နှလုံးသားမှာ ဆူး

By OO-Ratio

796K 50.9K 3.1K

လိုတရဘဝနဲ့နေလာရပြီး ဘေးနားအရိပ်လိုလိုက်ပြီးဘဝပုံပေးကာချစ်ခဲ့တဲ့လူကိုလိုသုံးအဖြစ်သဘောထား ကိုယ့်အတ္တကို ရှေ့တန်... More

အပိုင်း - ၁
အပိုင်း -၂
အပိုင်း -- ၃
အပိုင်း -- ၄
အပိုင်း -- ၅
အပိုင်း -- ၆
အပိုင်း -- ၇
အပိုင်း -- ၈
အပိုင်း -- ၉
အပိုင်း -- ၁၀
အပိုင်း -- ၁၂
အပိုင်း -- ၁၃
အပိုင်း -- ၁၄
အပိုင်း -- ၁၅
အပိုင်း -- ၁၆
အပိုင်း -- ၁၇
အပိုင်း -- ၁၈
အပိုင်း-- ၁၉
အပိုင်း -- ၂၀
အပိုင်း-- ၂၁
အပိုင်း -- ၂၂
အပိုင်း -- ၂၃
အပိုင်း -- ၂၄
အပိုင်း -- ၂၅
အပိုင်း -- ၂၆
အပိုင်း -- ၂၇
အပိုင်း -- ၂၈
အပိုင်း -- ၂၉
အပိုင်း -- ၃၀
အပိုင်း -- ၃၁
အပိုင်း -- ၃၂
အပိုင်း -- ၃၃
အပိုင်း -- ၃၄
အပိုင်း -- ၃၅
အပိုင်း -- ၃၆
အပိုင်း -- ၃၇
အပိုင်း -- ၃၈
အပိုင်း -- ၃၉
အပိုင်း -- ၄၀
အပိုင်း -- ၄၁
အပိုင်း -- ၄၂
အပိုင်း-- ၄၃
အပိုင်း -- ၄၄
အပိုင်း -- ၄၅
အပိုင္း -- ၄၅
အပိုင်း --၄၆ ( ဇာတ်သိမ်းပိုင်း )
အပိုင္း -- ၄၆( ဇာတ္သိမ္းပိုင္း )
နှလုံးသားမှာ ဆူး (Extra)
Request

အပိုင်း -- ၁၁

15.2K 1.1K 37
By OO-Ratio

Unicode

နှလုံးသားကိုနာကျင်စေတဲ့သူဆိုပေမယ့်
နာကျင်မှုတွေထပ်ပေးဖို့ရာ
ပြန်လာစေချင်တယ်........

===========================

ကိုယ့်ကိုတင်းကြပ်စွာဖက်အိပ်နေသောကလေးမလေးကြောင့် မြတ်ယွန်းပြုံးမိသည်။
မဖြစ်သေးပါဘူး။ တော်ကြာသူမလေးကျောင်းနောက်ကျနေလိမ့်မယ် ။
သူမအားနှိုးရန် မျက်လုံးဖွင့်လိုက်မိသည်နှင့်ခေတ္တမျှမေ့ဖျောက်ထားမိသည့် လက်တွေ့အခြေနေကတခြားစီ။ သူမအိပ်နေသောကုတင်ပေါ်မှာ ခေါင်းအုံးအလွတ်တစ်လုံးကလွဲပြီးဘာမှမရှိ။ မျှော်လင့်ခဲ့မိသော သူမလေးလည်းရှိမနေခဲ့ပါ။ လက်ထဲမှာတင်းကြပ်စွာဆုပ်ကိုင်ထားသည့်အရာလေးအား ကြည့်မိတော့ ဓာတ်ပုံလေး ။

ငါအကြာကြီးအိပ်လိုက်မိပေမဲ့ သူပြန်မလာခဲ့ဘူးပဲ.......။

မြတ်ယွန်းပြန်အိပ်လျင်ကောင်းမလားစဉ်းစားမိသည်။ အိမ်မက်ထဲမှာတော့တွေ့ခွင့်ရှိသေးသည်ထင်၏ ။
သို့ပေမယ့်လည်း နာကျင်မှုကိုဆက်ကာ လက်မခံချင်သောနှလုံးသားကြောင့် ဦးနှောက်ကိုပင်ဆုံးဖြတ်ခိုင်းကာ သူမကျောင်းသွားရန်အတွက် ပြင်ရပေလိမ့်မည်။
ရေချိုးခန်းထဲဝင်လိုက်သည်နှင့် ရင်ထဲနင့်စွာဝဲတက်လာသောမျက်ရည်များ ။

ဟင့်အင်း.....ဘာမှမဖြစ်ဘူးမြတ်ယွန်းလင်းငယ်။

"မမသွားတိုက်ဆေးထည့်ထားပြီးပြီနော်။ ဦးအချိန်ဇယားထည့်လိုက်တော့မယ်"

"ဟင်........"

ကြားလိုက်မိသောအသံစာစာလေးကြောင့် ရေချိုးခန်းအပြင်ဘက်ပြေးထွက်ကာရှာမိပေမယ့် သိလိုက်ရတဲ့အဖြေက သူမစိတ်ထင်နေတာကြောင့်သာ ။
တစ်ဖန်ရေချိုးခန်းထဲပြန်ဝင်ကာ ပြိုလဲပြနေသောကိုယ့်ကိုကိုယ် မှန်ထဲကြည့်လိုက်ပြီး

"ဘာမှမဖြစ်ဘူး ဒါကအမှန်တရားပဲ။ နင်ရအောင်ကျော်ဖြတ်နိုင်ရမယ် မြတ်ယွန်းလင်းငယ် "

မျက်ဝန်းတို့မှိတ်လိုက်မိခြင်းနှင့်အတူ ကျဆင်းလာသောမျက်ရည်များ

"ဟင့်အင်း အဆင်မပြေဘူး။အရင်လိုကျောင်းသွားဖို့လာခေါ်မဲ့နင်မရှိလို့ ငါအဆင်မပြေဘူးသော်ဝတီဦးရယ် "

