"ေကာင္းကင္ျပာ၏ ေတာက္ပခဲ့ေသာ အ...

By ayechanmimi

115K 8.3K 765

Myanmar lesbian fiction💜🙆 More

အပိုင္း(1)
အပိုင္း(2)
အပိုင္း(3)
အပိုင္း(4)
အပိုင္း(5)
အပိုင္း(6)
အပိုင္း(7)
အပိုင္း(8)
အပိုင္း(9)
အပိုင္း(10)
အပိုင္း(11)
အပိုင္း(13)
အပိုင္း(14)
အပိုင္း(15)
အပိုင္း(16)
အပိုင္း(17)
အပိုင္း(18)
အပိုင္း(19)
အပိုင္း(20)
အပိုင္း(21)
အပိုင္း(22)final

အပိုင္း(12)

4.6K 375 40
By ayechanmimi

ေကာင္းကင္ျပာ၏ေတာက္ပခဲ့ေသာ အတိတ္ရဲ႕ေန႔ရက္မ်ား
အပိုင္း(12)

************************************
သုရဲ႕ ေျခလွမ္းေတြ ေနွးေကြးစြာပဲ မိမိရဲ႕အခန္းထဲဝင္ကာ ေမြ့ယာေပၚပစ္လဲလိုက္သည္။

ဘာေၾကာင့္ ရင္ထဲမွာ ဆို႔နစ္ေနရတာလဲ ။ ဘာေၾကာင့္ မ်က္ရည္ေတြက်ၿပီး ဝမ္းနည္းတဲ့ ခံစားခ်က္ကို သု ခံစားေနရပါသလဲ။

သူေပးခဲ့ဖူးေသာ အမွတ္တရေတြထဲက မေပ်ာက္တဲ့ အမာ႐ြတ္ေလးေတြထက္ ရင္ဘက္ထဲက ဒဏ္ရာက သုအတြက္ပိုခံစားရခက္ေခ်ၿပီ။

"တိုင္းရယ္....."

စိတ္ထဲကပဲ ဝမ္းနည္းမႈေတြကို က်ိတ္မွိတ္ကာ သုဘာေၾကာင့္ ခံစားေနရသလဲ။ သူမ ေပးခဲ့ေသာ Snow ballေလးကို ၾကည့္ကာ သု ေလးကန္စြာ ေရခ်ိဳးခန္းဝင္မိတယ္။ ပြင့္က်လာတဲ့ ေရပန္းေတြေအာက္မွာ သု စိတ္ပ်က္စြာထိုင္ခ်မိလိုက္တယ္။ ေသခ်ာတာ သု ရူးေနၿပီ ထင္၏။

"သု ....ေရခ်ိဳးေနတာလား...ၿပီးက် ေအာက္ဆင္းခဲ့အံုး
တ္ိုင္းေလးေရာက္ေနတယ္..."

အျပင္က အေမရဲ႕ အသံေၾကာင့္ သု ျပန္သတိဝင္လာတဲ့ အခ်္န္မွာ တိုင္းေရာက္ေနသည္ဟုေသာ စကားသံေၾကာင့္ သု ကပ်ာကယာ တပတ္ကို ယူကာ အျပင္ထြက္လိုက္မိတယ္။ သူဘာလုပ္လာတာလဲဟု ေမးခြန္းေတြ ထုတ္ေနမိသည္။

ဗီရိုထဲက အေပၚထည္ Hoddieေလးထုတ္ကာ သု ဝတ္လိုက္မိတယ္။ အရင္က အဘြားႀကီး က်ေနတဲ့ ဆိုတဲ့ စကားသံေလးကိုလည္း လြမ္းမိသား။

ေအာက္လည္း မဆင္းခ်င္ေသးတာေၾကာင့္ မွန္တင္ခံုေပၚတြင္ပဲ အိပ္ေပ်ာ္သြားမိတယ္။

🌷🌷🌷🌷🌷

မ ေျပာလိုက္စကားေတြေၾကာင့္ တိုင္း အႀကီးအက်ယ္စိတာထိခိုက္ေသာ္လည္း တိုင္း မျငဴစူရက္ပါ။ တိုင္းရဲ႕ နွလံုးသားက ခိုင္းေစသည့္အတိုင္း မသုကို ကပ္တြယ္မိေနဆဲပင္။ တိုင္းရဲ႕ အခ်စ္ေတြကို တစ္ေန႔ အမွန္ျမင္ကာ နားလည္မယ္လို႔ တိုင္းယံုၾကည္တယ္။

"တိုင္းေလး ...အေပၚသြားေခၚပါအံုး
သမီး မမကေလ အခုတေလာ အရမ္းပင္ပန္းေနတာ
အဲ့တာ ေရခ်ဳးိရင္း တခါတေလ အိပ္ေပ်ာ္တတ္တာ တခါတေလ ဖ်ားေတာင္ ဖ်ားတယ္ ...သြား သြား ေခၚခဲ့..."

"ဟုတ္ ...သီသီ.."

