" သခင္ေလးျပန္လာၿပီေဟ့ "
ၿခံထဲကိုကားဝင္လာတာနဲ႔ အိမ္အကူတစ္ေယာက္ရဲ႕
ေအာ္ေျပာလိုက္သံနဲ႔အတူ ေရွာင္းက်န္႔ အေပၚထပ္ကို ဂရုမစိုက္ဘူးဆိုတဲ့ပံုနဲ႔ တက္သြားသည္။
ဝမ္ရိေပၚရဲ႕ စည္းကမ္းခ်က္ေတြကို ျပန္ေတြးမိၿပီး
ဟက္ကနဲ တစ္ခ်က္ရယ္လိုက္ေသးသည္။
၁။ ညေနစာကို ဝမ္ရိေပၚျပန္လာတဲ့အထိေစာင့္ၿပီး
တူတူစားရမယ္။
၂။ ဝမ္ရိေပၚအလုပ္မၿပီးမခ်င္း အနားမွာ
ထိုင္ေစာင့္ရမယ္။
ဆုေတာင္းေလ.......။
ဝရံတာမွာ ထြက္ထိုင္ေနတဲ့ ေရွာင္းက်န္႔ေရွ႕ကို
ေရာက္လာတဲ့ အိမ္အကူ ၂ ေယာက္။
" သခင္ေလးက ထမင္းစားဖို႔ အခုဆင္းလာခဲ့ပါတဲ့ "
" ကြၽန္ေတာ္စားၿပီးၿပီ မဆင္းဘူး "
သို႔ေသာ္.....ခဏေနေတာ့
ထမင္းစားခန္းထဲက စားပြဲမွာ
ေရွာင္းက်န္႔တစ္ေယာက္ထိုင္လ်က္သား။
ဒီတိုင္းေတာ့မဟုတ္။ အေပၚထပ္ကေန ဒီအထိ
လာဆြဲေခၚထားတဲ့ bodyguard ၂ ေယာက္က
ေဘးတစ္ဘက္စီကေန ခ်ဳပ္ၿပီးထိုင္ခိုင္းထားျခင္းပင္။
မ်က္နွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ ဝမ္ရိေပၚက
ခပ္ေအးေအးၾကည့္ေနၿပီး ပန္းကန္ထဲ ဟင္းခပ္ထည့္
ေပးလိုက္ကာ...
" ကဲ ... စား.."
ဂြမ္း....ခလြမ္း...
ေရွာင္းက်န္႔က ထမင္းပန္းကန္ကို တမင္သက္သက္
ေမွာက္ပစ္လိုက္ၿပီး...
" ေဆာရီး...မေတာ္လို႔....ဟက္.."
" ေနာက္တစ္ပန္းကန္ ထည့္ေပးလိုက္ "
စားပြဲကေန ထထြက္သြားတဲ့ ေရွာင္းက်န္႔ကို
Bodyguard ေတြက ဝမ္ရိေပၚ မ်က္ရိပ္ျပလိုက္တာနဲ႔ ျပန္ဆြဲေခၚၿပီး ခံုမွာထိုင္လ်က္သား ဖိထားလိုက္သည္။
" စား...ထမင္းတစ္ပန္းကန္ မကုန္မခ်င္း
ဒီကမထရဘူး "
ဝုန္း.....
