"ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အ...

Da ayechanmimi

113K 8.3K 764

Myanmar lesbian fiction💜🙆 Altro

အပိုင္း(1)
အပိုင္း(2)
အပိုင္း(3)
အပိုင္း(4)
အပိုင္း(5)
အပိုင္း(6)
အပိုင္း(7)
အပိုင္း(8)
အပိုင္း(9)
အပိုင္း(10)
အပိုင္း(11)
အပိုင္း(12)
အပိုင္း(14)
အပိုင္း(15)
အပိုင္း(16)
အပိုင္း(17)
အပိုင္း(18)
အပိုင္း(19)
အပိုင္း(20)
အပိုင္း(21)
အပိုင္း(22)final

အပိုင္း(13)

4.1K 346 10
Da ayechanmimi

ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(13)

************************************

နံနက္ လင္းၿပီ ထင္၏ မ်က္လံုးကို အားယူဖြင့္ကာပဲ ေဘးခံုေပၚက နာရီကို စမ္းကာ သု ေသခ်ာၾကည့္မိေတာ့သည္။

"Wtf.!  "

အလုပ္ေနာက္က်ေလၿပီ၊ သုရဲ႕ ဆိုင္အတြက္ဒီေန႔ အေရးႀကီးေသာ ဧည့္သည္ေတြနဲ႔ ခ်ိန္းဆိုရန္ အခ်ိန္9နာရီက ယခု 8နာရီ ရွိေလၿပီ။ အလ်င္အျမန္ျပင္ဆင္ကာ ေရခ်ိဳးခန္းဝင္သည္၊

"ေမေမ ...အက်ီ ၤ ထုတ္ထားေပးပါအံုး.."

သု ေအာ္ေျပာလိုက္ေသာ စကားေၾကာင့္ ဘုရားခန္းက ေမေမက ေရာက္လာကာ သု ႔အတြက္ အက်ီ ၤျပင္ဆင္ေပးသည္။
အလုပ္ကို ဘယ္ေတာ့မွ ေနာက္မက်တတ္ေသာ သု တစ္ေယာက္ ထူးဆန္းစြာ ေနာက္က်ေနျခင္းကို ေဒၚသီတာ စဥ္းစားၿပီ။ သမီးျဖစ္သူက အခ်ိန္အေတာ္ၾကာ သူ႔ရဲ႕ ခ်စ္သူနဲ႔ ဖုန္းေျပာေလ့လည္း သိပ္မရွိပါ။ အခုတေလာ တိတ္ဆိတ္လာတဲ့ သု တစ္ေယာက္ေၾကာင့္ ေဒၚသီတာ ရင္ေမာမိသည္။

"သုေရ ...ထုတ္ထားၿပီးၿပီ  ..သမီး ေမေမ ထမင္းေၾကာ္ထားတယ္ စားသြားအံုး.."

မွန္တင္ခံုေရွ႕မွာ ေခါင္းၿဖီးကာ အလွျပင္ေနေသာ သုကို ေဒၚသီတာ လွမ္းေျပာလိုက္သည္။

"ေတာ္ၿပီ ေမေမ ..ဆိုင္ေရာက္မွ စားေတာ့မယ္...."

အလ်င္အျမန္ Laptopကို အိတ္ထဲထည့္ စာ႐ြက္စာတန္းေတြ ထည့္ကာ ကားေသာ့ ဆြဲၿပီး ေျပးဆင္းသြားေသာ သမီးျဖစ္သူကို ေဒၚသီတာ ၾကည့္ေနမိတယ္။ ဘယ္ေတာ့မ်ားမွ ေယာက်ၤား ယူမွာလဲ ဟု ေတြးေနမိေတာ့သည္။

                      🌷🌷🌷🌷

ဆိုင္ထဲ ဝင္လာေသာ မိန္းမေခ်ာ တစ္ဦးေၾကာင့္ ဆိုင္ဝန္ထမ္းမ်ားအားလံုး ေငးၾကည့္ၾကသည္။ ထိုသူမရဲ႕ ပံုစံက အရပ္ရွည္ရွည္၊ မ်က္နွာသြယ္ၿပီး နွာတံခြၽန္ခြၽန္ေလးျဖင့္ ဝိုင္းစက္ေနေသာ မ်က္လံုးေလး ပိုင္ဆိုင္ထားသူ၊ အသားBusiness suitကို သူမရဲ႕ ဝါဝင္းေသာ အသားအေရအေပၚမွာ အက်အန ဝတ္ဆင္ထားကတည္းက ဆ္ိုင္ပိုင္ရွင္
"ေဒၚသုနႈိင္းသ်ွင္"ဆိုတာ အားလံုးသိၿပီ။ ဆံနြယ္ရွည္မ်ားကို ျဖန္႔ခ်ထားပံုက ပုရိသေတြ အသဲစြဲခ်င္စရာအတိ။

