Stay Home Memo
بواسطة HsuChiKo365
85.5K 8.4K 850
Random Stories Stay At Home Memo المزيد
About Book
Rain Falling On You
Saty Home is Bullsh*$t
Chatting With Nine
You Need A Big Hug
You Are My Home
Wai_Model 2020 Version 1.1
WAI_Model2020 Version 1.1
Till Now
Till Now
Update!
When Road We Pass
When Road We Pass
ပြဿနာနဲ့ ရင်ဆိုင်ရသောအခါ...
You're My Home
5.6K 522 17
بواسطة HsuChiKo365
March 2020 , London
The Coronavirus Disease 2019 – or “COVID-19” –  has now spread to over 185 countries across the globe. On March 11, 2020, the evolution of the disease was formally characterized by the World Health Organization (WHO) as a pandemic.
part of our COVID-19 precautionary response.As measures, Center for Social Integrity has temporarily ceased all social gatherings, seminars, workshops and training involving more than 20 people.
We will be providing you with further updates in the days to come, as we continue to monitor the situation and incoming notices from the WHO and international governments regarding COVID-19.
Center For Social Integrity (CSI)
"WHO ကနေတောင် ကမ္ဘာ့ကပ်ရောဂါ
အဖြစ် သတ်မှတ်လိုက်ကြပြီ..."
ဖုန်းကိုချကာ ခုတင်ပေါ်လှဲရင်း
မျက်နှာကြက်ကို ငေးစိုက်ကြည့်နေ၏။
အပြာရင့်ရောင် အိပ်ရာခင်းနှင့်စောင်
တွေကြားနစ်ဝင်နေပုံက ညနက်ကောင်း
ကင်ပေါ်က တိမ်တိုက်တစ်ခုပမာဖြူ
လွလွနှင့် ။ ဒီနှစ်ပိုင်းတွေအတွင်း Gym တွေဘာတွေ ပုံမှန်သွားပြီး ကျန်းမာရေး
လိုက်စားလာတတ်၍ ခန္ဓာကိုယ်တည်
ဆောက်ပုံက ပို၍ ကြံ့ခိုင်လာသည်။
အရင်လို အရုပ်ပျော့လေးလို မဟုတ်
တော့။
နိုးဝေပြောလာမည့် စကားကိုသိနေပေ
မဲ့ သူ့အနားသို့ သွားကာ သေချာနား
ထောင်ရန် အဆင်သင့်ရှိနေပြီဆိုသည်
ကိုပြသဖြစ်သည်။ နဘေးတွင် ထိုင်
လျက် ငုံ့မိုးကြည့်သောအခါ လှဲနေရာ
မှ ထထိုင်သည်
"ကျွန်တော်တို့ ပြန်သင့်နေပြီ Bro"
