Oh !

By ChanMyae288

2M 49.5K 1.3K

××× More

××××
1×!(Zawgyi&Unicode)
2x!(Zawgyi&Unicode)
3x!(Zawgyi&Unicode)
4x!(Zawgyi&Unicode)
5x(Zawgyi&Unicode)
ခရစ္စမတ္ ပလဲဆန္႔ 🎁(Zawgyi&Unicode)
Hi 👋
6x(Zawgyi&Unicode)
7x(Zawgyi&Unicode)
8x(Zawgyi&Unicode)
Warning🚨🚨(Zawgyi&Unicode)
9x
10x(Zawgyi&Unicode)
11x(Zawgyi&Unicode)
12x(Zawgyi&Unicode)
13x(Zawgyi&Unicode)
14x(Zawgyi&Unicode)
အဟမ္း
15x(dancing car)(Zawgyi&Unicode)
အားနာေနၿပီ-အားနာနေပြီ(Zawgyi&Unicode)
16x(Double plus)(Zawgyi&Unicode)
17x(Zawgyi&Unicode)
18x(Zawgyi&Unicode)
19x(Zawgyi&Unicode)
20x(Zawgyi&Unicode)
21x(Zawgyi&Unicode)
22x(Zawgyi&Unicode)
23x(Zawgyi&Unicode)
24x(unicode)
24x (zawgyi)
25x(Zawgyi & Unicode)
26x(Zawgyi&Unicode)
27x(Zawgyi&Unicode)
29x (Zawgyi&Unicode)
30x (Zawgyi&Unicode)
31x(Zawgyi&Unicode)
32x(Zawgyi&Unicode)
33x(Zawgyi&Unicode)
34x(Zawgyi&Unicode)

28x(Zawgyi&Unicode)

20.3K 789 9
By ChanMyae288

"ပျင်းတယ် ပျင်းတယ် အိမ်မှာမနေချင်ဘူး ပျင်းတယ်"

အိမ်ထဲမှာနေရတာမှ တစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတာ သစ်တို့က တကိုယ်တော်ဆန္ဒပြနေသည်

ပြချင်တာပြပါ အပြင်တော့ပေးမထွက်နိုင် အရင်တခါလိုထပ်ဖြစ်ရင် ဒီလူနှစ်ယောက်က ဒီတခါတော့ တကယ်ရူးမှာ

မထိရက်မကိုင်ရက်လေးမို့ ဖူးဖူးမှုတ်ထားရပါတယ်ဆို သူက ဖြစ်လိုက်ရင် သေမင်းလက်တကမ်းတွေကြီးပဲ

"ဦးမြတ် သစ်ပြောပြမယ်ကွာ သစ်က အပြင်ကိုထွက်ချင်တာမဟုတ်ဘူးကွာ သိလား??"

သူ့ကိုစိတ်ပူလို့ ကိုယ်ပါ အလုပ်မသွားဖြစ်တော့ ဒီနားပူနားဆာဒဏ်ကို ခံရပေပေါ့

"အင်း"

"အပြင်မထွက်ချင်ဘူးကွာ အိမ်ထဲမှာမနေချင်တာ သိလား??"

"အင်း"

"အဲ့တော့ကွာ ဒီညနေအပြင်သွားရအောင်"

"No!"

တခွန်းထဲပါပဲ ဒါပေမယ့်Noတဲ့

ဘာဖြစ်လဲ ကိုယ့်ဟာကိုယ် နေချင်သလိုနေပစ်မယ်

Facebookလေးဖွင့်ပြီး ဟိုပွတ်ဒီပွတ်လုပ်လိုက်တာ
New feed မှာ *ချစ်လိုက်တာ မမတို့ကိုတော့ တကယ်idol coupleပဲ သဘောကျလိုက်တာ*ဆိုပြီး တွေ့လိုက်လို့ ဘယ်သူများလဲ ၀င်ကြည့်ကာမှ

ဟိုတနေ့က ကားတိုက်မိတဲ့တစ်ယောက်နဲ့ သူ့မိန်းမပဲ

ဒီလူကိုတွေ့ရင် ဘာလို့မှန်းမသိ သစ်မြင်ဖူးသလိုခံစားရသည်

စိတ်၀င်စားမှု levelလေးက နည်းနည်းမြင့်လာတော့
အဲ့တစ်ယောက် Accထဲ ၀င်ကြည့်လိုက်သည်

ဘာမှထွေထွေထူးထူးတင်ထားတာ မရှိတော့ Photosထဲ၀င်ပြီး စပ်စုမိသား

2016‌နောက်ပိုင်းလောက်တုန်းက Cover Photoမှာ Changeထားတဲ့ Group Photoလေးက သစ်ကို အရမ်းတွေဆွဲဆောင်လွန်းသည်