"မမ .....ရင္းနွီးျမႇပ္နွံမယ့္သူေတြ ေရာက္ေနပါၿပီ..."

"ေအး ခတ္.."

အလ်င္အျမန္ပဲ ခတ္ေပးေသာ ဖိုင္တြဲကိုကိုင္ကာ သု တစ္ေယာက္ Meeting ခန္းထဲ ဝင္သြားမိသည္။ ကိုယ္ေနာက္က်ေတာ့ ကိုယ့္အျပစ္ျဖစ္တာေၾကာင့္ အသာပဲ ေတာင္းပန္ရတယ္။ ထို ေနာက္က်ျခင္းအေၾကာင္းအရင္းကလည္း ရင္ေတြ ခုန္ေအာင္ လုပ္ၿပီး ထားသြားသူ တစ္ေယာက္ေၾကာင့္။

"ေနာက္က်လို႔ အားလံုးကို ေတာင္းပန္ပါတယ္..."

အသာပဲ ခံုေပၚမွာ ထိုင္လိုက္ၿပီး ပရိုဂ်က္တာေပၚက ခတ္ေရးဆြဲထားေသာ အခ်က္အလက္ေတြနွင့္ သု ခန္႔မွန္းထားေသာ အခ်က္အလက္ေတြကို ေျပာျပရသည္။

"ဟုတ္ကဲ့ ....ကြၽန္မတို႔ "Density" Group အေနနဲ႔
ေနာက္ထက္ လုပ္ငန္းအသစ္အေနနွင့္ 'perfume'မ်ားတင္သြင္းသြားဖို႔  ေရးဆြဲေနပါတယ္ ..လူႀကီးမင္းတို႔အေနနဲ႔ လာၿပီး ရင္းနွီးျမဳပ္နွံလ်င္ ကြၽန္မ အားထုတ္ၿပီး ႀကိဳးစားသြားမယ္ဆိုတာ ယံုၾကည္ပါ..."

အားလံုးေပါင္း 9ေယာက္ေလာက္ရွိမည္။ သုဟာ ထို ရင္းနွီးျမဳပ္နွံသူေတြ ေရွ႕မွာ ေၾကာက္႐ြံျခင္းမရွိဘဲ အေရွ႕က ေရေမႊးပုလင္းကို ကိုင္လိုက္သည္။

"ဒီ Productကေတာ့ south koreaရဲ႕ နာမည္ႀကီး branded perfume တစ္ခုျဖစ္တဲ့ HARA singnature perfume ပါ...ဒီထုတ္ကုန္ကို သုတို႔ Density 'က  ျမန္မာနိုင္ငံမွာ စတင္ျဖန႔္ျဖဴးပါမယ္.."

"အဲ့ဒီ ထုတ္ကုန္အတြက္ အာမခံခ်က္ကေရာ...?"

"ဟုတ္ ..ဒီထုတ္ကုန္ဟာ ...reviewေတြလည္း အမ်ားႀကီးရထားတဲ့ ကိုယ္ပိုင္ branded တစ္ခုပါ..ၿပီးေတာ့ မိန္းကေလးေတြပို သံုးၾကမယ္လို႔ ယံုၾကည္ပါတယ္...အေရအေသြးေကာင္းတဲ့ ပစၥည္းတစ္ခုပါ....လူႀကီးမင္းကို freshျဖစ္ေစမယ္၊ ၿပီးေတာ့ မိန္းကေလးဆန္ေစေသာ ရနံ႔ ျဖစ္မယ္ ေရေမႊးရဲ႕ အာနိသင္က ေပ်ာက္ကြယ္မသြားပဲ အၿမဲ စြဲေနေစမယ္..."