ထမင္းစားပြဲကို ေမွာက္ခ်ပစ္လိုက္တဲ့ ေရွာင္းက်န္႔။
ဝမ္ရိေပၚကလည္း ေအးေအးေဆးေဆးပင္။
" ေနာက္တစ္ဝိုင္း ထပ္ျပင္ေပးလိုက္ "
သံုးႀကိမ္ေျမာက္ ထမင္းဝိုင္းကို ေမွာက္ခ်လိုက္
ျပန္ျပင္လိုက္ အၿပီးမွာေတာ့ အေျခအေနကို ရိပ္မိၿပီး
ေရွာင္းက်န္႔ လက္ေလ်ွာ႔လိုက္ရသည္။
ထမင္းဝိုင္းအသစ္ ျပင္ၿပီးတဲ့အျပင္
စားဖိုမႈးက ထမင္းဟင္း အသစ္ေတြထပ္ခ်က္ဖို႔
ျပင္ေနၿပီ။
ေရွ႕ကေနခပ္တည္တည္ထိုင္ၾကည့္ေနတဲ့ဝမ္ရိေပၚကို လံုးဝျပန္မၾကည့္ဘဲ ဇြန္းကိုေကာက္ကိုင္ၿပီး
စစားလိုက္သည္။
ဘဝမွာ စားခဲ့သမ်ွထမင္းေတြထဲမွာ
ဒီတစ္ခါ ထမင္းလုတ္ေတြက မ်ိဳခ်ဖို႔
ဘာလို႔ဒီေလာက္ခက္ေနလဲမသိ။
အတင္းမ်ိဳခ်ေနရင္း မ်က္ရည္က အလိုက္မသိစြာ
တလိမ့္လိမ့္က်လာေသးသည္။
ေသခ်ာၾကည့္ရင္ေတာ့
ေရွ႕မွာ ထမင္းကို ခပ္ျဖည္းျဖည္းစားေနတဲ့
ဝမ္ရိေပၚကလည္း မ်က္နွာမေကာင္း။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" အစ္ကိုေလး....အစ္ကိုေလး.."
" ဟင္....အင္.......အင္း...."
ပုခံုးကို လာတို႔တဲ့ bodyguard ေၾကာင့္
စာၾကည့္ခန္းထဲက ဆိုဖာမွာ
ထိုင္လ်က္ႀကီး ငိုက္ေနတဲ့ ေရွာင္းက်န္႔...
အိပ္ခ်င္မူးတူးနဲ႔ ေရွ႕ကိုၾကည့္လိုက္ေတာ့
စားပြဲမွာ laptop တစ္လံုးနဲ႔
အလုပ္လုပ္ေနဆဲ ဝမ္ရိေပၚ။
ဒီပံုစံနဲ႔ ဝဋ္ခံၿပီးထိုင္ေနရတာ
၂ နာရီ နီးပါး ရွိေနၿပီ။
" ကဲ အလုပ္ၿပီးၿပီ...လာ.."
အိပ္ငိုက္ေနတဲ့ ေရွာင္းက်န္႔
ရုတ္တရက္ေတာ့ ဝမ္းသာသြားမိသည္။
ေတာ္ေသးတယ္။ အိပ္ရေတာ့မယ္။
ဒါေပမယ့္...
ပိုဆိုးတာက ခုမွစမွာ သူမသိရွာဘူး..။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ဘာလုပ္တာလဲ..မထိနဲ႔ေနာ္...သြား....
မလာနဲ႔..ခ...ခင္ဗ်ား ဘာလုပ္တာလဲ..သြား..."
" ကြၽတ္...မင္းကို ဘယ္သူက အလွထိုင္ၾကည့္ဖို႔ ထားထားမယ္ ထင္ေနတာလဲ "
" ရဲတိုင္မွာ...ခင္ဗ်ားမယုတ္မာနဲ႔
အလိုမတူရင္ တရားစြဲလို႔ရတယ္ တဲ့
က်ဳပ္ကိုထိရဲထိၾကည့္ "
" အဟက္..ကိုယ့္ဘက္ကေတာ့..သိပ္ထိရဲတာေပါ့
တရားစြဲဖို႔ေတာ့..အိမ္ထဲက..ထြက္လို႔ရတဲ့ေန႔
စဥ္းစားေပါ့ "
ေနာက္ဆံုးေတာ့လည္း
ေရွာင္းက်န္႔ အားမတန္မာန္ေလ်ွာ႔လိုက္ရတာပါပဲ...။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
ေနာက္ရက္ေတြမွာေတာ့...