ထောင့်စွန်းမှာရပ်နေတဲ့ မျက်လုံးမှေးမှေးလေးနဲ့ကောင်လေးက တကယ်ကို ရုပ်ဆိုးသည်

အသားကလည်း ညိုစိမ့်စိမ့်နဲ့ဘယ်လိုမှကြည့်ရတာ အဆင်မပြေ တဖွဲ့လုံးက ရွက်ကြမ်းရေကျိုသာဖြစ်ပေမယ့် အဲ့ကောင်လေးကတော့ ထူးပြီးဆိုးနေသည်

သို့ပေမယ့်လည်း တမျိုးခံစားရတာမို့ အဲ့ပုံလေးကို screenshotရိုက်ထားလိုက်တာ အမှတ်တမဲ့သိမ်းထားမိသည်သာ

"သစ် ငြိမ်လှချည်လား??"

သစ်ရှိနေတဲ့ ၀ရံတာကို ဦးမြတ်ပါရောက်လာကာ
ခါးလေးကိုဖက်ရင်း မေးသည်

"စိတ်ဆိုးသွားတာလား??"

"စိတ်မဆိုးပါဘူး ဪ ဦးမြတ် သစ်မေးမလို့ "

"အင်း မေးလေ"

"ဟိုတနေ့ကလေ သစ်တို့ကားတိုက်မိတဲ့တစ်ယောက်လေ"

"အင်း ဘာဖြစ်လို့လဲ??"

"သူ့ကိုလေ Facebookမှာတွေ့လို့ ၀င်ကြည့်လိုက်တာ ဒီပုံလေးကလေ သစ်စိတ်ထဲတမျိုးဖြစ်နေလို့"

စောစောက screenshotရိုက်ထားတာလေးကိုပြပြီးပြောလိုက်တော့ သတိုးက အေးဆေးပင်

"တွေ့ဖူးတယ်လို့ခံစားရတာလား???"

"အင်း အထူးသဖြင့် ညာဘက်ထောင့်ကကောင်လေးကိုလေ သစ်အရမ်းစိတ်၀င်စားနေတယ်"

"ဟုတ်လား သေချာပြပါဦး"

သစ် ပြတဲ့ကောင်လေးကို သတိုးသေချာကြည့်ရင်းနဲ့ ဖြတ်ခနဲသတိရလိုက်မိတာက

သစ်ရဲ့အကို Doctorဆီသွားတုန်းက Doctorရဲ့စားပွဲပေါ်မှာတင်ထားတဲ့ Group Photoလေး တခု

အဲ့ပုံထဲမှာလည်း ဒီကောင်လေးပါနေသလားလို့???

ဒီကောင်လေးသာ တကယ်ပါနေတယ်ဆိုရင် ဆက်စပ်ပြီးတွေးရင်ကို အဖြေကတော်တော်ထွက်နေပြီ

"သစ်ကလည်းကွာ တွေ့ဖူးတယ်ထင်တာနဲ့များ အဲ့ပုံကို သိမ်းထားနေသေးတယ် ဖျက်လိုက်ပါကွာ နော်"

"ဘာလို့လဲ ဦးမြတ်ရဲ့ သစ်က သေချာကြည့်ပြီး ပြန်တွေးကြည့်မလို့ကို"

"ရှုပ်ရှုပ်ရှပ်ရှပ်တွေသစ်ရယ် လမ်းမှာ အမှတ်တမဲ့တွေ့ဖူးတာနေမှာပေါ့ "

"ဦးမြတ်‌ကလည်းဗျာ အဘိုးကြီးဖြစ်လာပြီလား??? ပွစိပွစိနဲ့"

"အဘိုးကြီးဖြစ်မဖြစ်ပြရမလားပြော??"