"ဟုတ္ပါၿပီ ...အားလံုးကလည္း လက္ခံၾကပါတယ္ အခုလို မသုနႈိင္းသ်ွင္က အရင္ လုပ္ငန္းအေတြ႕အႀကံဳမွာလည္း စီးပြားေရးနယ္ပယ္ထဲမွာ နာမည္ရသူဆိုေတာ့ ကြၽန္မတို႔ companyအေနနဲ႔ ျမႇပ္နွ႔ံခ်င္တာပါ .. အခုလို အရည္အခ်င္းေတြ ကိုယ္တိုင္ျမင္လိုက္ရမွ ပိုၿပီးေတာင္ အထင္ႀကီးမိပါတယ္"

သု သြားေလးေပၚေအာင္ၿပံဳးျပကာ..

"အခုလိုယံုၾကည္ေပးတဲ့အတြက္ လူႀကီးမင္းေတြကို အထူးေက်းဇူးတင္ပါတယ္..."

meeting ၿပီးတာနဲ႔ သု နားရန္ျပင္လိုက္စဥ္မွာပဲ ကိုဘုန္းရွိန္ဝါ ဖုန္း ဝင္လာခဲ့သည္။ အခုတေလာ စိတ္ထဲမွာ သူမရွိတာ ၾကာၿပီ။

"ေျပာ ကိုဘုန္း..."

"သု ေနမေကာင္းဘူးလား...ပင္ပန္းေနတာလားဟင္.."

"ဟုတ္တယ္ နည္းနည္း..."

"ေဆးခန္းသြားၾကမလား ကို အခုလာခဲ့မယ္.."

"ရပါတယ္ ေဆးေသာက္လိုက္ရင္ သက္သာသြားမွာ ခဏ ပဲ.."

"ကို အခုလာၿပီ.."

"ေအာ္ မလာ..."  သုရဲ႕စကား မဆံုးခင္မွာ ဖုန္းခ်သြားခဲ့သည္။ အရမ္းဂရုစိုက္တတ္ေသာ ခ်စ္သူ ကို သု ပိုင္ဆိုင္ထားေသာ္လည္း သု မေပ်ာ္႐ြင္ပါ။ သု လမ္းမွားေနၿပီလား။။

စိတ္ရႈပ္စြာဘဲ စားပြဲေပၚ လက္တင္ကာ သု အိပ္ေပ်ာ္သြားမိျပန္တယ္။

                     🌷🌷🌷

"ဟင့္အင္း ..တိုင္း လက္မခံနိုင္ဘူး ေမေမ.အခုမွ အဲ့ကိစၥက ဘာထျဖစ္ရတာလဲ ၿပီးၿပီသားေတြေလ.."

"ေမေမက ေကာင္းေစခ်င္လို႔ စီစဥ္ေပးတာ ...လက္ခံေပးတ္ုိင္း..!"

တိုင္း စိတ္ညစ္စြာဘဲ စီးကရက္ ေတြ ဆက္ေသာက္ေနေတာ့ ေမေမက ထိုေဆးလိပ္ကို တိုင္းရဲ႕ လက္ထဲက ဆြဲယူသြားေတာ့သည္။

"ဘယ္အခ်ိန္ထိ ဆိုးေနေတာ့မွာလဲ တိုင္း..."

တိုင္း ဘာမွ ျပန္မေျပာပဲ ထိုင္ေနရာက ထသြားမည့္ အလုပ္မွာပဲ ေမေမ ေျပာလိုက္တဲ့ စကားေၾကာင့္ ေျခလွမ္းေတြ ရပ္တန္႔သြားသည္။

"မနက္ျဖန္ကို  ေစ့စပ္ပြဲအတြက္ လာၾကလိမ့္မယ္.."

တိုင္း စိတ္ပ်က္စြာဘဲ ေမေမ့ရဲ႕ မ်က္နွာကို စိုက္ၾကည့္မ္ိတယ္။

"ေကာင္းတယ္ သမီးလက္မခံတာကို ဘာလို႔ ဇြတ္အတင္းစီစဥ္ရတာလဲ ေမေမ  .ဘာလဲ အိမ္စာခ်ဳပ္က သူမ်ားလက္ထဲမွာ မလို႔လား  .ေမေမ့ဘာသာ ေျဖရွင္းေလ သမီးကို ေရာင္းမစားပါနဲ႔..."

"ျဖန္း..!!"

