ္လိုလဲ လွရဲ႕လား..."
ခတ္က လူေ႐ြးေတာ္သည္။ သို႔ေသာ္ သုစိတ္ေတြ အလုပ္ထဲမွာ လံုးဝ အာရံုစိုက္မရခဲ့ပါ။ အရာဝတၴုတစ္ခုခု၊ မ်က္စိ အေရွ႕က ပံုရိပ္တစ္ခုခုကိုပဲ သု အေၾကာင္းျပခ်က္မရွိ ေငးေနမိတာ လြန္၏။
"မမသု .....မမသု..."
"ေအာ္ ခတ္ ....sorry ..မမ အေတြးမ်ားေနလို႔.."
သု အမွန္တကယ္ စိတ္နဲ႔လူ မကပ္လွပါ။ ဘဝ မွာ ေနာင္တ ပဲရေတာ့မလိုလို၊ တန္ဖိုးႀကီးမားေသာ အရာကိုပဲ ဆံုးရႈံးေတာ့မွာ လိုလို သု ရင္ေမာေနရပါသည္။ သု ကို ဘယ္သူမွ နားလည္နိူင္မည္မဟုတ္၊ ဒီအေျခအေနမွာ သု ကိုယ္သုေတာင္ နားမလည္နိူုင္ေသာ အေျခအေန။
"ဒါက Purple color ပါ မမ...ဒီေန႔ေတာ့ အေရာင္ သံုးေရာင္ အထိ ေၾကာ္ျငာရိုက္ဖို႔ စီစဥ္ထားတယ္ ..."
"ေအာ္ အြန္း..."
သု တစ္ေယာက္ ခတ္ ေျပာသမွ်အရာအားလံုး နားထဲ ဝင္ေျပာမယ့္ အေျဖျပန္ေျဖဖို႔ တိတိက်က်မရွိေလာက္ေအာင္ သု စိတ္ေတြ ေထြျပားေနေလၿပီ။
"မမသု ....ဒါရ္ုိက္တာႀကီးက စကားေျပာခ်င္..."
"ခတ္ ....prefume ေၾကာ္ျငာအတြက္ ဒီေန႔ တာဝန္ယူေပးလို႔ ရမလား ..."
ခတ္က အံ့ၾသစြာ သုကို ၾကည့္သည္။ သူမ ေမးခ်င္ေသာ ေမးခြန္းေတြ မ်ားေနမည္ကို သု သိသည္။ သု ဟာ အလုပ္ထဲမွာ အာရံုေထြပ်ားေနျခင္းက မျဖစ္သင့္၊ သု တစ္ေနရာရာ ေရွာင္ပုန္းသင့္ၿပီ မဟုတ္ပါလား။
"ဘာလို႔လဲ မမသု ..ေနမေကာင္းဘူးလားဟင္
မမရဲ႕ ခ်စ္သူဆီ ဖုန္းေခၚေပးရမလား.."
"ရတယ္ ....ရတယ္ ခတ္ ..မမ ေခါင္းနည္းနည္းကိုက္လာလို႔
ဒါရိုက္တာနဲ႔ ရိုက္မယ့္ပံုစံေတြ ခတ္ပဲ ၾကည့္လုပ္လိုက္ပါ.."
"ဟုတ္မမ ....ခတ္ အားလံုး အဆင္ေျပေအာင္ လုပ္ေပးပါ့မယ္.."
"အြန္း ေက်းဇူး ခတ္ မမ သြားေတာ့မယ္..."
"ဟုတ္ မမ ..ဟုတ္..."
သု ကားေသာ့နဲ႔ လက္ဆြဲအိတ္ကို ယူကာ ထိုရံုးခန္း ၊ အလုပ္ေတြ ရွိရာမွ ထြက္ေျပးလာခဲ့ေတာ့သည္။ သု ေပါက္ကြဲခ်င္သည္၊ သု ရင္ထဲမွာ မြန္းက်ပ္ေနတာကို မည္သူ သိမည္နည္း။
🌷🌷🌷🌷
အဟက္ မင္းေၾကာင့္ တို႔ မလုပ္ဘူးတာေတြ လုပ္တတ္ေနၿပီ တိုင္း။ ဟူး တို႔က္ို တို႔ေတာင္ မယံုနိုင္ေတာ့ဘူး။
ေရခဲ တံုးေလးေတြကို ဖန္ခြက္ေလးထဲမွာ အသံျမည္ေအာင္ ထည့္လိုက္ရင္ ရင္ဘက္ထဲ ခံစားေနရတာေတြမ်ား ေပ်ာက္မလား၊ ျပင္းျပျပ ရွတတ အရသာက လည္ေခ်ာင္းထဲ စီးဝင္သြားေတာ့ သက္သာလာသေယာင္ေယာင္၊ ရီရတယ္ မင္းအရမ္းခ်စ္တဲ့ မက အနံေတာင္ မခံနိုင္တဲ့ alcohol ေတြကို နွာေခါင္းပိတ္ၿပီး ေသာက္ေနတယ္ဆိုတာ။ စီးကရက္ ေတြရဲ႕ အနံ႔ကို မ အရမ္းမုန္းတာ သိလား ၊ ဒါေပမယ့္ စီးကရက္နံ႔သင္းေနတဲ့ မင္းနႈတ္ခမ္းပါးေတြကို မက္ေမာတယ္။
"ေဟ့ ...waiter ..ေနာက္တစ္လံုးေပးပါအံုးလား.."
