*ကိုကို ကျွန်တော့်ကိုချစ်လားဟင်*
*ချစ်တာပေါ့ ....ရဲ့။ ကိုယ်အချစ်ဆုံးက မင်းပဲဆိုတာသိရဲ့လား*
*မယုံပါဘူးဗျာ ကိုကိုဘေးနားမှာ ဟိုမမရှိတယ်လေ
သူက အရမ်းလှတာ**ဟားဟား ကိုကိုရဲ့ဘဲရုပ်ဆိုးလေးက သ၀န်တိုနေတာလား??*
*ဟင် မတိုပါဘူးနော် ကျွန်တော်က ဒီအတိုင်းပြောတာပါ အဲ့ ဘဲရုပ်ဆိုးလေးဆိုတာကို မခေါ်ပါနဲ့ဆို*
*ခေါ်မှာပဲကွာ ဘဲရုပ်ဆိုးလေး ဘဲရုပ်ဆိုးလေး*
*ဟာ ကိုကိုကကွာ*
တကယ်ပြောတာနော် မယုံမရှိနဲ့ တကယ်ချစ်လာပြီဆို
သူ့ကို ၁၅စက္ကန့်လောက် ထိုင်ကြည့်နေရတာလည်း
နိဗ္ဗာန်ပဲအခုလို ချစ်ကြည်နူးနေတာဆိုရင်တော့ ပိုတောင် ပိုတောင်
ဟမ် နေပါဦး အခုက သစ်လား??? ဟိုတစ်ယောက်လား??
ဘာလို့ သစ်မျက်လုံးတွေအောင့်လာတယ်လို့ခံစားနေရတာလဲ??
ဦးမြတ်.... ဦးရိပ်???
လက်က ဟိုစမ်းဒီစမ်းနဲ့ ဘေးဘီဝဲယာကိုလိုက်စမ်းနေလိုက်ပေမယ့် ဘယ်သူမှမရှိဘူးထင်ပါရဲ့ ဘာကိုမှမစမ်းမိ
*ဘဲရုပ်ဆိုးလေးကွာ*
*ဘဲရုပ်ဆိုးလေးကွာ*
*ဘဲရုပ်ဆိုးလေးကွာ*
သစ်လည်းမငိုပါပဲနဲ့ မျက်ရည်တွေကျကာ မျက်လုံးတွေအောင့်လာတော့သည်
ဒါတွေကို မမြင်ချင်ပဲနဲ့မြင်နေရသလို
ရှင်းရှင်းလင်းလင်း ဘာမှကို မမြင်ရတဲ့အပြင် ဝိုးတိုးဝါးတားနဲ့အသံကြားနေရတာကိုတောင်
မျက်လုံးတွေက အောင့်လာသည်ဦးတို့ကရော ဘယ်သွားတာလဲ
တစ်ယောက်ထဲမနေချင်ပါဘူးဆို တစ်ယောက်တည်းရှိနေရင် အဲ့လူတွေက ထွက်ထွက်လာတာ
အမြဲတမ်း မရှိသလိုနေနေခဲ့ပြီးတော့မှ ဘာလို့အခုမှပြန်ပေါ်လာတာလဲ ??? ပြော???
မင်းမျက်ကြည်လွှာတွေကိုပြန်ယူချင်တယ်ဆိုလည်း အပြီးသာပြန်ယူသွားတော့