တိုင္း ရဲ႕ အခုပံုစံက လိမၼာယဥ္ေက်းေနစြာပဲ ေဘာင္းဘီ အရွည္ဝတ္ထားသည္။ ဒါေပမယ့္ တိုင္းရဲ႕ မ်က္နွာ ႏုႏုကေတာ့ မိတ္ကမ္းမလိမ္းပဲ ျဖဴႏုေနတာ ဘုရားေပးေသာ လက္ေဆာင္မ်ားေလလား။

တံခါးက ထံုးစံအတိုင္းပါပဲ၊ေလာ့ခ္ မခ်ထားတာေၾကာင့္ အသာပဲ တိုင္း ဖြင့္ကာ ဝင္သြားလိုက္ေတာ့ မွန္တင္ခံုေပၚမွာေမွာက္လ်က္အိပ္ေပ်ာ္ေနေသာ မ ကိုေတြ႕ရသည္။ မရဲ႕အနား ေျခသံတိုးတိုးျဖင့္သြားကာ ဆံနြယ္ေလးေတြ သြယ္ယွက္ေနတဲ့ မ်က္နွာ ေဖြးေဖြးေလးကို တိုင္း တစိမ့္စိမ့္ၾကည့္ေနမိတယ္။

တိုင္းရဲ႕ လက္ေခ်ာင္းေလးေတြက မရဲ႕ ပါးျပင္ေပၚ ေနွးေကြးစြာ ျဖတ္သန္းေနတယ္။

"အရမ္းပင္ပန္းလားဟင္ မ...မရဲ႕ခ်စ္သူကေရာ မ ပင္ပန္းေနတာ မသိတာလား ...ခံရခက္လိုက္တာ မရယ္..."ဟု စိတ္ထဲက တိုင္းေျပာေနမိတယ္ မ  သိရင္ ေကာင္းမည္။

မရဲ႕ မ်က္ခြံေလးေတြ လႈပ္ခတ္လာသည္မို႔ တိုင္း အေနာက္ကို ဆုပ္ကာ ရပ္ေနမိေတာ့သည္။

"ဘာလုပ္ေနတာလဲ ..."

"ဟင့္အင္း.."

တိုင္း ေခါင္းကို အသာေလး ယမ္းျပမိသည္။

"အား ....ေခါင္းေတြကိုက္လိုက္တာ..."

တိုင္း ၿပံဳးၿပီး မကို ၾကည့္လိုက္ေတာ့ မက ဘာလဲဆိုတဲ့ သေဘာျဖင့္ တိုင္းကိုၾကည့္သည္။ အသာပဲ မအနားသြားကာ Dryer ကိုကိုင္လိုက္ေတာ့ မက တိုင္းရဲ႕လက္ေတြကို မလုပ္ရန္တားသည္။

"ဘာလဲ .. ဆံပင္မေျခာက္ဘဲ အိပ္မွေတာ့ ကိုက္မွာေပါ့.."

တိုင္းရဲ႕ တဇြတ္ထိုးဆန္တတ္တဲ့အက်င့္ကို သိေတာ့ မက မတားေတာ့ပါ။ မရဲ႕အေနာက္ကေန ဆံနြယ္ေတြကို တိုင္း သိတ္တ္ိုင္းက် ဂရုစိုက္ခြင့္ရခဲ့သည္။

"ဘာ Shampooသံုးလဲ ေမႊးေနတာပဲ...."

တိုင္း ေျပာေျပာဆိုဆိုပဲ မရဲ႕ ဆံနြယ္ေလးကို နမ္းလိုက္ေတာ့ အေရွ႕က မ ရဲ႕ပါးမို႔မို႔နီရဲလာတာေတြ႕ရတယ္။ ၿပီးေတာ့ မက ရုပ္တရက္ ထရပ္လိုက္ကာ တိုင္းရဲ႕ လက္ထဲက Dryerကို ယူလိုက္သည္။

"ေတာ္ၿပီ .. ကိုယ္ဟာ့ကို လုပ္မယ္..."

တိုင္းလည္း ဟုတ္ပါၿပီဆိုတဲ့သေဘာျဖင့္ ေဘးက ခံုေပၚမွာထိုင္ကာ မရဲ႕လႈပ္ရွားမႈတိုင္းကို မ်က္ေတာင္မခတ္ပဲၾကည့္ေနမိေတာ့သည္။

"တိုင္း....နင္ဟာေလ ..."

မ က တိုင္းရဲ႕ အနားေလး လာကာ မတ္တပ္ရပ္လ်က္ပင္
ထိုင္ေနေသာ တိုင္းကို ၾကည့္ကာေျပာလာသည္။

"ငါ့ကို အဲ့ေလာက္ထိ ႀကိဳက္လား .."

တိုင္း နီးကပ္ေနေသာ မရဲ႕ ခါးေသးေသးေလးကို လက္ျဖင့္ ခပ္ဖြဖြ ဖက္လိုက္မိတယ္။ မရဲ႕ကိုယ္ေလးက အေနာက္ကို ဆုပ္ရန္ ျပင္ေတာ့ တိုင္း အလြတ္မေပးပဲ တင္းေနေအာင္ဖက္ထားမိေတာ့သည္

"ခ်စ္တာ...တိုင္း အရမ္းခ်စ္တာ။..."

