မွေ့ကေသာ / မွေ့ကေသာ [ Uni/Zaw...

By JuneRose15

7.4K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... More

😁
အခန်း ၁ ( က )
about my writing 😊
အခန်း ၁ ( ခ )
အခန်း ၁ ( ခ ) Zawgyi
Characters
Characters [Zawgyi]
Announcement!
အခန်း ( ၂ )
အခန်း ( ၂ ) Zawgyi
June's Note
အခန်း ( ၃ )
အခန်း ( ၃ ) Zawgyi
အခန်း ( ၄ )
အခန်း ( ၄ ) Zawgyi
အခန်း ( ၅ )
အခန်း ( ၅ ) Zawgyi
အခန်း ( ၆ )
အခန်း ( ၆ ) Zawgyi
အခန်း ( ၇ )
အခန်း ( ၇ ) Zawgyi
HELLO!!!!
အခန်း ( ၈ )
အခန်း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခန်း ( ၉ )
အခန်း ( ၉ ) Zawgyi
အခန်း ( ၁၀ )
အခန်း ( ၁၀ ) Zawgyi

အခန်း ၁ ( က ) Zawgyi

374 6 0
By JuneRose15

Zawgyi version

~~ပန်းသည်မလေး မွေ့ကေသာ~~ 🌼

မော်ဓောစေတီမှာ အရုဏ်တက် အချိန်တွင် ဖြာထွက်လာသော နေရောင်ခြည်တို့၏ အထိအတွေ့ဖြင့် ရွှေရောင်တောက်ပလျက် ကျက်သရေရှိစွာ တည်ရှိနေလေသည်။

စေတီရင်ပြင်တော်ပေါ်ရှိ ခါးစောင်းထစ်မျှ စားပွဲခုံလေး တစ်လုံးဆီသို့ နှုတ်မှ ဘုရား၊ တရား၊ သံဃာ့ ဂုဏ်တော်တို့ကို တဖွဖွ ရွတ်​နေသော အနှီလုံမပျို...... သူ့ခေါင်းပေါ်မှာ လက်လုပ် ကြိမ်ခြင်း အနေတော်ကို လက်တစ်ဖက်နဲ့ ထိန်းရင်းး... အခြားလက်တစ်ဖက်ဝယ် ပန်းခိုင်၊ ပန်းခက်တို့ကို အမြတ်တနိုး ပွေ့ပိုက်ရင်း လျှောက်လှမ်းလာနေသည်ကား 'မွေ့ကေသာ' ဆိုသည့် ကျေးတောသူလေး တစ်ယောက်ပါပေ။

'အို..... လန်းဆန်းလှသည့် လေထုနှယ်' ဟု ဖွဖွ ရေရွတ်ရင်း ပန်းခိုင်တို့ကို မိမိ ပန်း​ရောင်းနေကျ စားပွဲပေါ် ဖွဖွတင်၊​ကြိမ်​ခြင်းကို စားပွဲထက် အသာတင်လိုက်ကာ မွေ့ကေသာတို့​မော်ဓောစေတီထက် ပန်းရောင်းမည့် တစ်နေ့တာ လုပ်ငန်းစဖို့ ပြင်ဆင်လေပြီ။

ဖက်ကို ရေဆွတ်ကာ ခပ်ဖွဖွထုပ်ထားသော စံပယ်၊ မြတ်လေး၊ ခ​ရေ၊ အင်ကြင်း၊ ကံ့​ကော် စသည့် ရနံ့မွှေးသော ပန်းတို့ကို သီကုံးထားသော ပန်းကုံးတို့က တသွယ်၊ နှင်းဆီ၊ ဇီဇဝါ၊ ကြက်ရုံး နှင့် အခြား ပန်းခိုင်တို့က တစ်ဖုံ၊ သပြေ၊ ကံ့ကော်၊ ဒေါန အခက်တို့က တစ်နေရာစီ.... အခါတိုင်းလိုပင် အစီစဉ်တကျ နေရာချနေပါသော မွေ့ကေသာ......။

"ကေသာရေ... ဝီရိယ ကောင်းလှချည့်" ဟု ဆိုလာသည့် အရီး မွေ့မယ်အိ..

"ဟော.. အရီး ရောက်လာပါပေါ့။ ဝီရိယကောင်းတယ် ဆိုတာထက် ပန်းကလေးတွေ ရေမထိဘဲ ညိုးကုန်မှာဆိုးလို့ အသောနှင်ခဲ့တာ အရီးရဲ့။ လက်ထဲက​တောင်း၊ပလုံးတွေ ကျုပ်ကိုလှမ်းပါတော့'' ဟုဆိုရင်း အရီး​မွေ့မယ်အိထံ အပြေးကလေး သွားကူပေးရှာသူ...

မွေ့ကေသာသည် မော်ဓောစေတီ ရင်ပြင်ထက် ပန်းရောင်းသည့် ပန်းသည်မလေး... အရီးကတော့​စေတီတော်အား ကပ်လှူပူ​ဇော်နိုင်ရန် အမွှေးနံ့သာတိုင်၊ ဆီမီး၊ တံခွန်၊ ကုက္ကားစသည့် လျူဖွယ်များ ရောင်းချပေးသူ​ပင်..၊ မလှမ်းမကမ်းမှာတော့ စေတီကို ဆွမ်း၊ ခဲဖွယ်ကပ်ရန်​ဆွမ်းတော် ရောင်းချပေးသူ အစ်မမွေ့အုံ..... စသည့်နှယ် ကုသိုလ်ယူရင်း သမ္မာအာဇီဝကျကျ ဈေးရောင်းရင်း ဘဝလောကဓံကို ရင်ဆိုင်ကြသူတို့ပင်...။

အရီးကို အကူအညီပေး​ပြီး​နောက်​ကေသာတစ်ယောက်​မိမိနေရာသို့ ပြန်လာရင်း ပန်းခက်၊ ပန်းခိုင်တို့ကို ရေဖျန်းတန် ဖျန်း၊ ပန်းကုံးတို့ကို သူ့နေရာနဲ့သူ တိုင်လေးတွေမယ် ချိတ်ရင်းး ပန်းသည်မလေးအဖြစ် တစ်​နေတာရဲ့ဘဝဇာတ်ခုံမှာ ကပြဖို့ ပြင်ဆင်နေလေသည်။

"ဆံတော်ရှင်အတွက် ပန်းပူဇော်လိုရင် ကေ့သာဆီမှာ ဝယ်နိုင်ပါတယ်ရှင်... ရနံ့မွှေးတဲ့ ပန်းခိုင်တွေ၊ ဖူးဖူးစင်စင် စံပယ်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း ပန်းကုံးတွေ၊ သပြေညိုတွေ ပါရှင်......" ဆိုသည့် မွေ့ကေသာရဲ့ သာယာနာပျော်ဖွယ် ဈေးခေါ်သံ​သည် မော်ဓောစေတီ ရင်ပြင်ထက်ဝယ် ညှင်းညှင်းညံ့ညံ့ ပျံ့လွင့်နေတော့သည်.....။

Thank u for reading my fic 💙.

by #JuneRose 🥀

Continue Reading

You'll Also Like

1.7M 69.2K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...