အခုလိုငိုကြွေးနေမိတဲ့မမကိုမြင်ရင်ရော ပြန်မလာဘဲနေမှာလားသိချင်မိသေးတယ် ကလေးရယ် ။

**********************

"သမီးလာထိုင်။ဘာစားမလဲ မေမေဘာလုပ်ပေးရမလဲ "

"ရပါတယ်မေမေ ရှိတာပဲစားတော့မယ် "

ထိုင်ခုံတွင်ထိုင်လိုက်သောသူမကို ဖေဖေကသေချာကြည့်ကာ

"သမီး အဆင်ပြေရဲ့လား "

မေမေထည့်ပေးသောထမင်းကြော်အား တစ်ဇွန်းခပ်စားလိုက်ပြီး

"အဆင်ပြေပါတယ် ဖေဖေ "

"စာမေးပွဲကအရေးကြီးတယ်နော် သမီး"

"သမီးသိပါတယ်ဖေဖေ သမီးသွားတော့မယ် "

"စားဦးလေသမီးရဲ့။ ကျောင်းကအစောကြီးရှိပါသေးတယ်"

"မစားချင်တော့ဘူးမေမေ သွားတော့မယ်"

"ဖေဖေလိုက်ပို့မယ်သမီး "

"ဟင့်အင်း စက်ဘီးနဲ့ပဲသွားမယ် "

"ရလို့လား "

"ရပါတယ်။ အဲ့ဒါဆိုသမီးသွားတော့မယ်နော် ဖေဖေနဲ့မေမေ "

လွယ်အိတ်ယူကာ သူမထွက်လာခဲ့လိုက်သည် ။
အရင်လို သူမလွယ်အိတ်ကလေးလွယ်ကာ ရှေ့ကနေစက်ဘီးနင်းမည့်သူလေးမှ မရှိတော့ပေပဲ ။
ရင်ထဲမှာဟာနေပေမယ့် ကျောင်းရောက်အောင်သာလာခဲ့မိသည် ။

*********************

"စကားခဏလောက်ပြောလို့ရမလား မမမြတ်ယွန်းလင်းငယ် "

သူမနှင့်ဦး ထမင်းစားနေကျထင်းရှူးပင်အောက်သို့ ကောင်းနှင့်အတူထိုင်နေစဉ် ရောက်လာသောဦးသူငယ်ချင်းနှစ်ယောက်ကြောင့် မြတ်ယွန်းစိတ်ညစ်သွားမိသည် ။

"ရော့....... "

ဘူးလေးတစ်ဘူးလှမ်းပေးလာသော ထက်လွန်းသူအား မြတ်ယွန်းနားမလည်သလိုကြည့်နေမိသည်။

"ကြောင်ကြည့်မနေပါနဲ့မမမြတ်ယွန်းလင်းငယ်။ဖွင့်ကြည့်လိုက်ပါ "

လေးထောင့်ဗူးလေးအား ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်က အနက်ရောင် G-shock နာရီလေးနှစ်လုံးနှင့် စာရွက်ခေါက်လေးတစ်ခု။စာရွက်ခေါက်လေးအားထုတ်ယူ၍ ဘူးလေးကိုမြေပြင်ပေါ်ချထားလိုက်သည် ။
စာရွက်ဖြူဖြူလေးပေါ်အလှဆင်ထားတာက ဦးရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေ ။

ထက်လွန်းနဲ့လရိပ်

ငါ့အချစ်ဆုံးသူငယ်ချင်းလေးတွေ။
နင်တို့နဲ့အတူတူရှိနေမပေးနိုင်ခဲ့လို့ ငါတောင်းပန်ပါတယ်။ငါ့ကိုစိတ်မဆိုးပါနဲ့နော်။ အတူတူမရှိရပေမဲ့လည်း အတူတူကြိုးစားကြမယ်လေ။ ငါတို့တက္ကသိုလ်အတူတူတက်လို့ရတာပဲ။ ငါသိပါတယ် နင်တို့ကိုနှုတ်မဆက်ဘဲငါထွက်သွားမိလို့ စိတ်ဆိုးနေကြမယ်ဆိုတာကို။ ငါ့မှာနှုတ်ဆက်ချိန်တောင်မရှိဘူးဟ...။ ပြီးတော့လေ ငါထွက်သွားလို့ကတိမတည်ဘူးမထင်နဲ့နော်။ ငါကတိတည်ပါတယ်။ ငါရှုံးရင်ဝယ်ပေးရမယ့်နာရီလေးတွေ ငါဝယ်ပေးခဲ့တယ်။ နင်တို့မငိုကြနဲ့နော်။ ငါသေရွာသွားတာမဟုတ်ဘူး။ ကိုယ့်ကိုကိုယ်လည်းအပြစ်တင်မနေကြနဲ့။ ငါသွားတာက နင်တို့နဲ့လုပ်ထားတဲ့အလောင်းအစားကြောင့်မဟုတ်ဘူး။ ငါထွက်သွားမှဖြစ်မှာမို့လို့။ ပြန်တွေ့ကြမယ်အချစ်ဆုံးလေးနှစ်ယောက် ငါ့ကိုမေ့မသွားပါနဲ့ ။

နင်တို့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေး
သော်ဝတီဦး

မြတ်ယွန်း စာရွက်လေးအားခေါက်၍ဘူးထဲပြန်ထည့်လိုက်ပြီး ထက်လွန်းသူအားပေးလိုက်သည်။ထို့နောက် ထိုင်ရာမှထလိုက်ကာ

"သူပေးတဲ့စာကိုလာပြတယ်ဆိုတာ ဘာပြောချင်လို့လဲ "

အေးစက်စက်အသွင်ဖြင့် ထိုင်ရာမှထကာ ဖုန်ခါနေသောမြတ်ယွန်းအား သူမတို့အံသြစွာကြည့်နေမိသည်။