"လႊတ္ ...တိုင္း..."

"ဟင့္အင္း ခဏေလးပါပဲ ...."

သု သက္ျပင္းခ်ကာ ဖက္ထားေသာ သူမလက္ေတြကို ျဖဳတ္ခ်မိလိုက္သည္။ ၿပီးေတာ့ ရင္ထဲမွာ ၾကည္ႏူးမိသည္။ သု အရမ္း အတၲႀကီးေနမိၿပီလား၊ သု စိတ္ထဲမွာ အၿမဲ တိုင္းက ခ်စ္ေနတယ္ဆိုတဲ့ အသိေၾကာင့္ သုေလ သူ႔ကို ပိုျပစ္ထားခ်င္မိတယ္။
တိုင္းဘက္ကသာ သုအေပၚတကယ္ႀကီး စိမ္းကားသြားရင္ သု ဘယ္လို ခံစားရမည္နည္း သု မသိပါ။ ခံစားခ်က္ကေတာ့ သု ခံရခက္မည္ကို သိတယ္။ တိုင္း ခ်စ္တာကို သု သေဘာက်တယ္၊ သု တ္ုိုင္းကို ျပန္ခ်စ္ဖို႔က် သုမွာ အေျဖမရွိခဲ့ျပန္ဘူး။

"ထမင္းစားၿပီးမွ ျပန္ေလ..."

မဖိတ္ေခၚပဲ လာခဲ့တဲ့ တိုင္းကို သု မနွင္ခ်င္ဘူး။ ခြင့္မေတာင္းပဲ ဝင္ခဲ့ေသာ သုရဲ႕ကိုယ္ပိုင္အခန္းေလးထဲ သို႔မဟုတ္ သုရဲ႕ နွလံုးသားထဲကို နက္နက္ရႈိင္းရႈိင္း ဝင္ေရာက္နိုင္ခဲ့ေလသလား။ တိုင္း အရမ္းလြန္သည္။

🌷🌷🌷🌷

"ထည့္စားေနာ္ တိုင္းေလး ...သမီး တိုင္းကို ထပ္ထည့္ေပးလိုက္ပါအံုး..."

"ေတာ္ၿပီ သီသီ ..ဗိုက္ဝၿပီ.."

မသုကေတာ့ ေခါင္းႀကီး ငံု႔လ်က္သာ ထမင္းဆက္စားေနေတာ့သည္။

"အင္း ...ေမသီ တစ္ေယာက္ကေတာ့ေလ...ကေလးကို ပစ္ထားတာပဲ ...အိမ္မျပန္ခ်င္ရင္ သီသီတို႔အိမ္လာေနေလ သမီးတိုင္း..."

"အဟြတ္ ...အဟြတ္.."

မက ထမင္းစားရင္း သီးကာ ေရခြက္ကို အလ်င္အျမန္ယူကာေသာက္ရသည္။ မရဲ႕ပံုစံက အရင္ကလိုပဲ ေၾကာင္ေတာင္ေတာင္နိုင္တယ္။

"ဟုတ္...အခုေလာေလာဆယ္ေတာ့ ...အလုပ္ရွာရအံုးမယ္ သီသီရဲ႕ ..အလုပ္တစ္ခုရေတာ့လည္း ထြက္သြားရတာဆိုေတာ့..."

သုတစ္ေယာက္ လိပ္ျပာမလံုစြာပဲ ထရပ္ကာ ေဘစင္မွာပဲ ပန္းကန္ေတြကို ေဆးေနမိတယ္။။

မ က တိုင္း အိမ္လာတိုင္း စကားသိပ္မေျပာေတာ့တာၾကာၿပီ။
ဘာလို႔ တိုင္းကို အရင္ကလို မဆက္ဆံနိုင္ေတာ့လဲ တိုင္းသိခ်င္မိတယ္။

"ေမေမ...သမီးေရခ်္ိုးခန္းက မီးသီးေလ အဲ့တာအသစ္လဲရေတာ့မယ္..အလုပ္သမားေခၚေပးပါအံုး.."

ေရခဲေသတၱာထဲက ေရဘူးကို ထုတ္ကာ ဖန္ခြက္ထဲ ထည့္ရင္း သုေျပာလိုက္မိတယ္။

"တိုင္း တပ္ေပးမယ္ေလ ဘယ္မွာလဲ .မီးသီးအသစ္က.."

့"ဘာရယ္..."

သုက တိုင္းရဲ႕ အနားလာကာ တိုင္းရဲ႕ မ်က္လံုးေတြနဲ႔ ဆံုၾကည့္မိတယ္။

"ဟုတ္တယ္ တိုင္း တပ္ေပးမယ္ေလ...ခံု ယူခဲ့.."

