Gladioli

By 333wainaing333

71.5K 2.9K 195

No Description Here... BOY × GIRL Myanmar Fiction Own creation Start - 14.03.2020 End - 15.09.2020 More

Beginning - 1
Missing - 2
Searching - 3
Seeking - 4
Calling - 6
Prank'ing' - 7
Confession - 8
Dye With Me - 9
Loving - 10
Problem? - 11
Differences - 12
What's wrong? - 13
Can You Trust me - 14
So, it's me again? - 15
You're Mine - 16
Talking Of - 17
Burning or Freezing - 18
Unmanageable Day - 19
Synchronize - 20
Gloomy - 21
Breeze - 22
Glittering - 23
Three Times A Week - 24
I'm Yours - 25
Jaunt - 26
Zoom Out - 27
Be In Love - 28
Now Or Never - 29
My Home - 30
Me and My Girl - 31
Finale - 32
1st Anniversary
Extra - 1
Extra - 2
Extra - 4
Extra - 5
About New Fiction
Extra - 6

Again - 5

1.6K 81 5
By 333wainaing333

Recommend Song
GOT7 - Confession Song

Unicode

အခုမှ ရေချိုးပြီးကာစ ‌ရေစိုနေတဲ့ခေါင်းကို လက်တဖက်က တဘတ်နဲ့ ခပ်ဖွဖွသုတ်ရင်း ကျန်တဲ့တဖက်က အိပ်ရာပေါ်ဒီအတိုင်းပစ်တင်ထားတဲ့ ဖုန်းကို ကောက်ကိုင်မိသည်။

စိတ်မချလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက်၊ နေ့၊ ညမရွေး ဖုန်းလှမ်းဆက်ပြီး အတန်းရှိလို့ ဖုန်းမကိုင်မိရင်ကို အခုချက်ချင်းပဲ လေယာဉ်လက်မှတ်ဖြတ် လိုက်လာမည့် အိမ်ကလူတွေကြောင့်
ဖုန်းနဲ့လူနဲ့ ဝေးနေလို့မရ။

" ဟဲလို မေမေ... "

" ဘာလို့ ဖုန်းမကိုင်လဲ.. ပြန်မရောက်သေးဘူးလား... "

" ရေချိုးနေလို့ပါ မေမေရာ... "

" ဟဲ့.. အဲ့မှာ ညဆယ့်တနာရီခွဲနေပြီ.. ရူးနေတာလား သေချင်တာလား.. အိမ်ပြန်မလာချင်ဘူးလား ဟမ်..."

" ဟာ မေမေရာ... ညဆယ့်တနာရီခွဲပြီဆိုတာ သိရင်လဲ ဒါပဲဗျာ.. အိပ်ချင်ပြီ ဒါပဲနော်.. ဖုန်းချလိုက်ပြီ မေမေရေ... "

မေမေက ဂရုစိုက်အောင် အိမ်မှာမနေတာပဲ ကောင်းမလား စိတ်ကူးမိသည်။ အခုဆို ငါ့သားက အဝေးမှာ အဆင်ပြေရဲ့လားမသိဘူးဆိုပြီး သည်းသည်းလှုပ်ခံနေရတာ။

Singaporeရောက်တာ နှစ်လကျော်ပြီ။
Merlionလဲမရောက်သေးသလို Universal studioလဲမရောက်သေးဘူး။ China Town နဲ့ Orchardလမ်းမတွေထက်လဲ ခြေမချရသေးဘူး။

ဘာဖြစ်လို့လဲဆိုတော့ မပိုင်ဆိုင်ရသေးတဲ့ တယောက်ကို စိတ်တိုနေရလို့။

သူ Singaporeကိုရောက်ပြီး နောက်ရက်မှာ သူမက Active nowပြန်ဖြစ်ပါသည်။

ပျောက်နေရတဲ့အကြောင်းက ခရီးအရှည်ကြီး ထွက်နေလို့ဖြစ်သည်။

ပြန်ရောက်တော့လဲ သူ့သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေလိုက်တာ သူရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကျ မတင်ဘူး။ သူများရိုက်ပေးထားတဲ့ ပုံတွေကျ တင်တယ်။

သူ(မ)ကသာ ဟိုသွားလိုက်ဒီလာလိုက်နဲ့ သူ့မှာတော့ ဘယ်မှမသွားနိုင်။

ရူးမတက် ပိုင်ဆိုင်ချင်ပေမဲ့ မင်းက တချက်မှ လှည့်မကြည့်တော့ အခက်သား။

.