အေျခအေနကို နားလည္သြားတဲ့ ေရွာင္းက်န္႔
ဘာမွမတတ္ႏိုင္ဘဲ ပံုစံခြက္ထဲမွာ ေနလိုက္ရေတာ့သည္။
အခြင့္အေရးရတာနဲ႔ ဒီအိမ္ကေန ထြက္ေျပးမယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္နဲ႔။
ထံုးစံအတိုင္း
တစ္အိမ္လံုးက..လူေတြနဲ႔လည္း..မတည့္။
အိမ္က လူေတြကေတာ့ ဝမ္သခင္ေလး ျပန္လာခ်ိန္ကိုပဲ ေမ်ွာ္ျကသည္။
ေရွာင္းက်န္႔တစ္ေယာက္
တစ္ေနကုန္အေၾကာတင္းနိုင္ေပမယ့္
ဝမ္ရိေပၚ အလုပ္က..ျပန္လာၿပီဆိုရင္ေတာ့
ထီမထင္မ်က္နွာေပးနဲ႔ ဟန္ေဆာင္ေနေပမယ့္
လန္႔ေနတာ..အသိသာႀကီး။
ထမင္းတူတူစားရသည့္အတြက္
ေကာင္းေကာင္းေတာင္မစားနိုင္ဘဲ
ေရခ်ည္းပဲေသာက္ေနတာေတြ...
အလုပ္မၿပီးမခ်င္း ထိုင္ေစာင့္ေနရခ်ိန္ေတြမွာ
ဂဏာမၿငိမ္ျဖစ္ေနတာေတြ...
ၾကည့္ၿပီး က်ိတ္ဝမ္းသာၾကသည္။
ဒါေတာင္ တစ္ခါတစ္ေလ
အခန္းထဲကေန အသံက ထြက္လာေသး။
" ခင္ဗ်ား မိုးေကာင္းတုန္းေတာ့ ႐ြာထားအံုးေပါ့
အလွည့္က်မွ.....အာ့......လႊတ္...အာ့....အား..."
ေရွာင္က်န္႔ေအာ္ေနရတဲ့အသံ..ၾကားရတဲ့အခ်ိန္ေတြကေတာ့...အိမ္ကလူေတြ...အားအရဆံုးပါပဲ။
လုပ္လက္စအလုပ္ေတြ ပစ္ခ် ေအာက္ထပ္ဆင္းသြားၾကၿပီး မနက္ သခင္ေလးဆင္းမလာမခ်င္း
အေပၚထပ္ ဘယ္သူမွ မတက္ေတာ့။
ေရွာင္းက်န္႔ကေတာ့ ေန႔လည္ေလာက္မွ ဆင္းလာနိုင္သည္။ မနက္စာကိုေတာ့ အၿမဲတမ္း အခန္းထဲပို႔ေပးရသည္။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
Unicode
" သခင်လေးပြန်လာပြီဟေ့ "
ခြံထဲကိုကားဝင်လာတာနဲ့ အိမ်အကူတစ်ယောက်ရဲ့
အော်ပြောလိုက်သံနဲ့အတူ ရှောင်းကျန့် အပေါ်ထပ်ကို ဂရုမစိုက်ဘူးဆိုတဲ့ပုံနဲ့ တက်သွားသည်။
ဝမ်ရိပေါ်ရဲ့ စည်းကမ်းချက်တွေကို ပြန်တွေးမိပြီး
ဟက်ကနဲ တစ်ချက်ရယ်လိုက်သေးသည်။
၁။ ညနေစာကို ဝမ်ရိပေါ်ပြန်လာတဲ့အထိစောင့်ပြီး
တူတူစားရမယ်။
၂။ ဝမ်ရိပေါ်အလုပ်မပြီးမချင်း အနားမှာ
ထိုင်စောင့်ရမယ်။
ဆုတောင်းလေ.......။
ဝရံတာမှာ ထွက်ထိုင်နေတဲ့ ရှောင်းကျန့်ရှေ့ကို
ရောက်လာတဲ့ အိမ်အကူ ၂ ယောက်။
" သခင်လေးက ထမင်းစားဖို့ အခုဆင်းလာခဲ့ပါတဲ့ "
" ကျွန်တော်စားပြီးပြီ မဆင်းဘူး "
သို့သော်.....ခဏနေတော့
ထမင်းစားခန်းထဲက စားပွဲမှာ
ရှောင်းကျန့်တစ်ယောက်ထိုင်လျက်သား။
ဒီတိုင်းတော့မဟုတ်။ အပေါ်ထပ်ကနေ ဒီအထိ
လာဆွဲခေါ်ထားတဲ့ bodyguard ၂ ယောက်က
ဘေးတစ်ဘက်စီကနေ ချုပ်ပြီးထိုင်ခိုင်းထားခြင်းပင်။
မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဝမ်ရိပေါ်က
ခပ်အေးအေးကြည့်နေပြီး ပန်းကန်ထဲ ဟင်းခပ်ထည့်
ပေးလိုက်ကာ...