လူတိုင္းက မူးရင္ ပံုစံအမွန္ေပၚတတ္ၾကတယ္တဲ့ ၊ သုရဲ႕ သရုပ္မွန္ကေရာ ဘာလဲ။ သုဟာ ေသြးေအးတတ္သလို ေၾကာက္ဖို႔ေကာင္းတဲ့ မိန္းမေတာ့ ျဖစ္ဟန္မတူပါဘူး။
"ဒီမယ္ ......"
Waiter လာခ်ေပးေသာ ပုလင္းေလးကို သု ရုက္တရက္ ေကာက္ကာ ရင္ဘက္ထဲမွာ ပိုက္ထားလိုက္သည္။
"ဟီး ...အိမ္ယူသြားရမယ္ ....ေမေမ့ဖို႔.."
ထို႔ေနာက္ သု ေရွ႕က စားပြဲေပၚ ေမွာက္လ်က္အိပ္ေပ်ာ္သြားျပန္တယ္။
"ေဟ့ ...အေဒၚႀကီး ..ျပန္ေတာ့ေလ ဆိုင္ပိတ္ေတာ့မယ္...
ဒီမယ္..."
ရုပ္တရက္ ေခါင္းမတ္လိုက္ေသာ သု႔ေၾကာင့္ Waiterေလးမွာ လန္႔ကာ ေနာက္ဆုတ္သြားျပန္တယ္။
"ဘာ ...အေဒၚႀကီးလဲ ....အဟင့္ ဟင့္ ....အေဒၚႀကီးတဲ့..."
သု ဝမ္းနည္းစြာ ေအာ္ငိုမိေတာ့ေဘးက Waiterက ပ်ာပ်ာသလဲ ျဖစ္သြားကာ ေျခမကိုင္မိလက္မကိုင္မိျဖင့္ သု အနားလာသည္။
"ဟုတ္ပါၿပီ ...အမ ...ဆိုင္ပိတ္ေတာ့မယ္ ...မျပန္ေသးဘူးလား ေမးေနတာေလဗ်ာ ..."
သု စိတ္ရႈပ္စြာ ဆံပင္မ်ားကို ထိုးဖြကာ အက်ယ္ႀကီး ေအာ္ငိုမိေတာ့သည္။ ထို႔ေနာက္ သု ျပန္လည္ စားပြဲေပၚေမွာက္ကာ အိပ္ေပ်ာ္သြားျပန္ေတာ့သည္။
"ဟဲလို ....ဟုတ္ ...ဒီအမက မူးၿပီး barမွာ အိပ္ေနတယ္ဗ်
ကြၽန္ေတာ္တို႔ကလည္း ဆိုင္က ပိတ္ေတာ့မွာဆိုေတာ့...."
တဖက္ဖုန္းထဲက အမ်္ိုးသားတစ္ဦးက ပ်ာပ်ာသလဲ လာေခၚမည္ ဟု ဖုန္းခ်သြားသျဖင့္ Waiterလည္း ထိုအမ်ိဳးသမီးဖုန္းကို သူ႔ေဘးနား ျပန္ထားလိုက္သည္။
"ဟူး ...သုရယ္ သတိထားပါအံုး...ဘယ္ေလာက္ေတာင္ ေသာက္ပစ္လိုက္ရတာလဲကြာ.."
"အေရွ႕က ပုလင္းေတြသာ ၾကည့္ပါေတာ့ အကိုရယ္
ဒီအမ က ဆိုင္ေရာက္ကတည္း က တငိုင္ုိ တရီရီ ေသာက္ေနတာဗ် ..."