"ဒီအကြောင်းကို ကိုယ်တို့ ဆွေးနွေးပြီး
ပြီလေ နိုးဝေ"
"ဆုံးဖြတ်ချက်တော့ မချရသေးဘူး
လေ။ ဖေဖော်ဝါရီလကုန်တည်းက ကျွန်
တော်တို့ ဆွေးနွေးနေတာ အဖြေမထွက်
ဘဲ Bro ရဲ့ ကျွန်တော့်ကို စိုးရိမ်တယ်
ဆိုတဲ့စကားနဲ့ပဲ ကျွန်တော်တို့ရပ်လိုက်ကြရတာလေ"
မျက်မှန်အောက်မှ မျက်လုံးနက်နက်
များကို စိုက်ကြည့်ရင် အရင်နှစ်
တွေကဆို နှုတ်ခမ်းလေးစူကာ မဟုတ်
လို့လား ဟု ပြန်ပြောတတ်ပေမဲ့
အခုတော့ တည်တည်ငြိမ်ငြိမ်ပင်ပြန်
ကြည့်နေသည်။ တည်ကြည်မှုက မျက်
နှာပြင်၏ အစိတ်အပိုင်းတိုင်းမှာတည်
တံ့နေ၏။ တန်းနေသော မျက်ခုံးတွေ၊
တင်းတင်းစေ့နေသော နှုတ်ခမ်းပါးလေး
တွေ အရာရာက တည်ကြည်စွာ ခန့်ညားနေခဲ့ပြီ။ သွားညှိစက်တွေတပ်ပြီး
မုန့်တွေ မက်မောတတ်တဲ့ အရွယ်၊ ကျောင်းပြီးခါစ လောကထဲဝင်ရန် အစင့်ပြင်နေတဲ့ အရွယ် ၊ အစိုးရဝန်ထမ်းဘဝ နောက် တိုင်းတစ်ပါးတွင်နေထိုင်
နေလျက် ဇာတ်ကောင်တွေဖန်တီးနေ
သော Artist...ကျွန်တော့်မျက်စိအောက်မှာ အဆင့်ဆင့်ဖြတ်ကျော်ရင်း
ရင့်ကျက်တဲ့ လူလတ်ပိုင်းအရွယ်ပင်
ရောက်လာခဲ့ပြီ။
လန်ဒန်ကိုရောက်လာတဲ့ နှစ်တွေအတွင်း နိူးဝေ၏ ပြောင်းလဲမှုက ဂုင်္ဏ
ယူစရာအတိပြီး၏။ ပင်တိုင်ဇာတ်ကောင်တွေဖန်တီးရာတွင် နိုးဝေ
၏ အားထုတ်မှုများက မရပ်မနား။
သူတို့လောကရဲ့ ယှဥ်ပြိုင်မှုကလည်း
ပြင်းထန်သည်ကိုး...
အရင်အခန်းဟောင်းလေးကနေ အခု
လုံးချင်းအိမ်လေးကို ပြောင်းစဥ်က
အများဆုံးသယ်ရသည်က နိုးဝေဖတ်
သည့်စာအုပ်များပင်။ သင်ယူခြင်းကို
အကြိုက်ဆုံးဖြစ်သည့်ကောင်လေး
သည် Art Collage တစ်ခုတွင် ပန်းချီ
နှင့် ဇာတ်ကောင်ဖန်တီးခြင်း ဒီပလိုမာ
တန်းကို အလုပ်တစ်ဖက်နှင့်ထပ်မံသင်ယူခဲ့သည်။ ဇာတ်ကောင်တွေ၏ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းတို့အတွက် နယ်ပယ်ပေါင်းများစွာမှ စာအုပ်ပေါင်းများစွာကိုဖတ်သည်။
အရင်တည်းက ခေတ်သစ်နိုင်ငံတော်
လှန်ရေး တွေ နှင့် မူခင်းဆေးပညာ
အကြာင်းဇာတ်လမ်းဆက် Comic
ရေးချင်သော ကောင်လေး၏ အိပ်မက်
တို့က ဒီအရပ်တွင် ဖြစ်မြောက်ခဲ့သည်။ ထို့အတွက်လည်းလေ့လာခဲ့ရသည့်