"ဟီးဟီး ပြချင်ပြပေါ့"

"ဒီကလေးလေးကတော့ကွာ"

သစ်နှုတ်ခမ်းလေးတွေကို ခပ်ဖွဖွလေး နမ်းလိုက်ကာ တင်ပါးလေးတွေကိုပွတ်ပေးလိုက်သည်

ဘာစိတ်မှရေရေရာရာမပါပဲ ဒီခံစားချက်က‌လေးအတိုင်း စီးမြောနေ‌တုန်း

"မင်းတို့က သာယာနေကြပြန်ပြီ"

ဆောင့်အောင့်အောင့်အသံနဲ့ အနောက်ကရောက်လာတော့ သစ်ကိုယ်လေးကို ဆွဲပွေ့လိုက်ကာ
ရိပ်အနားကိုလျှောက်သွားလိုက်သည်

"မင်း အရမ်းမနာလိုဖြစ်နေတာပဲနော် ဘယ်လိုလဲ အခြေအနေ "

"ဘာမှမသိလာဘူး ဒုံရင်းကဒုံရင်းပဲ "

"ဪ"

*မင်း ငါ့ကိုအပြင်မှာသွားစောင့်နေ* ဆိုပြီး မျက်လုံးနဲ့အချက်ပြလိုက်ကာ သစ်ကိုယ်လေးကို ကုတင်ပေါ်မှာချပေးပြီး TV ရီမုလေးပါ အနားယူထားပေးလိုက်သည်

"ခဏလေးနော် ကိုယ်ပြန်လာခဲ့မယ် အပြင်က ဘာမုန့်ယူခဲ့ရဦးမလဲ"

"စတော်ဘယ်ရီလေး တချက်လောက်"

"အိုကေ အိုကေ ပြန်လာခဲ့မယ်နော်"

သစ်ကို သေချာလေးထားခဲ့ကာ အပြင်ထွက်လာပြီး ညီအကိုနှစ်ယောက် သစ်မပါလာတာ ကျိန်းသေမှပဲ စောစောက ကိစ္စကို ဆက်နိုင်တော့သည်

"ဆေးရုံကိုသွားတုန်းကလေ doctorက ငါတို့ကို ဆေးစာရင်းပြလို့မရဘူးလို့ပြောပြီး အဲ့ကောင်လေးပုံတောင် ငါတို့မကြည့်ခဲ့ရဘူးလေ"

"အင်းလေ အဲ့တာဘာဖြစ်လဲ"

"အဲ့ကောင်လေး ဘယ်သူလဲ ငါမှန်းလို့ရပြီထင်တယ်"

"ဘယ်သူလဲ??"

"Doctor စားပွဲပေါ်က ဓာတ်ပုံထဲက မျက်လုံးမှေးမှေးနဲ့ကောင်လေးကို သိတယ်မှတ်လား??"

"ရိုးတိုးရိပ်တိပ်ပဲ"

"အင်း အဲ့ကောင်လေးကို ဟိုတနေ့‌ကကောင်ရဲ့Facebook accထဲမှာတွေ့တယ်"

"ကိုကိုကဘယ်လိုသိ?"

"သစ်တွေ့တာ"

"ဟမ်"

"ဟုတ်တယ် သစ်တွေ့တာ အဲ့တာကြောင့် အခုစုံစမ်းမယ်ဆို အဲ့ကောင်လေးက စလိုက်ရင်တော့ဘာမှသိရမှာမဟုတ်ဘူး ဟိုလင်မယားက စလိုက်မှ သိရမှာ
ဒီနေ့ တချက်စုံစမ်းထားခိုင်းလိုက်"

"Ok"

"သွားနားတော့ ကိုကိုလည်း စတော်ဘယ်ရီသွားယူဦးမယ်"

ရိပ်အခန်းထဲ၀င်၀င်ချင်းတွေ့လိုက်ရတာက

Tom & Jerryကို မျက်ရည်အဝဲသားနဲ့ထိုင်ကြည့်နေတဲ့အာလူးကောင်လေးပါပဲ

ဘာလို့ ငိုနေတာလဲ မေးတော့ သူ့ကလေးလေးကို လွမ်းလို့တဲ့လေ

သူ့ကလေးလေးဆိုတာ ဟိုတနေ့ Pets ဆိုင်မှာ တွေ့ခဲ့တဲ့ ကြွက်ဖြူ ပါ

တအိမ်လုံးမှာ သူက လွဲရင် ကျန်တဲ့နှစ်ယောက်လုံး ကြွက်ကြောက်တတ်တာမို့ မသိချင်ယောင်တာ ဆောင်ထားခဲ့ရတော့သည်