Waiter ရွင္းျပေသာ အေၾကာင္းအရာမ်ားကို နားေထာင္ရင္း သုက္ုိ တြဲကာ ဘုန္းရွိန္ဝါတစ္ေယာက္ ဆိုင္ထဲက ထြက္လာခဲ့သည္။ သူမကေတာ့ သိဟန္မေပၚပါဘူး ၊ မ်က္နွာႀကီး ၿပံဳးၿပီး ၾကည့္ေနေလရဲ႕။
☀️☀️☀️
"ေစ့စပ္ၿပီးစီးေၾကာင္း ေထာက္ခံလႊာ..."
တိုင္း မေတြေဝေတာ့ဘူး၊ တပါးလူရဲ႕ ရင္ခြင္ထဲမွာ တိုင္းကို ထည့္ရက္ေသာ မ ကို တိုင္း မမုန္းေပမယ့္ စိတ္နာသည္။
ခ်စ္ေနဆဲပင္၊ ရင္ဘက္ထဲက ခ်စ္လြန္းလို႔ အခ်ိန္ကိုက္ဗံုးတစ္လံုး လိုေပါက္ကြဲေတာ့မွာလား။
"တာတာ ....ကိုဇြဲနဲ႔ စကားေျပာရေအာင္..."
"အြန္း .."
အိမ္အေရွ႕က ခံုအေပၚသို႔ တိုင္းနွင့္ကိုဇြဲ ျဖည္းျဖည္း လမ္းေလ်ွာက္သြားသည္။
"တကယ္က ...ကိုဇြဲေလ..အခုလို ေစ့စပ္ဖို႔ ကိုဇြဲအေဖကို ေျပာခဲ့တာပါ .. တိုင္း ရဲ႕ အခ်စ္ကို ကိုဇြဲ မရနိုင္တာ သိေပမယ့္
အတၱႀကီးမိၿပီ ..."
"ရပါတယ္ ...တိုင္း ဘာမွ မျဖစ္ပါဘူး...မဂၤလာေတာင္ေဆာင္ေတာ့မွာပဲ ..ဒါေတြ ေျပာမေနပါနဲ႔ေတာ့ တိုင္းက လူတိုင္းရဲ႕ အရုပ္ပဲ..."
ကိုဇြဲက ရုက္တရက္ တိုင္းရဲ႕ လက္ေခ်ာင္းသြယ္သြယ္ေလးေတြကို ဖြဖြေလး လာကိုင္တယ္၊ ၿပီးေတာ့ သူရဲ႕ မ်က္ဝန္းေတြမွာ ခ်စ္ျခင္း ေမတၲာအျပည့္ျဖင့္ တိုင္းကိုၾကည့္တယ္။ မရဲ႕ မ်က္ဝန္းေတြေလာက္ မေနြးေထြးတာ အမွန္။
"ကိုေလ ...တိုင္းကို အရမ္းခ်စ္တယ္
တိုင္းရဲ႕ ဘဝ တစ္ခုလံုးကို ကာကြယ္ေပးခ်င္တယ္ .."
ထို႔ေနာက္ သူရဲ႕ ရင္ခြင္ထဲ တိုင္းကို ဆြဲသြင္းတယ္။ တိုင္း အလိုက္အထိုက္ ခို ဝင္ခဲ့ပါတယ္၊ သို႔ေသာ္ ဆႏၵမရွိခဲ့။
.Unicode__
ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(14)
************************************
"ပင်ပန်းနေလားသု......"
ထိုစကားရဲ့ အနောက်မှ အဓိပ္ပါယ်တွေ အများကြီးပါပုံပါပဲ။
အလုပ်တွေ မလုပ်ပါနဲ့တော့၊ ကိုယ့်ကို လက်ထက်မလား စသဖြင့် ပြောတော့မည်ကို သု သိသည်။အရှေ့က သံပုရာသီးရည်ကို ပဲ တကျိတ်မော့သောက်လိုက်မိတယ်။
"အွန်း ....အခုတလော သု အရမ်းပင်ပန်းနေတယ်ထင်တယ်
ကိုဘုန်း..."
သုရဲ့ လက်ဖမိုးနုနုကို သူရဲ့ လက်ဖြင့် ခပ်ထွေးထွေးလာကိုင်တယ်။
"ကိုယ်တို့ ဘယ်တော့ လက်ထက်ကြမှာလဲ သု..."
"ကိုဘုန်းရယ်....."
သု စိတ်ထဲမှာ ထိုကိစ္စကို လုံးဝ မစဉ်းစားထားပါ။ ပြီးတော့ အခုတလော မေမေ့ရဲ့ တိုက်တွန်းချက်တွေ၊ ပြီးတော့ တိုင်းတစ်ယောက် ပြုမှုနေသော အပြုအမှုတွေကြောင့် သု အရမ်းဆင်ခြင်နေရပြီ။
"သု့ကို အချိန်နည်းနည်းလေး ပေးပါလား...."