သု စိတ္ထဲမွာ ထိုကေလးမက အလြန္confidenceရွိေနေသာ ပံုေပါက္ေနျပန္တယ္။

"မလုပ္ပါနဲ႔ ..သမီးတိုင္းရယ္ ....အန္တီသီ.အလုပ္သမားပဲ ေခၚလိုက္ပါ့မယ္..."

"ရပါတယ္ဆို ...တိုင္း တပ္ေပးမယ္ ..လာ သြားရေအာင္ မ.."

သု လည္း မီးသီးနဲ႔ ခံုယူကာ သူမေလး ေနာက္ကလိုက္သြားရေတာ့သည္။ တိုင္းက ထိုသို႔လည္း လုပ္တတ္တာလား ဟု အထင္ေတာ့ နည္းနည္းႀကီးမိသားပင္။

ေရခ်ဳးိခန္းထဲေရာက္ေတာ့ တိုင္းက ခံုေပၚတပ္ကာ ထိုမီးသီးကို ျဖဳတ္သည္။ ၿပီးေတာ့ သု ကို ၾကည့္ကာ သုလက္ထဲက မီးသီး အသစ္ကို ေတာင္းေလသည္။

"ကဲ ၾကည့္ . တပ္ရတာ ဘာခက္တာမွတ္လို႔...."

ဟုတ္ပါတယ္၊ တပ္ရတာ ကလြယ္လြယ္ေလးေပါ့။ ဒါေပမယ့္ တိုင္း မီးသီးကို လဲေနတဲ့ အခ်ိန္မွာ သု အရမ္းစိတ္ပူေနတယ္ဆိုတာကေတာ့ မလြယ္တဲ့ ကိစၥပင္။

"အင္း..ေတာ္သားပဲ ...."

သု အသာအယာပဲ အျပင္ထြက္ရန္ျပင္လိုက္ေတာ့ သု ရဲ႕ ခါးမွာ လက္တစံု သြယ္ယွက္ေနၿပီ။ ၿပီးေတာ့ သု ေနာက္ေက်ာကို မွီအပ္ထားတဲ့ ခနၶာကိုယ္ေနြးေနြးေလးနွင့္ ပါးတစ္စံု။

"ဘာလုပ္တာလဲ တိုင္း ...."

"ခဏေလးပါ မရယ္...တိုင္းေလ ..မကို ေနာက္ဖက္ခြင့္ဆိုတာ ရွိလာနိုင္မွာ မဟုတ္ေတာ့လို႔ပါ..."

တိုင္း ငိုေနသည္လားကို သု မျမင္နိုင္ေပမယ့္ သု ရင္ထဲမွာလည္း ထပ္တူ ေၾကကြဲရျပန္တယ္။ အရာအားလံုးက ဘယ္သူ႔ အျပစ္မွ မဟုတ္ဘူး ၊ ကာယကံရွင္ နွစ္ေယာက္ျဖစ္တဲ့ မတို႔အျပစ္ပဲ တိုင္း။

တိုင္းရဲ႕ လက္မ်ားက သုရဲ႕ ေခါင္းေလးကို အသာဆြဲလွည့္တယ္ ၊ ၿပီးေတာ့ ထိုအၾကည့္ေတြေအာက္မွာ သု နစ္မြန္းေနမိၿပီ။ ရုန္းမထြက္ခ်င္ေလာက္ေအာင္ တိုင္းဟာျပဳစားလြန္းသည္။
ခပ္ဖြဖြ က်ေရာက္လာေသာ သုရဲ႕ နႈတ္ခမ္းေပၚက တိုင္းရဲ႕ နႈတ္ခမ္းပါးတစ္စံုကို မေသြဖယ္လိုက္မိပါ။ သု ကိုယ္တိုင္လည္း တံု႔ျပန္အနမ္းေတြ ေပးေနမိတာကို သု လက္မခံခ်င္။ ထိုအခိုက္အတန္႔ .....

"မင္း ဘာလုပ္တာလဲ တိုင္း..."

တိုင္းရဲ႕ ကိုယ္ကို ခပ္ေဝးေဝးေရာက္သည္ အထိ သု တြန္းမိလိုက္တယ္။ ကိုယ့္ခ်စ္သူနဲ႔ေတာင္ အနမ္းမေပးခဲ့ေသာ သုက တိုင္းရဲ႕ အနမ္းေတြကို တံု႔ျပန္မိတာ သု မတရားသူျဖစ္သြားၿပီလား။ အဲ့အရာအားလံုး တိုင္းေၾကာင့္၊ မုန္းတယ္ တိုင္း၊ မင္းကို မုန္းတယ္။

"မက ..နမ္းတာ ေတာ္သားပဲ...ဟား ..နႈတ္ခမ္းေလးက ခ်ိဳေနတာပဲ ဘာ နႈတ္ခမ္းနီသံုးလဲ..."

"တိုင္း...!!..မင္း အရမ္းတရားလြန္ေနၿပီ ...."

"ဟုတ္ပါတယ္..တိုင္း သိပါတယ္...မကို မစြန္႔လႊတ္နိုင္တာကိုက တိုင္း တရားလြန္ေနတာပါ..."