ရာသီဥတုသာယာတဲ့ ညနေခင်းလေး
Marina Bayဘက်ကို သွားမယ်
ဓာတ်ပုံရိုက်မယ်။

All Blackရယ် White Sneakerနဲ့ မှန်ထဲက သူ့ကိုသူ စိတ်တိုင်းကျမိသည်။ ကင်မရာတလုံးနဲ့ ဟိုဟိုဒီဒီ ဓာတ်ပုံရိုက်နေရင်းနဲ့ သူ(မ)နဲ့ တွေ့ခဲ့အချိန်ကို သတိရမိသေးသည်။

အင်း မင်းနဲ့ စတွေ့တော့လဲ ဒီလို လူစည်စည် ရှုခင်းလှလှလေးမှာပဲ... ။

ဖုန်းScreenထက်က သူ(မ)ကို ဖိကပ်နမ်းရှိုက်လိုက်၏။ Poseမပေးတက်ပါဘူးဆိုတဲ့ ကောင်မလေးဟာ အလှဆုံးပြုံးနေလေသည်။

" ဟေး တယောက်ထဲ ပြုံးနေတယ်.. ဘာတွေ စဉ်းစားနေတာလဲ... "

အသည်းငယ်တဲ့လူ မဟုတ်ပေမယ့်လဲ တကိုယ်လုံး တုန်ယင်သွားရသည်။ တကယ်ပဲ သူ(မ)လား။

တကယ်... တကယ်ရော ဟုတ်ရဲ့လား...။

တိုက်ဆိုင်ပါတယ်ဆိုတာတောင် တိုက်ဆိုင်တာ မဟုတ်လောက်ဘူး။ သူက အမဲဆိုတော့ သူမက အဖြူ။

အ‌ဖြူရောင်စကပ်က ဒူးအထက်မှာ။ ဖိနပ်ကလဲ အ‌ဖြူ၊ အပေါ်ထပ်အင်္ကျီကလဲ အဖြူ။ အဖြူရောင် သတို့သမီးလေး...။

" ဘာလဲ မမှတ်မိဘူးလား "

ကိုယ် မင်းကို လွမ်းနေတာ။
တကယ်လွမ်းနေတာ။

" တကယ်ကြီး မမှတ်မိဘူးလား.. အဲ့လောက် အကြာကြီး စဉ်းစားရတယ်ပေါ့ ဟုတ်လား... "

လက်ပိုက်ထားလိုက်ရင်း မကျေနပ်သလိုနဲ့ မျက်ခုံးတွေ တွန့်ချိုးပြီး ပြောလာ၏။

" မဟုတ်ပါဘူး ဖန်တီးထားတဲ့ တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ သတိသွားလို့... "

" ကျွန်မ ရှင်မှ ဟုတ်ရဲ့လားလို့ သေချာကြည့်နေတာ.. ဘယ်လိုလုပ် ဒီရောက်နေတာလဲ တယောက်ထဲလား... "

" မင်းကရော တယောက်ထဲလား.. အလည်လာတာလား... "

" အင်း အလည်ဆိုပါတော့.. သူငယ်ချင်းတွေနဲ့ စီစဉ်ထားပြီးသားကို သူတို့က မလိုက်ဖြစ်ကြတာနဲ့ တယောက်ထဲ ထွက်လာတာ... "

" မကြောက်ဘူးလား... "

" ဘာကိုကြောက်ရမှာလဲ.. မကြောက်ပါဘူး ကျွန်မက ခြောက်နှစ်သမီးလဲ မဟုတ်.. ကံကောင်းချင်တော့ ဒီမှာအသိနဲ့ တွေ့တယ်လေ... "