"မထင်ထားဘူးမမယွန်းရယ်။
သော်လေးကလေ မမယွန်းကသူ့ကိုချစ်တယ်ဆိုတာ ယုံတယ်လို့ပြောလို့ ညီမလေးတို့ကအလောင်းအစားလုပ်ခိုင်းလိုက်တာ။ဒါပေမယ့် အပျော်သဘောလုပ်မိတဲ့ကိစ္စလေးကအခုလောက်ကြီးထိတောင်ဖြစ်သွားရတာ သော်လေးကိုအရမ်းသနားတာပဲ "

"မင်းဘာတွေပြောနေတာလဲဆိုတာ အစ်မနားမလည်ဘူးထက်လွန်းသူ "

"မမယွန်းကို စာတွေပန်းတွေပေးတာက ညီမတို့နဲ့အလောင်းအစားလုပ်ပြီးပေးတာ။ မမယွန်းကသူ့ကိုချစ်တယ်ဆိုရင် သူပေးတာသိလည်း စိတ်မဆိုးဘူးဆိုတဲ့ယုံကြည်ချက်နဲ့ သူစိန်ခေါ်ခဲ့တာ။နောက်ဆုံးတော့သူသိသွားပါတယ်။ မမယွန်းက သူ့အပေါ်မှာအရမ်းရက်စက်တတ်တယ်ဆိုတာကို "

"မင်းစကားတွေက တို့သူငယ်ချင်းအပေါ်တစ်ဖက်သတ်စွပ်စွဲသလိုဖြစ်မနေဘူးလားကလေးမ "

မြတ်ယွန်းမေကောင်းဆက်အားခေါင်းခါပြလိုက်ကာ

"ငါဘာမှမဖြစ်ပါဘူးကောင်းရယ်။ သူတို့မြင်တာသူတို့ပြောပါစေ "

မြတ်ယွန်း ထိုကလေးတွေအားကြည့်လိုက်ကာ

"ငါ့သဘောထားကိုလည်းမင်းတို့မြင်ခဲ့ပြီးပြီပဲလေ။ အခုဒီစာကိုပြပြီး ဘာဖြစ်ချင်တာလဲ "

"သော်လေးဘယ်သွားတာလဲ ။ မနက်က ဒီဘူးကိုသူ့အဖေဝင်ပေးသွားတာ သူပါမလာဘူး။ အဲ့ဒါ မမယွန်းသိတယ်မလား။ သော်လေးဘယ်မှာလဲ "

မြတ်ယွန်း အသံထွက်အောင်ပင်အော်ရယ်လိုက်ပြီး

"ဟားဟားဟား.....ဒုက္ခပါပဲကွာ။ ငါလည်းအခုထက်ထိကို သော်ဝတီဦးနဲ့မလွတ်ကင်းနိုင်သေးပါလား။ သူဘယ်မှာလဲဆိုတာ ငါကဘယ်လိုလုပ်သိမှာလဲ။ သူ့ကိုလိုက်ကြည့်နေတာလည်းမဟုတ်။သူ့ကိစ္စတွေကို လိုက်ပြီးစုံစမ်းနေတဲ့သူလည်းမဟုတ်ဘူးလေ။သိချင်ရင်သူ့အိမ်သွားမေးကြပေါ့ "

"တော်ပြီထက်လွန်း ဆက်မမေးနဲ့တော့။ ဒီလိုလူမျိုးနဲ့ငါဆက်မပြောချင်တော့ဘူး။ ဒါပေမယ့်လေ တစ်ခုတော့ပြောခဲ့ချင်သေးတယ်မမမြတ်ယွန်းလင်းငယ် ။ သော်လေးကအရမ်းတုံးအတာပဲ။ သူ့အပေါ်တစ်စက်ကလေးမှဂရုမစိုက်တဲ့သူကို မျက်နှာတစ်ချက်အညှိုးမခံဘဲ ခိုင်းသမျှအကုန်လုပ်ပေးခဲ့တာ။သူ့ကိုအရမ်းသနားတာပဲ ။ ဒီပုံစံအတိုင်းပဲဆက်နေပါ။ သူနဲ့ပြန်တွေ့ရင်လည်း ဒီလိုပဲမောက်မာနေနိုင်ပါစေ။ သွားမယ် ထက်လွန်း "

ထက်လွန်းသူလက်အားဆွဲကာ ထွက်သွားသောလရိပ်သာအား သူမဝေဝါးစွာမြင်နေရသောကြောင့် ပါးကိုစမ်းလိုက်မိတော့မကုန်နိုင်သောမျက်ရည်များကကျနေပြန်သည်။

"ငါထပ်ငိုနေမိပြန်ပြီ ကောင်းရယ် "

"နင်ခံစားနေရတာကို ကလေးတွေသိအောင်ပြောလိုက်ရင်ဖြစ်တာပဲကို ဘာလို့မပြောလိုက်တာလဲ ယွန်း။ အခုတော့နင့်ကိုမုန်းသွားကြတော့မှာ "

"ငါ့ကို ဘယ်သူမှပျော့ညံတယ်လို့မထင်စေချင်တော့ဘူး။နင်နားလည်ပေးရင်ကိုလုံလောက်နေပါပြီကောင်းရယ် "

သူမသူငယ်ချင်း မည်မျှအစွဲလမ်းကြီးသည်ဆိုတာမေကောင်းဆက်သိပါသည်။ ထိုကလေးမလေးကိုပဲ အချိန်နှင့်အမျှစောင့်နေဦးမယ်ဆိုတာကိုလည်း သူမသိသေးသည်။

*****************

ရန်ကုန်ရောက်သည်နှင့် ဘွားဘွားအလိုအတိုင်း သူမအားလုံးနှင့်အဆက်သွယ်ဖြတ်ခဲ့သည်။ တောင်ကြီးမြို့ဆိုတာကိုလည်းမေ့ထားသည်။ အချိန်ပြည့်ကျောင်းစာဖြင့်သာအချိန်ကုန်စေသည် ။