ကမ္ဘာ့နိုင်ငံရေး၊အနုပညာ ၊ စီးပွါးရေး ၊ စိတ်ပညာ နှင့် မူခင်းပေါင်းများစွာမက နိုင်ငံရေးလုပ်ကြံမှု နည်းပညာတွေအထိ ။ နိုးဝေ၏ လေ့လာဖြန့်ကျက်မှုက ကြောက်စရာကောင်းလောက်အောင် လျင်မြန်လှသည်။
ရောက်သည့် တစ်နှစ်အတွင်း ဘာသာ
စကား ၂မျိုးကို ကျင်လည်စွာသုံးနိုင်ခဲ့သည်။
နိုင်ငံအနှံ့ခရီးစဥ်ပါမက ဥရောပတစ်ခွင်သို့ပင်ခြေဆန့်ခဲ့ပြီးပြီ။ လေ့လာသင့်ယူစရာတွေ အကုန် သင်ယူခဲ့ပြီးပြီ။
သင်လည်းသင်ယူနေဆဲမြင်။အရင်က
သူကြောက်လှပါတယ်ဆိုသော စိတ်
ခံစားချက်ကိုလည်း သူကိုယ်တိုင်ပင်
ကုစားနိုင်ခဲ့သည့် နိုးဝေ သည် လူ့
လောက ကို အမြင်သစ်များစွာဖြင့်
ကြည့်ရှုခဲ့ပြီးဖြစ်သလို သူတွေ့ရှိသမျှ
ကိုလည်း မျှဝေပေးနေခဲ့ပြီ။
ကျွန်တော် သူ့ကို ကလေး လို့ နောက်ဆုံးခေါ်ခဲ့တာ ဘယ်အချိန်က
လည်းဆိုတာတောင် ပြန်မစဥ်းစားနိုင်
တော့။ သတိမထားမိခင်မှာပင် နိုးဝေ
ကို ကလေးတစ်ယောက်ထက် ကျွန်
တော် နဲ့ အတူတူလောကဓံကိုရင်ဆိုင်
တိုက်ခိုက်ပေးနေသော လက်တွဲဖော်၊
ကျွန်တော့်၏ ရဲဖော်ရဲဘက်တစ်ယောက်လို ရှုမြင်နေခဲ့ပြီ။
စိုင်းစိုင်းခမ်းလှိုင်ဆိုထားဖူးတဲ့ Rap
တစ်ပိုင်္ဒတောင်သတိရမိသေးသည်
ငါ့ရည်းစားလေးအသက်က မင်းထက်
ငယ်တယ်။ အသိဥာဏ်နဲ့ ဗဟုသုတ
မင်းထက် ကြွယ်တယ် ဆိုတာလိုမျိုး
ထက် ငါ့ထက်ကြွယ်တယ်လို့ပဲပြောရ
မလိုဖြစ်နေပြီ။
နိုးဝေ၏ အသိပညာလှိုင်းအလျားဖြန့်ကျက်မှုက ကျွန်တော့်ထက်ပင် ကျယ်ပြန့်၏။
သို့ပေမဲ့ အခုတစ်ခေါက်ကတော့ သူ့အဆိုကို ကျွန်တော်လက်မခံနိုင်။ ကာလရှည်ကြာပျောက်ကွယ်နေသည့်
သူ့ကိုဆို ကျွန်တော်ကာကွယ်ထားမှ
ဖြစ်မည်ဆိုသော ခံစားချက်က ပြန်
လည်ရှင်သန်လာသည်။ ဒါကိုနှစ်ဦးနှစ်
ဖက်လုံးက သိနေပေမဲ့ နိုးဝေကတော့
အခုထိ လက်မလျှော့။ နဂိုတည်းက နိုးဝေ က သူ့ဆုံးဖြတ်ချက်သူ့ခံယူ
ချက်အတိုင်း လျှောက်တတ်သည့်သူ
ဆိုတာကို မမေ့ထားပေမဲ့ သတိမရချင်
ဖြစ်နေသည်။
နေရောင်အထိအတွေ့နည်းသည့်အရပ်
တွင်မို့ နဂိုဖွေးသောအသားအရည်သည်အအေးဒဏ်ကိုက်ခဲမှုကြောင့်သွေးရောင်ပြေးနေ၏။
အသားအရည်က အစ အနောက်တိုင်း
ဆန်လာသော ကောင်လေးတွင်ဆွဲဆောင်မှုတစ်မျိုးမက ရှိ၏။
"Bro ကျွန်တော့်ကိုပဲ ကြည့်နေတော့
မှာလား"
"ကိုယ် စိုးရိမ်တယ် နိုးဝေ ၊ ဒီမှါက
အကုန်အစုံအလင်ရှိတယ်။ ဟိုမှာက
မတူဘူးလေ။ တစ်ခုခုဆို..."