သု ရွက္တယ္၊ ကိုယ္ဟာ ဘာေၾကာင့္ သူေဖာ္ေဆာင္ရာ အနမ္းေတြေနာက္လိုက္မိတာလဲ။သု ရဲ႕လက္ဖ်ားေတြေအးေနေလၿပီ၊ ဟန္ေဆာင္ေကာင္းတဲ့ သု႔ကိုတိုင္းတစ္ေယာက္ မရိပ္မိပါေစနဲ႔လို႔ ဆုေတာင္းတယ္။

"တိုင္း ...သြားေတာ့မယ္ မ..."

သု ဘာမွျပန္မေျပာျဖစ္ပဲ ရပ္ေနရာက ဒူးတုပ္ရပ္ထိုင္ခ်မိကာ ငိုမိေတာ့တယ္။ အခုတေလာ သုရင္ထဲမွာ တိုင္းနဲ႔ ပတ္သတ္ၿပီး ခံစားခ်က္ေတြ မ်ိဳးစံုျဖစ္တယ္၊ ေကာင္းတာ ေရာ ဆိုးတာေရာ ၊ မ ဘယ္လို လုပ္ရေတာ့မလဲ တ္ုိင္းရယ္။

                       🌷🌷🌷🌷

unicode__

ကောင်းကင်ပြာ၏တောက်ပခဲ့သော အတိတ်ရဲ့နေ့ရက်များ
အပိုင်း(12)

************************************
သုရဲ့ ခြေလှမ်းတွေ နှေးကွေးစွာပဲ မိမိရဲ့အခန်းထဲဝင်ကာ မွေ့ယာပေါ်ပစ်လဲလိုက်သည်။

ဘာကြောင့် ရင်ထဲမှာ ဆို့နစ်နေရတာလဲ ။ ဘာကြောင့် မျက်ရည်တွေကျပြီး ဝမ်းနည်းတဲ့ ခံစားချက်ကို သု ခံစားနေရပါသလဲ။

သူပေးခဲ့ဖူးသော အမှတ်တရတွေထဲက မပျောက်တဲ့ အမာရွတ်လေးတွေထက် ရင်ဘက်ထဲက ဒဏ်ရာက သုအတွက်ပိုခံစားရခက်ချေပြီ။

"တိုင်းရယ်....."

စိတ်ထဲကပဲ ဝမ်းနည်းမှုတွေကို ကျိတ်မှိတ်ကာ သုဘာကြောင့် ခံစားနေရသလဲ။ သူမ ပေးခဲ့သော Snow ballလေးကို ကြည့်ကာ သု လေးကန်စွာ ရေချိုးခန်းဝင်မိတယ်။ ပွင့်ကျလာတဲ့ ရေပန်းတွေအောက်မှာ သု စိတ်ပျက်စွာထိုင်ချမိလိုက်တယ်။ သေချာတာ သု ရူးနေပြီ ထင်၏။

"သု ....ရေချိုးနေတာလား...ပြီးကျ အောက်ဆင်းခဲ့အုံး
တ်ိုင်းလေးရောက်နေတယ်..."

အပြင်က အမေရဲ့ အသံကြောင့် သု ပြန်သတိဝင်လာတဲ့ အခ်ျန်မှာ တိုင်းရောက်နေသည်ဟုသော စကားသံကြောင့် သု ကပျာကယာ တပတ်ကို ယူကာ အပြင်ထွက်လိုက်မိတယ်။ သူဘာလုပ်လာတာလဲဟု မေးခွန်းတွေ ထုတ်နေမိသည်။

ဗီရိုထဲက အပေါ်ထည် Hoddieလေးထုတ်ကာ သု ဝတ်လိုက်မိတယ်။ အရင်က အဘွားကြီး ကျနေတဲ့ ဆိုတဲ့ စကားသံလေးကိုလည်း လွမ်းမိသား။

အောက်လည်း မဆင်းချင်သေးတာကြောင့် မှန်တင်ခုံပေါ်တွင်ပဲ အိပ်ပျော်သွားမိတယ်။

🌷🌷🌷🌷🌷

မ ပြောလိုက်စကားတွေကြောင့် တိုင်း အကြီးအကျယ်စိတာထိခိုက်သော်လည်း တိုင်း မငြူစူရက်ပါ။ တိုင်းရဲ့ နှလုံးသားက ခိုင်းစေသည့်အတိုင်း မသုကို ကပ်တွယ်မိနေဆဲပင်။ တိုင်းရဲ့ အချစ်တွေကို တစ်နေ့ အမှန်မြင်ကာ နားလည်မယ်လို့ တိုင်းယုံကြည်တယ်။

"တိုင်းလေး ...အပေါ်သွားခေါ်ပါအုံး
သမီး မမကလေ အခုတလော အရမ်းပင်ပန်းနေတာ
အဲ့တာ ရေချုိးရင်း တခါတလေ အိပ်ပျော်တတ်တာ တခါတလေ ဖျားတောင် ဖျားတယ် ...သွား သွား ခေါ်ခဲ့..."

"ဟုတ် ...သီသီ.."