တစ်ခါတလေ၊ဟင့်အင်းတစ်ခါတလေမဟုတ်ပါဘူး အမြဲတမ်းပေါ့။ မေ့မရမှန်းသိပေမယ့်၊နှစ်ယောက်တွဲဓာတ်ပုံလေးကို ကြည့်နေမိပေမယ့်၊မရှိတော့သည့်လူတစ်ယောက်လို သဘောထားနေပေမယ့် အချိန်ပြည့်သတိရမိနေသောသူမကို နာကျင်စရာအတိတ်များဖြင့် ကြိုးစားကာမေ့ဖျောက်နေရသည်။

ချမ်းသာသောအသိုင်းအဝိုင်းဖြစ်ပေမယ့် မိသားစုနွေးထွေးမှုကို အလေးထားသော ဘွားဘွားကြောင့် ရောက်တာတစ်ပတ်ပင်မပြည့်သေးသော်လည်း အိမ်မှာရှိသမျှလူအားလုံးနှင့် သဟဇာတဖြစ်နေရပြီ။
သားသမီးသုံးယောက်ထဲမှာ ဖေဖေနှင့်တီတီကြီး နှစ်ဦးသာအိမ်ထောင်ကျသောကြောင့် ဘွားဘွားမှာမြေးနှစ်ယောက်ပင်ရှိသည်။
သူမ မမြင်ဖူးသည့် တီတီကြီး၏သားဖြစ်သူမှာ မြန်မာပြည်တွင်မရှိ။ စင်္ကာပူမှာလုပ်ငန်းချဲ့ထွင်နေသည်။ လိုတာမှန်သမျှမျက်နှာအညှိုးမခံဘဲ ဖြည့်ဆည်းပေးနေသောဘွားဘွားအား သူမအားနာမိရ၏။
ဘွားဘွားပြောနေကျစကားတစ်ခွန်းကတော့ အတိတ်တွေကိုသင်ခန်းစာယူပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံးထုဆစ်ပါ တဲ့ ။
အခုအချိန်မှာ သူမလက်ရှိအချိန်ကို အကောင်းဆုံးကြိုးစားထုဆစ်နေမိသည်။

*******************

သော်လေးစာမေးပွဲဖြေပြီးချိန် ဖေဖေနှင့်မေမေရန်ကုန်လိုက်လာပြီး အိမ်ပြန်ရန်လာခေါ်သော်လည်း....သူမပြန်မလိုက်ခဲ့။ မေမေက ထိုအမျိုးသမီးအကြောင်းပြောဖို့ရာစကားစသော်လည်း သူမရှောင်ထွက်နေမိသည်။ အလုံးစုံမေ့ဖျောက်ထားချင်သောကြောင့် ဘွားဘွားတို့နှင့်ပဲအတူတူနေကာ တောင်ကြီးကိုခြေဦးတောင်မလှည့်ခဲ့ ။
ထိုအမျိုးသမီး၏အကြောင်းများကိုတော့ မေမေတို့က မသိမသာတစ်မျိုး၊သိသိသာသာတစ်မျိုးဖြင့် သူမအားပြောပြကြသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးခု အမှတ်ပေါင်း ၄၈၀ကျော်နှင့်အောင်မြင်သည်တဲ့။အမှန်တကယ်ပင် ဂုဏ်ယူပါသည်။တက်လမ်းပိတ်တဲ့သူမရှိသောကြောင့် ထူးချွန်စွာဖြေဆိုနိုင်ခဲ့သည်ထင်၏ ။
ယခုဆိုလျင် သူမလည်းဘွားဘွား၏အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်းဖြေရန်အတွက် စတင်ကြိုးစားနေရပြီ။ ယခင်က စာကျက်ရမှာပျင်းသည့်သော်ဝတီဦးမဟုတ်ဘဲ ထိုအမျိုးသမီးထက်သာချင်သည့်သော်ဝတီဦးအဖြစ်နဲ့ပေါ့ ။

******************

စာမေးပွဲဖြေပြီးသွားခဲ့ပြီ။သူပြန်လာမလားလို့မျှော်လင့်မိခဲ့ပေမယ့် သူပြန်မလာခဲ့ဘူး။
မြတ်ယွန်းဆယ်တန်းအောင်စာရင်းထွက်တော့ အခန်းထဲကမထွက်ဘဲငိုမိသည်။ ဖေဖေနှင့်မေမေကတော့ ဂုဏ်ထူးနည်းလို့ငိုတယ်လို့ထင်ကြ၏။
မဟုတ်ခဲ့ဘူး။ အခုလိုအောင်မြင်မှုကိုရရှိချိန်မှာ အရင်လိုာဘေးနားလက်ခုပ်တီးကာပြုံးပျော်ပေးမယ့်သူ့ကိုာပြန်လိုချင်လွန်းလို့၊ ရူးလောက်အောင်ကိုတွေ့ချင်နေခဲ့လို့.......။

အန်တီနွယ်ကတော့ညသူ့အကြောင်းတွေပြောပြပါတယ်။ စာတွေကြိုးစားနေပြီတဲ့ ....။
မြင်ချင်တယ် ကလေးအရမ်းဉာဏ်ကောင်းတာ မြတ်ယွန်းသိပါတယ်။ ဖြစ်နိုင်မည်ဆိုလျင် သူမလေးကို Duty Coat အဖြူရောင်လေးနှင့် တွဲပြီးပြန်မြင်ချင်သည် ။
အမြင့်ဆုံးမရောက်ခဲ့လျင်လည်း သူမနှင့်တက္ကသိုလ်အတူတူတက်ချင်မိသေးသည် ။
မမဆန္ဒတွေ တစ်ခုလောက်တော့ပြည့်ဖူးချင်တယ်ကလေးရယ်.........
________________________
🔜🔜🔜🔜🔜
#Oo

________________________

Zawgi

ႏွလုံးသားကိုနာက်င္ေစတဲ့သူဆိုေပမယ့္
နာက်င္မႈေတြထပ္ေပးဖို႔ရာ
ျပန္လာေစခ်င္တယ္........