" ကဲ ... စား.."
ဂွမ်း....ခလွမ်း...
ရှောင်းကျန့်က ထမင်းပန်းကန်ကို တမင်သက်သက်
မှောက်ပစ်လိုက်ပြီး...
" ဆောရီး...မတော်လို့....ဟက်.."
" နောက်တစ်ပန်းကန် ထည့်ပေးလိုက် "
စားပွဲကနေ ထထွက်သွားတဲ့ ရှောင်းကျန့်ကို
Bodyguard တွေက ဝမ်ရိပေါ် မျက်ရိပ်ပြလိုက်တာနဲ့ ပြန်ဆွဲခေါ်ပြီး ခုံမှာထိုင်လျက်သား ဖိထားလိုက်သည်။
" စား...ထမင်းတစ်ပန်းကန် မကုန်မချင်း
ဒီကမထရဘူး "
ဝုန်း.....
ထမင်းစားပွဲကို မှောက်ချပစ်လိုက်တဲ့ ရှောင်းကျန့်။
ဝမ်ရိပေါ်ကလည်း အေးအေးဆေးဆေးပင်။
" နောက်တစ်ဝိုင်း ထပ်ပြင်ပေးလိုက် "
သုံးကြိမ်မြောက် ထမင်းဝိုင်းကို မှောက်ချလိုက်
ပြန်ပြင်လိုက် အပြီးမှာတော့ အခြေအနေကို ရိပ်မိပြီး
ရှောင်းကျန့် လက်လျှော့လိုက်ရသည်။
ထမင်းဝိုင်းအသစ် ပြင်ပြီးတဲ့အပြင်
စားဖိုမှုးက ထမင်းဟင်း အသစ်တွေထပ်ချက်ဖို့
ပြင်နေပြီ။
ရှေ့ကနေခပ်တည်တည်ထိုင်ကြည့်နေတဲ့ဝမ်ရိပေါ်ကို လုံးဝပြန်မကြည့်ဘဲ ဇွန်းကိုကောက်ကိုင်ပြီး
စစားလိုက်သည်။
ဘဝမှာ စားခဲ့သမျှထမင်းတွေထဲမှာ
ဒီတစ်ခါ ထမင်းလုတ်တွေက မျိုချဖို့
ဘာလို့ဒီလောက်ခက်နေလဲမသိ။
အတင်းမျိုချနေရင်း မျက်ရည်က အလိုက်မသိစွာ
တလိမ့်လိမ့်ကျလာသေးသည်။
သေချာကြည့်ရင်တော့
ရှေ့မှာ ထမင်းကို ခပ်ဖြည်းဖြည်းစားနေတဲ့
ဝမ်ရိပေါ်ကလည်း မျက်နှာမကောင်း။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" အစ်ကိုလေး....အစ်ကိုလေး.."
" ဟင်....အင်.......အင်း...."
ပုခုံးကို လာတို့တဲ့ bodyguard ကြောင့်
စာကြည့်ခန်းထဲက ဆိုဖာမှာ
ထိုင်လျက်ကြီး ငိုက်နေတဲ့ ရှောင်းကျန့်...
အိပ်ချင်မူးတူးနဲ့ ရှေ့ကိုကြည့်လိုက်တော့
စားပွဲမှာ laptop တစ်လုံးနဲ့
အလုပ်လုပ်နေဆဲ ဝမ်ရိပေါ်။
ဒီပုံစံနဲ့ ဝဋ်ခံပြီးထိုင်နေရတာ
၂ နာရီ နီးပါး ရှိနေပြီ။
" ကဲ အလုပ်ပြီးပြီ...လာ.."