ေမေမရဲ႕ လက္ဝါး တစ္ခ်က္ေၾကာင့္ တိုင္းကိုယ္ေလး ၾကမ္းျပင္ေပၚ ထိုင္လ်က္သား က်သြားသည္။

"ဘာလို႔ နင္မိုက္ရိုင္းေနတာလဲ တိုင္း....ငါ စီစဥ္တာ နင္ေကာင္းေစခ်င္လို႔ ..နင့္ကို ေကာင္းစားေစခ်င္လို႔..."

တိုင္း နာက်င္သြားေသာ ပါးတစ္ဖက္ကို လက္ျဖင့္ အသာအယာကိုင္ကာ ထရပ္လိုက္သည္။

"မုန္းတယ္ ...ေမေမေရာ ေဖေဖေရာ မုန္းတယ္...!!"

တိုင္း င္ုိကာပဲ အိမ္အေပၚထပ္ရွိ သူမရဲ႕ အခန္းထဲ ေျပးဝင္မိေတာ့သည္။ျပန္႔ကာ ႀကဲကုန္ေသာ စာအုပ္စင္က စာအုပ္ေတြ၊ ၿပီးေတာ့ မွန္တင္ခံုေပၚက အရာဝတၳဳေတြ၊ ေနာက္ဆံုး က်န္ခဲ့ အိပ္ယာေဘးက မသု ေပးခဲ့ေသာ အရုပ္ေလးကို သာ တိုင္း ဖက္ၿပီး ငိုေနမ္ိေတာ့တယ္။ မသု၊ ေဖေဖ၊ ေမေမ အားလံုး တိုင္းအေပၚ မေကာင္းပါလား ဟု ေတြးမိရင္း တိုင္း ထိုအရုပ္ကိုပါ ၾကမ္းျပင္ေပၚကို ပစ္ခ်မိလိုက္သည္။

နာက်ည္းစြာ က်ိတ္ငိုေနေသာ အခန္းမိန္ပ်ပ်ေလးထဲမွ တိုင္း လည္ေခ်ာင္းမ်ား ေျခာက္ကပ္ေနေလၿပီ။ အိပ္ယာေဘးက ဖုန္းကို ေကာက္ကိုင္ကာ .တိုင္း အတြက္ အၿမဲရွိေနေပးေသာ ေမ့ဆီ ဖုန္းေခၚလိုက္တယ္။ ဖုန္းဝင္ေနေသာ္လည္း ဖုန္းမကိုင္ေသာ ေမက ဒီအခ်ိန္ဆို Bar သို႔မဟုတ္ Hotel တစ္ခုခုမွာ ေကာင္ေလး တစ္ေယာက္နဲ႔ ေပ်ာ္ပါးေနေလာက္ၿပီ။

တိုင္း ဖုန္းကို အိပ္ယာေပၚ ပစ္ခ်လိုက္ကာ ၾကမ္းျပင္ေပၚက ဝက္ဝံ ရုပ္ေလးကို ျပန္ေကာက္ၿပီး ဖက္ထားမိလိုက္တယ္။ တိုင္း မစြန္႔ပစ္ရက္ပါေသာ မ။

                            🌷🌷🌷🌷

Unicode__

ကောင်းကင်ပြာ၏ တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(13)

************************************

နံနက် လင်းပြီ ထင်၏ မျက်လုံးကို အားယူဖွင့်ကာပဲ ဘေးခုံပေါ်က နာရီကို စမ်းကာ သု သေချာကြည့်မိတော့သည်။

"Wtf.!  "

အလုပ်နောက်ကျလေပြီ၊ သုရဲ့ ဆိုင်အတွက်ဒီနေ့ အရေးကြီးသော ဧည့်သည်တွေနဲ့ ချိန်းဆိုရန် အချိန်9နာရီက ယခု 8နာရီ ရှိလေပြီ။ အလျင်အမြန်ပြင်ဆင်ကာ ရေချိုးခန်းဝင်သည်၊

"မေမေ ...အကျီ င်္ ထုတ်ထားပေးပါအုံး.."