" ဘာစားပြီးပြီလဲ တခုခုသွားစားမလား... "

" အင်း သွားမယ်လေ... "

နှစ်ယောက်ဘေးချင်းယှဉ် လမ်းလျှောက်လာရင်းနဲ့ တွေးမိတဲ့ အ‌တွေးကြောင့် မျက်နှာကြီးက ပြုံးဖြီးနေတာကို ထိန်းမရဘူး။

သူမအရပ်က သူ့ပခုံးကျော်ကျော်လေးမှာ၊ အရမ်းလဲ ပုမနေသလို တန်းတူ ဖြစ်နေတာလဲ မဟုတ်။

အား... ကိုယ်တို့နှစ်ယောက်တွဲရင် တကယ်ကို Hot Coupleဖြစ်မှာပဲ။ ရင်တွေ တသိမ့်သိမ့်ခုန်နေတာက ရူးလောက်အောင်ပဲ။

" ကျွန်မမေးတာကျ မဖြေဘူးနော်... "

" ဟင်.. အင်း.. ဖြေမှာပေါ့.. တခုခုသွားစားရင်းနဲ့ စကားပြောမယ်လေ.. မင်းက မနက်ဖြန်ပြန်မှာ မဟုတ်ဘူးမလား... "

" ဟုတ်ကဲ့ မပြန်သေးဘူးရှင့်.. တပတ်တိတိနေဦးမှာ.. ရှင်ကလေ ယောကျာ်းကြီးတန်မဲ့နဲ့ စကားကို အရမ်းခနဲ့ပြီး ပြောတာပဲ... "

" China Townဘက်သွားမလား.. Taxi နဲ့ပဲ သွားမယ်လေ... "

" တွေ့လား တွေ့လား.. သူများစကားပြောရင် အမြဲစကားကို ဖြတ်ချပစ်တာ... "

" လာ စားချင်တာ အကုန်ကျွေးပြီး မေးသမျှ ဖြေမယ်... "

Chinatownကပြန်လာတော့ ညဆယ်နာရီထိုးပြီ။ စားချင်တာ အကုန်ကျွေးမယ်ဆိုပေမဲ့ တကယ်ကျမစားနိုင်။ တခါတခါ စိတ်ကူးလွန်နေပြီး ပြောတာ မ‌ကြားလို့ မျက်စောင်းထိုးခံရတာလဲ ခဏခဏပဲ။

" အဲ့တော့ ရှင်က ဒီမှာ ကျောင်းတက်နေတာပေါ့ Wow.. Architectဖြစ်လာမယ့်သူပေါ့.. ‌အင်းလေ ဝါသနာမပါတာကို ဇွတ်မလုပ်တာပဲကောင်းပါတယ်... "

" ကိုယ်က မင်း အပြစ်တင်မယ် ထင်နေတာ... "

" ဟင့်အင်း မတင်ပါဘူး.. ကိုယ်ဝါသနာပါတာကို တကယ်သိပြီး ကိုယ်ဖြစ်ချင်တာကိုယ်လုပ်တာ ကောင်းတာပေါ့ရှင့်.. ကျွန်မဆို ကျောင်းပြီးလို့ ဘွဲ့သာရတယ် ဘာကို စိတ်၀င်စားမှန်း မသိလိုက်ဘူး"

" ကျေးဇူး.. Hotelပြန်လိုက်ပို့ပေးမယ်လေ၊
ကိုယ့်အိမ်က Jurong Eastမှာ မပြန်သေးဘူးဆို အလည်ခေါ်မယ်... "

" ဟုတ်ပါပြီ.. အခုတော့ ပင်ပန်းပြီ အိပ်ချင်ပြီ.. မနက်ဖြန်မှ ထပ်တွေ့မယ်နော်... "

" အင်း မနက်ဖြန်မှ... "

.
.