အိပ်ငိုက်နေတဲ့ ရှောင်းကျန့်
ရုတ်တရက်တော့ ဝမ်းသာသွားမိသည်။
တော်သေးတယ်။ အိပ်ရတော့မယ်။
ဒါပေမယ့်...
ပိုဆိုးတာက ခုမှစမှာ သူမသိရှာဘူး..။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
" ဘာလုပ်တာလဲ..မထိနဲ့နော်...သွား....
မလာနဲ့..ခ...ခင်ဗျား ဘာလုပ်တာလဲ..သွား..."
" ကျွတ်...မင်းကို ဘယ်သူက အလှထိုင်ကြည့်ဖို့ ထားထားမယ် ထင်နေတာလဲ "
" ရဲတိုင်မှာ...ခင်ဗျားမယုတ်မာနဲ့
အလိုမတူရင် တရားစွဲလို့ရတယ် တဲ့
ကျုပ်ကိုထိရဲထိကြည့် "
" အဟက်..ကိုယ့်ဘက်ကတော့..သိပ်ထိရဲတာပေါ့
တရားစွဲဖို့တော့..အိမ်ထဲက..ထွက်လို့ရတဲ့နေ့
စဉ်းစားပေါ့ "
နောက်ဆုံးတော့လည်း
ရှောင်းကျန့် အားမတန်မာန်လျှော့လိုက်ရတာပါပဲ...။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----
နောက်ရက်တွေမှာတော့...
အခြေအနေကို နားလည်သွားတဲ့ ရှောင်းကျန့်
ဘာမှမတတ်နိုင်ဘဲ ပုံစံခွက်ထဲမှာ နေလိုက်ရတော့သည်။
အခွင့်အရေးရတာနဲ့ ဒီအိမ်ကနေ ထွက်ပြေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့။
ထုံးစံအတိုင်း
တစ်အိမ်လုံးက..လူတွေနဲ့လည်း..မတည့်။
အိမ်က လူတွေကတော့ ဝမ်သခင်လေး ပြန်လာချိန်ကိုပဲ မျှော်ကြသည်။
ရှောင်းကျန့်တစ်ယောက်
တစ်နေကုန်အကြောတင်းနိုင်ပေမယ့်
ဝမ်ရိပေါ် အလုပ်က..ပြန်လာပြီဆိုရင်တော့
ထီမထင်မျက်နှာပေးနဲ့ ဟန်ဆောင်နေပေမယ့်
လန့်နေတာ..အသိသာကြီး။
ထမင်းတူတူစားရသည့်အတွက်
ကောင်းကောင်းတောင်မစားနိုင်ဘဲ
ရေချည်းပဲသောက်နေတာတွေ...
အလုပ်မပြီးမချင်း ထိုင်စောင့်နေရချိန်တွေမှာ
ဂဏာမငြိမ်ဖြစ်နေတာတွေ...
ကြည့်ပြီး ကျိတ်ဝမ်းသာကြသည်။
ဒါတောင် တစ်ခါတစ်လေ
အခန်းထဲကနေ အသံက ထွက်လာသေး။
" ခင်ဗျား မိုးကောင်းတုန်းတော့ ရွာထားအုံးပေါ့
အလှည့်ကျမှ.....အာ့......လွှတ်...အာ့....အား..."
ရှောင်ကျန့်အော်နေရတဲ့အသံ..ကြားရတဲ့အချိန်တွေကတော့...အိမ်ကလူတွေ...အားအရဆုံးပါပဲ။
လုပ်လက်စအလုပ်တွေ ပစ်ချ အောက်ထပ်ဆင်းသွားကြပြီး မနက် သခင်လေးဆင်းမလာမချင်း
အပေါ်ထပ် ဘယ်သူမှ မတက်တော့။
ရှောင်းကျန့်ကတော့ နေ့လည်လောက်မှ ဆင်းလာနိုင်သည်။ မနက်စာကိုတော့ အမြဲတမ်း အခန်းထဲပို့ပေးရသည်။
----- ----- ----- ----- ----- ----- ----- ----- ----- ----- -----