ကိုဘုန်းက သု့ကို စိတ်မရှည်သလို ကြည့်သည်။ သူစောင့်ခဲ့ရသော နှစ်တွေ မနည်းတော့ဘူး ဟုပြောချင်ပုံပါပဲ။
"ကိုလေ ...သု့ကို အရမ်းချစ်တယ် သု ...ဟိုကွာ သု ပင်ပန်းနေတာက်ို ကို မကြည့်ရက်တော့ဘူး ..ကို့ရဲ့ ဇနီးမယားတစ်ယောက်အနေနဲ့ အိမ်ထောင်ရှင်မ နေရာက်ို မယူချင်ဘူးလားဟင်..."
အရောင်တောက်နေတဲ့ မျက်ဝန်းတွေနဲ့ ပြောနေတဲ့ က်ိုဘုန်းစကားတွေမှာ မျှော်လင့်ချက်တွေပါတယ်။ သု လက်ထက်ရန်ဆိုသော ကိစ္စကို မစဉ်းစားထားသည်မှာ အမှန်။ 5နှစ်လောက်တွဲခဲ့တယ်ပဲ ထားအုံး ၊ အချစ်ဆိုတာ ကိုဘုန်းအတွက် ဖြစ်ဖော်မလာတာ သု ဝန်ခံချင်သည်။
"သု့ကို အချိန်နည်းနည်းလောက်ပေးပါအုံး..ကိုဘုန်း.."
ပုံမှန်ဆို သံပုရည်မကြိုက်တတ်သော သုက စိတ်ရှုပ်စွာပဲ ချဉ်ရှရှ အရသာတွေကို သောက်တတ်နေခဲ့ပြီ။ ဘယ်လို အခက်အခဲများက သု့ကို ဝေခွဲမရအောင် ပြုစားနေပါလဲ။
🌷🌷🌷🌷🌷🌷🌷🌷🌷
"ကလေးတွေက အရွယ်လည်း ရောက်လာကြပြီမဟုတ်လား....ဒီကိစ္စက ဘယ်တော့မှ ပြောင်းလဲလို့မရတဲ့ ကိစ္စပါ.."
"ဟုတ်တာပေါ့ရှင်..."
သားရေးသမီးရေး ဆွေးနွေးနေသော ဂုဏ်သရေရှိလူကြီးမင်းများနှင့် တိုင်းရဲ့ သတိုးသားလောင်း ကိုဇွဲရန်နှိုင်တို့ ပြောဆိုနေကြသော စကားတွေက တိုင်း စိတ်ကို ပူလောင်စေသည်။ ဘယ်လိုမှ လွန်ဆန်၍ မရသော အမေတစ်ယောက်ရဲ့ စကားနှင့် တိုင်း ရဲ့ နှလုံးသားကို အလောင်းအစား လုပ်ရတော့မည်လား။တခါမှ မဝတ်ဖူးခဲ့သော ပိုးသားထဘီ နှင့် အကျီ င်္ရင်ဖုံးဆိုတာ စိတ်မကူးခဲ့သော ပုံစံပင်။ စေ့စပ်ပွဲဆိုကာ နယ်က အဒေါ်တွေရော၊ ဟိုဖက်က အမျိုးတွေရော စုံလင်နေတာကိုက တိုင်းကို စိတ်ကျဉ်းကျပ်စေသည်။
"သမီးလေးကို ခေါ်ပါအုံး ဒေါ်မေသီ ..."
တိုင်း အလျင်အမြန်ပဲ မိမိရဲ့ အခန်းထဲသို့ ပြေးတတ်ကာ အခန်းတံခါးကို အမြန်ပိတ်ထားလိုက်သည်။
အစထဲက မစီစဉ်သင့်တာ မေမေ သိသင့်တယ်။ ဒီအချိန်မှာ တိုင်း ရင်ထဲ ဘာမှ မရှိတော့တာ သေချာပြီ။ မကသာ တိုင်းအတွက် ပိုင်ဆိုင်ခြင်း မဟုတ်ခဲ့လျှင် တိုင်း အရာအားလုံလက်ခံ လိုက်ရန်မှာ မမသု အပေါ်မူတည်နေပြီ။ အသာပဲ ကုတင်စွန်းမှာ ထိုင်ကာ တိုင်းကြောက်နေမိပြီ။
"သမီး တိုင်း.....လူကြီးတွေ ရောက်နေပြီ ...ဆင်းခဲ့တော့.."