ဆက်ပြောရမည်ကို အားနာသည်။ ကိုယ်လာခဲ့ရာအရပ်ဇာတိအတွက်ပေါ့
"နိုးဝေက  ဖွံံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခြေအနေကို ကိုယ့်ထက်ပိုသိပါတယ်"
"သိလို့ ပြန်ချင်တာပေါ့...ဒီမှါ
ကူးနေတာကို ကြောက်လို့ပြန်ချင်တာ
မဟုတ်တာလည်းBro သိတယ်လေ"
"အဲ့ဒါကြောင့်ပေါ့...ကိုယ်ကျေးဇူးကန်း
တာမဟုတ်ပေမဲ့ နိုးဝေ ကို စိတ်လုံခြုံ
မှုမပေးခဲ့တဲ့ အရပ်ကို တကူးတကပြန်
ဖို့လောက်ထိ..."
"Bro စိတ်နာနေတာကိုး..."
မျက်လုံးချင်းဆုံအောင်ကြည့်ကာတစ်လုံးချင်းဆိုသောအခါ ကျွန်တော်
ငြင်းဆန်ဖို့ ဆန္ဒမရှိ။ ငြင်းဆန်ခြင်းက
လိမ်လည်ခြင်းသာ ဖြစ်သွားလိမ့်မည်။
"အလုပ်မှာ မသိမသာရော သိသိသာသာပါ စမ်းချင်တဲ့ စုန်းပြူးတွေ
ရှိခဲ့တယ်။ သင်တန်းကို Broလာကြိုရင်
မေးငေါ့တဲ့ အမျိုးသမီးတွေ ၊ မေမေ့ဆီကနေ ကျွန်တော့်အိမ်ထောင်မပြုဘူး
လားဆိုပြီး အစ်အောက်တတ်တဲ့ ဘေး
အိမ် အန်တီကြီးတွေ ၊ ဟိုကောင်မလေး
နဲ့ လိုက်ဆက် ဒီကောင်မလေးနဲ့ လိုက်
ဆက်ပေးနေတဲ့ အမျိုးတွေ။ ဟုတ်တယ် ကျွန်တော် စိတ်ဓာတ်ကျန်းမာတဲ့
အသိုင်းအဝိုင်းမှာ မနေခဲ့ရတာ မှန်တယ်
ဒါကလည်း အပြစ်တင်လို့မရဘူး။ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က
အယူအဆတွေ ကြောင့်ပဲ။ ဘယ်သူကမှငါ  သူ့အတွက်မကောင်းတဲ့လူလုပ်မယ်ဆိုတဲ့စိတ်တော့ရှိကြမှာမဟုတ်
ပါဘူး။ မရည်ရွယ်ဘဲ စိတ်ဓာတ်မကျန်း
မာကြတာ။ သူတို့စိတ် ပိုးတွေကိုက်ခံနေရတာကိုလည်း မသိကြတာလည်း
ပါမှပေါ့။
ဒါပေမဲ့ တွေးကြည့် Bro...စိတ်ဓာတ်
စီးပွါးရေး ၊ ပညာရေး ၊ အကုန်ကောင်း
နေတဲ့ နေရာမှာတောင် ပြိုလဲနေကြတာ
တွေ အများကြီး ။ ဟိုကိုတွေးကြည့်
တစ်ယောက်ဆိုလည်းတစ်ယောက်အား
ပဲ"
"ကိုယ်က အတ္တကြီး အငြိုးကြီးနေပြီ
လား"
"ဟင့်အင်း...ဒီ Dark Side ကို ကျွန်
တော် ကြွေနေတာ"
နိုးဝေ၏ ပညာပြခန်းတွေအတွက် ဒီအချိန်က ကားလိပ်ဆွဲတင်လိုက်သည့်