တိုင်း ရဲ့ အခုပုံစံက လိမ္မာယဉ်ကျေးနေစွာပဲ ဘောင်းဘီ အရှည်ဝတ်ထားသည်။ ဒါပေမယ့် တိုင်းရဲ့ မျက်နှာ နုနုကတော့ မိတ်ကမ်းမလိမ်းပဲ ဖြူနုနေတာ ဘုရားပေးသော လက်ဆောင်များလေလား။

တံခါးက ထုံးစံအတိုင်းပါပဲ၊လော့ခ် မချထားတာကြောင့် အသာပဲ တိုင်း ဖွင့်ကာ ဝင်သွားလိုက်တော့ မှန်တင်ခုံပေါ်မှာမှောက်လျက်အိပ်ပျော်နေသော မ ကိုတွေ့ရသည်။ မရဲ့အနား ခြေသံတိုးတိုးဖြင့်သွားကာ ဆံနွယ်လေးတွေ သွယ်ယှက်နေတဲ့ မျက်နှာ ဖွေးဖွေးလေးကို တိုင်း တစိမ့်စိမ့်ကြည့်နေမိတယ်။

တိုင်းရဲ့ လက်ချောင်းလေးတွေက မရဲ့ ပါးပြင်ပေါ် နှေးကွေးစွာ ဖြတ်သန်းနေတယ်။

"အရမ်းပင်ပန်းလားဟင် မ...မရဲ့ချစ်သူကရော မ ပင်ပန်းနေတာ မသိတာလား ...ခံရခက်လိုက်တာ မရယ်..."ဟု စိတ်ထဲက တိုင်းပြောနေမိတယ် မ  သိရင် ကောင်းမည်။

မရဲ့ မျက်ခွံလေးတွေ လှုပ်ခတ်လာသည်မို့ တိုင်း အနောက်ကို ဆုပ်ကာ ရပ်နေမိတော့သည်။

"ဘာလုပ်နေတာလဲ ..."

"ဟင့်အင်း.."

တိုင်း ခေါင်းကို အသာလေး ယမ်းပြမိသည်။

"အား ....ခေါင်းတွေကိုက်လိုက်တာ..."

တိုင်း ပြုံးပြီး မကို ကြည့်လိုက်တော့ မက ဘာလဲဆိုတဲ့ သဘောဖြင့် တိုင်းကိုကြည့်သည်။ အသာပဲ မအနားသွားကာ Dryer ကိုကိုင်လိုက်တော့ မက တိုင်းရဲ့လက်တွေကို မလုပ်ရန်တားသည်။

"ဘာလဲ .. ဆံပင်မခြောက်ဘဲ အိပ်မှတော့ ကိုက်မှာပေါ့.."

တိုင်းရဲ့ တဇွတ်ထိုးဆန်တတ်တဲ့အကျင့်ကို သိတော့ မက မတားတော့ပါ။ မရဲ့အနောက်ကနေ ဆံနွယ်တွေကို တိုင်း သိတ်တ်ိုင်းကျ ဂရုစိုက်ခွင့်ရခဲ့သည်။

"ဘာ Shampooသုံးလဲ မွှေးနေတာပဲ...."

တိုင်း ပြောပြောဆိုဆိုပဲ မရဲ့ ဆံနွယ်လေးကို နမ်းလိုက်တော့ အရှေ့က မ ရဲ့ပါးမို့မို့နီရဲလာတာတွေ့ရတယ်။ ပြီးတော့ မက ရုပ်တရက် ထရပ်လိုက်ကာ တိုင်းရဲ့ လက်ထဲက Dryerကို ယူလိုက်သည်။

"တော်ပြီ .. ကိုယ်ဟာ့ကို လုပ်မယ်..."

တိုင်းလည်း ဟုတ်ပါပြီဆိုတဲ့သဘောဖြင့် ဘေးက ခုံပေါ်မှာထိုင်ကာ မရဲ့လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်ပဲကြည့်နေမိတော့သည်။

"တိုင်း....နင်ဟာလေ ..."

မ က တိုင်းရဲ့ အနားလေး လာကာ မတ်တပ်ရပ်လျက်ပင်
ထိုင်နေသော တိုင်းကို ကြည့်ကာပြောလာသည်။

"ငါ့ကို အဲ့လောက်ထိ ကြိုက်လား .."

တိုင်း နီးကပ်နေသော မရဲ့ ခါးသေးသေးလေးကို လက်ဖြင့် ခပ်ဖွဖွ ဖက်လိုက်မိတယ်။ မရဲ့ကိုယ်လေးက အနောက်ကို ဆုပ်ရန် ပြင်တော့ တိုင်း အလွတ်မပေးပဲ တင်းနေအောင်ဖက်ထားမိတော့သည်

"ချစ်တာ...တိုင်း အရမ်းချစ်တာ။..."

"လွှတ် ...တိုင်း..."

"ဟင့်အင်း ခဏလေးပါပဲ ...."