===========================

ကိုယ့္ကိုတင္းၾကပ္စြာဖက္အိပ္ေနေသာကေလးမေလးေၾကာင့္ ျမတ္ယြန္းၿပဳံးမိသည္။
မျဖစ္ေသးပါဘူး။ ေတာ္ၾကာသူမေလးေက်ာင္းေနာက္က်ေနလိမ့္မယ္ ။
သူမအားႏွိုးရန္ မ်က္လုံးဖြင့္လိုက္မိသည္ႏွင့္ေခတၱမွ်ေမ့ေဖ်ာက္ထားမိသည့္ လက္ေတြ႕အေျခေနကတျခားစီ။ သူမအိပ္ေနေသာကုတင္ေပၚမွာ ေခါင္းအုံးအလြတ္တစ္လုံးကလြဲၿပီးဘာမွမရွိ။ ေမွ်ာ္လင့္ခဲ့မိေသာ သူမေလးလည္းရွိမေနခဲ့ပါ။ လက္ထဲမွာတင္းၾကပ္စြာဆုပ္ကိုင္ထားသည့္အရာေလးအား ၾကည့္မိေတာ့ ဓာတ္ပုံေလး ။

ငါအၾကာႀကီးအိပ္လိုက္မိေပမဲ့ သူျပန္မလာခဲ့ဘူးပဲ.......။

ျမတ္ယြန္းျပန္အိပ္လ်င္ေကာင္းမလားစဥ္းစားမိသည္။ အိမ္မက္ထဲမွာေတာ့ေတြ႕ခြင့္ရွိေသးသည္ထင္၏ ။
သို႔ေပမယ့္လည္း နာက်င္မႈကိုဆက္ကာ လက္မခံခ်င္ေသာႏွလုံးသားေၾကာင့္ ဦးႏွောက္ကိုပင္ဆုံးျဖတ္ခိုင္းကာ သူမေက်ာင္းသြားရန္အတြက္ ျပင္ရေပလိမ့္မည္။
ေရခ်ိဳးခန္းထဲဝင္လိုက္သည္ႏွင့္ ရင္ထဲနင့္စြာဝဲတက္လာေသာမ်က္ရည္မ်ား ။

ဟင့္အင္း.....ဘာမွမျဖစ္ဘူးျမတ္ယြန္းလင္းငယ္။

"မမသြားတိုက္ေဆးထည့္ထားၿပီးၿပီေနာ္။ ဦးအခ်ိန္ဇယားထည့္လိုက္ေတာ့မယ္"

"ဟင္........"

ၾကားလိုက္မိေသာအသံစာစာေလးေၾကာင့္ ေရခ်ိဳးခန္းအျပင္ဘက္ေျပးထြက္ကာရွာမိေပမယ့္ သိလိုက္ရတဲ့အေျဖက သူမစိတ္ထင္ေနတာေၾကာင့္သာ ။
တစ္ဖန္ေရခ်ိဳးခန္းထဲျပန္ဝင္ကာ ၿပိဳလဲျပေနေသာကိုယ့္ကိုကိုယ္ မွန္ထဲၾကည့္လိုက္ၿပီး

"ဘာမွမျဖစ္ဘူး ဒါကအမွန္တရားပဲ။ နင္ရေအာင္ေက်ာ္ျဖတ္နိုင္ရမယ္ ျမတ္ယြန္းလင္းငယ္ "

မ်က္ဝန္းတို႔မွိတ္လိုက္မိျခင္းႏွင့္အတူ က်ဆင္းလာေသာမ်က္ရည္မ်ား

"ဟင့္အင္း အဆင္မေျပဘူး။အရင္လိုေက်ာင္းသြားဖို႔လာေခၚမဲ့နင္မရွိလို႔ ငါအဆင္မေျပဘူးေသာ္ဝတီဦးရယ္ "

အခုလိုငိုေႂကြးေနမိတဲ့မမကိုျမင္ရင္ေရာ ျပန္မလာဘဲေနမွာလားသိခ်င္မိေသးတယ္ ကေလးရယ္ ။

**********************

"သမီးလာထိုင္။ဘာစားမလဲ ေမေမဘာလုပ္ေပးရမလဲ "

"ရပါတယ္ေမေမ ရွိတာပဲစားေတာ့မယ္ "

ထိုင္ခုံတြင္ထိုင္လိုက္ေသာသူမကို ေဖေဖကေသခ်ာၾကည့္ကာ

"သမီး အဆင္ေျပရဲ႕လား "

ေမေမထည့္ေပးေသာထမင္းေၾကာ္အား တစ္ဇြန္းခပ္စားလိုက္ၿပီး

"အဆင္ေျပပါတယ္ ေဖေဖ "

"စာေမးပြဲကအေရးႀကီးတယ္ေနာ္ သမီး"

"သမီးသိပါတယ္ေဖေဖ သမီးသြားေတာ့မယ္ "

"စားဦးေလသမီးရဲ႕။ ေက်ာင္းကအေစာႀကီးရွိပါေသးတယ္"

"မစားခ်င္ေတာ့ဘူးေမေမ သြားေတာ့မယ္"

"ေဖေဖလိုက္ပို႔မယ္သမီး "

"ဟင့္အင္း စက္ဘီးနဲ႕ပဲသြားမယ္ "

"ရလို႔လား "

"ရပါတယ္။ အဲ့ဒါဆိုသမီးသြားေတာ့မယ္ေနာ္ ေဖေဖနဲ႕ေမေမ "

လြယ္အိတ္ယူကာ သူမထြက္လာခဲ့လိုက္သည္ ။
အရင္လို သူမလြယ္အိတ္ကေလးလြယ္ကာ ေရွ႕ကေနစက္ဘီးနင္းမည့္သူေလးမွ မရွိေတာ့ေပပဲ ။
ရင္ထဲမွာဟာေနေပမယ့္ ေက်ာင္းေရာက္ေအာင္သာလာခဲ့မိသည္ ။

*********************

"စကားခဏေလာက္ေျပာလို႔ရမလား မမျမတ္ယြန္းလင္းငယ္ "