နောက်တနေ့မနက်မှာ အရဲစွန့်ပြီး ညနေကျရင် Orchardမှာ တွေ့မယ်လို့ Messageပို့လိုက်သည်။

ကျောင်းကအပြန် ရေချိုး၊ ခေါင်းလျှော်ပြီး
မြန်မြန်ထွက်လာခဲ့ပေမဲ့ ဆယ့်ငါးမိနစ်လောက်နောက်ကျသွားသည်။

" Sorry! ကိုယ်နောက်ကျသွားတယ်.. ကိစ္စလေးရှိနေလို့... "

" လက်စားချေတာ မဟုတ်ဘူးလား... "

" ဟင်... "

ဘာကိုဆိုလိုချင်မှန်း သူတကယ်မသိ။ သူ့ရဲ့ အူကြောင်ကြောင် အမူအရာကြောင့် ဆူအောင့်အောင့်လေး ပြောလာသည်။

" တောင်ပေါ်မှာ ကျွန်မကြောင့် နာရီ၀က်လောက် စောင့်လိုက်ရလို့လေ... "

" မဟုတ်ဘူး.. ကိုယ်တကယ်ကို အဲ့ကိစ္စကို မေ့နေပါပြီ.. ဆောရီး.. တကယ်တောင်းပန်တယ်ကွာ... "

" ရပါတယ် ဘာမှမဖြစ်ဘူး.. ကျွန်မလဲ လျှောက်ပတ်ကြည့်နေတာ... "

မျက်နှာလေး ကြည်လင်သွားမှပဲ သက်ပြင်းချနိုင်သည်။

" မနက်က ဘယ်မှမသွားဘူးလား.. အသိနဲ့တွေ့တယ်ဆို... "

" ဟင့်အင်း.. အသိက ကျောင်းတက်နေရလို့.. အားမှ မအားပဲ... "

" အသိက ကိုယ်ပေါ့ ဟုတ်လား.. အဲ့တာဆို မနက်ဖြန် အတန်းမတက်ဘူးလေ အတန်းလစ်ပြီး လျှောက်သွားကြမလား'

" မသွားပါဘူးနော်.. ဘယ်မှမလည်ရတော့ ပိုက်ဆံအကုန်သက်သာတယ်... "

" ဟုတ်ပါပြီ... "

ပိုက်ဆံအကုန်သက်သာတယ်ဆိုတဲ့ စကားဟာ စကားသက်သက်သာဖြစ်ကြောင်း ခဏနေတော့ သိလိုက်ရပါသည်။ ဘာနေနေ တန်တယ် တန်တယ်နဲ့ မြင်မြင်သမျှ အကုန်၀ယ်ခြမ်းနေသည်။ နောက်ဆို ကိုယ် မင်းအတွက် ပိုက်ဆံတွေအများကြီးရှာရမှာပဲ။

" ရာသီဥတုက အေးတယ်နော်.. ကျွန်မတို့ မြန်မြန်ပြန်ရအောင် လိုက်မပို့နဲ့တော့နော်..."

" ရပါတယ် လိုက်ပို့မယ်... "

အိမ်ပြန်အရောက်မှာလည်း နောက်တခေါက် ရေချိုးခေါင်းလျှော်လိုက်သည်။ အိမ်က ဖုန်းဆက်ထားတာ တွေ့ပေမယ့်လည်း ပင်ပန်းတာနဲ့  ဖုန်းပြန်မခေါ်ဖြစ်ပဲ ချက်ချင်းအိပ်ပျော်သွားတော့သည်။

--____--

💚 Thanks For Reading 💚

6.4.2020

(သူများတွေ Covid 19ကြောင့်
Stay homeနေရတာ ယူတို့ပဲ လျှောက်သွားနေလိုက်😝)

Continue Reading

You'll Also Like

3K 129 16
MUFL နောက်ခံအချစ်ဇာက်လမ်းလေးတစ်ပုဒ် ဇာက်လမ်းအကျဉ်း 🌹🌹🌹🌹🌹🌹🌹 စိုင်းခွန်းသနဲ့ သဲနဒီတို့က အရမ်းချစ်ကြတဲ့ချစ်သူတွေပါ သူတို့နှစ်ဦးရဲ့အချစ်ရေးကိုတစ်...
430K 16.2K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...