အခါသမယပင်
"ဟိုလတွေက Bro ငြင်းနေတုန်းက ကျွန်တော်ဘာကြောင့်အလျှော့ပေးထားလဲ။ လူပီပီ Broရဲ့ အဲ့လူတွေအပေါ်တုံ့ပြန်နေတာ။ ကျွန်တော့်အတွက် နာ
ကျည်းနေတာ ၊ အကြိုက်ဆုံးကဘာ
လဲသိလား ပြန်တွေးတိုင်း Broဒေါသထွက်နေတာတောင် ကျွန်တော့်ကို အေး
အေးဆေးဆေးပြောပြီး မပြန်ဖို့သိမ်း
သွင်းနေတာ။ သွေးအေးလိုက်တာကွာ
ဆိုပြီး ကျွန်တော် အပီကြွေတာ သိလား"
"နိုးဝေ...မင်း ကိုယ့်ကို ချုပ်နေပြီ"
"ကျွန်တော် တကယ်ပြောတာပါဗျ"
ရယ်မောရင်းပြောလိုက်သောကြောင့်
သွားတန်းဖွေးလေးတွေကစီရရီပေါ်
လာသည်။ မြန်မာပြည်ပြန်ကြည့် လည်
ပြန်အငေးခံရမှာ ကျိန်းသေ။
"စိတ်ပူတယ်။ ဟုတ်တယ် အဲ့လူတွေ
နဲ့ ကိုယ် ပြန်မတွေ့ချင်ဘူး။ ဒီမှါ ကိုယ်
တို့အိမ်ရှိနေပြီ။ ကိုယ်တို့ဘဝတွေအထိုင်ကျနေပြီ။ တမင်သွားပြီးမှ ထူး
ထူးဆန်းဆန်းမေးတာမြန်းတာတွေ
ကြည့်ရတာ ကိုယ်တို့ စိတ်ရှုပ်ရလိမ့်မယ်"
"အဲ့ဒါတွေက အခုမှကြုံရမှာမှမဟုတ်ဘဲ။ ကျွန်တော်တို့ ကြုံဆုံဖူးတဲ့ အတွေ့အကြုံဟောင်းတွေပဲဟာ...ယကိုယ့်ရဲ့ စိတ်ထိန်းချုပ်နိုင်မှုအတွက်တောင်challenge ဖြစ်သေးတယ်။ အဲ့လိုဆိုတိုင်းလည်းကျွန်တော်တို့ကပြောင်းလဲမှာမှ မဟုတ်တာ။ ဒီကိုပြန်လာလို့ရကြတာပဲ။ မကြာခင် ကျွန်တော်တို့လိုပဲ ပြန်ကြလိမ့်မယ်။ တွက်ချက်မှုတွေအရ နောက်အပတ်တွေအတွင်းဗိုင်းရပ်ပြန့်တာ ပိုမြန်လာလိမ့်မယ်။
အရင်ကဘာမှမဖြစ်ပါဘူးလို့ အော်နေတဲ့ ထရန့်တောင် အခု ပင်စင်ယူထားတဲ့
ဆရာဝန်တွေကို ပြန်လာဖို့ အဆင်သင့်
ပြင်ခိုင်းနေပြီ။ အီတလီဆို မကြာဘူး
Bro...ကျွန်တော်တို့ မကြားချင်တဲ့
အရေအတွက် ဖြစ်လာလိမ့်မယ်။ဗိုင်းရပ် ပြန့်တာကို မထိန်းနိုင်တဲ့နိုင်ငံတွေကနေ အခုထိStable ဖြစ်နေတဲ့ မြန်မာ
နိုင်ငံထဲ အလုံးအရင်းနဲ့ ပြန်ကြမှာ...လာ
တဲ့နိုင်ငံက ကူးမလာရင်တောင်
လေဆိပ် လိုနေရာတွေကနေ ကူးမှာပဲ
အဲ့ကနေ မြန်မာပြည်ထဲရောက်ရင်...