တိုင်း စိတ်က မမာပါဘူး။ အမှန်တကယ် စိတ်ဓာတ်ကြံ့ခိုင်ချင်ယောင် ဟန်ဆောင်ထား သူက တိုင်း။ မ ကို လက်လွှတ်လိုက်ရတော့မှာလား ဟူသော အတွေးက တိုင်းကို အကြောက်တရားပိုစေပါတယ်။
တိုင်းရဲ့ အခန်းက မှောင်ကာ တိတ်ဆိတ်နေလေပြီ။ တိုင်း ဘာလုပ်ရမည်နည်း။ အလျင်အမြန်ပဲ အိပ်ယာနဘေးက ဖုန်းကို ကောက်ကိုင်လိုက်ကာ တစ်ဦးတည်းသော မဆီသို့ ဖုန်းခေါ်လ်ိုက်မိတယ်၊ တိုင်း အတွက် ကံကောင်းပါစေ ဆုတောင်းရင်း၊ ကိုက်ထားသော လက်သည်းလေးတွေမှာ က်ျိုးပဲ့လျက်။
🌷🌷🌷🌷
"မမသု ...ဒါက ဒီနေ့စာရင်းတွေပါ..ပန်းတွေထဲက သစ်ခွတွေနဲ့ ကျုးလစ်တွေတော့ရောက်နေပြီ .."
"ဟုတ်ပြီ ခတ်..."
ခတ်ဆီက ဖိုင်တွဲကို လှမ်းယူလိုက်ရင်း ရုပ်တရက် ဖုန်းလာသည်မို့ သု contact nameအား ကြည့်လိုက်သော မမျှော်လင့်ထားသော သူမဆီက အဝင်ဖုန်းလေး။ လျစ်လှူရှုကာ သု နေနေပေမယ့် 3 miss callsမှာ သု ကိုင်လိုက်မိတော့ တဖက်က ရှိုက်သံ သဲ့သဲ့နှင့် အသံလေးထွက်ပေါ်လာခဲ့သည်။
"မ .....တိုင်းပါ..."
"အွန်း .သိတယ် ဘာကိစ္စလဲ.."
"တိုင်း နောက်ဆုံး အနေနဲ့ မေးပါ့မယ်..
တိုင်း အပေါ် ဘယ်လိုသဘောထားလဲ ဖြေပေးပါ...
မ ရဲ့ နှလုံးသားကို မညာပါနဲ့လား ..တိုင်းရဲ့ အရေးကြီးဆုံးအချိန်မို့ အမှန်အတိုင်းပဲ ...ဖြေ ပေးပါ လား.."
သူမရဲ့ အသံတွေမှာ မျှော်လင့်ချက်၊ နာကျင်မှု၊ ဆုံးဖြတ်မှု တချို့ပါနေသည်ကို သု သတိထားမိ၏ ။ သူမ ဘာတွေများဖြစ်နေတာပါလ်ိမ့်။
"တို့ .....တိုင်းကို ညီမလေးတစ်ယောက်လိုပဲ ..."
"ဘာ...အဟက် ......ဒါကအဖြေလား ...."
ဖုန်းထဲက သု မြတ်နိုးရတဲ့ အသံပိုင်ရှင်ရဲ့ ဆို့နစ်စွာ ခဏ တာ တိတ်ဆိတ်သွားသည်ကို သု သိသည်။ မ လည်း နာကျင်နေပါတယ် ကလေးငယ်ရယ်။မရင်ထဲမှာလည်း မင်းအတွက် စကားတွေ အများရှိနေပြီ၊ဒါပေမယ့် ဒီတသက်ဘယ်တော့မှ မပြောတော့ဘူး ဟု မဆုံးဖြတ်ထားတာ တို့နှစ်ယောက်လုံး အတွက်ပါ ကလေး။
"တိုင်း စေ့စပ်တော့မယ် ......."
သု ခဏတာမျှ စွံအသွားမိတယ်၊ သု တကယ် စွန့်လွှတ်ပြီး တပါးသူရဲ့ ရင်ခွင်ထဲကို အပြီးတိုင်ပေးလိုက်ရတော့မှာလား။
"ဟုတ်လား .....congrats ပါ ...ညီမလေး ."
"တော်ပါတော့ ...တော်ပါ....မ အရမ်းလုပ်ရက်တာပဲ ....
တိုင်းလေ မကို အရမ်းချစ်သလို အရမ်းမုန်းတယ် သိလား
တိုင်းရဲ့ ဘဝ ကို မ ပဲ ဘာလို့ အပိုင်ယူထားရတာလဲ တိုင်းရဲ့ နှလုံးသား .....တိုင်းရဲ့ နှလုံးသားလေး အရမ်းပင်ပန်းနေပြီ ..."