သူမႏွင့္ဦး ထမင္းစားေနက်ထင္းရႉးပင္ေအာက္သို႔ ေကာင္းႏွင့္အတူထိုင္ေနစဥ္ ေရာက္လာေသာဦးသူငယ္ခ်င္းႏွစ္ေယာက္ေၾကာင့္ ျမတ္ယြန္းစိတ္ညစ္သြားမိသည္ ။

"ေရာ့....... "

ဘူးေလးတစ္ဘူးလွမ္းေပးလာေသာ ထက္လြန္းသူအား ျမတ္ယြန္းနားမလည္သလိုၾကည့္ေနမိသည္။

"ေၾကာင္ၾကည့္မေနပါနဲ႕မမျမတ္ယြန္းလင္းငယ္။ဖြင့္ၾကည့္လိုက္ပါ "

ေလးေထာင့္ဗူးေလးအား ဖြင့္လိုက္သည္ႏွင့္ ျမင္လိုက္ရသည္က အနက္ေရာင္ G-shock နာရီေလးႏွစ္လုံးႏွင့္ စာ႐ြက္ေခါက္ေလးတစ္ခု။စာ႐ြက္ေခါက္ေလးအားထုတ္ယူ၍ ဘူးေလးကိုေျမျပင္ေပၚခ်ထားလိုက္သည္ ။
စာ႐ြက္ျဖဴျဖဴေလးေပၚအလွဆင္ထားတာက ဦးရဲ႕လက္ေရးဝိုင္းဝိုင္းေလးေတြ ။

ထက္လြန္းနဲ႕လရိပ္

ငါ့အခ်စ္ဆုံးသူငယ္ခ်င္းေလးေတြ။
နင္တို႔နဲ႕အတူတူရွိေနမေပးနိုင္ခဲ့လို႔ ငါေတာင္းပန္ပါတယ္။ငါ့ကိုစိတ္မဆိုးပါနဲ႕ေနာ္။ အတူတူမရွိရေပမဲ့လည္း အတူတူႀကိဳးစားၾကမယ္ေလ။ ငါတို႔တကၠသိုလ္အတူတူတက္လို႔ရတာပဲ။ ငါသိပါတယ္ နင္တို႔ကိုႏႈတ္မဆက္ဘဲငါထြက္သြားမိလို႔ စိတ္ဆိုးေနၾကမယ္ဆိုတာကို။ ငါ့မွာႏႈတ္ဆက္ခ်ိန္ေတာင္မရွိဘူးဟ...။ ၿပီးေတာ့ေလ ငါထြက္သြားလို႔ကတိမတည္ဘူးမထင္နဲ႕ေနာ္။ ငါကတိတည္ပါတယ္။ ငါရႈံးရင္ဝယ္ေပးရမယ့္နာရီေလးေတြ ငါဝယ္ေပးခဲ့တယ္။ နင္တို႔မငိုၾကနဲ႕ေနာ္။ ငါေသ႐ြာသြားတာမဟုတ္ဘူး။ ကိုယ့္ကိုကိုယ္လည္းအျပစ္တင္မေနၾကနဲ႕။ ငါသြားတာက နင္တို႔နဲ႕လုပ္ထားတဲ့အေလာင္းအစားေၾကာင့္မဟုတ္ဘူး။ ငါထြက္သြားမွျဖစ္မွာမို႔လို႔။ ျပန္ေတြ႕ၾကမယ္အခ်စ္ဆုံးေလးႏွစ္ေယာက္ ငါ့ကိုေမ့မသြားပါနဲ႕ ။

နင္တို႔ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းေလး
ေသာ္ဝတီဦး

ျမတ္ယြန္း စာ႐ြက္ေလးအားေခါက္၍ဘူးထဲျပန္ထည့္လိုက္ၿပီး ထက္လြန္းသူအားေပးလိုက္သည္။ထို႔ေနာက္ ထိုင္ရာမွထလိုက္ကာ

"သူေပးတဲ့စာကိုလာျပတယ္ဆိုတာ ဘာေျပာခ်င္လို႔လဲ "

ေအးစက္စက္အသြင္ျဖင့္ ထိုင္ရာမွထကာ ဖုန္ခါေနေသာျမတ္ယြန္းအား သူမတို႔အံၾသစြာၾကည့္ေနမိသည္။

"မထင္ထားဘူးမမယြန္းရယ္။
ေသာ္ေလးကေလ မမယြန္းကသူ႕ကိုခ်စ္တယ္ဆိုတာ ယုံတယ္လို႔ေျပာလို႔ ညီမေလးတို႔ကအေလာင္းအစားလုပ္ခိုင္းလိုက္တာ။ဒါေပမယ့္ အေပ်ာ္သေဘာလုပ္မိတဲ့ကိစၥေလးကအခုေလာက္ႀကီးထိေတာင္ျဖစ္သြားရတာ ေသာ္ေလးကိုအရမ္းသနားတာပဲ "

"မင္းဘာေတြေျပာေနတာလဲဆိုတာ အစ္မနားမလည္ဘူးထက္လြန္းသူ "

"မမယြန္းကို စာေတြပန္းေတြေပးတာက ညီမတို႔နဲ႕အေလာင္းအစားလုပ္ၿပီးေပးတာ။ မမယြန္းကသူ႕ကိုခ်စ္တယ္ဆိုရင္ သူေပးတာသိလည္း စိတ္မဆိုးဘူးဆိုတဲ့ယုံၾကည္ခ်က္နဲ႕ သူစိန္ေခၚခဲ့တာ။ေနာက္ဆုံးေတာ့သူသိသြားပါတယ္။ မမယြန္းက သူ႕အေပၚမွာအရမ္းရက္စက္တတ္တယ္ဆိုတာကို "

"မင္းစကားေတြက တို႔သူငယ္ခ်င္းအေပၚတစ္ဖက္သတ္စြပ္စြဲသလိုျဖစ္မေနဘူးလားကေလးမ "

ျမတ္ယြန္းေမေကာင္းဆက္အားေခါင္းခါျပလိုက္ကာ

"ငါဘာမွမျဖစ္ပါဘူးေကာင္းရယ္။ သူတို႔ျမင္တာသူတို႔ေျပာပါေစ "