Third Wave အတွက် သူတို့ပြင်ထား
တယ်ပြောပေမဲ့ ကျွန်တော် မသေချာ
ဘူး။ သူများတွေ တရုတ်နိုင်ငံဆိုက်
ရောက်မှုတွေအကုန် ပိတ်နေတဲ့အချိန်
မှာတောင် တရုတ်-မြန်မာချစ်ကြည်ရေး
ပျက်မှာ ကြောက်နေတဲ့ လူတွေရှိတဲ့
နိုင်ငံ ။ ကျွန်တော်ပြန်ချင်တယ် Bro
Heroလုပ်ချင်လို့လည်းမဟုတ်ဘူး
ဒီအတိုင်း ဘယ်လိုပြောမလဲ ငတေ
မဖြစ်ချင်တာ။ သိတယ်မလား ကျွန်
တော် ပြောချင်တာကို"
"ဟိုကိုပြန်ရင် ကိုယ်တို့နှစ်
ယောက် အခုလို အတူတူနေလို့မရဘူးနော် နိုးဝေ။ ဒါကိုနိုးဝေ သိတယ်မလား။"
"ကိုယ့်အိမ်ကိုယ်ပြန်နေရလည်းဘာအရေးလဲ Bro...Bro ဘယ်ဆေးရုံသွား
မလဲ ။ ဘယ်နယ်ကိုသွားမလဲ ကျွန်တော်လိုက်ခဲ့မှာ။ ကျွန်တော် အကျွမ်းဆုံးကBro နောက်ကို လိုက်ရတာလေ"
"ကိုယ် စဥ်းစားပေးမယ်။ အချိန်ပေး"
"ကျေးဇူးပါ။ ကျွန်တော်တို့အရမ်းကောင်းပေးစရာမလိုဘူး ။ အနည်းဆုံး
ကိုယ့်စိတ်ကိုယ်လုံနေအောင်နေနိုင်ဖို့
ပဲ နေကြတာပေါ့ ။ ဟုတ်တယ်မလား"
"အင်း..."
"Bro ရှိနေလို့ပေါ့..."
"ကိုယ်အခုထိ သဘောတူတယ်မပြော
ရသေးဘူးလေ"
"မပြောလည်း အဖြေကို သိနေပြီပဲ"
ဘာကိုဆိုလိုလည်း အများကြီးဆက်
ပြောစရာမလို ။ ကျွန်တော့်ပေါင်ပေါ်
ခေါင်းအုံးလိုက်ရင်းပြောလာသော
ထိုစကားကိုနားလည်ကြောင်း ငုံ့မိုး
ကာ ငေးရင်းဖြင့် အသိပေးမိသည်။
ပြန်ရသော အပြုံးအေးလေးတွေ
ကုန်လွန်ခဲ့သောနှစ်များဆီမှ နိုးဝေအရိပ်တို့ ထင်ဟပ်ကျန်ရစ်နေပါသေး၏။
                      ❤️❤️❤️
လေဆိပ်ထဲမှ ဆောင်ရွက်မှုများကိုသေချာလိုက်ကြည့်သည်။ မျက်မှန်
အောက်က မျက်လုံးတွေတွင် နှစ်သက်
ခြင်း ၊ မနှစ်သက်ခြင်း ကို မဖော်ပြ
သော်ငှါး ကျွန်တော်ကဖြင့် နိုးဝေမည်
သို့ဘယ်သို့ စဥ်းစားနေသည်ကိုသိ
သည်။ ပခုံးကိုဖက်ကာ နှစ်သိမ်မယ်ပြု
တော့ ခြေလှမ်းတို့ကို နှေးပစ်လိုက်ခြင်း
ဖြင့် Social Distancing ကိုကျင့်သုံး
လိုက်၏။
"နောက်ရက်တွေဆိုရင်တော့ သီးသန့်
ထားဖို့ စီစဥ်လောက်မှာပါနော်"
လူချင်းမထိတွေ့မိစေရန် ခပ်ခွါခွါ
လျှောက်ရင်း မေးလာတော့လည်း