သု အော်ပြောလိုက်သော စကားကြောင့် ဘုရားခန်းက မေမေက ရောက်လာကာ သု့ အတွက် အကျီ င်္ပြင်ဆင်ပေးသည်။
အလုပ်ကို ဘယ်တော့မှ နောက်မကျတတ်သော သု တစ်ယောက် ထူးဆန်းစွာ နောက်ကျနေခြင်းကို ဒေါ်သီတာ စဉ်းစားပြီ။ သမီးဖြစ်သူက အချိန်အတော်ကြာ သူ့ရဲ့ ချစ်သူနဲ့ ဖုန်းပြောလေ့လည်း သိပ်မရှိပါ။ အခုတလော တိတ်ဆိတ်လာတဲ့ သု တစ်ယောက်ကြောင့် ဒေါ်သီတာ ရင်မောမိသည်။

"သုရေ ...ထုတ်ထားပြီးပြီ  ..သမီး မေမေ ထမင်းကြော်ထားတယ် စားသွားအုံး.."

မှန်တင်ခုံရှေ့မှာ ခေါင်းဖြီးကာ အလှပြင်နေသော သုကို ဒေါ်သီတာ လှမ်းပြောလိုက်သည်။

"တော်ပြီ မေမေ ..ဆိုင်ရောက်မှ စားတော့မယ်...."

အလျင်အမြန် Laptopကို အိတ်ထဲထည့် စာရွက်စာတန်းတွေ ထည့်ကာ ကားသော့ ဆွဲပြီး ပြေးဆင်းသွားသော သမီးဖြစ်သူကို ဒေါ်သီတာ ကြည့်နေမိတယ်။ ဘယ်တော့များမှ ယောင်္ကျား ယူမှာလဲ ဟု တွေးနေမိတော့သည်။

                      🌷🌷🌷🌷

ဆိုင်ထဲ ဝင်လာသော မိန်းမချော တစ်ဦးကြောင့် ဆိုင်ဝန်ထမ်းများအားလုံး ငေးကြည့်ကြသည်။ ထိုသူမရဲ့ ပုံစံက အရပ်ရှည်ရှည်၊ မျက်နှာသွယ်ပြီး နှာတံချွန်ချွန်လေးဖြင့် ဝိုင်းစက်နေသော မျက်လုံးလေး ပိုင်ဆိုင်ထားသူ၊ အသားBusiness suitကို သူမရဲ့ ဝါဝင်းသော အသားအရေအပေါ်မှာ အကျအန ဝတ်ဆင်ထားကတည်းက ဆ်ိုင်ပိုင်ရှင်
"ဒေါ်သုနှိုင်းသျှင်"ဆိုတာ အားလုံးသိပြီ။ ဆံနွယ်ရှည်များကို ဖြန့်ချထားပုံက ပုရိသတွေ အသဲစွဲချင်စရာအတိ။

"မမ .....ရင်းနှီးမြှပ်နှံမယ့်သူတွေ ရောက်နေပါပြီ..."

"အေး ခတ်.."

အလျင်အမြန်ပဲ ခတ်ပေးသော ဖိုင်တွဲကိုကိုင်ကာ သု တစ်ယောက် Meeting ခန်းထဲ ဝင်သွားမိသည်။ ကိုယ်နောက်ကျတော့ ကိုယ့်အပြစ်ဖြစ်တာကြောင့် အသာပဲ တောင်းပန်ရတယ်။ ထို နောက်ကျခြင်းအကြောင်းအရင်းကလည်း ရင်တွေ ခုန်အောင် လုပ်ပြီး ထားသွားသူ တစ်ယောက်ကြောင့်။

"နောက်ကျလို့ အားလုံးကို တောင်းပန်ပါတယ်..."

အသာပဲ ခုံပေါ်မှာ ထိုင်လိုက်ပြီး Producterပေါ်က ခတ်ရေးဆွဲထားသော အချက်အလက်တွေနှင့် သု ခန့်မှန်းထားသော အချက်အလက်တွေကို ပြောပြရသည်။

"ဟုတ်ကဲ့ ....ကျွန်မတို့ "Density" Group အနေနဲ့
နောက်ထက် လုပ်ငန်းအသစ်အနေနှင့် 'perfume'များတင်သွင်းသွားဖို့  ရေးဆွဲနေပါတယ် ..လူကြီးမင်းတို့အနေနဲ့ လာပြီး ရင်းနှီးမြုပ်နှံလျင် ကျွန်မ အားထုတ်ပြီး ကြိုးစားသွားမယ်ဆိုတာ ယုံကြည်ပါ..."