တောင်းပန်ပါတယ်လို့ တောင်ပြောဖို့ မထိုက်တန်သူ က မပါ ။
တောင်းပန်ပါတယ်၊ မင်းရဲ့ ကျနေတဲ့ မျက်ရည်တွေကို သုတ်ပေးဖို့ မမှာ သတ္တိမရှိဘူး တိုင်းရယ်၊ တို့လည်း မင်းနဲ့ ထပ်တူ ခံစားနေရတာ မင်းသိစေချင်တယ်။
"ဒါပဲ ..တိုင်း တို့မှာ အလုပ်တွေ ရှိသေးတယ်..."
ဖုန်းကို ကပျာကယာချလိုက်ကာ ဖိုင်တွဲကိုယူ အလုပ်ကို အာရုံစိူက်ရန် laptopကို ဖွင့်လိုက်ပေမယ့် သု စိတ်တွေ အလုပ်ထဲ အာရုံစိုက်မရခဲ့ပါ။ ရင်ဘက်ထဲမှာ အရမ်းဆို့နစ်နေလေပြီ။
"မမသု ရရဲ့လား ..မမ...."
"တို့ အဆင်ပြေပါတယ် ခတ် .."
သုကသာ အဆင်ပြေသည်ပြောသာ သုရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေက အဆင်မပြေကြောင်း ဖော်ပြနေပြန်တယ်။ သု အရှုံးသမား မဖြစ်ချင်ပါ။ သုက စိတ်ဓာတ်မာသည်၊ အသည်းမာသည်၊ အဖေမရှိတော့တဲ့ နောက်ပိုင်း သု ရင်ဆိုင်ခဲ့ရတာတွေက ဘဝ နဲ့ ပတ်သတ်တာတွေ မို့ အရမ်းခက်ခဲကြမ်းတမ်းခဲ့ပါတယ်၊
"မမ....ခဏနေ ကြော်ငြာရိုက်ဖို့ . မော်ဒယ်ရောက်နေပြီမမ ..ဟို ဒါရိုက်တာကတော့ မရောက်သေးဘူး..ဒီဇိုင်နာလည်း ရောက်နေပြီ .."
"ကောင်းပြီ ခတ် ပြင်ဆင်ထားလိုက်ပါ ...မ ခဏနေလာခဲ့မယ်.."
"ဟုတ် မမ..."
တို့ အလုပ်လုပ်ရမယ်တိုင်း၊ တို့ လည်း ရင်ကွဲမတတ်နာကျင်နေရပါတယ်။ စိတ်ရှုပ်စွာပဲ Laptopကို သု ပိတ်လိုက်ကာ ဝေခွဲမရဖြစ်နေခဲ့ပြီ။
"မမသု ...ဟိုတစ်ယောက်က မော်ဒယ်ပါ ဘယ်လိုလဲ လှရဲ့လား..."
ခတ်က လူရွေးတော်သည်။ သို့သော် သုစိတ်တွေ အလုပ်ထဲမှာ လုံးဝ အာရုံစိုက်မရခဲ့ပါ။ အရာဝတ္ထုတစ်ခုခု၊ မျက်စိ အရှေ့က ပုံရိပ်တစ်ခုခုကိုပဲ သု အကြောင်းပြချက်မရှိ ငေးနေမိတာ လွန်၏။
"မမသု .....မမသု..."
"အော် ခတ် ....sorry ..မမ အတွေးများနေလို့.."
သု အမှန်တကယ် စိတ်နဲ့လူ မကပ်လှပါ။ ဘဝ မှာ နောင်တ ပဲရတော့မလိုလို၊ တန်ဖိုးကြီးမားသော အရာကိုပဲ ဆုံးရှုံးတော့မှာ လိုလို သု ရင်မောနေရပါသည်။ သု ကို ဘယ်သူမှ နားလည်နိူင်မည်မဟုတ်၊ ဒီအခြေအနေမှာ သု ကိုယ်သုတောင် နားမလည်နိူုင်သော အခြေအနေ။
"ဒါက Purple color ပါ မမ...ဒီနေ့တော့ 3colourအထိ ကြော်ငြာရိုက်ဖို့ စီစဉ်ထားတယ် ..."
"အော် အွန်း..."
သု တစ်ယောက် ခတ်ပြောသမျှအရာအားလုံး နားထဲ မဝင်တော့ပါ။
"မမသု ....ဒါရ်ိုက်တာကြီးက စကားပြောချင်..."
"ခတ် ....prefume ကြော်ငြာအတွက် ဒီနေ့ တာဝန်ယူပေးလို့ ရမလား ..."