"လုပ်မှာပါ။ နိုင်ငံတိုင်းက တပ်လှန့်နေ
ကြတော့"
လူဝင်မှူကြီးကြပ်ရေးကိုဖြတ်စဥ်အဖျားတိုင်းတော့ နှစ်ယောက်လုံးပုံမှန်
အိတ်တွေရွေးပြီးထွက်တော့ သူများ
တွေလို လာရောက်ကြိုဆိုမည့်သူမရှိ။
မရှိအောင်လည်း ကျွန်တော်တို့နှစ်
ယောက်လုံး ပြန်မယ့်ရက် အတိအကျ
ကို မပြောထားကြခြင်းသာ။
နှစ်အိမ်လုံးမှ မိဘများသည် အသက်
ကြီးနေကြပြီ။ အခုလို လူဝင်လူထွက်
များသောနေရာအထိ လာရောက်ကြို
ဆိုမည့်ကိစ္စကို ကျွန်တော်တို့၂ယောက်
လုံး စိတ်မချ။ မိဘတွေကတော့ မိဘ
စိတ်နဲ့ပေါ့
"သူတို့ဘာသာနေဖို့ ပြင်ဆင်ထားမှာ
ပေါ့" ဟု ​ဆိုကြသည်။ ထိုအထိ ကျွန်
တော်တို့ မငြင်းနေတော့။ ကတိတွေ
လည်းမပေးနေတော့။ ပြန်လာရင်
အိမ်မှာနေမယ်ဟုသာ ပြောထားသည်
မယုံရဲယုံရဲနှင့် ဖြစ်နေကြတာက မိဘယတွေစိတ်ပင်။
ပူးကပ်ထိုင်စရာမလိုအောင် အံစာတုံး
ကားကို ငှါးဖြစ်သည်။ ရှေ့တစ်ခုံ၊ ကျွန်
တော်က အနောက်မှာ...
မိဘတွေအိမ်သို့ ပြန်လာကြပေမဲ့ ခွဲရ
မည်ဆိုသည့်စိတ်ကြောင့် နှစ်ယောက်
သား တိတ်ဆိတ်နေမိသည်။ နိုးဝေအိမ်
သို့ ရောက်ခါနီးလေ ပို၍တိတ်ဆိတ်ငြိမ်
သက်လာလေ။ ​ေလဆိပ်မှ ထွက်လာ
ခါစလို ကျွန်တော့်ကိုတောင် လှည့်
လှည့်မကြည့်တော့...
အရင်လို ပိတောက်ပင်ပျိုရှိနေသောလမ်းကြားလေးက မပြောင်းမလဲ။
တိတ်ဆိတ်နေသော အိမ်ရှေ့တွင် ကား
ဟွန်းသံ ထွက်လာခဲ့၏။ ဒါသည်ကား
ကျွန်တော်တို့ ခွဲခွါရတော့မည်ဆိုသည်
ကို အသိပေးတပ်လှန့်လိုက်သံပင်။
ပြေးထွက်လာသော နိုးဝေမေမေကို
မြင်တော့မှ  နိုးဝေက လှည့်ပြုံးပြသည်
ခရီးဆောင်အိတ်တွေ သယ်ထုတ်ရ
တော့မည်လေ။
"နိုးဝေ..."
to be continue😁
AN /// မတွေ့တာကြာနေပြီမို့ ဖြည်း
ဖြည်းချင်း အလွမ်းဖြေကြတာပေါ့နော်
Thank You All
واصل القراءة
ستعجبك أيضاً
2.5M 191K 77
1.2M 120K 48
ကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... ...
207K 7.6K 50
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
1.3M 64.3K 128
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...