အားလုံးပေါင်း 9ယောက်လောက်ရှိမည်။ သုဟာ ထို ရင်းနှီးမြုပ်နှံသူတွေ ရှေ့မှာ ကြောက်ရွံခြင်းမရှိဘဲ အရှေ့က ရေမွှေးပုလင်းကို ကိုင်လိုက်သည်။

"ဒီ Productကတော့ south koreaရဲ့ နာမည်ကြီး branded perfume တစ်ခုဖြစ်တဲ့ HARA singnature perfume ပါ...ဒီထုတ်ကုန်ကို သုတို့ Density 'က  မြန်မာနိုင်ငံမှာ စတင်ဖြန့်ဖြူးပါမယ်.."

"အဲ့ဒီ ထုတ်ကုန်အတွက် အာမခံချက်ကရော...?"

"ဟုတ် ..ဒီထုတ်ကုန်ဟာ ...reviewတွေလည်း အများကြီးရထားတဲ့ ကိုယ်ပိုင် branded တစ်ခုပါ..ပြီးတော့ မိန်းကလေးတွေပို သုံးကြမယ်လို့ ယုံကြည်ပါတယ်...အရေအသွေးကောင်းတဲ့ ပစ္စည်းတစ်ခုပါ....လူကြီးမင်းကို freshဖြစ်စေမယ်၊ ပြီးတော့ မိန်းကလေးဆန်စေသော ရနံ့ ဖြစ်မယ် ရေမွှေးရဲ့ အာနိသင်က ပျောက်ကွယ်မသွားပဲ အမြဲ စွဲနေစေမယ်..."

"ဟုတ်ပါပြီ ...အားလုံးကလည်း လက်ခံကြပါတယ် အခုလို မသုနှိုင်းသျှင်က အရင် လုပ်ငန်းအတွေ့အကြုံမှာလည်း စီးပွားရေးနယ်ပယ်ထဲမှာ နာမည်ရသူဆိုတော့ ကျွန်မတို့ companyအနေနဲ့ မြှပ်နှံ့ချင်တာပါ .. အခုလို အရည်အချင်းတွေ ကိုယ်တိုင်မြင်လိုက်ရမှ ပိုပြီးတောင် အထင်ကြီးမိပါတယ်"

သု သွားလေးပေါ်အောင်ပြုံးပြကာ..

"အခုလိုယုံကြည်ပေးတဲ့အတွက် လူကြီးမင်းတွေကို အထူးကျေးဇူးတင်ပါတယ်..."

meeting ပြီးတာနဲ့ သု နားရန်ပြင်လိုက်စဉ်မှာပဲ ကိုဘုန်းရှိန်ဝါ ဖုန်း ဝင်လာခဲ့သည်။ အခုတလော စိတ်ထဲမှာ သူမရှိတာ ကြာပြီ။

"ပြော ကိုဘုန်း..."

"သု နေမကောင်းဘူးလား...ပင်ပန်းနေတာလားဟင်.."

"ဟုတ်တယ် နည်းနည်း..."

"ဆေးခန်းသွားကြမလား ကို အခုလာခဲ့မယ်.."

"ရပါတယ် ဆေးသောက်လိုက်ရင် သက်သာသွားမှာ ခဏ ပဲ.."

"ကို အခုလာပြီ.."

"အော် မလာ..."  သုရဲ့စကား မဆုံးခင်မှာ ဖုန်းချသွားခဲ့သည်။ အရမ်းဂရုစိုက်တတ်သော ချစ်သူ ကို သု ပိုင်ဆိုင်ထားသော်လည်း သု မပျော်ရွင်ပါ။ သု လမ်းမှားနေပြီလား။။

စိတ်ရှုပ်စွာဘဲ စားပွဲပေါ် လက်တင်ကာ သု အိပ်ပျော်သွားမိပြန်တယ်။

                     🌷🌷🌷

"ဟင့်အင်း ..တိုင်း လက်မခံနိုင်ဘူး မေမေ.အခုမှ အဲ့ကိစ္စက ဘာထဖြစ်ရတာလဲ ပြီးပြီသားတွေလေ.."

"မေမေက ကောင်းစေချင်လို့ စီစဉ်ပေးတာ ...လက်ခံပေးတ်ိုင်း..!"