🙆

ငယ်တော့ သွားပြီ ချစ်တို့ရေ ဒီ တပိုင်းရေးတာကို တ၀က်စီခွဲရေးရတယ်သိလား လက်က ကိုက်လို့

ဘာပဲဖြစ်ဖြစ် ငယ်အားနေတယ်လို့ အဲ့တာလာပြောတာ😘

Zawgyi

"ပ်င္းတယ္ ပ်င္းတယ္ အိမ္မွာမေနခ်င္ဘူး ပ်င္းတယ္"

အိမ္ထဲမွာေနရတာမွ တစ္ရက္နဲ႕တစ္ပိုင္းပဲရွိေသးတာ သစ္တို႔က တကိုယ္ေတာ္ဆႏၵျပေနသည္

ျပခ်င္တာျပပါ အျပင္ေတာ့ေပးမထြက္နိုင္ အရင္တခါလိုထပ္ျဖစ္ရင္ ဒီလူႏွစ္ေယာက္က ဒီတခါေတာ့ တကယ္႐ူးမွာ

မထိရက္မကိုင္ရက္ေလးမို႔ ဖူးဖူးမႈတ္ထားရပါတယ္ဆို သူက ျဖစ္လိုက္ရင္ ေသမင္းလက္တကမ္းေတြႀကီးပဲ

"ဦးျမတ္ သစ္ေျပာျပမယ္ကြာ သစ္က အျပင္ကိုထြက္ခ်င္တာမဟုတ္ဘူးကြာ သိလား??"

သူ႕ကိုစိတ္ပူလို႔ ကိုယ္ပါ အလုပ္မသြားျဖစ္ေတာ့ ဒီနားပူနားဆာဒဏ္ကို ခံရေပေပါ့

"အင္း"

"အျပင္မထြက္ခ်င္ဘူးကြာ အိမ္ထဲမွာမေနခ်င္တာ သိလား??"

"အင္း"

"အဲ့ေတာ့ကြာ ဒီညေနအျပင္သြားရေအာင္"

"No!"

တခြန္းထဲပါပဲ ဒါေပမယ့္Noတဲ့

ဘာျဖစ္လဲ ကိုယ့္ဟာကိုယ္ ေနခ်င္သလိုေနပစ္မယ္

Facebookေလးဖြင့္ၿပီး ဟိုပြတ္ဒီပြတ္လုပ္လိုက္တာ
New feed မွာ *ခ်စ္လိုက္တာ မမတို႔ကိုေတာ့ တကယ္idol coupleပဲ သေဘာက်လိဳက္တာ*ဆိုၿပီး ေတြ႕လိုက္လို႔ ဘယ္သူမ်ားလဲ ၀င္ၾကည့္ကာမွ

ဟိုတေန႕က ကားတိုက္မိတဲ့တစ္ေယာက္နဲ႕ သူ႕မိန္းမပဲ

ဒီလူကိုေတြ႕ရင္ ဘာလို႔မွန္းမသိ သစ္ျမင္ဖူးသလိုခံစားရသည္

စိတ္၀င္စားမႈ levelေလးက နည္းနည္းျမင့္လာေတာ့
အဲ့တစ္ေယာက္ Accထဲ ၀င္ၾကည့္လိုက္သည္

ဘာမွေထြေထြထူးထူးတင္ထားတာ မရွိေတာ့ Photosထဲ၀င္ၿပီး စပ္စုမိသား

2016‌ေနာက္ပိုင္းေလာက္တုန္းက Cover Photoမွာ Changeထားတဲ့ Group Photoေလးက သစ္ကို အရမ္းေတြဆြဲေဆာင္လြန္းသည္

ေထာင့္စြန္းမွာရပ္ေနတဲ့ မ်က္လုံးေမွးေမွးေလးနဲ႕ေကာင္ေလးက တကယ္ကို ႐ုပ္ဆိုးသည္

အသားကလည္း ညိုစိမ့္စိမ့္နဲ႕ဘယ္လိုမွၾကည့္ရတာ အဆင္မေျပ တဖြဲ႕လုံးက ႐ြက္ၾကမ္းေရက်ိဳသာျဖစ္ေပမယ့္ အဲ့ေကာင္ေလးကေတာ့ ထူးၿပီးဆိုးေနသည္

သို႔ေပမယ့္လည္း တမ်ိဳးခံစားရတာမို႔ အဲ့ပုံေလးကို screenshotရိုက္ထားလိုက္တာ အမွတ္တမဲ့သိမ္းထားမိသည္သာ

"သစ္ ၿငိမ္လွခ်ည္လား??"