သု သက်ပြင်းချကာ ဖက်ထားသော သူမလက်တွေကို ဖြုတ်ချမိလိုက်သည်။ ပြီးတော့ ရင်ထဲမှာ ကြည်နူးမိသည်။ သု အရမ်း အတ္တကြီးနေမိပြီလား၊ သု စိတ်ထဲမှာ အမြဲ တိုင်းက ချစ်နေတယ်ဆိုတဲ့ အသိကြောင့် သုလေ သူ့ကို ပိုပြစ်ထားချင်မိတယ်။
တိုင်းဘက်ကသာ သုအပေါ်တကယ်ကြီး စိမ်းကားသွားရင် သု ဘယ်လို ခံစားရမည်နည်း သု မသိပါ။ ခံစားချက်ကတော့ သု ခံရခက်မည်ကို သိတယ်။ တိုင်း ချစ်တာကို သု သဘောကျတယ်၊ သု တ်ိုင်းကို ပြန်ချစ်ဖို့ကျ သုမှာ အဖြေမရှိခဲ့ပြန်ဘူး။

"ထမင်းစားပြီးမှ ပြန်လေ..."

မဖိတ်ခေါ်ပဲ လာခဲ့တဲ့ တိုင်းကို သု မနှင်ချင်ဘူး။ ခွင့်မတောင်းပဲ ဝင်ခဲ့သော သုရဲ့ကိုယ်ပိုင်အခန်းလေးထဲ သို့မဟုတ် သုရဲ့ နှလုံးသားထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ခဲ့လေသလား။ တိုင်း အရမ်းလွန်သည်။

🌷🌷🌷🌷

"ထည့်စားနော် တိုင်းလေး ...သမီး တိုင်းကို ထပ်ထည့်ပေးလိုက်ပါအုံး..."

"တော်ပြီ သီသီ ..ဗိုက်ဝပြီ.."

မသုကတော့ ခေါင်းကြီး ငုံ့လျက်သာ ထမင်းဆက်စားနေတော့သည်။

"အင်း ...မေသီ တစ်ယောက်ကတော့လေ...ကလေးကို ပစ်ထားတာပဲ ...အိမ်မပြန်ချင်ရင် သီသီတို့အိမ်လာနေလေ သမီးတိုင်း..."

"အဟွတ် ...အဟွတ်.."

မက ထမင်းစားရင်း သီးကာ ရေခွက်ကို အလျင်အမြန်ယူကာသောက်ရသည်။ မရဲ့ပုံစံက အရင်ကလိုပဲ ကြောင်တောင်တောင်နိုင်တယ်။

"ဟုတ်...အခုလောလောဆယ်တော့ ...အလုပ်ရှာရအုံးမယ် သီသီရဲ့ ..အလုပ်တစ်ခုရတော့လည်း ထွက်သွားရတာဆိုတော့..."

သုတစ်ယောက် လိပ်ပြာမလုံစွာပဲ ထရပ်ကာ ဘေစင်မှာပဲ ပန်းကန်တွေကို ဆေးနေမိတယ်။။

မ က တိုင်း အိမ်လာတိုင်း စကားသိပ်မပြောတော့တာကြာပြီ။
ဘာလို့ တိုင်းကို အရင်ကလို မဆက်ဆံနိုင်တော့လဲ တိုင်းသိချင်မိတယ်။

"မေမေ...သမီးရေခ်ျိုးခန်းက မီးသီးလေ အဲ့တာအသစ်လဲရတော့မယ်..အလုပ်သမားခေါ်ပေးပါအုံး.."

ရေခဲသေတ္တာထဲက ရေဘူးကို ထုတ်ကာ ဖန်ခွက်ထဲ ထည့်ရင်း သုပြောလိုက်မိတယ်။

"တိုင်း တပ်ပေးမယ်လေ ဘယ်မှာလဲ .မီးသီးအသစ်က.."

့"ဘာရယ်..."

သုက တိုင်းရဲ့ အနားလာကာ တိုင်းရဲ့ မျက်လုံးတွေနဲ့ ဆုံကြည့်မိတယ်။

"ဟုတ်တယ် တိုင်း တပ်ပေးမယ်လေ...ခုံ ယူခဲ့.."

သု စိတ်ထဲမှာ ထိုကလေးမက အလွန်confientရှိနေသော ပုံပေါက်နေပြန်တယ်။

"မလုပ်ပါနဲ့ ..သမီးတိုင်းရယ် ....အန်တီသီ.အလုပ်သမားပဲ ခေါ်လိုက်ပါ့မယ်..."

"ရပါတယ်ဆို ...တိုင်း တပ်ပေးမယ် ..လာ သွားရအောင် မ.."

သု လည်း မီးသီးနဲ့ ခုံယူကာ သူမလေး နောက်ကလိုက်သွားရတော့သည်။ တိုင်းက ထိုသို့လည်း လုပ်တတ်တာလား ဟု အထင်တော့ နည်းနည်းကြီးမိသားပင်။

ရေချုိးခန်းထဲရောက်တော့ တိုင်းက ခုံပေါ်တပ်ကာ ထိုမီးသီးကို ဖြုတ်သည်။ ပြီးတော့ သု ကို ကြည့်ကာ သုလက်ထဲက မီးသီး အသစ်ကို တောင်းလေသည်။

"ကဲ ကြည့် . တပ်ရတာ ဘာခက်တာမှတ်လို့...."