ခတ်က အံ့သြစွာ သုကို ကြည့်သည်။ သူမ မေးချင်သော မေးခွန်းတွေ များနေမည်ကို သု သိသည်။ သု ဟာ အလုပ်ထဲမှာ အာရုံထွေပျားနေခြင်းက မဖြစ်သင့်၊ သု တစ်နေရာရာ ရှောင်ပုန်းသင့်ပြီ မဟုတ်ပါလား။
"ဘာလို့လဲ မမသု ..နေမကောင်းဘူးလားဟင်
မမရဲ့ ချစ်သူဆီ ဖုန်းခေါ်ပေးရမလား.."
"ရတယ် ....ရတယ် ခတ် ..မမ ခေါင်းနည်းနည်းကိုက်လာလို့
ဒါရိုက်တာနဲ့ ရိုက်မယ့်ပုံစံတွေ ခတ်ပဲ ကြည့်လုပ်လိုက်ပါ.."
"ဟုတ်မမ ....ခတ် အားလုံး အဆင်ပြေအောင် လုပ်ပေးပါ့မယ်.."
"အွန်း ကျေးဇူး ခတ် မမ သွားတော့မယ်..."
"ဟုတ် မမ ..ဟုတ်..."
သု ကားသော့နဲ့ လက်ဆွဲအိတ်ကို ယူကာ ထိုရုံးခန်း ၊ အလုပ်တွေ ရှိရာမှ ထွက်ပြေးလာခဲ့တော့သည်။ သု ပေါက်ကွဲချင်သည်၊ သု ရင်ထဲမှာ မွန်းကျပ်နေတာကို မည်သူ သိမည်နည်း။
🌷🌷🌷🌷
အဟက် မင်းကြောင့် တို့ မလုပ်ဘူးတာတွေ လုပ်တတ်နေပြီ တိုင်း။ ဟူး တို့က်ို တို့တောင် မယုံနိုင်တော့ဘူး။
ရေခဲ တုံးလေးတွေကို ဖန်ခွက်လေးထဲမှာ အသံမြည်အောင် ထည့်လိုက်ရင် ရင်ဘက်ထဲ ခံစားနေရတာတွေများ ပျောက်မလား၊ ပြင်းပြပြ ရှတတ အရသာက လည်ချောင်းထဲ စီးဝင်သွားတော့ သက်သာလာသယောင်ယောင်၊ ရီရတယ် မင်းအရမ်းချစ်တဲ့ မက မင်းကြိုက်တတ်တဲ့ တွေကို နှာခေါင်းပိတ်ပြီး သောက်နေတယ်ဆိုတာ။ စီးကရက် တွေရဲ့ အနံ့ကို မ အရမ်းမုန်းတာ သိလား ၊ ဒါပေမယ့် စီးကရက်နံ့သင်းနေတဲ့ မင်းနှုတ်ခမ်းပါးတွေကို မက်မောတယ်။
"ဟေ့ ...waiter ..နောက်တစ်လုံးပေးပါအုံးလား.."
လူတိုင်းက မူးရင် ပုံစံအမှန်ပေါ်တတ်ကြတယ်တဲ့ ၊ သုရဲ့ သရုပ်မှန်ကရော ဘာလဲ။ သုဟာ သွေးအေးတတ်သလို ကြောက်ဖို့ကောင်းတဲ့ မိန်းမတော့ ဖြစ်ဟန်မတူပါဘူး။
"ဒီမယ် ......"
Waiter လာချပေးသော ပုလင်းလေးကို သု ရုက်တရက် ကောက်ကာ ရင်ဘက်ထဲမှာ ပိုက်ထားလိုက်သည်။
"ဟီး ...အိမ်ယူသွားရမယ် ....မေမေ့ဖို့.."
ထို့နောက် သု ရှေ့က စားပွဲပေါ် မှောက်လျက်အိပ်ပျော်သွားပြန်တယ်။
"ဟေ့ ...အဒေါ်ကြီး ..ပြန်တော့လေ ဆိုင်ပိတ်တော့မယ်...
ဒီမယ်..."
ရုပ်တရက် ခေါင်းမတ်လိုက်သော သု့ကြောင့် Waiterလေးမှာ လန့်ကာ နောက်ဆုတ်သွားပြန်တယ်။
"ဘာ ...အဒေါ်ကြီးလဲ ....အဟင့် ဟင့် ....အဒေါ်ကြီးတဲ့..."
သု ဝမ်းနည်းစွာ အော်ငိုမိတော့ဘေးက Waiterက ပျာပျာသလဲ ဖြစ်သွားကာ ခြေမကိုင်မိလက်မကိုင်မိဖြင့် သု အနားလာသည်။
"ဟုတ်ပါပြီ ...အမ ...ဆိုင်ပိတ်တော့မယ် ...မပြန်သေးဘူးလား မေးနေတာလေဗျာ ..."