သစ္ရွိေနတဲ့ ၀ရံတာကို ဦးျမတ္ပါေရာက္လာကာ
ခါးေလးကိုဖက္ရင္း ေမးသည္

"စိတ္ဆိုးသြားတာလား??"

"စိတ္မဆိုးပါဘူး ဪ ဦးျမတ္ သစ္ေမးမလို႔ "

"အင္း ေမးေလ"

"ဟိုတေန႕ကေလ သစ္တို႔ကားတိုက္မိတဲ့တစ္ေယာက္ေလ"

"အင္း ဘာျဖစ္လို႔လဲ??"

"သူ႕ကိုေလ Facebookမွာေတြ႕လို႔ ၀င္ၾကည့္လိုက္တာ ဒီပုံေလးကေလ သစ္စိတ္ထဲတမ်ိဳးျဖစ္ေနလို႔"

ေစာေစာက screenshotရိုက္ထားတာေလးကိုျပၿပီးေျပာလိုက္ေတာ့ သတိုးက ေအးေဆးပင္

"ေတြ႕ဖူးတယ္လို႔ခံစားရတာလား???"

"အင္း အထူးသျဖင့္ ညာဘက္ေထာင့္ကေကာင္ေလးကိုေလ သစ္အရမ္းစိတ္၀င္စားေနတယ္"

"ဟုတ္လား ေသခ်ာျပပါဦး"

သစ္ ျပတဲ့ေကာင္ေလးကို သတိုးေသခ်ာၾကည့္ရင္းနဲ႕ ျဖတ္ခနဲသတိရလိုက္မိတာက

သစ္ရဲ႕အကို Doctorဆီသြားတုန္းက Doctorရဲ႕စားပြဲေပၚမွာတင္ထားတဲ့ Group Photoေလး တခု

အဲ့ပုံထဲမွာလည္း ဒီေကာင္ေလးပါေနသလားလို႔???

ဒီေကာင္ေလးသာ တကယ္ပါေနတယ္ဆိုရင္ ဆက္စပ္ၿပီးေတြးရင္ကို အေျဖကေတာ္ေတာ္ထြက္ေနၿပီ

"သစ္ကလည္းကြာ ေတြ႕ဖူးတယ္ထင္တာနဲ႕မ်ား အဲ့ပုံကို သိမ္းထားေနေသးတယ္ ဖ်က္လိုက္ပါကြာ ေနာ္"

"ဘာလို႔လဲ ဦးျမတ္ရဲ႕ သစ္က ေသခ်ာၾကည့္ၿပီး ျပန္ေတြးၾကည့္မလို႔ကို"

"ရႈပ္ရႈပ္ရွပ္ရွပ္ေတြသစ္ရယ္ လမ္းမွာ အမွတ္တမဲ့ေတြ႕ဖူးတာေနမွာေပါ့ "

"ဦးျမတ္‌ကလည္းဗ်ာ အဘိုးႀကီးျဖစ္လာၿပီလား??? ပြစိပြစိနဲ႕"

"အဘိုးႀကီးျဖစ္မျဖစ္ျပရမလားေျပာ??"

"ဟီးဟီး ျပခ်င္ျပေပါ့"

"ဒီကေလးေလးကေတာ့ကြာ"

သစ္ႏႈတ္ခမ္းေလးေတြကို ခပ္ဖြဖြေလး နမ္းလိုက္ကာ တင္ပါးေလးေတြကိုပြတ္ေပးလိုက္သည္

ဘာစိတ္မွေရေရရာရာမပါပဲ ဒီခံစားခ်က္က‌ေလးအတိုင္း စီးေျမာေန‌တုန္း

"မင္းတို႔က သာယာေနၾကျပန္ၿပီ"

ေဆာင့္ေအာင့္ေအာင့္အသံနဲ႕ အေနာက္ကေရာက္လာေတာ့ သစ္ကိုယ္ေလးကို ဆြဲေပြ႕လိုက္ကာ
ရိပ္အနားကိုေလွ်ာက္သြားလိုက္သည္

"မင္း အရမ္းမနာလိုျဖစ္ေနတာပဲေနာ္ ဘယ္လိုလဲ အေျခအေန "

"ဘာမွမသိလာဘူး ဒုံရင္းကဒုံရင္းပဲ "