ဟုတ်ပါတယ်၊ တပ်ရတာ ကလွယ်လွယ်လေးပေါ့။ ဒါပေမယ့် တိုင်း မီးသီးကို လဲနေတဲ့ အချိန်မှာ သု အရမ်းစိတ်ပူနေတယ်ဆိုတာကတော့ မလွယ်တဲ့ ကိစ္စပင်။

"အင်း..တော်သားပဲ ...."

သု အသာအယာပဲ အပြင်ထွက်ရန်ပြင်လိုက်တော့ သု ရဲ့ ခါးမှာ လက်တစုံ သွယ်ယှက်နေပြီ။ ပြီးတော့ သု နောက်ကျောကို မှီအပ်ထားတဲ့ ခန္ဓာကိုယ်နွေးနွေးလေးနှင့် ပါးတစ်စုံ။

"ဘာလုပ်တာလဲ တိုင်း ...."

"ခဏလေးပါ မရယ်...တိုင်းလေ ..မကို နောက်ဖက်ခွင့်ဆိုတာ ရှိလာနိုင်မှာ မဟုတ်တော့လို့ပါ..."

တိုင်း ငိုနေသည်လားကို သု မမြင်နိုင်ပေမယ့် သု ရင်ထဲမှာလည်း ထပ်တူ ကြေကွဲရပြန်တယ်။ အရာအားလုံးက ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး ၊ ကာယကံရှင် နှစ်ယောက်ဖြစ်တဲ့ မတို့အပြစ်ပဲ တိုင်း။

တိုင်းရဲ့ လက်များက သုရဲ့ ခေါင်းလေးကို အသာဆွဲလှည့်တယ် ၊ ပြီးတော့ ထိုအကြည့်တွေအောက်မှာ သု နစ်မွန်းနေမိပြီ။ ရုန်းမထွက်ချင်လောက်အောင် တိုင်းဟာပြုစားလွန်းသည်။
ခပ်ဖွဖွ ကျရောက်လာသော သုရဲ့ နှုတ်ခမ်းပေါ်က တိုင်းရဲ့ နှုတ်ခမ်းပါးတစ်စုံကို မသွေဖယ်လိုက်မိပါ။ သု ကိုယ်တိုင်လည်း တုံ့ပြန်အနမ်းတွေ ပေးနေမိတာကို သု လက်မခံချင်။ ထိုအခိုက်အတန့် .....

"မင်း ဘာလုပ်တာလဲ တိုင်း..."

တိုင်းရဲ့ ကိုယ်ကို ခပ်ဝေးဝေးရောက်သည် အထိ သု တွန်းမိလိုက်တယ်။ ကိုယ့်ချစ်သူနဲ့တောင် အနမ်းမပေးခဲ့သော သုက တိုင်းရဲ့ အနမ်းတွေကို တုံ့ပြန်မိတာ သု မတရားသူဖြစ်သွားပြီလား။ အဲ့အရာအားလုံး တိုင်းကြောင့်၊ မုန်းတယ် တိုင်း၊ မင်းကို မုန်းတယ်။

"မက ..နမ်းတာ တော်သားပဲ...ဟား ..နှုတ်ခမ်းလေးက ချိုနေတာပဲ ဘာ နှုတ်ခမ်းနီသုံးလဲ..."

"တိုင်း...!!..မင်း အရမ်းတရားလွန်နေပြီ ...."

"ဟုတ်ပါတယ်..တိုင်း သိပါတယ်...မကို မစွန့်လွှတ်နိုင်တာကိုက တိုင်း တရားလွန်နေတာပါ..."

သု ရှက်တယ်၊ ကိုယ်ဟာ ဘာကြောင့် သူဖော်ဆောင်ရာ အနမ်းတွေနောက်လိုက်မိတာလဲ။သု ရဲ့လက်ဖျားတွေအေးနေလေပြီ၊ ဟန်ဆောင်ကောင်းတဲ့ သု့ကိုတိုင်းတစ်ယောက် မရိပ်မိပါစေနဲ့လို့ ဆုတောင်းတယ်။

"တိုင်း ...သွားတော့မယ် မ..."

သု ဘာမှပြန်မပြောဖြစ်ပဲ ရပ်နေရာက ဒူးတုပ်ရပ်ထိုင်ချမိကာ ငိုမိတော့တယ်။ အခုတလော သုရင်ထဲမှာ တိုင်းနဲ့ ပတ်သတ်ပြီး ခံစားချက်တွေ မျိုးစုံဖြစ်တယ်၊ ကောင်းတာ ရော ဆိုးတာရော ၊ မ ဘယ်လို လုပ်ရတော့မလဲ တ်ိုင်းရယ်။

                       🌷🌷🌷🌷

Continue Reading

You'll Also Like

61.3K 1.8K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
914K 38.7K 109
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
559K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်