ျမတ္ယြန္း ထိုကေလးေတြအားၾကည့္လိုက္ကာ

"ငါ့သေဘာထားကိုလည္းမင္းတို႔ျမင္ခဲ့ၿပီးၿပီပဲေလ။ အခုဒီစာကိုျပၿပီး ဘာျဖစ္ခ်င္တာလဲ "

"ေသာ္ေလးဘယ္သြားတာလဲ ။ မနက္က ဒီဘူးကိုသူ႕အေဖဝင္ေပးသြားတာ သူပါမလာဘူး။ အဲ့ဒါ မမယြန္းသိတယ္မလား။ ေသာ္ေလးဘယ္မွာလဲ "

ျမတ္ယြန္း အသံထြက္ေအာင္ပင္ေအာ္ရယ္လိုက္ၿပီး

"ဟားဟားဟား.....ဒုကၡပါပဲကြာ။ ငါလည္းအခုထက္ထိကို ေသာ္ဝတီဦးနဲ႕မလြတ္ကင္းနိုင္ေသးပါလား။ သူဘယ္မွာလဲဆိုတာ ငါကဘယ္လိုလုပ္သိမွာလဲ။ သူ႕ကိုလိုက္ၾကည့္ေနတာလည္းမဟုတ္။သူ႕ကိစၥေတြကို လိုက္ၿပီးစုံစမ္းေနတဲ့သူလည္းမဟုတ္ဘူးေလ။သိခ်င္ရင္သူ႕အိမ္သြားေမးၾကေပါ့ "

"ေတာ္ၿပီထက္လြန္း ဆက္မေမးနဲ႕ေတာ့။ ဒီလိုလူမ်ိဳးနဲ႕ငါဆက္မေျပာခ်င္ေတာ့ဘူး။ ဒါေပမယ့္ေလ တစ္ခုေတာ့ေျပာခဲ့ခ်င္ေသးတယ္မမျမတ္ယြန္းလင္းငယ္ ။ ေသာ္ေလးကအရမ္းတုံးအတာပဲ။ သူ႕အေပၚတစ္စက္ကေလးမွဂ႐ုမစိုက္တဲ့သူကို မ်က္ႏွာတစ္ခ်က္အညွိုးမခံဘဲ ခိုင္းသမွ်အကုန္လုပ္ေပးခဲ့တာ။သူ႕ကိုအရမ္းသနားတာပဲ ။ ဒီပုံစံအတိုင္းပဲဆက္ေနပါ။ သူနဲ႕ျပန္ေတြ႕ရင္လည္း ဒီလိုပဲေမာက္မာေနနိုင္ပါေစ။ သြားမယ္ ထက္လြန္း "

ထက္လြန္းသူလက္အားဆြဲကာ ထြက္သြားေသာလရိပ္သာအား သူမေဝဝါးစြာျမင္ေနရေသာေၾကာင့္ ပါးကိုစမ္းလိုက္မိေတာ့မကုန္နိုင္ေသာမ်က္ရည္မ်ားကက်ေနျပန္သည္။

"ငါထပ္ငိုေနမိျပန္ၿပီ ေကာင္းရယ္ "

"နင္ခံစားေနရတာကို ကေလးေတြသိေအာင္ေျပာလိုက္ရင္ျဖစ္တာပဲကို ဘာလို႔မေျပာလိုက္တာလဲ ယြန္း။ အခုေတာ့နင့္ကိုမုန္းသြားၾကေတာ့မွာ "

"ငါ့ကို ဘယ္သူမွေပ်ာ့ညံတယ္လို႔မထင္ေစခ်င္ေတာ့ဘူး။နင္နားလည္ေပးရင္ကိုလုံေလာက္ေနပါၿပီေကာင္းရယ္ "

သူမသူငယ္ခ်င္း မည္မွ်အစြဲလမ္းႀကီးသည္ဆိုတာေမေကာင္းဆက္သိပါသည္။ ထိုကေလးမေလးကိုပဲ အခ်ိန္ႏွင့္အမွ်ေစာင့္ေနဦးမယ္ဆိုတာကိုလည္း သူမသိေသးသည္။

*****************

ရန္ကုန္ေရာက္သည္ႏွင့္ ဘြားဘြားအလိုအတိုင္း သူမအားလုံးႏွင့္အဆက္သြယ္ျဖတ္ခဲ့သည္။ ေတာင္ႀကီးၿမိဳ႕ဆိုတာကိုလည္းေမ့ထားသည္။ အခ်ိန္ျပည့္ေက်ာင္းစာျဖင့္သာအခ်ိန္ကုန္ေစသည္ ။

တစ္ခါတေလ၊ဟင့္အင္းတစ္ခါတေလမဟုတ္ပါဘူး အၿမဲတမ္းေပါ့။ ေမ့မရမွန္းသိေပမယ့္၊ႏွစ္ေယာက္တြဲဓာတ္ပုံေလးကို ၾကည့္ေနမိေပမယ့္၊မရွိေတာ့သည့္လူတစ္ေယာက္လို သေဘာထားေနေပမယ့္ အခ်ိန္ျပည့္သတိရမိေနေသာသူမကို နာက်င္စရာအတိတ္မ်ားျဖင့္ ႀကိဳးစားကာေမ့ေဖ်ာက္ေနရသည္။