"ဪ"

*မင္း ငါ့ကိုအျပင္မွာသြားေစာင့္ေန* ဆိုၿပီး မ်က္လုံးနဲ႕အခ်က္ျပလိုက္ကာ သစ္ကိုယ္ေလးကို ကုတင္ေပၚမွာခ်ေပးၿပီး TV ရီမုေလးပါ အနားယူထားေပးလိုက္သည္

"ခဏေလးေနာ္ ကိုယ္ျပန္လာခဲ့မယ္ အျပင္က ဘာမုန႔္ယူခဲ့ရဦးမလဲ"

"စေတာ္ဘယ္ရီေလး တခ်က္ေလာက္"

"အိုေက အိုေက ျပန္လာခဲ့မယ္ေနာ္"

သစ္ကို ေသခ်ာေလးထားခဲ့ကာ အျပင္ထြက္လာၿပီး ညီအကိုႏွစ္ေယာက္ သစ္မပါလာတာ က်ိန္းေသမွပဲ ေစာေစာက ကိစၥကို ဆက္နိုင္ေတာ့သည္

"ေဆး႐ုံကိုသြားတုန္းကေလ doctorက ငါတို႔ကို ေဆးစာရင္းျပလို႔မရဘူးလို႔ေျပာၿပီး အဲ့ေကာင္ေလးပုံေတာင္ ငါတို႔မၾကည့္ခဲ့ရဘူးေလ"

"အင္းေလ အဲ့တာဘာျဖစ္လဲ"

"အဲ့ေကာင္ေလး ဘယ္သူလဲ ငါမွန္းလို႔ရၿပီထင္တယ္"

"ဘယ္သူလဲ??"

"Doctor စားပြဲေပၚက ဓာတ္ပုံထဲက မ်က္လုံးေမွးေမွးနဲ႕ေကာင္ေလးကို သိတယ္မွတ္လား??"

"ရိုးတိုးရိပ္တိပ္ပဲ"

"အင္း အဲ့ေကာင္ေလးကို ဟိုတေန႕‌ကေကာင္ရဲ႕Facebook accထဲမွာေတြ႕တယ္"

"ကိုကိုကဘယ္လိုသိ?"

"သစ္ေတြ႕တာ"

"ဟမ္"

"ဟုတ္တယ္ သစ္ေတြ႕တာ အဲ့တာေၾကာင့္ အခုစုံစမ္းမယ္ဆို အဲ့ေကာင္ေလးက စလိုက္ရင္ေတာ့ဘာမွသိရမွာမဟုတ္ဘူး ဟိုလင္မယားက စလိုက္မွ သိရမွာ
ဒီေန႕ တခ်က္စုံစမ္းထားခိုင္းလိုက္"

"Ok"

"သြားနားေတာ့ ကိုကိုလည္း စေတာ္ဘယ္ရီသြားယူဦးမယ္"

ရိပ္အခန္းထဲ၀င္၀င္ခ်င္းေတြ႕လိုက္ရတာက

Tom & Jerryကို မ်က္ရည္အဝဲသားနဲ႕ထိုင္ၾကည့္ေနတဲ့အာလူးေကာင္ေလးပါပဲ

ဘာလို႔ ငိုေနတာလဲ ေမးေတာ့ သူ႕ကေလးေလးကို လြမ္းလို႔တဲ့ေလ

သူ႕ကေလးေလးဆိုတာ ဟိုတေန႕ Pets ဆိုင္မွာ ေတြ႕ခဲ့တဲ့ ႂကြက္ျဖဴ ပါ

တအိမ္လုံးမွာ သူက လြဲရင္ က်န္တဲ့ႏွစ္ေယာက္လုံး ႂကြက္ေၾကာက္တတ္တာမို႔ မသိခ်င္ေယာင္တာ ေဆာင္ထားခဲ့ရေတာ့သည္

🙆

ငယ္ေတာ့ သြားၿပီ ခ်စ္တို႔ေရ ဒီ တပိုင္းေရးတာကို တ၀က္စီခြဲေရးရတယ္သိလား လက္က ကိုက္လို႔

ဘာပဲျဖစ္ျဖစ္ ငယ္အားေနတယ္လို႔ အဲ့တာလာေျပာတာ😘

Continue Reading

You'll Also Like

1.5M 68.8K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.3M 44.9K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
444K 23.2K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
255K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...