မွေ့ကေသာ / ေမြ႔ေကသာ [ Uni/Zaw...

By JuneRose15

7.4K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... More

😁
အခန်း ၁ ( က )
အခန်း ၁ ( က ) Zawgyi
about my writing 😊
အခန်း ၁ ( ခ ) Zawgyi
Characters
Characters [Zawgyi]
Announcement!
အခနျး ( ၂ )
အခန်း ( ၂ ) Zawgyi
June's Note
အခနျး ( ၃ )
အခန်း ( ၃ ) Zawgyi
အခနျး ( ၄ )
အခန်း ( ၄ ) Zawgyi
အခနျး ( ၅ )
အခန်း ( ၅ ) Zawgyi
အခနျး ( ၆ )
အခန်း ( ၆ ) Zawgyi
အခနျး ( ၇ )
အခန်း ( ၇ ) Zawgyi
HELLO!!!!
အခနျး ( ၈ )
အခန်း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခနျး ( ၉ )
အခန်း ( ၉ ) Zawgyi
အခနျး ( ၁၀ )
အခန်း ( ၁၀ ) Zawgyi

အခန်း ၁ ( ခ )

317 22 0
By JuneRose15

~~ မွေ့ကေသာ၏ ဘဝ၊ ကေသာ့ တစ်နေ့တာ ဖြတ်သန်းပုံ ~~

နေထန်းတဖျားခန့် ရောက်ချိန်တွင် ကေသာ့ ပန်းတို့မှာ ကုန်သလောက် ရှိနေပြီ။ " အရီးတို့၊ မမတို့... ကေသာပြန်တော့မယ်ရှင့်" ဟု ကိုယ့်ပတ်ဝန်းကျင်ကို အသိပေးရင်း မွေ့ကေသာတို့ ပန်းရောင်းရာတွင်သုံးသည့် ပစ္စည်းများ သိမ်းဆည်းကာ မိမိရဲ့ အိမ်ကလေးဆီသို့ ပြန်ရန် ပြင်ဆင်တော့သည်။

ကေသာ့ အိမ်ကလေးသည် မော်ဓော စေတီတော်မှ အနည်းငယ်လှမ်း လေသည်။ အိမ် ဆိုသော်ငြား မိမိကို နွေးထွေးစွာ ကြိုဆိုနေမည့်သူကား တစ်ယောက်မျှ မရှိပါလေ။ အမိသည် 'ကေသာ့အား မွေးပြီး မကြာမီပင် ဆုံးသွားသည်' ဟု အဖ ရှိစဉ်က ပြောပြခဲ့ဖူးသည်။ မိတဆိုးလေးမို့ အဖက အဖေလိုကော၊ အမေလိုပါ ကျွေးမွေးပြုစုခဲ့သည်မှာ မွေ့ကသာတို့ ၁၀နှစ်သားမျှ အရွယ်အထိပင်။

ကေသာ အပျိုဖော်ဝင်စ အရွယ်မှာပင် အဖသည် အမိနောက်သို့ လိုက်သွားတော့သည်။ ပတ်ဝန်းကျင်ရဲ့ ကောင်းမွန်စွာ စောင့်ရှောက်မှုအောက်မှာ လူလားမြောက်ခဲ့ရသည့် မွေကေသာလေးပင် ...။ မိဘ ဆွေမျိုးဟူသည် လုံးဝမှ မရှိတော့သော တစ်ကောင်ကြွက် ဖြစ်နေရသော်လည်း သူခိုး၊ ဓားပြ ကင်းစင်တဲ့၊ ရွာလူကြီးအစ၊ ကလေးသူငယ်အဆုံး သဘောမနော ကောင်းကြသည့် ဒေသကောင်းတွင် နေထိုင်ရသည်မှာလည်း ဆုလာဘ် တစ်ပါးလိုပင်။

အိမ်ပြန်ရောက်လျှင် လုပ်ကိုင်ရမည့် လုပ်ကိုင်စရာတွေကို တွေးတော အစီအစဉ်ချရင်း ဆင်မယဉ်သာ ခြေလှမ်းတို့ဖြင့် ပြန်လာနေသည့် မွေ့ကေသာအား ငေးမောကြသူတို့ တပုံတပင်... တပတ်လျှိုဆံထုံး၊ လုံလုံခြုံခြုံ ချည်သားဝတ်စုံ၊ ပါးမို့မို့မှာ သနပ်ခါး၊ သမင်ပျိုမနှယ် ရွှန်းစိုလှသည့် မျက်ဝန်းအစုံ၊ အပြစ်ဆိုစရာမရှိသည့် အဆစ်အပေါက်တို့ဖြင့် မွေ့ကေသာကား 'မျက်နှာမြင် ချစ်ခင်ပါစေ' ဆုတောင်းပြည့်တဲ့သူ ဆိုသလို ပုရိသတွေသာမက၊ လုံမပျိုတွေ၊ ဘိုးဘွားတွေအထိ တစ်ခါမြင်မိရုံနဲ့ မေတ္တာစိတ် သက်ဝင်မိကြသော မိန်းမပျိုလေးဖြစ်တော့သည်။

ဟိုးးး အရှေ့မှာ မြင်ရနေသည်ကား ကေသာ့ ကမ္ဘာငယ်လေး [ဝါ] အဖ ချန်ထားခဲ့သည့် အမွေ... အရိပ်ရပင်၊ မွှေးပျံ့လွန်းသည့် အရောင်စုံ ပန်းခင်းတို့နဲ့ အေးချမ်း လှသည့် မွေ့ကေသာ၏ ခြံဝန်း နဲ့ အိမ်ကလေး..။ စေ့ထားသည့် ခြံတံခါးကို အသာဖွင့်ကာ လျှောက်လမ်းလေးအတိုင်း အိမ်ကလေးဆီသို့ ဦးတည်လာနေတဲ့ ကေသာ...။

သားအဖ ၂ယောက်သား နေထိုင်ခဲ့ကြတဲ့ အိမ်ကလေးသည် မကြီးပါ၊ သို့သော် ဓနိမိုး၊ ဝရံတာ ပိစိလေးနဲ့ အခန်း ၂ခန်းဖွဲ့ထားတဲ့ သပ်သပ်ရပ်ရပ် ပျဉ်ထောင် အိမ်ကလေးပင် ...။
သယ်ယူလာသော ပစ္စည်းတို့ကို စနစ်တကျ ထားသိုရင်း အိမ်ထောင့်ရှိ ရေအိုးစင် ရှိရာသွားပြီး အိုးမှုတ်ခွက်ဖြင့် အမောပြေ ရေချမ်း သောက်ပါနေသော မွေ့ကေသာ....။

ပြီးတာနဲ့ အိမ်နေရင်း တပတ်နွမ်း အဝတ်အစားတို့ လဲလှယ်၊ ခြေလက် မျက်နှာ ဆေးကြောပြီး နှင်းဆီပွင့်ဖတ်တို့ကို နှင်းရေနဲ့ ပေါင်းခံထားပါသည့် အရည်(rose water ကို ပြောတာပါ 😁) နှင့် သနပ်ခါးတို့ လိမ်းကာ ချက်ပြုတ် စားသောက် ဖို့၊ ပန်းသီဖို့၊ ပေါင်းမြက်တို့ ရှင်းလင်းဖို့ လုပ်တော့သည်..။

Whatever... wash ur hands pr naw readers.. 😊🙌👐👏

Thank u all for reading & adding to your reading lists.. 😇💙!

By #JuneRose 🥀

3/4/20 Fri 10:38 p.m

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...