သု စိတ်ရှုပ်စွာ ဆံပင်များကို ထိုးဖွကာ အကျယ်ကြီး အော်ငိုမိတော့သည်။ ထို့နောက် သု ပြန်လည် စားပွဲပေါ်မှောက်ကာ အိပ်ပျော်သွားပြန်တော့သည်။
"ဟဲလို ....ဟုတ် ...ဒီအမက မူးပြီး barမှာ အိပ်နေတယ်ဗျ
ကျွန်တော်တို့ကလည်း ဆိုင်က ပိတ်တော့မှာဆိုတော့...."
တဖက်ဖုန်းထဲက အမ်ျိုးသားတစ်ဦးက ပျာပျာသလဲ လာခေါ်မည် ဟု ဖုန်းချသွားသဖြင့် Waiterလည်း ထိုအမျိုးသမီးဖုန်းကို သူ့ဘေးနား ပြန်ထားလိုက်သည်။
"ဟူး ...သုရယ် သတိထားပါအုံး...ဘယ်လောက်တောင် သောက်ပစ်လိုက်ရတာလဲကွာ.."
"အရှေ့က ပုလင်းတွေသာ ကြည့်ပါတော့ အကိုရယ်
ဒီအမ က ဆိုင်ရောက်ကတည်း က တငိုင်ို တရီရီ သောက်နေတာဗျ ..."
Waiter ရှင်းပြသော အကြောင်းအရာများကို နားထောင်ရင်း သုက်ို တွဲကာ ဘုန်းရှိန်ဝါတစ်ယောက် ဆိုင်ထဲက ထွက်လာခဲ့သည်။ သူမကတော့ သိဟန်မပေါ်ပါဘူး ၊ မျက်နှာကြီး ပြုံးပြီး ကြည့်နေလေရဲ့။
☀️☀️☀️
"စေ့စပ်ပြီးစီးကြောင်း ထောက်ခံလွှာ..."
တိုင်း မတွေဝေတော့ဘူး၊ တပါးလူရဲ့ ရင်ခွင်ထဲမှာ တိုင်းကို ထည့်ရက်သော မ ကို တိုင်း မမုန်းပေမယ့် စိတ်နာသည်။
ချစ်နေဆဲပင်၊ ရင်ဘက်ထဲက ချစ်လွန်းလို့ အချိန်ကိုက်ဗုံးတစ်လုံး လိုပေါက်ကွဲတော့မှာလား။
"တာတာ ....ကိုဇွဲနဲ့ စကားပြောရအောင်..."
"အွန်း .."
အိမ်အရှေ့က ခုံအပေါ်သို့ တိုင်းနှင့်ကိုဇွဲ ဖြည်းဖြည်း လမ်းလျှောက်သွားသည်။
"တကယ်က ...ကိုဇွဲလေ..အခုလို စေ့စပ်ဖို့ ကိုဇွဲအဖေကို ပြောခဲ့တာပါ .. တိုင်း ရဲ့ အချစ်ကို ကိုဇွဲ မရနိုင်တာ သိပေမယ့်
အတ္တကြီးမိပြီ ..."
"ရပါတယ် ...တိုင်း ဘာမှ မဖြစ်ပါဘူး...မင်္ဂလာတောင်ဆောင်တော့မှာပဲ ..ဒါတွေ ပြောမနေပါနဲ့တော့ တိုင်းက လူတိုင်းရဲ့ အရုပ်ပဲ..."
ကိုဇွဲက ရုက်တရက် တိုင်းရဲ့ လက်ချောင်းသွယ်သွယ်လေးတွေကို ဖွဖွလေး လာကိုင်တယ်၊ ပြီးတော့ သူရဲ့ မျက်ဝန်းတွေမှာ ချစ်ခြင်း မေတ္တာအပြည့်ဖြင့် တိုင်းကိုကြည့်တယ်။ မရဲ့ မျက်ဝန်းတွေလောက် မနွေးထွေးတာ အမှန်။
"ကိုလေ ...တိုင်းကို အရမ်းချစ်တယ်
တိုင်းရဲ့ ဘဝ တစ်ခုလုံးကို ကာကွယ်ပေးချင်တယ် .."
ထို့နောက် သူရဲ့ ရင်ခွင်ထဲ တိုင်းကို ဆွဲသွင်းတယ်။ တိုင်း အလိုက်အထိုက် ခို ဝင်ခဲ့ပါတယ်၊ သို့သော် ဆန္ဒမရှိခဲ့။
.