ခ်မ္းသာေသာအသိုင္းအဝိုင္းျဖစ္ေပမယ့္ မိသားစုႏြေးေထြးမႈကို အေလးထားေသာ ဘြားဘြားေၾကာင့္ ေရာက္တာတစ္ပတ္ပင္မျပည့္ေသးေသာ္လည္း အိမ္မွာရွိသမွ်လူအားလုံးႏွင့္ သဟဇာတျဖစ္ေနရၿပီ။
သားသမီးသုံးေယာက္ထဲမွာ ေဖေဖႏွင့္တီတီႀကီး ႏွစ္ဦးသာအိမ္ေထာင္က်ေသာေၾကာင့္ ဘြားဘြားမွာေျမးႏွစ္ေယာက္ပင္ရွိသည္။
သူမ မျမင္ဖူးသည့္ တီတီႀကီး၏သားျဖစ္သူမွာ ျမန္မာျပည္တြင္မရွိ။ စကၤာပူမွာလုပ္ငန္းခ်ဲ့ထြင္ေနသည္။ လိုတာမွန္သမွ်မ်က္ႏွာအညွိုးမခံဘဲ ျဖည့္ဆည္းေပးေနေသာဘြားဘြားအား သူမအားနာမိရ၏။
ဘြားဘြားေျပာေနက်စကားတစ္ခြန္းကေတာ့ အတိတ္ေတြကိုသင္ခန္းစာယူၿပီး ပစၥဳပၸန္မွာ အေကာင္းဆုံးထုဆစ္ပါ တဲ့ ။
အခုအခ်ိန္မွာ သူမလက္ရွိအခ်ိန္ကို အေကာင္းဆုံးႀကိဳးစားထုဆစ္ေနမိသည္။

*******************

ေသာ္ေလးစာေမးပြဲေျဖၿပီးခ်ိန္ ေဖေဖႏွင့္ေမေမရန္ကုန္လိုက္လာၿပီး အိမ္ျပန္ရန္လာေခၚေသာ္လည္း....သူမျပန္မလိုက္ခဲ့။ ေမေမက ထိုအမ်ိဳးသမီးအေၾကာင္းေျပာဖို႔ရာစကားစေသာ္လည္း သူမေရွာင္ထြက္ေနမိသည္။ အလုံးစုံေမ့ေဖ်ာက္ထားခ်င္ေသာေၾကာင့္ ဘြားဘြားတို႔ႏွင့္ပဲအတူတူေနကာ ေတာင္ႀကီးကိုေျခဦးေတာင္မလွည့္ခဲ့ ။
ထိုအမ်ိဳးသမီး၏အေၾကာင္းမ်ားကိုေတာ့ ေမေမတို႔က မသိမသာတစ္မ်ိဳး၊သိသိသာသာတစ္မ်ိဳးျဖင့္ သူမအားေျပာျပၾကသည္။
တကၠသိုလ္ဝင္တန္းစာေမးပြဲကို ဂုဏ္ထူးသုံးခု အမွတ္ေပါင္း ၄၈၀ေက်ာ္ႏွင့္ေအာင္ျမင္သည္တဲ့။အမွန္တကယ္ပင္ ဂုဏ္ယူပါသည္။တက္လမ္းပိတ္တဲ့သူမရွိေသာေၾကာင့္ ထူးခြၽန္စြာေျဖဆိုနိုင္ခဲ့သည္ထင္၏ ။
ယခုဆိုလ်င္ သူမလည္းဘြားဘြား၏အစီအစဥ္ျဖင့္ တကၠသိုလ္ဝင္တန္းေျဖရန္အတြက္ စတင္ႀကိဳးစားေနရၿပီ။ ယခင္က စာက်က္ရမွာပ်င္းသည့္ေသာ္ဝတီဦးမဟုတ္ဘဲ ထိုအမ်ိဳးသမီးထက္သာခ်င္သည့္ေသာ္ဝတီဦးအျဖစ္နဲ႕ေပါ့ ။

******************

စာေမးပြဲေျဖၿပီးသြားခဲ့ၿပီ။သူျပန္လာမလားလို႔ေမွ်ာ္လင့္မိခဲ့ေပမယ့္ သူျပန္မလာခဲ့ဘူး။
ျမတ္ယြန္းဆယ္တန္းေအာင္စာရင္းထြက္ေတာ့ အခန္းထဲကမထြက္ဘဲငိုမိသည္။ ေဖေဖႏွင့္ေမေမကေတာ့ ဂုဏ္ထူးနည္းလို႔ငိုတယ္လို႔ထင္ၾက၏။
မဟုတ္ခဲ့ဘူး။ အခုလိုေအာင္ျမင္မႈကိုရရွိခ်ိန္မွာ အရင္လိုာေဘးနားလက္ခုပ္တီးကာၿပဳံးေပ်ာ္ေပးမယ့္သူ႕ကိုာျပန္လိုခ်င္လြန္းလို႔၊ ႐ူးေလာက္ေအာင္ကိုေတြ႕ခ်င္ေနခဲ့လို႔.......။

အန္တီႏြယ္ကေတာ့ညသူ႕အေၾကာင္းေတြေျပာျပပါတယ္။ စာေတြႀကိဳးစားေနၿပီတဲ့ ....။
ျမင္ခ်င္တယ္ ကေလးအရမ္းဉာဏ္ေကာင္းတာ ျမတ္ယြန္းသိပါတယ္။ ျဖစ္နိုင္မည္ဆိုလ်င္ သူမေလးကို Duty Coat အျဖဴေရာင္ေလးႏွင့္ တြဲၿပီးျပန္ျမင္ခ်င္သည္ ။
အျမင့္ဆုံးမေရာက္ခဲ့လ်င္လည္း သူမႏွင့္တကၠသိုလ္အတူတူတက္ခ်င္မိေသးသည္ ။
မမဆႏၵေတြ တစ္ခုေလာက္ေတာ့ျပည့္ဖူးခ်င္တယ္ကေလးရယ္.........
________________________
🔜🔜🔜🔜🔜
#Oo

________________________

Continue Reading

You'll Also Like

13.4K 1K 13
" အစ်မတော်ပြန်လာခဲ့မယ်နော် ခင်ဦး" " အစ္မေတာ္ ျပန္လာခဲ့မယ္ေနာ္ ခင္ဦး "
230K 25.7K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
152K 9.3K 32
မှူးကို လှည့်စားဖို့ မကြိုးစားနဲ့ မောင် နောင်တအကြီးကြီးရစေရမယ် မႉးကို လွည့္စားဖို႔ မႀကိဳးစားနဲ႕ ေမာင္ ေနာင္တအႀကီးႀကီးရေစရမယ္