တိုင်း စိတ်ညစ်စွာဘဲ စီးကရက် တွေ ဆက်သောက်နေတော့ မေမေက ထိုဆေးလိပ်ကို တိုင်းရဲ့ လက်ထဲက ဆွဲယူသွားတော့သည်။

"ဘယ်အချိန်ထိ ဆိုးနေတော့မှာလဲ တိုင်း..."

တိုင်း ဘာမှ ပြန်မပြောပဲ ထိုင်နေရာက ထသွားမည့် အလုပ်မှာပဲ မေမေ ပြောလိုက်တဲ့ စကားကြောင့် ခြေလှမ်းတွေ ရပ်တန့်သွားသည်။

"မနက်ဖြန်ကို  စေ့စပ်ပွဲအတွက် လာကြလိမ့်မယ်.."

တိုင်း စိတ်ပျက်စွာဘဲ မေမေ့ရဲ့ မျက်နှာကို စိုက်ကြည့်မ်ိတယ်။

"ကောင်းတယ် သမီးလက်မခံတာကို ဘာလို့ ဇွတ်အတင်းစီစဉ်ရတာလဲ မေမေ  .ဘာလဲ အိမ်စာချုပ်က သူများလက်ထဲမှာ မလို့လား  .မေမေ့ဘာသာ ဖြေရှင်းလေ သမီးကို ရောင်းမစားပါနဲ့..."

"ဖြန်း..!!"

မေမေရဲ့ လက်ဝါး တစ်ချက်ကြောင့် တိုင်းကိုယ်လေး ကြမ်းပြင်ပေါ် ထိုင်လျက်သား ကျသွားသည်။

"ဘာလို့ နင်မိုက်ရိုင်းနေတာလဲ တိုင်း....ငါ စီစဉ်တာ နင်ကောင်းစေချင်လို့ ..နင့်ကို ကောင်းစားစေချင်လို့..."

တိုင်း နာကျင်သွားသော ပါးတစ်ဖက်ကို လက်ဖြင့် အသာအယာကိုင်ကာ ထရပ်လိုက်သည်။

"မုန်းတယ် ...မေမေရော ဖေဖေရော မုန်းတယ်...!!"

တိုင်း င်ိုကာပဲ အိမ်အပေါ်ထပ်ရှိ သူမရဲ့ အခန်းထဲ ပြေးဝင်မိတော့သည်။ပြန့်ကာ ကြဲကုန်သော စာအုပ်စင်က စာအုပ်တွေ၊ ပြီးတော့ မှန်တင်ခုံပေါ်က အရာဝတ္ထုတွေ၊ နောက်ဆုံး ကျန်ခဲ့ အိပ်ယာဘေးက မသု ပေးခဲ့သော အရုပ်လေးကို သာ တိုင်း ဖက်ပြီး ငိုနေမ်ိတော့တယ်။ မသု၊ ဖေဖေ၊ မေမေ အားလုံး တိုင်းအပေါ် မကောင်းပါလား ဟု တွေးမိရင်း တိုင်း ထိုအရုပ်ကိုပါ ကြမ်းပြင်ပေါ်ကို ပစ်ချမိလိုက်သည်။

နာကျည်းစွာ ကျိတ်ငိုနေသော အခန်းမိန်ပျပျလေးထဲမှ တိုင်း လည်ချောင်းများ ခြောက်ကပ်နေလေပြီ။ အိပ်ယာဘေးက ဖုန်းကို ကောက်ကိုင်ကာ .တိုင်း အတွက် အမြဲရှိနေပေးသော မေ့ဆီ ဖုန်းခေါ်လိုက်တယ်။ ဖုန်းဝင်နေသော်လည်း ဖုန်းမကိုင်သော မေက ဒီအချိန်ဆို Bar သို့မဟုတ် Hotel တစ်ခုခုမှာ ကောင်လေး တစ်ယောက်နဲ့ ပျော်ပါးနေလောက်ပြီ။

တိုင်း ဖုန်းကို အိပ်ယာပေါ် ပစ်ချလိုက်ကာ ကြမ်းပြင်ပေါ်က ဝက်ဝံ ရုပ်လေးကို ပြန်ကောက်ပြီး ဖက်ထားမိလိုက်တယ်။ တိုင်း မစွန့်ပစ်ရက်ပါသော မ။

                            🌷🌷🌷🌷

Continua a leggere

Ti piacerà anche

118K 15K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
317K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...